Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
အေးခဲသိမ်းဆည်းထားတဲ့ ယူကရိန်းစစ်သား သုတ်ပိုးများ | VOA on Mizzima
====================

ဘယ်အချိန် မှာ စစ်ပွဲပြီးမယ် မသိနိုင်တဲ့ ယူကရိန်း စစ်သားတချို့ ဟာ သူတို့ မျိုးဆက် ကို ချန်ထားဖို့အတွက် သူတို့ သုတ်ပိုး ကို အေးခဲ သိမ်းဆည်းပေးတဲ့ ဝန်ဆောင်မှု ကို ရယူနေကြပါတယ်။ အေပီ သတင်းဆောင်းပါး ကို ဦးတင်မောင်သန်း က တင်ဆက်ထားပါတယ်။

https://youtu.be/lh5w-d7XbK8

#မဇ္ဈိမအတွက်ဗွီအိုအေ
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🔥1
စစ်ခေါင်းဆောင်ရဲ့ ရခိုင်ခရီးစဉ် ရိုးသားရဲ့လား
===================

အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ဒေသဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းတွေကို တိုးချဲ့လုပ်ဆောင်ပေးသွားမယ်လို့ ပြောသွားခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၆ ရက်ကစတင် ခဲ့တဲ့ ရခိုင်ပြည်နယ် ၃ ရက်တာခရီးစဉ်အတွင်း ဒေသခံစီးပွားရေးလုပ်ငန်းရှင်းတွေနဲ့တွေ့ဆုံရာမှာ အခုလိုပြောခဲ့ တာပါ။ အဲဒီခရီးစဉ်အတွင်း အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ ရခိုင်ပြည်နယ်အတွင်းက စီးပွားရေး လုပ်ငန်းရှင် တွေနဲ့တွေ့ဆုံခဲ့သလို အိန္ဒိယရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်တဲ့ ကုလားတန်စီမံကိန်းနဲ့ ကျောက်ဖြူမြို့က တရုတ်ရင်းနှီး မြှုပ်နှံမှုဖြစ်တဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းတို့ကိုလည်းသွားရောက်ခဲ့တာတွေ့ရပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့အဖွဲ့ဟာ ဖေဖော်ဝါရီ ၂၆ ရက်က ရခိုင်ပြည်နယ်ကိုသွားရောက်ခဲ့ပြီးနောက်၂၇
ရက်မှာစစ်တွေမြို့ ဦးဥတ္တမခန်းမမှာ စီးပွားရေးလုပ်ငန်းရှင်တချို့နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ဒီတွေ့ဆုံမှုမှာ အာဏာသိမ်း စစ်ခေါင်း ဆောင်က ရခိုင်ပြည်နယ် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီးပွားရေးလုပ်ငန်းတွေကို တိုးချဲ့လုပ်ဆောင်ပေး သွားမယ်လို့ဆိုခဲ့တာပါ။ ရခိုင်ပြည်နယ်အတွင်း စက်မှု၊ စိုက်ပျိုးရေး၊ ပို့ကုန်ထုတ်ကုန်လုပ်ငန်းတွေ ဖွံဖြိုးဖို့အတွက် ဆောင်ရွက်ပေးသွားမယ့်အပြင် ဒေသခံ အငယ်စား အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေကိုလည်း ဒေသတွင်း စီးပွားရေးဖွံဖြိုးတိုးတက်ဖို့ ချေးငွေ ကျပ် ၁၀ ဘီလီယံထုတ်ချေးပေးမယ်လို့ဆိုခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ရက္ခိုင့် တပ်တော်(AA)နဲ့
အပစ်ရပ်ထားမကြာသေးတဲ့ ရခိုင်ဒေသတွင်းအခြေအနေဟာ တည်ငြိမ်သယောင်ရှိပေမယ့် စစ်ကောင်စီဘက်က ကန့်သတ်ပိတ်ပင်မှုတွေရှိနေသေးတာဖြစ်ပါတယ်။

https://youtu.be/1qyNd4FNMoQ

#newsfeature
#politics
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10😁5
Media is too big
VIEW IN TELEGRAM
The Cooking Guy Ep_28 Seg_3 | ဝက်သားလုံးချဉ်စပ်ဟင်းရည်နှင့် အာလူးထောင်း

Watch more detail - https://youtu.be/F9eQwm3AYRU

#thecookingguy #mizzimatv #reels #shorts #cooking
👍1💩1
ကင်မရွန်းနွယ်ဖွား မွေထိုင်း ထိုင်းရိုးရာလက်ဝှေ့ ချိန်ပီယံ | VOA on Mizzima
=======================

