မတ်လ ၃ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍3😁1
အစိုးရပိုင် စက်ပစ္စည်းများမှ TikTok ကို ရက် ၃၀ အတွင်း ဖယ်ရှားရန် အမေရိကန်အစိုးရ ညွှန်ကြား
=====================
အစိုးရပိုင်စက်ပစ္စည်းများနှင့် စနစ်များမှ တရုတ်ပိုင် TikTok အက်ပလီကေးရှင်းကို ဖယ်ထုတ်ရန် ဌာနများကို ရက် ၃၀ အချိန်ပေးကြောင်း အိမ်ဖြူတော်က ဖေဖော်ဝါရီလ ၂၇ ရက်က ပြောကြားလိုက်သည်။

👍10
ထိုင်းစိုက်ပျိုးရေးခြံပိုင်ရှင်အား သတ်မှုဖြင့် မြန်မာ ၂ ဦးအား တရားစွဲ
=======================
ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့်လက နဂါးမောက်သီး စိုက်ပျိုးရေးခြံပိုင်ရှင်တစ်ဦးအား သတ်ဖြတ်မှုဖြင့် မြန်မာနိုင်ငံသား နှစ်ဦးကို ရာဇဝတ်မှုခုံရုံး၌ ယနေ့တွင် တရားစွဲဆိုသည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=======================
ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့်လက နဂါးမောက်သီး စိုက်ပျိုးရေးခြံပိုင်ရှင်တစ်ဦးအား သတ်ဖြတ်မှုဖြင့် မြန်မာနိုင်ငံသား နှစ်ဦးကို ရာဇဝတ်မှုခုံရုံး၌ ယနေ့တွင် တရားစွဲဆိုသည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4
အင်းတော်တွင် မိုင်းမတော်တဆမှုကြောင့် မြို့ပြပြောက်ကျား ရဲဘော် ၂ဦးကျဆုံး
==================
ကိုခင်မောင်
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့ရှိ လမ်းဆုံမီးပွိုင့်တွင် မိုင်းထောင်နေစဉ် မိုင်းမတော်တဆပေါက်ကွဲသဖြင့် မြို့ပြပြောက်ကျားရဲဘော် နှစ်ဦး ကျဆုံးသွားကြောင်း အင်းတော်မြို့ပြပြောက်ကျား ရဲဘော်တစ်ဦးထံမှ သိရသည်။
ယမန်နေ့ မတ်လ ၂ရက် ည၈နာရီအချိန့်ခန့်တွင် အင်းတော်မြို့အတွင်း ကင်းပတ်နေသည့် ရဲတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့်ကားအား မိုင်းဖောက်ခွဲရန် ကြိုးစားနေသည့် အသက်၂၀ ကျော်အရွယ် ပြောက်ကျားရဲဘော်နှစ်ဦး ကျဆုံးသွားခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
“ည ၈နာရီခွဲအချိန်မှာ သူတို့က ကင်းပတ်နေတဲ့ ရဲကားကိုမိုင်းထောင်ဖို့လုပ်တာ မိုင်းပေါက်ကွဲပြီးတော့ သေသွားတာပါ၊ ရဲဘော်တွေကတော့ မြို့ပြပြောက်ကျား ဆိုတော့ နာမည်ကတော့ ပြောလို့မရဘူးဗျ။ အလောင်းကတော့ ပေါက်ကွဲတဲ့အချိန်မှာ တစ်စစီမွကြေသွားတာပေါ့ ၊ခြေထောက်ဆိုခြေထောက် လက်ဆိုလက် အသားစတွေအကုန် မွသွားတာဆိုတော့ မနေ့ကတော့ ရဲတွေကောက်သွားတယ်ဗျ” ဟု အင်းတော်မြို့ပြပြောက်ကျား ရဲဘော်တစ်ဦးက မဇ္ဈိမကို ပြောသည်။
