စစ်ကိုင်းတိုင်းတွင် ၁ လအတွင်း နေအိမ်အလုံးပေါင်း ၆,၆၀၀ ကျော်နှင့် စာသင်ကျောင်း ၁၀ ကျောင်း မီးရှို့ဖျက်ဆီးခံရ
=====================
001
မဇ္စျိမ။ ။ စစ်ကိုင်းတိုင်းတွင် ဖေဖော်ဝါရီလ တစ်လအတွင်း နေအိမ်အလုံးပေါင်း ၆,၆၀၀ ကျော်နှင့် စာသင်ကျောင်း ၁၀ ကျောင်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ မီးသတ်ဦးစီးဌာနက မတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်နှင့် ပဲခူးတိုင်းတို့တွင် မီးရှို့ခံရမှု ၉၃ ကြိမ်ဖြစ်ပွားခဲ့ပြီး နေအိမ်အလုံးပေါင်း ၇,၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း မီးသတ်ဦးစီးဌာနက ဖော်ပြသည်။
အဆိုပါ မီးရှို့ဖျက်ဆီးမှုများကို စစ်ကောင်စီက ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း NUG ၊ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ပြောဆိုသည်။
မီးရှို့ဖျက်ဆီးမှုများကြောင့် တိုင်းနှင့် ပြည်နယ် ခြောက်ခုရှိ ဘာသာရေးအဆောက်အဦ ခုနစ်ခု မီးလောင်ပျက်စီးခဲ့ပြီး စစ်ကိုင်းတိုင်းရှိ ဆေးရုံနှစ်ရုံနှင့် ကျေးလက်ဆေးပေးခန်းများလည်း ပျက်စီးခဲ့ရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် စစ်ကိုင်းတိုင်းတွင် မီးရှို့သတ်ဖြတ်ခံရသူ ၁၉ ဦး၊ မကွေးတိုင်းတွင် တစ်ဦးနှင့် ပဲခူးတိုင်းတွင် တစ်ဦး စုစုပေါင်း မီးရှို့သတ်ဖြတ်ခံရသူ ၂၁ ဦးရှိခဲ့ကြောင်း ဆိုထားသည်။
နေအိမ်များ မီးလောင်ပျက်စီးမှုမှာ စစ်ကိုင်းတိုင်းတွင် အများဆုံးဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးရှို့ခံရသည့် အကြိမ်အရေအတွက် ၇၃ ကြိမ်ရှိခဲ့ကြောင်း NUG ၏ ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကိုင်းတိုင်းထဲရှိ မီးဘေးသင့် ပြည်သူများအတွက် ပြည်လည်ထူထောင်ရေး ဆောင်ရွက်ရန် အဆောက်အဦ၊ အမိုးအကာလိုအပ်ချက်နှင့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များ ရှိနေကြောင်း ယင်းမာပင်၊ ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ဦးဆောင်ကော်မတီဝင် ကိုသက်ဦးကပြောသည်။
“အခုဆိုရင် ကျွန်တော်တို့ မီးဘေးသင့်ပြည်သူတွေဆီ အခုကို ရောက်နေတယ်။ ရောက်နေတဲ့အခါမှာ သူတို့တွေ အိမ်တွေဆီပြန်မကပ်နိုင်သေးဘူး။ အိမ်တွေမရှိတော့ဘူး။ နောက်တစ်ခုက ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်တယ်။ အဲ့တာကြောင့် ကျွန်တော်တို့ နိုင်သလောက်ပေါ့။ CDM ဝင်ထားတဲ့ ဆရာမတွေနဲ့ အလှူရှင်တွေနဲ့ ပူးပေါင်းပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုက်လုပ်နေတယ်။ အခက်အခဲတွေတော့ အများကြီးပေါ့ ”ဟု ကိုသက်ဦးက ပြောသည်။
ယနေ့ မတ်လ ၃ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်စစ်ကြောင်းက စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် မြောက်ဘက်တည့်တည့်ကို ထွက်လာသည့်အတွက် အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံ ရှစ်ထောင်ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာရသူပေါင်း ၁ ဒသမ ၅ သန်းကျော်ရှိလာပြီဖြစ်ပြီး ထိုအထဲမှ ၁ ဒသမ ၂ သန်းသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နေရပ်စွန့်ခွာရသူများဖြစ်ကြောင်း UN OCHA Myanmar က ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ထုတ်ပြန်ထားသည်။
ထို့အပြင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေလမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်အထိ စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူ နေအိမ်ပေါင်း ၅၅,၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး စစ်ကိုင်းတိုင်းတွင် ၄၃,၀၀၀ ကျော် ပျက်စီးခဲ့ကြောင်း Data for Myanmar ၏ အချက်အလက်များအရ သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#NUG
#မီးသတ်ဦးစီးဌာန
#စစ်ကောင်စီ
#စစ်ကိုင်းတိုင်း
ဓာတ်ပုံ- ယင်းမာပင်မြို့နယ်၊ ကုန်းရွာကို စစ်ကောင်စီတပ်က မတ်လ ၁ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့သည့် မြင်ကွင်း (CJ)

Facebook
#mizzima – Explore
explore #mizzima at Facebook
🤬4👍1😁1
ချင်းခရစ်ယာန်များ ဘာသာရေးလုပ်ငန်းများ၌ ပြင်းထန်သည့် တားမြစ်ချက်များ ကြုံနေရ
===================
မြန်မာနိုင်ငံရှိ ပဋိပက္ခဖြစ်ပွားနေရာ ချင်းပြည်နယ်က ခရစ်ယာန်များသည် အာဏာသိမ်း စစ်ကောင်စီ၏ မကြာသေးခင်က စစ်အုပ်ချုပ်ရေး ထပ်တိုးမှုအောက်တွင် တနင်္ဂနွေနေ့ ဝတ်ပြုခြင်းအပါအဝင် ၎င်းတို့၏ ဘာသာရေးလုပ်ငန်းဆောင်တာများ၌ တားမြစ်ချက်များကို တိုး၍ ရင်ဆိုင်နေရသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

😱3👍2😁1
၁၉၁၇ မတ်လ ၈ ရက်နေ့ | အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့
===================