Dany Bill ဟာ ကင်မရွန်းနွယ်ဖွား မွေထိုင်း ထိုင်းရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံဆုကို ၇ ကြိမ်ရဖူးသူဖြစ်ပါတယ်။ သူဟာ မကြာသေးခင်ကပဲ Los Angeles မြို့ကို လာရောက်ခဲ့ပြီးတော့ အာဖရိကတိုက်က လူငယ်တွေကို အားကစားလေ့ကျင့်ပေးနေတဲ့ သူရဲ့ ဖောင်ဒေးရှင်းအတွက် ရန်ပုံငွေတွေရှာဖွေ ခဲ့ပါတယ်။ VOA သတင်းထောက် Genia Dulot သတင်းပေးပို့ထားတာကို ကိုရန်နိုင်က တင်ဆက်ထားပါတယ်။

https://youtu.be/IDWLC-8OEX8

#မဇ္ဈိမအတွက်ဗွီအိုအေ
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5🔥1
​​စင်္ကာပူ၏ Keppel Land ကုမ္ပဏီက မြန်မာနိုင်ငံရှိ ဟိုတယ်စီမံကိန်း အစုရှယ်ယာကို ဒေါ်လာ ၅၇ သန်းဖြင့် ရောင်းချမည်
======================

စင်္ကာပူ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Keppel Land နှင့် ယင်း၏ ကုမ္ပဏီခွဲ Double Peak Holdings တို့သည် ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် Greenfield Development ရှိ ၎င်းတို့ပိုင် အစုရှယ်ယာ ၁၀၀ ရာခိုင်နှုန်းကို ငွေသား အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၄ သန်း (စင်္ကာပူဒေါ်လာ ၇၇ ဒသမ ၂ သန်း) ဖြင့် ထုတ်ရောင်းချကြောင်း သိရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥1
ဉာဏ်ရည်မပြည့် ကလေးတွေအတွက် ပုံရိပ်တု ကွန်ပြူတာဂိမ်း | VOA On Mizzima
=====================

ပါကစ္စတန်နိုင်ငံမှာ ကွန်ပြူတာဂိမ်း ဖန်တီးသူတွေက စိတ်ကျန်းမာရေးပညာရှင်တွေတွေနဲ့ ပူးပေါင်းပြီး ကိုယ်လက်လေ့ကျင့်မှုကုထုံးပါ ရောလျက်နေတဲ့ ပုံရိပ်တုနည်းပညာ AR ဂိမ်းတွေ ဖန်တီးထားပါတယ်။ အထူးသဖြင့် ဉာဏ်ရည်မမီတဲ့ကလေးတွေအတွက် များစွာအထောက်အကူဖြစ်တဲ့အကြောင်း ကရာချီမြို့တော်က ဆရာဝန်တွေက ပြောပါတယ်။ အေပီသတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင်က တင်ဆက်ထားပါတယ်။

https://youtu.be/7P73UIGVRt8

#မဇ္ဈိမအတွက်ဗွီအိုအေ
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4😁1
​​မြန်မာ့အရေးအတွက် မူ ၅ ချက်နဲ့ အလုပ်ရှုပ်နေတဲ့ အာဆီယံရဲ့အလားအလာ (ဆောင်းပါး)
===========================

အာဆီယံအနေနဲ့ မြန်မာ့အရေးကြားဝင်ဖြေရှင်းပေးဖို့ တာဝန်ယူထားခဲ့တာ ၃ နှစ်တာကာလအတွင်းရောက်လာခဲ့ ပြီဖြစ်ပါတယ်။ လက်ရှိအချိန်ထိတော့ အာဆီယံကချမှတ်ထားတဲ့ မူ ၅ ချက်ဟာ ဘာတစ်ခုမှ အလုပ်မဖြစ်သေး တာတွေ့ရပါတယ်။ အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင်တွေကို အာဆီယံ ထိပ်သီးအစည်းအဝေးတွေကနေ ဖယ်ကြဉ်ထားနိုင်တာကလွဲပြီး မူ ၅ ချက်က ဘာမှအလုပ်မဖြစ်သေးဘူးလို့ဆိုရပါမယ်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁2
မတ်လ 7 ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3🔥1
​​ထိုင်း-မြန်မာ နယ်စပ်တံတားများ ပြန်ဖွင့်သော်လည်း ထိုင်းခရီးသည်များ လာရောက်ရန် ဝန်လေး 
=========================

