Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ခင်ဦးမြို့နယ်အနောက်ခြမ်းရှိ ကလုံကျေးရွာကို စစ်ကောင်စီတပ်ကမီးဝင်ရှို့
🤬9🔥1😁1😢1
ခင်ဦးမြို့နယ်အနောက်ခြမ်းရှိ ကလုံကျေးရွာကို စစ်ကောင်စီတပ်ကမီးဝင်ရှို့
===================

လွှမ်းမိုး
မဇ္ဈိမ။။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အနောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က မတ်လ ၇ ရက်၊ နံနက် ၇ နာရီခွဲခန့်မှစတင်၍ ကလုံကျေးရွာကို မီးတင်ရှို့နေကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

“ ကျမတို့ ရွာကို စစ်ကောင်စီတပ်က တစ်ညအိပ်ပြီး ယနေ့နံနက်ခင်းမှာ အပစ်အခတ်မရှိဘဲနဲ့ မီးရှို့သွားတာ ဖြစ်ပါတယ်။ သုံးနာရီလောက် မီးအား ကောင်းကောင်း နဲ့ လောင်နေခဲ့တာ ဖြစ်ပါတယ်။

မီးလောင် အိမ်ခြေစာရင်းကတော့ အတိအကျမသိရသေးဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။
ကလုံကျေးရွာသည် အိမ်ခြေ ၃၀၀ ခန့်ရှိသောရွာကြီးဖြစ်ကာ ခင်ဦးမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မတ်လအတွင်း ပထမဆုံး မီးရှို့ခံရသည့် ရွာလည်းဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီတပ်သားများ ရွာအတွင်းမှပြန်လည်ထွက်ခွာသွားပြီဖြစ်သော်လည်း ကျေးရွာနေသူများမှ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရဆဲဟု သိရသည်။

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်မှ စစ်အင်အား ၁၂၀ ခန့် ဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ကန့်ဘလူနှင့် ခင်ဦးနယ်များမှ ဒေသခံ ၂၀ ဦးခန့်ကိုဖမ်းစီး၍ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်းလည်း ရဲဘော်တစ်ဦးကဆိုသည်။

ယမန်နေ့တွင်လည်း ခင်ဦးမြို့နယ် သရက်ကုန်းကျေးရွာမှ အသက် ၉၂နှစ် အရွယ် အဖွားအိုတစ်ဦး စစ်ရှောင်နေရင်း အမောဖောက်ကာ သေဆုံးခဲ့ရကြောင်းသိရသည်။

အလားတူ မုံလှကျေးရွာ မှ အသက် ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးသည်လည်း စစ်ကောင်စီတပ်သားများ ပစ်ခတ်လိုက်သည့် လက်နက်ကြီးစ ထိမှန်သေဆုံးခဲ့ရကြောင်း အခြားဒေသခံ တစ်ဦးကပြောသည်။

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေခြင်းကြောင့် သရက်ကုန်း ၊ မုံလှ၊ ကလုံ၊ငါးရုံကြီး ၊ ရှားတော စတဲ့ကျေးရွာများမှ ဒေသခံ ၆,၀၀၀ ခန့် စစ်ရှောင်နေရကြောင်း သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ခင်ဦးမြို့နယ်
#စစ်ကြောင်း
#စစ်ရှောင်
#မီးရှို့
#ကလုံကျေးရွာ
👍5🤬5🔥3😁1
​​မန္တလေး နိုင်ငံကူးလက်မှတ်လျှောက်ထားမှု ၂၀၂၄ အထိ ရက်ချိန်းပြည့်နေ
====================

ကီရာ
မန္တလေးတိုင်းတွင် နိုင်ငံကူးလက်မှတ်လျှောက်ထားမှု ၂၀၂၄ ခုနှစ် အထိ ရက်ချိန်းရယူမှုများရှိနေကြောင်းနှင့် နိုင်ငံကူးလက်မှတ် အမြန်လိုအပ်သူများသည် ပွဲစားနှင့် တဆင့် လုပ်ဆောင်မှသာ ရရှိနိုင်တော့မည်ဖြစ်ကြောင်း နိုင်ငံကူးလက်မှတ်လျှောက်ထားသူများထံမှ သိရသည်။