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ဆိုတာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အမျိုးသမီးများအပေါ် ဖိနှိပ်မှု၊ မတရားမှု၊ ခွဲခြားဆက်ဆံမှု၊ အကြမ်းဖက်မှုတွေကြောင့် တကမ္ဘာလုံးကအမျိုးသမီးတွေအားလုံး အတူတူရုန်းကန်ရပ်တည်ကြဖို့ ခွန်အားသတ္တိတွေနဲ့အတူ အမျိုးသမီးများရဲ့အသံတွေကို နှစ်စဉ်နှစ်တိုင်း သယ်ဆောင်လာတဲ့နေ့ထူးနေ့မြတ်ကြီးဖြစ်ပါတယ်။
https://youtu.be/40mBBzjPROE
#PSA
#MizzimaTV

YouTube
၁၉၁၇ မတ်လ ၈ ရက်နေ့ | အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ဆိုတာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အမျိုးသမီးများအပေါ် ဖိနှိပ်မှု၊ မတရားမှု၊ ခွဲခြားဆက်ဆံမှု၊ အကြမ်းဖက်မှုတွေကြောင့် တကမ္ဘာလုံးကအမျိုးသမီးတွေအားလုံး အတူတူရုန်းကန်ရပ်တည်ကြဖို့ ခွန်အားသတ္တိတွေနဲ့အတူ အမျိုးသမီးများရဲ့အသံတွေကို…
ဘုတလင်မြို့နယ် ဆည်ကုန်းရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦးအထက် သေဆုံးဟုဆို
===================
လွှမ်းမိုး
မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း ၊ ဘုတလင်မြို့နယ် ၊ ဆည်ကုန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ နေ့လည် ၁ နာရီ မိနစ် ၄၀ အချိန်မှ စတင်၍ နှစ်ဖက်ထိတွေ့ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကြောင်း ကျောင်းသားလက်ရုံးတပ်တော် (S.A.F) ထံမှ သိရသည်။
အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦးအထက် သေဆုံးပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့များဘက်မှ ရဲဘော်နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကျောင်းသားလက်ရုံးတပ်တော် (S.A.F)မှ ဗဟိုကော်မတီဝင်ကို Marilyn က ပြောသည်။
“ စစ်ကောင်စီတပ် စစ်ကြောင်းက ကျနော်တို့ ခင်းထားတဲ့ ဗျူဟာတွင်းကို ဝင်လာတဲ့အတွက် ကျနော်တို့ အားသာချက် ဖြစ်သွားတာပါ။ တိုက်ပွဲကတော့ အရင် နှစ်ရက်လောက်ကတည်းက ထိတွေ့မှုတွေ စဖြစ်ခဲ့တာပါ။ စစ်ကောင်စီတပ်သား ၁၅ ဦးအထက်မှာ အသေဆုံး ရှိမယ်ဗျ။ ကျနော်တို့ ဘက်က ရဲဘော်နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်” ဟု ၎င်းက ဆိုသည်။
ဖေဖော်ဝါရီ ၂၈ ရက် ညနေပိုင်း ၅ နာရီ ၁၅ မိနစ်ခန့်အချိန် တိုက်ပွဲ ပြင်းထန်နေစဉ်တွင် စစ်ကောင်စီတပ်ဘက်မှ Mi-35 ရဟတ်ယာဉ် နှစ်စီးဖြင့် မိနစ် ၄၀ ခန့်အကြာ လာရောက်ပစ်ခတ်သွားကြောင်း ကျောင်းသားလက်ရုံးတပ်တော် (S.A.F) ထံမှ သိရသည်။
အဆိုပါ တိုက်ပွဲကို ကျောင်းသားလက်ရုံးတပ်တော် (S.A.F) ၊ MDF တပ်ဖွဲ့ ၊ ဒေသခံ ပ.က.ဖ များ နှင့်အတူ အခြားမဟာမိတ်တပ်ဖွဲ့များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
https://youtu.be/AGfVFABQ_AE
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ကျောင်းသားလက်ရုံးတပ်တော်
#မဟာမိတ်တပ်ဖွဲ့
#ရဟတ်ယာဉ်
#ဘုတလင်မြို့နယ်
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း ၊ ဘုတလင်မြို့နယ် ၊ ဆည်ကုန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ နေ့လည် ၁ နာရီ မိနစ် ၄၀ အချိန်မှ စတင်၍ နှစ်ဖက်ထိတွေ့ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကြောင်း ကျောင်းသားလက်ရုံးတပ်တော်…

👍7👏2❤1🥴1
မြောက်ဥက္ကလာပမြို့နယ်က စရဖတပ်စခန်း ပစ်ခတ်ခံရ၊ ၁၀ ဦး သေဆုံးတယ်လို့ပြော (ရုပ်သံ)
===========================
ဂန္ဒမာ(မဇ္ဈိမ)။ ။ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့(စရဖ) တပ်စခန်းကို ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာက သွားရောက်တိုက်ခိုက်ခဲ့ရာမှာ ၁၀ ဦးထက်မနည်း သေဆုံးသွားတယ်လို့ ပြောပါတယ်။
အဲဒီ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) စခန်းဟာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ည ၁၁ နာရီဝန်းကျင်မှာ တိုက်ခိုက်ခံခဲ့ရတာပါ။
Mission Impossible 1 (MI1) အဖြစ် သတ်မှတ်ထားတဲ့ အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားတွေ ထိခိုက် သေဆုံးအောင် မစ်ရှင်ဆောင်ရွက်ခဲ့ပုံနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းပြည်သူ့တပ်မဟာက ပြောပြပါတယ်။
https://youtu.be/6j8wwxtm6aQ
တည်းဖြတ်/တင်ဆက် - ဂန္ဒမာ
#စရဖတပ်ပစ်ခတ်ခံရ
#ရန်ကုန်
#ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
===========================
ဂန္ဒမာ(မဇ္ဈိမ)။ ။ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့(စရဖ) တပ်စခန်းကို ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာက သွားရောက်တိုက်ခိုက်ခဲ့ရာမှာ ၁၀ ဦးထက်မနည်း သေဆုံးသွားတယ်လို့ ပြောပါတယ်။
