Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဘုတလင်မြို့နယ် ဇီးတောကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်း လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရ
❤9👏5🔥1🥱1
ဘုတလင်မြို့နယ် ဇီးတောကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်း လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရ
======================

လွှမ်းမိုး
မဇ္ဈီ။ ။စစ်ကိုင်းတိုင်း ၊ ဘုတလင်မြို့နယ် ၊ ဇီးတောကျေးရွာအနီးတွင် အင်အား ၇၀ ခန့်ပါ စစ်ကောင်စီစစ် ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက မတ်လ ၆ ရက် နံနက် ၉ နာရီ အချိန်တွင် လက်နက်ကြီးများ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကျောင်းသားလက်ရုံးတပ်တော် (S.A.F) တပ်ဖွဲ့ ထံမှ သိရသည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ အထိအခိုက်ရှိနိုင်ပြီး အသေးစိတ်မသိရှိရသေးကြောင်း ကျောင်းသားလက်ရုံးတပ်တော် ဗဟိုကော်မတီဝင် ကို Marilyn က ပြောသည်။

“စစ်ကောင်စီ စစ်ကြောင်းကို ၈၀ မမ၊ ၄၀ မမ စတဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီးတိုက်ခိုက်ခဲ့တာဖြစ်ပါ တယ်။ စစ်ကောင်စီတပ်ဘက်က အထိအခိုက်ကိုတော့ အသေးစိတ်မသိရသေးပါဘူး” ဟု ၎င်းကဆိုသည်။

ထိုတိုက်ခိုက်မှုကို ကျောင်းသားလက်ရုံးတပ်တော် (S.A.F)၊ MDFနှင့် ဒေသခံ ပ.က.ဖတို့ ပူးပေါင်း၍ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘုတလင်မြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းခွဲကာ နယ်မြေရှင်းလင်းရေးလုပ် ဆောင်နေခြင်းဖြစ်ပြီး မတ်လ ၄ ရက်နေ့ကလည်း မြို့ပေါ်မှ နေအိမ် ၂၈ လုံးကို မီးရှိုဖျက်စီးခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ဘုတလင်မြို့နယ်
#ဇီးတောကျေးရွာ
#စစ်ကြောင်းထိုး
👍9😁1🥱1
​​မအူပင်မြို့ မအူပင်-ကျိုက်လတ်လမ်းပေါ်ရှိ မြို့ဝင်ဆိုင်းဘုတ်အနီး ဗုံးပေါက်ကွဲ
=====================

မင်းထက်
မဇ္စျိမ။ ။ဧရာဝတီတိုင်း၊ မအူပင်မြို့ မအူပင်-ကျိုက်လတ်လမ်းပေါ်ရှိ မြို့ဝင်ဆိုင်းဘုတ်အနီးတွင် မတ်လ ၆ ရက်နေ့ ညနေ ၅ နာရီ ၅၅ မိနစ်ခန့်အချိန်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ဗုံးပေါက်ကွဲရာနေရာ၌ စစ်ကောင်စီတပ်များနှင့် ရဲတပ်ဖွဲ့ စုစုပေါင်းရှစ်ဦးခန့်ရှိနေချိန် ပေါက်ကွဲခဲ့ခြင်းဖြစ် ပြီး ထိခိုက်ဒဏ်ရာရရှိမှု ရှိ၊ မရှိမသိရသေးကြောင်း ဖောက်ခွဲမှုပြုလုပ်ခဲ့သော အမည်မဖော်လိုသည့် တော်လှန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“မအူပင်ကနေကျိုက်လတ်ကိုထွက်တဲ့ မြို့ဝင်ဆိုင်းဘုတ်နားမှာ ဒေသခံတွေကို စစ်ဆေးတာတွေ၊ မတရား ငွေတောင်းတာတွေလုပ်နေတဲ့ စစ်ခွေး(စစ်ကောင်စီတပ်)နဲ့ ရဲခွေး(ရဲတပ်ဖွဲ့) တွေကိုဖောက်ခွဲခဲ့တာပါ” ဟု ဆို သည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ညပိုင်းတွင် စစ်ကောင်စီတပ်များနှင့်ရဲများက ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခြင်း မရှိဘဲ အရပ်ဝတ်များဖြင့်သာ လိုက်လံစုံစမ်းစစ်ဆေးနေကြကြောင်း ဒေသခံများကပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့က ရန်ကုန်တိုင်း၊ အလုံမြို့နယ်တွင် မအူပင် PDF တပ်ဖွဲ့ ဝင်များနှင့် ဖျာပုံ PDF အဖွဲ့ဝင် စုစုပေါင်း ၁၉ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည်။

ထိုသို့ဖမ်းဆီးခံရပြီးနောက် မအူပင်မြို့နယ်အတွင်း ဗုံးပေါက်ကွဲမှုများ၊ စစ်ကောင်စီသတင်းပေး ရှင်းလင်း ခံရမှုဖြစ်စဥ်များ ခြောက်လကျော်ကြာသည်အထိ ဖြစ်ပွားခြင်းမရှိတော့ကြောင်း၊ ယမန်နေ့ကမှသာ ဗုံး ပေါက်ကွဲမှု ပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ဧရာဝတီတိုင်း
#မအူပင်မြို့
#မအူပင်-ကျိုက်လတ်လမ်း
#ဗုံးပေါက်ကွဲ
👍13😁3
မတ်လ ၇ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
======================

01:02-စင်ကာပူထိပ်သီး Keppel Land က မြန်မာဟိုတယ်စီမံကိန်းတစ်ခုမှ နှုတ်ထွက်တဲ့ သတင်း

