အာဏာသိမ်းကာလ ၂ နှစ်အတွင်း ကျန်းမာရေးဝန်ထမ်း ၇၀ ဦးခန့် သတ်ဖြတ်ခံရကြောင်း NUG ထုတ်ပြန်
👍3😭1

======================
မေဘယ်လ်သူ
(မဇ္ဈိမ)။ ။ အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှစ၍ ကျန်းမာရေးဝန်ထမ်း ၇၀ ဦးခန့် သတ်ဖြတ်ခံရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မတ်လ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ထို့အပြင် ကျန်းမာရေးဝန်ထမ်း ၉၀၀ ဦးခန့် ဖမ်းဆီးခံခဲ့ရပြီး ၊ ၇၈၀ ဦး ကျော် ထိခိုက်ဒဏ်ရာရခဲ့ကာ၊ ဆေးရုံ ဆေးခန်းပေါင်း ၁၆၀ ကျော် ဖျက်ဆီးခံခဲ့ရကြောင်း ဆိုသည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ နှစ်လအတွင်း ကျန်းမာရေးကဏ္ဍဆိုင်ရာ အဆောက်အဦများအပေါ် လေကြောင်းတိုက်ခိုက်မှုများနှင့်ကျန်းမာရေးဝန်ထမ်းများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများကို စစ်ကောင်စီက ဆက်တိုက်ကျူးလွန်ခဲ့ကြောင်း အဆိုပါဖြစ်စဥ်များနှင့်အတူ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အကြမ်းဖက်စစ်ကောင်စီက ဇန်နဝါရီလ ၁၀ရက်နေ့နှင့် ၁၁ရက်နေ့ ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ် တည်ရှိရာ Camp Victoria စခန်းအား လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းကြောင့် ချင်းအမျိုးသားတပ်ဦးမှ ရဲမေ နှစ်ဦးနှင့် ရဲဘော် သုံးဦး ကျဆုံးခဲ့ရပြီး ပြင်ပလူနာကုသဆောင်၊ ဆေးစတိုနှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးခဲ့သည့်ဖြစ်စဉ် အပါအဝင် အခြားဖြစ်စဉ် ခြောက်ခုကိုလည်း ဖော်ပြထားသည်။
" NUG က ထုတ်ပြန်တဲ့အချက်အလက်တွေထက် တကယ့်မြေပြင်မှာ ဒီထက်ပိုဆိုးတဲ့ သတ်ဖြတ်မှုတွေအပြင် စာရင်းထဲမပါဘဲ သတ်ဖြတ်ခံရတာ၊ ဖမ်းဆီးခံရတာတွေလည်းရှိတယ်" ဟု ရှမ်းပြည်နယ်တောင်ပိုင်းရှိ၊ တော်လှန်ရေးရဲဘော်တစ်ဦးက မှတ်ချက်ပြုပြောဆိုသည်။
တစ်ဖက်တွင်လည်း အစိုးရဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများနှင့် အရပ်သားအပါအဝင် စုစုပေါင်း သေဆုံးသူ ၅,၀၀၀ ကျော်နှင့် ဒဏ်ရာရရှိသူ ၄,၀၀၀ ကျော် ရှိခဲ့ကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ကာလုံအစည်းအဝေးမှတ်တမ်းတွင် ဖော်ပြထားလေသည်။
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
#NUG
#စစ်ကောင်စီ
#ကျန်းမာရေးဝန်ထမ်း
ပုံစာ- စစ်ကောင်စီမှ အာဏာသိမ်းကာလနှစ်နှစ်အတွင်း ကျန်းမာရေးဝန်ထမ်းများနှင့် အဆောက်အအုံများအား တိုက်ခိုက်ခဲ့သည့် မှတ်တမ်းဓါတ်ပုံများ

Facebook
#nug – Explore
explore #nug at Facebook
👍9🥴1
အီတလီကမ်းလွန် သင်္ဘောနစ်မြုပ်မှုတွင် အာဖဂန်နိုင်ငံသား ၈၀ သေဆုံး
=====================
အီတလီနိုင်ငံတောင်ပိုင်းကမ်းရိုးတန်းတွင် ဖေဖော်ဝါရီလ ၂၆ ရက်က ဖြစ်ပွားခဲ့သည့် သင်္ဘောနစ်မြုပ်မှုတွင် ကလေးငယ်များအပါအဝင် အာဖဂန်နိုင်ငံသား အယောက် ၈၀ သေဆုံးခဲ့ကြောင်း တာလီဘန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂၈ ရက်တွင် ထုတ်ပြန်သည်။

