Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဂန့်ဂေါမြို့နယ်အတွင်း ကျဆုံးခဲ့ရသော ရဲဘော်နှင့် ပြည်သူများအတွက် ကူညီထောက်ပံ့ငွေပေးအပ်
👍4🔥1😁1
ဂန့်ဂေါမြို့နယ်အတွင်း ကျဆုံးခဲ့ရသော ရဲဘော်နှင့် ပြည်သူများအတွက် ကူညီထောက်ပံ့ငွေပေးအပ်
=====================

ပါခွီး
မဇ္စျိမ။ ။မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း စစ်ကောင်စီလက်ချက်ဖြင့်ကျဆုံးခဲ့ရသော ကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့် ပြည်သူများအတွက် ကူညီထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန၏ထောက်ပံ့မှုဖြင့် ဂန့်ဂေါမြို့နယ်အတွင်းကျဆုံးခဲ့ရသော ရဲဘော်နှင့် ပြည်သူ ၁၂၈ ဦး အတွက် တစ်ဦးလျှင် ငွေကျပ် ၁၀၀,၀၀၀ စုစုပေါင်း ငွေကျပ် ၁၂၈,၀၀၀,၀၀ ကို ကူညီထောက်ပံ့ခဲ့ကြောင်းဆိုသည်။

ကျဆုံးခဲ့သူများမှာ ပြည်သူ့ကာကွယ်ရေး ရဲဘော် ၇၈ ဦးနှင့် ပြည်သူ ၅၀ ဦးဖြစ်ပြီး ဂန့်ဂေါ(ပအဖ) ဒုတိယ အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ၊ ရပ်ကျေး (ပအဖ) များမှ ကွင်းဆင်း ထောက်ပံ့ခဲ့ခြင်းဟု သိရသည်။

လတ်တလောတွင် ပြင်းထန်သည့် တိုက်ပွဲများမရှိသော်လည်း မြို့နယ်အတွင်းရှိ ကျေးရွာ ၃၀ နီးပါးမှ ပြည်သူ ၅,၀၀၀ နီးပါသည် စစ်ဘေးရှောင်နေရပြီး ခလရ (၅၀) မှ စစ်ကြောင်း ထိုးလျက်ရှိကြောင်း ဂန့်ဂေါ မြို့ ပအဖတာဝန်ရှိသူကဆိုသည်။

ဂန့်ဂေါမြို့နယ်အတွင်း စစ်ဘေးရှောင်နှင့် မီးဘေးသင့်ပြည်သူများအတွက်လည်း ထောက်ပံ့ကူညီမှုများ ပြုလုပ်လျက်ရှိရာ ဖေဖော်ဝါရီလ ၂၇ ရက်တွင် ကုက္ကားကျေးရွာမှ နေရပ်စွန့်ခွာတိမ်းရှောင်နေရသော အိမ်ထောင်စု ၃၂ စုအတွက် တစ်အိမ်ထောင်လျှင် ဆန် ခြောက်ပြည်၊ ဆီ ၅၀ ကျပ်သား စုစုပေါင်း ဆန် ၁၂ တင်း၊ ဆီ ၁၆ ပိဿာ ကူညီခဲ့ကြောင်းသိရသည်။

ထို့ပြင် စစ်ကောင်စီတပ်လက်ချက်ဖြင့် နေအိမ်မီးလောင်ဆုံးရှုံးခဲ့ရသော ရဲလှကျေးရွာမှ အိမ်ထောင်စုသုံးစု အတွက် တစ်အိမ်ထောင်လျှင် ကျပ် ၅၀,၀၀၀ စီ ကို ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကူညီ ထောက်ပံ့ခဲ့ကြောင်းဆိုသည်။

ကူညီထောက်ပံ့ရန် ကျန်ရှိနေသောစစ်ဘေးရှောင်နှင့် မီးဘေးသင့် ပြည်သူများအတွက် ဆက်လက် ထောက်ပံ့နိုင်ရန် ကြိုးစားလျက်ရှိပြီး ပြည်တွင်း၊ ပြည်ပမှ အလှူရှင်များအနေဖြင့် ပူပေါင်းပါဝင် ကူညီပေး ကြပါရန် ဂန်ဂေါမြို့ ပအဖ မှ တိုက်တွန်းနှိုးဆော်ထားသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#ဂန့်ဂေါမြို့နယ်
#ရဲဘော်
#ပြည်သူ
#စစ်ရှောင်
#ထောက်ပံ့ငွေ
👍4🔥1
​​နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၂ မတ် ၂၀၂၃ )
=====================