03:08-မန္တလေးရှိ သုံးဘီးအငှားယာဉ်များ (မီနီအိုးဝေ) အားလုံးကို အဝါရောင်ပြောင်းလဲဖို့စီစဉ်နေတဲ့ သတင်း

06:48-ရေနံချောင်းမြို့မရဲစခန်း မိုင်းခွဲတိုက်ခိုက်ခံရတဲ့ သတင်း

04:38-Unicef ကမြန်မာနိုင်ငံနဲ့ အာဖကန်နစ်စတန်မှာရှိတဲ့ ကလေးငယ်တွေရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ အဟာရ ဖြည့်တင်းရေးအတွက် အမေရိကန် ဒေါ်လာ၃၀.၅ သန်း ကူညီလှူတန်းခဲ့တဲ့ သတင်း အပါအဝင် အရေးကြီးတဲ့ သတင်းတွေနဲ့ အခြားစိတ်ဝင်စားဖွယ်ရာ သတင်းတွေကို တင်ဆက်ပေးမှာပါ။

https://youtu.be/piZwEIINpVM

Photo - CJ

#2pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4😁2
​​ကသာမြို့နယ်တွင် တိုက်ပွဲလက်ကျန် ဗုံးသီးပေါက်ကွဲရာမှ အမျိုးသမီး ၁ ဦး သေဆုံး
======================

ဂျူချန်း
မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ငါးတဲ့ကျေးရွာအုပ်စု၊ ပျဉ်ထောင်လေးကျေးရွာတွင် စစ်ကောင်စီ တပ်သားများပစ်ခတ်ထားသည့် ၆၀ မမ ဗုံးသီးတစ်လုံး ပေါက်ကွဲရာမှ အမျိုးသမီးတစ်ဦးသေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း ဒေသခံထံမှ သိရသည်။

ကသာမြို့နယ်၊ ပျဉ်ထောင်လေးကျေးရွာမှ အမျိုးသမီးငယ်နှစ်ဦးသည် မတ်လ ၅ ရက်နေ့က ပျဉ်ထောင် လေးဘုန်းကြီးကျောင်းနှင့် ပေ ၁၅၀ ခန့်အကွာတွင်ရှိသည့်ဇီးပင်မှ ဇီးသီးခူးရာတွင် အပင်အောက်မှ ခြုံများ အား ရှင်းလင်းရင်းနှင့် ၆၀ မမ ဗုံးသီးအား ဓါးဖြင့်ခုတ်မိသဖြင့် ပေါက်ကွဲခဲ့ရာ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အတူပါလာသည့် အသက် ၁၃ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ညီအမနှစ်ယောက် ဇီးသီးကောက်ဖို့ဆိုပြီး ဇီးပင်အောက်ကအပင်တွေကို ဓါးနဲ့လျှောက်ခုတ်ရင်း စစ်တပ် ကပစ်ထားတဲ့ အသီး(၆၀ မမ ဗုံး)ကိုခုတ်မိတာ။ အဲဒီအသီးက မကွဲဘဲနဲ့ ဇီးပင်အောက်မှာကျနေတာကို မမြင်လို့ ဓါးနဲ့ခုတ်မိတာနဲ့တူပါတယ်” ဟု ပျဉ်ထောင်လေးရွာမှ ဒေသခံတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

စစ်ကောင်စီတပ်၏ ငါးအိုးရွာအခြေစိုက် ခလရ(၁၂၁)တပ်သည် အဆိုပါပျဉ်ထောင်လေးရွာ ဘုန်းတော်ကြီး ကျောင်းတွင် လွန်ခဲ့သည့် ဇန်နဝါရီလက စခန်းချခဲ့ဖူးကြောင်း ဆိုသည်။

အဆိုပါ ခလရ(၁၂၁)တပ်မှ စစ်ကောင်စီစစ်ကြောင်းထိုးပြီးနောက် ပျဉ်ထောင်ကျေးရွာတွင် မပေါက်ကွဲဘဲ ကျန်ရှိနေသည့် ၄၀ မမ နှင့် ၆၀ မမ စသည့် ဗုံးသီး အလုံး ၃၀ ခန့်ရှိကြောင်း ဆိုသည်။

“အသီးတွေကို တစ်ရွာလုံး ပတ်ချထားတာ။ ရှာတော့ရှာတယ်ဗျ။ တွေ့သလောက် မကွဲသေးတဲ့ဟာက ၃၀ ထက်မနည်းပဲ။ ဟိုနားကတွေ့လိုက်၊ ဒီနားကတွေ့လိုက်နဲ့” ဟု ဒေသခံက ဆိုသည်။

ထို့ပြင် စစ်ကောင်စီတပ်မှ မကြာခဏစစ်ကြောင်းထိုးနေမှုကြောင့် ပျဉ်ထောင်လေးကျေးရွာမှ ဒေသခံ များမှာ လက်ရှိအချိန်အထိ နေအိမ်များမှ တိမ်းရှောင်နေရကြောင်း သိရသည်။

“ရွာထဲမှဦမနေရဲကြလို့ အပြင်ပဲနေကြတာ။ နေ့ဆို သူ့အိမ်ကိုယ့်အိမ် သန့်ရှင်းရေးလာလုပ်ကြတယ်။ အတွင်းထဲမှာ လူတွေလည်း မနေရဲအောင်ကိုဖြစ်နေတာ။ အိမ်တွေလည်း ဇကာပေါက်တွေကို ဖြစ်နေတာ။ အရင်သူတို့ စစ်ကြောင်းထိုးတုန်းကလည်း တစ်ရွာလုံးနီးပါး အိမ်တွေထဲဝင်မွှေသွားပြီး ကျန်ခဲ့တဲ့ ပစ္စည်း တွေကို ယူသွားတာတွေရှိတယ်။ ကျနော့်အိမ်ကိုလည်းဖျက်ဆီးသွားတယ်” ဟု ပျဉ်ထောင်ရွာမှ စစ်ရှောင် နေသည့် ဒေသခံတစ်ဦးက ပြောသည်။

