Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
လောင်းလုံးမှာ စစ်ကောင်စီနှင့်ပျူစောထီးအဖွဲ့လက်ချက်ကြောင့် အရပ်သား ၅ ဦးသေ၊ ၁ဦး အသက်အန္တရာယ်စိုးရိမ်နေရဟုဆို

ကိုရွှေမြိတ် မဲဆောက် (မဇ္ဈိမ)
မဇ္ဈိမ။ ။လောင်းလုံးမြို့နယ်၊အောက်ကျောက်ဝပ်ကျေးရွာတွင် စစ်ကောင်စီနှင့်ပျူစောထီးအဖွဲ့က ဒေသခံအမျိုးသားခြောက်ဦးကိုဖမ်းဆီးသတ်ဖြတ်ခဲ့ရာ ငါးဦးသေဆုံးပြီး တဦးဒဏ်ရာအပြင်းအထန်ရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်၊ အောက်ကျောက်ဝပ်ကျေးရွာတွင် ယမန်နေ့ မတ်လ ၄ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က အထက်ပါဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။
🤬7👍2👎2😁2
“ဖမ်းပြီး ပစ်သတ်သွားတာ။ငါးဦးကသေနတ် ဒဏ်ရာတွေနဲ့ သေဆုံးသွားတာတွေ့ရတယ်။ ကျန်တယောက်ကတော့ အသက်ရှင်နေသေးတာ တွေ့ရပေမယ့် စိုးရိမ်ရတယ်”ဟု ယနေ့မတ်လ၅ရက် နံနက်ပိုင်းအခြေအနေကို လောင်းလုံးမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။
အဆိုပါ စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းအဖွဲ့တွင်အင်အား ၅၀ခန့်ပါဝင်ပြီး ကျောက်နီမော်ရွာမှတဆင့် အောက်ကျောက်ဝပ်ရွာသို့ ရောက်ရှိလာကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများပြုလုပ်သွားခြင်းဟုသိရသည်။ သေဆုံးသူများမှာ အသက် (၄၂) နှစ်အရွယ် ဦ​နော်အေး၊ အသက် (၃၀)အရွယ် ကိုတင်ဌေးနှင့် ကိုကရင်၊ အသက် (၁၈)နှစ်အရွယ် ကိုလှအောင်၊ အသက် (၃၁) နှစ်အရွယ် ကိုသန်းဝင်းတို့ဖြစ်ကြောင်းသိရသည်။
အောက်ကျောက်ဝပ်ကျေးရွာဒေသခံအချို့သည် စစ်ကောင်စီနှင့်ပျူစောထီးရန်ကို ကြောက်ကာ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟုလည်း လောင်းလုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိက ပြောသည်။
လောင်းလုံးမြို့နယ်တွင် ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ကောင်စီနှင့်ပျူစောထီးပူးပေါင်းအဖွဲ့ကို သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က သုံးဦးထက် မနည်းသေဆုံးခဲ့သည်။ ထို့နောက် စစ်ကောင်စီနှင့်ပျူစောထီးများက အင်အားအများအပြားနှင့် လာရောက်ပြီး အရပ်သားများကို ပစ်မှတ်ထားဖမ်းဆီးသတ်ဖြတ်နေကြောင်း ဒေသခံများက သုံးသပ်ပြောဆိုသည်။
စာတည်း - မောင်ကြီး
#လောင်းလုံးမြို့နယ်
#အောက်ကျောက်ဝပ်ကျေးရွာ
#စစ်ကောင်စီနှင့်ပျူစောထီးအဖွဲ့
#လောင်းလုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
🤬7😁4👍2😢1
​​မုံရွာ - ချောင်းဦးလမ်းပိုင်းတွင် စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

ပါခွီး
မဇ္စျိမ။ ။စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် စစ်ကောင်စီတပ်ယာဉ်တန်းကို မိုင်းနှစ်ကြိမ်ဆွဲတိုက် ခိုက်ခဲ့ပြီး ပျူစောထီးရွာမှ ထွက်လာသောကားကိုလည်း မိုင်းဆွဲခဲ့ကြောင်း Brave Heart Army-BHA က မတ်လ ၄ ရက်နေ့က ထုတ်ပြန်ထားသည်။
