ကမမောင်းမြို့နယ် ကတိုင်ထိရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက် မီးရှို့
မဇ္ဈိမ။ ။ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့နယ်ရှိ ကတိုင်ထိ ရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က မတ်လ ၅ ရက်နေ့ နံနက် ၁ နာရီကျော်အချိန်တွင် တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့လိုက်ကြောင်း KNU တပ်မဟာ(၅)နှင့်နီးစပ်သော စစ်ရေးသတင်းရင်းမြစ်က မဇ္ဈိမကို အတည်ပြုပြောကြားသည်။
KNU တပ်မဟာ (၅) နယ်မြေ၊ ဖာပွန်- ကမမောင်းလမ်းပေါ်မှ ရဲအင်အား ၁၀ ဦးကျော်ခန့် ရှိသော ကတိုင်ထိ ရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က နံနက် ၁ နာရီကျော်အချိန်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၁ နာရီ နီးပါး ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
ယင်းနောက် စခန်းအတွင်းမှ ရဲတပ်ဖွဲ့ဝင်များ စခန်းကိုစွန့်ခွာထွက်ပြေးသွားခြင်းကြောင့် နံနက် ၂ နာရီ ကျော်တွင် စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း အထက်ပါ သတင်းရင်းမြစ်က ပြောသည်။
“ကတိုင်ထိရဲစခန်းမှာ လုံခြုံရေးနည်းနည်းပဲထားပြီး ကျန်တဲ့စခန်းကလူတွေက ကတိုင်ထိစခန်းကို ပြောင်း ပြီးနေကြတယ်။ မနက်၁ နာရီကျော်ကနေ စတိုက်တာ ၂ နာရီလောက်မှာ စခန်းသိမ်းမီးရှို့ခဲ့တယ် သိပ် မပစ်ရဘူး၊ လူနည်းလို့၊ ရဲတွေဆုတ်ပြေးသွားတယ်” ဟု ၎င်းက ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုအခြေအနေနှင့် စစ်အသုံး အဆောင်ပစ္စည်းများ သိမ်းဆည်းရရှိမှု အခြေအနေ အသေးစိတ်ကို မသိရသေးပေ။
ကတိုင်ထိစခန်းကို တိုက်ခိုက်သိမ်းပိုက် မီးရှို့ပြီးနောက် KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိ တပ်ပြန်ဆုတ်ခွာလာခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း ကတိုင်ထိကျေးရွာ အပြင်ဘက်ရှိ စစ်ကောင်စီအမြောက်တပ်နှင့် BGF တပ်စန်းကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် နေရာအများအပြားတွင် တိုက်ပွဲများဖြစ်ပွားနေပြီး ဖာပွန်ခရိုင်တွင်လည်း KNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်၊ BGF ပူးပေါင်းတပ်တို့အကြား နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားနေသည်။
စာတည်း။ ။နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
#ကရင်ပြည်နယ်
#KNUတပ်မဟာ(၅)
#ဖာပွန်ကမမောင်း
#ကတိုင်ထိ

👍20🥱2❤1😁1
အောက်ကလိတို့ ကြက်ခြံတော်
(မော်စကိုဒေါ်ချိုရေးသားသည်)
.
ဦးဘမောင် ရဲ့ စက်ဘီးနောက် ကြက်ခြင်းကြီးထဲသို့ နောက်ဆုံးအသုတ်ရောက်လာကြတာက အောက်ကလိ တို့ အုပ်စု။
ကြက်ကုန်သည် ဦးဘမောင်ဟာ သူ့ကြက်ခြံအတွက် ကြက်မျိုးဆက်မပြတ်စေရေး ရွာဘက်သို့ ဆင်းကာ ကြက်အဝယ်ထွက်ခဲ့ပါတယ်။
အိမ်ကြက်များအား ဈေးကောင်းပေးမည်ဆိုသဖြင့် ရွာသားများက အလုအယက်ရောင်းကြရာမှ အောက်ကလိ တို့ မှာ ကြက်ခြင်းထဲ သက်ဆင်းကြရခြင်းပင် ။
တခြားကြက်ပေါက်များက ကျလိ ကျလိ ကလွိ ကလွိ ဖြင့် စကားတပြောပြောလိုက်ပါနေသော်လည်း အောက်ကလိ ကတော့ တိတ်တိတ်ဆိတ်ဆိတ်ပဲလိုက်လာပါတယ် ။
အောက်ကလိ အတွေးထဲမှာတော့ အဖော်အသင်း ကြက်ပေါင်းများစွာနှင့် အစာရေစာ၀၀လင်လင်စားရမည့် ကြက်ခြံကြီးကို ရည်မှန်းကာပျော်နေလေပြီ။
အောက်ကလိရဲ့ အမေဟာ တစ်ချိန်က ကြက်ခြံကြီးတစ်ခုထဲက ထွက်လာခဲ့တဲ့အကြောင်း အောက်ကလိကို အိပ်ရာဝင်ပုံပြင်အဖြစ် မကြာခဏပြောပြတတ်တယ် ။
ရွာက အိမ်များမှာလို ကိုယ့်ဘာသာ တီကောင် ၊ စပါးလုံးလိုက်ရှာစားစရာမလို.. အချိန်တန်လျှင် ကြက်ခြံရှင်က ဖွဲနု ၊ ဆန်ကွဲ အကောင်းစားများလာကြွေးသဖြင့် ဇိမ်ကြခဲ့ပုံ ၊ မျိုးတူတွေအများကြီးထဲ ပျော်ပျော်ရွှင်ရွှင် ဥလေးသာ မှန်မှန်ဥပေးရသော ကြက်ခြံထဲမှ ဘဝကို အောက်ကလိ အခါခါစိတ်ကူးယဉ်ခဲ့ရတာပေါ့ ။
အောက်ကလိ အမေ ကြက်မကြီးဟာ သူ့အဖေ တောကြက်ဖကြီးနှင့်အကြောင်းပါပြီး ကြက်ခြံကြီးကနေ တိုးဝှေ့ထွက်ပြေး အိမ်ကြက်မကြီးဖြစ်ခဲ့ရတယ်။
ဒါကြောင့် အောက်ကလိလည်း ဒီ တောရွာဇနပုဒ်မှာ အချိန်တန် ဟင်းစားလုပ်ခံရမည့် အိမ်ကြက်စုတ် ဖြစ်ခဲ့ရသည်မဟုတ်လား ။
ယခုတော့ ခေတ်မှီ၍ စည်းကမ်းပြည့်ဝသော ကြက်ခြံတော်ကြီးဆီ အောက်ကလိ ခြေချရတော့မည် ။
ဦးဘမောင်က ကြက်ခြင်းကို စက်ဘီးပေါ်မှ ကြိုးဖြည်နေစဉ် မှာပဲ...ဝါးပြားကာ ကြက်ခြံများထက်ဆီက ကအီး ကတော် ကြက်အော်သံများကို ကြားပြီး အောက်ကလိ ရင်ခုန်လိုက်သည့်ဖြစ်ခြင်း ။
ဟော့..ကြက်ခြံကြီးထဲ ကို အောက်ကလိတို့ကို တစ်ကောင်ခြင်းထည့်ပြီ..။
အလို..မျိုးတူတွေအများကြီးပါလား..ဟရိုး..အောက်အီးအီးအွတ်ဖလပ်..ဖလပ် ။

