Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ရေတာရှည်မြို့နယ်တွင် PDF များထံပို့မည့် လက်နက်ခဲယမ်းများသိမ်းဆည်းခံရ
😢5🔥2👍1👏1
ရေတာရှည်မြို့နယ်တွင် PDF များထံပို့မည့် လက်နက်ခဲယမ်းများသိမ်းဆည်းခံရ
====================

ရွှေနွယ်
မဇ္ဈိမ။ ။ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စမ်းကြီးကျေးရွာအနီး၌ မတ်လ ၃ ရက်နေ့က လက်နက်ခဲယမ်းများသယ်ဆောင်လာသော ကားတစ်စီး ဖမ်းဆီးခံလိုက်ရကြောင်း တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ) တာဝန်ခံထံမှ သိရသည်။

“ရေတာရှည်မြို့နယ်ထဲမှာ ဒီလိုဖြစ်သွားတယ်ဆိုတာ ဟုတ်ပါတယ်” ဟု တောင်ငူခရိုင် ပ.က.ဖ တာဝန်ခံက မဇ္ဈိမကို ပြောသည်။
အဆိုပါကားနှင့်အတူ ဖမ်းဆီးခံရသည့် တပ်ဖွဲ့ဝင်များမှာ မကွေးတိုင်းအတွင်းက ဖြစ်နိုင်ကြောင်းနှင့် ၎င်းတို့အထဲတွင် ပဲခူးတိုင်းအနောက်ခြမ်း သဲကုန်​း မြို့နယ်မှ တပ်ဖွဲ့ဝင်တစ်ဦးပါဝင်သည်ဟု သာယာဝတီအတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ကနဦးကြားသိထားရသည့် အခြေအနေကို ပြောသည်။

လက်နက်များတင်ဆောင်လာသော Mark - 2 Crown အမျိုးအစားယာဉ်သည် ကရင်ချောင်းတံတားမှတစ်ဆင့် ရေတာရှည်မြို့ဘက်သို့ မောင်းနှင်လာခြင်းဖြစ်ပြီး အဆိုပါကားတွင် လက်နက်များတင်ဆောင်လာခြင်းဖြစ်ကြောင်း သတင်းရရှိသည့်အတွက် စမ်းကြီးကျေးရွာအနီးတွင် မတ်လ ၃ ရက်နေ့ ညနေ ၅ နာရီခန့်က ပိတ်ဆို့ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီ၏ ဝါဒီဖြန့်မီဒီယာများတွင် ဖော်ပြထားသည်။

ထိုလက်နက်ခဲယမ်းများသည် PDF များထံသို့ ပို့မည့်ပစ္စည်းများဖြစ်သည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာများတွင် ပြောဆိုထားသည်။

လက်နက်ခဲယမ်းများနှင့်အတူ အဆိုပါယာဉ်အားမောင်းနှင်လာသူ ကရင်ချောင်းကျေးရွာနေ ဗောဓိကုန်းကျောင်းတိုက်မှ ဦးပဏ္ဍိတ (ခေါ်) ဦးဝင်းကြိုင် အသက် ၄၄ နှစ် အပါအဝင် ခုနစ်ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာများတွင် ဖော်ပြထားသည်။

"ရေတာရှည်မြို့နယ်ထဲမှာ လက်နက်တွေဖမ်းခံလိုက်ရတယ်ဆိုတာဟုတ်တယ်၊ ရေတာရှည်က အဖွဲ့တွေတော့ မဟုတ်ဘူးဗျ၊ အထက်ဘက်ကိုသွားမှာကို ရေတာရှည်ကနေ ဖြတ်အသွားမှာ အဖမ်းခံလိုက်ရတာလို့ သိထားပါတယ်၊ လမ်းကြောင်းသိပ်မရှင်းတာကို သွားလိုက်တာထင်ပါတယ်" ဟု ရေတာရှည်မြို့နေ ဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများထဲတွင် အမျိုးသမီးငယ်တစ်ဦးလည်းပါဝင်ပြီး ကားပေါ်တွင်ပါလာသူများအပြင် လမ်းကြောင်းရှင်း၊ မရှင်းကြည့်ပေးရန် ရှေ့မှ ရှေ့ပြေးအဖြစ်သွားသူ နှစ်ဦးကိုပါ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာက ဆိုထားသည်။
ဖမ်းဆီးခံရသူများသည် မည်သူများဖြစ်ကြောင်းနှင့် မည်သည့်အဖွဲ့က ဖြစ်သည်ကို ထုတ်ပြန်လာခြင်းမရှိသေးပေ။