ထိုင်း-မြန်မာ နယ်စပ်တံတားများ ပြန်ဖွင့်သော်လည်း လုံခြုံရေးစိုးရိမ်ပူပန်မှုများကြောင့် ထိုင်းခရီးသည်များသည် မြန်မာဘက်သို့ကုန်းလမ်းမှ လာရောက်ရန် ဆန္ဒနည်းပါးကြပုံရှိနေကြောင်း မြန်မာနိုင်ငံမှ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများက ပြောကြသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁6👍2
​​စစ်ကောင်စီက တရားမဝင်ကြောင်း ကြေညာသည့် ထုတ်ဝေစာကို ချက်ချင်းသိမ်းယူနိုင်ရန် ဉပဒေပြင်
==================

001
မဇ္စျိမ။ ။ စစ်ကောင်စီက တရားမဝင်ကြောင်း ကြေညာသည့် ထုတ်ဝေစာကို ချက်ချင်းသိမ်းယူနိုင်မည့် အချက်ပါဝင်သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဉပဒေကို ပြင်ဆင်သည့် ဉပဒေအား စစ်ကောင်စီဉက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ်လ ၆ ရက်နေ့က လက်မှတ်ရေးထိုးပြဌာန်းခဲ့သည်။

စစ်ကောင်စီက ပြင်ဆင်သည့် ဉပဒေတွင် ပုဒ်မ ၁၀ ၌ “တရားမဝင်ထုတ်ဝေစာဖြစ်ကြောင်း အမိန့်ကြော်ငြာစာထုတ်ပြန်သည်နှင့် တပြိုင်နက် ရဲအရာရှိ သို့မဟုတ် ဤကိစ္စအလို့ငှာ ဝန်ကြီးဌာနက အာဏာအပ်နှင်းထားသော အခြားသူတစ်ဦးဦးသည် ယင်းတရားမဝင် ထုတ်ဝေစာများကို ရာဇဝတ်ကျင့်ထုံးဉပဒေနှင့်အညီ သိမ်းယူနိုင်သည်”ဟု အစားထိုးထားသည်။

ယခင် ဉပဒေ၏ ပုဒ်မ ၁၀ တွင် တရားဝင် ထုတ်ဝေစာမဟုတ်ကြောင်း အမိန့်တစုံတရာ မချမှတ်မီ လျှောက်ထားခံရသော ထုတ်ဝေစာကို ဖြန့်ချီခြင်းမပြုရန် ယာယီတားဝရမ်းထုတ်ဆင့်ခြင်းကို ဉပဒေနှင့်အညီ ဆောင်ရွက်နိုင်သည်ဟု ပြဌာန်းထားခြင်းဖြစ်သည်။
ထို့အပြင် သတ်မှတ်ထားသည့် စည်းကမ်းချက် တစ်ရပ်ရပ်နှင့် ငြိစွန်းသည့် ထုတ်ဝေစာကိုလည်း ယခင်က တရားမဝင် ထုတ်ဝေစာအဖြစ်ကြေညာပေးရန် သက်ဆိုင်ရာ တရားရုံးများသို့ လျှောက်ထားပြီး တရားရုံး၏ စီရင်ချက် လိုအပ်မည်ဖြစ်သော်လည်း လက်ရှိပြင်ဆင်မှုတွင် တရားရုံးများထံ လျှောက်ထားရန်အချက်မပါ​တော့ဘဲ ဝန်ကြီးဌာနသည် တရားမဝင် ထုတ်ဝေစာဖြစ်ကြောင်း နိုင်ငံတော်ပြန်တမ်းတွင် ထုတ်ပြန်ကြေညာနိုင်သည်ဟု ပြဌာန်းထားသည်ကို တွေ့ရသည်။

လူမျိုးရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုအရ ထိခိုက်နစ်နာစေမည့်အကြောင်းအရာများ ဖော်ပြခြင်း၊ လုံခြုံရေး၊ ဉပဒေ စိုးမိုးရေးတို့ကို ထိခိုက်စေမည့်အကြောင်းအရာများ ဖော်ပြခြင်း၊ ညစ်ညမ်းစာများကိုဖော်ပြခြင်း၊ ရာဇဝတ်မှု၊ အကြမ်းဖက်မှု၊ ဆေးဝါးများဆိုင်ရာ ပြစ်မှုကျူးလွန်ခြင်းတို့ကို အားပေးခြင်းနှင့် လှုံ့ဆော်ခြင်းတို့ တွေ့ရှိပါကလည်း လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို ပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်းပြုနိုင်သည်ဟု စစ်ကောင်စီက ပြဌာန်းထားသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက သတင်းဌာန ၁၀ ခုကျော်ကို ပိတ်သိမ်းခဲ့ပြီး စာပေတိုက်နှင့် ပုံနှိပ်တိုက်များကိုလည်း ညစ်ညမ်းစာပေထုတ်ဝေခြင်း၊ လူမျိုးရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုအရ ထိခိုက်နစ်နာစေသည့် အကြောင်းအရာများ ထုတ်ဝေခဲ့သည်ဟုဆိုကာ ပိတ်သိမ်းခြင်းများလည်း ပြုလုပ်ခဲ့သည်။
👍10❤1
မန္တလေးရှိ သုံးဘီးအငှားယာဉ်များ (မီနီအိုးဝေ) အားလုံးကို အဝါရောင်ပြောင်းလဲရန်စီစဉ်
🔥2👍1
မန္တလေးရှိ သုံးဘီးအငှားယာဉ်များ (မီနီအိုးဝေ) အားလုံးကို အဝါရောင်ပြောင်းလဲရန်စီစဉ်
=======================

007
မဇ္စျိမ။ ။ မန္တလေးမြို့တွင်းပြေးဆွဲနေသော သုံးဘီးအငှားယာဉ် (မီနီအိုးဝေ) များအားလုံးကို အဝါရောင်တစ်မျိုးတည်းဖြင့် ပြောင်းလဲပြင်ဆင်သွားရန် စစ်ကောင်စီ၏ မန္တလေးတိုင်း ယာဉ်လုပ်ငန်းများကြီးကြပ်ရေးလုပ်ငန်းကော်မတီ (မြို့တွင်း)က စီစဉ်နေကြောင်း သတင်းရရှိသည်။

မန္တလေးမြို့အား မြို့အင်္ဂါရပ်နှင့်ညီစေရန်၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းစနစ်တကျဖြစ်ရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းတို့ထုတ်ပြန်သည့် အသိပေးစာတွင် ပါရှိသည်။
ထိုသို့ပြောင်းလဲရန်စီစဉ်ခြင်းသည် အမှန်တကယ်မလိုအပ်ဘဲ ပြည်သူကို ငွေကုန်ကြေးကျ ခံခိုင်းခြင်းသာဖြစ်၍ စီးပွားရေးအကျပ်အတည်းဖြစ်စေကြောင်း ယာဉ်ပိုင်ရှင်များနှင့် မြို့နေလူထုတို့ အကြား ဝေဖန်မှုများရှိနေသည်။

“ တကယ်လုပ်ရမှာက အဲဒီမီနီအိုးဝေတွေကို လမ်းအသုံးပြုမှု စည်းကမ်းရှိအောင် ကြပ်မတ်ရမှာ၊ မ၀င်ရမယ့်နေရာ မ၀င်ရအောင်၊ လမ်းတွေပေါ်စည်းကမ်းတကျသွားလာတတ်အောင် စသဖြင့်ပေါ့။ အခွန်ရပြီးရောဆိုပြီး ညွှန်ကြားချက်တစ်မျိုးပြီး တစ်မျိုးထုတ်နေရင် ပြည်သူပဲနစ်နာရတယ်” ဟု မြို့ခံတစ်ဦးက မှတ်ချက်ပြုသည်။
မန္တလေးမြို့တွင်းပြေးဆွဲနေကြသည့် လူစီးသုံးဘီးအငှားယာဉ် (မီနီအိုးဝေ) များသည် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး အဝါရောင် (Code 455) အား တစ်ပြေးညီ ပြောင်းလဲရမည် ဖြစ်သည်။

သတ်မှတ်ရက်အတွင်းပြောင်းလဲခြင်းမရှိသည့်ယာဉ်များအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ငန်းလိုင်စင် ရပ်စဲသွားမည်ဖြစ်ကြောင်း ခြိမ်းခြောက်ထားသည်။

“ ဆေးအရောင်ပြောင်းဖို့အတွက်က ငွေလိုတယ်။ ငွေရဖို့ ဒီရက်ထဲပိုရှာရုံရှိတာပဲလေ။ ဘာတတ်နိုင်မှာလဲ၊ ဆေးပြောင်းပြီးရင်လည်း ယာဉ်စစ်ခ ဆေးရောင်ပြောင်းခ မှတ်ပုံတင်ခ ဘာညာကရှိသေးတယ်။ လူတွေကို အခက် မတွေ့တွေ့အောင်လုပ်တာလို့ပဲ မြင်တယ်” ဟု ယာဉ်ပိုင်ရှင်တစ်ဦးက ပြောသည်။