အဆိုပါမိုင်းပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လမ်းဆုံမီးပွိုင့်အနီးတွင် အင်းတော်မြို့မရဲစခန်းမှ ရဲများက သေနတ်များ ရမ်းသန်းပစ်ခတ်ခဲ့သည့်အပြင် ယနေ့နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်သားများက အခင်းဖြစ်ပွားရာနေရာကို စစ်ဆေးမှုများ ထပ်မံလုပ်ဆောင်သွားသည်ဟုလည်း ဆိုသည်။
မိုင်းပေါက်ကွဲမှုကြောင့် မီးပွိုင့်လမ်းဆုံအနီးရှိ ရဲများကင်းစောင့်ရာဘန်ကာ အဆောက်အအုံ ပျက်စီးသွားခဲ့ကြောင်းလည်း သိရသည်။
အင်းတော်မြို့ မီးပွိုင့်လမ်းဆုံသည် လမ်းသုံးခုဆုံသောနေရာဖြစ်သဖြင့် စစ်ကောင်စီတပ်များက အဆိုပါလမ်းဆုံနေရာတွင် စစ်ဆေးမှုများပြုလုပ်လေ့ရှိသည်ဟုလည်း မြို့ပြပြောက်ကျားရဲဘော်က ပြောသည်။
အင်းတော်မြို့နယ်သည် ဖေဖော်ဝါရီလ ၂ရက်နေ့တွင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားသည့်မြို့လည်း ဖြစ်သည်။
အင်းတော်မြို့နယ်တွင် မီးသွေးလုပ်ငန်းလုပ်ကိုင်နေသည့် ဒေသခံကိုမင်းမင်းဦး(ခ)ကိုလမင်းကို PDF ဟု စစ်ကောင်စီက စွပ်စွဲဖမ်းဆီးပြီး အကြမ်းဖျက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)ဖြင့် အမှုဖွင့်ကာ ဖေဖော်ဝါရီလ ၂၇ရက်နေ့တွင် အင်းတော်မြို့စစ်ခုံရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သေးသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ် ။ ။ သန့်ဇော်(သန်လျင်)
#စစ်ကိုင်းတိုင်း
#အင်းတော်မြို့
#အင်းတော်မြို့ပြပြောက်ကျားတပ်ဖွဲ့
#မိုင်းပေါက်ကွဲမှု

👍7💔5😢3👏1😭1
ရေစကြိုတွင် စာမေးပွဲမေးခွန်းများသယ်လာသည့် စစ်ကောင်စီယာဉ်တန်းကိုမိုင်းဆွဲတိုက်ခိုက်၊ စစ်သား ၂ဦးသေဟုဆို
======================
MTO
မဇ္ဈိမ။ ။ မကွေးတိုင်း၊ရေစကြိုမြို့တွင် စစ်ကောင်စီကျောင်းများအတွက် အိမ်စီးကားသုံးစီးဖြင့် မေးခွန်းစာရွက်များသယ်ဆောင်လာသည့် စစ်ကောင်စီယာဉ်တန်းကို ယမန်နေ့မတ်လ ၂ ရက်နေ့ ညကမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။ ကားနှစ်စီးပျက်စီးသွားပြီး စစ်ကောင်စီတပ်ဖွဲ့ အချင်းချင်းပစ်ခတ်မှုဖြစ်ပွားကာ စစ်သားနှစ်ဦးသေဆုံးသွားကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့သည် ရေစကြိုမြို့ပေါ်ရှိကျောင်းများအတွက် စာမေးပွဲမေးခွန်းစာရွက်များကို ပခုက္ကူဘက်မှ အိမ်စီးကားသုံးစီးဖြင့် သယ်ဆောင်လာစဉ် မြို့အဝင် ဘက်စုံကွေ့နေရာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဟုသိရသည်။
” မိုင်းဆွဲလိုက်တော့ ရှေ့ကကားနှစ်စီးက လုံး၀ ပျက်စီးသွားတော့ နောက်ဆုံးကားပေါ်က ဆင်းပြီးပစ်တာ။အဲ့တာကို အဲ့နေရာမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ကင်းပုန်းတွေနဲ့ သူတို့အချင်းချင်း ဗြောင်းတွေဆန်ကုန်တာ။နှစ်ဦးသေတယ်ကြားတယ်” ဟုရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယခုမိုင်းဆွဲတိုက်ခိုက်ခဲ့သည့် ရေစကြိုမြို့အဝင် ဘက်စုံကွေ့ နေရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ်များကို မကြာခဏမိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။