ကိုယ်တိုင် နိုင်ငံကူးလက်မှတ် တန်းစီ ရက်ချိန်းရယူသူများသည် ၂၀၂၄ အထိ ရက်ချိန်းများရရှိကြသော်လည်း ပွဲစားများဖြင့် လုပ်ဆောင်သူများသည် ငါးရက်အတွင်း ရက်ချိန်းရရှိကြသည်ဟု သိရသည်။

"သာမန်လူတွေ၂၄အထိရောက်ပေမယ့် ပွဲစားဆိုရင် ငါးရက်အတွင်းရတယ်လို့လဲပြောကြတယ်။ အရင်က တစ်ရက်ကို လူ၁၀၀ လောက်လုပ်ပေးပေမယ့် အခုက လူ၈၀ ပဲ လုပ်ပေးတော့တယ်။ ရက်ချိန်းယူဖို့ တန်းစီနေတဲ့‌သူတွေကတော့ တနေ့ကို လူ၅၀၀ ကျော်လောက်ရှိတယ် " ဟု နိုင်ငံကူးလက်မှတ်သွားရောက်တန်းစီနေသူတစ်ဦးက ပြောသည်။

လက်တလောတွင် နိုင်ငံကူးလက်မှတ်ရက်ချိန်းများကို ကြားပွဲစားများမှတဆင့် သိန်းဂဏန်းအထိ ပေး၍ ပြန်လည်ဝယ်ယူနေရမှုများလည်း ရှိနေသည်ဟု နိုင်ငံကူးလက်မှတ်လျှောက်ထားသူများမှ ပြောသည်။

ထို့အပြင် မန္တလေးနိုင်ငံကူးလက်မှတ်ရုံးသည် ရုံးပိတ်ချိန် အတိအကျမထားဘဲ တချို့နေ့ရက်များတွင် နေ့လည် ၃နာရီဝန်းကျင် ရုံးပိတ်လိုက်သောကြောင့် နယ်မှတကူးတက ရက်ချိန်းလာယူရသူများအတွက် အခက်အခဲကြုံရသည်ဟုလည်း သိရသည်။

စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်းတွင် ပြည်တွင်း အလုပ်အကိုင်ရှားပါးမှု‌များကြောင့် ပြည်ပထွက်ခွာရန်လုပ်ဆောင်သူ များပြားခဲ့ပြီး မန္တလေးတိုင်းနှင့် အခြား မြို့နယ်များသည် နိုင်ငံကူးလက်မှတ်အတွက် ‌ပုံမှန်ကုန်ကျငွေထက် နှစ်ဆ သုံးဆ တိုးမြှင့်ပေးရပြီး ပွဲစားစနစ်သည်လည်း ပေါ်ပေါ်ထင်ထင် ရှိနေဆဲပင် ဖြစ်ကြောင်း မန္တလေးနှင့် တခြားမြို့နယ်များတွင် နေထိုင်သူများက ပြောသည်။

ရန်ကုန်တိုင်း နိုင်ငံကူးလက်မှတ်ထုတ်ပေးရုံးသည်လည်း အွန်လိုင်းဘိုကင်စနစ်သစ် စတင်လုပ်ဆောင်သည့် ဖေဖော်ဝါရီ ၂၄ရက်မှစတင်၍ လက်ရှိအချိန်အထိ ကိုယ်ရေးအချက်အလက်များ‌ဖြည့်သွင်းပြီး ငွေပေးချေမှုများ လုပ်ဆောင်ပြီးသော်လည်း ရက်ချိန်းရရှိခြင်းမရှိသူများ၊ ငွေထပ်မံပေးချေရန် အကြောင်းကြားမှုများ ကြုံနေရသူများနှင့် ကိုယ်ရေးအချက်အလက်ဖြည့်သွင်းပြီး ဆာဗာချို့ယွင်းမှုကြောင့် ငွေပေးချေရန် ကျန်နေသူများလည်း ရှိနေဆဲ ဖြစ်သည်။
👍7🔥1
တမူး- PDF တပ်ရင်း (၃) ကို အမျိုးသားလွတ်မြောက်ရေး တပ်တော်အဖြစ် ပြင်ဆင်ဖွဲ့စည်း
=======================