အဲဒီ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) စခန်းဟာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ည ၁၁ နာရီဝန်းကျင်မှာ တိုက်ခိုက်ခံခဲ့ရတာပါ။
Mission Impossible 1 (MI1) အဖြစ် သတ်မှတ်ထားတဲ့ အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားတွေ ထိခိုက် သေဆုံးအောင် မစ်ရှင်ဆောင်ရွက်ခဲ့ပုံနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းပြည်သူ့တပ်မဟာက ပြောပြပါတယ်။
https://youtu.be/6j8wwxtm6aQ
တည်းဖြတ်/တင်ဆက် - ဂန္ဒမာ
#စရဖတပ်ပစ်ခတ်ခံရ
#ရန်ကုန်
#ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
မြောက်ဥက္ကလာပမြို့နယ်က စရဖတပ်စခန်း ပစ်ခတ်ခံရ၊ ၁၀ ဦး သေဆုံးတယ်လို့ပြော (ရုပ်သံ)
ဂန္ဒမာ(မဇ္ဈိမ)။ ။ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့(စရဖ) တပ်စခန်းကို ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာက သွားရောက်တိုက်ခိုက်ခဲ့ရာမှာ ၁၀ ဦးထက်မနည်း သေဆုံးသွားတယ်လို့ ပြောပါတယ်။
အဲဒီ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) စခန်းဟာ ဖေဖော်ဝါရီလ…

👍9❤1👏1
ဒီမိုကရေစီဘက်က ရပ်တည်ပေးရန် အိန္ဒိယအစိုးရကို မြန်မာလူမှုအဖွဲ့ ၉၀ ကျော် တောင်းဆို
===================
ပါခွီး (မဇ္ဈိမ)။ ။ အိန္ဒိယနိုင်ငံ ဗဟိုအစိုးရ၏ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်စပ်သည့် နိုင်ငံခြားရေးမူဝါဒအား ပြုပြင်ပြောင်းလဲကာ မြန်မာစစ်တပ်၏ စစ်အာဏာသိမ်းမှုအား ရှုတ်ချပြီး ဒီမိုကရေစီအင်အားစုဘက်က ရပ်တည်ပေးရန် အိန္ဒိယအစိုးရကို မြန်မာလူမှုအဖွဲ့အစည်း ၉၄ ဖွဲ့က တောင်းဆိုတိုက်တွန်းလိုက်သည်။
အိန္ဒိယနိုင်ငံ ၊ မဏိပူရပြည်နယ်အတွင်းရှိ မြန်မာစစ်ဘေးရှောင်များ အရေးနှင့်ပတ်သက်ပြီး မြန်မာပြည်တွင်းနှင့် အိန္ဒိယအခြေစိုက် လူမှုအဖွဲ့အစည်း ၉၄ ဖွဲ့၏ အိန္ဒိယအာဏာပိုင်များထံ တောင်းဆိုစာတွင် ထိုသို့ပြောကြားထားခြင်း ဖြစ်သည်။
မြန်မာ့အရေး အိန္ဒိယအစိုးရ၏ ရပ်တည်မှုအပေါ် အချက် လေးချက် ပါဝင်သော တောင်းဆိုစာကို ထိုလူမှုအဖွဲ့အစည်းများက မတ်လ ၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ဖမ်းဆီးထိန်းသိမ်းခံရစဉ်အတွင်း အသက်သေဆုံးခဲ့ရသော ဒဲမ်ခိုလွန်းအတွက် တရားမျှတမှု ရရှိရန် သေဆုံးမှုဖြစ်စဉ်အား ဖြစ်ရပ်မှန် အမြန်ဆုံး ပေါ်ပေါက်အောင် စုံစမ်းစစ်ဆေးပေးရန်လည်း ထုတ််ပြန်ချက်တွင် တောင်းဆိုထားသည်။
အသက် ၃၂ နှစ်အရွယ် စစ်ဘေးရှောင် Mr . Demkholun Guite (ဒဲမ်ခိုလွန်း)သည် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်၊ မိုးရေးမြို့ Langcham ရွာတွင် ဖမ်းဆီးခံရပြီးနောက် ထိန်းသိမ်းခံထားရစဉ် ထောင်အတွင်း၌ ရုတ်တရက်သေဆုံးသွားခြင်း ဖြစ်သည်။
ယင်းအပြင် စစ်ရေးပဋိပက္ခများကြောင့် တရားမဝင် နယ်စပ်ဖြတ်ကျော်ခဲ့ရသည့် စစ်ဘေးရှောင် ပြည်သူများအား ဖမ်းဆီးထောင်ချ အရေးမှုများ ရပ်တန့်ရန်နှင့် ဖမ်းဆီးထားသူများအား ပြန်လွှတ်ပေးပြီး လူသားချင်းစာနာထောက်ထာမှုအားဖြင့် ပြည်နယ်အတွင်း ယာယီသွားလာနေထိုင်ခွင့် ကဒ်များ ထုတ်ပေးရန် တောင်းဆိုထားသည်။
“တောင်းဆိုချက်ကို လိုက်လျောမှု မလုပ်ပေးဘူးဆိုရင် အိန္ဒိယက ခိုလှုံလာတဲ့ မြန်မာပြည်သူတွေအပေါ်မှာ လူ့အခွင့်အရေးချိုးဖောက်မှု အပါအဝင် မတရား အာဏာသိမ်းထားတဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေအားလုံးကို ကျနော်တို့ ပြင်ဆင်ပြီး သူတို့ရဲ့ လုပ်ရပ်ကို ဝိုင်းဝန်းရှုတ်ချပေးဖို့ နိုင်ငံတကာကို တင်ပြ တောင်းဆိုသွားမယ်” ဟု တောင်းဆိုချက်တွင် ပါဝင်လက်မှတ်ရေးထိုးထားသော India For Myanmar မှ ဆလိုင်းဒိုခါရ်က မဇ္စျိမ ကိုပြောသည်။
မြန်မာစစ်ဘေးရှောင်များအား ဖမ်းဆီးပြီး မဏိပူရ ပြည်နယ် အင်ဖားမြို့ရှိ အကျဉ်းထောင်အတွင်းရှိ အဆောက်အဦဟောင်းတစ်ခုတွင် ထိန်းသိမ်းထားရာ ယင်းနေရာ၌ နေထိုင်စားသောက်ရေးများမှာ ကျန်းမာရေးနှင့် မညီညွတ်ကြောင်း ဆိုသည်။
ထိုထိန်းသိမ်းခံထားရသူများအနက် သက်ကြီးပိုင်း သုံးဦးကို ဆေးရုံတင်ထားရပြီး ၎င်းတို့နှင့် တွေ့ဆုံရန်တောင်းဆိုခဲ့သော်လည်း ခွင့်ပြုချက်မရခဲ့ကြောင်း ဆလိုင်းဒိုခါရ်က ဆက်ပြောသည်။
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်တွင် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ စစ်ဘေးရှောင် မြန်မာပြည်သူများကို ခိုးဝင်နိုင်ငံခြားသား ဥပဒေပုဒ်မ (၁၄) ဖြင့် ဖမ်းဆီးထိန်းသိမ်းမှုကို ငါးကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့သည်။
လက်ရှိမှာ အသက်မပြည့်သေးသူ ၁၅ ဦး ၊ အသက်ကြီးပိုင်း ၁၀ ဦးနှင့် အမျိုးသမီး ၃၀ ခန့် အပါအဝင် မြန်မာစစ်ဘေး ဒုက္ခသည် ၂၀၀ ခန့်ကို အင်ဖာမြို့ရှိ Sajiwa အကျဉ်းထောင်တွင် ချုပ်နှောင်ထားသည်။
