မတ်လ 7 ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍3🔥1
ထိုင်း-မြန်မာ နယ်စပ်တံတားများ ပြန်ဖွင့်သော်လည်း ထိုင်းခရီးသည်များ လာရောက်ရန် ဝန်လေး
=========================
ထိုင်း-မြန်မာ နယ်စပ်တံတားများ ပြန်ဖွင့်သော်လည်း လုံခြုံရေးစိုးရိမ်ပူပန်မှုများကြောင့် ထိုင်းခရီးသည်များသည် မြန်မာဘက်သို့ကုန်းလမ်းမှ လာရောက်ရန် ဆန္ဒနည်းပါးကြပုံရှိနေကြောင်း မြန်မာနိုင်ငံမှ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများက ပြောကြသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=========================
ထိုင်း-မြန်မာ နယ်စပ်တံတားများ ပြန်ဖွင့်သော်လည်း လုံခြုံရေးစိုးရိမ်ပူပန်မှုများကြောင့် ထိုင်းခရီးသည်များသည် မြန်မာဘက်သို့ကုန်းလမ်းမှ လာရောက်ရန် ဆန္ဒနည်းပါးကြပုံရှိနေကြောင်း မြန်မာနိုင်ငံမှ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများက ပြောကြသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁6👍2
စစ်ကောင်စီက တရားမဝင်ကြောင်း ကြေညာသည့် ထုတ်ဝေစာကို ချက်ချင်းသိမ်းယူနိုင်ရန် ဉပဒေပြင်
==================
001
မဇ္စျိမ။ ။ စစ်ကောင်စီက တရားမဝင်ကြောင်း ကြေညာသည့် ထုတ်ဝေစာကို ချက်ချင်းသိမ်းယူနိုင်မည့် အချက်ပါဝင်သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဉပဒေကို ပြင်ဆင်သည့် ဉပဒေအား စစ်ကောင်စီဉက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ်လ ၆ ရက်နေ့က လက်မှတ်ရေးထိုးပြဌာန်းခဲ့သည်။
စစ်ကောင်စီက ပြင်ဆင်သည့် ဉပဒေတွင် ပုဒ်မ ၁၀ ၌ “တရားမဝင်ထုတ်ဝေစာဖြစ်ကြောင်း အမိန့်ကြော်ငြာစာထုတ်ပြန်သည်နှင့် တပြိုင်နက် ရဲအရာရှိ သို့မဟုတ် ဤကိစ္စအလို့ငှာ ဝန်ကြီးဌာနက အာဏာအပ်နှင်းထားသော အခြားသူတစ်ဦးဦးသည် ယင်းတရားမဝင် ထုတ်ဝေစာများကို ရာဇဝတ်ကျင့်ထုံးဉပဒေနှင့်အညီ သိမ်းယူနိုင်သည်”ဟု အစားထိုးထားသည်။
ယခင် ဉပဒေ၏ ပုဒ်မ ၁၀ တွင် တရားဝင် ထုတ်ဝေစာမဟုတ်ကြောင်း အမိန့်တစုံတရာ မချမှတ်မီ လျှောက်ထားခံရသော ထုတ်ဝေစာကို ဖြန့်ချီခြင်းမပြုရန် ယာယီတားဝရမ်းထုတ်ဆင့်ခြင်းကို ဉပဒေနှင့်အညီ ဆောင်ရွက်နိုင်သည်ဟု ပြဌာန်းထားခြင်းဖြစ်သည်။
ထို့အပြင် သတ်မှတ်ထားသည့် စည်းကမ်းချက် တစ်ရပ်ရပ်နှင့် ငြိစွန်းသည့် ထုတ်ဝေစာကိုလည်း ယခင်က တရားမဝင် ထုတ်ဝေစာအဖြစ်ကြေညာပေးရန် သက်ဆိုင်ရာ တရားရုံးများသို့ လျှောက်ထားပြီး တရားရုံး၏ စီရင်ချက် လိုအပ်မည်ဖြစ်သော်လည်း လက်ရှိပြင်ဆင်မှုတွင် တရားရုံးများထံ လျှောက်ထားရန်အချက်မပါတော့ဘဲ ဝန်ကြီးဌာနသည် တရားမဝင် ထုတ်ဝေစာဖြစ်ကြောင်း နိုင်ငံတော်ပြန်တမ်းတွင် ထုတ်ပြန်ကြေညာနိုင်သည်ဟု ပြဌာန်းထားသည်ကို တွေ့ရသည်။
လူမျိုးရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုအရ ထိခိုက်နစ်နာစေမည့်အကြောင်းအရာများ ဖော်ပြခြင်း၊ လုံခြုံရေး၊ ဉပဒေ စိုးမိုးရေးတို့ကို ထိခိုက်စေမည့်အကြောင်းအရာများ ဖော်ပြခြင်း၊ ညစ်ညမ်းစာများကိုဖော်ပြခြင်း၊ ရာဇဝတ်မှု၊ အကြမ်းဖက်မှု၊ ဆေးဝါးများဆိုင်ရာ ပြစ်မှုကျူးလွန်ခြင်းတို့ကို အားပေးခြင်းနှင့် လှုံ့ဆော်ခြင်းတို့ တွေ့ရှိပါကလည်း လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို ပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်းပြုနိုင်သည်ဟု စစ်ကောင်စီက ပြဌာန်းထားသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီက သတင်းဌာန ၁၀ ခုကျော်ကို ပိတ်သိမ်းခဲ့ပြီး စာပေတိုက်နှင့် ပုံနှိပ်တိုက်များကိုလည်း ညစ်ညမ်းစာပေထုတ်ဝေခြင်း၊ လူမျိုးရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုအရ ထိခိုက်နစ်နာစေသည့် အကြောင်းအရာများ ထုတ်ဝေခဲ့သည်ဟုဆိုကာ ပိတ်သိမ်းခြင်းများလည်း ပြုလုပ်ခဲ့သည်။

👍10❤1
မန္တလေးရှိ သုံးဘီးအငှားယာဉ်များ (မီနီအိုးဝေ) အားလုံးကို အဝါရောင်ပြောင်းလဲရန်စီစဉ်
🔥2👍1

=======================
007
မဇ္စျိမ။ ။ မန္တလေးမြို့တွင်းပြေးဆွဲနေသော သုံးဘီးအငှားယာဉ် (မီနီအိုးဝေ) များအားလုံးကို အဝါရောင်တစ်မျိုးတည်းဖြင့် ပြောင်းလဲပြင်ဆင်သွားရန် စစ်ကောင်စီ၏ မန္တလေးတိုင်း ယာဉ်လုပ်ငန်းများကြီးကြပ်ရေးလုပ်ငန်းကော်မတီ (မြို့တွင်း)က စီစဉ်နေကြောင်း သတင်းရရှိသည်။
မန္တလေးမြို့အား မြို့အင်္ဂါရပ်နှင့်ညီစေရန်၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းစနစ်တကျဖြစ်ရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းတို့ထုတ်ပြန်သည့် အသိပေးစာတွင် ပါရှိသည်။
ထိုသို့ပြောင်းလဲရန်စီစဉ်ခြင်းသည် အမှန်တကယ်မလိုအပ်ဘဲ ပြည်သူကို ငွေကုန်ကြေးကျ ခံခိုင်းခြင်းသာဖြစ်၍ စီးပွားရေးအကျပ်အတည်းဖြစ်စေကြောင်း ယာဉ်ပိုင်ရှင်များနှင့် မြို့နေလူထုတို့ အကြား ဝေဖန်မှုများရှိနေသည်။
“ တကယ်လုပ်ရမှာက အဲဒီမီနီအိုးဝေတွေကို လမ်းအသုံးပြုမှု စည်းကမ်းရှိအောင် ကြပ်မတ်ရမှာ၊ မ၀င်ရမယ့်နေရာ မ၀င်ရအောင်၊ လမ်းတွေပေါ်စည်းကမ်းတကျသွားလာတတ်အောင် စသဖြင့်ပေါ့။ အခွန်ရပြီးရောဆိုပြီး ညွှန်ကြားချက်တစ်မျိုးပြီး တစ်မျိုးထုတ်နေရင် ပြည်သူပဲနစ်နာရတယ်” ဟု မြို့ခံတစ်ဦးက မှတ်ချက်ပြုသည်။
မန္တလေးမြို့တွင်းပြေးဆွဲနေကြသည့် လူစီးသုံးဘီးအငှားယာဉ် (မီနီအိုးဝေ) များသည် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး အဝါရောင် (Code 455) အား တစ်ပြေးညီ ပြောင်းလဲရမည် ဖြစ်သည်။