" မနေ့က ညနက်ပိုင်းက မိုင်းကွဲသံကြားတယ်။ ချက်ချင်းဆိုသလိုပဲ ပစ်ခတ်သံတွေ ဆူညံသွားတယ်။ ဆေးရုံကားသံတွေပါ ကြားရတယ်"ဟု ရေစကြိုမြို့ခံတဦးကပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ကလည်း ရေစကြို အမှတ်(၂) စည်ပင်သာယာရပ်ကွက်ရှိ စုပေါင်း ရုံးအတွင်းတပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးပြင်းထန်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
စာတည်း - မောင်ကြီး
#မကွေးတိုင်း
#ရေစကြိုမြို့
#စစ်ကောင်စီယာဉ်တန်း
#စစ်သားနှစ်ဦးသေ

👍11🥴2❤1
Media is too big
VIEW IN TELEGRAM
"အချစ်ပုံပြင်" LOVE STORY | Ep_17 seg_1
Watch more detail - https://youtu.be/4lz4sY2Njho
#myanmardramaseries #lovestory #BLSeries #reels

တရုတ်၏ ကနဦးအဆင့်တိုက်ခိုက်မှုများကို တွန်းလှန်နိုင်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ပြောကြား
======================
ထိုင်ဝမ်တပ်ဖွဲ့များသည် ကောင်းမွန်စွာပြင်ဆင်ထားပါက တရုတ်၏ ကနဦးတိုက်ခိုက်မှုကို တွန်းလှန်နိုင်မည် ဖြစ်ကြောင်း ထိုင်ဝမ်စစ်တပ်အကြီးအကဲက Common Wealth မဂ္ဂဇင်းနှင့် လူတွေ့မေးမြန်းခန်းတွင် ပြောကြားလိုက်သည်။

👍7
NUG ကျောင်းများတွင် ကျောင်းအပ်နှံပါက အရေးယူမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်ပြန်
========================
မောင်ခက်နွေ
(မဇ္ဈိမ)။ ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွင့်လှစ်ထားသည့် အွန်လိုင်း စာသင်ကျောင်းများတွင် အပ်နှံသော ကျောင်းသားမိဘများကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် အရေးယူသွားမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်ထားသည်။
စစ်ကောင်စီ ထိန်းချုပ်ထားသော မြန်မာ့အသံ (MRTV) တွင် မတ်လ ၁ ရက်နေ့ ညပိုင်းက ထိုသို့ခြိမ်းခြောက် ကြေညာသွားခြင်းဖြစ်သည်။
ကျောင်းသားမိဘများအနေဖြင့် ပတ်ဝန်းကျင်ကို မလွန်ဆန်နိုင်၍ ဖြစ်စေ၊ မသိနားမလည်၍ ဖြစ်စေ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူခံရမည် ဖြစ်ကြောင်းလည်း ဆိုသည်။
စစ်ကောင်စီသည် ပညာရေးကိစ္စရပ် တစ်ခုတည်းတွင် ခြိမ်းခြောက်နေခြင်း မဟုတ်ဘဲ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးများကိုပါ ခြိမ်းခြောက်မှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သည့် Dr.Bio (ခ)ဒေါက်တာစိုးဝင်းဦးက မှတ်ချက်ပြုသည်။
