Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ကရင်နီစစ်ရှောင်ကလေးငယ်များအား ကျေးလက်မြေအဖွဲ့မှ အစားအစာ ကျွေးမွေးလှူဒါန်း
========================

ဂျူချန်း
မဇ္ဈိမ။ ။ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခု၌ ယနေ့ မတ်လ ၇ ရက်နေ့တွင် ကလေးငယ်များအား အစားအစာများ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း ကျေးလက်မြေအဖွဲ့ထံမှ သိရသည်။
“စစ်ရှောင်ကလေးငယ်တွေ ခွန်အားတိုးစေဖို့ ကျေးလက်မြေအဖွဲ့မှ ထမင်း၊ ငါးဟင်း၊ ရိုးရာအထောင်း၊ ရိုးရာဟင်းရည်တို့နဲ့ ကျွေးမွေးလှူဒါန်းခဲ့ပါတယ်။ ကလေးလူကြီး ၅၀ လောက်ကို ကျွေးမွေး လှူဒါန်းခဲ့ တာပါ” ဟု ကျေးလက်မြေအဖွဲ့၏ နာယက ဦးဇော်မင်းထိုက်က မဇ္ဈိမကိုပြောသည်။

ကရင်နီပြည်နယ်တွင် စစ်ပွဲများကြောင့် စစ်ဘေးရှောင်နေရသည့် အရပ်သားပြည်သူ ၂၀၀,၀၀၀ ကျော်ရှိရာ သောက်သုံးရေနှင့် စားဝတ်နေရေးအပါအဝင် ဘက်ပေါင်းစုံတွင် အခက်အခဲများရှိနေကြောင်း ဆိုသည်။

စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ကရင်နီပြည်နယ်
#ဒီးမော့ဆိုမြို့နယ်
#စစ်ဘေးရှောင်
#လှူဒါန်းမှု
#ကျေးလက်မြေအဖွဲ့
❤8👍2🔥1
​​ဖာပွန်ခရိုင်၌ ဖေဖော်ဝါရီလအတွင်းတိုက်ပွဲများတွင် စကစနှင့် မဟာမိတ်ဘက်မှ ၇၀ နီးပါး သေဆုံး
======================

YT
မဇ္ဈိမ။ ။ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) ထိန်းချုပ်နယ်မြေ၊ ဖာပွန်ခရိုင်တွင် ဖေဖော်ဝါ ရီလအတွင်းဖြစ်ပွားခဲ့သောတိုက်ပွဲများတွင် စစ်ကောင်စီနှင့် ၎င်း၏လက်အောက်ခံ ကရင်နယ်ခြားစောင့် တပ်(BGF)ဘက်မှ ၆၉ ဦး သေဆုံးခဲ့ကြောင်း KNU- တပ်မဟာ (၅) က သတင်းထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီအတွင်း စစ်ကောင်စီတပ်၊ BGF နှင့် KNLA ၊ PDF ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပေါင်း ၁၇၈ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်နှင့် BGF ဘက်မှ တပ်ကြပ်တစ်ဦး၊ ဒုတပ်ကြပ်တစ်ဦး၊ ဗိုလ်တစ်ဦးအပါ အဝင် ၆၉ ဦး သေဆုံးပြီး ၄၉ ဦးခန့် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း နှစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNLA တပ်ဟာမ (၅) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖာပွန်ခရိုင်၌ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ် သားသုံးဦး သေဆုံးပြီး လေးဦဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒေသတွင်း နှစ်ဘက်စစ်ရေးတင်းမာလာသည်နှင့်အမျှ စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှု များလည်း ပိုမိုများပြားလာနေကြောင်း လူ့အခွင့်အရေးစောင့်ကြည့်လေ့လာနေသူများက ပြောသည်။

