Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စစ်အာဏာရှင်ကို အမြစ်ပြတ်တိုက်ထုတ်သွားမယ်လို့ မွန်ပြည်နယ်က တော်လှန်ရေးအင်အားစုတွေပြော (ရုပ်သံ)
=================

ဂျူချန်း

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့အပြားမှာ စစ်အာဏာရှင်ကို တွန်းလှန်နိုင်ဖို့ ဒေသခံကာကွယ်ရေးတပ်တွေ အသီးသီး ပေါ်ထွက်လာပါတယ်။

မွန်ပြည်နယ်မှာလည်း စစ်တပ်ထောက်တိုင်တွေကို ဖြုတ်ချနိုင်ဖို့နဲ့ တော်လှန်ရေးအောင်မြင်ဖို့အတွက် ဆယ်နဲ့ချီတဲ့ မြေပေါ်မြေအောက်တော်လှန်ရေးအဖွဲ့တွေက လက်နက်ကိုင် တိုက်ပွဲဝင်နေကြပါတယ်။

ရေးဘီလူးအဖွဲ့အပါအဝင် မွန်ပြည်နယ်မှာ စစ်ရေးလှုပ်ရှားနေကြတဲ့ အခြားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေက သူတို့တွေရဲ့ ရပ်တည်ချက်တွေနဲ့ ပြည်သူတွေကို ပြောချင်တဲ့ စကားသံတွေကို စုစည်းထားပါတယ်။

https://youtu.be/HPVQrh6jaJ0

တင်ဆက်/တည်းဖြတ် - ဂျူချန်း

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8❤6😁2🔥1
စစ်ကိုင်းတိုင်းမှာ ၂၀၂၃ အတွင်း မီးလောင်ဆုံးရှုံးမှုတွေ ပိုများလာနိုင်တယ်လို့ NUG မီးသတ်ဌာန သတိပေး
=========================

ဂျူနို

မြို့နယ်အများစုကို စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ ၂၀၂၃ ခုနှစ်အတွင်း အရပ်သားနေအိမ် မီးလောင်ဆုံးရှုံးမှုတွေ ပိုများလာနိုင်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ မီးသတ်ဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးမင်းချမ်းငြိမ်းက ပြောပါတယ်။

''စစ်အုပ်ချုပ်ရေးကြေညာတယ်ဆိုတာကလည်း အောက်ခြေကကောင်တွေကို မင်းတို့လုပ်ချင်တာလုပ်ဆိုတဲ့ ပုံစံချမှတ်ပေးတာပဲ။ သူတို့လည်း ခွင့်ပြုမိန့်ရပြီဆိုတော့ သူတို့လုပ်ချင်တာလုပ်နေတယ်။ ဒီထက်ပိုပြီးဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့်ပြည်သူတွေအနေနဲ့ NUG ကဖွဲ့စည်းပြီးဖြစ်တဲ့ မီးဘေးလုံခြုံရေးအဖွဲ့တွေ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ လမ်းညွှန်ချက်တွေကို ပြည်သူတွေဘက်ကလည်း လိုက်နာပေးပါ” လို့ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းချမ်းငြိမ်းက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့မှာ တရားဝင်ဖွဲ့စည်းခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ နေအိမ်မီးရှို့မှုတွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေကို NUG မီးသတ်ဦးစီးဌာနက စာရင်းကောက်ယူကာ Fire Service Department . MOHAI - NUG ဆိုတဲ့ လူမှုကွန်ယက်ကနေ သတင်းထုတ်ပြန်တာတွေ လုပ်နေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ မီးသတ်ဦးစီးဌာနမှ လက်ရှိဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေ၊ ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ မဇ္ဈိမ သတင်းထောက် မစန်းကျိန်က မေးမြန်းထားပါတယ်။

https://youtu.be/lgAjfCKvVuU

#weeklyinterviews
#NUGFIRE
#2023
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🔥2😁2
ထိုင်းဘက်ခြမ်းခိုလှုံနေတဲ့ မြန်မာစစ်ရှောင် ၂၀၀ နီးပါးကို စစ်ကောင်စီက ဖိအားပေး ခေါ်ဆောင်သွား (ရုပ်သံ)
=================