"စကစ ခြိမ်းခြောက်တာကတော့ အဆန်းတကြယ်မဟုတ်ပါဘူး။ မြန်မာပြည်သူတွေ အကုန်လုံးကို ခြိမ်းခြောက်နေတာပဲ။ အားလုံးရဲ့ မွေးရာပါ လူ့အခွင့်အရေးတွေ၊ နောက်တစ်ခုကတော့ တိုင်းပြည်မှာရှိနေတဲ့ တည်ဆဲ တရားဥပဒေစိုးမိုးရေးတွေ၊ ခြိမ်းခြောက်ရုံမက လူသားချင်းကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို မျိုးစုံ ကျူးလွန်နေတာ” ဟု Dr.Bio (ခ)ဒေါက်တာစိုးဝင်းဦးက ပြောသည်။
ကျောင်းသား မိဘများအနေဖြင့် မိမိတို့၏ စစ်ကောင်စီစာသင်ကျောင်းများနှင့် စစ်ကောင်စီ အသိအမှတ်ပြု ကိုယ်ပိုင်စာသင်ကျောင်းများတွင်သာ အပ်နှံ့ကြရမည်ဟုလည်း ဆိုထားသည်။
“သူ့ဘာသာသူ ဘယ်လောက်ပဲ ခြိမ်းခြောက်၊ ကြောက်မယ့်ထဲ မပါပါဘူး။ ကျွန်မ ကလေးတွေကို ပညာရေးနဲ့ ဆိုင်တဲ့ သင်တန်းတွေ၊ ပြီးတော့ စုံစမ်း ပြီးတော့ နောက်ထပ် ကျောင်းတွေထားရမှာပဲ။ စစ်ကောင်စီကျောင်းတွေ တော့ မပါဘူးပေါ့”ဟု ကျောင်းသားမိဘတစ်ဦးက မဇ္ဈိမကို ပြောသည်။
NUG အသိအမှတ်ပြု အွန်လိုင်းစာသင်ကျောင်းဖြစ်သည့် Free Online Educational Institution Myanmar (FOEIM) တွင် ကျောင်းအပ်နှံထားကြသည့် ကျောင်းသား၊ ကျောင်းသူ ၅၀၀ ကျော်၏ အချက်အလက်များ ပေါက်ကြားလာပြီးနောက် စစ်ကောင်စီက ယခုလို ခြိမ်းခြောက်လာခြင်း ဖြစ်သည်။
အဆိုပါ FOEIM စာသင်ကျောင်းကိုမှု အချက်အလက်များ ပေါက်ကြားမှုကြောင့် မတ်လ ၁ ရက်နေ့မှစတင်ကာ ပိတ်သိမ်းကြောင်း FOEIM က ကြေညာထားပြီး အချက်အလက် ပေါက်ကြားမှုအပေါ် တာဝန်ယူမှုအပိုင်းကို ထုတ်ပြန်ထားခြင်း မရှိသေးပေ။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်းကလည်း Kaung for you အွန်လိုင်းစာသင်ကျောင်းက ကျောင်းအုပ်ကြီး ဦးကောင်းသိုက်စိုးနှင့် ဦးဝင်းဗိုလ်၊ ဦးသန့်စင်ထိုက်တို့ကို စစ်ကောင်စီက ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သေးသည်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုကို ကန့်ကွက်သည့်အနေဖြင့် စစ်ကောင်စီက ဖွင့်လှစ်သော စာသင်ကျောင်းများတွင် မတက်ရောက်ဘဲ NUG က ဖွင့်လှစ်သည့် စာသင်ကျောင်းတွင် တက်ရောက်ကာ စစ်ကောင်စီကို တော်လှန် နေကြခြင်း ဖြစ်သည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
#စစ်ကောင်စီခြိမ်းခြောက်
#အွန်လိုင်းစာသင်ကျောင်း
#FOEIM
#NUG
#mizzimatv

👍11🤮4🤬3🖕3👏2
မတ်လ ၃ ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
============================
-FOEIM ကျောင်း၏အချက်အလက်များ ပေါက်ကြားပြီးနောက် NUG ကျောင်းများတွင် ကျောင်းအပ်နှံပါက အကြမ်းဖက်ဥပဒေဖြင့် အရေးယူမည်ဟု စစ်ကောင်စီခြိမ်းခြောက်တဲ့သတင်း
-အာဏာသိမ်းကာလ ၂ နှစ်အတွင်း ကျန်းမာရေးဝန်ထမ်း ၇၀ ဦးခန့် သတ်ဖြတ်ခံရကြောင်း NUG ထုတ်ပြန်တဲ့သတင်း