· စစ်တပ်က ရွာများကို မီးရှို့ပြည်သူများကို သတ်ဖြတ်နေသော်လည်း မင်းအောင်လှိုင်က ၎င်းစစ်တပ်ကို စည်းကမ်းနှင့်အညီနေထိုင် ကြသူများဖြစ်ခြင်းကြောင့် ပြည်သူကို ရေလိုလ လိုကျင့်ကြံရန် ပြောဆိုနေခြင်း သည် ပြည်သူကို မျက်နှာဗြောင်တိုက်နေခြင်းဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤6👍1😁1
ကွန်ဟိန်းမြို့နယ်တွင် ရှမ်းတပ်မတော် SSPP နှင့် RCSS တို့ တိုက်ပွဲဖြစ်
🔥2
ကွန်ဟိန်းမြို့နယ်တွင် ရှမ်းတပ်မတော် SSPP နှင့် RCSS တို့ တိုက်ပွဲဖြစ်
===================

ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ကွန်ဟိန်းမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု RCSS ၏ သတင်းဌာနဖြစ်သည့် Tai Freedom က ထုတ်ပြန်ထားသည်။

ယနေ့မနက် ၁၁ နာရီမှာ ကွန်ဟိန်းမြို့နယ် နမ့်တွက်ရွာ၌ရှိသည့် RCSS တပ်စခန်းကို အင်အား ၁၀၀ ခန့်ရှိ SSPP တပ်ဖွဲ့က စတင်ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲ ဖြစ်ခဲ့ခြင်းဖြစ်သည်ဟု RCSS ဘက်ကဆိုသည်။

တိုက်ပွဲသည် သုံးနာရီကြာ ဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ မသိရသေးကြောင်း ဖော်ပြထားသည်။
RCSS အနေနှင့် တွေ့ဆုံဆွေးနွေးခြင်းမှ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာဖို့ ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးဖို့ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၀ ရက်မှ ၂၀၂၃ ဖေဖော်ဝါရီ ၁၀ ရက်အထိ ကမ်းလှမ်းခဲ့သည်။

SSPP အနေဖြင့် အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကမ်းလှမ်းချက်ကို တိုက်ပွဲဖြင့်သာ ပြန်လည်တုန့်ပြန်ခဲ့သည်ဟု RCSS က စွပ်စွဲထားသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးဘဲ SSPP ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန်အား ဖုန်းဖြင့် ဆက်သွယ်ပေမယ့် မရခဲ့ပေ။

ရှမ်းတပ်မတော် SSPP နှင့် RCSS တို့အကြား လွန်ခဲ့သည့် ၂၀၂၂ ခုနှစ် ဇူလိုင်လက ရှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်ထဲ၌ တိုက်ပွဲ နောက်ဆုံးအကြိမ် ဖြစ်ပွားခဲ့သည်။
👍5👏3🔥2😁1
Media is too big
VIEW IN TELEGRAM
"အချစ်ပုံပြင်" LOVE STORY | Ep_16 seg_4

Watch more detail - https://youtu.be/sLRTmvn4qaI

#myanmardramaseries #lovestory #BLSeries #reels
🔥2👍1
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနှင့် မဟာမင်းကြီးအစီရင်ခံစာ
====================

ဂျနီဗာမှာရောက်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးတို့တွေ့ဆုံမှုမှာ ဘာတွေဆွေးနွေးခဲ့လဲ၊ လူ့အခွင့်အရေး အစီရင်ခံစာ၏ အလားအလာနှင့် လူ့အခွင့်အရေးကောင်စီမှာ လစ်လပ်နေသည့် မြန်မာထိုင်ခုံကိစ္စတို့ကို ယခုအင်တာဗျူးတွင် ဆွေးနွေးထားသည်။

https://youtu.be/KfL274yvxgc

#HumanRightsBarometer
#ကုလသမဂ္ဂ
#အစီရင်ခံစာ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍16❤1🔥1😁1
​​ဖေဖော်ဝါရီလအတွင်း ရှမ်းမြောက်ရှိ မြို့ ၆ မြို့၌ မီးလောင်မှု ၁ဝ ကြိမ်ဖြစ်ပွား
====================