ကိုရွှေမြိတ်- မဲဆောက်(မဇ္ဈိမ)။ ။ မြန်မာ-ထိုင်း နယ်စပ် ကော့သောင်းမြို့နယ်ထဲက ဝိုင်းဒင်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထိုင်းဖက်ခြမ်းကို ထွက်ပြေး ခိုလှုံနေရတဲ့ စစ်ရှောင် ၂၀၀ နီးပါးကို စစ်ကောင်စီက ဖိအားပေး ခေါ်ဆောင်သွားတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

စစ်ကောင်စီက မတ်လ ၁ ရက်နေ့မှာ နေရပ်ပြန်ဖို့အတွက် အတင်း အဓမ္မဖိအားပေး လာရောက်ခေါ်ဆောင် သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ဘေးရှောင်တွေ နေရပ်ပြန်ဖို့ ထိုင်းအာဏာပိုင်တွေနဲ့ စစ်ကောင်စီတို့ ညှိနှိုင်းပြီး လာရောက် ခေါ်ဆောင်သွားတာ ဖြစ်ပေမယ့် စစ်ဘေးရှောင်တွေ အများစုကတော့ နေရပ်မပြန်လိုကြသေးတာ ဖြစ်ပါတယ်။

သတင်း - ကိုရွှေမြိတ်
ရုပ်သံ တည်းဖြတ်/တင်ဆက် - ကိုရွှေမြိတ်

https://youtu.be/c8BiHmzstjk

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4🔥4😁3🤯1
ယင်းမာပင် မြောက်နုံးရွာကို စစ်ကောင်စီတပ်မီးရှို့၊ ပြည်သူနှစ်ဦးကို သတ်ဖြတ်သွားဟုဆို
🤬6❤2😁1
ယင်းမာပင် မြောက်နုံးရွာကို စစ်ကောင်စီတပ်မီးရှို့၊ ပြည်သူနှစ်ဦးကို သတ်ဖြတ်သွားဟုဆို
=========================

လွှမ်းမိုး
မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ် မြောက်နုံး ကျေးရွာကိုစစ်ကောင်စီတပ်က ယမန်နေ့မတ်လ ၃ရက် ညက မီးတင်ရှို့ခဲ့ပြီး ပြည်သူနှစ်ဦးကိုလည်း သတ်ဖြတ်သွား‌ကြောင်း ဒေသခံများကပြောသည်။

ယင်းမာပင်မြို့၊အနောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က မြောက်နုံးကျေးရွာကို မတ်လ ၃ရက် ညနေ ၆ နာရီခန့်မှစတင်ကာ မီးရှို့ဖျက်ဆီးခြင်းဟု သိရသည်။

“ စစ်အင်အား ၁၅၀ ခန့်ရှိတဲ့ စစ်ကြောင်းက ယမန်နေ့ ညနေပိုင်းလောက်ကစပြီးတော့ မီးရှို့ခဲ့တာဖြစ်တယ်ဗျ။စစ်သားတွေ ရွာကနေထွက်တဲ့အချိန်မှာဝင်ပြီး ရေတွက်ကြည့်တာတော့ အိမ်ခြေ ၁၀၀ လောက်ပြာကျသွားတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ဒေသခံတဦးက ယနေ့မတ်လ ၄ရက်တွင် ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်က မြောက်နုံးကျေးရွာနေ အသက် (၅၀) အရွယ် ဦးဖိုးနီဆိုသူကို ရိုက်သတ်ထားပြီး စစ်ကြောင်းတွင် လမ်းပြအဖြစ်ခေါ်ဆောင်လာသူတဦးကိုလည်း သေနတ်ဖြင့်ပစ်သတ်၍ ကားခေါင်းအတွင်းထည့်ကာ မီးရှို့ထားကြောင်း ၎င်းကဆက်ပြောသည်။
မြောက်နုံးကျေးရွာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဉ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြသည်။ တိုက်ပွဲအတွင်းထိခိုက်မှုကို မသိရှိရသေးပေ။

ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေခြင်းကြောင့် မြောက်နုံး၊ကုန်းရွာ၊ ပေါက်ပန်းဖြူ၊ဇီးတော၊အိုးဖို၊သပြေအေး၊နတ်ထောက်၊ပြန်လှည့် စသည့်ကျေးရွာများမှ လူဦးရေ ၁၀၀၀၀ ကျော်ခန့် စစ်ရှောင်နေရကြောင်းသိရသည်။

စာတည်း - မောင်ကြီး

#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#မြောက်နုံးကျေးရွာ
#မီးတင်ရှို့
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬7👍5❤1😁1
ဝက်လက်မြို့မှ ကျေးရွာနှစ်ရွာကို မီးရှို့သွားသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ငါးဦးသေဆုံး၊ စပါးတင်း၁၀၀၀၀ ခန့် မီးထဲပါသွားဟုဆို
🤬7👍4😁2❤1
ဝက်လက်မြို့မှ ကျေးရွာနှစ်ရွာကို မီးရှို့သွားသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ငါးဦးသေဆုံး၊ စပါးတင်း၁၀၀၀၀ ခန့် မီးထဲပါသွားဟုဆို
===========================

MTO
မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်ရှိ စိုင်နိုင်ကြီးကျေးရွာနှင့်စိုင်နိုင်လေးကျေးရွာကို စစ်ကောင်စီတပ်က မတ်လ ၃ ရက်နေ့တွင် မီးရှို့ဖျက်ဆီးပြီး ပြန်ထွက်ခွာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ဝက်လက်မြို့နယ် ကျီးကန်တောင်ရွာနှင့်မြောက်ရွာကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီစစ်ကြောင်းက မတ်လ ၃ ရက်နေ့ တွင် စိုင်နိုင်ကြီးကျေးရွာနှင့်စိုင်နိုင်လေးကျေးရွာကို ထပ်မံဝင်ရောက်ပြီး မီးရှိူ့ခြင်းဟုသိရသည်။

“ စိုင်နိုင်လေးကနေအထွက် ရွှေဘိုမြို့နယ် ဘုန်းဘွဲ့ကျေးရွာမရောက်ခင်ကြားမှာ ကာကွယ်ရေးအဖွဲ့တွေက အသင့်ထောင်ထားတဲ့ ၁၂ လုံးမိုင်းနဲ့သုံးကြိမ်ဆွဲလိုက်တယ်။ အဲ့မှာငါးဦးသေဆုံးပြီး နောက်ထပ်ထိခိုက်သေဆုံးမှုတွေလည်း ရှိနိုင်သေးတယ်" ဟု သိဒ္ဓိရှင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကိုအလင်းရောင်က ပြောသည်။

စစ်ကောင်စီတပ်၏မီးရှို့ဖျက်ဆီးမှုကြောင့် စိုင်နိုင်ကြီးကျေးရွာနှင့်စိုင်နိုင်လေးကျေးရွာမှ ဒေသခံများ သိုလှောင်ထားသည့် စပါးတင်းပေါင်း ၁၀၀၀၀ ခန့်နှင့် နေအိမ်၆၈လုံး မီးလောင်ဆုံးရှုံးသွားကြောင်း သတင်းရရှိသည်။