မတ်လ ၃ ရက် နေ့လည် ၁၂ နာရီခန့်တွင် မုံရွာမြို့မှထွက်လာသော စစ်ကောင်စီတပ်၏ ၁၂ ဘီးကား ငါးစီး ပါယာဉ်တန်းမှလေးစီးမြောက်ကားကို မအူနှင့်မြေနှဲကျေးရွာအကြားတွင် ပဒေသာမိုင်းလေးလုံးဖြင့် တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
ယင်းသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ကားပျက်စီးပြီး အသေအပျောက်ရှိနိုင်သော်လည်း အရေ အတွက်ကို အတည်ပြုနိုင်ခြင်းမရှိကြောင်း သိရသည်။
“အဲဒီနေ့က စခ (စစ်ကောင်စီတပ်)ကား အစီး ၄၀ ကျော်ဖြတ်တယ်။ ကားပေါ်က စခတွေကတော့ ပြန်ပစ် တာမရှိဘူး၊ ကင်းပုန်းတွေကပဲ ပြန်ပစ်တယ်။ စက်ကလေးတွေနဲ့ ဘောက်လိုက်ကိုဆွဲတာ” ဟု BHA ပြန် ကြားရေးတာဝန်ခံက ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို BHA နှင့်အတူ မဟာမိတ်များဖြစ်ကြသည့် Special Forces-11 PDF ၊ ဗန္ဓုလနှင့် အဖွဲ့သားများ၊ Monywa Special ဒိတ်ဒိတ်ကြဲ၊ Peace Takers Task Forces-PPTF ၊ Generation Z People's Defence Force တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
ဆက်လက်ပြီးလည်း မွန်းလွဲ ၂ နာရီဝန်းကျင်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှထွက်လာသော စစ် ကားအကြီး ၁၃ စီးနှင့် ပွိုင့်ကားသုံးစီးပါသော ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။
ယင်းတိုက်ခိုက်မှုကို Brave Heart Army-BHA နှင့် မဟာမိတ်အဖွဲ့များဖြစ်ကြသော Special Forces-11 PDF ၊ ဗန္ဓုလနှင့် အဖွဲ့သားများ၊ Monywa Special ဒိတ်ဒိတ်ကြဲတပ်ဖွဲ့များမှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ယင်းနေ့ နံနက်ပိုင်းကလည်း စစ်ကောင်စီတပ်မှ လေ့ကျင့်လက်နက်တပ်ဆင်ပေးထားသည့် တောပု (ပျူ စောထီး)ရွာမှထွက်လာသော ခွေးဘီလူးကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားကိုထိမှန်ပြီးပျက်စီး သွား၍ ပါလာသောပျူစောထီးများ သေဆုံးဒဏ်ရာရရှိနိုင်ကြောင်း သိရသည်။
စာတည်း။ ။စောထေ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#မုံရွာ-ချောင်းဦးလမ်းပိုင်း
#စစ်ကောင်စီတပ်ယာဉ်တန်း
#မိုင်းဆွဲတိုက်ခိုက်
👍11👏2😁2
​​တရုတ်က လာမည့် ၅ နှစ်အတွင်း ဖွံ့ဖြိုးဆဲနိုင်ငံများမှ စစ်သား ၅၀ဝဝ ကို လေ့ကျင့် ပေးမည် 

အစီရင်ခံစာတွင် “သမရိုးကျမဟုတ်သော လုံခြုံရေးအခြေအနေများတွင် အစိုးရ၏ စွမ်းဆောင်ရည်တိုးတက်ရေး အတွက် အကြမ်းဖက်မှုတန်ပြန်ရေး၊ ဆိုက်ဘာလုံခြုံရေး၊ ဇီဝလုံခြုံရေးနှင့် ထွန်းသစ်စနည်းပညာများ ကဲ့သို့သော နယ်ပယ်များတွင် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အတွက် တရုတ်က နိုင်ငံတကာအစီအစဉ်များ ဖန်တီးရန် စီစဉ်ထားသည်” ဟု SCMP သတင်းဌာနက ဖော်ပြခဲ့သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤮4
ကော့သောင်း၊ ဝိုင်းဒင်းကျေးရွာတိုက်ပွဲ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးဟုဆို

ကိုရွှေမြိတ် မဲဆောက် (မဇ္ဈိမ)