ရှမ်းပြည်မြောက်ပိုင်း သီပေါ၊ ကျောက်မဲ၊ လားရှိုး၊ တန့်ယန်း၊ ကွတ်ခိုင်နှင့် မူဆယ်မြို့နယ်တွင် ဖေဖော်ဝါရီလအတွင်း မီးလောင်မှု ၁ဝ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုသည် လားရှိုး၌ လေးကြိမ်၊ ကွတ်ခိုင် နှစ်ကြိမ်၊ သီပေါ၊ ကျောက်မဲ၊ တန့်ယန်းနှင့် မူဆယ်မြို့နယ်တို့တွင် တစ်ကြိမ်စီ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

နွေရာသီကာလ ရောက်လာပြီဖြစ်သည့်အတွက် လူထုများအနေနှင့် နေ့စဥ်အသုံးပြုနေသည့် ဆိုလာ၊ မီးသွေး၊ ဂတ်စ်အိုး၊ ထင်းနှင့် ဆီမီးများကို ဂရုတစိုက် အသုံးပြုရန် လိုအပ်ပြီး အသုံးပြုပြီးလျှင် သေချာစွာ ငြိမ်းသတ်ကာ လျှပ်စစ်မီး အသုံးပြုရာမှာလည်း စစ်ဆေးရန် လိုအပ်ကြောင်း သီပေါမြို့မှ မီးသတ်ဦးစီးမှူး ဦးအောင်ကြည်ထွန်းက ပြောသည်။

“မီးမလာတဲ့အချိန်မှာ မီးသွေး၊ ဂတ်စ်မီး သုံးတဲ့သူတွေက ကိုယ်အသုံးပြုပြီးတဲ့မီးကို သေချာစွာ ငြိမ်းထားဖို့လိုတယ်။ လျှစ်စစ်မီးဆိုရင်လည်း မီးကြိုးက ပေါက်နေသလား။ ကျိုးပဲ့တာတွေရှိလား စစ်ဆေးဖို့လိုတယ်။ နောက်တစ်ခုက ဖယောင်းတိုင် သုံးတဲ့သူတွေအနေနဲ့ မီးကို အထူးသတိထားဖို့လိုတယ်” ဟု သူကပြောသည်။
ဆက်လက်ပြီး ဦးအောင်ကြည်ထွန်းက “အကယ်၍ ပစ္စည်းတစ်စုံတစ်ခုကနေ စပြီးလောင်နေပြီဆိုရင် မီးသတ်ဆေးရေကို အသုံးပြုဖို့နဲ့ အတတ်နိုင်ဆုံး တစ်အိမ်လုံး မီးသတ်ဆေးရေ ထားပေးဖို့လိုတယ်” ဟု ဆိုသည်။

ဖေဖော်ဝါရီ ၁၃ ရက်က ဖြစ်ပွားခဲ့သည့် သီပေါမြို့ မဏိရတနာ စံဖိတ်ဘုန်းကြီးကျောင်း မီးလောင်မှုအတွင်း ကိုရင်တစ်ပါး ပျံလွန်တော်မူသွားသည်။

သီပေါမြို့ခံ အမျိုးသားတစ်ဦးကလည်း “မဏိရတနာ စံဖိတ်ဘုန်းကြီးကျောင်းကို သင်ခန်းစာယူပြီး မီးကို သတိထား သုံးသင့်တယ်။ ဘာမှမဖြစ်ဘူးဆိုတဲ့အတွေးနဲ့ ပေါ့ပေါ့ဆဆ မနေသင့်ဘူး။ ဘယ်လို မီးမဆို မီးလောင်တတ်တဲ့အတွက်ကြောင့် လျစ်လျူရှုတာမလုပ်ပဲ ဂရုစိုက်ပေးကြပါ” ဟု ပြောသည်။
👍13🔥1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် မတ်လ ၂ ရက်ထုတ်လွှင့်မှုများ
=====================

https://youtu.be/adpqiX61h_s

#PVTV
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤‍🔥5👍2🔥1😁1
​​တောင်တရုတ်ပင်လယ်တွင် တရုတ်စစ်လေယာဉ်က အမေရိကန်ရေတပ်လေယာဉ်ကို ဟန့်တားနှောင့်ယှက်
========================