သတ်မှတ်ရက်အတွင်းပြောင်းလဲခြင်းမရှိသည့်ယာဉ်များအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ငန်းလိုင်စင် ရပ်စဲသွားမည်ဖြစ်ကြောင်း ခြိမ်းခြောက်ထားသည်။
“ ဆေးအရောင်ပြောင်းဖို့အတွက်က ငွေလိုတယ်။ ငွေရဖို့ ဒီရက်ထဲပိုရှာရုံရှိတာပဲလေ။ ဘာတတ်နိုင်မှာလဲ၊ ဆေးပြောင်းပြီးရင်လည်း ယာဉ်စစ်ခ ဆေးရောင်ပြောင်းခ မှတ်ပုံတင်ခ ဘာညာကရှိသေးတယ်။ လူတွေကို အခက် မတွေ့တွေ့အောင်လုပ်တာလို့ပဲ မြင်တယ်” ဟု ယာဉ်ပိုင်ရှင်တစ်ဦးက ပြောသည်။
သတ်မှတ်ဆေးရောင်းပြောင်းလဲပြီးသည့်ယာဉ်များသည် ယာဉ်စစ် မှတ်ပုံတင်ခြင်းလုပ်ငန်းများအား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလာသီရိအားကစားကွင်းတွင် မတ်လ ၁၆ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အတွင်း ရုံးချိန်အတိုင်းဆောင်ရွက်ရမည်ဖြစ်သည်။
ယာဉ်စစ်ဆေးခ ၅,၀၀၀ ကျပ်၊ ဆေးရောင်းပြောင်းခ ၂၀,၀၀၀ ကျပ်၊ ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ်နှင့် Hologram ခ ၄၀၀ ကျပ်၊ စုစုပေါင်း ၂၅,၄၀၀ ကျပ်ကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ဆေးရောင်ပြောင်းခြင်းအတွက် အခွန်အခများ ကောက်ခံသွားမည်ဖြစ်ကြောင်း အသိပေးနှိုးဆော် စာတွင်ဖော်ပြထားသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
#သုံးဘီးယာဉ်
#မီနီအိုးဝေ
#အဝါရောင်
#မန္တလေး

👍10🔥4😁4
ကျိုက်ထိုမြို့နယ် အင်္ဂဘိုရွာအနီးတွင် ကျွဲကောခြံပိုင်ရှင်နှင့် ခြံလုပ်သား သတ်ဖြတ်ခံရ
=========================
YT
မဇ္ဈိမ။ ။မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအနီးရှိ ခိုင်ရွှေစိမ်းကျွဲကောခြံပိုင်ရှင် ဦးစိုးသန်း (ခ) တရုတ်စိုးသန်းနှင့် ၎င်း၏ခြံလုပ်သားတစ်ဦး လုပ်ကြံသတ်ဖြတ်ခံလိုက်ရကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့ နံနက် ၄ နာရီအချိန်တွင် အင်္ဂဘိုကျေးရွာ၊ ရှမ်းစုရှိ ဦးစိုးသန်းပိုင်ဆိုင်သော ဥယျာဉ်ခြံအတွင်း ၎င်း၏အလုပ်သမားဖြစ်သူ ကိုစိုးလင်းဦးနှင့် ဦးစိုးသန်းအား သေဆုံးလျက်တွေ့ရ ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
“တရုတ်ခြံ( ဦးစိုးသန်း၏ခြံ)ထဲကိုက အဲ့ဒီညကတည်းက စစ်သားတွေရောက်နေတာ တွေ့တယ်။ အများ ကြီးပဲ။ လက်နက်ကြီးသံတွေသေနတ်သံတွေတော့ ကြားရတာပဲ။ တရုတ် ဘယ်အချိန်ကသေသွားလဲတော့ ကျွန်တော်တို့ မသိပါဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