မဇ္ဈိမ။ ။ကော့သောင်းခရိုင်၊ခမောက်ကြီးမြို့နယ်ခွဲ၊ ဝိုင်းဒင်းကျေးရွာရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ယာယီတပ်စခန်းငယ်တခုကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်ကိုးဦး ကျဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းမြစ်များထံမှသိရသည်။
ယမန်နေ့ မတ်လ ၄ ရက်နေ့ နံနက် ၅ နာရီ
ခန့်က မြန်မာ-ထိုင်း နယ်စပ်ရှိ ဝိုင်းဒင်းကျေး
ရွာကို စစ်ကောင်စီတပ်ဖွဲ့က အင်အားသုံးဝင်ရောက်လာစဥ် တိုက်ပွဲဖြစ်ပွားခြင်းဟု သိရသည်။
😢19👍4❤1👏1
ကော့သောင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေး ရဲဘော်တဦးက “ရဲဘော်ကိုးဦးကျဆုံးခဲ့တာ ဖြစ်တယ်။အဓိကကတော့ သတင်းပေးဒလန်ကြောင့် အခုလို ဖြစ်တာ ဖြစ်တယ်”ဟု မဇ္ဈိမသို့ ပြောသည်။
ဝိုင်းဒင်းကျေးရွာတိုက်ပွဲသတင်းနှင့် ကျဆုံးခဲ့သည့် ပြည်သူ့ကာကွယ်ရေးရဲဘော်ကိုးဦးနှင့်ပတ်သက်သောသတင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ကော့သောင်းခရိုင်အမှတ် (၁) တပ်ရင်းက လတ်တလောတွင် သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
“ရဲဘော်ကိုးဦးကျဆုံးသွားတာ တော်တော်လေး စိတ်မကောင်း ဖြစ်ရတယ်။ စစ်တပ်က ဝင်ဝိုင်းခံရလို့ အခုလို ကျဆုံးသွားတာ ဖြစ်တယ်”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးက ပြောသည်။
ဝိုင်းဒင်းကျေးရွာဒေသတွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ စတင်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ရေး တင်းမာနေသည့် ဒေသလည်း ဖြစ်သည်။ ဖေဖော်ဝါရီလ ၂၃ရက်နှင့် ဖေဖော်ဝါရီလ ၂၇ရက်က တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၃ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ကော့သောင်းခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားခဲ့သည်။
မတ်လ ၄ရက်က ဝိုင်းဒင်းကျေးရွာတိုက်ပွဲနှင့်ပတ်သက်၍ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ကော့သောင်းခရိုင်အမှတ် (၁)တပ်ရင်းနှင့် တနင်္သာရီစစ်ဒေသခွဲတို့ကို ဆက်သွယ်သော်လည်း အဆက်အသွယ်မရရှ်ိသေးပေ။
စာတည်း - မောင်ကြီး
#ကော့သောင်းခရိုင်
#ခမောက်ကြီးမြို့နယ်ခွဲ
#ဝိုင်းဒင်းကျေးရွာ
#ပြည်သူ့ကာကွယ်ရေးရဲဘော်ကိုးဦးကျဆုံး
👍9🔥2😁1
​​တရုတ်တွင် တုပ်ကွေးရောဂါ ဖြစ်ပွားမှု များပြားလာပြီး ဗိုင်းရပ်စ်တိုက်ဖျက်ရေးဆေးဝါးများ ရှားပါးလာ

တရုတ်နိုင်ငံတွင် တုပ်ကွေးရောဂါဖြစ်ပွားမှု မြင့်တက်လာခြင်းကြောင့် ဆေးဆိုင်များတွင် ဗိုင်းရပ်စ်တိုက်ဖျက်ရေးဆေးဝါးများ ပြတ်လပ်လျက်ရှိပြီး တရုတ်က ပိတ်ဆို့မှုများ ပြန်လည်ဖွင့်လှစ်လိုက်ချိန် ကိုဗစ်-၁၉ တစ်ကျော့ပြန်ဖြစ်ပွားမှုကြောင့် ဆေးဝါးများအလုအယက်ဝယ်ခဲ့ကြသည့် ဖြစ်ရပ်နှင့် ဆင်တူနေသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4😁1
​​တရုတ်တွင် ၂၀၁၅ ခုနှစ်နောက်ပိုင်း ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံသစ်တည်ဆောက်မှုကို အများဆုံး ခွင့်ပြု 