“စစ်အာဏာရှင်တွေရဲ့ ချိုးဖောက်မှုကြောင့် သေဆုံးသူတွေနဲ့ အသက်ရှင်ကျန်ရစ်သူတွေကို တရားမျှတမှု ရှိစေဖို့ သက်ဆိုင်ရာ သက်ဆိုင်သူတွေနဲ့ ဆက်လက်ထောက်ခံအားပေးသွားမှာဖြစ်ပါတယ်” ဟု ကရင် လူ့အခွင့်အရေးအဖွဲ့ (KHRG ) တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ကရင်ပြည်နယ်အတွင်းမှ ဒေသခံများခံစားနေရသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုနှင့် စိုးရိမ်မှုများကို ဆက်လက်မှတ်တမ်းတင်ထားမည်ဖြစ်ပြီး ရရှိလာသောအထောက်အထားများကို နိုင်ငံတကာ လူ့အခွင့် အရေးအဖွဲ့များထံသို့ မျှဝေပေးသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက်ပိုင်းက ဖာပွန်- ကမမောင်းလမ်းပေါ်ရှိ စစ်ကောင်စီတပ် လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) ၏ သစ်ငါးပင်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က တိုက် ခိုက်သိမ်းပိုက်ခဲ့ရာ BGF တစ်ဦးသေဆုံးပြီး သေနတ်နှစ်လက် သိမ်းဆည်းရမိခဲ့သေးသည်။

KNU တပ်မဟာ(၅)နယ်မြေရှိ စစ်ကောင်စီအခြေစိုက်တပ်စခန်းများသို့ ရိက္ခာပို့ရန်လာသော ထောက်ပို့ ယာဉ်များ လမ်းခုလတ်တွင် မကြာခဏတိုက်ခိုက်ခံရ၍ အထိနာမှုများရှိသောကြောင့် ဖေဖော်ဝါရီလမှစ၍ လေကြောင်းဖြင့် ရိက္ခာ၊ လက်နက်ဖြည့်တင်းမှုများပြုလုပ်နေကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ် များက ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် နေရာအနှံ့တွင် တိုက်ပွဲများပြင်းထန်နေပြီး KNU ထိန်းချုပ်နယ်မြေ တပ်မဟာ ခုနစ်ခုအနက် တပ်မဟာ ခြောက်ခုတွင် နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားနေသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#ဖာပွန်
#ဖေဖော်ဝါရီ
#၂၀၂၃
#လချုပ်တိုက်ပွဲ
#KNU
#mizzimatv
👍16😁1🥴1
ယမ်းပေါက်ကွဲမှုကြောင့် ရရှိတဲ့ဒဏ်ရာတွေ ဆေးကုသခံယူနေရဆဲဖြစ်တဲ့ ယောဧရာ က.ပ.စ အဖွဲ့ကရဲဘော်၂ဦး(ရုပ်သံ)
==================

ဂန္ဒမာ

(မဇ္ဈိမ)။ ။ယောဒေသတောင်ပိုင်း၊ ယောဧရာ က.ပ.စ အမှတ်စဥ်(၄) ပြည်သူ့ကာကွယ်ရေးအဖွဲ့ (Y-A-Y) က တပ်ဖွဲ့ဝင်လေးဦးဟာ ၂၀၂၂ ခုနှစ် မတ်လက ယမ်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာ ရရှိသူတွေထဲကနှစ်ဦးဟာ ပြင်းထန်တဲ့အတွက် လက်ရှိအချိန်ထိ ဆေးကုသမှုခံယူနေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိသွားကြတဲ့ ရဲဘော်တွေရဲ့ ကျန်းမာရေးအခြေအနေနဲ့ ထိခိုက်မှုဖြစ်ခဲ့တဲ့အတွက် တော်လှန်ရေး မှာ ဆက်လက်ပါဝင်နိုင်ခြင်း ရှိ၊ မရှိ ကို ထီးလင်း က.ပ.စ အမှတ်စဉ် (၄) YAY ရဲ့ တာဝန်ခံက မဇ္ဈိမကို ပြောပြပါတယ်။

