တရားဝင်လူမှုကွန်ယက်စာမျက်နှာ ၁ခုတည်း သုံးမည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့( မင်းတပ်)မှ ထုတ်ပြန်
👍9😁1

===================
ကိုခင်မောင်
(မဇ္ဈိမ)။ ။ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အခြေစိုက်ဖွဲ့စည်းထားသော ကာကွယ်ရေးတပ်ဖွဲ့ဖေ့ဘုတ်လူမှုကွန်ယက်စာမျက်နှာ(၁၃)ခုကို ဖျက်သိမ်းခြင်း (သို့မဟုတ်) CDF-Mindat ၏အမည်မဟုတ်သည့် အမည်ပြောင်းလဲပေးကြရန် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) Chin Defence Force – Mindat က မတ်လ ၃ရက်တွင် အသိပေးထုတ်ပြန်သည်။
Chin Defence Force CDF-Mindat ၊ CDF - Mindat Revolution Movements၊ CDF Mindat လင်းယုန်တပ်ရင်း၊ နဂါးတပ်ရင်း - CDF-Mindat၊ CDF ၊ သိန်းငှက်တပ်ရင်း ၁-Cdf-Mindat ၊ CDF-Mindat မြို့ပေါ်တပ်ရင်း 1၊ CDF-Mindat မြို့ပေါ်တပ်ရင်း - ၃၊ Yoma Battalion - CDF-Mindat ၊ TIGER Battalion C. D. F ၊ Chin Defence Force-Mindat - ၄၀ ဗျူဟာတပ်ရင်း၊ နာဂစ်တပ်ရင်းနှင့်ဇာမဏီတပ်ရင်းသတင်းမှန်ပြန်ကြားရေးစသည့် လူမှုကွန်ရက်စာမျက်နှာများကို
ဖျက်သိမ်းခြင်း (သို့မဟုတ်) CDF-Mindat ၏ အမည်မဟုတ်သည့် အမည်ပြောင်းလဲခြင်းများပြုလုပ်ပေးကြရန် ထုတ်ပြန်ထားခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ကျင်းပခဲ့သော အထွေထွေညီလာခံအစည်းအဝေးတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)၏ ကာကွယ်ရေးဗဟိုကော်မတီဝင်များ၊ တပ်ရင်းမှူးများ၊ ဒုတပ်ရင်းမှူးများမှ သဘောတူဆုံးဖြတ်ချက်အရ ယခုလို ထုတ်ပြန်ခြင်းဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) Chin Defence Force – Mindat ၏ သတင်းပြန်ကြားရေးနှင့်မှတ်တမ်းဌာနက ထုတ်ပြန်ထားသည်။
ပိုမိုကျစ်လစ်သည့် ဖွဲ့စည်းပုံစုဖွဲ့မှုနှင့်အတူ နိုင်ငံရေး၊စစ်ရေး အတွက်ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လျက်ရှိသောကြောင့် ယင်းကဲ့သို့ ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) Chin Defence Force – Mindat က ဆိုသည်။
ထို့ကြောင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) Chin Defence Force – Mindat ၏ တရားဝင်ဖေ့ဘုတ်လူမှုကွန်ယက်စာမျက်နှာ
https://www.facebook.com/chinDefenceforce တစ်ခုတည်းကိုသာ ဆက်လက်အသုံးပြုမည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) စစ်ဒေသမှူးက မဇ္ဈိမကို အတည်ပြု ဖြေကြားသည်။
အလှူငွေထည့်ဝင်လှူဒါန်းလိုပါကလည်း အထက်ဖော်ပြပါ တရားဝင်ဖေ့ဘုတ် စာမျက်နှာနှင့် CDF-Mindat ၏ ဘဏ္ဍာရေးကော်မတီထံတွင်သာ ဆက်သွယ်လှူဒါန်းပေးကြပါရန် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) Chin Defence Force – Mindat ၏ သတင်းပြန်ကြားရေးနှင့်မှတ်တမ်းဌာနက မေတ္တာရပ်ခံထားသည်။