တရုတ်က ၂၀၂၂ ခုနှစ်တွင် ၁၀၆ ဂစ်ဂါဝပ်ထွက်ရှိသော ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံသစ် ထပ်မံတည်ဆောက်ရန် အတည်ပြုခဲ့ပြီး ယင်းသည် ၂၀၂၁ ခုနှစ်က ဆောက်သည့်စက်ရုံထက် ဓာတ်အား ၄ ဆပိုများကာ ၂၀၁၅ ခုနှစ် နောက်ပိုင်း ဓာတ်အားအများဆုံးထုတ်လုပ်နိုင်သည့် စက်ရုံဖြစ်ကြောင်း သုတေသနပြုချက်များက ဖော်ပြသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤3👍2😁1
​​ဖားကန့်မြို့ယာဉ်ရပ်နားစခန်းတွင် အမျိုးသား ၁ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံး

အဂမ်
မဇ္ဈိမ။ ။ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မော်ဝမ်းရပ်ကွက်၊ ယာဉ်ရပ်နားစခန်းတွင် ဖေဖော်ဝါရီလ ၄ ရက် နေ့ ညနေ ၅ နာရီခန့်က အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံးသွားသည်ဟု ဒေသခံများက ဆိုသည်။
“ယာဥ်ရပ်နားစခန်းထဲမှာရှိတဲ့ ရွှေစည်းစိမ် လက်ဘက်ရည်ဆိုင်ရှေ့အရောက်မှာ အခုလို ပစ်သတ်ခံလိုက် ရတာ။ ဘာဖြစ်လို့လုပ်သွားလဲဆိုတာတော့ အသေးစိတ်မသိရသေးဘူး”ဟု အမည်မဖော်လိုသည့် မော်ဝမ်း ရပ်ကွက်နေ သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။
ပစ်သတ်ခံလိုက်ရသည့် အမျိုးသားမှာ အသက် ၄၀ ကျော်အရွယ် ကိုအောင်နိုင်ဆိုသူဖြစ်ပြီး ယာဥ်ရပ်နား စခန်းအနီးတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။
ကိုအောင်နိုင်သည် ဦးခေါင်းကိုတစ်ချက်အပစ်ခံရပြီး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်း၊ ၎င်း အပစ်ခံရပြီးနောက် ကားဝန်းထဲတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးခြင်းများ လုပ် ဆောင်သွားကြောင်း သိရသည်။
ထိုသို့ ပစ်သတ်ခံရသည့် ကိစ္စနှင့်ပတ်သက်၍ မည်သည့်အဖွဲ့က လုပ်ဆောင်သွားသည်ကို မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
ယခုကဲ့သို့ဖြစ်ရပ်များသည် ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် မကြာခဏဖြစ်ပွားနေပြီး ပြည်နယ်တစ်ခု လုံးတွင် ဖားကန့်မြို့နယ်သည် အများဆုံးဖြစ်ပွားနေသည့် နေရာတစ်ခုလည်းဖြစ်သည်ဟု ဒေသခံများ ကပြောသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ကချင်ပြည်နယ်
#ဖားကန့်မြို့နယ်
#ပစ်ခတ်မှု
👍7❤1🔥1
​​ဝေါမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က ဒေသခံ ၂ ဦးအား ဖမ်းဆီးထား

YT
မဇ္ဈိမ။ ။ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ဘုရားပျိုကျေးရွာအုပ်စုတွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှစ၍ စစ်ကောင်စီ တပ်ဖွဲ့ကစစ်ဆေးမှုများပြုလုပ်ကာ ဘုရားပျို‌ကျေးရွာမှ ဒေသခံလေးဦးအားဖမ်းဆီးသွားပြီး နှစ်ဦး ပြန် လွှတ်ပေးသော်လည်း နှစ်ဦးအား ဆက်လက်ဖမ်းဆီးထားကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
သူတို့(စစ်ကောင်စီတပ်) အငိုက်မိပြီးခံလိုက်ရတော့ နောက်နေ့ကနေစပြီး ရွာတွေထဲဝင်မွှေပြီး ဒေသခံ လေးဦးကို ဖမ်းဆီးတာ။ အခုတော့ နှစ်ယောက် ပြန်လွတ်လာပြီ။ နှစ်ယောက်ကတော့ ဖမ်းခံရတုန်းပဲ”ဟု ဝေါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှစ၍ စစ်ကောင်စီတပ်ဖွဲ့က ဘုရားပျိုကျေးရွာအုပ်စုရှိ ဘုရားပျိုရွာ၊ ကတွတ်ရွာ၊ ဗိုလ်ကတော်ရွာစသည့် ရွာချင်းဆက်နေရာများအား ဝင်ရောက်စစ်ဆေး၍ ဒေသခံလေးဦးကို ဖမ်းဆီးသွား ခဲ့ပြီး ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် နှစ်ဦးကိုပြန်လွတ်ပေးခဲ့သည်ဟု ၎င်းကပြောသည်။