၎င်းတို့အနက် အချို့သည် ရက်ကန်းသည်များဖြစ်ကြပြီး စစ်အာဏာမသိမ်းမီ အချိန်ကတည်းက လာရောက်လုပ်ကိုင်နေသူများဖြစ်ကြောင်း ဆိုသည်။
အကျဉ်းချခံထားရသည့် မြန်မာပြည်သူများအတွက် အထူးပင်စိုးရိမ်မကင်းဖြစ်ကြရပြီး အိန္ဒိယဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရအနေဖြင့် စစ်ဘေးရှောင်များအတွက် တောင်းဆိုချက်များအား အချိန်မဆိုင်း အကောင် အထည်ဖော်ဆောင်ပေးရန် တိုက်တွန်းထားသည်။
ယင်းပြင် အိန္ဒိယနိုင်ငံပိုင် စစ်လက်နက် ကုမ္ပဏီဖြစ်သော Yantra India Limited က ၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်း မြန်မာစစ်ကောင်စီတပ်ကို ဒေါ်လာ ၃၃၀,၀၀၀ တန်ဖိုး ရှိသည့် ၁၂၂ မမ အမြှောက်ပြောင်း အလက် ၂၀ ကို တင်ပို့ခဲ့ကြောင်း Justice for Myanmar က မတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
မြန်မာ့အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံဖြစ်သော အိန္ဒိယအနေဖြင့် စစ်ကောင်စီ ကို စစ်လက်နက်ပစ္စည်းထောက်ပံ့မှု ချက်ချင်းရပ်တန့်ရန်နှင့် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဥပဒေအရ တာဝန်များကို စောင့်ထိန်းပြီး မြန်မာပြည်သူများနှင့် အတူရပ်တည်ရန် JFM ကလည်း တိုက်တွန်းထားသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
#ဒီမိုကရေစီ
#စစ်လက်နက်
#စစ်ဘေးရှောင်
#mizzimatv

👍8
စစ်ကိုင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ကိုလမ်းပြလုပ်ပေးနေသူ ပစ်ခတ်ခံရ၍ သေဆုံး
======================
ဂျူနို
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ကိုလမ်းပြပေးနေသည့် ပျူစောထီးဆိုသူအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ယနေ့မတ်လ ၃ ရက်နေ့၌ ယက္ခညီနောင် PDF-Mandalay အဖွဲ့က ထုတ်ပြန်ထားသည်။
ပစ်ခတ်ခံရသူမှာ အသက် ၄၀ ဝန်းကျင်အရွယ် ဦးအေးလွင်ဆိုသူဖြစ်ပြီး မန္တလေး ယက္ခညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ PRFK(Kse)နှင့် Mahar(SGG) တို့က ပူးပေါင်း၍ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက် ည ၈ နာရီခန့်က ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
''သူက စစ်ကောင်စီရဲ့လက်အောင်ခံ ပျူစောထီး ဒလန် ပါ။ ကျေးရွာတွေကို စစ်ကောင်စီခွေး(စစ်ကောင်စီတပ်ဖွဲ့)တွေနဲ့ ပူးပေါင်းပြီးလမ်းပြလုပ်ပါတယ်။ သူ့ကြောင့်အဖမ်းခံရတဲ့ ပြည်သူတွေနဲ့ တိမ်းရှောင်နေရတဲ့ မိသားစုတွေလည်း အများကြီးပါပဲ။ ကျွန်တော်တို့ တပ်ဖွဲ့တွေ ဝင်ရောက်ဖမ်းဆီးဖို့ဆောင်ရွက်နေချိန်မှာပဲ ပျူစောထီးအေးလွင်က စစ်ကောင်စီတပ်ကို ဖုန်းဆက်ပါတယ်။ သူဖုန်းဆက်နေချိန်မှာပဲ ကျွန်တော်တို့က ပစ္စတိုနဲ့ ရှင်းလင်းခဲ့တာပါ" ဟု ယက္ခညီနောင် PDF-Mandalay အဖွဲ့ပြန်ကြားရေးတာဝန်ခံ ကိုညဏ်လင်းက မဇ္ဈိမကို ပြောသည်။
အခင်းဖြစ်ပွားပြီး မိနစ်ပိုင်းအတွင်း၌ပင် ပျူစောထီးဆိုသူ ဦးအေးလွင်၏ ရုပ်အလောင်းအား စစ်ကောင်စီတပ်ဖွဲ့က ကားတစ်စီးဖြင့် သယ်ဆောင်သွားကြောင်း ယက္ခညီနောင် PDF-Mandalay အဖွဲ့ထံက သိရသည်။
တိုက်ခိုက်မှုအပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ပျူစောထီးဆိုသူ ဦးအေးလွင်၏ နေအိမ်အား လက်ပစ်ဗုံးပစ်သွင်းကာ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ယက္ခညီနောင် PDF-Mandalay အဖွဲ့ပြန်ကြားရေးတာဝန်ခံ ကိုညဏ်လင်းက ဆိုသည်။
https://youtu.be/F8vOLUefZY4
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#စစ်ကိုင်းတိုင်း
#စစ်ကိုင်းမြို့နယ်
#ပျူစောထီး
#ပစ်ခတ်မှု
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
======================
ဂျူနို
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ကိုလမ်းပြပေးနေသည့် ပျူစောထီးဆိုသူအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ယနေ့မတ်လ ၃ ရက်နေ့၌ ယက္ခညီနောင် PDF-Mandalay အဖွဲ့က ထုတ်ပြန်ထားသည်။
ပစ်ခတ်ခံရသူမှာ အသက် ၄၀ ဝန်းကျင်အရွယ် ဦးအေးလွင်ဆိုသူဖြစ်ပြီး မန္တလေး ယက္ခညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ PRFK(Kse)နှင့် Mahar(SGG) တို့က ပူးပေါင်း၍ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက် ည ၈ နာရီခန့်က ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
''သူက စစ်ကောင်စီရဲ့လက်အောင်ခံ ပျူစောထီး ဒလန် ပါ။ ကျေးရွာတွေကို စစ်ကောင်စီခွေး(စစ်ကောင်စီတပ်ဖွဲ့)တွေနဲ့ ပူးပေါင်းပြီးလမ်းပြလုပ်ပါတယ်။ သူ့ကြောင့်အဖမ်းခံရတဲ့ ပြည်သူတွေနဲ့ တိမ်းရှောင်နေရတဲ့ မိသားစုတွေလည်း အများကြီးပါပဲ။ ကျွန်တော်တို့ တပ်ဖွဲ့တွေ ဝင်ရောက်ဖမ်းဆီးဖို့ဆောင်ရွက်နေချိန်မှာပဲ ပျူစောထီးအေးလွင်က စစ်ကောင်စီတပ်ကို ဖုန်းဆက်ပါတယ်။ သူဖုန်းဆက်နေချိန်မှာပဲ ကျွန်တော်တို့က ပစ္စတိုနဲ့ ရှင်းလင်းခဲ့တာပါ" ဟု ယက္ခညီနောင် PDF-Mandalay အဖွဲ့ပြန်ကြားရေးတာဝန်ခံ ကိုညဏ်လင်းက မဇ္ဈိမကို ပြောသည်။
