Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မတ်လ 3 ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥4👍1
လွတ်ရက်စေ့ ရွှေ့ပြောင်း မြန်မာလုပ်သား ၁၄၀ နီးပါးအား နေရပ်ပြန်ပို့
==============

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသော ရွှေ့ပြောင်း မြန်မာအလုပ်သမား ၁၃၈ ဦးအား ယမန်နေ့ မတ်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် နေရပ်ပို့လိုက်ကြောင်း ဘန်ကောက်ရှိ မြန်မာသံရုံးက ထုတ်ပြန်သည်။

၎င်းတို့ကို နှစ်နိုင်ငံနယ်စပ်၊ မြ၀တီ-မဲဆောက် ချစ်ကြည်ရေး တံတားတွင် လွှဲပြောင်းပို့ဆောင်ပေးလိုက်ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံ၌ ဖမ်းဆီးထိန်းသိမ်းခံထားရသော ရွှေ့ပြောင်း မြန်မာလုပ်သားများကို နေရပ်ပြန်ပို့ရန် ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းကပိုင်းက တောင်းဆိုဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သည်။

ယင်းနောက် ဖေဖော်ဝါရီလဆန်းပိုင်းတွင်ပင် ရွှေ့ပြောင်းလုပ်သား ၆၀၀ နီးပါးကို ရနောင်း-ကော့သောင်းနယ်စပ် ရေလမ်းခရီးမှ တစ်ဆင့် မြန်မာဘက်သို့ ပို့ဆောင်ပေးခဲ့သည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#လွတ်ရက်စေ့
#နေရပ်ပြန်ပို့
#ထိုင်းနိုင်ငံ
#mizzimatv
👍1
​​ရိုဟင်ဂျာများအား ရိက္ခာဖြတ်တောက်ခြင်းက ‘ဆိုးဝါးလွန်းသည်’ ဟု ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ပြော 
=======================

ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များအတွက် ရိက္ခာခွဲတမ်းကို “ရှက်ဖို့ကောင်းပြီး ဆိုးဝါးလွန်းသည့် ဖြတ်တောက်မှု” အား မဖြစ်မခံရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က နိုင်ငံများအား ကြာသပတေးနေ့က မေတ္တာရပ်ခံသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁1
မတ်လ (၃) ရက်၊ မွန်းတည့် ၁၂ နာရီ၊ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
========================

01:06-ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာကို စစ်ကောင်စီတပ် ရဟတ်ယာဉ်နဲ့ပစ်ခတ်နေလို့ ဒေသခံတွေ ထွက်ပြေးနေရတဲ့သတင်း

03:55-အိန္ဒိယအစိုးရပိုင်ကုမ္ပဏီက မြန်မာစစ်တပ်ကို လက်နက်အမြောက်အမြား ရောင်းချတဲ့သတင်း

06:35-ကွန်ဟိန်းမြို့နယ်တွင် ရှမ်းတပ်မတော် SSPP နှင့် RCSS တို့ တိုက်ပွဲဖြစ်

09:42-မကွေးတိုင်းအတွင်းရှိ အမွေအနှစ်စာရင်းဝင် အဆောက်အဦး၊ နေရာဒေသများ NUG ကြေညာတဲ့သတင်း

11:22-မနက် ၁၁ နာရီအထိ ရရှိထားတဲ့ ငွေလဲနှုန်း၊ ရွှေစျေး၊ စက်သုံးဆီစျေး နဲ့ စားအုန်းဆီစျေးတွေအပါအဝင် တခြားစိတ်ဝင်စားဖွယ်ရာနဲ့ အရေးကြီးသတင်းတွေကို တင်ဆက်ပေးပါတော့မယ်။

https://youtu.be/jrVAM_15V0E

Photo - CJ
#12pmnews
#Mizzimanewshour

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍3😁1
ကမ္ဘာ့လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့ အစည်းအဝေးတက်ရန် စစ်ကောင်စီလက်အောက်ခံ လူ့အခွင့်အရေးကော်မရှင်အားဖိတ်ကြားမှုအပေါ် ကန့်ကွက်
====================

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ မတ်လ ၁၄ ရက်ကနေ ၁၆ ရက်အထိ ကျင်းပမယ့် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့ (GANHRI) ရဲ့ နှစ်ပတ်လည်အစည်းအဝေးကို တက်ရောက်ဖို့ စစ်ကောင်စီလက်အောက်ခံ လူ့အခွင့်အရေးကော်မရှင်ကို ပွဲစီစဉ်သူတွေက ဖိတ်ကြားထားတယ်လို့သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ လူ့အခွင့်အရေးကော်မရှင်ကို ဖိတ်ခေါ်မယ့်အစား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖော်ဆောင်နေတဲ့ လွတ်လပ်တဲ့ အခွင့်အရေးကော်မရှင်အသစ် တည်ထောင်ရေးကို ပံ့ပိုးပေးသင့်တယ်လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။

ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့ နှစ်ပတ်လည် အစည်းအဝေးမှာ ပါဝင်တက်ရောက်ဖို့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ လူ့အခွင့်အရေးကော်မရှင်ကို ဖိတ်ကြားတာဟာ မြန်မာပြည်သူလူထုကို စော်ကားလိုက်တာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးက ပြောပါတယ်။

စစ်အုပ်စုထိန်းချုပ်ထားသော မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို GANHRI ၏ ၂၀၂၃ ခုနှစ် နှစ်ပတ်လည်အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်ကြားခြင်းနဲ့ပတ်သတ်ပြီး ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့ထံသို့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က အိတ်ဖွင့်ပေးစာပေးပို့ခဲ့ကြပါတယ်။

https://youtu.be/GbFLexgdzR4

#politicalnews
#newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5😁2🤬2
မုံရွာလူထုသပိတ် တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုအောင်နေမျိုး နှင့် ဆက်သွယ်မေးမြန်းချက်
=======================

“အဓိက က ကျနော်တို့ယုံမိလိုက်တာ ၊ ရန်သူကို ရန်သူလိုသဘောမထားခဲ့တာ ၊ အဲဒီအချိန်က မေတ္တာတရားနဲ့သွားနေကြတာ ၊ ဖြိုခွင်းရင်တောင်မှ ပဋိပက္ခဖြေရှင်းနည်းအတိုင်း တစ်ဆင့်ခြင်းသွားမယ်ထင်ခဲ့တာ ကျနော်တို့ ခေါင်းဆောင်တွေရဲ့ ယုံမှားမိတဲ့ အပြစ်က အနောက်က ယုံယုံကြည်ကြည်နဲ့ လိုက်ပေးတဲ့သူတွေရဲ့ အသက်တွေ ထိခိုက်သွားရတာပါ”

ဘုရားနီလမ်း အကြမ်းဖက်ဖြိုခွင်းမှု ၂နှစ်မြောက် မုံရွာလူထုသပိတ် တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုအောင်နေမျိုး နှင့် ဆက်သွယ်မေးမြန်းချက်
--------------------------------------------------

ပါခွီး

မဇ္စျိမ ။။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့တွင် ဖေဖော်ဝါရီ ၁ရက် စစ်တပ်က အာဏာသိမ်းမှုနောက်ပိုင်း ဆန့်ကျင်ဆန္ဒပြခဲ့သော ပြည်သူလူထုကို အကြမ်းဖက် ဖြိုခွင်းခဲ့ သဖြင့် ၂၀၂၁ခုနှစ် မတ်လ ၃ရက်နေ့တွင် ဘုရားနီလမ်း(အာဇာနည်လမ်း) တွင် ကိုးဦး ကျဆုံးခဲ့ရသည်။

ယင်းနေ့ ဖြစ်စဉ်နှင့်ပတ်သက်၍ ဆန္ဒပြပွဲများတွင် ဦးဆောင်ပါဝင်ခဲ့ပြီး
သပိတ်စစ်ကြောင်း လုံခြုံရေးတာဝန်ယူခဲ့သူ ကိုအောင်နေမျိုး ကို မဇ္စျှိမ က ဆက်သွယ်မေးမြန်းထားသည်။

https://youtu.be/ZfoL5ndfLAA

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5😁1
ကနီမြို့နယ်က NUG အစိုးရ စာသင်ကျောင်းတွင် နှစ်ဆုံးစာမေးပွဲ ကျင်းပ
👍5😁1
ကနီမြို့နယ်က NUG အစိုးရ စာသင်ကျောင်းတွင် နှစ်ဆုံးစာမေးပွဲ ကျင်းပ
=====================

လွှမ်းမိုး (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ ၊ အမျိုးသားညီညွတ်ရးအစိုးရ (NUG) ပညာရေး စာသင်ကျောင်းတစ်ခုတွင် မတ်လ (၁) ရက်နေ့မှ စတင်၍ သူငယ်တန်း (KG) မှ ဒသမတန်းအထိ နှစ်ဆုံးစာမေးပွဲ ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း ကျောင်းတာဝန်ခံ ဆရာတစ်ဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါ စာသင်ကျောင်းတွင် ကျောင်းသား ၊ ကျောင်းသူဦးရေ ၃၅၀ ခန့် ရှိပြီး CDM ဆရာ ၊ ဆရာမ ၃၂ ဦးဖြင့် သင်ကြားပို့ ချနေသည့် ပြည်သူ့အခြေပြု NUG ပညာရေး စာသင်ကျောင်း တစ်ခုဖြစ်သည်။
“ တော်လှန်ရေးမှာ ဘက်ပေါင်းစုံကနေ တော်လှန်နေကြတဲ့ PDFတွေ ၊ သပိတ် အဖွဲ့တွေ စသဖြင့် တော်လှန် အဖွဲ့အစည်းတွေ အများကြီးရှိပါတယ်။ ကျနော်တို့ လည်း ပညာရေးဘက်ကနေ အစွမ်းကုန် တော်လှန်သွားမှာ ဖြစ်ပါတယ်။ အခုလို စာမေးပွဲတွေ ကျင်းပနိုင်ခဲ့တာလည်း NUG ပညာရေး ရဲ့ အောင်မြင်မှူ တစ်ခုဖြစ်တယ်” ဟု ကျောင်းတာဝန်ခံ ဆရာတစ်ဦးက မဇ္ဈိမကို ပြောသည်။