အသက်(၇၂)နှစ်အရွယ်ရှိ ဦးစိုးသန်းသည် ဦးခေါင်းပွင့်ထွက်ဒဏ်ရာ၊ လက်နှစ်ဖက်လုံးရှိ လက်ကောက် ဝတ်၊ တံတောင်ဆစ်ရိုးများ ကြေမွဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ကိုစိုးလင်းဦးသည်လည်း လက်ပစ်ဗုံးအစ များထိမှန်၍ ဒူး၊ လက်နှင့် ပါးတို့တွင် ဒဏ်ရာရကာ သေဆုံးခဲ့ကြောင်း သိရသည်။
“ဆိုင်ကယ်နှစ်စီးနဲ့ လူလေးယောက် လက်ပစ်ဗုံးနဲ့ သွားပစ်တယ်ဆိုပြီး ကြားထားတယ်။ တချို့ကျတော့ လည်း မိုင်းနင်းမိပြီးသေတယ်ပြောတယ်၊ ပြောနေကျတာတော့အစုံပဲ။ ဘယ်အဖွဲ့ကလုပ်တယ်၊ ဘယ်သူ တွေလုပ်တယ်ဆိုတာတော့ အခုထိ အတိအကျမသိရသေးပါဘူး” ဟု KNU တပ်မဟာ(၁) တပ်ရင်း(၃) နယ်မြေအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့၏ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။
“ဒီလူ( ဦးစိုးသန်း)ကလည်း နဂိုကတည်းက စစ်တပ်လူ။ တပ်မဟာ(၁) တပ်ရင်း(၃)ကို စစ်ကြောင်းထိုး မယ့်စစ်သားတွေက သူ့ခြံမှာပဲအခြေချတာ။ ဒါကလည်း အမြဲတမ်းပေါ့နော်။ တရုတ်ခြံ( ဦးစိုးသန်းခြံ) ထဲမှာ စစ်သားတွေရောက်နေပြီဆိုရင် ကျွန်တော်တို့ဆီ စစ်ကြောင်းထိုးမယ်ဆိုတာ အသေအချာပဲ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်မှ တပ်မဟာ(၁)နယ်မြေအတွင်း စစ်ကြောင်းထိုးပါက ဦးစိုးသန်း ခြံတွင်အခြေချပြီး ခြံရှိဂိုထောင်အတွင်း၌ စစ်သုံးပစ္စည်းများထားကြောင်း သိရသည်။
ဦးစိုးသန်းနှင့် ကိုစိုးလင်းဦးတို့အား မည်သည့်အဖွဲ့ကလုပ်ကြံသတ်ဖြတ်ခဲ့သည်ကို ယနေ့အထိ အတည်ပြု နိုင်ခြင်း မရှိသေးချေ။
မတ်လ ၄ ရက်နေ့ ည ၁၀ နာရီခွဲအချိန်ကတည်းက စစ်ကောင်စီတပ်သားအများအပြားသည် ဦးစိုးသန်း ပိုင်ဆိုင်သော ခြံအတွင်းရောက်ရှိနေခြင်းဖြစ်ပြီး ထိုညတွင် စစ်ကြောင်းထိုးကာ တပ်မဟာ(၁) တပ်ရင်း(၃) နယ်မြေအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
“တရုတ်စိုးသန်း သေတဲ့နေ့မှာပဲ တိုက်ပွဲဖြစ်တယ်။ ဆောင်နိုင်ကြီးဘက်ခြမ်းကနေ တက်လာတာ။ ပွဲဖြစ် တာက ရဲဘော်တွေ ညနေစာထမင်းစားချိန်။ အထိအခိုက်၊ အကျအဆုံးတွေတော့ရှိမယ်။ ဒါပေမယ့် အခုထိ အတိအကျ မသိရသေးပါဘူး” ဟု ရဲဘော်တစ်ဦးက ပြောသည်။
မတ်လ ၄ ရက်နေ့မှစ၍ KNU တပ်မဟာ (၁) တပ်ရင်း (၃) နယ်မြေသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ခြင်း၊ သိမ်ဇရပ်အခြေစိုက် ခလရ(၂၀၇)၊ အ.မ.တ (၃၁၀) မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ပြုလုပ် နေသဖြင့် ကျေးရွာများအတွင်းရှိ ရွာသူရွာသားများ ဘေးကင်းရာသို့ ရှောင်ပြေးရန် စီစဉ်နေကြကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#မွန်ပြည်နယ်
#ကျိုက်ထိုမြို့နယ်
#အင်္ဂဘိုကျေးရွာ
#KNUတပ်မဟာ(၁)

👍13🤬3😁1
မတ်လ (၇) ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
====================