ယခုရုပ်သံကို မဇ္ဈိမရဲ့ သတင်းထောက် ဂန္ဒမာက တင်ဆက်ထားပါတယ်။
ရုပ်သံ တည်းဖြတ်/တင်ဆက် - ဂန္ဒမာ

https://youtu.be/F5PUyIzKx38

#ယောဒေသ
#ယောဧရာ
#ယမ်းပေါက်ကွဲမှု
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😢11👍2🔥1🤡1
​​အမေရိကန်အခြေခံဥပဒေတွင် သမ္မတနှင့် ဒုသမ္မတသည် ခရစ်ယာန်ဖြစ်ရမည်ဟု ပြဋ္ဌာန်းမထားပါ
========================

JC
မဇ္ဈိမ။ ။အမေရိကန်တွင် သမ္မတနှင့် ဒုသမ္မတ ရာထူးကို ခရစ်ယာန်ဘာသာဝင်သာဖြစ်ခွင့်ရှိပြီး အိမ်ဖြူ တော်တွင်လည်း ခရစ်ယာန်ဘာသာဝင်များသာ တာဝန်ထမ်းဆောင်ခွင့်ရှိသည်ဆိုသည့် သတင်းပျံ့နေ သည်။ ယင်းသည် မှားယွင်းနေသည်။

“ကိုင်း ဒီမိုကရေစီဘိုးအေနိုင်ငံကြီးရဲ့ အခြေခံဥပဒေမှာ ဟောဒီလိုရေးတယ်ဗျ” ဟုဆိုကာ “အမေရိကန် သမ္မတ(ဒုတိယသမ္မတအပါ)သည် ခရစ်ယာန်ဘာသာဝင်သာလျှင်ဖြစ်ရမည်။ ထို့ပြင် သမ္မတ အိမ်ဖြူတော် ၌ ခရစ်ယာန်မဟုတ်သည့် မည်သည့်ဘာသာခြားကိုမှ တာဝန်ထမ်းဆောင်ခွင့် မပြုရ။ အမေရိကန်ပြည် ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ”ဟု “Saw Gyi” အမည်ရှိ ဖေ့စ်ဘုတ်အကောင့်တွင် မတ်လ ၄ ရက်နေ့က တင်ထားသည်။ အဆိုပါအကြောင်းအရာအား ဖေ့စ်ဘုတ်တွင် ပြန်လည်ဖြန့်ဝေသူ ၂၀၀ ကျော်ရှိ နေပြီ ဖြစ်သည်။

အဆိုပါအချက်အလက်အား မဇ္ဈိမစစ်ဆေးခဲ့ရာတွင် အမေရိကန်သမ္မတဖြစ်ရန် အခြေခံအားဖြင့် အချက် သုံးချက်ဖြစ်သည့်သမ္မတသည် အသက် ၃၅ နှစ်နှင့် အထက်ဖြစ်ရမည်၊ အမေရိကန်နိုင်ငံဖွား နိုင်ငံသားဖြစ် ရမည်၊ အမေရိကန်တွင် ၁၄ နှစ်နှင့်အထက် နေထိုင်သူဖြစ်ရမည်ဟု အခြေခံဥပဒေတွင် ပြဋ္ဌာန်းထား ကြောင်း whitehouse.gov ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။ သမ္မတဖြစ်ရန် ခရစ်ယာဘာသာဝင်ဖြစ် ရမည်ဟူသည့် ဘာသာရေးဆိုင်ရာ သတ်မှတ်ချက်မျိုး မပါဝင်ပေ။

လင့် http://bit.ly/3IV3xLE
ထိုနည်းတူ အမေရိကန်သမ္မတဖြစ်ရန် အဆိုပါအချက်သုံးချက်သာလိုအပ်သည်ဟု အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားကြောင်း အမေရိကန်နိုင်ငံ ကွန်ကရက်လွတ်တော်၏ စာကြည့်တိုက် ဝက်ဘ်ဆိုက်ဖြစ်သည့် loc.gov ဝက်ဘ်ဆိုဒ်တွင်လည်း ဖော်ပြထားသည်။