သူငယ်တန်းကို အကဲဖြတ် စာမေးပွဲ အနေဖြင့် စစ်ဆေးခဲ့ပြီး ကျန်အတန်းများကိုမှု နှစ်ဆုံးစာမေးပွဲ အနေဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကနီမြို့နယ်တွင် ပြည်သူ့အခြေပြု NUG ပညာရေး ကျောင်းပေါင်း (၁၅၀) ခန့် ရှိပြီး ကျောင်းတတ်နေသည့် ကျောင်းသား၊ ကျောင်းသူဦးရေ ၂၀,၀၀၀ ခန့် နှင့် ပညာ သင်ကြားပေးနေသည့် ဆရာ၊ ဆရာမ ဦးရေ ၃,၀၀၀ ခန့်ရှိကြောင်း NUG ပညာရေး စာသင်ကျောင်း တာဝန်ရှိသူများထံမှ သိရသည်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုကြောင့် ကျောင်းသူ၊ ကျောင်းသား အများစုမှာ စစ်ကောင်စီက ဖွင့်လှစ်သည့် ‌စာသင်ကျောင်းများတွင် မတက်ရောက်ဘဲ သပိတ်မှောက်ထားခြင်းဖြစ်ကာ CDM ဆရာ၊ ဆရာမများ ဦးဆောင် ဖွင့်လှစ်ထားသည့် NUG အစိုးရ စာသင်ကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေကြခြင်း ဖြစ်သည်။

စာတည်း။ ။ နောင်နောင်

#NUGပညာရေး
#ကနီမြို့နယ်
#စာမေးပွဲ
#စစ်ကိုင်းတိုင်း
#mizzimatv
👍14❤8🔥1😁1
FOEIM ကျောင်း၏အချက်အလက်များ ပေါက်ကြားပြီးနောက် NUG ကျောင်းများတွင် ကျောင်းအပ်နှံပါက အကြမ်းဖက်ဥပဒေဖြင့် အရေးယူမည်ဟု စစ်ကောင်စီခြိမ်းခြောက်
=====================

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တည်ထောင်ဖွင့်လှစ်ထားတဲ့ အွန်လိုင်းစာသင်ကျောင်းတွေမှာ ကျောင်း အပ်နှံရင် ကျောင်းသားမိဘတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူသွားမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်လာပါတယ်။
အွန်လိုင်းစာသင်ကျောင်းဖြစ်တဲ့ Free Online Educational Institution Myanmar (FOEIM) မှာ ကျောင်း အပ်နှံထားကြတဲ့ ကျောင်းသား၊ကျောင်းသူ ၅၀၀ ကျော်ရဲ့ အချက်အလက် ပေါက်ကြားလာမှုကို စစ်ကောင်စီက စိစစ်တာတွေ လုပ်ဆောင်ပြီးနောက် အခုလို ခြိမ်းခြောက်လာတာပါ။

စစ်ကောင်စီကတော့ ကျောင်းသားမိဘတွေအနေနဲ့ ပတ်ဝန်းကျင်ကို မလွန်ဆန်နိုင်လို့ ဖြစ်စေ၊ မသိနားမလည် လို့ ဖြစ်စေ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူခံရမှာ ဖြစ်ကြောင်းနဲ့ စစ်ကောင်စီ အစိုးရစာသင် ကျောင်းတွေနဲ့ အစိုးရအသိအမှတ်ပြုစာသင်ကျောင်းတွေမှာသာ ကျောင်းအပ်နှံကြဖို့ မတ် ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီကတော့ NUG အသိအမှတ်ပြု အွန်လိုင်းစာသင်ကျောင်း ၆၂ ကျောင်းဖွင့်လှစ်ထားတယ်လို့ ကြေညာထားပေမယ့် ၃ ကျောင်းလောက်သာ ဖွင့်လှစ်သင်ကြားတဲ့ အထောက်အထားတွေ ဖော် ထုတ်တွေ့ရှိရတယ်လို့ ဆိုထားပါတယ်။

https://youtu.be/3J9NJm4R_Pk

#politicalnews
#newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🤬9👍6👏2
အိန္ဒိယအနေဖြင့် စစ်အာဏာသိမ်းမှုကို ရှုတ်ချကန့်ကွက်၍ မြန်မာပြည်သူများနှင့်အတူ ဒီမိုကရေစီအရေးရပ်တည်ရန် တော်လှန်ရေးအင်အားစုများ တောင်းဆို
===============