-ဂရိမှာဖြစ်ပွားခဲ့တဲ့ ရထားနှစ်စင်းခေါင်းချင်းဆိုင် တိုက်မှုကြောင့် သေဆုံးသူအရေအတွက်တိုးလာနေတဲ့သတင်း
-မြန်မာ- တရုတ် နှစ်နိုင်ငံကုန်သွယ်မှုများ မြင့်တတ်တဲ့သတင်း
-ညနေ ၅ နာရီအထိ ရရှိထားတဲ့ငွေလဲနှုန်း၊ ရွှေစျေး၊ စက်သုံးဆီစျေး နဲ့ စားအုန်းဆီစျေးတွေအပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေနဲ့ အရေးကြီး သတင်းတွေကို တင်ဆက်ပေးသွားမှာပါ ။
https://www.youtube.com/live/1PTZ6P2t3b4?feature=share
#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
မတ်လ ၃ ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
မတ်လ ၃ ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
===============================================
-FOEIM ကျောင်း၏အချက်အလက်များ ပေါက်ကြားပြီးနောက် NUG ကျောင်းများတွင် ကျောင်းအပ်နှံပါက အကြမ်းဖက်ဥပဒေဖြင့် အရေးယူမည်ဟု စစ်ကောင်စီခြိမ်းခြောက်တဲ့သတင်း…

👍5
Media is too big
VIEW IN TELEGRAM
Challenging Journey | Ep16 seg - 2 (Kiraနဲ့BoBတို့ရဲ့စိန်ခေါ်မှုခရီးစဥ်)
Watch more detail - https://youtu.be/9LKGJaA8M4s
#challengingjourney #kira #bobo #mizzimaplusHD #travel #challenge #reels

မတ်လ ၃ ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
====================
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
အိန္ဒိယအနေနဲ့ စစ်အာဏာသိမ်းမှုကို ရှုတ်ချကန့်ကွက်ပြီး မြန်မာပြည်သူတွေနဲ့အတူ ဒီမိုကရေစီအရေးရပ်တည်ဖို့ တော်လှန်ရေးအင်အားစုတွေက တောင်းဆိုလိုက်တဲ့ သတင်းနဲ့အတူ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ တစ်လအတွင်း စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးတိုင်းအတွင်း မီးရှို့သတ်ဖြတ်ခံရသူ ၂၁ ဦးရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ မီးသတ်ဦးစီးဌာနက မတ်လ ၁ ရက်နေ့မှာ သတင်း ထုတ်ပြန်လိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့နိုင်ငံတကာသတင်းတွေကို နားဆင်ရပါမယ်။
အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။
သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။
ဒါ့အပြင်ဂျနီဗာမှာရောက်ရှိနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးတို့တွေ့ဆုံမှုမှာ ဘာတွေဆွေးနွေးခဲ့လဲ၊ လူ့အခွင့်အရေး အစီရင်ခံစာရဲ့ အလားအလာနဲ့ လူ့အခွင့်အရေးကောင်စီမှာ လစ်လပ်နေတဲ့ မြန်မာထိုင်ခုံကိစ္စတွေအကြောင်းမေးမြန်းထားတာကို နာဆင်းရမှာဖြစ်ပါတယ်။
https://youtu.be/MCrVswcyVyQ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