😁3😢1
တူမီးထီ အပတ်စဉ်(၁၀)မှ ရရှိလာသော ရန်ပုံငွေများကို CDF – Mindat သို့ လွှဲပြောင်းပေးအပ်
========================
ပါခွီး
မဇ္စျိမ ။။ ချင်းပြည်နယ် တော်လှန်ရေးအတွက် ဘဏ္ဍာငွေအားဖြည့်နိုင်ရန်အတွက် ဖွင့်လှစ်လျက်ရှိသည့် တူမီးထီ အပတ်စဉ် (၁၀) မှ ရရှိလာသော ရန်ပုံငွေများကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) CDF – Mindat သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အပတ်စဉ် (၁၀) တွင် CDF – Mindat တပ်ဖွဲ့အတွက် အမေရိကန်ဒေါ်လာ ၁,၁၈၅ ရရှိခဲ့ပြီး သီးခြား တူမီးထီမှတစ်ဆင့် ကျပ် ၄၀၀,၀၀၀ လှူဒါန်းငွေလက်ခံရရှိသဖြင့် စုစုပေါင်း ကျပ် ၃,၄၀၀,၀၀၀ (သုံးဆယ့်လေးသိန်း) ပေးအပ်ခဲ့ကြောင်း တူမီးထီမှ ဖော်ပြထားသည်။
တူမီးထီမှ ရရှိလာသော ဘဏ္ဍာငွေများသည် ချင်းတော်လှန်ရေး အင်အားစုအသီးသီးထံသို့ အုတ်တစ်ချပ် သဲတစ်ပွင့်အဖြင့် ပါဝင်နေခြင်းဖြစ်ပြီး ယင်းအစီအစဉ်တွင် ပါဝင် အားဖြည့်ခြင်းဖြင့် တော်လှန်ရေးတွင် ပါဝင်နေကြသည့် အားလုံးကို ကျေးဇူးတင်ကြောင်း ဆိုသည်။
အပတ်စဉ် (၁၁) အတွက် ထီလက်မှတ်များ ရောင်းချလျက်ရှိနေပြီး Website (သို့မဟုတ်) Phone Application မှတစ်ဆင့် လက်မှတ်တစ်စောင်လျှင် အမေရိကန် ငါးဒေါ်လာဖြင့် ကံစမ်းနိုင်ကြပြီး မတ်လ၃၁ ရက်နေ့တွင် ထီဖွင့်မည်ဖြစ်ကြောင်းထုတ် ပြန်ထားသည်။
အပတ်စဉ် (၁၀) တွင် ကံထူးရှင်မရှိသည့်အတွက် ဆုကြေးငွေများကို အမှတ်စဉ် (၁၁) တွင်ပေါင်း၍ အမေရိကန်ဒေါ်လာ ၅၅၀ ဖြင့် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
တူမီးထီ အပတ်စဉ်(၁၁) မှ ရရှိလာသော ရန်ပုံငွေများကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (ထန်တလန်) CDF – Thantlang သို့ ပေးအပ်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
တူမီးထီသည် ၂၀၂၁ခုနှစ်တွင် စတင်သည့် မြန်မာ့နွေဦးတော်လှန်ရေးအတွက် လိုအပ်သည့် တော်လှန်ရေးရန်ပုံငွေရှာဖွေရန် ဖွဲ့စည်းထားသော ချင်းရန်ပုံငွေအဖွဲ့ (Chin Relief Funding Program - CRFP ) မှ ရောင်းချနေသော ချင်းဒီဂျစ်တယ်ထီ ဖြစ်သည်။
ဖက်ဒရယ်ဘဏ္ဍာရေးစနစ်ကိုဖော်ဆောင်စဉ် တော်လှန်ရေးအတွက်အားဖြည့်နိုင်မည့် အစီအစဉ်တစ်ရပ် ဖြစ်ပြီး ချင်းပြည်အစိုးရအသစ် ပေါ်ပေါက်လာပါက (Federal Lottery) အဖြစ် ချင်းဖက်ဒရယ်အစိုးရထံသို့ တရားဝင်အပ်နှံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ချင်းပြည်နယ်
#တော်လှန်ရေး
#ဘဏ္ဍာငွေ
#တူမီးထီ

👍10😁1
မတ်လ ၃ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍3😁1
အစိုးရပိုင် စက်ပစ္စည်းများမှ TikTok ကို ရက် ၃၀ အတွင်း ဖယ်ရှားရန် အမေရိကန်အစိုးရ ညွှန်ကြား
=====================
အစိုးရပိုင်စက်ပစ္စည်းများနှင့် စနစ်များမှ တရုတ်ပိုင် TikTok အက်ပလီကေးရှင်းကို ဖယ်ထုတ်ရန် ဌာနများကို ရက် ၃၀ အချိန်ပေးကြောင်း အိမ်ဖြူတော်က ဖေဖော်ဝါရီလ ၂၇ ရက်က ပြောကြားလိုက်သည်။