သတ်မှတ်ဆေးရောင်းပြောင်းလဲပြီးသည့်ယာဉ်များသည် ယာဉ်စစ် မှတ်ပုံတင်ခြင်းလုပ်ငန်းများအား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလာသီရိအားကစားကွင်းတွင် မတ်လ ၁၆ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အတွင်း ရုံးချိန်အတိုင်းဆောင်ရွက်ရမည်ဖြစ်သည်။

ယာဉ်စစ်ဆေးခ ၅,၀၀၀ ကျပ်၊ ဆေးရောင်းပြောင်းခ ၂၀,၀၀၀ ကျပ်၊ ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ်နှင့် Hologram ခ ၄၀၀ ကျပ်၊ စုစုပေါင်း ၂၅,၄၀၀ ကျပ်ကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ဆေးရောင်ပြောင်းခြင်းအတွက် အခွန်အခများ ကောက်ခံသွားမည်ဖြစ်ကြောင်း အသိပေးနှိုးဆော် စာတွင်ဖော်ပြထားသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#သုံးဘီးယာဉ်
#မီနီအိုးဝေ
#အဝါရောင်
#မန္တလေး
👍10🔥4😁4
​​ကျိုက်ထိုမြို့နယ် အင်္ဂဘိုရွာအနီးတွင် ကျွဲကောခြံပိုင်ရှင်နှင့် ခြံလုပ်သား သတ်ဖြတ်ခံရ
=========================

YT
မဇ္ဈိမ။ ။မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအနီးရှိ ခိုင်ရွှေစိမ်းကျွဲကောခြံပိုင်ရှင် ဦးစိုးသန်း (ခ) တရုတ်စိုးသန်းနှင့် ၎င်း၏ခြံလုပ်သားတစ်ဦး လုပ်ကြံသတ်ဖြတ်ခံလိုက်ရကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့ နံနက် ၄ နာရီအချိန်တွင် အင်္ဂဘိုကျေးရွာ၊ ရှမ်းစုရှိ ဦးစိုးသန်းပိုင်ဆိုင်သော ဥယျာဉ်ခြံအတွင်း ၎င်း၏အလုပ်သမားဖြစ်သူ ကိုစိုးလင်းဦးနှင့် ဦးစိုးသန်းအား သေဆုံးလျက်တွေ့ရ ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

“တရုတ်ခြံ( ဦးစိုးသန်း၏ခြံ)ထဲကိုက အဲ့ဒီညကတည်းက စစ်သားတွေရောက်နေတာ တွေ့တယ်။ အများ ကြီးပဲ။ လက်နက်ကြီးသံတွေသေနတ်သံတွေတော့ ကြားရတာပဲ။ တရုတ် ဘယ်အချိန်ကသေသွားလဲတော့ ကျွန်တော်တို့ မသိပါဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
အသက်(၇၂)နှစ်အရွယ်ရှိ ဦးစိုးသန်းသည် ဦးခေါင်းပွင့်ထွက်ဒဏ်ရာ၊ လက်နှစ်ဖက်လုံးရှိ လက်ကောက် ဝတ်၊ တံတောင်ဆစ်ရိုးများ ကြေမွဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ကိုစိုးလင်းဦးသည်လည်း လက်ပစ်ဗုံးအစ များထိမှန်၍ ဒူး၊ လက်နှင့် ပါးတို့တွင် ဒဏ်ရာရကာ သေဆုံးခဲ့ကြောင်း သိရသည်။

“ဆိုင်ကယ်နှစ်စီးနဲ့ လူလေးယောက် လက်ပစ်ဗုံးနဲ့ သွားပစ်တယ်ဆိုပြီး ကြားထားတယ်။ တချို့ကျတော့ လည်း မိုင်းနင်းမိပြီးသေတယ်ပြောတယ်၊ ပြောနေကျတာတော့အစုံပဲ။ ဘယ်အဖွဲ့ကလုပ်တယ်၊ ဘယ်သူ တွေလုပ်တယ်ဆိုတာတော့ အခုထိ အတိအကျမသိရသေးပါဘူး” ဟု KNU တပ်မဟာ(၁) တပ်ရင်း(၃) နယ်မြေအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့၏ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

