Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ကသာတွင် စစ်ကောင်စီထောင်ထားသည့် မိုင်းနင်းမိပြီး အမျိုးသမီးတဦးခြေတဖက် ဖြတ်တောက်လိုက်ရဟု ဆို
======================

ဂျူချန်း
မဇ္ဈိမ ။။ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ကျောက်ပုံရွာတွင် စစ်ကောင်စီထောင်ထားသည့်မိုင်းအား နင်းမိခဲ့သဖြင့် အမျိုးသမီးတဦး ခြေထောက်တဖက် ဖြတ်တောက်လိုက်ရကြောင်း ဒေသခံများကပြောသည်။

ကသာမြို့နယ်၊ ကျောက်ပုံရွာရှိ စစ်ကောင်စီဂိတ်အနီးတွင် မတ်လ ၂ ရက်နေ့ နံနက် ၉နာရီခွဲဝန်းကျင်ခန့်က အမျိုးသမီးတစ်ဦးမိုင်းနင်းမိပြီး ညာဘက်ခြေတဖက် ဖြတ်တောက်လိုက်ရခြင်းဖြစ်ကြောင်း ကသာမြို့ခံတဦးက မဇ္စျိမသို့ပြောသည်။

“စစ်ကောင်စီက စစ်ကြောင်းထိုးရင်းနဲ့ အဲဒီအနီးတစ်ဝိုက်က တဲငါးလုံးကို မီးရှို့သွားခဲ့ပြီး မိုင်းထောင်ထားခဲ့တာ။ နွားပျောက်တာကိုရှာရင်းနဲ့ အဲဒီမိုင်းနင်းကိုနင်းမိတာ။ ခြေထောက်တဖက်ကိုတော့ ဖြတ်လိုက်ရတယ်။ အဲ့ဒီအမျိုးသမီးနဲ့အတူ လေးငါးနှစ်အရွယ် သူ့သားလည်းပါတယ်။ ကလေးက ချောင်တစ်ခုမှာ ဆော့ရင်းကျန်ခဲ့လို့ လွတ်သွားတယ်ဗျ” ဟု ဒေသခံတဦးက ပြောသည်။

အဆိုပါမိုင်းနင်းမိသူအမျိုးသမီးမှာ ကျောက်ပုံကျေးရွာမှ အသက်၂၄ နှစ်အရွယ် ကလေးနှစ်ဦးမိခင်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။ပြီးခဲ့သည့် ရက်အနည်းငယ်ကလည်း စစ်ကိုင်းတိုင်း ပုလဲမြို့တွင် စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်အနီး မိုင်းနင်းမိ ဒေသခံအမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

မြန်မာနိုင်ငံတွင် မြေမြုပ်မိုင်းအန္တရာယ်ကြီးမားနေပြီး
မြေမြှုပ်မိုင်းများ သို့မဟုတ် စစ်ကျန်ခဲယမ်းမီးကျောက်များ ပေါက်ကွဲမှုကြောင့် ၂၀၂၂ ခုနှစ်အတွင်း လူပေါင်း ၃၉၀ ဦး သေဆုံး၊ ဒဏ်ရာရခဲ့ကြောင်း ယူနီဆက်ဖ်က ဖေဖေါ်ဝါရီ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။

စာတည်း -မောင်ကြီး

#စစ်ကိုင်းတိုင်း
#ကသာမြို့နယ်
#ကျောက်ပုံရွာ
#စစ်ကောင်စီထောင်ထားသည့်မိုင်း
#ခြေထောက်တဖက်ဖြတ်တောက်ရ
🤬7👍3🔥1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် မတ်လ ၄ ရက်ထုတ်လွှင့်မှုများ
==================

https://youtu.be/DxHR0hPP2uw

#PVTV
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥4👍2
ကြံခင်းမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်
==================

မင်းထက်
မဇ္စျိမ။ ။ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ မတ်လ ၄ ရက်နေ့ ညပိုင်းအချိန်က စကြဝတေးမင်းကြီး သပိတ်ကော်မတီအဖွဲ့မှ ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်
ပြုလုပ်ခဲ့ကြသည်။

စကြဝတေးမင်းကြီး သပိတ်ကောင်မတီအဖွဲ့ဝင်အချို့က "ဧရာဝတီသမိုင်း မရိုင်းခဲ့ ဖိရင်ကြွ ထိရင်ချ"စာသားပါ ဘန်နာ(ဗီနိုင်း)အား ကိုင်စွဲကာ ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဟုသပိတ်ကော်မတီဝင်တစ်ဦးက ပြောသည်။