မတ်လ ၂ ရက်နေ့ကလည်း ကသာမြို့နယ်၊ ကျောက်ပုံရွာတွင် စစ်ကောင်စီတပ်ဖွဲ့ထောင်ထားသည့်မိုင်း အား နင်းမိခဲ့သဖြင့် အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတဦး ခြေထောက်တဖက် ဖြတ်တောက် လိုက်ရ ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် တိုက်ပွဲလက်ကျန်ခဲယမ်းမီးကျောက်များ သို့မဟုတ် မြေမြှုပ်မိုင်းများပေါက်ကွဲမှုကြောင့် ၂၀၂၂ ခုနှစ်အတွင်း လူပေါင်း ၃၉၀ ဦး သေဆုံး၊ ဒဏ်ရာရခဲ့ကြောင်း ယူနီဆက်ဖ်က ဖေဖေါ်ဝါရီလ ၂၁ ရက် နေ့တွင် ထုတ်ပြန်ထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ကသာမြို့နယ်
#ဗုံးပေါက်ကွဲ
😢5🔥1😱1
​​မဏိပူပြည်နယ်အကျဉ်းထောင်မှ မြန်မာစစ်ဘေးရှောင် ၃ ဦး အာမခံဖြင့် လွတ်မြောက်
========================

ပါခွီး
မဇ္စျိမ။ ။အိန္ဒိယနိုင်ငံ၊ မဏိပြည်နယ်၊ အင်ဖားအကျဉ်းထောင်တွင် ထိန်းသိမ်းရေးစခန်းဖွင့်လှစ်ပြီး ဖမ်းဆီး ထိန်းသိမ်းထားသူများအနက်မှ မြန်မာစစ်ဘေးရှောင်သုံးဦး အာမခံဖြင့်လွတ်မြောက်လာကြောင်း သိရ သည်။

အာမခံဖြင့်လွတ်မြောက်လာသူများမှာ Jamkhosei Touthang (၇၀ နှစ်)၊ Sonminthang Lame (၂၃ နှစ်) နှင့် Willian (၂၀ နှစ်)တို့ဖြစ်ပြီး မတ်လ ၂ ရက်နှင့် ၃ ရက်နေ့တွင် လွတ်မြောက်လာခြင်းဖြစ်သည်။

“အသက်ကြီးတဲ့သူကတော့ ကျန်းမာရေးမကောင်းတဲ့အတွက်နဲ့ ကျန်နှစ်ယောက်က လူငယ်ကျောင်းသား အရွယ်ဖြစ်တဲ့ဆိုတဲ့ သက်ညှာတဲ့ စဉ်းစားမှုနဲ့ တရားသူကြီးက အာမခံနဲ့ လွှတ်ပေးလိုက်တာလို့ သိရတယ်” ဟု Burma Refugee Committee Kabaw Valley နာယက ဦးထန်ဆေးက မဇ္စျိမကိုပြောသည်။

လွတ်မြောက်လာသူသုံးဦး၏ မိသားစုဝင်များမှ ၎င်းတို့အဆက်အသွယ်များဖြင့် သီးခြားဆက်သွယ်ဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးထိန်းသိမ်းခံရသူများတွင် အသက်(၁၈)နှစ်အောက် ကိုးဦးပါဝင်ပြီး ၎င်းတို့အားလည်း ကျောင်းသား လူငယ်အရွယ်များဖြစ်သည်ဆိုသော အကြောင်းပြချက်ဖြင့် အာမခံရရန် ရှေ့နေမှတဆင့် ကြိုးစားဆောင် ရွက်နေကြောင်း ဆိုသည်။

သို့သော် တရားသူကြီးများအနေဖြင့် အစိုးရ၏ပေါ်လစီဖြင့် ဖမ်းဆီးထိန်းသိမ်းသည့်အတွက် အစုအဖွဲ့လိုက် ပြန်လွှတ်မပေးရဲကြောင်း တရားရုံးနှင့်နီးစပ်သောအသိုင်းဝိုင်းများမှတဆင့်သိရကြောင်း ဦးထန်ဆေးကဆို သည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ညပိုင်းက ထိန်းသိမ်းထားသူများထဲမှ ကိုဒဲမ်ခိုလွန်း (၃၂ နှစ်)သည် ရုတ်တရက် သေဆုံးသွားခဲ့သည့်အတွက် ထိန်းသိမ်းခံရသူများ၏မိသားစုဝင်များအကြားတွင် စိုးရိမ်မှုများမြင့်တက် နေပြီး ၎င်းတို့ လွတ်မြောက်ရေးအတွက် နည်းမျိုးစုံဖြင့်ကြိုးပမ်းအားထုတ်လာကြောင်း သိရသည်။

ထိန်းသိမ်းရေးစခန်းဟုဆိုသော အင်ဖားမြို့ရှိ Sajiwa အကျဉ်းထောင်တွင်းရှိ အဆောက်အဦးဟောင်း တစ်ခုတွင် စစ်ဘေးရှောင်များကို အကျဉ်းချထားကာ သံမံသလင်းပေါ်တွင်အိပ်စက်ရပြီး အစားအသောက် ညံ့ဖျင်းပြီး ကျန်းမာရေးနှင့်မညီညွတ်ကြောင်း ထိန်းသိမ်းခံမိသားစုဝင်များထံမှသိရသည်။