“ ကားပေါ်က ဆင်းတာနဲ့ ရွာထဲကို မီးလောင်စေတတ်တဲ့ ဗုံးသေနတ်တွေနဲ့ပစ်တာ။ ရွာထဲကိုဝင်တဲ့ အချိန်မှာလည်းသေနတ်တွေပစ်ဖောက်ပြီး ဝင်တယ် ။ နေအိမ်တွေကိုလည်း မီးရှို့တယ်။စိုင်နိုင်ကြီးကို ၁၅ မိနစ်လောက်ရှို့ပြီး တခါ ကပ်လျက်က စိုင်နိုင်လေးကိုလည်းပစ်ပြီးဝင်တယ်။နေအိမ်တွေကို မီးရှို့ တယ်။ စိုင်နိုင်ကြီးက ၅၆ လုံးလောင်တယ်။ စိုင်နိုင်လေးက ကိုးလုံး၊စပါးက နှစ်ရွာပေါင်းတင်း ၁၀၀၀၀လောက်မီးလောင်ပျက်စီးသွားတယ်” ဟု ကိုအလင်းရောင်က ပြောသည်။

စိုင်နိုင်ကြီးကျေးရွာကို ဝင်ရောက်ချိန်တွင် စစ်ကောင်စီတပ်သားများက ဒေသခံများကို ဖမ်းဆီးပြီး ရိုက်နက်စစ်ဆေးခဲ့သည်ဟု သိရသည်။

“ အကုန်လုံးကို လိုက်ပစ်တာ ပြည်သူတွေထွက်ပြေးလွတ်မြောက်တာတွေလည်း။ရှိတယ်။ မိတဲ့သူတွေကျတော့ သေနတ်ဒင်နဲ့ ထုတယ်။ မိုင်းဆွဲတာမင်းတို့လားဘာလားဆိုပြီး ပြောပြီး ရိုက်နှက်တာတွေရှိတယ်။ပြီးတော့ နေအိမ်တွေထဲမှာ ပိတ်သွားတယ်။ သတ်သွားတာတော့မရှိဘူး “ ဟု ကိုအလင်းရောင်က ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရသည့် စစ်ကောင်စီစစ်ကြောင်းသည် ရွှေဘိုမြို့နယ် ဘုန်းဘွဲ့ကျေးရွာကို ရောက် ရှိချိန်တွင်လည်း ပြည်သူပိုင်နေအိမ်များကိုမီးရှို့ဖျက်ဆီးသွားခဲ့ကြပြီးနောက် မတ်လ ၃ ရက်နေ့ညနေပိုင်းတွင်ရွှေဘိုမြို့နယ်ရှိ ခလရ (၄၂) တပ်ရင်းထဲသို့ ပြန်လည်ဝင်ရောက်သွားကြောင်းသိရသည်။

စာတည်း - မောင်ကြီး

#စစ်ကိုင်းတိုင်း
#ဝက်လက်မြို့နယ်
#မီးရှို့ဖျက်ဆီး
#မိုင်းဆွဲတိုက်ခိုက်
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6❤1👏1🤬1
Mizzima Weekly Sports အစီအစဉ်
==============

တပတ်အတွင်း အားကစားလောကရဲ့ထူးခြားတဲ့ သတင်းအကြောင်းအရာတွေကို ပရိသတ်တွေအတွက် စုစည်းတင်ဆက်ပေးသွားမယ့် Mizzima ရဲ့ Weekly Sports အစီအစဉ် ဖြစ်ပါတယ်။

-------------

ဒီတပတ်မှာတော့ .....

-ဗီယက်နမ် မန်နေဂျာသစ် ထရူးစီယာက ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့် တစ်နေရာအတွက် ပစ်မှတ်ထားနေပါတယ်။

-"ကျနော် UFC အတွက် အဆင်သင့်ဖြစ်နေပါပြီ" လို့ ချင်းတိုင်းရင်းသား Fury FC ချန်ပီယံ ဂျော့ရှူဝါဗန်ပြောကြားလိုက်ပါတယ်။

- The Best ဖီဖာအကောင်းဆုံးဆုကို မက်ဆီက အမ်ဘာပေကို ကျော်ဖြတ်ပြီး ဆွတ်ခူးရရှိခဲ့ပါတယ်။