စကြဝတေးမင်းကြီး သပိတ်အဖွဲ့သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်များ စတင်ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ် ဖော်မှုသည် စကြဝတေးမင်းကြီး သပိတ်အဖွဲ့၏ (၁၀) ကြိမ်မြောက်ဆန္ဒထုတ်ဖော်မှုဖြစ်သည်။

#ဆန္ဒပြသပိတ်
#mizzimatv
👍8❤1🔥1😁1
Weekend News Roundup
======================

ဒီအစီအစဥ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Mizzima က ထုတ်လွှင့်ခဲ့တဲ့ သတင်းတွေထဲက စိတ်၀င်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို ရွေးချယ်ပြီး ပြန်လည် ထုတ်လွှင့်ပေးသွားမှာပါ။

ထုတ်လွှင့်ပေးသွားမယ့် သတင်းတွေကတော့................

-မြန်မာနိုင်ငံက ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်ရေးအဖွဲ့ (FATF) ရဲ့ အမည်ပျက်စာရင်းမှာ ဆက်လက်ပါဝင်တဲ့သတင်း

-စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲ နိုင်ငံရေးပါတီ ၁၃ ခု မှတ်ပုံပြန်တင်ထားပြီး ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီလည်း ဝင်ပြိုင်မည်ဟုဆိုတဲ့ သတင်း

-တရုတ်ရဲ့ယူကရိန်းငြိမ်းချမ်းရေးအစီအစဉ်အပေါ် ဘီလာရုစ်သမ္မတက အပြည့်အဝထောက်ခံကြောင်းပြော တဲ့သတင်း

-ထိုင်ဝမ်ကို အမေရိကန်က ဒေါ်လာ ၆၁၉ သန်းတန်ဖိုးရှိ ခဲယမ်းများ ရောင်းချခြင်းအပေါ် တရုတ်ပြင်းပြင်းထန်ထန် ကန့်ကွက် တဲ့သတင်း
-ဂျပန်အစိုးရက မြန်မာစစ်တပ်အား သင့်တော်သည့် အရေးယူမှု ပြုလုပ်မည်ဟုဆိုတဲ့ သတင်း

-စစ်ကောင်စီ၏ နယ်စပ်မှ ဆန်စပါးတင်ပို့ခွင့်မူဝါဒသစ်ကြောင့် ကုန်သည်နှင့် တောင်သူများ နစ်နာနိုင်တဲ့ သတင်း

https://youtu.be/TdIoZ74wmoQ

#weekendnewsroundup
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11🔥2😁1
ကြက်သားကြက်သွန်ဖြူအစပ်ကြော် နဲ့ ထန်းသီးအုန်းနို့ရည် | Chef Eve's Easy Thai Cooking Show Ep-5

ဒီတစ်ပတ်မှာတော့ Chef Eve ရဲ့ ကြက်သားကြက်သွန်ဖြူအစပ်ကြော် နဲ့ ထန်းသီးအုန်းနို့ရည် ချက်ပြုတ်ပုံကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။

Easy Thai Cooking Show အစီအစဥ်မှာ ထိုင်း စားဖိုမှူး Chef Eve ကနေ
ရိုးရှင်းပြီး ကိုယ်တိုင် အလွယ်တကူ လိုက်လုပ်နိုင်မယ့် ထိုင်းမြောက်ပိုင်း အစားအစာတွေကို ပြင်ဆင်ချက်ပြုတ်ပြသသွားမယ့် အစီစဉ်ပဲဖြစ်ပါတယ်။

ဒီအစီစဉ်ကိုတော့ အပတ်စဉ် စနေနေ့ ညနေ ၆ နာရီမှာ Mizzima + HD Channel ကနေ ကြည့်ရှုနိုင်ပါပြီ။

တီဗီကနေ မကြည့်ရှုလိုက်ရတဲ့ ပရိသတ်တွေကတော့ Mizzima Youtube နဲ့ Mizzima TV Application တို့ကနေ ကြည့်ရှုနိုင်ပါပြီ။

https://youtube.com/watch?v=k_oP5GuEfmA&si=EnSIkaIECMiOmarE
😁3👍1
မတ် ၅ ရက်နေ့ ရုပ်သံသတင်းအစီအစဉ်