👍11🤮1
အင်းတော်ကြီးအိုင်က ဒုတိယဖားကန့် ဖြစ်လာတော့မလား
အဂမ်
အရှေ့တောင်အာရှမှာ “တတိယအကြီးဆုံး ကုန်းတွင်း ရေတိမ်ရမ်ဆာဒေသ” လို့ သတ်မှတ်ထားကြတဲ့ ကချင်ပြည်နယ်က အင်းတော်ကြီးအိုင်ဟာ သဘာဝအလှမပျက်ယွင်းဘဲ သဘာဝနဲ့လူသားတွေ အတူယှဥ◌်တွဲနေတဲ့ ရှားပါးလှတဲ့အရပ်ဒေသတစ်ခုလို့ ကမ္ဘာ့ခရီးသွားတွေ မှတ်တမ်းအတင်ခံရတဲ့ အိုင်ကြီးပါ။ ၁၉၇၁ ရမ်ဆာမြို့မှာချုပ်ဆိုခဲ့တဲ့ ရေဝပ်ဒေသထိန်းသိမ်းရေး သဘောတူစာချုပ် (ရမ်ဆာကွန်ဗင်းရှင်း)အရ ယူနက်စကို UNESCO ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဥ◌်ကျေးမှုအဖွဲ့က မြန်မာနိုင်ငံမှာ အင်းတော်ကြီးအိုင်အပါအဝင် ရမ်ဆာရေဝပ်ဒေသ ထိန်းသိမ်းရေးနယ်မြေခြောက်ခု သတ်မှတ်ထားပါသည်။
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် အင်းတော်ကြီးမြို့မှာတည်ရှိတဲ့ ဒီအင်းတော်ကြီးအိုင်သည် မြန်မာနိုင်ငံတွင် အကြီးဆုံးသဘာဝအင်းကြီးဖြစ်ပြီး၊ တောင်နဲ့မြောက် အလျား ၁၄ မိုင်နဲ့ အနံ ခုနှစ်မိုင်ရှိသည်။ ရေပြင်အကျယ် ၁၀၀ စတုရန်မိုင်အပါအဝင် ၃၁၄ ဒဿမ ၆၇ စတုရန်းမိုင်ကျယ်ဝန်းတဲ့ အင်းတော်ကြီးတောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောကို ၁၉၉၉ ခုနှစ် မတ်လ ၄ ရက်နေ့မှာ တည်ထောင်ခဲ့သည်။
အင်းတော်ကြီးအိုင် ဘေးမဲ့တောထဲမှာ မျိုးသုဥ◌်းမယ့် အန္တရာယ်ရှိနေတဲ့ ဌက်မျိုးစိတ် ၁၀ ခုအပါအဝင် နှစ်စဥ◌်ဆောင်းခိုဌက် ၂၀၀၀၀ ကျော် လာရောက်ဆောင်းခိုလေ့ရှိတဲ့ နေရာတစ်ခုလည်း ဖြစ်သည်။
၂၀၁၇ ခုနှစ် ဇွန် ၁၄ ရက်မှာ ပြင်သစ်နိုင်ငံမှာကျင်းပတဲ့ ၂၉ ကြိမ်မြောက် ယူနက်စကိုဇီဝအဝန်းနယ်မြေများ အစည်းအဝေးမှာ အင်းတော်ကြီးဘေးမဲ့တောနှင့် ပတ်ဝန်းကျင်ဒေသအား ဇီဝအဝန်းနယ်မြေများအဖြစ် အတည်ပြုသတ်မှတ်ခဲ့သည်။
ဒီလို ထူးခြားလှပလွန်းတဲ့ အင်းတော်ကြီးအိုင်ရဲ့ သဘာဝအလှတွေကို ရေရှည်တွင် ဆက်လက် ထိန်းသိမ်းနိုင်မလားဆိုတဲ့ စိုးရိမ်စိတ်တွေဟာ ဒေသခံတွေရဲ့ စိတ်ထဲမှာ တနေ့တခြား တိုးပွားလို့လာနေပါသည်။ အကြောင်းကတော့ အိုင်ကြီးဟာ ရင်သပ်ရှုမောလှပသလို အိုင်ကြီးနဲ့မနီးမဝေးမှာ အဖိုးတန်ရွှေကြောတွေ ရှိနေလို့ပါ။
အင်းတော်ကြီးဒေသမှာ ရှမ်းတိုင်းရင်းသားအများစုနေထိုင်ကြပြီး၊ ကချင်နဲ့ ဗမာတိုင်းရင်းသား လူနည်းစုအချို့လည်း နေထိုင်ကြသည်။ ဌာနေတိုင်းရင်းသားတို့က တံငါသည်အလုပ်၊ စိုက်ပျိုးရေးအလုပ်တွေနဲ့ ဒီအင်းတော်ကြီးအိုင်ကိုအမှီပြုပြီးမှ မိမိတို့ရဲ့စားဝတ်နေရေးကို ဖြေရှင်းနေကြရပါသည်။
အဖိုးတန်ရွှေကြောများရှိသည့် အင်းတော်ကြီးဒေသက မိုင်းနောင်၊ လုံးတုံ၊ မမုန်းကိုင်ကျေးရွာ အနောက်ဘက်တို့မှာ လုပ်ငန်းရှင်များက ၁၉၈၀ ခုနှစ်ဝန်းကျင်အစောပိုင်းကတည်းက ရွှေမျော်များ စတင်လုပ်ကိုင်လာခဲ့ကြသည်။ အင်းတော်ကြီးဒေသ မိုင်းနောင်၊ နန့်ပတဲ၊ နန့်မီးလောင်၊ ညောင်ပင်စတဲ့ ကျေးရွာတွေအနီးတဝိုက်က ချောင်းလက်တက်တွေနဲ့ တောတောင်တွေမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာကတည်းက ရွှေတူးဖော်နေကြတာပါ။
သို့သော် ၂၀၁၆ ခုနှစ်မှာ အင်းတော်ကြီးဒေသက မိုင်းနောင်ကျေးရွာတဝိုက်မှာ ရွှေတူးဖော်တာတွေမလုပ်ဖို့ မိုင်းနောင်ကျေးရွာ အုပ်ချုပ်ရေးမှူးက တားမြစ်စာထုတ်ပြန်လိုက်ပြီးနောက် အဆိုပါ ရွှေမျော်လုပ်ငန်းများက သိသိသာသာ လျော့နည်းသွားခဲ့ပါသည်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မှာတော့ အရင်နှစ်များနဲ့မတူတော့ဘဲ စက်ယန္တားကြီးတွေ အသုံးပြုပြီး အလွန်အကျွံကို တူးဖော်လာကြသည်။
စက်ယန္တကြီးများနှင့် တရားမဝင် ရွှေတူးဖော်မှုတွေ အဆမတန်များလာပြီး၊ ရွှေတူးရာကနေ စွန့်ပစ်တဲ့အညစ်အကြေးနဲ့ ရွှံနွံတွေကြောင့် အင်းကြီး အနာပတ်ပတ်လည်တလျှောက်မှာ အထဲကို တစ်မိုင်စီလောက် ကျုံ့ဝင်သွားပြီး အင်းကြီးကောလာနေပြီလို့ ဒေသခံတွေက ပြောပါသည်။
ဒီလို အင်းနံဘေး အနီးအနားမှာ ရွှေတွေ အလွန်အကျွံတူးလာရတာတွေကြောင့် အင်းကြီးတစ်ခုပဲ ပျက်စီးလာရတာမဟုတ်ဘဲ ဌာနေတိုင်းရင်းသား လယ်ယာလုပ်ငန်းလုပ်ကိုင်သူများနဲ့ ကျွဲ၊ နွား မွေးမြူသည့် ဒေသခံပြည်သူများအတွက် စာကျက်မြေနေရာများ ပျောက်ကွယ်သွားသည့် အခက်အခဲများနှင့် ရင်ဆိုင်နေရပါသည်။