စာတည်း - မောင်ကြီး
#ချင်းပြည်နယ်
#မင်းတပ်မြို့နယ်
#ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍8❤5😁1
ကန့်ဘလူခရိုင်က ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်က မီးတင်ရှိူ့
==================
MTO (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင် ကိုးထောင်ဘို့ တိုက်နယ်ရှိ အောက်တဲကျေးရွာနှင့် ပင့်သာတိုက်နယ် အတွင်းရှိ ပင့်သာ (တည်ပင်) ရွာ နှစ်ရွာကို ယနေ့ မတ်လ ၄ ရက်နေ့ နံနက်ပိုင်းတွင်စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာပြီး လူနေအိမ်များကို မီးရှို့ဖျက်ဆီးသွားသည်။
အောက်တဲကျေးရွာသည် သုံးကြိမ်မြောက် မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်ပြီး ပင့်သာကျေးရွာသည် လေးကြိမ်မြောက် မီးတင်ရှို့ ခံရခြင်း ဖြစ်သည်။
“စစ်ကြောင်း နှစ်ခု၊ ပျက်စီးဆုံးရှုံးမှု အခြေအနေတွေ့ကတော့ မသိရသေးဘူးဗျ၊ အောက်တဲရွာက စစ်ကြောင်းက တော့ ပြန်ထွက်သွားပြီ ၊ ဒါပေမယ့် ချက်ချင်းဝင်ကြည့်လို့ မရဘူး၊ ကင်းပုန်းကျန်ခဲ့ရင် ပစ်သတ်ခံရတာမျိုး ရှိတတ်သလို စစ်ကြောင်းပြန်လှည့်လာမှာလည်း ပူရတယ်၊ စစ်ကြောင်းအဝေး ရောက် သွားတော့မှ ပြန်ကြည့်ရတာပါ။ ပင့်သာမှာတော့ စစ်ကြောင်းက မထွက်သေးဘူးလို့ ကြားတယ်” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အောက်တဲကျေးရွာကို ဝင်ရောက်မီးရှို့သည့် စစ်ကောင်စီစစ်ကြောင်းသည် ကိုးထောင်ဘို့ အထိုင် ခလရ (၁၃၇) တပ်မှ ဖြစ်ပြီး ဝက်သအင်းရွာမှ တစ်ဆင့် အောက်တဲရွာကို ဝင်ရောက်ပြီးနောက် ရွာကိုမီးရှို့ ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်။
ထိုအောက်တဲကျေးရွာသည် ပြီးခဲသည့် ၂၀၂၂ ခုနှစ် ဇွန်လ နှင့် အောက်တိုဘာလတို့တွင်လည်း စစ်ကောင်စီတပ်များ၏ မီးရှို့ဖျက်ဆီးခံရမှုကို ခံခဲ့ရပြီး လူနေအိမ် ၄၀ ခန့် မီးလောင်ပျက်စီးသွားကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားများအဖွဲ့ က ဆိုသည်။
အလားတူ ပင့်သာ(တည်ပင်) ရွာကို ဝင်ရောက်မီးရှို့သည့် စစ်ကောင်စီစစ်ကြောင်းသည် ပျူစောထီးများနှင့် ပူးပေါင်းထားသော အင်အား ၁၅၀ ခန့်သည် စစ်ကြောင်းဖြစ်ပြီး ကျွန်းလှမြို့ပေါ်မှ တစ်ဆင့် ပင့်သာ ရွာသို့ ယနေ့ မတ်လ ၄ ရက်နေ့ တွင် ဝင်ရောက်ခဲ့ပြီးနောက် မီးရှို့ဖျက်ဆီး ခံရခြင်းဖြစ်သည်။
ပင့်သာကျေးရွာသည် ယခင်ကလည်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် လူနေအိမ် ၁၀၀ နီးပါး မီးလောင်ကျွမ်းထားသော ကျေးရွာဖြစ်ကြောင်း သိရသည်။