ဖေဖော်ဝါရီ ၂၆ ရက်နေ့က ရန်ကုန်-မော်လမြိုင်လမ်းပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့၏ဂိတ်ကို ကာကွယ်ရေး တပ်ဖွဲ့က သွားရောက်တိုက်ခိုက်ပြီးနောက် ယခုကဲ့သို့ စစ်ကြောင်းထိုးဝင်ရောက်စစ်ဆေးဖမ်းဆီးခြင်း များပြုလုပ်ခြင်းဖြစ်သည်ဟု သိရသည်။ အဆိုပါ တိုက်ခိုက်မှုတွင် ဆယ်အိမ်မှူးတစ်ဦးနှင့် မီးသတ်ဝန်ထမ်း တစ်ဦးသေဆုံးပြီး လေးဦးထက်မနည်း ဒဏ်ရာရခဲ့သည်ဟု သိရသည်။
ယင်းတိုက်ခိုက်မှုနောက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့သည် ကျေးရွာများအတွင်း ကာကွယ်ရေးတပ်ဖွဲ့များ နှင့်ဆက်နွှယ်သည်ဟုယူဆသော နေအိမ်များအားအဓိကထား၍ စစ်ဆေးမှုများပြုလုပ်နေသည်ဟု ဒေသခံ များထံမှ သိရသည်။
“အိမ်အပေါ်တွေအထိ ဝင်မွှေတယ်။ ပစ္စည်းတွေ ဖွတယ်၊ ဘီဒိုတွေဖွင့်ပြခိုင်းတယ်။၂၇ ရက်နေ့ နေ့လယ် ပိုင်းလောက်ကတည်းက စစ်တာ။ အဖမ်းခံရတာကတော့ ညဘက်မှပါ။ စစ်တာတော့ ရွာတွေထဲ ဝင်လိုက် ထွက်လိုက်နဲ့ စစ်နေတုန်းပါပဲ”ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။
မတ်လ ၂ ရက်နေ့ကလည်း ရွာလမ်းမပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက “အကြမ်းဖက်တွေကို ခိုလှုံခွင့် ပေးတာတွေ၊ ကူညီတာတွေ အဆက်အသွယ်လုပ်တာတွေရှိရင် ဝန်ခံပါ၊ ဝန်ခံရင် အပြစ်လျော့မယ်၊ မဟုတ် ရင် အရေးယူခံရမယ်” ဟုဆိုကာ လော်စပီကာဖြင့် လိုက်လံပြောဆိုနေသည်ဟု ဒေသခံက ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့သည် ဝေါမြို့မှ ဘုရားပျိုရွာအထွက်လမ်းမကြီးအား ဖေဖော်ဝါရီလ ၂၇ ရက် နေ့မှစ၍ လုံခြုံရေးအရဟုဆိုကာ ကား၊ ဆိုင်ကယ် သွားလာခွင့်ပိတ်ထားခဲ့ရာ အနီးတဝိုက်ရှိ ကျေးရွာ သားများအနေဖြင့် သွားရေးလာရေး အခက်အခဲရှိကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ပဲခူးတိုင်း
#ဝေါမြို့နယ်
#စစ်ကောင်စီတပ်
#ဖမ်းဆီးမှု
👍6🔥2👏1
​​ဖက်ဒရယ်အရေးနှင့်ပတ်သက်ပြီး CRPH နှင့် NUG ခေါင်းဆောင်များ၏ပြောကြားချက်ဆိုကာ သတင်းမှား ဖြန့်နေ

JC
မဇ္ဈိမ ။ ။ပြည်ထောင်စုလွှတ်တော်ကိုယ်စာပြုကော်မတီ(CRPH)မှ ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီ ညွတ်ရေးအစိုးရ(NUG)၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် NUG ပြောခွင့်ရ ဦးနေဘုန်းလတ် စသည့်ပုဂ္ဂိုလ်များ၏ပုံများဖြင့် ဖက်ဒရယ်အရေး၊ တော်လှန်ရေးနှင့်ပတ်သက်ပြီး ၎င်းတို့၏ပြောကြားချက် ဆိုကာ လူမှုကွန်ရက်တွင် ဖြန့်ဝေနေကြသည်။ ထိုစကားစုများကို ကာယကံရှင်များက ပြောကြားခဲ့ခြင်း မရှိပေ။
ဦးအောင်ကြည်ညွှန့်ပုံဖြင့် “၎င်းတို့အုပ်ချုပ်မည့် ဖက်ဒရယ်ပြည်ထောင်စုတွင် ၁၀ နှစ်အတူ နေကြည့်ရန် နှင့် မကြိုက်ပါက ကတိအတိုင်း ခွဲထွက်နိုင်ကြောင်း” နှင့် “ဗမာပြည်နယ်များ ဖက်ဒရယ်ဖွဲ့စည်းပုံများသည် ဒေါ်အောင်ဆန်းစုကြည်မပါဘဲ ဆုံးဖြတ်ချက်မချနိုင်ကြောင်း တိုင်းရင်းသားအားလုံးမှ ဒေါ်အောင်ဆန်းစု ကြည် ပြန်လွတ်လာအောင် စစ်တိုက်ပေးရန်လိုကြောင်း” အကြောင်းအရာနှစ်ခုဖြင့် ပုံနှစ်ပုံ ပျံ့နှံ့နေသည်။