မဇ္ဈိမ
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးအခြေစိုက်၊ တမူး- PDF တပ်ရင်း (၃) အား အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) အဖြစ် မတ်လ ၅ ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းလိုက်သည်။

ပြည်သူ့နွေဦးတော်လှန်ရေးကို တပ်ရင်းအဆင့်ထက် ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်နိုင်စေရန်အတွက် စစ်ရေးနှင့် နိုင်ငံရေးရည်မှန်းချက်များ ချမှတ်ကာ NLA တပ်တော်အဖြစ် ပြောင်းလဲပြင်ဆင် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း ပြောသည်။

NLA အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NU) ‌လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့ တော်လှန်ရေး အင်အားစုများ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုများ၊ မဟာမိတ် အင်အားစုများနှင့်အတူ စစ်အာဏာရှင် အမြစ်ပြုတ်သည်အထိ တိုက်ထုတ်သွားမည်ဖြစ်ကြောင်း NLA က ထုတ်ပြန်ထားသည်။

ယင်းအမျိုသားလွတ်မြောက်ရေးတပ်တော် ဖွင့်ပွဲအခမ်းအနားကို NLA တပ်တော် ဌာနချုပ်တွင် မတ်လ ၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

စာတည်း။ ။ နောင်နောင်

#NLA
#တမူးPDF
#တပ်တော်
#mizzimatv
👍22❤4🔥1🤣1
Gender ဆိုတာဘာလဲ
=============

အောင်မြင်ပြီး အေးချမ်းသာယာတဲ့လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်တဲ့အခါ ပြောင်းလဲလာတဲ့ ကမ္ဘာကြီးရဲ့ ဒီမိုကရေစီစံနှုန်းတွေနဲ့အညီ အခြေခံကျတဲ့အချက်တွေကို သိရှိနားလည်နေကြဖို့လည်း လိုအပ်ပါတယ်။ ဒီနေ့လူ့အဖွဲ့အစည်းကို ပြောင်းလဲချင်သူတွေအားလုံး Sex နဲ့ Gender ဆိုတာကို ခွဲခြားနားလည်ထားကြမယ်ဆိုရင် ဒီနားလည်မှုဟာ အနာဂတ်အတွက် ကောင်းမွန်တဲ့ အပြောင်းအလဲတွေကို ဆက်တိုက်သယ်ဆောင်လာတော့မှာအမှန်ပါ။

https://youtu.be/V9wOljNjQjY

#PSA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🔥1
​​လမိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးကျည်ကြောင့် ဒဏ်ရာရသည့်အဘွား သေဆုံး
========================

ဂျူချန်း
(မဇ္ဈိမ) ။။ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊​ အောင်သာယာကျေးရွာတွင် စစ်ကောင်စီတပ်၏ အမတ (၃၁၇)မှ ပစ်ခတ်ခဲ့သော လက်နက်ကြီးကျည် ထိမှန်ခဲ့‌သည့် အဘွားအို သေဆုံးသွားကြောင်း ဒေသခံများက မဇ္ဈိမ ကိုပြောသည်။

မတ်လ ၅ ရက်နေ့တွင် လက်နက်ကြီးကျည် ထိမှန်ခဲ့သည့် အသက် ၇၈နှစ်အရွယ် အဘွားဒေါ်ထုမူးသည် ယမန်နေ့ မတ်လ ၆ ရက် ညနေ ၃နာရီဝန်းကျင်ခန့်တွင် ယင်းဒဏ်ရာဖြင့် မော်လမြိုင်ဆေးရုံကြီးတွင် ကွယ်လွန်သွားကြောင်း သိရသည်။