လင့် http://bit.ly/3IUUv18
ထိုအကြောင်းနှင့်ပတ်သက်၍ မဲပေးခွင့်ရှိသည့် အမေရိကန်နိုင်ငံသားတစ်ဦးကလည်း “အဲဒီလိုသတ်မှတ် ချက်မျိုးမရှိပါဘူး။ အမေရိကန်မှာမွေးပြီး အသက် ၃၅ နှစ်အထက်ရှိရမယ်ပဲ သတ်မှတ်ထားတာပါ။ ကျန် တာ ပြည်သူတွေကြိုက်လို့မဲပေးရင် သမ္မတဖြစ်တာပဲ။ သူ့စည်းကမ်းနဲ့သူရှိတယ်ဆိုပေမယ့် အစွန်းရောက် တဲ့ ဘာသာရေးနဲ့ မဆိုင်ပါဘူး။ အိမ်ဖြူတော်မှာလည်း ဘယ်သူဖြစ်ဖြစ် တာဝန်ထမ်းဆောင်လို့ရပါတယ်” ဟု မဇ္ဈိမသို့ပြောကြားသည်။

ထို့ကြောင့် ခရစ်ယာန်ဘာသာဝင်သာ အမေရိကန်သမ္မတနှင့် ဒုသမ္မတဖြစ်ရမည်၊ အိမ်ဖြူတော်တွင် ခရစ် ယာန်ဘာသာဝင်များသာ တာဝန်ထမ်းဆောင်ခွင့်ရှိသည်မှာ မှားယွင်းနေကြောင်း ဖော်ပြလိုက်ရပါသည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

#Misinformation_Buster
#Fake_News
#အမေရိကန်သမ္မတ
#ခရစ်ယာန်ဘာသာ
👍7😁4❤2
​​ဂျုံရှားပါးမှုနှင့်လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ပါကစ္စတန် ဂီလ်ဂစ်ဘော်တစ္စတန်တွင် ပြည်သူများ ဆန္ဒပြ
=======================

ပါကစ္စတန် သိမ်းပိုက်ထားသော ကက်ရှ်မီးယားဒေသ ဂီလ်ဂစ်ဘော်တစ္စတန်မှ ပြည်သူများသည် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနှင့် ဂျုံရှားပါးမှုတို့ကြောင့် ခရိုင် ၂ ခုတွင် ဆန္ဒပြခဲ့ကြကြောင်း Dawn သတင်းတွင် ဖော်ပြထားသည်။
👍5🔥2😁2
​​အလုပ်အကိုင်ကဏ္ဍ၌ ကျား၊ မ ကွာဟမှုက မျှော်လင့်ထားသည်ထက် ပိုဆိုးနေဟု ကုလ ပြော
======================

ကမ္ဘာတစ်ဝန်းတွင် အမျိုးသမီးများသည် အလုပ်အကိုင်နေရာများ ရနိုင်ခွင့်အပိုင်းတွင် ယခင်ထင်ထားသည်ထက် ပိုမိုခက်ခဲသော အခြေအနေနှင့် ကြုံတွေ့နေရပြီး ဆယ်စုနှစ်နှစ်စုအတွင်း အလုပ်လုပ်ကိုင်မှု အခြေအနေများနှင့် လစာရရှိမှုပိုင်းတွင် ကျား၊ မ ကွာဟမှုက ပြောင်းလဲရန်ပင် အနိုင်နိုင်ဖြစ်နေခဲ့ကြောင်း ကုလသမဂ္ဂက မတ်လ ၆ ရက်တွင် ပြောသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍2🔥1😁1
​​ပါကစ္စတန်တွင် အိမ်တွင်းအကြမ်းဖက်မှုများ မကြာခဏမြင့်တွေ့လာရကြောင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ ပြောကြား
=======================

ပါကစ္စတန်တွင် အမျိုးသမီး ၄၀ ရာခိုင်နှုန်းသည် ဘဝတစ်လျှောက်တွင် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုများကို ကြုံတွေ့ကြရကြောင်း လေ့လာမှုများက ဖော်ပြနေသည်။
👍4🔥1😁1
​​ZSSI မှ ပြည်သူ့ရေးရာမဟာတန်း (MPA) အပါအဝင် သင်တန်း ၃ မျိုးဖွင့်လှစ်မည်ဟု ကြေညာ
========================