“ဒီလူ( ဦးစိုးသန်း)ကလည်း နဂိုကတည်းက စစ်တပ်လူ။ တပ်မဟာ(၁) တပ်ရင်း(၃)ကို စစ်ကြောင်းထိုး မယ့်စစ်သားတွေက သူ့ခြံမှာပဲအခြေချတာ။ ဒါကလည်း အမြဲတမ်းပေါ့နော်။ တရုတ်ခြံ( ဦးစိုးသန်းခြံ) ထဲမှာ စစ်သားတွေရောက်နေပြီဆိုရင် ကျွန်တော်တို့ဆီ စစ်ကြောင်းထိုးမယ်ဆိုတာ အသေအချာပဲ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်မှ တပ်မဟာ(၁)နယ်မြေအတွင်း စစ်ကြောင်းထိုးပါက ဦးစိုးသန်း ခြံတွင်အခြေချပြီး ခြံရှိဂိုထောင်အတွင်း၌ စစ်သုံးပစ္စည်းများထားကြောင်း သိရသည်။
ဦးစိုးသန်းနှင့် ကိုစိုးလင်းဦးတို့အား မည်သည့်အဖွဲ့ကလုပ်ကြံသတ်ဖြတ်ခဲ့သည်ကို ယနေ့အထိ အတည်ပြု နိုင်ခြင်း မရှိသေးချေ။

မတ်လ ၄ ရက်နေ့ ည ၁၀ နာရီခွဲအချိန်ကတည်းက စစ်ကောင်စီတပ်သားအများအပြားသည် ဦးစိုးသန်း ပိုင်ဆိုင်သော ခြံအတွင်းရောက်ရှိနေခြင်းဖြစ်ပြီး ထိုညတွင် စစ်ကြောင်းထိုးကာ တပ်မဟာ(၁) တပ်ရင်း(၃) နယ်မြေအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
“တရုတ်စိုးသန်း သေတဲ့နေ့မှာပဲ တိုက်ပွဲဖြစ်တယ်။ ဆောင်နိုင်ကြီးဘက်ခြမ်းကနေ တက်လာတာ။ ပွဲဖြစ် တာက ရဲဘော်တွေ ညနေစာထမင်းစားချိန်။ အထိအခိုက်၊ အကျအဆုံးတွေတော့ရှိမယ်။ ဒါပေမယ့် အခုထိ အတိအကျ မသိရသေးပါဘူး” ဟု ရဲဘော်တစ်ဦးက ပြောသည်။

မတ်လ ၄ ရက်နေ့မှစ၍ KNU တပ်မဟာ (၁) တပ်ရင်း (၃) နယ်မြေသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ခြင်း၊ သိမ်ဇရပ်အခြေစိုက် ခလရ(၂၀၇)၊ အ.မ.တ (၃၁၀) မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ပြုလုပ် နေသဖြင့် ကျေးရွာများအတွင်းရှိ ရွာသူရွာသားများ ဘေးကင်းရာသို့ ရှောင်ပြေးရန် စီစဉ်နေကြကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#မွန်ပြည်နယ်
#ကျိုက်ထိုမြို့နယ်
#အင်္ဂဘိုကျေးရွာ
#KNUတပ်မဟာ(၁)
👍13🤬3😁1
မတ်လ (၇) ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
====================

− မြန်မာ့နယ်စပ်ကုန်သွယ်မှု ဘီလီယံနှင့်ချီပြီး သိသိသာသာ ကျဆင်းနေတဲ့သတင်း

− လှိုင်သာယာမြို့နယ်ရှိ မီးခွက်ဈေးကို မြို့နယ်လူမိုက်တွေက ကန်ထရိုက်ယူထားတာကြောင့် ပျံကျ ဈေးသူဈေးသားတွေ အခက်အခဲကြုံနေရတဲ့သတင်း

− အိမ်၊ခြံ၊မြေအကျိုးဆောင်တွေ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးရုံးတွေမှာ လိုင်စင်တင်ပြီးမှအရောင်း အဝယ်လုပ်ကိုင်ရတော့မယ့်သတင်းနဲ့

- အာဖဂန်နစ္စတန်မှာတက္ကသိုလ်တွေကိုပြန်လည်ဖွင့်လှစ်လိုက်ပေမဲ့ အမျိုးသမီးတွေတက်ရောက်ခွင့် တားမြစ်ထားဆဲဖြစ်တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေ နဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/vq8OKD1f88k

Photo - CJ

#12pmnews
#Mizzimanewshour
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8😁1🤮1