👍10
ထိုင်းစိုက်ပျိုးရေးခြံပိုင်ရှင်အား သတ်မှုဖြင့် မြန်မာ ၂ ဦးအား တရားစွဲ
=======================
ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့်လက နဂါးမောက်သီး စိုက်ပျိုးရေးခြံပိုင်ရှင်တစ်ဦးအား သတ်ဖြတ်မှုဖြင့် မြန်မာနိုင်ငံသား နှစ်ဦးကို ရာဇဝတ်မှုခုံရုံး၌ ယနေ့တွင် တရားစွဲဆိုသည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=======================
ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့်လက နဂါးမောက်သီး စိုက်ပျိုးရေးခြံပိုင်ရှင်တစ်ဦးအား သတ်ဖြတ်မှုဖြင့် မြန်မာနိုင်ငံသား နှစ်ဦးကို ရာဇဝတ်မှုခုံရုံး၌ ယနေ့တွင် တရားစွဲဆိုသည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4
အင်းတော်တွင် မိုင်းမတော်တဆမှုကြောင့် မြို့ပြပြောက်ကျား ရဲဘော် ၂ဦးကျဆုံး
==================
ကိုခင်မောင်
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့ရှိ လမ်းဆုံမီးပွိုင့်တွင် မိုင်းထောင်နေစဉ် မိုင်းမတော်တဆပေါက်ကွဲသဖြင့် မြို့ပြပြောက်ကျားရဲဘော် နှစ်ဦး ကျဆုံးသွားကြောင်း အင်းတော်မြို့ပြပြောက်ကျား ရဲဘော်တစ်ဦးထံမှ သိရသည်။
ယမန်နေ့ မတ်လ ၂ရက် ည၈နာရီအချိန့်ခန့်တွင် အင်းတော်မြို့အတွင်း ကင်းပတ်နေသည့် ရဲတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့်ကားအား မိုင်းဖောက်ခွဲရန် ကြိုးစားနေသည့် အသက်၂၀ ကျော်အရွယ် ပြောက်ကျားရဲဘော်နှစ်ဦး ကျဆုံးသွားခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
“ည ၈နာရီခွဲအချိန်မှာ သူတို့က ကင်းပတ်နေတဲ့ ရဲကားကိုမိုင်းထောင်ဖို့လုပ်တာ မိုင်းပေါက်ကွဲပြီးတော့ သေသွားတာပါ၊ ရဲဘော်တွေကတော့ မြို့ပြပြောက်ကျား ဆိုတော့ နာမည်ကတော့ ပြောလို့မရဘူးဗျ။ အလောင်းကတော့ ပေါက်ကွဲတဲ့အချိန်မှာ တစ်စစီမွကြေသွားတာပေါ့ ၊ခြေထောက်ဆိုခြေထောက် လက်ဆိုလက် အသားစတွေအကုန် မွသွားတာဆိုတော့ မနေ့ကတော့ ရဲတွေကောက်သွားတယ်ဗျ” ဟု အင်းတော်မြို့ပြပြောက်ကျား ရဲဘော်တစ်ဦးက မဇ္ဈိမကို ပြောသည်။
အဆိုပါမိုင်းပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လမ်းဆုံမီးပွိုင့်အနီးတွင် အင်းတော်မြို့မရဲစခန်းမှ ရဲများက သေနတ်များ ရမ်းသန်းပစ်ခတ်ခဲ့သည့်အပြင် ယနေ့နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်သားများက အခင်းဖြစ်ပွားရာနေရာကို စစ်ဆေးမှုများ ထပ်မံလုပ်ဆောင်သွားသည်ဟုလည်း ဆိုသည်။
မိုင်းပေါက်ကွဲမှုကြောင့် မီးပွိုင့်လမ်းဆုံအနီးရှိ ရဲများကင်းစောင့်ရာဘန်ကာ အဆောက်အအုံ ပျက်စီးသွားခဲ့ကြောင်းလည်း သိရသည်။
အင်းတော်မြို့ မီးပွိုင့်လမ်းဆုံသည် လမ်းသုံးခုဆုံသောနေရာဖြစ်သဖြင့် စစ်ကောင်စီတပ်များက အဆိုပါလမ်းဆုံနေရာတွင် စစ်ဆေးမှုများပြုလုပ်လေ့ရှိသည်ဟုလည်း မြို့ပြပြောက်ကျားရဲဘော်က ပြောသည်။
အင်းတော်မြို့နယ်သည် ဖေဖော်ဝါရီလ ၂ရက်နေ့တွင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားသည့်မြို့လည်း ဖြစ်သည်။
အင်းတော်မြို့နယ်တွင် မီးသွေးလုပ်ငန်းလုပ်ကိုင်နေသည့် ဒေသခံကိုမင်းမင်းဦး(ခ)ကိုလမင်းကို PDF ဟု စစ်ကောင်စီက စွပ်စွဲဖမ်းဆီးပြီး အကြမ်းဖျက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)ဖြင့် အမှုဖွင့်ကာ ဖေဖော်ဝါရီလ ၂၇ရက်နေ့တွင် အင်းတော်မြို့စစ်ခုံရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သေးသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ် ။ ။ သန့်ဇော်(သန်လျင်)
#စစ်ကိုင်းတိုင်း
#အင်းတော်မြို့
#အင်းတော်မြို့ပြပြောက်ကျားတပ်ဖွဲ့
#မိုင်းပေါက်ကွဲမှု