မဏိပူပြည်နယ် မိုးရေးမြို့အနီးတွင် ဇန်နဝါရီလ ၂၆ ရက်နှင့် ၃၀ ရက်နေ့က မြန်မာစစ်ဘေးရှောင် ၈၀ ကျော်ကို တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား ဥပဒေ ပုဒ်မ(၁၄)ဖြင့် ဖမ်းဆီးတရားစွဲဆိုထား ခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံ မဏိပူပြည်နယ်တွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှစတင်၍ စစ်ဘေးရှောင်များကို ခိုးဝင် ဥပဒေ ဖြင့် ငါးကြိမ်ထက်မနည်းဖမ်းဆီးမှုပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံသား ၃၉၃ ဦး ထိန်းသိမ်းခံထားရကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#အိန္ဒိယနိုင်ငံ
#မဏိပူပြည်နယ်
#မြန်မာစစ်ဘေးရှောင်
#ဖမ်းဆီထိန်းသိမ်း
👍8🔥2
​​အင်ဒိုနီးရှား မြေပြိုမှုတွင် သေဆုံးသူ ၁၅ ဦး ရှိလာပြီး ပျောက်ဆုံးနေသူများကို ဆက်လက် ရှာဖွေနေ
======================

အင်ဒိုနီးရှားနိုင်ငံ၏ ဝေးလံသော ကျွန်းတစ်ကျွန်းတွင် မြေပြိုမှု ဖြစ်ပွား၍ လူ ၁၅ ဦး သေဆုံးပြီးနောက် မတ်လ ၇ ရက်တွင် ကယ်ဆယ်ရေးသမားများက ပျောက်ဆုံးနေဆဲဖြစ်သည့် လူအများအပြားကို ဆက်လက်ရှာဖွေလျက် ရှိကြောင်း သဘာဝဘေးအန္တရာယ် သက်သာလျော့ပါးရေး အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢3👍2🔥1😁1
​​တီးတိန်ဘက်သို့ တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကြောင့် လတ်တလော ခရီးသွားလားခြင်းမပြုလုပ်ရန် PDF Zoland မှ အသိပေး
=====================

ဂျူနို
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းပြည်နယ် တီးတိန်ဘက်သို့ စစ်ကောင်စီတပ်သားများ ယနေ့ မတ်လ ၇ ရက်၊ နံနက်အစောပိုင်းက ကားအစီးရေ ၂၀ ခန့်ဖြင့်တက်လာကြောင်း သိရသည်။
၎င်းတို့သွားရာ လမ်းမများပေါ်တွင် အချိန်မရွေး တိုက်ပွဲများဖြစ်ပေါ်လာနိုင်သောကြောင့် လတ်တလော ခရီးသွားလားခြင်းမပြုလုပ်ရန် ချင်းပြည်နယ်အခြေစိုက် ချင်းတော်လှန်ရေးအဖွဲ့အစည်း တစ်ခုဖြစ်သည့် PDF Zoland မှ အသိပေးထားသည်။

စစ်ကောင်စီတပ်သားများမှာ ခရီးသွားများကို လူသားဒိုင်းအဖြစ်အမြဲအသုံးပြုသည့်အတွက် ပြည်သူများအနေဖြင့် ခရီးသွားခြင်း၊ တောထွက်ခြင်းများ မပြုလုပ်ကြရန်၊ တတ်နိုင်သမျှ မိမိအသက်လုံခြုံရေးဂရုစိုက်ကြရန် PDF Zoland မှ အသိပေးထုတ်ပြန်ထားသည်။

“စစ်သားတွေ အင်အား ၅၀ လောက်ရှိမယ်။ တပ်အင်အားဖြည့်ဖို့တက်လာတာဖြစ်မယ်။ ကားတွေက စစ်ကားတွေချည်းပဲမသုံးဘဲ ပြည်သူတွေရဲ့ကားတချို့ချောဆွဲပြီး သူတို့က အနောက်ကနေလိုက်လာတာပါ။ သူတို့က ပြည်သူများများထိလည်း ဂရုမစိုက်ဘူး။ ကျွန်တော်တို့တော်လှန်ရေးဘက်ကတော့ ပြည်သူ တစ်ယောက်မှ ထိခိုက်ဒဏ်ရာမရစေချင်လို့ မစ်ရှင်ဖျက်ခဲ့ရတာမျိုးရှိတယ်။ ကျွန်တော်တို့ မစ်ရှင်အောင်မြင်ဖို့ ပြည်သူတွေခရီးသွားလာတာတွေဂရုစိုက်ပေးကြပါလို့ အသိပေးချင်ပါတယ်။”ဟု PDF Zoland မှ ပြောရေးဆိုခွင့်ရှိသူက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်နေ့ကလည်း ချင်းပြည်နယ်၊ တီးတိန်မြို့အနီး ဆဲဇန်ကျေးရွာ၌ စစ်ကောင်စီတပ်နှင့် PDF Zoland၊ CDM Siyin ပူးပေါင်းတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။
အဆိုပါထိတွေ့တိုက်ပွဲမှာ နှစ်နာရီကျော်ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သားများဘက်မှ အသေအပျောက်နှင့် ဒဏ်ရာရသူအများအပြားဖြင့် ဆဲဇန်ကျေးရွာမှ ဆုတ်ခွာသွားကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦး ဗုံးစထိမှန်၍ ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း PDF Zoland ထံက သိရသည်။

ဇိုမီးတော်လှန်ရေးတပ်ဖွဲ့ဖြစ်သည့် PDF Zoland မှာ ၂၀၂၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး PDF Zoland နှင့် စစ်ကောင်စီတပ်များသည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့မှ ၂၂ ရက်အထိ ချင်းပြည်နယ်၊ ဟန်ဇိန်ရွာတွင် ၁၀ ရက်ဆက်တိုက် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး PDF Zoland ဘက်မှ တူမီးသေနတ်များဖြင့်သာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ဦးရေ ၈၀ ကျော်သေဆုံးသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ဇိုမီးတော်လှန်ရေးတပ်ဖွဲ့
#တူမီးသေနတ်
#ကလေးမြို့
#ချင်းပြည်နယ်
#တီးတိန်
👍10❤2🔥1😁1
​​ရေဖြူမြို့နယ်တွင် ဒေသခံများစီးနင်းလာသည့်ကား ပစ်ခတ်ခံရ၍ ၆ ဦး ထိခိုက် ဒဏ်ရာရ
======================

ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ မရမ်းချောင်းကျေးရွာအနီးတွင် မတ်လ ၅ ရက်နေ့ ညနေပိုင်းက ဒေသခံများစီးနင်းလာသည့် ကားတစ်စီးပစ်ခတ်ခံရပြီး အရပ်သားငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါပစ်ခတ်မှုကို စစ်ကောင်စီတပ်က ပစ်ခတ်ခြင်းဖြစ်သည်ဟုဒေသခံများက ပြောဆိုထားသော်လည်း စစ်ကောင်စီထောက်ခံသူများက တယ်လီဂရမ်တွင် PDF အဖွဲ့က ပစ်ခတ်ခြင်းဖြစ်သည်ဟု အပြန်အလှန် စွပ်စွဲထားသည်ကို တွေ့ရသည်။

သို့သော် ရေဖြူမြို့နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဖက်ကမူ ၎င်းတို့ ပစ်ခတ်ခြင်း မရှိကြောင်း မဇ္ဈိမကို ငြင်းဆိုထားသည်။
ကလိန်အောင်ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်သည့် Spring Dhamma မှ ဆက်သွယ်ရေးနှင့်ပြန်ကြားရေး တာဝန်ခံ ကိုလင်းယုန်က “စကစ(စစ်ကောင်စီတပ်ဖွဲ့)တွေ သူတို့မှားပစ် တာကိုဝန်မခံဘဲ PDF တပ်ဖွဲ့ကပစ်ပါတယ်ဆိုပြီးတော့ မဟုတ်မမှန် အလိမ်ညာသတင်းတွေ ဖြန့်ထား တယ်” ဟု ပြောသည်။

ယင်းပစ်ခတ်မှုဖြစ်စဉ်မှာ မတ်လ ၅ ရက် ည ၇ နာရီ အချိန်တွင် ရေဖြူမြို့နယ်တွင် ဘောလုံးကန်ပြီး မရမ်း ချောင်းရွာသို့ ပြန်လာသော လူငယ် ၁၅ ဦး လိုက်ပါလာသည့် Hijet- အဖြူရောင်ကားတစ်စီးသည် ရေး-ထားဝယ်လမ်း မိုင်တိုင်အမှတ် ၄၀ နှင့် ၄၁ မိုင်ကြား အရောက်တွင်ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

“အခင်းဖြစ်တဲ့အချိန်မှာ မိုင် ၄၀ နားလောက် အရောက် ကင်းပုန်း ဝပ်နေတဲ့ စကစ(စစ်ကောင်စီတပ်ဖွဲ့) တွေက ကားရပ်ခိုင်းတာ မရပ်ပေးလို့ပစ်တာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ကားပေါ် ၌ပါလာသည့် မရမ်းချောင်း ဒေသခံနှစ်ဦး၊ ကျောက်ရှပ် ဒေသခံ နှစ်ဦး၊ ဆောက်လုပ်ရေးအလုပ်သမား တစ်ဦး စုစုပေါင်း အရပ်သားငါးဦး ကျည်ထိမှန် ဒဏ်ရာ၊ ရှပ်ထိ ဒဏ်ရာ စသဖြင့် ဒဏ်ရာ အသီးသီး ရခဲ့ကြပြီး လက်ရှိတွင် ကလိန်အောင် ဆေးရုံ၌ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#တနင်္သာရီတိုင်း
#ရေဖြူမြို့နယ်
#စစ်ကောင်စီတပ်
#ပစ်ခတ်မှု
🤬6🔥1😁1
​​ထိုင်းတွင် ကလေးငယ်များ အဝလွန်နေခြင်းအား သတိပေးတပ်လှန့် 
=======================

ထိုင်းနိုင်ငံတွင် ကလေးငယ်များ၏ ဆယ်ရာခိုင်နှုန်းနီးပါးသည် ကျန်းမာရေးအတိုင်းအတာအားဖြင့် အဝလွန်နေကြသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောပြီး ကလေးငယ်များအား အာဟာရနှင့် ပတ်သက်သော အသိပညာ တိုးတက်ကောင်းမွန်အောင် မိဘများနှင့် ဆရာ၊ ဆရာမများကို ဆောင်ရွက်ပေးခြင်း မရှိပါက အခြေအနေသည် ပို၍ ဆိုးဝါးလာမည်ဟု သတိပေးသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥1
​​ကျောက်တလုံးတွင် စစ်တပ်က မီးရှို့ပြီး အမျိုးသမီး ၄ ဦးကို ဖမ်းဆီးထား
====================

အဂမ်
မဇ္ဈိမ။ ။ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ရှိ ကျောက်တလုံးကျေးရွာမှ နေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးလိုက်သည့်အပြင် ဒေသခံအမျိုးသမီး လေးဦးကို ဖမ်းဆီးထားကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

အင်အား ၂၀၀ နီးပါး ပါဝင်သော စစ်ကောင်စီတပ်ဖွဲ့သည် ကျောက်တလုံးကျေးရွာ အတွင်းသို့ ပြီးခဲ့တဲ့ မတ်လ (၄)နေ့မှာ ဝင်ရောက်လာခဲ့ပြီးနောက် ဒေသခံအရပ်သား ၂၀ ဦးခန့်ကို ရွာဘုန်းကြီးကျောင်းတွင် ဖမ်းဆီးထားခဲ့သည်။