====================
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
အိန္ဒိယအနေနဲ့ စစ်အာဏာသိမ်းမှုကို ရှုတ်ချကန့်ကွက်ပြီး မြန်မာပြည်သူတွေနဲ့အတူ ဒီမိုကရေစီအရေးရပ်တည်ဖို့ တော်လှန်ရေးအင်အားစုတွေက တောင်းဆိုလိုက်တဲ့ သတင်းနဲ့အတူ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ တစ်လအတွင်း စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးတိုင်းအတွင်း မီးရှို့သတ်ဖြတ်ခံရသူ ၂၁ ဦးရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ မီးသတ်ဦးစီးဌာနက မတ်လ ၁ ရက်နေ့မှာ သတင်း ထုတ်ပြန်လိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့နိုင်ငံတကာသတင်းတွေကို နားဆင်ရပါမယ်။
အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။
သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။
ဒါ့အပြင်ဂျနီဗာမှာရောက်ရှိနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးတို့တွေ့ဆုံမှုမှာ ဘာတွေဆွေးနွေးခဲ့လဲ၊ လူ့အခွင့်အရေး အစီရင်ခံစာရဲ့ အလားအလာနဲ့ လူ့အခွင့်အရေးကောင်စီမှာ လစ်လပ်နေတဲ့ မြန်မာထိုင်ခုံကိစ္စတွေအကြောင်းမေးမြန်းထားတာကို နာဆင်းရမှာဖြစ်ပါတယ်။
https://youtu.be/MCrVswcyVyQ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
မတ်လ ၃ ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
မတ်လ ၃ ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
======================
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
အိန္ဒိယအနေနဲ့ စစ်အာဏာသိမ်းမှုကို ရှုတ်ချကန့်ကွက်ပြီး မြန်မာပြည်သူတွေနဲ့အတူ ဒီမိုကရေစီအရေးရပ်တည်ဖို့ တော်လှန်ရေးအင်အားစုတွေက တောင်းဆိုလိုက်တဲ့…

👍4🔥2😁1
ကန့်ဘလူ ၆၀၀၆ အမြောက်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေလို့ ဒေသခံရွာတွေ တိန်းရှောင်နေရ (ရုပ်/သံ)
==================
KMN
မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ယနေ့ မတ်လ ၃ ရက်နေ့ မနက် ၈ နာရီဝန်းကျင်ကစပြီး အမြောက်တပ်ရင်း(၆၀၀၆)ကနေ ဟောင်ဝစ်ဇာ တာဝေးပစ်လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ကိုးတောင်ဘို့တိုက်နယ် ဝက်သအင်း၊ ကျွန်းလှမြို့နယ် ထန်းပင်ကုန်း ၊ ကြာတကန်ရွာ၊ ကန့်ဘလူမြို့နယ် ဂါးထာ စတဲ့ကျေးရွာဒေသခံတွေ ဘေးလွတ်ရာပြေးနေရတယ်လို့ ကိုးတောင်ဘို့တိုက်နယ် ဒေသခံက မဇ္ဈိမကို ပြောပါတယ်။