− မြန်မာ့နယ်စပ်ကုန်သွယ်မှု ဘီလီယံနှင့်ချီပြီး သိသိသာသာ ကျဆင်းနေတဲ့သတင်း
− လှိုင်သာယာမြို့နယ်ရှိ မီးခွက်ဈေးကို မြို့နယ်လူမိုက်တွေက ကန်ထရိုက်ယူထားတာကြောင့် ပျံကျ ဈေးသူဈေးသားတွေ အခက်အခဲကြုံနေရတဲ့သတင်း
− အိမ်၊ခြံ၊မြေအကျိုးဆောင်တွေ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးရုံးတွေမှာ လိုင်စင်တင်ပြီးမှအရောင်း အဝယ်လုပ်ကိုင်ရတော့မယ့်သတင်းနဲ့
- အာဖဂန်နစ္စတန်မှာတက္ကသိုလ်တွေကိုပြန်လည်ဖွင့်လှစ်လိုက်ပေမဲ့ အမျိုးသမီးတွေတက်ရောက်ခွင့် တားမြစ်ထားဆဲဖြစ်တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေ နဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/vq8OKD1f88k
Photo - CJ
#12pmnews
#Mizzimanewshour
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
====================
− မြန်မာ့နယ်စပ်ကုန်သွယ်မှု ဘီလီယံနှင့်ချီပြီး သိသိသာသာ ကျဆင်းနေတဲ့သတင်း
− လှိုင်သာယာမြို့နယ်ရှိ မီးခွက်ဈေးကို မြို့နယ်လူမိုက်တွေက ကန်ထရိုက်ယူထားတာကြောင့် ပျံကျ ဈေးသူဈေးသားတွေ အခက်အခဲကြုံနေရတဲ့သတင်း
− အိမ်၊ခြံ၊မြေအကျိုးဆောင်တွေ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးရုံးတွေမှာ လိုင်စင်တင်ပြီးမှအရောင်း အဝယ်လုပ်ကိုင်ရတော့မယ့်သတင်းနဲ့
- အာဖဂန်နစ္စတန်မှာတက္ကသိုလ်တွေကိုပြန်လည်ဖွင့်လှစ်လိုက်ပေမဲ့ အမျိုးသမီးတွေတက်ရောက်ခွင့် တားမြစ်ထားဆဲဖြစ်တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေ နဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/vq8OKD1f88k
Photo - CJ
#12pmnews
#Mizzimanewshour
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
မတ်လ (၇) ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
01:02− မြန်မာ့နယ်စပ်ကုန်သွယ်မှု ဘီလီယံနှင့်ချီပြီး သိသိသာသာ ကျဆင်းနေတဲ့သတင်း
05:07− လှိုင်သာယာမြို့နယ်ရှိ မီးခွက်ဈေးကို မြို့နယ်လူမိုက်တွေက ကန်ထရိုက်ယူထားတာကြောင့် ပျံကျ ဈေးသူဈေးသားတွေ အခက်အခဲကြုံနေရတဲ့သတင်း
06:18− အိမ်၊ခြံ၊မြေအကျိုးဆောင်တွေ သက်ဆိုင်ရာ…

👍8😁1🤮1
နတ်မောက်တွင် CDM ဆရာ၊ ဆရာမများကို ခြိမ်းခြောက်နေသော မြို့နယ်ပညာရေးမှူး ပစ်ခတ်ခံရ၍ သေဆုံး
===================
ကိုခင်မောင်
(မဇ္ဈိမ) ။ ။ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့တွင် CDM ဆရာ၊ ဆရာများကို ခြိမ်းခြောက်နေသော မြို့နယ်ပညာရေးမှူး သန်းထိုင်ဆိုသူကို ၎င်းနေအိမ်တွင် သေနတ် ငါးချက်ဖြင့် ပစ်ခတ်ခဲ့ရာ နေရာတွင်ပင် သေဆုံးသွားကြောင်း Magway Guerrilla Warfare ( မကွေးပြောက်ကျားတပ်) မှ မတ်လ ၄ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