ဖမ်းဆီးခံရသော လက်နက်ပစ္စည်းများမှာ MK-12 သေနတ် သုံးလက်၊ FGC-9 သေနတ် ကိုး လက်၊ ပွိုင့် ၃၀၃ ရိုင်ဖယ် တစ်လက်၊ ၅.၅၆ လက်လုပ်ရိုင်ဖယ် လေးလက်၊ ၅.၅၆ မမကျည် ၁၀၄၅ တောင့် ၊ ၇.၆၂ မမကျည် ၁၇၆တောင့်၊ ၁၂ ဗို့ကျည် ၂၃၄တောင့်၊ ၉ မမကျည် ၂၁၉ တောင့်၊ လက်လုပ်မိုင်း လေးလုံး၊ လက်ပစ်ဗုံး ခုနှစ် လုံး၊ ပုလင်းမိုင်း လေးလုံး၊ ယမ်းပျော့ ၁၅ထုပ်၊ ဖျူးစ် ၁၂ ချောင်း၊ စနက်တံ ၁၀၀ ခု၊ MK-12 ကျည်အိမ် ကိုး ခု၊ FGC-9 ကျည်အိမ် ကိုး ခု၊ M -16 ကျည်အိမ် သုံး ခု၊ ၅.၅၆ လက်လုပ်ကျည်အိမ် ကိုး ခု၊ စနိုက်ပါမှန်ပြောင်း နှစ်ခုနှင့် ဆက်စပ်ပစ္စည်းများဖြစ်သည်ဟု ဆိုသည်။

ရေတာရှည်မြို့နယ်အတွင်းတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များအကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ ၃၀ ဦးထက်မနည်း သေဆုံးခဲ့ကာ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ပဲခူးတိုင်း
#ရေတာရှည်မြို့နယ်
#လက်နက်ခဲယမ်း
#စစ်ကောင်စီ
👍9😢6🔥2👏1
​​တရုတ်တွင် မြို့ပြအလုပ်အကိုင်နှင့် တစ်ဦးချင်းအသုံးစရိတ်များ ၂၀၂၂ ခုနှစ်တွင် ရှားရှားပါးပါး ကျဆင်း 
======================

ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သည့် တရုတ်သည် ပြင်းထန်သော ကိုဗစ်-၁၉ ကန့်သတ်ထိန်းချုပ်မှုများကြောင့် ထိခိုက်နေချိန်တွင် တရုတ် မြို့ပြအလုပ်အကိုင်များသည် ၂၀၂၂ ခုနှစ်တွင် နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ် ကျဆင်းသွားခဲ့သလို တစ်ဦးချင်းအသုံးစရိတ်မှာလည်း ရှားရှားပါးပါး ကျဆင်းသွားသည်။
👍3🔥1
မတ်လ ၇ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍2🔥1
​​ပါကစ္စတန် စီးပွားရေး အကျပ်အတည်းကြောင့် အာဖဂန်နှင့် ကုန်သွယ်ရေး ထိခိုက် 
====================

ပါကစ္စတန်၏ စီးပွားရေးအကျပ်အတည်းသည် အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်ကြား ကုန်သွယ်မှုကို ထိခိုက်ခဲ့သည်ဟု အာဖဂန်နစ္စတန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သည်ကြီးများအသင်း (ACCI) က ပြောကြားခဲ့ကြောင်း အာဖဂန်အခြေစိုက် TOLO News သတင်းတွင် ဖော်ပြထားသည်။
👍3🔥1
ကရင်နီစစ်ရှောင်ကလေးငယ်များအား ကျေးလက်မြေအဖွဲ့မှ အစားအစာ ကျွေးမွေးလှူဒါန်း
========================