👍7🔥3🤯1
သယံဇာတကျိန်စာ
အင်းတော်ကြီးဒေသသည် ဖားကန့်လုံးခင်း ကျောက်စိမ်းရတနာမြေ၊ ဆယ်ဇင်းရွာရွှေမှော်များ၊ ဟုမ္မလင်းရွှေမှော်များနဲ့ မော်လူး/မော်ဟန်ရွှေမှော်ဒေသများနဲ့ တောတောင်မြေကြောဆက်နွယ်နေတဲ့အတွက် သယံဇာတများ ပေါကြွယ်တဲ့ အရပ်ဒေသဖြစ်တယ်လို့ အဆိုပါဒေသက ရှေ့မှီနောက်မှီ ဒေသခံများက ပြောပြကြသည်။
အင်းတော်ကြီးအိုင်ထဲ စီးဝင်တဲ့ ရေအရင်းအမြစ်တွေထဲက တစ်ခုဖြစ်တဲ့ “ခေါင်းတုန်းချောင်”ဆိုရင် အခုအခါမှာ ရွှေတူးဖော်ရေးလုပ်ငန်းမှ စွန့်ထုတ်လိုက်တဲ့ ရေဆိုးနဲ့ အညစ်အကြေးတွေကြောင့် ချောင်းရေပြင်က ဧကတစ်ရာကျော်နီးပါး တိမ်ကောလာနေပြီဖြစ်ကြောင်းကို စုံစမ်းတွေ့ရှိရသည်။
“အင်းထဲစီးဝင်တဲ့ ချောင်းအများကြီးရှိတယ်ဆိုဦးတော့ အခုဆိုရင် နမ့်တိမ်ချောင်းရဲ့ ချောင်းဖျားက ကုန်နေပြီ။ အင်းအနောက်ဖက်က ချောင်းတွေဆိုရင်လည်း ကုန်သလောက်ရှိနေပြီ။ ကြာရင် ရွာတွေပါပျောက်နိုင်တယ်”လို့ အင်းတော်ကြီးဒေသခံ ကိုစိုင်းမောင်က အခုလိုပြောပြသည်။
အဆမတန် ရွှေတူးဖော်မှုကြောင့် ပျက်စီးသွားရတဲ့ ချောင်းတွေထဲမှာ အင်းတော်ကြီးဒေသ မိုင်းနောင်ရွာဘေးက မိုင်းနောင်ချောင်းလည်း တစ်ခုအပါအဝင်ဖြစ်ပြီးတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်စု အချိန်ကာလအတွင်းမှာ ဒီချောင်းရေက “လူတစ်ရပ်စာ ရေစူးရှိ” ပေမယ့် အခုချိန်မှာတော့ အဆိုပါချောင်းရေက ခြေမျက်စိလောက်သာ မြုပ်တော့သည့် အနေအထားကို ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ လက်ရှိအချိန်မှာတော့ တိမ်ကောလာနေတဲ့ ခေါင်းတုန်းချောင်းတစ်လျှောက်မှာ စိုက်ပျိုးလို့လည်းမရနိုင်တဲ့ ကန္တရစူးခင်း တွေအဖြစ်သာရှိလာနေပြီ ဖြစ်တယ်လို့ ဆိုသည်။
ရွှေတူးဖော်မှုတွေကြောင့် စီးဆင်လာတဲ့နွံများက အင်းရေပြင်ရဲ့ တစ်ဧကကျော်အထိ ဖုံးလွမ်းသွားပြီဖြစ်တယ်လို့ အင်းချစ်သူအဖွဲ့က တာဝန်ရှိသူတစ်ဦးက အခုလို ပြောပြခဲ့ပါသေးသည်။
“အင်းကောတာက အခုဆိုရင် တစ်နှစ်ကို အနည်းဆုံးတစ်မိုင်ဝန်းကျင်လောက်ရှိလာပြီ။ ဒါတောင် အပေါ်ကမြင်ရအပိုင်းကို ကြည့်ပြီး ခန့်မှန်းပြောပြတာ။ အောက်ကနေဝင်လာတဲ့ နွံတွေကိုက အပေါ်ကနေ မမြင်ရသေးဘူး။ အဲ့တာကလည်း မရှိဘူးဆိုရင်တောင် သုံးမိုင်လောက်ရှိမယ်။ ကျနော်တို့အဖွဲ့က လတိုင်း ဌက်စာရင်းကောက်တာသွားရင်းနဲ့ ဝါးနဲ့ ထိုးကြည့်တော့မှ သိရတယ်” လို့ ဆိုသည်။
အင်းတော်ကြီးအနီးပတ်ဝန်းကျင်ရှိ ရွာသားများက လုပ်ငန်းရှင်များ ရွှေတူးဖော်မှုများကြောင့် အင်းထဲ နွံများစီးဝင်လာပြီး လယ်ယာမြေများ လုပ်မရတော့တဲ့အတွက် မိမိတို့ပိုင်ဆိုင်တဲ့ လယ်ယာမြေတွေကို ရွှေတူးဖော်နေကြတဲ့ လုပ်ငန်းရှင်များကို ရောင်းချရုံမှတပါး အခြားရွေးစရာမရှိပါ။ မိသားစုစားဝတ်နေရေး အတွက်တော့ ဖားကန့်လိုနေရာများသို့ သွားရောက်ကာ ရေမဆေးကျောက်ရှာဖွေကြသည့် အလုပ်များကို ပြောင်းလုပ်လာနေကြရသည်။ တချို့လည်း ရေကြည်ရာမြက်နုရာ အခြားနေရာဒေသဆီ ပြောင်းရွေ့သွားကြသည်။
လက်ရှိစုံစမ်းရရှိထားတဲ့အချက်အလက်အရ ရွှေလုပ်ငန်းရှင်များထံ ရောင်းချထားတဲ့ လယ်ယာမြေများက ဧက ၅၀၀ ထက်မနည်းရှိနေပြီး၊ နောက်ထပ် ရောင်းဖို့ပြင်နေသည့် လယ်ယာမြေများလည်း ရှိသည်။
စစ်တပ်မှ အာဏာသိမ်းသည့် နှစ်နှစ်တာကာလအတွင်း အင်းတော်ကြီးဒေသတစ်ဝိုက်မှာ စက်ယန္တရားကြီးများနဲ့ ရွှေတူးဖော်မှုတွေကြောင့် ဒေသခံများအသုံးပြုနေကြတဲ့ အင်းထဲစီးဝင်တဲ့ ခေါင်းတုန်းခချောင်း၊ နမ့်တန်ခချောင်း၊ အင်မြန်ခချောင်းများက ရေလမ်းကြောင်းများပျက်စီးခြင်း၊ အိမ်မွေးတိရိစ္ဆာန်များရဲ့ စားကျက်မြေများ ပျောက်ကွယ်ခြင်း ဒေသခံအချို့ရွေ့ပြောင်းနေထိုင်လာရခြင်း အစရှိတဲ့ ပြသနာများကို ကြုံတွေ့လာနေရခြင်း ဖြစ်သည်။
ဒီရွှေမိုင်းတွင်းတွေကနေထွက်တဲ့ စွန့်ပစ်ပစ္စည်းတွေ အင်းထဲ ဘယ်လောက်များ စိမ့်ဝင်နေပြီလဲဆိုတာကို လက်တွေ့စမ်သပ်ပြီး သက်ဆိုင်ရာကို တင်ပြကြတဲ့ အဖွဲ့အစည်းတွေရှိတယ်ဆိုတာကို အခုချိန်ထိ မတွေ့ရသေးပါ။ ဒါကလည်း ဒေသခံ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့အစည်းတွေအနေနဲ့ လုပ်ကိုင်နိုင်တဲ့အင်အားက အကန့်အသတ်များစွာ ရှိနေတာဖြစ်ကြောင်းကို စုံစမ်းသိရှိခဲ့ရပါသည်။
စစ်တပ် အာဏာသိမ်းပြီးနောက်မှာ တိုင်တန်းရန်လည်း လုံခြုံမှုမရှိတော့တဲ့အတွက် တိုင်တန်မှုများလည်း မရှိတော့တာဖြစ်တယ်လို့ မိုင်းနောင်ဒေသခံ သတင်းရင်းမြစ်တစ်ဦးက အခုလိုပြောသည်။
“ တားလို့ကလည်း အကျိုးမှ မရှိတော့တာ။ အခုက အကုန်လုံးကိုကြောက်နေရတဲ့ အခြေအနေဆိုတော့ ကြောက်နေရတယ်ဗျာ” လို့ ဆိုသည်။