ဒီကနေ့ မတ် ၅ ရက်နေ့မှာ ရန်ကုန်ခေတ်သစ်သတင်းဌာရဲ့ This Week ရုပ်သံအစီအစဉ်ကို ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ တစ်ပတ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲကမှထူးခြားတဲ့ သတင်းတွေကို ရွေးချယ်ကောက်နုတ်သုံးသပ် တင်ဆက်ပေးထားတာလည်း ဖြစ်ပါတယ်။

https://youtu.be/X4qyC8FYkQw
#ခေတ်သစ်
#ThisWeek
#videonews
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🤮2😁1
မတ်လ (၅) ရက်၊ တနင်္ဂနွေနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

ဟားခါးမြို့မှာ နိုင်ငံကူးလက်မှတ်စာအုပ်လုပ်ရတဲ့ ပေါက်စျေး ကျပ် ၄ သိန်းခွဲထိ ရှိနေတဲ့သတင်းနဲ့အတူ ရန်ကုန်နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူရဲ့ဖခင် ဦးစိန်တင်ကွယ်လွန် သွားတဲ့သတင်း အပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ တပတ်အတွင်း စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။

သတင်းတွေအပြီးမှာတော့ သံစဉ့်အိမ် အစီအစဉ်ကိုလည်း နားဆင်ရဖို့ရှိပါတယ်။

https://youtu.be/JfIR5ltRQ0Y
#mizzimaradio
#morningradio
------------------------
တ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6😁5👎1
Media is too big
VIEW IN TELEGRAM
The Cooking Guy Ep_28 Seg_1 | ဝက်သားလုံးချဉ်စပ်ဟင်းရည်နှင့် အာလူးထောင်း

Watch more detail - https://youtu.be/F9eQwm3AYRU

#thecookingguy #mizzimatv #reels #shorts #cooking
👍4🤮1
​​ကရင်နီပြည်နယ်တွင် ဖေဖော်ဝါရီလအတွင်း တိုက်ပွဲ ၃၅ ကြိမ်ဖြစ်ပွား၊ စစ်ကောင်စီတပ်မှ ၄၅ ဦးသေ ၁၆ ဦး ဒဏ်ရာရ

မဇ္ဈိမ။ ။ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တို့အကြား ဖေဖော်ဝါရီလ အတွင်း ထိတွေ့တိုက်ပွဲ ၃၅ ကြိမ် ဖြစ်ပွားခဲ့သည်ဟု KNDF သတင်းနှင့်ပြန်ကြားရေးဗဟိုက မတ်လ ၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီလအတွင်းထိတွေ့တိုက်ပွဲများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၅ ဦးသေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိ ကာ လက်နက် ၃၄ လက်နှင့် ခဲယမ်းအချို့သိမ်ဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါထိတွေ့တိုက်ပွဲများသည် လွိုင်ကော်၊ မိုးဗြဲ၊ ဖရူဆိုနှင့် ပင်လောင်းမြို့နယ်၊ ဆောင်ပြောင်း၊ တောင်မဲ တင်း၊ ပင်ပုံကျေးရွာတို့ အသီးသီတွင် စခန်းချနေထိုင်သည့် စစ်ကောင်စီတပ်ဖွဲ့များကို ကရင်နီပူးပေါင်း တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
အထိနာနေသည့် စစ်ကောင်စီတပ်ဖွဲ့များသည် ဖေဖော်ဝါရီလအတွင်း ဒီးမော့ဆို၊ ဖရူဆို၊ လွိုင်ကော်၊ ဖယ် ခုံမြိုနယ်တို့တွင် အရပ်သားပြည်သူများအား ပစ်မှတ်ထား၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ စစ်ဖက်-အရပ်ဖက် မခွဲခြားဘဲ စစ်ရှောင်စခန်းများ၊ ကျေးရွာများ၊ ဘာသာရေးဆိုင်ရာနေရာများအား လေကြောင်း ဖြင့် စုစုပေါင်း ခြောက်ကြိမ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုများ ကြောင့် ကလေးသူငယ်များအပါအဝင် အရပ်သား ရှစ်ဦး သေဆုံးခဲ့ကာ ၁၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ လက်နက်ကြီးကျည်ထိမှန်မှုကြောင့် လူနေအိမ် ကိုးလုံး၊ ဆေးပေးခန်း တစ်ခု၊ ဘာသာရေးအဆောက်အဦ လေးလုံး ပျက်စီးခဲ့ရသည်ဟု KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးကထုတ်ပြန်ထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ကရင်နီပြည်နယ်
#စစ်ကောင်စီတပ်
#ကရင်နီပူးပေါင်းတပ်ဖွဲ့
#တိုက်ခိုက်မှု
👍9😁3
​​စစ်တပ်၏ ‘ဖြတ်လေးဖြတ်’ စနစ်ကြောင့် လူ့အခွင့်အရေးအကျပ်အတည်းကို မရပ်မစဲ ဖြစ်ပေါ်စေဟု ကုလအစီရင်ခံစာတွင် ဖော်ပြ