ဂျူချန်း
မဇ္ဈိမ။ ။ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခု၌ ယနေ့ မတ်လ ၇ ရက်နေ့တွင် ကလေးငယ်များအား အစားအစာများ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း ကျေးလက်မြေအဖွဲ့ထံမှ သိရသည်။
“စစ်ရှောင်ကလေးငယ်တွေ ခွန်အားတိုးစေဖို့ ကျေးလက်မြေအဖွဲ့မှ ထမင်း၊ ငါးဟင်း၊ ရိုးရာအထောင်း၊ ရိုးရာဟင်းရည်တို့နဲ့ ကျွေးမွေးလှူဒါန်းခဲ့ပါတယ်။ ကလေးလူကြီး ၅၀ လောက်ကို ကျွေးမွေး လှူဒါန်းခဲ့ တာပါ” ဟု ကျေးလက်မြေအဖွဲ့၏ နာယက ဦးဇော်မင်းထိုက်က မဇ္ဈိမကိုပြောသည်။

ကရင်နီပြည်နယ်တွင် စစ်ပွဲများကြောင့် စစ်ဘေးရှောင်နေရသည့် အရပ်သားပြည်သူ ၂၀၀,၀၀၀ ကျော်ရှိရာ သောက်သုံးရေနှင့် စားဝတ်နေရေးအပါအဝင် ဘက်ပေါင်းစုံတွင် အခက်အခဲများရှိနေကြောင်း ဆိုသည်။

စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ကရင်နီပြည်နယ်
#ဒီးမော့ဆိုမြို့နယ်
#စစ်ဘေးရှောင်
#လှူဒါန်းမှု
#ကျေးလက်မြေအဖွဲ့
❤8👍2🔥1
​​ဖာပွန်ခရိုင်၌ ဖေဖော်ဝါရီလအတွင်းတိုက်ပွဲများတွင် စကစနှင့် မဟာမိတ်ဘက်မှ ၇၀ နီးပါး သေဆုံး
======================

YT
မဇ္ဈိမ။ ။ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) ထိန်းချုပ်နယ်မြေ၊ ဖာပွန်ခရိုင်တွင် ဖေဖော်ဝါ ရီလအတွင်းဖြစ်ပွားခဲ့သောတိုက်ပွဲများတွင် စစ်ကောင်စီနှင့် ၎င်း၏လက်အောက်ခံ ကရင်နယ်ခြားစောင့် တပ်(BGF)ဘက်မှ ၆၉ ဦး သေဆုံးခဲ့ကြောင်း KNU- တပ်မဟာ (၅) က သတင်းထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီအတွင်း စစ်ကောင်စီတပ်၊ BGF နှင့် KNLA ၊ PDF ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပေါင်း ၁၇၈ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်နှင့် BGF ဘက်မှ တပ်ကြပ်တစ်ဦး၊ ဒုတပ်ကြပ်တစ်ဦး၊ ဗိုလ်တစ်ဦးအပါ အဝင် ၆၉ ဦး သေဆုံးပြီး ၄၉ ဦးခန့် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း နှစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNLA တပ်ဟာမ (၅) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖာပွန်ခရိုင်၌ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ် သားသုံးဦး သေဆုံးပြီး လေးဦဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒေသတွင်း နှစ်ဘက်စစ်ရေးတင်းမာလာသည်နှင့်အမျှ စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှု များလည်း ပိုမိုများပြားလာနေကြောင်း လူ့အခွင့်အရေးစောင့်ကြည့်လေ့လာနေသူများက ပြောသည်။

“စစ်အာဏာရှင်တွေရဲ့ ချိုးဖောက်မှုကြောင့် သေဆုံးသူတွေနဲ့ အသက်ရှင်ကျန်ရစ်သူတွေကို တရားမျှတမှု ရှိစေဖို့ သက်ဆိုင်ရာ သက်ဆိုင်သူတွေနဲ့ ဆက်လက်ထောက်ခံအားပေးသွားမှာဖြစ်ပါတယ်” ဟု ကရင် လူ့အခွင့်အရေးအဖွဲ့ (KHRG ) တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ကရင်ပြည်နယ်အတွင်းမှ ဒေသခံများခံစားနေရသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုနှင့် စိုးရိမ်မှုများကို ဆက်လက်မှတ်တမ်းတင်ထားမည်ဖြစ်ပြီး ရရှိလာသောအထောက်အထားများကို နိုင်ငံတကာ လူ့အခွင့် အရေးအဖွဲ့များထံသို့ မျှဝေပေးသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက်ပိုင်းက ဖာပွန်- ကမမောင်းလမ်းပေါ်ရှိ စစ်ကောင်စီတပ် လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) ၏ သစ်ငါးပင်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က တိုက် ခိုက်သိမ်းပိုက်ခဲ့ရာ BGF တစ်ဦးသေဆုံးပြီး သေနတ်နှစ်လက် သိမ်းဆည်းရမိခဲ့သေးသည်။