တဖန် ဒေါ်ဇင်မာအောင်ပုံဖြင့် တော်လှန်ရေးတွင် လက်နက်ကအဓိကကျပြီး တော်လှန်ရေးအောင်မြင်ရန် အတွက် NUG အစိုးရကို များများလှူပေးရန် မေတ္တာရပ်ခံကြောင်းဖြင့် ဖြန့်ထားသည်။
ဦးနေဘုန်းလတ်ပုံတွင်မူ “နိုင်ငံရေး၊ ဖက်ဒရယ်ရေးနဲ့ပတ်သက်တဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ NLD က CEC တွေမပါဘဲ NUG က အရာရာကို မဆုံးဖြတ်နိုင်ဘူး” ဟု ရေးသားထားသည်။
ထိုပုံသည် ဖေဖော်ဝါရီ ၄ ရက်နေ့တွင် VOA-Burmese မှ “NUG စစ်ရေးထိုးစစ်လုပ်ဆောင်နိုင်မှု တွေ့ဆုံ မေးမြန်းခန်း”မှ ပုံကိုသုံးထားပြီး ကိုနေဘုန်းလတ်ပြောဆိုခဲ့ခြင်းမရှိသည့် စကားများဖြင့် ဖြန့်ဝေထားခြင်း ဖြစ်သည်။ VOA လင့် - bit.ly/3SKKTdT
ယခုပျံ့နှံ့နေသည့်ပုံလေးပုံနှင့်ပတ်သက်၍ ဦးနေဘုန်းလတ်က “အကြမ်းဖက်စစ်အုပ်စုက သူရဲ့ သွေးခွဲရေး ဗျူဟာကို စနစ်တကျခင်းနေတယ်၊ ကိုယ့်ဘက်က သူ့အကွက်ထဲမဝင်မိအောင် ပါးနပ်ကြဖို့ပါ” ဟု ရေး သားကာ ထိုပုံများမှာ အတုများဖြစ်ကြောင်း‌ဖော်ပြထားသည်။ လင့် bit.ly/3Yf2prK
ထို့အပြင် NUG ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်မှလည်း ၎င်းနှင့် ဦးအောင်ကြည်ညွန့်တို့ပြော ကြားခဲ့ခြင်းမရှိခဲ့ဖူးသည့် စကားများဖြင့် ဖြန့်ဝေနေကြကြောင်း ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထား သည်။ လင့် bit.ly/3ZHX4dN
“သတင်းအမှားကြီးဗျ။ ကျနော်တို့ပြောတာမဟုတ်ဘဲနဲ့ တော်လှန်ရေးအရှိန် အဟုန်ကောင်းနေတဲ့အချိန် မှာ ကျနော်တို့နဲ့ EROs တိုင်းရင်းသားအဖွဲ့တွေနဲ့ သဘောထားကွဲအောင်ဆိုပြီးတော့ တမင်ကိုဖန်တီးထား တဲ့ လုပ်ကြံသတင်းကြီးဗျ။ ဒီလို သဘောသက်ရောက်တဲ့စကားမျိုး လုံးဝ(လုံးဝ)ကို မပြောဖူးဘူးဗျ” ဟု အဆိုပါအကြောင်းအရာနှင့်စပ်လျဉ်း၍ ဦးအောင်ကြည်ညွန့်က မဇ္ဈိမသို့ ပြောကြားသည်။
ထို့ကြောင့် ယခုပျံ့နှံ့နေသည့်ပုံများသည် ကာယကံရှင်များမှ အမှန်တကယ်ပြောဆိုခြင်းမရှိသည့် စကား များကို ပုံများဖြင့်တွဲ၍တမင်ဖန်တီးကာ နွေဦးတော်လှန်ရေးအင်အားယုတ်လျော့စေရန် ဝါဒဖြန့်တိုက်ခိုက် ထားခြင်းသာဖြစ်သည်။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။
စာတည်း။ ။စောဖေ
#Misinformation_Buster
#Fake_News
#NUG
#CRPH
👍11😁3🤬1
​​ဈေးပေါပေါဖြင့် ရောင်းချသည့် ပြိုင်ဘက် တရုတ်လက်လီဆိုင်ကို ကင်ညာကုန်သည်များ ကန့်ကွက်ဆန္ဒပြ

ကင်ညာရှိ ကုန်သည်များနှင့် အာဖရိကရှိ လျင်မြန်စွာ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာသော အခြားနိုင်ငံများသည် ၎င်းတို့၏ပြိုင်ဘက် တရုတ်များကို မကြခဏ ကန့်ကွက်ဆန္ဒပြလျက်ရှိသည်။ တရုတ်နိုင်ငံသည် အာဖရိက၏ ထိပ်တန်းကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး အာဖရိကတိုက်တွင် တရုတ်လူမျိုး ၁ သန်းကျော် နေထိုင်ကြောင်း ခန့်မှန်းထားသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5😁4