“လက်နက်ကြီးကျည်ထိတဲ့ အဘွားဒေါ်ထုမူး ဆုံးသွားပြီ။ ခန့်မှန်း ညနေ ၃နာရီ မတိုင်ခင်လောက်ဖြစ်မယ်။ ဗိုက်တွေပေါက် အူတွေပါထွက်တာကိုး” ဟု ဒေသခံတစ်ဦးက ပြောသည်။

အောင်သာယာရွာရှိ ပြည်သူအများစုမှာ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးရန်ကို ကြောက်သဖြင့် အခြားနေရာများတွင် တိမ်းရှောင်နေရကြောင်း သိရသည်။

“အောင်သာယာရွာကို သတင်းသွားမေးတာ အိမ်တော်တော်များများပိတ်ထားကြတယ်။ ကြောက်လန့်ပြီး ရွာဟောင်းတွေဘက်၊ ခြံတွေဘက် ရှောင်ပြေးနေကြတယ်” ဟု ၎င်းကဆက်‌ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့သည် အနီးရှိကျေးရွာများသို့ လက်နက်ကြီးများပစ်ခတ်ရာ ဘုန်းကြီးကျောင်းအနီး ပတ်ဝန်းကျင်များတွင် ကျလေ့ရှိကြောင်း အနီးရှိ ဒေသခံက ဆိုသည်။

“အဲဒီရက်က အောင်သာယာရွာကို ပစ်တာ အောင်သာယာဘုန်းကြီးကျောင်းရှေ့တစ်အိမ်ကျော်မှာပဲ။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့က အောင်သာယာရွာနဲ့ တစ်မိုင်လောက်ပဲဝေးတဲ့ လိမ္မော်ခြံရွာကိုလည်း ပစ်သေးတယ်။ ဆေးပေးခန်းနားကိုကျတာ ဆေးပေးခန်းက လိမ္မော်ခြံဘုန်းကြီးကျောင်းရှေ့တည့်တည့်မှာ။ ကနင်ကမော့ ဘုန်ကြီးကျောင်းဝင်းထဲလည်း လက်နက်ကြီး ကျပြီးပြီ။ စုစည်းမြိုင် ဘုန်းကြီးကျောင်း မှာလည်း ဦးဇင်းကြီးတစ်ပါး ဆေးရုံပို့ရပြီး ကိုရင်လေးက ပွဲချင်းပြီး (ပျံလွန်တော်မူ)။ ပစ်သမျှအလုံးတွေက ဘုန်းကြီးကျောင်းတွေကို ဦးတည်ပြီး ပစ်နေသလိုပဲ” ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

ဖေဖော်ဝါရီလ ၁၀ရက်နေ့ကလည်း စစ်ကောင်စီတပ်၏ အမတ (၃၁၇) မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အောင်သာယာ ကျေးရွာရှိ အရပ်သားနေအိမ် နှစ်လုံး ပျက်စီးခဲ့ပြီး စုစည်းမြိုင်ဘုန်းတော်ကြီးကျောင်းသို့ လက်နက်ကြီး နှစ်လုံးကျရောက်ပေါက်ကွဲရာ ကိုရင်တစ်ပါး ပျံလွန်တော်မူခဲ့ရကာ ဦးဇင်းတစ်ပါး ဒဏ်ရာရရှိခဲ့သည်။

ဇန်နဝါရီလအတွင်းကလည်း ကနင်ကမော့ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ယင်းကျေးရွာရှိ အမျိုးသမီးနှစ်ဦး ကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့သေးသည်။

အာဏာသိမ်းကာလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးခဲ့ရသည့် အရပ်သား စုစုပေါင်း ၃,၀၀၀ နီးပါးရှိပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ယမန်နေ့ မတ်လ ၆ ရက်နေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#မွန်ပြည်နယ်
#ရေးမြို့နယ်
#လက်နက်ကြီးပစ်ခတ်မှု
#စစ်ကောင်စီတပ်
🤬6👍4😢2🔥1
ဘုတလင်မြို့နယ် ဇီးတောကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်း လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရ
❤9👏5🔥1🥱1