မြန်မာစစ်တပ်၏ စစ်အာဏာသိမ်းကြိုးပမ်းမှုများအား ရှုတ်ချကန့်ကွက်၍ မြန်မာပြည်သူများနှင့်အတူ ဒီမိုကရေစီအရေးရပ်တည်ရန် အိန္ဒိယဗဟိုအစိုးရနှင့် မဏိပူရ်အစိုးရသို့ ပြည်တွင်းအခြေစိုက်နှင့် အိန္ဒိယအခြေစိုက်အဖွဲ့အစည်းပေါင်း (၉၄) ဖွဲ့က ထုတ်ပြန်တောင်းဆို လိုက်သည်။

မြန်မာပြည်သူမျာအနေဖြင့် ဒီမိုကရေစီနှင့် ထိုက်တန်ပြီး ဒီမိုကရေစီခရီးသည် ကြမ်းတမ်းခက်ခဲလှကြောင်း အိန္ဒိယအစိုးရနှင့်ပြည်သူများအသိဖြစ်ကြောင်း အထက်ပါ မြန်မာပြည်တော်လှန်ရေးအင်အားစုများ၏ ပူးတွဲထုတ်ပြန်ချက်၌ ဖော်ပြသည်။

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် အင်ဖား Sajiwa ထောင်တွင် မြန်မာနိုင်ငံသား စစ်ရှောင် ၂၀၀ ခန့်ကို ဖမ်းဆီးချုပ်နှောင်ထားပြီး လက်ရှိအချိန်အထိ အသက်မပြည့်သေးသူများ ၁၅ ဦးခန့်၊ အသက်အရွယ်ကြီးသူ ၁၀ ဦးခန့် နှင့် အမျိုးသမီး ၃၀ ဦးခန့် ပါဝင်ကြောင်း သိရသည်။

ထို့အပြင် အသက် ၃၂ နှစ်အရွယ် စစ်ဘေးရှောင် ဒဲမ်ခိုလွန်းသည် ဖေဖော်ဝါရီ ၂၆ ရက်က Sajiwa ထောင်၌ ရုတ်တရက်သေဆုံးခဲ့ပြီး ယင်းအပေါ် မိသားစုဝင်များက ဝမ်းနည်းကြေကွဲနေကြောင်း ဖော်ပြသည်။

https://youtu.be/_Ct0ikI0kP0

#politicalnews
#newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9😁2
“မင်းအောင်လှိုင် မင်းလုပ်ရပ်မှားနေတယ်။ ရပ်တော့လို့ ဘယ်ဆရာတော်ကြီးတွေမှ မပြောရဲကြဘူး ” အမည်မဲ့ဆရာတော်
=====================

အင်တာဗျူး

မဇ္ဈိမ ။ ။ “မင်းအောင်လှိုင် မင်းလုပ်ရပ်မှားနေတယ်။ ရပ်တော့လို့ ဘယ်ဆရာတော်ကြီးတွေမှ မပြောရဲကြဘူး ” လို့ အမည်မဲ့ဆရာတော်က မိန့်ကြားပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ပြည်သူလူထုအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို ဖမ်းဆီးသတ်ဖြတ်ခံရသူတွေလဲရှိခဲ့ပါတယ်။

ပြည်သူလူထုသာမက ဗုဒ္ဓဘာသာဆရာတော်တွေပါ ဖမ်းဆီးခံရ၊ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာတွေ ရှိခဲ့ပါတယ်။

အထက်ပါ ဆရာတော်တွေထဲကမှ ကရင်ပြည်နယ်၊ လွတ်မြောက်နယ်မြေတစ်နေရာကို ရောက်ရှိနေတဲ့ သက်တော် ၄၂ နှစ်၊ ဝါတော် ၂၁ ဝါရှိတဲ့ အမည်မဲ့ဆရာတော်ကို မဇ္ဈိမမှ တွေ့ဆုံ မေးမြန်ထားပါတယ်။

https://youtu.be/atLtuq5IG1Q

စာတည်း ။ ။ Alden
ရိုက်ကူး၊ တည်းဖြတ် - ဟန်ထူးဇော်

#အမည်မဲ့ဆရာတော်
#စစ်ကောင်စီ
#မင်းအောင်လှိုင်
#ဗုဒ္ဓဘာသာ
#အင်တာဗျူး
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍19😁3