“သူက CDMဝင်နေတဲ့ ကျောင်းဆရာ၊ ဆရာမတွေကို အမြဲတမ်းခြိမ်းခြောက်နေတာ။ သူ့ကြောင့် အဖမ်းခံရသူတွေလည်းရှိတယ်။ အရင်က ကျောင်းအုပ်အဆင့်ပဲရှိတယ်။ အဘ အဘလို့ မပြီး စကစလက်ထက်မှ ပညာရေးမှူးဖြစ်လာတယ်။ ပြီးတော့ တခြားအဖွဲ့တွေက သတိပေးတဲ့အခါမှာ မဆိုင်တဲ့ လူငယ်တွေကို ဖမ်းဆီးခိုင်းတယ်။ သူ့နေအိမ်အနီးအနားက အောင်ကျော်ကျော်ဆိုသူကိုလည်း သူကပဲ ပစ်သတ်ခိုင်းခဲ့တယ်။ မဲကိစ္စနဲ့ ပတ်သက်ပြီးလည်း ပြည်သူလူထုကိုမဲထဲ့ဖို့ ဖိအားပေးတယ် ဒါတွေကြောင့်ရှင်းလင်းလိုက်တာဗျ။” ဟု မကွေးပြောက်ကျားတပ်မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူက မဇ္ဈိမသို့ပြောသည်။
မတ်လ ၄ရက် ၊ နေ့လယ် ၁နာရီ တိတိတွင် Magway Guerrilla Warfare ( မကွေးပြောက်ကျားတပ်) နှင့် ဒေါင်းစစ်သည်ပြောက်ကျား( နတ်မောက်) တို့ပူးပေါင်းကာ စစ်ကောင်စီလက်အောက်ခံ မြို့နယ်ပညာရေးမှူးသန်းထိုင်အား ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
စစ်ကောင်စီလက်အောက်ခံပညာရေးမှူးသန်းထိုင်သည် နယ်မြေခံ PDF များကို စိန်ခေါ်ခြင်း ၊ CDM ဆရာ ဆရာမများအား ခြိမ်းခြောက်ခြင်း ၊ လာဘ်ပေး လာဘ်ယူများလုပ်ဆောင်ခြင်း ၊ စစ်ကောင်စီတပ်၏ အဓိက ဒေါက်တိုင်ဖြစ်ခြင်း ၊ ရွှေးကောက်ပွဲအတွက် မဲဆွယ်ခြင်းတို့ကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု မကွေးပြောက်ကျားတပ်မှ သတင်းထုတ်ပြန်သည်။
အဆိုပါ စစ်ကောင်စီလက်အောက်ခံ မြို့နယ်ပညာရေးမှူးသန်းထိုင်ဆိုသူနှင့် ပတ်သက်ပြီး မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသော Non CDM များအနေဖြင့် စစ်ကောင်စီအလိုကျ လုပ်ဆောင်နေပါက ပစ်ခတ်ရှင်းလင်းသွားမည်ဖြစ်ကြောင်း၊ မိမိတို့ Magway Guerrilla Warfare ( မကွေးပြောက်ကျားတပ်) နှင့် ဒေါင်းစစ်သည်ပြောက်ကျား( နတ်မောက်) တို့ပူးပေါင်းကာ စစ်အာဏာရှင်ကျဆုံးသည်အထိ တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့မှ အသိပေးကြေညာထားသည်။
ထို့ကြောင့် ပြည်သူလူထုအနေဖြင့် စစ်ကောင်စီလက်အောက်ခံရဲများ ၊ စစ်ကောင်စီတပ်သားများရှိရာနှင့် ခပ်ဝေးဝေး နေပေးရန်နှင့် ပူးပေါင်းပါဝင်ပေးရန်လည်း Magway Guerrilla Warfare မှ တိုက်တွန်းထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ရက်နေ့တွင်လည်း မကွေးမြို့၊ ပြည်တော်သာရပ်ကွက်၊ ကောင်းမွန်ကုန်တိုက်ရှေ့တွင် ယာဉ်ထိန်းရဲ တစ်ဦးကို Magway Guerrilla Warfare ( မကွေးပြောက်ကျားတပ်) အဖွဲ့အနေဖြင့် ဆိုင်ကယ်ပေါ်မှ သေနတ်ငါးချက်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့သေးသည်။