“ရွာဘုန်းကြီး ကျောင်းထဲမှာ ထိုင်ခိုင်းထားတာဟုတ်တယ်။ မနေ့က မနက်တော့ အားလုံးပြန်လွတ်လာပြီ။ ဒါပေမယ့် မိန်းကလေး လေးယောက်ကိုတော့ ဖမ်းထားတုန်းပဲ ရှိသေးတယ်။ ” ဟု အမည်မဖော်လိုသော ဒေသခံသတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

ဖမ်းဆီးခံထားရသည့် အရပ်သား ၂၀ ဦးအနက် အမျိုးသား ၁၆ ဦးကို မတ်လ ၅ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လွှတ်ပေးလိုက်သော်လည်း အမျိုးသမီးလေးဦးကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီစစ်ကြောင်းကို ကျောက်ကြီးကျေးရွာနှင့် သာယာကုန်းကျေးရွာကြားတွင် မတ်လ ၃ ရက်နေ့က ကြားဖြတ်တိုက်ခိုက်ရာ နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့သည်။
ယင်းနောက် ဖြတ်တိုက်ခံရ၍ အထိနာသွားသော စစ်ကောင်စီတပ်ဖွဲ့က ကျောက်တလုံးကျေးရွာအတွင်းသို့ အင်အားအလုံးအရင်းနှင့် ဝင်ရောက်စီးနင်းကာ အရပ်သားများကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ကျောက်တစ်လုံးကျေးရွာမှ လူနေအိမ်နှစ်လုံးကို PDF ထောက်ပံ့သူများ၏ နေအိမ်ဟု စွပ်စွဲကာ မီးရှို့ဖျက်ဆီးရာမှ လူနေအိမ် ၃၀ နီးပါး မီးကူးစက်လောင်သွားခဲ့ကြောင်း ဒေသခံများက မဇ္ဈိမကို အခိုင်အမာပြောသည်။

ရွှေကူမြို့နယ် ကျောက်တလုံးကျေးရွာသည် အိမ်ခြေ ၁၆၀ ကျော်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ပြီး နေအိမ် ၃၀ ခန့် မီးလောင် ကျွမ်းမှုကို စစ်ကောင်စီ ဝါဒဖြန့်သူများက ကေအိုင်အေနှင့် PDF တို့က မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း လူမှုကွန်ရက်များနှင့် တယ်လီဂရမ်များတွင် ရေးသားဖော်ပြနေကြသည်ကို တွေ့ရသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#‌ကျောက်တလုံး
#KIAPDF
#ဖမ်းဆီး
#နေအိမ်မီးရှို့
#mizzimatv
🤬8🔥2👏1🤮1
တနင်္သာရီတွင် အမျိုးသမီး ၃ ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ထား
🤬5❤1👏1
တနင်္သာရီတွင် အမျိုးသမီး ၃ ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ထား
===================

ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့တွင် စစ်ကောင်စီတပ်က အမျိုးသမီးသုံးဦး ကိုဖမ်းဆီးကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း ဒေသခံများထံမှ သိရ သည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များကက နေအိမ်များကို ဝင်ရောက် စစ်ဆေးပြီးနောက် ဖမ်းဆီးခံရသည့် မြို့ခံ ၁၀ ဦးအနက်မှ အမျိုးသမီးသုံးဦးကို အကြမ်းဖက်မှုတိုက်ဖျက် ရေး ဥပဒေပုဒ်မဖြင့် အမျိုးသမီးသုံးဦးကို အမှုဖွင့်လိုက်ခြင်းဖြစ်သည်ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
တနင်္သာရီမြို့ခံတစ်ဦးက “PDF အဖွဲ့နဲ့ အဆက်အသွယ် ရှိတယ်၊ ထောက်ပို့လုပ်တယ်ဆိုပြီး အကြမ်းဖက် ဥပဒေနဲ့ အမှုဖွင့်လိုက်တယ်”ဟု ပြောသည်။

အမှုဖွင့်ခံထားရသည့်အမျိုးသမီးများမှာ မအိအိဌေး(၃၃ နှစ်)၊ မအေးမာလာ(၃၃ နှစ်)နှင့်မတင်ဌေး(၅၅ နှစ်) တို့ ဖြစ်ကြသည်။
“ကျန်တဲ့ ဖမ်းဆီးခံရသူတွေကတော့ အဆက်အသွယ်လည်းမရသေးသလို ဘယ်လိုအခြေအနေ ရှိတယ် ဆိုတာ မသိရသေးဘူး”ဟု ဒေသခံတစ်ဦးကလည်း ပြောဆိုသည်။

တနင်္သာမြို့တွင် ပြီးခဲ့သည့်လက ဒေသခံ ၃၀ ဦးနီးပါး ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံသတင်း ရင်းမြစ်များ ထံမှ သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#တနင်္သာရီတိုင်း
#အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ
#စစ်ကောင်စီတပ်
#ဖမ်းဆီး
🤬9👍2🔥1👏1
Media is too big
VIEW IN TELEGRAM
Challenging Journey | Ep_18 seg_1 (Kira နဲ့ BoBတို့ရဲ့ စိန်ခေါ်မှု ခရီးစဥ်)

Watch more detail - https://youtu.be/O48Kq2bo8xw

#challengingjourney #kira #bobo #mizzimaplusHD #travel #challenge #reels
😁2
​​ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်ကြောင့် အမျိုးသမီး ၁၅ ဦးသေဆုံးပြီး ဖမ်းဆီးခံရသူ ၃၅ ဦးရှိ
=================