အခင်းဖြစ်ပွားပြီး မိနစ်ပိုင်းအတွင်း၌ပင် ပျူစောထီးဆိုသူ ဦးအေးလွင်၏ ရုပ်အလောင်းအား စစ်ကောင်စီတပ်ဖွဲ့က ကားတစ်စီးဖြင့် သယ်ဆောင်သွားကြောင်း ယက္ခညီနောင် PDF-Mandalay အဖွဲ့ထံက သိရသည်။
တိုက်ခိုက်မှုအပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ပျူစောထီးဆိုသူ ဦးအေးလွင်၏ နေအိမ်အား လက်ပစ်ဗုံးပစ်သွင်းကာ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ယက္ခညီနောင် PDF-Mandalay အဖွဲ့ပြန်ကြားရေးတာဝန်ခံ ကိုညဏ်လင်းက ဆိုသည်။
https://youtu.be/F8vOLUefZY4
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#စစ်ကိုင်းတိုင်း
#စစ်ကိုင်းမြို့နယ်
#ပျူစောထီး
#ပစ်ခတ်မှု
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
စစ်ကိုင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ကိုလမ်းပြလုပ်ပေးနေသူ ပစ်ခတ်ခံရ၍ သေဆုံး
ဂျူနို
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ကိုလမ်းပြပေးနေသည့် ပျူစောထီးဆိုသူအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ယနေ့မတ်လ ၃ ရက်နေ့၌ ယက္ခညီနောင် PDF-Mandalay အဖွဲ့က ထုတ်ပြန်ထားသည်။…

အင်္ဂပူမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်မိုင်းမိ၊ ဗိုလ်အပါအဝင် ၄ ဦးသေဆုံးဟု ဆို
====================
မင်းထက်
မဇ္စျိမ။ ။ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းဒေသတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်တစ်ဦးအပါအဝင် လေးဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများရှိခဲ့ကြောင်း ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ယမန်နေ့မတ်လ ၂ ရက်နေ့ ၊နံနက် ၁၀ နာရီခန့်အချိန်က မဲဇလီကုန်းဒေသ၊ နတ်ပုတီးတောင်ကြောရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို တောတွင်းတစ်နေရာအရောက်တွင် တိုက်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းဟု စွန်ရဲနီနွေဦးတော်လှန်ရေးအောင်ဆန်းတပ်ရင်း(Red Falcon PDF) က ထုတ်ပြန်သည်။
Red Falcon PDF အဖွဲ့တာဝန်ခံ ဗိုလ်သူရိန်က
"မတ်လ ၁ ရက်နေ့ ညနေပိုင်းမှာ စစ်ခွေး(စစ်ကောင်စီတပ်) အင်အား၂၃ ယောက်လောက်ပါတဲ့ စစ်ကားတစီး ခုံကြီးအုပ်စု၊ မကျီးပင်ကွင်းရွာ ချောင်းအဖျားကိုရောက်ပြီး ညအိပ်နေတယ်လို့ သတင်းရလို့ မိုင်းဆင်ထားတာဗျ။နောက်နေ့မနက် ဒီကောင်တွေ စစ်ကြောင်းထိုးလာတာမှာ ကျွန်တော်တို့ဆင်ထားတဲ့ မိုင်းနဲ့ တိုးတာပါ"ဟု ပြောသည်။
မိုင်းများသည် စွန်ရဲနီနွေဦးတော်လှန်ရေးအောင်ဆန်းတပ်ရင်း(Red Falcon PDF)နှင့် အင်္ဂပူမြို့နယ် (ပကဖ) တို့က ထောင်ထားခြင်းဟု သိရသည်။ ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီ၏ ဗိုလ်တစ်ဦးအပါ လေးဦးသေဆုံးကာ၊ ထိခိုက်ဒဏ်ရာရရှိသူများရှိခဲ့ကြောင်း စွန်ရဲနီနွေဦးတော် လှန်ရေးအောင်ဆန်းတပ်ရင်း(Red Falcon PDF)ပက သတင်းထုတ်ပြန်သည်။
တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်က လက်နက်ငယ်များဖြင့် မိနစ်အနည်းငယ်အကြာ ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း ဗိုလ်သူရိန်ကပြောသည်။
သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားများနှင့် ဒဏ်ရာရရှိသူများအား ယမန်နေ့ မတ်လ ၂ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်က လာရောက်သယ်ဆောင်ကာ ပြန်လည်ဆုတ်ခွာသွားသည်ဟု သိရသည်။
"အင်္ဂပူ၊ မဲဇလီကုန်းဘက်ကို လူနာတင်ကားတွေ နှစ်စီး သုံးစီးလာပြီးသွေးတွေထွက်နေတဲ့ စစ်သားတွေကို တင်သွားတာတွေ့တယ်။
ဘယ်ကိုခေါ်သွားလဲတော့ မသိရဘူး"ဟု ဒေသခံတဦးကပြောသည်။
ယနေ့မတ်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် မဲဇလီကုန်းဒေသရှိ တောအုပ်များအထက်၌ စစ်ကောင်စီ၏ ရဟတ်ယာဥ် နှစ်စီးပျံဝဲနေခဲ့သည်ဟု ဒေသခံများကပြောသည်။ထို့အပြင် အင်္ဂပူမြို့နယ်ပတ်ဝန်းကျင်ရှ်ိ ဘန့်ဘွေးကုန်းနှင့် ကွင်းကောက်ကြား ပုသိမ်-မုံရွာ လမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့က ပိတ်ဆို့ စစ်ဆေးနေသည်ဟု သတင်းရရှ်ိသည်။
စာတည်း - မောင်ကြီး
#ဧရာဝတီတိုင်း
#အင်္ဂပူမြို့နယ်
#မဲဇလီကုန်းဒေသ
#မိုင်းဖောက်ခွဲတိုက်ခိုက်
#ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

👍12❤2
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ မတ်လ ၃ ရက်၊ ၂၀၂၃
=================
ယူကရိန်းစစ် တနှစ်ကြာ ရုရှားစီးပွားရေး၊ ပိုလန်က ယူကရိန်းဒုက္ခသည်တွေနဲ့ ရုရှားစေတနာ့ဝန်ထမ်းများအကြောင်း၊ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ မတ်လ ၃ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/zNuRAXHPgZI