👍7🔥3
လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ကိုယ်ကျိုးစီးပွား
အင်းတော်ကြီးအိုင်ကို အန္တရာယ်ပေးခြိမ်းခြောက်နေတဲ့ စိန်ခေါ်မှုတွေအထဲမှာ ဒီအချက်ကလည်း တစ်ခုအပါအဝင် ဖြစ်နေသည်။ ဒီဒေသက ရွှေမှော်များဟာ ကေအိုင်အေတပ်မဟာ (၉) လက်အောက်ခံ ကေအိုင်အေတပ်ရင်း (၂၆) နယ်မြေနဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ အင်းတော်ြကီးဒေသအခြေပြု လုံးတုံတပ်ရင်းက တိုက်ရိုက်ကိုင်တွယ်လေ့ရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်များက အခိုင်အမာဆိုကြသည်။
ဒေသခံသတင်းရင်းမြစ်တစ်ဦးက “အခြေအနေက ခက်ပါတယ်ဗျာ။ ပြောသာပြောနေရတာ လုပ်တဲ့သူက လုပ်ကောင်းတုန်းဘဲ။ ရွှေလောပန်းတွေက တစ်ခုခုဆိုသူတို့က စုပေါင်းဖြေရှင်းကြတာလို့တော့ ကြားမိတယ်။ ဥပမာ ဘက်ဟိုးလာဖမ်းရင် ဘယ်လိုရှောင်ရမယ်။ ဘယ်နှစ်စီးထိုးကျွေးမယ်။ နောက်ပြီး ပိုက်ဆံပေးရမယ့် ကိစ္စတွေမှာဆိုရင်လည်း နှစ်ဖက်စလုံးနဲ့ ညှိကြဖို့ ကြားလူထားတာတွေက အရင်ကတည်းက ရှိတယ် ” ဟု ဆိုသည်။
ဒီအင်းတော်ကြီးဒေသက လက်နက်ကိုင်အဖွဲ့အားလုံးက သူ့နည်းသူ့ဟန်နဲ့ တန်းခိုးထက်ကြသူတွေ ဖြစ်တယ်လို့လည်း ဒေသခံများက ဆိုကြသည်။ လက်ရှိ အာဏာသိမ်းစစ်ကောင်စီလက်ထက် ကေအိုင်အေနဲ့ စစ်တပ်တို့အကြား ကချင်ပြည်နယ်အနှံ့မှာ တိုက်ခိုက်မှုတွေက ဒေသခံများကို မလုံမခြုံဖြစ်စေသည်။
အင်းတော်ကြီးအိုင်တခွင်မှာ နေထိုင်ကြတဲ့ လူနည်းစု ကချင်တိုင်းရင်းသားများကို မတရားအနိုင်ကျင့် စစ်ဆေးတတ်တယ်လို့ အမည်မဖော်လိုတဲ့ ကချင်တိုင်းရင်းသား ဒေသခံသတင်းရင်းမြစ်တစ်ဦးက အခုလို ပြောပြသည်။
“သူတို့ (စစ်ကောင်စီတပ်)က ကေအိုင်အေနဲ့ တစ်ခုခုဖြစ်လို့ သူတို့ဘက်က အထိနာခဲ့ပြီဆိုရင် ရွာတွေထဲက ကျနော်တို့ကို မျက်စိထောက်ထောက်ကြည့်ပြီ။ တခါတလေ မထင်ရင်မထင်သလို ခေါ်စစ်တာမျိုးတွေလည်း လုပ်နေတယ်” လို့ ပြောသည်။
ဒုတိယဖားကန့်လို ဖြစ်လာမယ့် အန္တရာယ်
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မိုးညှင်းမြို့နယ် အင်းတော်ကြီးအိုင်အနီးက မိုင်းနောင်၊ လုံးတုံကျေးရွာနဲ့ မမုံကိုင်း အစရှိတဲ့ ကျေးရွာတွေမှာတော့ ရုတ်ခြည်းဆိုသလို စက်ယန္တရားကြီးတွေနဲ့ မြေတူးဘက်ဟိုး အစီး ၅၀၀ ထက်မနည်း ရောက်ရှိလာကာ ရွှေများစတင်တူးဖော်လာခဲ့ကြခြင်း ဖြစ်သည်။