👍7💔5😢3👏1😭1
ရေစကြိုတွင် စာမေးပွဲမေးခွန်းများသယ်လာသည့် စစ်ကောင်စီယာဉ်တန်းကိုမိုင်းဆွဲတိုက်ခိုက်၊ စစ်သား ၂ဦးသေဟုဆို
======================
MTO
မဇ္ဈိမ။ ။ မကွေးတိုင်း၊ရေစကြိုမြို့တွင် စစ်ကောင်စီကျောင်းများအတွက် အိမ်စီးကားသုံးစီးဖြင့် မေးခွန်းစာရွက်များသယ်ဆောင်လာသည့် စစ်ကောင်စီယာဉ်တန်းကို ယမန်နေ့မတ်လ ၂ ရက်နေ့ ညကမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။ ကားနှစ်စီးပျက်စီးသွားပြီး စစ်ကောင်စီတပ်ဖွဲ့ အချင်းချင်းပစ်ခတ်မှုဖြစ်ပွားကာ စစ်သားနှစ်ဦးသေဆုံးသွားကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့သည် ရေစကြိုမြို့ပေါ်ရှိကျောင်းများအတွက် စာမေးပွဲမေးခွန်းစာရွက်များကို ပခုက္ကူဘက်မှ အိမ်စီးကားသုံးစီးဖြင့် သယ်ဆောင်လာစဉ် မြို့အဝင် ဘက်စုံကွေ့နေရာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဟုသိရသည်။
” မိုင်းဆွဲလိုက်တော့ ရှေ့ကကားနှစ်စီးက လုံး၀ ပျက်စီးသွားတော့ နောက်ဆုံးကားပေါ်က ဆင်းပြီးပစ်တာ။အဲ့တာကို အဲ့နေရာမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ကင်းပုန်းတွေနဲ့ သူတို့အချင်းချင်း ဗြောင်းတွေဆန်ကုန်တာ။နှစ်ဦးသေတယ်ကြားတယ်” ဟုရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယခုမိုင်းဆွဲတိုက်ခိုက်ခဲ့သည့် ရေစကြိုမြို့အဝင် ဘက်စုံကွေ့ နေရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ်များကို မကြာခဏမိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။
" မနေ့က ညနက်ပိုင်းက မိုင်းကွဲသံကြားတယ်။ ချက်ချင်းဆိုသလိုပဲ ပစ်ခတ်သံတွေ ဆူညံသွားတယ်။ ဆေးရုံကားသံတွေပါ ကြားရတယ်"ဟု ရေစကြိုမြို့ခံတဦးကပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ကလည်း ရေစကြို အမှတ်(၂) စည်ပင်သာယာရပ်ကွက်ရှိ စုပေါင်း ရုံးအတွင်းတပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးပြင်းထန်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
စာတည်း - မောင်ကြီး
#မကွေးတိုင်း
#ရေစကြိုမြို့
#စစ်ကောင်စီယာဉ်တန်း
#စစ်သားနှစ်ဦးသေ

👍11🥴2❤1
Media is too big
VIEW IN TELEGRAM
"အချစ်ပုံပြင်" LOVE STORY | Ep_17 seg_1
Watch more detail - https://youtu.be/4lz4sY2Njho
#myanmardramaseries #lovestory #BLSeries #reels

တရုတ်၏ ကနဦးအဆင့်တိုက်ခိုက်မှုများကို တွန်းလှန်နိုင်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ပြောကြား
======================
ထိုင်ဝမ်တပ်ဖွဲ့များသည် ကောင်းမွန်စွာပြင်ဆင်ထားပါက တရုတ်၏ ကနဦးတိုက်ခိုက်မှုကို တွန်းလှန်နိုင်မည် ဖြစ်ကြောင်း ထိုင်ဝမ်စစ်တပ်အကြီးအကဲက Common Wealth မဂ္ဂဇင်းနှင့် လူတွေ့မေးမြန်းခန်းတွင် ပြောကြားလိုက်သည်။

👍7