ထိုကျေးရွာ နှစ်ရွာကို စစ်ကောင်စီတပ်က ယနေ့ မတ်လ ၄ ရက်နေ့ ဝင်ရောက်မီးတင်ရှို့မှု ဖြစ်စဉ်အတွင်း မီးလောင်ကျွမ်းသွားသည့် နေအိမ်အရေ အတွက်ကို မဇ္ဈိမက စုံစမ်းနေဆဲ ဖြစ်သည်။
စစ်ကောင်စီတပ်များ၏ စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုများကြောင့် ကန့်လလူ ခရိုင်အတွင်းရှိ တိုက်နယ်များဖြစ်သော ကိုးထောင်ဘို့ ၊ပင့်သာ၊ ချပ်သင်း စသည့် တိုက်နယ် သုံးခုတွင် စစ်ဘေး ဒုက္ခသည် ၃,၀၀၀၀ ဝန်းကျင် ရှိနေပြီဖြစ်ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ က ပြုစုထားသည့် စာရင်းများအရ သိသည်။
စစ်အုပ်ချုပ်ရေး ကြေညာထားသော စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်၏ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ထပ်ပံပေါ်ပေါက်နေပြီး ယခုမတ်လ ၁ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာက အရပ်သား ၁၇ ဦးကို စစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်။
စာတည်း။ ။ နောင်နောင်
#ကန့်ဘလူခရိုင်
#မီးရှီု့ခံရ
#အစုလိုက်အပြုံလိုက်
#စစ်ကိုင်း
#mizzimatv

👍6🤬2😢2😁1
အာဖဂန်နစ္စတန်တွင် ပြည်သူများ ဆိုးရွားသည့် အကျပ်အတည်းများ ဆက်လက်ကြုံတွေ့နေရ
==========================
ရာသီဥတုဖောက်ပြန်မှုနှင့် စီးပွားရေးကျဆင်းမှုများက အာဖဂန်နစ္စတန်၏ လက်ရှိအကျပ်အတည်းကို ဆက်လက်ဆိုးရွားစေခဲ့သလို မိန်းကလေးငယ်များ ကျောင်းပြန်တက်ခွင့်ရမည့် အားတက်စရာတိုးတက်မှုလည်း မရှိသေးကြောင်း ကုလသမဂ္ဂအကြီးတန်းအရာရှိတစ်ဦးက ဖေဖော်ဝါရီလ ၂၈ ရက်တွင် ပြောကြားလိုက်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။… See more

👍3😁1😢1
တရုတ်၏ ယူကရိန်းငြိမ်းချမ်းရေးအဆိုပြုချက်ကို အသေးစိတ်လေ့လာသင့်သည်ဟု ရှရှား ပြောကြား
=======================
ယူကရိန်းနှင့်ရှရှား နှစ်ဖက်စလုံး၏ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားလျက် စစ်ရေးအရှိန် ဖြည်းဖြည်းချင်း လျှော့ချရန်နှင့် နျူကလီးယား လက်နက်အသုံးမပြုရန် တိုက်တွန်းသည့် တရုတ်၏ ယူကရိန်းဆိုင်ရာငြိမ်းချမ်းရေး အစီအစဉ်ကို အသေးစိတ် စိစစ်သင့်ကြောင်း ရှရှားအစိုးရက ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=======================
ယူကရိန်းနှင့်ရှရှား နှစ်ဖက်စလုံး၏ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားလျက် စစ်ရေးအရှိန် ဖြည်းဖြည်းချင်း လျှော့ချရန်နှင့် နျူကလီးယား လက်နက်အသုံးမပြုရန် တိုက်တွန်းသည့် တရုတ်၏ ယူကရိန်းဆိုင်ရာငြိမ်းချမ်းရေး အစီအစဉ်ကို အသေးစိတ် စိစစ်သင့်ကြောင်း ရှရှားအစိုးရက ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁7👍2