ယခင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လက်ထက်မှာ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ မြို့နယ် (၁၁) မြို့နယ်မှာ အသေးစားရွှေလုပ်ကွက်ပေါင်း ၂၂၃ ကွက်ကို ချထားပေးခဲ့တယ်လို့ ကချင်ပြည်နယ်သတ္ထုတွင်းဦးစီးဌာနရဲ့ အချက်အလက်အရ သိရသည်။ သို့ပေမယ့် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသမှာ ဘယ်သတ္ထုတူးဖော်ရေး လုပ်ကွက်များကို ချပေးခဲ့တာမရှိကြောင်း ပြည်နယ်သတ္ထုတွင်းရုံးမှ သတင်းရင်းမြစ်များက အခိုင်အမာဆိုကြသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီခန့် ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သလို ပြည်နယ်လူမှုရေးဝန်ကြီးလည်းဖြစ်တဲ့ ဦးဝင်းရဲထွန်းက အင်းတော်ကြီးဒေသမှာ ရွှေတူးဖော်မှုများက တရားမဝင်ခိုးတူးနေမှုသာဖြစ်ပြီးတော့ စစ်ကောင်စီအနေနဲ့လည်း သီးခြား တရားဝင်လုပ်ကွက်ချထားပေးတာမရှိဘူးလို့ ကချင်ပြည်နယ်အခြေစိုက် သတင်းဌာနတွေကို ဖြေဆိုထားတာတွေ့ရသည်။
အင်းတော်ကြီးဒေသတစ်ဝိုက်မှာ စစ်တပ်က ရွှေတူးဖော်ခွင့်တွေကို အခွန်ကောက်ခံပြီး ခွင့်ပြုထားတဲ့အတွက် သဘာဝပတ်ဝန်းကျင်တွေပျက်စီးလာရသလို အင်းကြီးပိုပြီးပျက်စီးလာရတယ်လို့ ကချင်ပြည်နယ်အခြေစိုက် သတင်းဌာနများမှ လူမှုကွန်ယက်စာမျက်နှာထက်တွေမှာ ခပ်စိတ်စိတ်ဖော်ပြလာတဲ့အတွက် အခုလ (ဖေဖော်ဝါရီလ) ၁၁ ရက်နေ့ကစပြီး “လက်ရှိရွှေတူးဖော်နေကြတဲ့ မိုင်းနောင်ကျေးရွာနဲ့ လုံးတုံကျေးရွာတစ်ဝိုက်က ရွှေမှော်များကို ရပ်နားခိုင်းထားတယ်” လို့ ဒေသခံများက အတည်ပြု ပြောဆိုပါသည်။
“စစ်ကောင်စီဘက်က အရပ်ဝတ်နဲ့ သေနတ်တွေကိုင်ပြီး လုပ်တဲ့နေရာထိလာပြီး ပြောသွားတာဟုတ်တယ်။ အခုတော့အားလုံး နားလိုက်ကြပြီဟုတ်တယ်” လို့ ဆိုသည်။
စစ်ကောင်စီတပ်ဘက်က အခုလိုလာရောက်ပြောဆိုပြီးနောက် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကစပြီး ရွှေတူးဖော်နေကြတဲ့ ရွှေလောပန်းတွေက ၎င်းတို့ရဲ့ စက်ယန္တရားကြီးတွေကို သယ်ယူပြီး တူးလက်စ အလုပ်တွေကို ဒီအတိုင်းထားခဲ့ကြကာ အလျိုလျို စတင်ထွက်ခွာနေကြပြီ ဖြစ်တယ်လို့ မျက်မြင်တွေ့ရှိခဲ့ကြတဲ့ ဒေသခံများက ဆိုကြသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်နှစ်အကြာမှာမှ အခုလို ပထမဆုံးအကြိမ်အဖြစ် လုပ်ကွက်များအားလုံးကို နားခိုင်းလိုက်တာပါ။ သို့သော် ဘယ်လောက်ကြာကြာနားမလဲဆိုတာ မသိရသေးပါ။ ယခင်ကလည်း အခုလိုနားတာတွေရှိခဲ့ပေမယ့် များမကြာမီမှာ ရွှေတူးလုပ်ငန်းတွေ ပြန်စတာကို တွေ့ရပါသည်။
အင်းတော်ကြီးအိုင် ပတ်ဝန်းကျင်က ရွှေလုပ်ကွက်တွေကို စံနစ်တကျစီမံခန့်ခွဲမှုမရှိဘဲ စက်ယန္တယားကြီးတွေနဲ့ ဆက်တူးနေမယ်ဆိုရင် အင်းတော်ကြီးအိုင် အနီးပတ်ဝန်းကျင်က လယ်ယာမြေတွေ ပျက်စီးဆုံးရှုံးမှာဖြစ်သလို အိုင်ကြီးတိမ်ကောပြီး ရေကြောမြေကြော ပျက်ဆီးမှုတွေအပြင် သဘာဝနဲ့ လူသား အပြန်အလှန်မှီတင်းနေထိုင်နေတဲ့ အင်းတော်ကြီးဒေသခံတွေရဲ့ အသိုက်အမြုံလေးပါ ပျက်စီးပျောက်ကွယ်သွားမှာကို စိုးရိမ်နေကြပါသည်။

👍9🔥5
မတ်လ ၆ ရက်၊ ညနေ ၄နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
01:01 - မြန်မာနည်းပညာကုမ္ပဏီ သုံးခုကို အမေရိကန် နာမည်ပျက်စာရင်းသွင်းလိုက်တဲ့ သတင်း
02:37- ရွှေဘိုမြို့နယ်မှာ မိုင်းဆွဲခံရတာကြောင့် ပျူစောထီးဆိုသူသေဆုံးပြီး တပ်ကြပ်ပြင်းထန်ဒဏ်ရာရတဲ့ သတင်း
04:17 - မုံရွာစီးပွားရေးတက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတဲ့ သတင်း
05:30 - နျူကလီးယားစောင့်ကြည့်ရေး ကင်မရာတွေပြန်လည်ထားရှိဖို့ အီရန်သဘောတူလိုက်တဲ့ သတင်း အပါအဝင်တခြားအရေးကြီးတဲ့သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်သွားမှာပါခင်ဗျာ ။
https://youtu.be/c6qkXxU0MPs

YouTube
မတ်လ ၆ ရက်၊ ညနေ ၄နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
01:01 - မြန်မာနည်းပညာကုမ္ပဏီ သုံးခုကို အမေရိကန် နာမည်ပျက်စာရင်းသွင်းလိုက်တဲ့ သတင်း
02:37- ရွှေဘိုမြို့နယ်မှာ မိုင်းဆွဲခံရတာကြောင့် ပျူစောထီးဆိုသူသေဆုံးပြီး တပ်ကြပ်ပြင်းထန်ဒဏ်ရာရတဲ့ သတင်း
04:17 - မုံရွာစီးပွားရေးတက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်…

👍7😁1🤮1
ဝေဟင်မှ ခြိမ်းခြောက်မှု
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်သည့် တိုက်ပွဲက နှစ်နှစ်တာကြာလာစဉ် ပို၍မြင်သာလာသည့်အချက်က အာဏာသိမ်းစစ်တပ်နှင့် ယှဉ်လျှင် လက်နက်တပ်ဆင်အသုံးပြုနိုင်မှုပိုင်း အားနည်းနေသည့် နွေဦးတော်လှန်ရေးတပ်ဖွဲ့များသည် စစ်တပ်၏ ပစ်အားနှင့် ရင်ဆိုင်ရချိန်တွင် အားနည်းချက်ရှိသည့် အခြေအနေတွင် ရှိနေခြင်းဖြစ်သည်။ ယင်းက ရုပ်ပိုင်းဆိုင်ရာအရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ အကြီးမားဆုံး စိန်ခေါ်မှုတစ်ခု ဖြစ်မည်ဟု ထင်ရသည့် ဝေဟင်မှ ခြိမ်းခြောက်မှု ဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍7🥴4😁1
အမေရိကန်က ဒေါ်လာ ၆၁၉ သန်းတန်ဖိုးရှိ လက်နက်များကို ထိုင်ဝမ်သို့ ရောင်းရန် အတည်ပြု
အမေရိကန်က F-16 တိုက်လေယာဉ်များအတွက် ဒေါ်လာ ၆၁၉ သန်းတန်ဖိုးရှိ ခဲယမ်းများ အပါအဝင် ထိုင်ဝမ်သို့ စစ်လက်နက်များ ထပ်မံရောင်းချရန် အတည်ပြုလိုက်ပြီး ထိုင်ဝမ်ကိုပိုင်နက်အဖြစ်တောင်းဆိုနေသည့် တရုတ်နှင့် အမေရိကန်တို့အကြား နောက်ထပ် သဘောထားကွဲလွဲမှု ဖြစ်လာနိုင်မည့် ဆုံးဖြတ်ချက်တစ်ခုဖြစ်သည်။

❤9😁2👍1
ရုရှားသို့ လက်နက်မပို့ရန် ဂျာမနီဝန်ကြီးချုပ်က တရုတ်အား တောင်းဆို
ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှော့ဇ်က တရုတ်နိုင်ငံအား ရုရှားနိုင်ငံသို့ လက်နက်များ ပေးပို့ခြင်း မပြုလုပ်ရန်နှင့် ယူကရိန်းမှ ရုရှားတပ်များ ဆုတ်ခွာရေးအတွက် ဖိအားပေးရာတွင် ၎င်း၏ သြဇာကို အသုံးပြုရန် မတ်လ ၂ ရက်နေ့တွင် တောင်းဆိုလိုက်သည်။

👍13😁1🥴1
စစ်ကောင်စီတပ်၏ အစုအလိုက်အပြုံလိုက် သတ်ဖြတ်မှုများအတွက် ICC ထံတိုင်ကြားရန် NUG စီစဉ်
မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။နိုင်ငံအဝှမ်းတွင် စစ်ကောင်စီတပ်မှကျူးလွန်လျှက်ရှိသော အစုအလိုက်အပြုံလိုက် သတ်ဖြတ်မှုများအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး(ICC) ထံတိုင်ကြားရန် စီစဉ်နေကြောင်း အမျိုး သားညီညွတ်ရေးအစိုးရ(NUG)က မတ်လ ၆ ရက်နေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှတစ်ဆင့် ထုတ်ဖော်ပြောကြားလိုက်သည်။
ငါးဦးထက်ကျော်သည့်သတ်ဖြတ်မှုများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဟု အမျိုးသားညီညွတ်ရေး အစိုးရမှ သတ်မှတ်ထားပြီး အမှုပေါင်း ၃၀ ကျော်ကို စစ်ကောင်စီဘက်မှ ကျူးလွန်ထားကြောင်း ဆိုသည်။
“ ICC မှာတင်နိုင်ဖို့ကျနော်တို့ကြိုးပမ်းပါတယ်။ လက်ရှိအခြေအနေမှာ ICC က ကျနော်တို့ အမှုတွေကို လက်ခံဖို့အတွက် ဖိတ်ကြားထားပါတယ်။ တကယ်လို့ သူတို့အနေနဲ့ စုံစမ်းစစ်ဆေးဖို့ဖြစ်လာရင် ဒီအမှုတွေ ကို တရားရုံးမှာ ခိုင်ခိုင်မာမာတင်ပြနိုင်ဖို့ ပြင်ဆင်ထားပါတယ်။ “ NUG ၊ လူ့အခွင့်ရေး ဆိုင်ရာဝန်ကြီးဌာန ဝန်ကြီးဦးအောင်မျိုးမင်းက မဇ္ဈိမသို့ပြောသည်။
စစ်တပ်၏ကျူးလွန်မှုများအပေါ် လူ့အခွင့်ရေးယန္တရားများကိုအသုံးပြုပြီး ကုလသမဂ္ဂအထွေထွေညီလာခံ တွင် နိုင်ငံရေးဆုံးဖြတ်မှုများ၊ အရေးယူမှုများ ရရှိသည်အထိ ပြုလုပ်နိုင်ရန်လည်း ဆောင်ရွက်နေကြောင်း ဆိုသည်။
လက်နက်ကိုင်တော်လှန်ရေးကာလအတွင်း စစ်ကောင်စီသည် ၎င်းတို့ကိုအပြင်းအထန်ခုခံ တိုက်ခိုက်နေ သည့် နေရာများကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခြင်း၊ ကျေးရွာများကို မီးရှို့ခြင်း၊ အရပ်သား ပြည်သူများကို သတ်ဖြတ်ခြင်း၊ မုဒိန်မှုများကျူးလွန်ခြင်း အစရှိသည့် စစ်ရာဇဝတ်မှုများကို ဆက်တိုက် ကျူးလွန်လျှက်ရှိသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ တာတိုင်ကျေးရွာမှ ပြည်သူ ၁၇ ဦး ကို အစုအလိုက်ပြုံလိုက် ရက်ရက်စက်စက်သတ်ဖြတ်မှုပြုလုပ်ခဲ့သည်။
အာဏာသိမ်းကာလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးရသည့်အရပ်သား စုစုပေါင်း ၃,၀၀၀ နီးပါးရှိနေပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည့်အချက်အလက်များ အရ သိရသည်။
စစ်ကောင်စီဘက်မှ ကျူးလွန်နေသည့် အထက်ပါလုပ်ရပ်များအတွက် ပြင်းထန်စွာရှုတ်ချထားပြီး တရား မျှတမှုပြန်လည်ရရှိရေး အလေးနက်ထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း NUG က ထုတ်ပြန်ကြေညာ ထားသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#အစုလိုက်အပြုံလိုက်
#သတ်ဖြတ်
#ICC
#NUG

👍20🤬4😁2👏1
သတင်းအမှားများကို တိုက်ဖျက်ခြင်း | Misinformation Buster S3| Ep.55
- CRPH နဲ့ NUG ခေါင်းဆောင်တွေ ပြောကြားထားခြင်းမရှိတဲ့ စကားစုတွေကို ပုံနဲ့ဖြန့်ဝေနေတဲ့ အကြောင်းနဲ့အတူ
- TNLA ဒုစစ်ဦးစီးချုပ် ကွယ်လွန်ခြင်းကို အချင်းချင်း လုပ်ကြံခံရတယ်လို့ ဖြန့်ဝေတဲ့ သတင်းမှား
- ဖြတ်ညှပ်ကပ်ဗီဒီယိုတွေနဲ့ ပြည်သူအိမ်ကို မီးရှို့တယ်ပြောလို့ ယာယီသမ္မတကို ပန်ဆယ်လိုဆဲတယ်ဆိုတဲ့သတင်းတု
- ကမ္ဘောဒီးယားနိုင်ငံက ရဲတပ်သားပုံကိုပြုပြင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေကို ပုံဖျက်တိုက်ခိုက်နဲ့အကြောင်း စတဲ့ တစ်ပတ်အတွင်း ဖော်ထုတ်ခဲ့တဲ့ သတင်းတု သတင်းမှားတွေကို ဂျူချန်းက တင်ဆက်ထားပါတယ်။
https://youtu.be/NhzIs78zPWw

မင်္ဂလာပါ။
ဒီတပတ်ရဲ့ သတင်းအမှားများကို တိုက်ဖျက်ခြင်း - Misinformation Buster အစီအစဉ်မှာတော့

- TNLA ဒုစစ်ဦးစီးချုပ် ကွယ်လွန်ခြင်းကို အချင်းချင်း လုပ်ကြံခံရတယ်လို့…

👍11😁1🥴1
မတ်လ 6 ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေး၊ စားအုန်းဆီဈေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥1
ရေနံချောင်းမြို့မရဲစခန်း မိုင်းခွဲတိုက်ခိုက်ခံရ
============
ပါခွီး
မဇ္စျိမ ။ ။မကွေးတိုင်း၊ ရေနံချောင်းမြို့ မြို့မရဲစခန်းကို မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yenanchaung Local People Defense Force တာဝန်ခံ ဖေကံကောင်းက မဇ္ဈိမသို့ ပြောသည်။
မတ်လ ၅ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်အချိန်တွင် ရဲစခန်းအတွင်းထိ အနီးကပ်ဆုံးချဉ်းကပ်ပြီး မိုင်းထောင် ကာ အဝေးထိန်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ ယင်းတိုက်ခိုက်မှုကြောင့် ရဲစခန်းအဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ပြီး ထိခိုက်၊ သေဆုံးမှုကို ဆက်လက်စုံစမ်းနေကြောင်း သိရ သည်။
ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်နေစဉ် ဆိုင်ကယ်တစ်စီး အနားသို့ရောက်ရှိလာကာ အနည်းငယ်ထိခိုက်ဒဏ် ရာရရှိသွားကြောင်းသိရသည့်အတွက် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအနေဖြင့် တောင်းပန်ကြောင်း လည်းဆိုသည်။
တိုက်ခိုက်မှုကို ဖေကံကောင်း Yenanchaung Local People Defense Force နှင့် ရေနံချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ နတ်မောက်မြို့နယ် ပြည်သူကာကွယ်ရေးများပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်း မြို့မရဲစခန်းထဲတွင် စစ်ကောင်စီတပ်သား၊ ရဲနှင့်မိသားစု၊ ပျူစောထီးများအပါအဝင် လူအင်အား ၃၀ ခန့်ရှိကာ ပြည်သူများ အထိတ်တလန့်ဖြစ်စေရန် နေ့စဉ် သေနတ်များပစ် ဖောက်လေ့ရှိကြောင်းဆိုသည်။
ရဲစခန်းတွင် စစ်ကောင်စီတပ်သားများနှင့် ရဲများအင်အားနည်းပါးသောကြောင့် ပျူစောထီးဆိုသူများကို ယူနီဖောင်းများပေးဝတ်ကာ မြို့ကို ကင်းပတ်လေ့ရှိကြောင်းလည်းသိရသည်။
ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်းတို့၏ လက်ပါးစေများအနီးတွင် နေထိုင်ခြင်း မပြုကြ ရန်နှင့် အတတ်နိုင်ဆုံး ရှောင်ရှားသွားလာကြရန် Yenanchaung Local People Defense Force မှ မေတ္တာရပ်ခံထားသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#ရေနံချောင်း
#ရဲစခန်း
#တိုက်ခိုက်
#မိုင်း

👍11👏2😁1🥱1
ကင်ညာကုန်သွယ်ရေးဝန်ကြီးက China Square ဈေးဝယ်စင်တာကို ရပ်ဆိုင်းရန် လိုလားနေ
ကင်ညာနိုင်ငံ၏ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့်စက်မှုဝန်ကြီးဌာနဝန်ကြီး မိုးဇက်ကူရီယာသည် ကင်ညာဈေးကွက်ရှိ China Square ဈေးဝယ်စင်တာကို လုပ်ငန်းလည်ပတ်မှု ရပ်တန့်စေချင်နေကြောင်း ကင်ညာအခြေစိုက် People Daily က ဖော်ပြသည်။

👍6😁2
ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်မှု လူသောင်းချီ အိုးမဲ့အိမ်မဲ့ဖြစ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခု၌ ယမန်နေ့က မီးလောင်မှု ဖြစ်ပွားခြင်းကြောင့် တဲအိမ် ၂,၀၀၀ ခန့် မီးထဲပါပျက်စီးသွားပြီး လူ ၁၂,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

👍5😢2🔥1👏1