#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=================
ယူကရိန်းစစ် တနှစ်ကြာ ရုရှားစီးပွားရေး၊ ပိုလန်က ယူကရိန်းဒုက္ခသည်တွေနဲ့ ရုရှားစေတနာ့ဝန်ထမ်းများအကြောင်း၊ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ မတ်လ ၃ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/zNuRAXHPgZI
#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ မတ်လ ၃ ရက်၊ ၂၀၂၃
ယူကရိန်းစစ် တနှစ်ကြာ ရုရှားစီးပွားရေး၊ ပိုလန်က ယူကရိန်းဒုက္ခသည်တွေနဲ့ ရုရှားစေတနာ့ဝန်ထမ်းများအကြောင်း၊ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ မတ်လ ၃ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည…
👍4
ယူကရိန်းစစ် တနှစ်ကြာ ရုရှားစီးပွားရေး
================
ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်စစ် စတင် ဆင်နွှဲခဲ့ပြီးနောက် ရုရှားအပေါ် အမေရိကန်ပြည်ထောင်စုနဲ့ အနောက်နိုင်ငံတွေက ဝိုင်းဝန်းဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။ တနှစ်ကြာလာတဲ့ အခုလို အချိန် ရုရှားစီးပွားရေးဟာ အနောက်အင်အားကြီးနိုင်ငံတွေ မျှော်မှန်းထားသလိုမျိုး လျင်လျင်မြန်မြန် ထိခိုက်ပျက်ဆီး သွားတဲ့အခြေအနေတော့ မရှိသေးပါဘူး။ ဒါပေမဲ့လည်း ရိုက်ခတ်မှုတစုံတရာ ရှိလာတာကိုတော့ ခံစားနေရပါပြီ။ VOA မော်စကိုဗျူရို ရုံးက ပေးပို့တဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင် တင်ဆက်ထားပါတယ်။
https://youtu.be/26qy6REFH-s
#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
================
ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်စစ် စတင် ဆင်နွှဲခဲ့ပြီးနောက် ရုရှားအပေါ် အမေရိကန်ပြည်ထောင်စုနဲ့ အနောက်နိုင်ငံတွေက ဝိုင်းဝန်းဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။ တနှစ်ကြာလာတဲ့ အခုလို အချိန် ရုရှားစီးပွားရေးဟာ အနောက်အင်အားကြီးနိုင်ငံတွေ မျှော်မှန်းထားသလိုမျိုး လျင်လျင်မြန်မြန် ထိခိုက်ပျက်ဆီး သွားတဲ့အခြေအနေတော့ မရှိသေးပါဘူး။ ဒါပေမဲ့လည်း ရိုက်ခတ်မှုတစုံတရာ ရှိလာတာကိုတော့ ခံစားနေရပါပြီ။ VOA မော်စကိုဗျူရို ရုံးက ပေးပို့တဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင် တင်ဆက်ထားပါတယ်။
https://youtu.be/26qy6REFH-s
#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ယူကရိန်းစစ် တနှစ်ကြာ ရုရှားစီးပွားရေး
ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်စစ် စတင် ဆင်နွှဲခဲ့ပြီးနောက် ရုရှားအပေါ် အမေရိကန်ပြည်ထောင်စုနဲ့ အနောက်နိုင်ငံတွေက ဝိုင်းဝန်းဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။ တနှစ်ကြာလာတဲ့ အခုလို အချိန် ရုရှားစီးပွားရေးဟာ အနောက်အင်အားကြီးနိုင်ငံတွေ မျှော်မှန်းထားသလိုမျိုး…
👍4
ဈေးဝယ်ကဒ်တွေနဲ့ သေနတ် အလဲအလှယ်လုပ် ပြန်သိမ်းမှု
======================
သေနတ်ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိတဲ့ အမေရိကန်ပြည်ထောင်စုမှာ ဘေးရန်ကင်းကင်းနဲ့ကျောင်းတက် နိုင်ဖို့ အမေရိကန်ကျောင်းသားတွေလိုလားနေကြပါတယ်။ တက္ကဆတ်ပြည်နယ်မှာ ဈေးဝယ်လို့ရတဲ့ Gift Card တွေနဲ့ အရပ်သားတွေလက်ထဲက သေနတ်တွေ အလဲအလှယ်လုပ် ပြန်သိမ်းနေပါတယ်။ ကိုအောင်အောင်တင်ဆက်ထားပါတယ်။
https://youtu.be/Mi88gVq5FBQ
#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
======================
သေနတ်ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိတဲ့ အမေရိကန်ပြည်ထောင်စုမှာ ဘေးရန်ကင်းကင်းနဲ့ကျောင်းတက် နိုင်ဖို့ အမေရိကန်ကျောင်းသားတွေလိုလားနေကြပါတယ်။ တက္ကဆတ်ပြည်နယ်မှာ ဈေးဝယ်လို့ရတဲ့ Gift Card တွေနဲ့ အရပ်သားတွေလက်ထဲက သေနတ်တွေ အလဲအလှယ်လုပ် ပြန်သိမ်းနေပါတယ်။ ကိုအောင်အောင်တင်ဆက်ထားပါတယ်။
https://youtu.be/Mi88gVq5FBQ
#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဈေးဝယ်ကဒ်တွေနဲ့ သေနတ် အလဲအလှယ်လုပ် ပြန်သိမ်းမှု
သေနတ်ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိတဲ့ အမေရိကန်ပြည်ထောင်စုမှာ ဘေးရန်ကင်းကင်းနဲ့ကျောင်းတက် နိုင်ဖို့ အမေရိကန်ကျောင်းသားတွေလိုလားနေကြပါတယ်။ တက္ကဆတ်ပြည်နယ်မှာ ဈေးဝယ်လို့ရတဲ့ Gift Card တွေနဲ့ အရပ်သားတွေလက်ထဲက သေနတ်တွေ အလဲအလှယ်လုပ် ပြန်သိမ်းနေပါတယ်။ က…
👍3
မတ်လ ၃ ရက်နေ့၊ ညနေ ၄ နာရီ၊ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=================
အိန္ဒိယအနေဖြင့် စစ်အာဏာသိမ်းမှုကို ကန့်ကွက်ပြီး မြန်မာပြည်သူများနှင့်အတူ ဒီမိုကရေစီအရေးရပ်တည်ဖို့ တော်လှန်ရေးအင်အားစုတွေ တောင်းဆိုတဲ့သတင်း