ပါကစ္စတန်တွင် နော်ဝေနိုင်ငံသား အဟ်မဒီမွတ်စလင် ၁ ဦး လုပ်ကြံသတ်ဖြတ်ခံရ
===================
ပါကစ္စတန်၌ အဟ်မဒီမွတ်စလင်များအပေါ်ဆန့်ကျင်မှု ကြီးထွားလာချိန်တွင် အသက် ၇၅ နှစ်အရွယ် ဒေါက်တာ ရာရှီးအာမက်သည် အမုန်းတရားရာဇဝတ်မှု၏ သားကောင်ဖြစ်ခဲ့ကာ လုပ်ကြံခံလိုက်ရသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===================
ပါကစ္စတန်၌ အဟ်မဒီမွတ်စလင်များအပေါ်ဆန့်ကျင်မှု ကြီးထွားလာချိန်တွင် အသက် ၇၅ နှစ်အရွယ် ဒေါက်တာ ရာရှီးအာမက်သည် အမုန်းတရားရာဇဝတ်မှု၏ သားကောင်ဖြစ်ခဲ့ကာ လုပ်ကြံခံလိုက်ရသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁2
ပါကစ္စတန်အကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသည့် အာဖဂန်အမျိုးသမီး ၁ ဦး သေဆုံး
=====================
အာဖဂန်အမျိုးသမီးဖြစ်သူ အသက် ၆၀ အရွယ် ဖာအိဇ် မူဟာမက်သည် ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့ရှိ လန်ဒီ အကျဉ်းထောင်တွင် အပြင်းဖျားပြီးနောက် သေဆုံးသွားခဲ့ကြောင်း အာဖဂန်အခြေစိုက် Khaama Press သတင်းတွင် ဖော်ပြထားသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
အာဖဂန်အမျိုးသမီးဖြစ်သူ အသက် ၆၀ အရွယ် ဖာအိဇ် မူဟာမက်သည် ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့ရှိ လန်ဒီ အကျဉ်းထောင်တွင် အပြင်းဖျားပြီးနောက် သေဆုံးသွားခဲ့ကြောင်း အာဖဂန်အခြေစိုက် Khaama Press သတင်းတွင် ဖော်ပြထားသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5😁1
Cele City - Episode 8
==============
Mizzima +TV မှ နိုင်ငံတကာနောက်ဆုံးရ ဖျော်ဖြေရေးသတင်းများနဲ့အတူ Cele City အစီအစဉ်လေးရောက်ရှိလာပါပြီ..
ဒီအပတ်မှာဆိုရင်
ဇူလိုင်လတွင် စတင်ရိုက်ကူတော့မည့် Squid Game Season 2
Bisexual အနေနဲ့တွေ့ရတော့မဲ့ Blackpink အဖွဲ့ဝင် Jennie
GLOBAL Spotify Chart မှာ၂၄နာရီအတွင်းအအောင်မြင်ဆုံး ဖြစ်ခဲ့တဲ့ “Die For You”Remix
အပြင် တခြားဖျော်ဖြေရေးနှင့်ဆိုင်တဲ့သတင်းများပါ တင်ဆက်ပေးသွားမှာမို့ အပတ်စဉ် စနေနေ့ Mizzima + TV channel မှာ ညနေ ၄ ခွဲ အချိန်မှာ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။
Mizzima + TV မှာ မကြည့်လိုက်ရတဲ့ ပရိသတ်တွေကတော့ Mizzima TV App မှာ ပြန်လည် ကြည့်ရှုနိုင်ပါပြီ။
(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
https://youtu.be/_hX6gZlfOS0

YouTube
Cele City - Episode 8
Cele City - Episode 8
🔈 Mizzima +TV မှ နိုင်ငံတကာနောက်ဆုံးရ ဖျော်ဖြေရေးသတင်းများနဲ့အတူ Cele City အစီအစဉ်လေးရောက်ရှိလာပါပြီ..