တောင်တရုတ်ပင်လယ်ရေပြင်ပေါ်၌ ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်များ တပ်ဆင်ထားသည့် တရုတ် J-11 တိုက်လေယာဉ်တစ်စင်းသည် အမေရိကန်ရေတပ်မှ ကင်းထောက်လေယာဉ်ကို ကြားဖြတ်ဟန့်တားနှောင့်ယှက်ခဲ့ကြောင်း Wall Street ဂျာနယ်သတင်းတွင် ဖော်ပြထားသည်။
🔥5👍1👏1
​​ကိုဗစ်-၁၉ ဝူဟန်ဓာတ်ခွဲခန်းမှ စတင်ဖြစ်ပွားခဲ့ကြောင်း အက်ဖ်ဘီအိုင်အကြီးအကဲ အတည်ပြု
=======================

ကိုဗစ်-၁၉ ကပ်ရောဂါသည် တရုတ်နိုင်ငံ ဝူဟန်မြို့ရှိ ဓာတ်ခွဲခန်း၏ မတော်တဆဖြစ်ရပ်မှ အစပြုခဲ့ကြောင်း အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ (အက်ဖ်ဘီအိုင်) ညွှန်ကြားရေးမှူး ခရစ္စတိုဖာရေးက မတ်လ ၁ ရက်တွင် အတည်ပြု ပြောကြားလိုက်သည်။
👍20🤬6❤1😁1
မတ်လ ၃ ရက် သောကြာနေ့ “မဇ္စျိမ ရေဒီယိုမနက်ခင်းအစီအစဉ်”
===================

ဒီကနေ့မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

ကွန်ဟိန်းမြို့နယ်မှာ ရှမ်းတပ်မတော် SSPP နဲ့ RCSS တို့ တိုက်ပွဲဖြစ်ပွါးခဲ့တဲ့သတင်းနဲ့ အတူ

အင်းတော်မှာ မီးသွေးလုပ်ငန်းလုပ်ကိုင်သူကို PDF လို့ စွပ်စွဲပြီး စစ်ကောင်စီက ထောင်ဒဏ်တသက်တကျွန်းချမှတ်လိုက်တဲ့ သတင်းတွေ အပါအ၀င် အခြားစိတ်ဝင်စားဖွယ် နိုင်ငံတကာသတင်းတွေနဲ့ စီးပွားရေးသတင်းတွေကို နားဆင်ရမှာပါ။

အဲ့ဒီနောက်မှာတော့ အစာအိမ်နဲ့ပတ်သက်တဲ့ကျန်းမာရေးအကြောင်း ပြောပြထားတဲ့ ကျန်းမာသုတ လူမှုဘဝ အစီအစဉ်ကိုလည်း နားဆင်ရဖို့ ရှိပါမယ်။

https://youtu.be/1LWTEwzfb-A

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁3🤮1
​​တောင်တရုတ်ပင်လယ်အရေးကို အာရုံစိုက်ရန် စစ်တပ်ကို ဖိလစ်ပိုင်ခေါင်းဆောင် တိုက်တွန်း
=====================

တရုတ်နှင့် ပြိုင်ဘက် အမေရိကန်တို့အကြား အငြင်းပွားမှုများ ပြင်းထန်လာသည်နှင့်အမျှ နိုင်ငံ၏ ပိုင်နက်နယ်မြေ ကို ကာကွယ်နိုင်ရေးအတွက် ဖိလစ်ပိုင်စစ်တပ်၏ ပင်မတာဝန်ကို ပြောင်းလဲထားကြောင်း သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက ပြောကြားလိုက်သည်။
👍6🔥1👏1
​​တရုတ်က တက်ကြွလှုပ်ရှားသူများကို ချဉ်းကပ်ရန် ရိုက်တာသတင်းထောက်ဟန်ဆောင်ကာ အွန်လိုင်းအကောင့်တုများ ဖန်တီး
=====================

အမည်မသိလူတစ်ဦး သို့မဟုတ် လူတစ်စုသည် Reuters သတင်းထောက် ၂ ဦး၏ အထောက်အထားများကို အသုံးပြုပြီး လူမှုမီဒီယာအကောင့်တုများဖန်တီးကာ အွန်လိုင်းပလက်ဖောင်းများတွင် တရုတ်တက်ကြွလှုပ်ရှားသူများနှင့် ထိတွေ့ဆက်ဆံရန် အဆိုပါအကောင့်များကို လအတော်ကြာ အသုံးပြုခဲ့သည်။
😁5👍3
တိုင်းပြည်ရဲ့ အနာဂတ်ကိုပါ ရိုက်ချိုးချင်နေတဲ့ စစ်ကောင်စီ (ဆောင်းပါး)
=======================

ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေမှာ အနောက်တိုင်း ဒီမိုကရေစီယဉ်ကျေးမှုကို ထည့်သွင်းသင်ကြားနေတာနဲ့ တခြား မလိုလားအပ်တဲ့ သင်ကြားမှုတွေကို ထိရောက်စွာ ဟန့်တားအရေးယူဖို့အတွက် ပုဂ္ဂလိက ပညာရေး ဥပဒေရေးဆွဲထုတ်ပြန်ဖို့ စစ်ကောင်စီက ပညာရေးဝန်ကြီးဌာနကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီက ဇန်နဝါရီ ၆ ရက်နေ့မှာ ပြုလုပ်တဲ့ ညှိနှိုင်းအစည်းအဝေးမှာ ထုတ်ပြန်ညွှန်ကြားလိုက်တာ ဖြစ်ပါတယ်။
ပုဂ္ဂလိက ကျောင်းတွေမှာ ပန်းချီ၊ ဂီတ၊ အနုပညာနဲ့ စာပေသင်ကြားမှု အပိုင်းမှာ အနောက်တိုင်း ယဉ်ကျေးမှုနဲ့ နှီးနွှယ်တဲ့ သင်ကြားပြသမှုတွေ မလုပ်ဖို့ ဖိအားပေးတာတွေ ရှိနေတာဟာ စစ်ကောင်စီ အနေနဲ့ အကြောက်လွန်နေလို့ ဖြစ်ကြောင်း ကျောင်းသားမိဘတစ်ဦးက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း အစိုးရကျောင်းတွေက ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူ ကျောင်းသားတွေဟာ အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှု ဖြစ်တဲ့ စီဒီအမ်မှာ ပါဝင်လာကြတာ ဖြစ်ပါတယ်။

https://youtu.be/zLQ5D5Csy2Y

#Newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6💩6🤬3❤1😁1
​​အာဖဂန်နစ္စတန်ရှိ တက္ကသိုလ်များနှင့် ပညာရေးအဖွဲ့အစည်းများတွင် ကျောင်းအပ်နှံမှု ၇၀ ရာခိုင်နှုန်း ကျဆင်း
=====================

ပညာရေးစင်တာများတွင် ကျောင်းအပ်နှံမှု ၇၀ ရာခိုင်နှုန်း ကျဆင်းသွားသောကြောင့် အမျိုးသမီးများ ပညာသင်ယူခွင့် ကန့်သတ်ချက်များသည် အာဖဂန်နစ္စတန်ရှိ တက္ကသိုလ်များအပေါ် ဆိုးကျိုးသက်ရောက်မှုများ ရှိနေကြောင်း တက္ကသိုလ်များနှင့် ပညာရေးစင်တာများသမဂ္ဂက ပြောကြားခဲ့သည်ဟု TOLOnews သတင်းတွင် ဖော်ပြထားသည်။
👍3🔥1😁1
​​ပါကစ္စတန်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ မြင့်တက်လာပြီးနောက် အာဖဂန်များအား နယ်စပ်ဖြတ်သန်းမှုပိတ်ပင်
====================

ပါကစ္စတန်သည် တော်ခမ်းနယ်စပ်မှတစ်ဆင့် ပါ့ရှ်ဝါမြို့သို့ လာသည့် အာဖဂန်များကို ကန့်သတ်ရန် တစ်ဖက်သတ်ဆုံးဖြတ်ချက် ချခဲ့ကြောင်းနှင့် ၂၀၂၃ ခုနှစ် ပထမ ၂ လအတွင်း ပါကစ္စတန်၌ အကြမ်းဖက်မှုကြီး ၂ ခု ဖြစ်ပွားခဲ့ကာ လူပေါင်း ၁၀၀ ကျော် အသက်ဆုံးရှုံးခဲ့ပြီးနောက် ယခု ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း Afghan Diaspora Network သတင်းတွင် ဖော်ပြထားသည်။
🔥4👏1
Media is too big
VIEW IN TELEGRAM
The Cooking Guy Ep_27 Seg_1 | ကြာဇံချက်နှင့် ကြက်သားသုပ်

Watch more detail - https://youtu.be/hQASkr7rv1Q

#thecookingguy #mizzimatv #reels #shorts #cooking
👍2💩1