ကန့်ဘလူမြို့နယ် (၆၀၀၆) အမြောက်တပ်ရင်းကနေ ဟောင်ဝစ်ဇာ လက်နက်ကြီးနဲ့ မနက် ၈ နာရီခန့်က စတင်ပစ်ခတ်ခဲ့ပြီး ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့တိုက်နယ် ဝက်သအင်းရွာအနီးတဝိုက် နှစ်လုံး ၊ကျွန်းလှမြို့ နယ် ထန်းပင်ကုန်းရွာ နှင့် ကြာတကန်ရွာကြား နှစ်လုံး၊ ကန့်ဘလူမြို့နယ် ဂါးထာ ကျေးရွာအနီးတစ်ဝိုက် သုံးလုံး စုစုပေါင်း ခုနစ်လုံး ကျရောက်ခဲ့ပါတယ်။ ဒီကနေ့ မနက် ၉ နာရီ ၃၈ မိနစ်မှာ ထပ်မံ ပစ်ခတ်ခဲ့ပြီး ကန့်ဘလူမြို့နယ် အင်းလယ်ကြီးရွာထဲ တစ်လုံးကျကာ နေအိမ်တစ်လုံး ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။
ကန့်ဘလူခရိုင် ချပ်သင်းတိုက်နယ် ချပ်ကြီးကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးပူးပေါင်း စခန်းတစ်ခုကို ဒေသအခြေစိုက်တော်လှန်ရေးတပ်တွေက မတ်လ ၂ ရက်နေ့ မနက်မှာ ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်ခဲ့အပြီး အခုလိုပစ်ခတ်နေတာဖြစ်တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။
https://youtu.be/VtqsI-1EGtc
ရုပ်သံတင်ဆက်၊တည်းဖြတ် - KMN
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
==================
KMN
မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ယနေ့ မတ်လ ၃ ရက်နေ့ မနက် ၈ နာရီဝန်းကျင်ကစပြီး အမြောက်တပ်ရင်း(၆၀၀၆)ကနေ ဟောင်ဝစ်ဇာ တာဝေးပစ်လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ကိုးတောင်ဘို့တိုက်နယ် ဝက်သအင်း၊ ကျွန်းလှမြို့နယ် ထန်းပင်ကုန်း ၊ ကြာတကန်ရွာ၊ ကန့်ဘလူမြို့နယ် ဂါးထာ စတဲ့ကျေးရွာဒေသခံတွေ ဘေးလွတ်ရာပြေးနေရတယ်လို့ ကိုးတောင်ဘို့တိုက်နယ် ဒေသခံက မဇ္ဈိမကို ပြောပါတယ်။
ကန့်ဘလူမြို့နယ် (၆၀၀၆) အမြောက်တပ်ရင်းကနေ ဟောင်ဝစ်ဇာ လက်နက်ကြီးနဲ့ မနက် ၈ နာရီခန့်က စတင်ပစ်ခတ်ခဲ့ပြီး ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့တိုက်နယ် ဝက်သအင်းရွာအနီးတဝိုက် နှစ်လုံး ၊ကျွန်းလှမြို့ နယ် ထန်းပင်ကုန်းရွာ နှင့် ကြာတကန်ရွာကြား နှစ်လုံး၊ ကန့်ဘလူမြို့နယ် ဂါးထာ ကျေးရွာအနီးတစ်ဝိုက် သုံးလုံး စုစုပေါင်း ခုနစ်လုံး ကျရောက်ခဲ့ပါတယ်။ ဒီကနေ့ မနက် ၉ နာရီ ၃၈ မိနစ်မှာ ထပ်မံ ပစ်ခတ်ခဲ့ပြီး ကန့်ဘလူမြို့နယ် အင်းလယ်ကြီးရွာထဲ တစ်လုံးကျကာ နေအိမ်တစ်လုံး ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။
ကန့်ဘလူခရိုင် ချပ်သင်းတိုက်နယ် ချပ်ကြီးကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးပူးပေါင်း စခန်းတစ်ခုကို ဒေသအခြေစိုက်တော်လှန်ရေးတပ်တွေက မတ်လ ၂ ရက်နေ့ မနက်မှာ ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်ခဲ့အပြီး အခုလိုပစ်ခတ်နေတာဖြစ်တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။
https://youtu.be/VtqsI-1EGtc
ရုပ်သံတင်ဆက်၊တည်းဖြတ် - KMN