001
မဇ္စျိမ။ ။ ပြီးခဲ့သည့် ဖေဖော်ဝါရီလတစ်လအတွင်း နိုင်ငံတစ်ဝန်းတွင် စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှု၊ မီးရှို့သတ်ဖြတ်မှုနှင့် ​ကျေးရွာများသို့ ဝင်​ရောက်စီးနင်း ပစ်ခတ်မှုတို့ကြောင့် အမျိုးသမီး ၁၅ ဦးသေဆုံးခဲ့ပြီး ဖမ်းဆီးခံရသူ ၃၅ ဦးရှိကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂက မတ်လ ၆ ရက်နေ့တွင် ထုတ်ပြန်သည်။

အမျိုးသမီး ရှစ်ဦးမှာ စစ်ကောင်စီက ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်ပြီး အမျိုးသမီး သုံးဦးမှာမူ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ယခုနှစ် ဖေဖော်ဝါရီလအတွင်း အမျိုးသမီးဖမ်းဆီးခံရမှုများမှာ သိသိသာသာတိုးလာကြောင်းလည်း မြန်မာ့အမျိုးသမီးသမဂ္ဂက ထုတ်ပြန်ပြောဆိုသည်။

​တစ်လအတွင်း ဖမ်းဆီးခံရသည့် အမျိုးသမီး ၃၅ ဦးမှာ တနင်္သာရီတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်တို့မှဖြစ်ပြီး မန္တလေးတိုင်းတွင် ၁၃ ဦးဖြင့် အများဆုံးအဖမ်းခံခဲ့ရကြောင်း သိရသည်။

“ဖမ်းဆီးခံရတဲ့ အမျိုးသမီး ၃၅ ဦးထဲမှာဆိုရင် တွေ့ရတာက စစ်ဆေးရေးဂိတ်တွေမှာ သူတို့ရဲ့ဖုန်းကို စစ်လိုက်တဲ့အခါမှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ Postတွေတင်ထားတာမျိုး၊ နောက်ပြီး Shareထားတာမျိုး၊ ပြီးရင် ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ပေါင်းနေတယ်။ ပံ့ပိုးနေတယ်။ အကူအညီ ပေးနေတယ်ဆိုတာမျိုးတွေ၊ နောက်ပြီး CDM လုပ်တဲ့ အမျိုးသမီးတွေစသည်ဖြင့် ဒီလိုပုံစံမျိုးစုံနဲ့ ဖမ်းဆီးခံရတဲ့ဟာမျိုးကိုတော့ တွေ့ရပါတယ်”ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ တွဲဖက်အတွင်းရေးမှူး မဇူးဇူးကဆိုသည်။

အာဏာသိမ်းကာလအတွင်း ဖမ်းဆီးခံရသည့် အမျိုးသမီးများအနေဖြင့် အကျဉ်းထောင်၊ အချုပ်ထောင်များတွင် လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှု မရရှိခြင်း၊ စစ်ကြောရေးတွင် အတင်းအဓမ္မ အကြမ်းဖက်နှိပ်စက်ခံရခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားအမြတ်ထုတ်မှုများ၊ ခြိမ်းခြောက်အကျပ်ကိုင်မှုများနှင့် ရင်ဆိုင်နေရခြင်းများရှိကြောင်း မဇူးဇူးကပြောသည်။
အာဏာသိမ်းသည့်နေ့မှစ၍ ယခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့၏ မတရားဖမ်းဆီးခြင်းခံရသည့် အမျိုးသမီး ၃၁၀၀ ကျော်ရှိပြီး ထိုအထဲမှ အမျိုးသမီး ၅၇၀ ဦးသည် မတရားပြစ်ဒဏ် ချမှတ်ခြင်းကို ခံနေရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ၏ အချက်အလက်များအရ သိရသည်။

ထို့အပြင် အဆိုပါကာလအတွင်း အမျိုးသမီးစုစုပေါင်း ၄၂၀ ကျော် အသက်ဆုံးရှုံးခဲ့ရကြောင်းလည်း သိရသည်။

လက်တွေ့မြေပြင်အခြေအနေ သတင်းအချက်အလက် စီးဆင်းမှုများတွင် စိန်ခေါ်မှုများရှိသည့်အတွက် ကိန်းဂဏန်းများသည် ယခုထက်ပိုပြီး များနိုင်ကြောင်းလည်း မြန်မာ့အမျိုးသမီးသမဂ္ဂက ဆိုထားသည်။

စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#မြန်မာ့အမျိုးသမီးသမဂ္ဂ
#စစ်ကောင်စီတပ်
#သေဆုံးမှု
#ဖမ်းဆီးမှု
🤬4👍3🔥2😁1😢1
Business Round Up (07 March 2023)
===========

- မြန်မာ့ကမ်းလွန်သဘာဝဓာတ်ငွေ့တွင်းများ ဖွံ့ဖြိုးတိုးတက်ရေး ရပ်တန့်သဖြင့် ဓာတ်အားထုတ်လုပ်မှု လျော့ကျ

- မြန်မာသံရုံးမှ နိုင်ငံကူး လက်မှတ်စာအုပ်ကြေး တိုးမြှင့်ကောက်ခံ၊ ထိုင်းရောက် မြန်မာလုပ်သားများ ပိုမိုခက်ခဲလာ

- နယ်စပ်မူဝါဒအပြောင်းအလဲနှင့် ထိုင်းဘတ်ငွေ ဈေးကျခြင်းတို့ကြောင့် ပြည်တွင်းပြောင်းဈေးနှုန်း ကျဆင်း

- ပါကစ္စတန်မှာ စားသုံးသူ အညွှန်းကိန်း CPI၊ နှစ် ၅ဝ နီးပါးအတွင်း အမြင့်ဆုံးနှုန်းသို့ ခုန်တက်လာ