စစ်ကိုင်းတိုင်းတွင် ၁ လအတွင်း နေအိမ်အလုံးပေါင်း ၆,၆၀၀ ကျော်နှင့် စာသင်ကျောင်း ၁၀ ကျောင်း မီးရှို့ဖျက်ဆီးခံရတဲ့သတင်း
မန္တလေးမှာ PDF တပ်ဖွဲ့၀င်ဟောင်း တက္ကသိုလ်ကျောင်းသား ပစ်သတ်ခံရတဲ့သတင်း
ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်မှုစနစ်ကျရှုံးသွားပြီလို့ G20 မှာအိန္ဒိယဝန်ကြီးချုပ်မိုဒီပြောတဲ့သတင်းအပါအဝင် တခြားစိတ်ဝင်စားဖွယ်ရာနဲ့ အရေးကြီးသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်။
https://youtu.be/DrUebj0jDLQ
Photo - CJ
#4pmnews
#Mizzimanewshour
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=================
အိန္ဒိယအနေဖြင့် စစ်အာဏာသိမ်းမှုကို ကန့်ကွက်ပြီး မြန်မာပြည်သူများနှင့်အတူ ဒီမိုကရေစီအရေးရပ်တည်ဖို့ တော်လှန်ရေးအင်အားစုတွေ တောင်းဆိုတဲ့သတင်း
စစ်ကိုင်းတိုင်းတွင် ၁ လအတွင်း နေအိမ်အလုံးပေါင်း ၆,၆၀၀ ကျော်နှင့် စာသင်ကျောင်း ၁၀ ကျောင်း မီးရှို့ဖျက်ဆီးခံရတဲ့သတင်း
မန္တလေးမှာ PDF တပ်ဖွဲ့၀င်ဟောင်း တက္ကသိုလ်ကျောင်းသား ပစ်သတ်ခံရတဲ့သတင်း
ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်မှုစနစ်ကျရှုံးသွားပြီလို့ G20 မှာအိန္ဒိယဝန်ကြီးချုပ်မိုဒီပြောတဲ့သတင်းအပါအဝင် တခြားစိတ်ဝင်စားဖွယ်ရာနဲ့ အရေးကြီးသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်။
https://youtu.be/DrUebj0jDLQ
Photo - CJ
#4pmnews
#Mizzimanewshour
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
မတ်လ ၃ ရက်နေ့၊ ညနေ ၄ နာရီ၊ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:03-အိန္ဒိယအနေဖြင့် စစ်အာဏာသိမ်းမှုကို ကန့်ကွက်ပြီး မြန်မာပြည်သူများနှင့်အတူ ဒီမိုကရေစီအရေးရပ်တည်ဖို့ တော်လှန်ရေးအင်အားစုတွေ တောင်းဆိုတဲ့သတင်း
04:47-စစ်ကိုင်းတိုင်းတွင် ၁ လအတွင်း နေအိမ်အလုံးပေါင်း ၆,၆၀၀ ကျော်နှင့် စာသင်ကျောင်း ၁၀ ကျောင်း မီးရှို့ဖျက်ဆီးခံရတဲ့သတင်း…

👍6😁1
Breaking News ဦးဖြိုးမင်းသိန်း၊ ဒေါ်စန္ဒာမင်း၊ ဦးတိုးလွင်နှင့် ဦးဝင်းမြင့်အောင်တို့ကို ပါတီမှ ထုတ်ပယ်ကြောင်း NLD ကြေညာ
=======================
ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းအပါအဝင် ပါတီဝင်လေးဦးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီမှ ထုတ်ပယ်လိုက်သည်။
ဦးဖြိုးမင်းသိန်း (ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်)၊ ဒေါ်စန္ဒာမင်း (ဗဟိုကော်မတီဝင်)၊ ဦးတိုးလွင် (ဗဟိုကော်မတီဝင်)နှင့်ဦးဝင်းမြင့်အောင် (ဗဟိုကော်မတီဝင်) တို့ကို ပါတီမှ ထုတ်ပယ်လိုက်ကြောင်း ပါတီဗဟိုအလုပ်ကော်မတီ၏ ယနေ့ (မတ်လ ၃ ရက်နေ့) နေ့လယ်က ထုတ်ပြန်သော ကြေညာချက်တွင်ပါရှိသည်။
" အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အချို့သည် ပြည်သူ့ဆန္ဒသဘောထားကို လေးစားလိုက်နာမှု မရှိသည့်အပြင် ပါတီ၏ရပ်တည်ချက် တို့ကို ဆန့်ကျင်၍လည်းကောင်း၊ ပါတီအမည်ကို အလွဲသုံးစားလုပ်ဆောင်၍လည်းကောင်း၊ စစ်အာဏာရှင် အလိုကျလိုက်နာဆောင်ရွက်ရင်း ကိုယ်ကျိုးရှာ လုပ်ဆောင်နေကြကြောင်း ခိုင်လုံသည့် အထောက်အထားများ ရရှိထားပါသည်။" ဟု ကြေညာချက်တွင်ဖော်ပြထားသည်။
ထို့အပြင် " အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပေါ် မမှန်မကန်သက်သေထွက်ဆိုသူများနှင့် ပြည်သူ့ဆန္ဒကိုကျောခိုင်းပြီး ပါတီ၏မူဝါဒများကို ဆန့်ကျင် လုပ်ဆောင်နေသူများအား အရေးယူပေးရန် တင်ပြလာချက်များအရ အောက်ဖော်ပြပါ ပါတီဝင်များအား အဖွဲ့ချုပ်မှ ပေးအပ်ထားသောတာဝန်များအားလုံး ရပ်ဆိုင်းသည့်အပြင် ပါတီဝင်အဖြစ်မှပါ အပြီးအပိုင် ထုတ်ပယ်လိုက်ကြောင်းနှင့် ယင်းတို့၏ ပြောဆိုဆောင်ရွက်မှုများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိပါကြောင်း အသိပေးကြေညာအပ်ပါသည်။" လည်း ကြေညာချက်တွင် ဖော်ပြထားသစည်။

👏14👍6😁2
Chef Eve's Easy Thai Cooking Show | Episode (5) Promo
======================
ဒီတစ်ပတ်မှာ ချက်ပြပေးမှာကတော့ Chef Eve ရဲ့ ကြက်သားကြက်သွန်ဖြူအစပ်ကြော် နဲ့ ထန်းသီးအုန်းနို့ရည် ချက်ပြုတ်ပုံတွေကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ကြက်သားကြက်သွန်ဖြူအစပ်ကြော် နဲ့ ထန်းသီးအုန်းနို့ရည်ကို ထိုင်းစတိုင်လ်ပုံစံမျိုး ဘယ်လိုချက်ပြုတ်ထားလဲဆိုတာကို အခုလာမယ့် မတ်လ ၄ ရက်၊ စနေနေ့ ညနေ (၆) နာရီမှာ Mizzima + HD Channel ကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။
https://youtu.be/szOg9rrAECk
#EasyThaiCookingShow
#ChefEve
#NorthernThailandFood
#ThaiFood
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
======================