KNU တပ်မဟာ(၅)နယ်မြေရှိ စစ်ကောင်စီအခြေစိုက်တပ်စခန်းများသို့ ရိက္ခာပို့ရန်လာသော ထောက်ပို့ ယာဉ်များ လမ်းခုလတ်တွင် မကြာခဏတိုက်ခိုက်ခံရ၍ အထိနာမှုများရှိသောကြောင့် ဖေဖော်ဝါရီလမှစ၍ လေကြောင်းဖြင့် ရိက္ခာ၊ လက်နက်ဖြည့်တင်းမှုများပြုလုပ်နေကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ် များက ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် နေရာအနှံ့တွင် တိုက်ပွဲများပြင်းထန်နေပြီး KNU ထိန်းချုပ်နယ်မြေ တပ်မဟာ ခုနစ်ခုအနက် တပ်မဟာ ခြောက်ခုတွင် နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားနေသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#ဖာပွန်
#ဖေဖော်ဝါရီ
#၂၀၂၃
#လချုပ်တိုက်ပွဲ
#KNU
#mizzimatv
👍16😁1🥴1
ယမ်းပေါက်ကွဲမှုကြောင့် ရရှိတဲ့ဒဏ်ရာတွေ ဆေးကုသခံယူနေရဆဲဖြစ်တဲ့ ယောဧရာ က.ပ.စ အဖွဲ့ကရဲဘော်၂ဦး(ရုပ်သံ)
==================

ဂန္ဒမာ

(မဇ္ဈိမ)။ ။ယောဒေသတောင်ပိုင်း၊ ယောဧရာ က.ပ.စ အမှတ်စဥ်(၄) ပြည်သူ့ကာကွယ်ရေးအဖွဲ့ (Y-A-Y) က တပ်ဖွဲ့ဝင်လေးဦးဟာ ၂၀၂၂ ခုနှစ် မတ်လက ယမ်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာ ရရှိသူတွေထဲကနှစ်ဦးဟာ ပြင်းထန်တဲ့အတွက် လက်ရှိအချိန်ထိ ဆေးကုသမှုခံယူနေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိသွားကြတဲ့ ရဲဘော်တွေရဲ့ ကျန်းမာရေးအခြေအနေနဲ့ ထိခိုက်မှုဖြစ်ခဲ့တဲ့အတွက် တော်လှန်ရေး မှာ ဆက်လက်ပါဝင်နိုင်ခြင်း ရှိ၊ မရှိ ကို ထီးလင်း က.ပ.စ အမှတ်စဉ် (၄) YAY ရဲ့ တာဝန်ခံက မဇ္ဈိမကို ပြောပြပါတယ်။

ယခုရုပ်သံကို မဇ္ဈိမရဲ့ သတင်းထောက် ဂန္ဒမာက တင်ဆက်ထားပါတယ်။
ရုပ်သံ တည်းဖြတ်/တင်ဆက် - ဂန္ဒမာ

https://youtu.be/F5PUyIzKx38

#ယောဒေသ
#ယောဧရာ
#ယမ်းပေါက်ကွဲမှု
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😢11👍2🔥1🤡1
​​အမေရိကန်အခြေခံဥပဒေတွင် သမ္မတနှင့် ဒုသမ္မတသည် ခရစ်ယာန်ဖြစ်ရမည်ဟု ပြဋ္ဌာန်းမထားပါ
========================

JC
မဇ္ဈိမ။ ။အမေရိကန်တွင် သမ္မတနှင့် ဒုသမ္မတ ရာထူးကို ခရစ်ယာန်ဘာသာဝင်သာဖြစ်ခွင့်ရှိပြီး အိမ်ဖြူ တော်တွင်လည်း ခရစ်ယာန်ဘာသာဝင်များသာ တာဝန်ထမ်းဆောင်ခွင့်ရှိသည်ဆိုသည့် သတင်းပျံ့နေ သည်။ ယင်းသည် မှားယွင်းနေသည်။