​​ပုသိမ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများ ညစဉ်ရိုက်နှက်ခံနေရ

မင်းထက်
မဇ္စျိမ။ ။ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်တွင်ရှိသည့် နိုင်ငံရေးအကျဉ်းသားများအား ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့မှစတင်ကာ အကျဉ်းထောင် အာဏာပိုင်များက ညစဉ် အကြောင်းမဲ့ ရိုက်နှက် မှုများပြုလုပ်နေကြောင်း ရှေ့နေအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှသိရသည်။
ဧရာဝတီတိုင်းအကျဉ်းထောင်ညွှန်မှူး ဦးဇော်စစ်အောင်ဆိုသူနှင့် ပုသိမ်ထောင်မှူးတို့ ဦးဆောင်ကာ ညစဉ် ညသန်းခေါင်အချိန်ရောက်တိုင်း နိုင်ငံရေးအကျဉ်းသားတစ်ဦး(သို့မဟုတ်)နှစ်ဦးအား ခေါ်ထုတ်ကာရိုက် နှက်နေခြင်းဖြစ်သည်ဟု ဆိုသည်။
ကိုဝင်းမင်းထက်(ခေါ်)မဲကြီး၊ ကိုဖိုးလပြည့်၊ ကိုဝင်းထွန်းနိုင်(ခေါ်)ကိုခေါ်လေး၊ ကိုထက်လင်းစိုး(ခေါ်) လူဖန်ခါးတို့အပြင် အခြားအကျဥ်းသားအချို့ကို အလှည့်ကျခေါ်ထုတ်ကာ ရိုက်နှက်နေခြင်းဖြစ်သည်ဟု ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်နေ့က ပုသိမ်အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများထံမှ လက်ကိုင်ဖုန်း များတွေ့ရှိသည်ဟု အကြောင်းပြကာ စစ်ကောင်စီတပ်များ၊ ရဲများနှင့် ထောင်ဝန်ထမ်းများက နိုင်ငံရေး အကျဉ်းသားများအား အကြမ်းဖက် ပစ်ခတ်၊ရိုက်နှက်မှုများ ပြုလုပ်ခဲ့သည်။
အကြမ်းဖက်မှုများကြောင့် အသက်(၃၄)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုဝေယံဖြိုး(ခေါ်)ရာစု ဆိုသူ ကျဆုံးခဲ့ပြီး နိုင်ကျဉ်း ၆၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့နောက် အကြမ်းဖက်ရိုက်နှက်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား ၆၇ ဦးအပြင် အကြမ်းဖက်ခံရမှုဖြစ်စဉ်၌ မပါသည့် နိုင်ငံရေးအကျဉ်းသားအချို့ကိုပါ ထောင်အာဏာပိုင်များက ခြေကျင်း သံဒေါက်များ ခတ်ထား သည်ဟု ရှေ့ နေအသိုင်းအဝိုင်းနှင့် နီးစပ်သူကပြောသည်။
“ထောင်ညွှန်မှူးနဲ့ထောင်မှူးက ညဘက်အရက်မူးလာရင် နိုင်ကျဉ်းတွေကိုခေါ်ထုတ်ပြီးရိုက်တယ်။ မင်း လား PDF ၊ မင်းလားကဗျာဆရာဆိုပြီး အော်အော်ပြီးရိုက်တာ၊ ညတိုင်းအရိုက်ခံနေရတာ တော်တော်ကြာ ပြီ။ ပုသိမ်ထောင် အကြမ်းဖက်ခံရတုန်းကမပါတဲ့ အခြားအဆောင်တွေက နိုင်ကျဉ်းတွေကိုပါခေါ်ထုတ်ပြီး ရိုက်နေတာပါ။ အကြမ်းဖက်ခံရတာမှာ ဒဏ်ရာရတဲ့ ၆၇ ယောက်ကိုတော့ သီးသန့်ခွဲထားတယ်လို့ သိရ တယ်”ဟုဆိုသည်။
ထိုသို့ရိုက်နှက်ခံရမှုများကြောင့် နိုင်ငံရေးအကျဥ်းသားအချို့မှာ အတွင်းကြေဒဏ်ရာများရရှိကာ၊ အများ အပြားလည်း ခြေဆစ်၊ လက်ဆစ်များလွဲနေကြပြီး ဆေးကုသခွင့် အပြည့်အဝမရရှိကြောင်း သိရသည်။
၎င်းအပြင် ပုသိမ်အကျဥ်းထောင်တွင် အကြမ်းဖက်ခံရသည့် ဇန်နဝါရီလ ၆ ရက်နေ့မှစတင်ကာ ထောင်ဝင် စာပို့ခွင့် အပိတ်ခံထားရကြောင်း၊ စျေးဘားသာရကြောင်း နိုင်ငံရေးအကျဥ်းသားများ၏ မိသားစုဝင်များက ပြောသည်။