ဒီတစ်ပတ်မှာ ချက်ပြပေးမှာကတော့ Chef Eve ရဲ့ ကြက်သားကြက်သွန်ဖြူအစပ်ကြော် နဲ့ ထန်းသီးအုန်းနို့ရည် ချက်ပြုတ်ပုံတွေကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ကြက်သားကြက်သွန်ဖြူအစပ်ကြော် နဲ့ ထန်းသီးအုန်းနို့ရည်ကို ထိုင်းစတိုင်လ်ပုံစံမျိုး ဘယ်လိုချက်ပြုတ်ထားလဲဆိုတာကို အခုလာမယ့် မတ်လ ၄ ရက်၊ စနေနေ့ ညနေ (၆) နာရီမှာ Mizzima + HD Channel ကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။
https://youtu.be/szOg9rrAECk
#EasyThaiCookingShow
#ChefEve
#NorthernThailandFood
#ThaiFood
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
Chef Eve's Easy Thai Cooking Show | Episode (5) Promo
ဒီတစ်ပတ်မှာ ချက်ပြပေးမှာကတော့ Chef Eve ရဲ့ ကြက်သားကြက်သွန်ဖြူအစပ်ကြော် နဲ့ ထန်းသီးအုန်းနို့ရည် ချက်ပြုတ်ပုံတွေကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ကြက်သားကြက်သွန်ဖြူအစပ်ကြော် နဲ့ ထန်းသီးအုန်းနို့ရည်ကို ထိုင်းစတိုင်လ်ပုံစံမျိုး ဘယ်လိုချက်ပြုတ်ထားလဲဆိုတာကို အခုလာမယ့်…
ကြံခင်းမြို့နယ်တွင် "နိုးထလာပြီ ဧရာဝတီ၊ ဖက်ဆစ်တပ်ကို အမြစ်ဖြတ်မည်" စာတန်းကိုင်စွဲ ဆန္ဒပြ
😁5👍2
ကြံခင်းမြို့နယ်တွင် "နိုးထလာပြီ ဧရာဝတီ၊ ဖက်ဆစ်တပ်ကို အမြစ်ဖြတ်မည်" စာတန်းကိုင်စွဲ ဆန္ဒပြ
=====================
မင်းထက်
မဇ္စျိမ။ ။ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ မတ်လ ၃ ရက်နေ့ နံနက်ပိုင်းအချိန်က စကြဝတေးမင်းကြီး သပိတ်ကောင်မတီအဖွဲ့ ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ် ရှားမှုတစ်ခုပြုလုပ်ခဲ့သည်ဟု သိရသည်။
စကြဝတေးမင်းကြီး သပိတ်ကောင်မတီအဖွဲ့ဝင်အချို့က "နိုးထလာပြီ ဧရာဝတီ ဖက်ဆစ်တပ်ကို အမြစ်ဖြတ်မည်" စာသားပါ ဘန်နာ(ဗီနိုင်း)အား ကိုင်စွဲကာ ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟုပြောသည်။
"ကျွန်တော်တို့ စကြဝတေးမင်းကြီး သပိတ်အဖွဲ့က ဧရာဝတီပြည်သူတွေကိုယ်စား ဆန္ဒထုတ်ဖော်နေတဲ့အဖွဲ့ပါ။ နောက်ထပ်လည်း သပိတ်တွေ ထပ်လုပ်သွားဖို့ရှိပါတယ်။ စစ်အာဏာရှင် ပြုတ်ကျတဲ့အထိ ရတဲ့နည်းနဲ့ တော်လှန်နေမှာပါ"ဟု စကြဝတေးမင်းကြီး သပိတ်ကော်မတီမှ တာဝန်ရှိသူ ရဲဘော်ကျောက်ခဲက ပြောသည်။
စကြဝတေးမင်းကြီး သပိတ်အဖွဲ့သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်များ စတင်ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ်ဖော်မှုသည် စကြဝတေးမင်းကြီး သပိတ်အဖွဲ့၏ ကိုးကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်သည်ဟု သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မနက် ၆ နာရီခန့်အချိန်က ကြံခင်းမြို့နယ်၊ ပုသိမ်-မုံရွာလမ်းမကြီးပေါ်တွင် စကြဝတေးမင်းကြီး သပိတ်အဖွဲ့က ပြုလုပ်ထားသည့် လူမဲ့သပိတ်တစ်ခုအား စရဖ တပ်ဖွဲ့ဝင် ကိုကျော်ဇင်ဝင်းဆိုသူမှ ဖြုတ်သိမ်းရန်လာစဥ် မြို့ရှောင်လမ်း၌ ရပ်ထားသည့် ၁၀ ဘီးကားကို ဝင်တိုက်ကာ သေဆုံးခဲ့သေးသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ကြံခင်းမြို့နယ်
#ဆန္ဒထုတ်ဖော်
#လူမဲ့သပိတ်
#စစ်အာဏာရှင်

👍14❤4😁1
ကွန်ပြူတာနည်းပညာ သင်နေတဲ့ ကင်ညာနွားကျောင်းသားများ
======================
ကင်ညာနိုင်ငံမြောက်ပိုင်းက ဝေးလံခေါင်ဖျားတဲ့ဒေသက ကျောင်းတကျောင်းမှာ ကျောင်းသားကျောင်းသူ အယောက် ၂ ရာကျော်ကို ကွန်ပြူတာ နည်းပညာ coding သင်ပေးနေပါတယ်။ နွားကျောင်းဖို့အတွက် ကျောင်းထွက်ကြတာများတဲ့ ဒီဒေသက ကျောင်းသူကျောင်းသားတွေရဲ့ အနာဂတ်မှာ အလုပ်အကိုင် အခွင့်အလမ်းကောင်းရစေဖို့ ရည်ရွယ်ပြီး ဒီဂျစ်တယ်နည်းပညာ သင်ပေးနေတာ ဖြစ်ပါတယ်။ အေပီသတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်။
https://youtu.be/yfqjKSZAmeU
#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
======================
ကင်ညာနိုင်ငံမြောက်ပိုင်းက ဝေးလံခေါင်ဖျားတဲ့ဒေသက ကျောင်းတကျောင်းမှာ ကျောင်းသားကျောင်းသူ အယောက် ၂ ရာကျော်ကို ကွန်ပြူတာ နည်းပညာ coding သင်ပေးနေပါတယ်။ နွားကျောင်းဖို့အတွက် ကျောင်းထွက်ကြတာများတဲ့ ဒီဒေသက ကျောင်းသူကျောင်းသားတွေရဲ့ အနာဂတ်မှာ အလုပ်အကိုင် အခွင့်အလမ်းကောင်းရစေဖို့ ရည်ရွယ်ပြီး ဒီဂျစ်တယ်နည်းပညာ သင်ပေးနေတာ ဖြစ်ပါတယ်။ အေပီသတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်။
https://youtu.be/yfqjKSZAmeU
#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ကွန်ပြူတာနည်းပညာ သင်နေတဲ့ ကင်ညာနွားကျောင်းသားများ
ကင်ညာနိုင်ငံမြောက်ပိုင်းက ဝေးလံခေါင်ဖျားတဲ့ဒေသက ကျောင်းတကျောင်းမှာ ကျောင်းသားကျောင်းသူ အယောက် ၂ ရာကျော်ကို ကွန်ပြူတာ နည်းပညာ coding သင်ပေးနေပါတယ်။ နွားကျောင်းဖို့အတွက် ကျောင်းထွက်ကြတာများတဲ့ ဒီဒေသက ကျောင်းသူကျောင်းသားတွေရဲ့ အနာဂတ်မှာ အလုပ်အကိုင် အခွင့်အလ…
👍7