ဒီအပတ်မှာဆိုရင်
👉ဇူလိုင်လတွင် စတင်ရိုက်ကူတော့မည့် Squid Game Season 2
👉Bisexual အနေနဲ့တွေ့ရတော့မဲ့ Blackpink အဖွဲ့ဝင် Jennie…

👍4😁1
ပါကစ္စတန်အစိုးရနှင့် အတိုက်အခံများက ဆင်ဓီဘာသာစကားအား နိုင်ငံအဆင့် သတ်မှတ်ပေးရန် တောင်းဆို
=======================
ပါကစ္စတန်နိုင်ငံ ဆင်းဒ်ပြည်နယ်လွှတ်တော်အမတ်များက ဆင်ဓီဘာသာစကားကို နိုင်ငံတော်အဆင့် ဘာသာစကားအဖြစ် သတ်မှတ်ပေးရန် တောင်းဆိုသည့် ဆုံးဖြတ်ချက်အား ဖေဖော်ဝါရီ ၂၁ ရက်က တညီတညွတ်တည်း အတည်ပြုလိုက်ကြသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=======================
ပါကစ္စတန်နိုင်ငံ ဆင်းဒ်ပြည်နယ်လွှတ်တော်အမတ်များက ဆင်ဓီဘာသာစကားကို နိုင်ငံတော်အဆင့် ဘာသာစကားအဖြစ် သတ်မှတ်ပေးရန် တောင်းဆိုသည့် ဆုံးဖြတ်ချက်အား ဖေဖော်ဝါရီ ၂၁ ရက်က တညီတညွတ်တည်း အတည်ပြုလိုက်ကြသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍1
နယ်စပ်ပြဿနာများကို မဖြေရှင်းနိုင်သေးသရွေ့ တရုတ်နှင့်ဆက်ဆံရေး ပုံမှန်မဖြစ်သေးဟု အိန္ဒိယပြည်ပရေးရာဝန်ကြီး ပြောကြား
=====================
ကိုဗစ်ကပ်ရောဂါကာလအတွင်း အသွားအလာပိတ်ဆို့မှုများသည် ၂၀၂၀ ခုနှစ်တွင်စတင်ခဲ့သလို အိန္ဒိယနှင့် တရုတ်ကြား ရန်ပွဲမှာလည်း ၂၀၂၀ တွင်ပင်ဖြစ်ပွားခဲ့သည်။ အိန္ဒိယအနေဖြင့် ပြဿနာများ ကိုင်တွယ်ဖြေရှင်းနေသည့် အခြေအနေကို ယနေ့ကမ္ဘာက သတိပြုမိနေကြောင်း ပြည်ပရေးရာဝန်ကြီးက ပြောကြားခဲ့သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
ကိုဗစ်ကပ်ရောဂါကာလအတွင်း အသွားအလာပိတ်ဆို့မှုများသည် ၂၀၂၀ ခုနှစ်တွင်စတင်ခဲ့သလို အိန္ဒိယနှင့် တရုတ်ကြား ရန်ပွဲမှာလည်း ၂၀၂၀ တွင်ပင်ဖြစ်ပွားခဲ့သည်။ အိန္ဒိယအနေဖြင့် ပြဿနာများ ကိုင်တွယ်ဖြေရှင်းနေသည့် အခြေအနေကို ယနေ့ကမ္ဘာက သတိပြုမိနေကြောင်း ပြည်ပရေးရာဝန်ကြီးက ပြောကြားခဲ့သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍2👏1
ထိုင်ဝမ် TSMC ကုမ္ပဏီက ဂျပန်တွင် ဒုတိယမြောက် အဆင့်မြင့်ချစ်ပ်ပြားထုတ်စက်ရုံ တည်ဆောက်ရန် စီစဉ်နေ
======================
ထိုင်ဝမ်တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ (TSMC) က ဂျပန်တွင် အဆင့်မြင့် ၅ နာနိုမီတာနှင့် ၁၀ နာနိုမီတာချစ်ပ်ပြားများထုတ်လုပ်သည့် ဒုတိယစက်ရုံတစ်ခုကို တည်ဆောက်ရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။

👍3