“ကိုင်း ဒီမိုကရေစီဘိုးအေနိုင်ငံကြီးရဲ့ အခြေခံဥပဒေမှာ ဟောဒီလိုရေးတယ်ဗျ” ဟုဆိုကာ “အမေရိကန် သမ္မတ(ဒုတိယသမ္မတအပါ)သည် ခရစ်ယာန်ဘာသာဝင်သာလျှင်ဖြစ်ရမည်။ ထို့ပြင် သမ္မတ အိမ်ဖြူတော် ၌ ခရစ်ယာန်မဟုတ်သည့် မည်သည့်ဘာသာခြားကိုမှ တာဝန်ထမ်းဆောင်ခွင့် မပြုရ။ အမေရိကန်ပြည် ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ”ဟု “Saw Gyi” အမည်ရှိ ဖေ့စ်ဘုတ်အကောင့်တွင် မတ်လ ၄ ရက်နေ့က တင်ထားသည်။ အဆိုပါအကြောင်းအရာအား ဖေ့စ်ဘုတ်တွင် ပြန်လည်ဖြန့်ဝေသူ ၂၀၀ ကျော်ရှိ နေပြီ ဖြစ်သည်။

အဆိုပါအချက်အလက်အား မဇ္ဈိမစစ်ဆေးခဲ့ရာတွင် အမေရိကန်သမ္မတဖြစ်ရန် အခြေခံအားဖြင့် အချက် သုံးချက်ဖြစ်သည့်သမ္မတသည် အသက် ၃၅ နှစ်နှင့် အထက်ဖြစ်ရမည်၊ အမေရိကန်နိုင်ငံဖွား နိုင်ငံသားဖြစ် ရမည်၊ အမေရိကန်တွင် ၁၄ နှစ်နှင့်အထက် နေထိုင်သူဖြစ်ရမည်ဟု အခြေခံဥပဒေတွင် ပြဋ္ဌာန်းထား ကြောင်း whitehouse.gov ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။ သမ္မတဖြစ်ရန် ခရစ်ယာဘာသာဝင်ဖြစ် ရမည်ဟူသည့် ဘာသာရေးဆိုင်ရာ သတ်မှတ်ချက်မျိုး မပါဝင်ပေ။

လင့် http://bit.ly/3IV3xLE
ထိုနည်းတူ အမေရိကန်သမ္မတဖြစ်ရန် အဆိုပါအချက်သုံးချက်သာလိုအပ်သည်ဟု အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားကြောင်း အမေရိကန်နိုင်ငံ ကွန်ကရက်လွတ်တော်၏ စာကြည့်တိုက် ဝက်ဘ်ဆိုက်ဖြစ်သည့် loc.gov ဝက်ဘ်ဆိုဒ်တွင်လည်း ဖော်ပြထားသည်။

လင့် http://bit.ly/3IUUv18
ထိုအကြောင်းနှင့်ပတ်သက်၍ မဲပေးခွင့်ရှိသည့် အမေရိကန်နိုင်ငံသားတစ်ဦးကလည်း “အဲဒီလိုသတ်မှတ် ချက်မျိုးမရှိပါဘူး။ အမေရိကန်မှာမွေးပြီး အသက် ၃၅ နှစ်အထက်ရှိရမယ်ပဲ သတ်မှတ်ထားတာပါ။ ကျန် တာ ပြည်သူတွေကြိုက်လို့မဲပေးရင် သမ္မတဖြစ်တာပဲ။ သူ့စည်းကမ်းနဲ့သူရှိတယ်ဆိုပေမယ့် အစွန်းရောက် တဲ့ ဘာသာရေးနဲ့ မဆိုင်ပါဘူး။ အိမ်ဖြူတော်မှာလည်း ဘယ်သူဖြစ်ဖြစ် တာဝန်ထမ်းဆောင်လို့ရပါတယ်” ဟု မဇ္ဈိမသို့ပြောကြားသည်။

ထို့ကြောင့် ခရစ်ယာန်ဘာသာဝင်သာ အမေရိကန်သမ္မတနှင့် ဒုသမ္မတဖြစ်ရမည်၊ အိမ်ဖြူတော်တွင် ခရစ် ယာန်ဘာသာဝင်များသာ တာဝန်ထမ်းဆောင်ခွင့်ရှိသည်မှာ မှားယွင်းနေကြောင်း ဖော်ပြလိုက်ရပါသည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

#Misinformation_Buster
#Fake_News
#အမေရိကန်သမ္မတ
#ခရစ်ယာန်ဘာသာ
👍7😁4❤2