“ကျွန်တော်တို့က နိုင်ကျဥ်းတွေဆီကို ပို့ပေးပါဆိုပြီး ငွေသွင်းလိုက်တယ်။ ထောင်ဝန်ထမ်းတစ်ယောက်က စာရင်းနဲ့ လက်ခံပေးတယ်။ ပြီးတော့မှ စျေးဘားအတွက် ငွေရောက်တယ်ဆိုပြီး ထောင်ဝန်ထမ်းတွေက နိုင်ကျဥ်းတွေကို သွားပြောပေးတယ်ပေါ့ဗျာ၊ နိုင်ကျဥ်းတွေက ထောင်ဝန်ထမ်းတွေရောင်းတဲ့ ဟာတွေကိုပဲ ဝယ်ရတယ်။ ယမ်ယမ်တစ်ထုပ်ကို အပြင်မှာ ၅၀၀ ဆို ထောင်ထဲမှာ တစ်ထောင်ပေးဝယ်ရတယ်လို့ သိရ တယ်။ အကုန်လုံး စျေးနှစ်ဆချည်းပဲ။ စျေးဘားအတွက် ပို့တဲ့ငွေကလည်း နိုင်ကျဥ်းတွေဆီကို တကယ် ရောက်မရောက် မသိရဘူး”ဟု ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရသည့် ပုသိမ်ထောင်မှ နိုင်ငံရေးအကျဥ်းသားများအား ထောင် အကြမ်းဖက်မှုဖြစ်စဥ် မဖြစ်ပွားမီအချိန်က ထောင်စာကြည့်တိုက်တွင် စာဖတ်ခွင့်နှင့် တန်းဖွင့်သည့်အချိန် များတွင် အားကစားလုပ်ခွင့်များခွင့်ပြုပေးခဲ့သည်ဟု သိရသည်။
လက်ရှိတွင် ဖမ်းဆီးခံ နိုင်ငံရေးအကျဥ်းသားများအား နံနက်ပိုင်း ၃၀ မိနစ်နှင့် ညနေပိုင်း ရေချိုးချိန် ၃၀ မိနစ်သာ တန်းဖွင့်ပေးတော့ကြောင်း ရှေ့နေအသိုင်းအဝိုင်းနှင့် နီးစပ်သူ၏ ပြောပြချက်အရသိရသည်။
ထိုသို့ နိုင်ငံရေးအကျဥ်းသားများ အခွင့်အရေးချိုးဖောက်ခံနေရမှုများနှင့်ပတ်သက်၍ ကန်ကြီးထောင့် မြို့နယ် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေယံအောင်က “အကျဥ်းထောင်လက်စွဲထဲမှာ သာမန် အကျဥ်းသားတွေတောင် ရသင့်တဲ့အခွင့်အရေးတွေရှိတယ်။ အခုက နိုင်ငံရေးအကျဥ်းသားတွေကို ရသင့် တဲ့ အခွင့်အရေးတွေကို ချိုးဖောက်အကြမ်း ဖက်တာတွေလုပ်နေတာဆိုတော့ ရာဇဝတ်မှု ကျူးလွန်နေ တာပဲ၊ ဒီကိစ္စကို နိုင်ငံတကာအဖွဲ့အစည်းတွေက လာပြီး စစ်ဆေးသင့်ပါတယ်” ဟု ဝေဖန်သုံးသပ်သည်။
ပုသိမ်အကျဥ်းထောင်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင် အလိုမရှိကြောင်း ဆန့်ကျင်မှု ကြောင့် ဖမ်း ဆီးခံထားရသည့် နိုင်ငံရေးအကျဥ်းသား ၄၀၀ ကျော်ခန့်ရှိနေကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#နိုင်ငံရေးအကျဉ်းသား
#ပုသိမ်အကျဉ်းထောင်
#ညစဉ်ရိုက်နှက်ခံနေရ
👍12🤬9😁2😢2
​​ပါကစ္စတန် ကျောက်မီးသွေးလုပ်ကွက်တွင် ခိုးယူမှု ပိုများလာကြောင်း တရုတ်ကုမ္ပဏီ တိုင်ကြား

ပါကစ္စတန်နိုင်ငံ ဆင်းဒ်ပြည်နယ် သာခရိုင်ရှိ ကျောက်မီးသွေးလုပ်ကွက်-၁ တွင် ခိုးယူမှု ပိုများလာခြင်းအပေါ် တရုတ်ကုမ္ပဏီက ဆင်းဒ်အစိုးရထံ စာရေးသားတိုင်ကြားခဲ့သည်ဟု ပါကစ္စတန်ဒေသတွင်းမီဒီဘာ Intekhab Daily က ဖော်ပြသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5😁5🔥1
​​နိုင်ငံခြားရေး အသုံးစရိတ်များ လျှော့ချရန် ပါကစ္စတန်ဝန်ကြီးချုပ် ညွှန်ကြား

ပါကစ္စတန်ဝန်ကြီးချုပ် ရှဘက်ရှရစ်ဖ်သည် ပြည်ပရှိ သံရုံးတာဝန်များ လျှော့ချရန်နှင့် ရုံးများ၊ ဝန်ထမ်းများနှင့် အခြားအသုံးစရိတ်များကိုလည်း ၁၅ ရာခိုင်နှုန်း လျှော့ချရန် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဖေဖော်ဝါရီ ၂၈ ရက်က ညွှန်ကြားလိုက်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥1