Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ဝေဟင်မှ ခြိမ်းခြောက်မှု

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်သည့် တိုက်ပွဲက နှစ်နှစ်တာကြာလာစဉ် ပို၍မြင်သာလာသည့်အချက်က အာဏာသိမ်းစစ်တပ်နှင့် ယှဉ်လျှင် လက်နက်တပ်ဆင်အသုံးပြုနိုင်မှုပိုင်း အားနည်းနေသည့် နွေဦးတော်လှန်ရေးတပ်ဖွဲ့များသည် စစ်တပ်၏ ပစ်အားနှင့် ရင်ဆိုင်ရချိန်တွင် အားနည်းချက်ရှိသည့် အခြေအနေတွင် ရှိနေခြင်းဖြစ်သည်။ ယင်းက ရုပ်ပိုင်းဆိုင်ရာအရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ အကြီးမားဆုံး စိန်ခေါ်မှုတစ်ခု ဖြစ်မည်ဟု ထင်ရသည့် ဝေဟင်မှ ခြိမ်းခြောက်မှု ဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🥴4😁1
​​အမေရိကန်က ဒေါ်လာ ၆၁၉ သန်းတန်ဖိုးရှိ လက်နက်များကို ထိုင်ဝမ်သို့ ရောင်းရန် အတည်ပြု

အမေရိကန်က F-16 တိုက်လေယာဉ်များအတွက် ဒေါ်လာ ၆၁၉ သန်းတန်ဖိုးရှိ ခဲယမ်းများ အပါအဝင် ထိုင်ဝမ်သို့ စစ်လက်နက်များ ထပ်မံရောင်းချရန် အတည်ပြုလိုက်ပြီး ထိုင်ဝမ်ကိုပိုင်နက်အဖြစ်တောင်းဆိုနေသည့် တရုတ်နှင့် အမေရိကန်တို့အကြား နောက်ထပ် သဘောထားကွဲလွဲမှု ဖြစ်လာနိုင်မည့် ဆုံးဖြတ်ချက်တစ်ခုဖြစ်သည်။
❤9😁2👍1
​​ရုရှားသို့ လက်နက်မပို့ရန် ဂျာမနီဝန်ကြီးချုပ်က တရုတ်အား တောင်းဆို 

ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှော့ဇ်က တရုတ်နိုင်ငံအား ရုရှားနိုင်ငံသို့ လက်နက်များ ပေးပို့ခြင်း မပြုလုပ်ရန်နှင့် ယူကရိန်းမှ ရုရှားတပ်များ ဆုတ်ခွာရေးအတွက် ဖိအားပေးရာတွင် ၎င်း၏ သြဇာကို အသုံးပြုရန် မတ်လ ၂ ရက်နေ့တွင် တောင်းဆိုလိုက်သည်။
👍13😁1🥴1
​​စစ်ကောင်စီတပ်၏ အစုအလိုက်အပြုံလိုက် သတ်ဖြတ်မှုများအတွက် ICC ထံတိုင်ကြားရန် NUG စီစဉ်

မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။နိုင်ငံအဝှမ်းတွင် စစ်ကောင်စီတပ်မှကျူးလွန်လျှက်ရှိသော အစုအလိုက်အပြုံလိုက် သတ်ဖြတ်မှုများအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး(ICC) ထံတိုင်ကြားရန် စီစဉ်နေကြောင်း အမျိုး သားညီညွတ်ရေးအစိုးရ(NUG)က မတ်လ ၆ ရက်နေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှတစ်ဆင့် ထုတ်ဖော်ပြောကြားလိုက်သည်။
ငါးဦးထက်ကျော်သည့်သတ်ဖြတ်မှုများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဟု အမျိုးသားညီညွတ်ရေး အစိုးရမှ သတ်မှတ်ထားပြီး အမှုပေါင်း ၃၀ ကျော်ကို စစ်ကောင်စီဘက်မှ ကျူးလွန်ထားကြောင်း ဆိုသည်။
“ ICC မှာတင်နိုင်ဖို့ကျနော်တို့ကြိုးပမ်းပါတယ်။ လက်ရှိအခြေအနေမှာ ICC က ကျနော်တို့ အမှုတွေကို လက်ခံဖို့အတွက် ဖိတ်ကြားထားပါတယ်။ တကယ်လို့ သူတို့အနေနဲ့ စုံစမ်းစစ်ဆေးဖို့ဖြစ်လာရင် ဒီအမှုတွေ ကို တရားရုံးမှာ ခိုင်ခိုင်မာမာတင်ပြနိုင်ဖို့ ပြင်ဆင်ထားပါတယ်။ “ NUG ၊ လူ့အခွင့်ရေး ဆိုင်ရာဝန်ကြီးဌာန ဝန်ကြီးဦးအောင်မျိုးမင်းက မဇ္ဈိမသို့ပြောသည်။
စစ်တပ်၏ကျူးလွန်မှုများအပေါ် လူ့အခွင့်ရေးယန္တရားများကိုအသုံးပြုပြီး ကုလသမဂ္ဂအထွေထွေညီလာခံ တွင် နိုင်ငံရေးဆုံးဖြတ်မှုများ၊ အရေးယူမှုများ ရရှိသည်အထိ ပြုလုပ်နိုင်ရန်လည်း ဆောင်ရွက်နေကြောင်း ဆိုသည်။
လက်နက်ကိုင်တော်လှန်ရေးကာလအတွင်း စစ်ကောင်စီသည် ၎င်းတို့ကိုအပြင်းအထန်ခုခံ တိုက်ခိုက်နေ သည့် နေရာများကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခြင်း၊ ကျေးရွာများကို မီးရှို့ခြင်း၊ အရပ်သား ပြည်သူများကို သတ်ဖြတ်ခြင်း၊ မုဒိန်မှုများကျူးလွန်ခြင်း အစရှိသည့် စစ်ရာဇဝတ်မှုများကို ဆက်တိုက် ကျူးလွန်လျှက်ရှိသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ တာတိုင်ကျေးရွာမှ ပြည်သူ ၁၇ ဦး ကို အစုအလိုက်ပြုံလိုက် ရက်ရက်စက်စက်သတ်ဖြတ်မှုပြုလုပ်ခဲ့သည်။
အာဏာသိမ်းကာလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးရသည့်အရပ်သား စုစုပေါင်း ၃,၀၀၀ နီးပါးရှိနေပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည့်အချက်အလက်များ အရ သိရသည်။
စစ်ကောင်စီဘက်မှ ကျူးလွန်နေသည့် အထက်ပါလုပ်ရပ်များအတွက် ပြင်းထန်စွာရှုတ်ချထားပြီး တရား မျှတမှုပြန်လည်ရရှိရေး အလေးနက်ထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း NUG က ထုတ်ပြန်ကြေညာ ထားသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#အစုလိုက်အပြုံလိုက်
#သတ်ဖြတ်
#ICC
#NUG
👍20🤬4😁2👏1
သတင်းအမှားများကို တိုက်ဖျက်ခြင်း | Misinformation Buster S3| Ep.55

- CRPH နဲ့ NUG ခေါင်းဆောင်တွေ ပြောကြားထားခြင်းမရှိတဲ့ စကားစုတွေကို ပုံနဲ့ဖြန့်ဝေနေတဲ့ အကြောင်းနဲ့အတူ
- TNLA ဒုစစ်ဦးစီးချုပ် ကွယ်လွန်ခြင်းကို အချင်းချင်း လုပ်ကြံခံရတယ်လို့ ဖြန့်ဝေတဲ့ သတင်းမှား
- ဖြတ်ညှပ်ကပ်ဗီဒီယိုတွေနဲ့ ပြည်သူအိမ်ကို မီးရှို့တယ်ပြောလို့ ယာယီသမ္မတကို ပန်ဆယ်လိုဆဲတယ်ဆိုတဲ့သတင်းတု
- ကမ္ဘောဒီးယားနိုင်ငံက ရဲတပ်သားပုံကိုပြုပြင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေကို ပုံဖျက်တိုက်ခိုက်နဲ့အကြောင်း စတဲ့ တစ်ပတ်အတွင်း ဖော်ထုတ်ခဲ့တဲ့ သတင်းတု သတင်းမှားတွေကို ဂျူချန်းက တင်ဆက်ထားပါတယ်။

https://youtu.be/NhzIs78zPWw
👍11😁1🥴1
🔥2👍1
မတ်လ 6 ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေး၊ စားအုန်းဆီဈေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥1
​​ရေနံချောင်းမြို့မရဲစခန်း မိုင်းခွဲတိုက်ခိုက်ခံရ
============
ပါခွီး
မဇ္စျိမ ။ ။မကွေးတိုင်း၊ ရေနံချောင်းမြို့ မြို့မရဲစခန်းကို မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yenanchaung Local People Defense Force တာဝန်ခံ ဖေကံကောင်းက မဇ္ဈိမသို့ ပြောသည်။
မတ်လ ၅ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်အချိန်တွင် ရဲစခန်းအတွင်းထိ အနီးကပ်ဆုံးချဉ်းကပ်ပြီး မိုင်းထောင် ကာ အဝေးထိန်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ ယင်းတိုက်ခိုက်မှုကြောင့် ရဲစခန်းအဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ပြီး ထိခိုက်၊ သေဆုံးမှုကို ဆက်လက်စုံစမ်းနေကြောင်း သိရ သည်။
ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်နေစဉ် ဆိုင်ကယ်တစ်စီး အနားသို့ရောက်ရှိလာကာ အနည်းငယ်ထိခိုက်ဒဏ် ရာရရှိသွားကြောင်းသိရသည့်အတွက် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအနေဖြင့် တောင်းပန်ကြောင်း လည်းဆိုသည်။
တိုက်ခိုက်မှုကို ဖေကံကောင်း Yenanchaung Local People Defense Force နှင့် ရေနံချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ နတ်မောက်မြို့နယ် ပြည်သူကာကွယ်ရေးများပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်း မြို့မရဲစခန်းထဲတွင် စစ်ကောင်စီတပ်သား၊ ရဲနှင့်မိသားစု၊ ပျူစောထီးများအပါအဝင် လူအင်အား ၃၀ ခန့်ရှိကာ ပြည်သူများ အထိတ်တလန့်ဖြစ်စေရန် နေ့စဉ် သေနတ်များပစ် ဖောက်လေ့ရှိကြောင်းဆိုသည်။
ရဲစခန်းတွင် စစ်ကောင်စီတပ်သားများနှင့် ရဲများအင်အားနည်းပါးသောကြောင့် ပျူစောထီးဆိုသူများကို ယူနီဖောင်းများပေးဝတ်ကာ မြို့ကို ကင်းပတ်လေ့ရှိကြောင်းလည်းသိရသည်။
ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်းတို့၏ လက်ပါးစေများအနီးတွင် နေထိုင်ခြင်း မပြုကြ ရန်နှင့် အတတ်နိုင်ဆုံး ရှောင်ရှားသွားလာကြရန် Yenanchaung Local People Defense Force မှ မေတ္တာရပ်ခံထားသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#ရေနံချောင်း
#ရဲစခန်း
#တိုက်ခိုက်
#မိုင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11👏2😁1🥱1
​​ကင်ညာကုန်သွယ်ရေးဝန်ကြီးက China Square ဈေးဝယ်စင်တာကို ရပ်ဆိုင်းရန် လိုလားနေ

ကင်ညာနိုင်ငံ၏ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့်စက်မှုဝန်ကြီးဌာနဝန်ကြီး မိုးဇက်ကူရီယာသည် ကင်ညာဈေးကွက်ရှိ China Square ဈေးဝယ်စင်တာကို လုပ်ငန်းလည်ပတ်မှု ရပ်တန့်စေချင်နေကြောင်း ကင်ညာအခြေစိုက် People Daily က ဖော်ပြသည်။
👍6😁2
​​ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်မှု လူသောင်းချီ အိုးမဲ့အိမ်မဲ့ဖြစ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခု၌ ယမန်နေ့က မီးလောင်မှု ဖြစ်ပွားခြင်းကြောင့် တဲအိမ် ၂,၀၀၀ ခန့် မီးထဲပါပျက်စီးသွားပြီး လူ ၁၂,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5😢2🔥1👏1
အိမ်၊ခြံ၊မြေအကျိုးဆောင်များ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးရုံးများထံတွင် လိုင်စင်တင်ပြီးမှအရောင်း အဝယ်လုပ်ကိုင်ရတော့မည်
==================
ထွန်းမောင် (မဇ္ဈိမ)
မြန်မာနိုင်ငံအတွင်းရှိ အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်နေကြသည့် အကျိုးဆောင်များအနေဖြင့် အိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်မည်ဆိုပါက သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးတွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဥပဒေ အသိပညာပေးသင်တန်းဆင်းလက်မှတ်ဖြင့် အကျိုးဆောင်လိုင်စင်လျှောက်ထားရမည်ဟု သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန ၊ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့က အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္တု ရောင်းဝယ်သူများ ကြီးကြပ်ရေး အာဏာပိုင် သတင်းပို့အဖွဲ့အစည်းဖြစ်သည့် အိမ်ခြံမြေအကျိုးဆောင်များဆိုင်ရာ ညွှန်ကြားချက် ထုတ်ပြန်ထားရှိပြီးနောက် ထွက်ပေါ်လာသည့် ညွှန်ကြားချက်လည်း ဖြစ်သည်။
😁5👍4❤3
‘’ကျွန်မတို့နယ်မှာရှိတဲ့ အိမ်ခြံမြေအကျိုးဆောင်တွေကို ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးသင်တန်းတွေ တက်ရမယ်။အဲဒီသင်တန်းတွေတက်မှပဲ အိမ်ခြံမြေအကျိုးဆောင် လုပ်လို့ရတော့မယ်ဆိုပြီး ပြောတယ်။သင်တန်းမှာလည်း လူကြီးတွေပြောတာတော့ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုနဲ့ ဆက်နွယ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို စောင့်ကြည့်သူ ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ (FATF) က အမည်မည်းစာရင်း (Black List) သွင်းထားတယ်။ဒါကြောင့်ငါတို့တွေက ဒီလိုအိမ်ခြံမြေအကျိုးဆောင်တွေ၊ရွှေလုပ်ငန်းလုပ်ကိုင်တဲ့သူတွေကို ငွေဖြူငွေမည်းမလုပ်အောင် သင်တန်းတွေပေးနေရတာဖြစ်တယ်။ဒါမှငါတို့နိုင်ငံကို အမည်မည်းစာရင်းက ပယ်ဖျက်ခံရမှာလို့ ပြောတာပဲ။ကျွန်မလည်း အိမ်ခြံမြေအကျိုးဆောင်လုပ်လာတာ ၁၀ နှစ်ကျော်ပြီ တခါမှမကြုံဖူးဘူး’’ဟု မိထ္ထီလာမြို့မှသင်တန်းလာရောက်တက်သည့် အကျိုးဆောင်တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံသည် အီရန်နှင့်မြောက်ကိုရီးယားနိုင်ငံနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ ငွေကြေးခဝါချမှု၊အကြမ်းဖက်မှုနှင့် ဆက်နွယ်သည့် စီးပွားရေးလုပ်ငန်းများကို စောင့်ကြည့်သူ ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ (FATF) ၏ အမည်မည်းစာရင်းတွင် ပါဝင်နေခြင်းဖြစ်သည်။
‘’တကယ်တော့ဆိုင်တော့မဆိုင်ဘူးဗျ၊အခုအိမ်ခြံမြေအရောင်းအဝယ်တွေ တော်တော်လေးအေးကုန်တယ်။ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီးတော့ ဒီညွှန်ကြားချက် ထွက်လာတယ်။ သူကအရောင်းအဝယ်တစ်ခုဖြစ်လို့ သိန်းထောင်ကျော်ရင် ထွေအုပ်ရုံးကိုသတင်းပို့ရမယ်ဆိုတော့ လူတွေကလန့်ကုန်တယ်။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်တာတောင်ဘယ်ကရတဲ့ငွေနဲ့ ဝယ်တာလဲ၊ဘာညာတွေမေးတာစမ်းတာတွေကို မကြိုက်ကြဘူးလေ။ အဲဒီမှာအရောင်းအဝယ် အေးကုန်တာ။ပြီးတော့ နိုင်ငံတကာကBlack List သွင်းတယ်ဆိုတာကလည်း စစ်ဗိုလ်ချုပ်တွေကို သွင်းချင်တာလေ။အခုတော့အောက်ခြေက အိမ်ပွဲစားလေးတွေကို လာထိကြတာပေါ့’’ဟုလည်း အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောသည်။
လက်ရှိမြန်မာနိုင်ငံ အိမ်ခြံမြေလောကတွင် "မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(MRESA) နှင့် မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MRPDA)" ဟူ၍ မှတ်ပုံတင်ထားသည့် အသင်းနှစ်သင်းရှိသည်။
စာတည်း။ ။ ဖူးသိမ်ကျ
#အိမ်ခြံမြေလုပ်ငန်း
#စစ်ကောင်စီ
#ရင်းနှီးမြှုပ်နှံမှု
ပုံ- ၂၀၂၃ အိမ်ခြံမြေအရောင်းပြပွဲ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁5
​​မြန်မာနိုင်ငံရှိ လူဦးရေ ၁၇ သန်းကျော်အတွက် အကူအညီများလိုအပ်နေဟု UNOCHA ထုတ်ပြန်
============
ဝေဟင်စိုး
မဇ္ဈိမ။ ။မြန်မာနိုင်ငံအတွင်းရှိ စုစုပေါင်းလူဦးရေ၏ ၃ ပုံ ၁ ပုံနီးပါးသည် လက်ရှိအချိန်တွင် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများလိုအပ်နေသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က မတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း အိုးအိမ်စွန့်ခွာ‌ထွက်ပြေး တိမ်းရှောင်ရသူ ၁ ဒသမ ၅ သန်းကျော်ရှိ‌နေပြီး၊ ၂၀၂၃ ခုနှစ်အထိ ပြည်သူ ၁၇ ဒသမ ၆ သန်း (စုစုပေါင်းလူဦးရေ၏ ၃ ပုံ ၁ပုံ နီးပါး) သည် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ လိုအပ်နေကြောင်း UNOCHA က ထုတ်ပြန်ထားခြင်းဖြစ် သည်။
ထို့ကြောင့် ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတုံ့ပြန်ရေး အစီ အစဉ်အတွက် ဒေါ်လာ ၇၆၄ သန်း ကုန်ကျနိုင်သည်ဟုဆိုသည်။
မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေသော ပဋိပက္ခအခြေအနေများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးသူ လူဦးရေ ၄ သန်းကျော်အတွက် လူသားချင်းဆိုင်ရာ စာနာမှုအကူအညီများပေးအပ်ထားပြီး ဖြစ်ကြောင်းဆိုသည်။ သို့သော် မည်သည့်ဒေသမှ စစ်ဘေးရှောင်များကို မည်ကဲ့သို့ကူညီခဲ့ကြောင်းနှင့် ခန့်မှန်းကုန်ကျငွေကို ဖော်ပြထားခြင်းမရှိပေ။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့အထိ ကုလသမဂ္ဂ၏ နောက်ဆုံးကောက်ယူထားသော ကိန်းဂဏန်း များအရ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင်လည်း အိုးအိမ်စွန့်ခွာနေထိုင်ရသူဦးရေ ၃၆၁,၀၀၀ အထိ များ ပြားလာခဲ့ကြောင်း UNOCHA ၏ ထုတ်ပြန်ချက်အရ သိရသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#UNOCHA
#ကုလသမဂ္ဂ
#လူသားချင်းစာနာမှု
#အကူအညီ
#မြန်မာနိုင်ငံ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁1💩1
​​ကမ္ဘောဒီးယားပြည်တွင်းရေးတွင် ပြည်ပ ဝင်မစွက်ရန် ဟွန်ဆန် သတိပေး