Magway Guerrilla Warfare ( မကွေးပြောက်ကျားတပ်)ကို ၂၀၂၂ ဒီဇင်ဘာ ၂၉ရက်နေ့တွင် စတင်တည်ထောင်ခြင်းဖြစ်ကြောင်း ၎င်းတို့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံထံမှ သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#မကွေးပြောက်ကျားတပ်
#နတ်မောက်မြို့
#CDM
#မြို့နယ်ပညာရေးမှူး

👍13👏2❤1🔥1🥴1
ခင်ဦးမြို့နယ်အနောက်ခြမ်းရှိ ကလုံကျေးရွာကို စစ်ကောင်စီတပ်ကမီးဝင်ရှို့
===================
လွှမ်းမိုး
မဇ္ဈိမ။။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အနောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က မတ်လ ၇ ရက်၊ နံနက် ၇ နာရီခွဲခန့်မှစတင်၍ ကလုံကျေးရွာကို မီးတင်ရှို့နေကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
“ ကျမတို့ ရွာကို စစ်ကောင်စီတပ်က တစ်ညအိပ်ပြီး ယနေ့နံနက်ခင်းမှာ အပစ်အခတ်မရှိဘဲနဲ့ မီးရှို့သွားတာ ဖြစ်ပါတယ်။ သုံးနာရီလောက် မီးအား ကောင်းကောင်း နဲ့ လောင်နေခဲ့တာ ဖြစ်ပါတယ်။
မီးလောင် အိမ်ခြေစာရင်းကတော့ အတိအကျမသိရသေးဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။
ကလုံကျေးရွာသည် အိမ်ခြေ ၃၀၀ ခန့်ရှိသောရွာကြီးဖြစ်ကာ ခင်ဦးမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မတ်လအတွင်း ပထမဆုံး မီးရှို့ခံရသည့် ရွာလည်းဖြစ်သည်။
လက်ရှိတွင် စစ်ကောင်စီတပ်သားများ ရွာအတွင်းမှပြန်လည်ထွက်ခွာသွားပြီဖြစ်သော်လည်း ကျေးရွာနေသူများမှ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရဆဲဟု သိရသည်။
ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်မှ စစ်အင်အား ၁၂၀ ခန့် ဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ကန့်ဘလူနှင့် ခင်ဦးနယ်များမှ ဒေသခံ ၂၀ ဦးခန့်ကိုဖမ်းစီး၍ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်းလည်း ရဲဘော်တစ်ဦးကဆိုသည်။
ယမန်နေ့တွင်လည်း ခင်ဦးမြို့နယ် သရက်ကုန်းကျေးရွာမှ အသက် ၉၂နှစ် အရွယ် အဖွားအိုတစ်ဦး စစ်ရှောင်နေရင်း အမောဖောက်ကာ သေဆုံးခဲ့ရကြောင်းသိရသည်။
အလားတူ မုံလှကျေးရွာ မှ အသက် ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးသည်လည်း စစ်ကောင်စီတပ်သားများ ပစ်ခတ်လိုက်သည့် လက်နက်ကြီးစ ထိမှန်သေဆုံးခဲ့ရကြောင်း အခြားဒေသခံ တစ်ဦးကပြောသည်။
ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေခြင်းကြောင့် သရက်ကုန်း ၊ မုံလှ၊ ကလုံ၊ငါးရုံကြီး ၊ ရှားတော စတဲ့ကျေးရွာများမှ ဒေသခံ ၆,၀၀၀ ခန့် စစ်ရှောင်နေရကြောင်း သိရသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ခင်ဦးမြို့နယ်