- စပါးကို ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ချယ်လ်ဆီးဘုတ်အဖွဲ့ရဲ့ ပံ့ပိုးမှုအပေါ် 'အားကိုးလို့ မရနိုင်’ တော့ကြောင်း အသင်းနည်းပြ ပေါ်တာ ၀န်ခံခဲ့တဲ့ အကြောင်းတွေ အပါအ၀င် စိတ်၀င်စားဖွယ် အားကစားသတင်းတွေကို တင်ဆက်ပေးမှာပါ။

https://youtu.be/qVp5HJsoAM4

#weeklysports

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🔥1😁1
ဟားခါးမြို့၌ နိုင်ငံကူးလက်မှတ်စာအုပ် ၄သိန်းခွဲကျပ် ပေါက်ဈေးရှိနေ
🔥3😁1
ဟားခါးမြို့၌ နိုင်ငံကူးလက်မှတ်စာအုပ် ၄သိန်းခွဲကျပ် ပေါက်ဈေးရှိနေ
=====================

ယောလင်းထန်း
မဇ္ဈိမ။ ။ ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၌ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှစတင်ပြီး ကြိုတင်ဘိုကင်ယူခြင်း၊ စာအုပ်ထုတ်ပေးခြင်းများကို ပြန်လည်လက်ခံ လုပ်ဆောင်ပေးနေပြီး ပွဲစားများဖြင့်ဆောင်ရွက်ပါက အပြီးအစီး စာအုပ်တစ်အုပ်လျှင် ငွေကျပ် ၄၅၀,၀၀၀ ဈေးရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။

ဟားခါးမြို့ရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၇ နာရီခွဲမှ ညနေ ၄ နာရီအထိ လျှောက်ထားနိုင်ကြောင်းသိရပြီး အစိုးရရုံးပိတ်ရက်များတွင် နေ့တစ်ဝက် လုပ်ပေးနေကြောင်းလည်း သိရသည်။

‘’လျှောက်ထားတဲ့လူ တော်တော်များပါတယ်၊ တစ်ရက်ကို အယောက် ၁၀၀ ပဲ လက်ခံတယ်လို့လည်း သိရပါတယ်။ အခုလျှောက်ကြတာက ဟားခါးမြို့ပေါ်တင်မကဘူး၊ စစ်ကိုင်းတိုင်းထဲကလည်း အများကြီးလာလျှောက်ကြတယ်။ ပွဲစားတွေက ကလေး၊ တမူးဘက်ကသူတွေကို ခေါ်လာပြီး စားစရိတ်ငြိမ်း အပြီးအစီး တစ်ယောက်ကို လေးသိန်းခွဲတောင်းကြတယ်။တကယ်တမ်းကုန်ကျတာက အပြီးအစီးမှ သုံးသောင်းခွဲပဲကုန်တာလေ။ ဒါပေမယ့်လည်း တော်တော်လေးပွဲစားတွေ အလုပ်ဖြစ်နေကြတယ်’’ဟု ဟားခါးဒေသခံတစ်ဦးက ပြောသည်။

ချင်းပြည်နယ်အတွင်း နယ်မြေအေးချမ်းမှုမရှိခြင်း၊ အလုပ်အကိုင်ရှားပါးမှုနှင့် လုံခြုံမှုမရှိခြင်းများကြောင့် ဒေသခံအများအပြား ပြည်ပသို့ နည်းမျိုးစုံဖြင့် ထွက်ခွာနေကြကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ စတင်ပြီး ကွန်ပျူတာစနစ် အဆင့်မြှင့်တင်ရန် အတွက် နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးလုပ်ငန်းများကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလဆန်းပိုင်း၌ မြန်မာတစ်နိုင်ငံလုံးရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် ရုံးများကို ရက်အကန့်သက်မရှိ ပိတ်သိမ်းခဲ့ကာ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#ချင်းပြည်နယ်
#ဟားခါးမြို့
#နိုင်ငံကူးလက်မှတ်
#နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး
ပုံ/chin world
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥6👍1👏1😁1
​​ခင်မွန်ရွာကို စစ်တပ်က လက်နက်ကြီးပစ်ကူဖြင့်စစ်ကြောင်းထိုးရာ ကလေးငယ်နှင့် အမျိုးသမီး သေဆုံးဟုဆို
================

007
မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ခင်မွန်ကျေးရွာကို၊ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူဖြင့် စစ်ကြောင်းထိုးဝင်ရောက် တိုက်ခိုက်တာကြောင့် ကလေးငယ်တစ်ဦးနှင့်အမျိုးသမီးကြီးတစ်ဦးသေဆုံးပြီး၊ လေးဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ .

“စစ်တပ်က ရွာထဲစစ်ကြောင်းထိုးတော့၊ လက်နက်ကြီးပစ်ကူနဲ့ထိုးဝင်တာ၊ အိမ်တွေပေါ်လက်နက်ကြီးကျည် ကျတာကနေ ဒဏ်ရာရတာတွေဖြစ်ကြတာ၊ ဒဏ်ရာပြင်းထန်တဲ့ နှစ်ယောက်ကတော့ သေရှာတယ်၊ ကလေး တစ်ယောက်နဲ့လူကြီးတစ်ယောက်၊ လေးငါးယောက်က ဒဏ်ရာအပြင်းအထန်နဲ့ပါ၊ အခုအဲဒီရွာကလူတွေအကုန် ဒီဘက်ပြေးလာကြပြီ” ဟု ချောင်းဦးမြို့ဒေသခံ တစ်ဦးကပြောသည်။

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်အတွင်းရှိ အိမ်ခြေ ၂,၀၀၀ ဝန်းကျင်သောခင်မွန်ကျေးရွာကို၊ စစ်ကောင်စီတပ်က၊ ယမန်နေ့ မတ် ၃ ရက် နံနက်ပိုင်းတွင် စစ်ကြောင်းနှစ်ကြောင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်စီးနင်းပြီး၊ လက်နက်ကြီးပစ်ကူလက်နက်ငယ်များဖြင့် ပစ်ခတ်ကာ၊ လူနေအိမ် ၇၀ ခန့်ကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်းမြေပြင်သတင်းများအရသိရသည်။

စစ်ကြောင်းထိုးဝင်ရောက်ပစ်ခတ်သည့် စစ်ကောင်စီတပ်သည် မုံရွာမြို့မှထွက်လာသည့် မုံရွာ နမခ(အနောက် မြောက်တိုင်းစစ်ဌာနချုပ်)မှ အင်အား ၁၀၀ ကျော်ပါလာသော စစ်ကြောင်းဖြစ်ကြောင်း၊ ခင်မွန်ကျေးရွာအနီးတွင် ဒေသကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့များ၏ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက်၊ ခင်မွန်ကျေးရွာအား ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းများက ဆိုသည်။

“သူတို့မိုင်းဆွဲခံရလို့ ရွာကိုမဲပြီး အသားလွတ်ဝင်ပစ်သွားတာ၊ သေတဲ့ကလေးလေးက အသက် ၁၃ နှစ်လောက်ပဲ ရှိသေးတယ်၊ နောက်တစ်ယောက်က ၆၇ နှစ် အမျိုးသမီး၊ ဒဏ်ရာအပြင်းအထန်နဲ့သေဆုံးကြတာ၊ ဒဏ်ရာအပြင်း အထန်ရထားသူတွေရှိသေးတယ်၊ အိမ် ၇၀ လောက်ကတော့ပြာကျသွားပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။
၎င်းစစ်ကြောင်းသည် ယမန်နေ့ကတည်းက ကျေးရွာမှပြန်ထွက်သွားခြင်းမရှိသေးကြောင်း၊ နောက်ဆုံးရရှိသတင်းအရ ခင်မွန်ကျေးရွာနေအိမ်များဆက်လက်မီးရှို့ခံနေရကြောင်း၊ ထောင်နှင့်ချီသောပြည်သူများ ဘေးလွတ်ရာထွက်ပြေးနေကြကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ချောင်းဦးမြို့နယ်
#မီးရှို့
#ကလေးငယ်
#စစ်ကိုင်းတိုင်း
photo/ Khin Mon Revolution
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬10👍7🔥1😁1