ကမ္ဘောဒီးယားနိုင်ငံ၏ အဓိကအတိုက်အခံခေါင်းဆောင်တစ်ဦး ထောင်ဒဏ်ချမှတ်ခံရမှုအပေါ် နိုင်ငံတကာ ပြစ်တင်ဝေဖန်သံများ ထွက်ပေါ်ပြီးနောက် ရက်များအကြာတွင် နိုင်ငံ၏ ငြိမ်းချမ်းမှုကို ခြိမ်းခြောက်သည့် တိုင်းတပါးသားများကို မိမိအနေဖြင့် သည်းခံသွားမည် မဟုတ်ဟု ဝန်ကြီးချုပ် ဟွန်ဆန်က မတ်လ ၆ ရက်တွင် ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁16💩5👍2🥴2👏1
Business Round Up (March 6)

- မြန်မာ့နယ်စပ်ကုန်သွယ်မှု ဘီလီယံနှင့်ချီပြီး သိသိသာသာ ကျဆင်းနေ

- စင်ကာပူထိပ်သီး Keppel Land က မြန်မာဟိုတယ်စီမံကိန်းတစ်ခုမှ နှုတ်ထွက်

- လျှပ်စစ်သုံး EV မော်တော်ကားများနှင့် ဆက်စပ်ကဏ္ဍ ၂၈ ခုကို အခွန်ကင်းလွတ်ခွင့်နှင့် အခွန်လျော့ပေါ့ခွင့်တွေပြုမည်ဟုဆို

- ချမ်းသာသည့်နိုင်ငံများက ဆင်းရဲသည့်နိုင်ငံများကို တစ်နှစ်လျှင် ကန်ဒေါ်လာ ၅ဝဝ ဘီလျံ ကူညီထောက်ပံ့ပေးသင့်ကြောင်း ကုလအတွင်းရေးမှူးချုပ်တိုက်တွန်း

- သီရိလင်္ကာာနိုင်ငံတွင် စီးပွားရေးပြိုလဲမှုကြောင့် ငတ်မွတ်ခေါင်းပါးမှု အကျပ်အတည်းနှင့် ရင်ဆိုင်နေရ

https://youtu.be/dxnenhEYeDE
😁2🔥1