- အိန္ဒိယက ဆန်တင်ပို့မှု ပိတ်ပင်ကန့်သတ်ချက်များ ဆက်ထားဦးမည်ဟု ဆို

https://youtu.be/V2gRD5tLWdc

#BusinessRoundUp
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥1😁1
မတ်လ (၇) ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
====================

01:03− မန္တလေးတိုင်းမှာ နိုင်ငံကူးလက်မှတ်လျှောက်ထားမှု ၂၀၂၄ ခုနှစ် အထိ ရက်ချိန်းရယူမှုတွေရှိနေတဲ့သတင်း

02:28− မြန်မာ့အရေးဟာ စိုးရိမ်ဖွယ်ရာအခြေအနေဖြစ်နေတယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးပြောကြားလိုက်တဲ့သတင်း

06:40− စစ်ကောင်စီက တရားမဝင်ကြောင်း ကြေညာတဲ့ ထုတ်ဝေစာကို ချက်ချင်းသိမ်းယူနိုင်မယ့် အချက်ပါဝင်တဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်းဉပဒေကို စစ်ကောင်စီက ပြင်ဆင်လိုက်တဲ့သတင်း နဲ့

10:33− ဒွန်ဘက်စ်ဒေသတိုက်ပွဲဟာ နာကျင်စရာကောင်းပြီး ခက်ခဲတဲ့တိုက်ပွဲဖြစ်တယ်လို့ ယူကရိန်းသမ္မတပြောကြားလိုက်တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေ နဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/6utWeCeqST0

Photo - CJ

#4pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5🔥1😁1
​​တရုတ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအပြင် စစ်ကောင်စီကိုပါ တွေ့ဆုံမှုရှိလာ
=======================

မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။တရုတ်အထူးကိုယ်စားလှယ်တိန့်ရှီးကျွင်း သည် ၂၀၂၃ခုနှစ် မတ်လ ၆ရက်နေ့တွင် အာဏာသိမ်းစစ်ခေါင်းဆောင်အပါအဝင် ၎င်း၏ငြိမ်းချမ်းရေးအဖွဲ့နှင့် တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

မတ်လ ၇ရက်နေ့ နံနက်ပိုင်း၌ နေပြည်တော်တွင် တရုတ်အထူးကိုယ်စားလှယ်သည် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်တွေ့ဆုံပြီး ငြိမ်းချမ်းရေးကိစ္စရပ်များ ၊ နယ်စပ်ရေးရာ ကိစ္စရပ်များနှင့် စီးပွားရေးကိစ္စရပ်များဆွေးနွေးခဲ့ကြကြောင်း စစ်ကောင်စီ လက်အောက်ခံ ဝါဒဖြန့်မီဒီယာ များတွင် ဖော်ပြထားသည်။

တရုတ်အထူးကိုယ်စားလှယ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ တတိယအပတ်အတွင်းကလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် ကချင်လွတ်မြောက်ရေးတပ် (KIO/KIA) ၊ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်( NDAA)နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကိုတွေ့ဆုံခဲ့သေးသည်။

အဆိုပါတွေ့ဆုံမှုတွင် ငြိမ်းချမ်းရေးကိစ္စရပ်များကို ပြောဆိုဆွေးနွေးမှုရှိခဲ့ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က မဇ္ဈိမသို့ပြောခဲ့သည်။

ထိုသို့တွေ့ဆုံခဲ့ပြီးမကြာမီတွင် တရုတ်အထူးကိုယ်စားလှယ်သည် နေပြည်တော်သို့သွားရောက် အာဏာသိမ်းစစ်ခေါင်းဆောင်နှင့်တွေ့ဆုံခဲ့သည်။

တွေ့ဆုံရာတွင် စစ်ခေါင်းဆောင်အပြင် အာဏာသိမ်းစစ်တပ်ကဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့်လည်း တွေ့ဆုံခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ယခုကဲ့သို့ တွေ့ဆုံမှုသည် မြန်မာ့အရေးနှင့်ပတ််သက်ပြီး အိမ်နီးချင်းနိုင်ငံဖြစ်သည့်အတွက် လာရောက်လေ့လာသည့်သဘောဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုသည်။
ပြီးခဲ့သည့်လပိုင်းက အမေရိကန်က အတည်ပြုလိုက်သည့် NDAAဥပဒေနှင့်ပတ်သက်ပြီးလည်း လာရောက်စနည်းနာခြင်းဖြစ်နိုင်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးဖြစ်သည့် ဦးသန်းစိုးနိုင်က ပြောသည်။

“အခုက NDAAကနေ မြန်မာပြည်ကိုကူညီတွေပေးမယ် ဘာညာဆိုတော့ သူတို့ဘက်ကလည်း ဒါတွေကို ဘယ်သူတွေရရှိသလဲ။ ဘယ်နေရာမှာသုံးနေလဲဆိုတာ အသေးစိတ်နားလည်အောင်လုပ်တဲ့သဘောထားတွေပါမယ်လို့ ယူဆပါတယ်” ဟုဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံစဉ်က တရုတ်အထူးကိုယ်စားလှယ်သည် ငြိမ်းချမ်းရေးကိစ္စများ အပြင် နယ်စပ်ဒေသဖွံ့ဖြိုးရေးအခြေအနေများနှင့် တရုတ်-မြန်မာနယ်စပ်ရှိစစ်ရှောင်များနှင့်ပတ်သက်ပြီးလည်း ဆွေးနွေးမှုများပြုလုပ်ခဲ့သေးသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#တိုင်းရင်းသား
#လက်နက်ကိုင်အဖွဲ့များ
#ငြိမ်းချမ်းရေး
#တရုတ်အထူးကိုယ်စားလှယ်
🤮7👍3❤1🖕1