#စစ်ကြောင်း
#စစ်ရှောင်
#မီးရှို့
#ကလုံကျေးရွာ

👍5🤬5🔥3😁1
မန္တလေး နိုင်ငံကူးလက်မှတ်လျှောက်ထားမှု ၂၀၂၄ အထိ ရက်ချိန်းပြည့်နေ
====================
ကီရာ
မန္တလေးတိုင်းတွင် နိုင်ငံကူးလက်မှတ်လျှောက်ထားမှု ၂၀၂၄ ခုနှစ် အထိ ရက်ချိန်းရယူမှုများရှိနေကြောင်းနှင့် နိုင်ငံကူးလက်မှတ် အမြန်လိုအပ်သူများသည် ပွဲစားနှင့် တဆင့် လုပ်ဆောင်မှသာ ရရှိနိုင်တော့မည်ဖြစ်ကြောင်း နိုင်ငံကူးလက်မှတ်လျှောက်ထားသူများထံမှ သိရသည်။
ကိုယ်တိုင် နိုင်ငံကူးလက်မှတ် တန်းစီ ရက်ချိန်းရယူသူများသည် ၂၀၂၄ အထိ ရက်ချိန်းများရရှိကြသော်လည်း ပွဲစားများဖြင့် လုပ်ဆောင်သူများသည် ငါးရက်အတွင်း ရက်ချိန်းရရှိကြသည်ဟု သိရသည်။
"သာမန်လူတွေ၂၄အထိရောက်ပေမယ့် ပွဲစားဆိုရင် ငါးရက်အတွင်းရတယ်လို့လဲပြောကြတယ်။ အရင်က တစ်ရက်ကို လူ၁၀၀ လောက်လုပ်ပေးပေမယ့် အခုက လူ၈၀ ပဲ လုပ်ပေးတော့တယ်။ ရက်ချိန်းယူဖို့ တန်းစီနေတဲ့သူတွေကတော့ တနေ့ကို လူ၅၀၀ ကျော်လောက်ရှိတယ် " ဟု နိုင်ငံကူးလက်မှတ်သွားရောက်တန်းစီနေသူတစ်ဦးက ပြောသည်။
လက်တလောတွင် နိုင်ငံကူးလက်မှတ်ရက်ချိန်းများကို ကြားပွဲစားများမှတဆင့် သိန်းဂဏန်းအထိ ပေး၍ ပြန်လည်ဝယ်ယူနေရမှုများလည်း ရှိနေသည်ဟု နိုင်ငံကူးလက်မှတ်လျှောက်ထားသူများမှ ပြောသည်။
ထို့အပြင် မန္တလေးနိုင်ငံကူးလက်မှတ်ရုံးသည် ရုံးပိတ်ချိန် အတိအကျမထားဘဲ တချို့နေ့ရက်များတွင် နေ့လည် ၃နာရီဝန်းကျင် ရုံးပိတ်လိုက်သောကြောင့် နယ်မှတကူးတက ရက်ချိန်းလာယူရသူများအတွက် အခက်အခဲကြုံရသည်ဟုလည်း သိရသည်။
စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်းတွင် ပြည်တွင်း အလုပ်အကိုင်ရှားပါးမှုများကြောင့် ပြည်ပထွက်ခွာရန်လုပ်ဆောင်သူ များပြားခဲ့ပြီး မန္တလေးတိုင်းနှင့် အခြား မြို့နယ်များသည် နိုင်ငံကူးလက်မှတ်အတွက် ပုံမှန်ကုန်ကျငွေထက် နှစ်ဆ သုံးဆ တိုးမြှင့်ပေးရပြီး ပွဲစားစနစ်သည်လည်း ပေါ်ပေါ်ထင်ထင် ရှိနေဆဲပင် ဖြစ်ကြောင်း မန္တလေးနှင့် တခြားမြို့နယ်များတွင် နေထိုင်သူများက ပြောသည်။
ရန်ကုန်တိုင်း နိုင်ငံကူးလက်မှတ်ထုတ်ပေးရုံးသည်လည်း အွန်လိုင်းဘိုကင်စနစ်သစ် စတင်လုပ်ဆောင်သည့် ဖေဖော်ဝါရီ ၂၄ရက်မှစတင်၍ လက်ရှိအချိန်အထိ ကိုယ်ရေးအချက်အလက်များဖြည့်သွင်းပြီး ငွေပေးချေမှုများ လုပ်ဆောင်ပြီးသော်လည်း ရက်ချိန်းရရှိခြင်းမရှိသူများ၊ ငွေထပ်မံပေးချေရန် အကြောင်းကြားမှုများ ကြုံနေရသူများနှင့် ကိုယ်ရေးအချက်အလက်ဖြည့်သွင်းပြီး ဆာဗာချို့ယွင်းမှုကြောင့် ငွေပေးချေရန် ကျန်နေသူများလည်း ရှိနေဆဲ ဖြစ်သည်။

👍7🔥1