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ကန့်ဘလူ ၆၀၀၆ အမြောက်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေလို့ ဒေသခံရွာတွေ တိန်းရှောင်နေရ (ရုပ်/သံ)
KMN
မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ယနေ့ မတ်လ ၃ ရက်နေ့ မနက် ၈ နာရီဝန်းကျင်ကစပြီး အမြောက်တပ်ရင်း(၆၀၀၆)ကနေ ဟောင်ဝစ်ဇာ တာဝေးပစ်လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ကိုးတောင်ဘို့တိုက်နယ် ဝက်သအင်း၊ ကျွန်းလှမြို့နယ် ထန်းပင်ကုန်း ၊ ကြာတကန်ရွာ၊ ကန့်ဘလူမြို့နယ်…

👍5🔥2🤬2👏1
မိုးကာအုပ်ထားသော စစ်ယာဉ်တန်းကို PDF မိုင်းဆွဲ တိုက်ခိုက်
===================
ပါခွီး (မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာ နှင့် ချောင်းဦးလမ်းပိုင်းတွင် အနောက် မြောက်တိုင်း စစ်ဌာနချုပ်မှ (နမခ) မှ ထွက်လာသော စစ်ကောင်စီတပ်ကား ယာဉ်တန်းကို ယနေ့ မတ်လ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း Area 71 People Defense Force က မဇ္ဈိမကို ပြောသည်။
မတ်လ ၃ရက်၊ မွန်းလွဲ ၂ နာရီခန့်တွင် မိုးကာအုပ်ထားသော စစ်ကောင်စီကား အကြီး ၁၀ စီးနှင့် Double Cap ပွိုင့်ကား လေးစီးကို ပဒေသာမိုင်း လေးလုံးတွဲဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။
“အသေအပျောက်ကတော့ရှိနိုင်တယ်ဗျ ၊ ကားတစ်စီးပျက်ပြီး မုံရွာဖက်ပြန်ကွေ့ သွားတာက အထိအခိုက်ရှိတဲ့ ခွေး(စစ်ကောင်စီတပ်သား) ပြန်ပို့တယ်လို့ ယူဆရတယ်” ဟု Area 71 PDF တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါ မိုးကာအုပ်ထားသော စစ်ကောင်စီတပ်ကားအကြီး ၁၀ စီးအနက် လေးစီးမြောက်ကားကို ထိထိမိမိ မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ပြီး အနောက်မှ ပါလာသော ကားများပါရပ်သွား ခဲ့ကြောင်း ၎င်းက ပြောသည်။
လောလောဆယ်တွင် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးပေ။
ယင်းယာဉ်တန်းသွားဖြတ်သန်းရာလမ်းတလျှောက်တွင် စစ်ကောင်စီတပ်များမှ ကင်းပုန်းများချထားပြီး ၎င်းတို့မှ မိုင်းဆွဲသည့် ရဲဘော်များကို ပစ်ခတ်ခဲ့ရာ ကာကွယ်ရေး ရဲဘော်များ ခေတ္တပိတ်မိနေခဲ့ကြောင်းသိရသည်။
ပစ်ခတ်သံများ ငြိမ်သက်ချိန်မှ အထိအခိုက်မရှိ ဘေးလွတ်ရာသို့ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ချောင်းဦး - မုံရွာလမ်း ပိုင်းတွင် စစ်ကောင်စီတပ်သားများ စစ်ရေးလှုပ်ရှားများ ရှိနေသဖြင့် ကာကွယ်ရေးတပ်ဖွဲ့က ကြေညာချက် မထုတ်ပြန်မချင်း ယင်းလမ်းပိုင်းအား ဖြတ်သန်းသွားလာခြင်း မပြုကြရန်လည်း Area 71 PDF က အသိပေးထားသည်။
စာတည်း။ ။ နောင်နောင်
#စစ်ကိုင်း
#မုံရွာချောင်းဦး
#ပဒေသာမိုင်း
#စကစ

👍21😁2❤1