မြန်မာစစ်တပ်သည် အာဏာသိမ်းမှုအပေါ် ဆန့်ကျင်အတိုက်အခံပြုသူများကို သတ်ဖြတ်ခြင်း၊ အတင်းအကျပ် မတရား ဖမ်းဆီးထိန်းသိမ်းခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အဓမ္မ အစအနဖျောက်ခြင်း အပါအဝင် အကြမ်းဖက်နည်းလမ်းကို ဆက်လက် အသုံးပြုရင်း မရပ်မစဲသော လူ့အခွင့်အရေး အကျပ်အတည်းတစ်ခုကို ဖန်တီးနေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက မတ်လ ၃ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12😁2
လောင်းလုံးမှာ စစ်ကောင်စီနှင့်ပျူစောထီးအဖွဲ့လက်ချက်ကြောင့် အရပ်သား ၅ ဦးသေ၊ ၁ဦး အသက်အန္တရာယ်စိုးရိမ်နေရဟုဆို

ကိုရွှေမြိတ် မဲဆောက် (မဇ္ဈိမ)
မဇ္ဈိမ။ ။လောင်းလုံးမြို့နယ်၊အောက်ကျောက်ဝပ်ကျေးရွာတွင် စစ်ကောင်စီနှင့်ပျူစောထီးအဖွဲ့က ဒေသခံအမျိုးသားခြောက်ဦးကိုဖမ်းဆီးသတ်ဖြတ်ခဲ့ရာ ငါးဦးသေဆုံးပြီး တဦးဒဏ်ရာအပြင်းအထန်ရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်၊ အောက်ကျောက်ဝပ်ကျေးရွာတွင် ယမန်နေ့ မတ်လ ၄ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က အထက်ပါဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။
🤬7👍2👎2😁2
“ဖမ်းပြီး ပစ်သတ်သွားတာ။ငါးဦးကသေနတ် ဒဏ်ရာတွေနဲ့ သေဆုံးသွားတာတွေ့ရတယ်။ ကျန်တယောက်ကတော့ အသက်ရှင်နေသေးတာ တွေ့ရပေမယ့် စိုးရိမ်ရတယ်”ဟု ယနေ့မတ်လ၅ရက် နံနက်ပိုင်းအခြေအနေကို လောင်းလုံးမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။
အဆိုပါ စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းအဖွဲ့တွင်အင်အား ၅၀ခန့်ပါဝင်ပြီး ကျောက်နီမော်ရွာမှတဆင့် အောက်ကျောက်ဝပ်ရွာသို့ ရောက်ရှိလာကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများပြုလုပ်သွားခြင်းဟုသိရသည်။ သေဆုံးသူများမှာ အသက် (၄၂) နှစ်အရွယ် ဦ​နော်အေး၊ အသက် (၃၀)အရွယ် ကိုတင်ဌေးနှင့် ကိုကရင်၊ အသက် (၁၈)နှစ်အရွယ် ကိုလှအောင်၊ အသက် (၃၁) နှစ်အရွယ် ကိုသန်းဝင်းတို့ဖြစ်ကြောင်းသိရသည်။
အောက်ကျောက်ဝပ်ကျေးရွာဒေသခံအချို့သည် စစ်ကောင်စီနှင့်ပျူစောထီးရန်ကို ကြောက်ကာ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟုလည်း လောင်းလုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိက ပြောသည်။
လောင်းလုံးမြို့နယ်တွင် ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ကောင်စီနှင့်ပျူစောထီးပူးပေါင်းအဖွဲ့ကို သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က သုံးဦးထက် မနည်းသေဆုံးခဲ့သည်။ ထို့နောက် စစ်ကောင်စီနှင့်ပျူစောထီးများက အင်အားအများအပြားနှင့် လာရောက်ပြီး အရပ်သားများကို ပစ်မှတ်ထားဖမ်းဆီးသတ်ဖြတ်နေကြောင်း ဒေသခံများက သုံးသပ်ပြောဆိုသည်။
စာတည်း - မောင်ကြီး
#လောင်းလုံးမြို့နယ်
#အောက်ကျောက်ဝပ်ကျေးရွာ
#စစ်ကောင်စီနှင့်ပျူစောထီးအဖွဲ့
#လောင်းလုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
🤬7😁4👍2😢1