ဂျူနို
မဇ္စျိမ ။ ။ National University of Zoland (NUZ) စီမံခန့်ခွဲမှုအောက်ရှိ အင်စတီကျူ့တစ်ခုဖြစ်သည့် Zoland Social Studies Institute (ZSSI) မှ မဟာတန်းအဆင့်သင်တန်းများ၊ Diploma သင်တန်းများနှင့် Certificate ပေးအပ်မည့်သင်တန်းများကို ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

ZSSIမှ ဖွင့်လှစ်မည့် သင်တန်းအမျိုးအစားသုံးမျိုးမှာ ပြည်သူ့ရေးရာမဟာတန်း Master of Public Affairs (MPA)၊ Diploma Courses၊ Certificate Courses တို့ဖြစ်ပြီး အဆင့်မြင့်ပညာရေး သို့မဟုတ် တက္ကသိုလ်အဆင့်ပညာရပ်နယ်ပယ်တွင် ရောက်ရှိနေသူများကို ဦးတည်သည်။

“ သင်တန်းပို့ချမယ့်သူတွေက ကမ္ဘာ့ထိပ်သီးတက္ကသိုလ်ဆင်းအပါအဝင် ပြည်တွင်း၊ ပြည်ပက ကျွမ်းကျင်ပညာရှင်တွေ၊ တက္ကသိုလ်ဆရာမတွေဖြစ်ပါတယ်။ သင်တန်းလျှောက်လွှာကို မတ်လ ၁၅ ရက်နေ့အထိ သတ်မှတ်ထားပါတယ်။ အခြေအနေအရ ရက်တိုးသတ်မှတ်ပေးတာမျိုးလည်း ရှိနိုင်ပါတယ် ” ဟု ZSSIမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပညာသင်ကြားမှုမှတ်တမ်းအား ကောင်းမွန်စွာထိန်းသိမ်းပေးမည်ဖြစ်ပြီး သင်တန်ပြီးစီးပါက ကွန်ယက်ဖွဲ့စည်းခြင်း၊ ပညာရေး၊ အသက်မွေးဝမ်းကြောင်းများအတွက် mentorship program များအတွက် စီစဉ်ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။

ပြည်သူ့ရေးရာ မဟာတန်း Master of Public Affairs (MPA) တက်ရောက်ရန် မည်သည့်ပညာရပ် နယ်ပယ်တွင်မဆို ဘွဲ့ကြိုတက်ရောက်နေသူများ (သို့မဟုတ်) ဘွဲ့ကြိုသင်တန်းပြီးမြောက်သူများ ဖြစ်ရန်လိုအပ်သည်။

ပြည်သူ့ရေးရာ မဟာတန်း Master Program အတွက် သင်တန်းကာလမှာ တစ်နှစ်တာကြာမြင့်မည်ဖြစ်ပြီး အများဆုံးကျောင်းသားဦးရေ ၂၅ ဦးသာ ရွေးချယ်လက်ခံမည် ဟုဆိုသည်။

တက္ကသိုလ်ဝင်တန်း ပြီးမြောက်ထားသူများအနေဖြင့် Certificate နှင့် ဒီပလိုမာ သင်တန်းများကို ရွေးချယ်လျှောက်ထားနိုင်ပြီး သင်တန်းကာလမှာ Course တစ်ခုလျှင် နှစ်လကြာမြင့်မည် ဖြစ်သည်။


သင်တန်းလျှောက်ထားနိုင်ရန်လင့်
https://forms.gle/W5nzk3pWx9wxH4zGA...

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#Zoland
#ZSSI
#ချင်းပြည်နယ်
#ပညာရေး
#University
❤2👍2🔥1
မတ်လ (၇) ရက်၊ အင်္ဂါနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
===============

မန္တလေးတိုင်းမှာ နိုင်ငံကူးလက်မှတ်လျှောက်ထားမှု ၂၀၂၄ ခုနှစ် အထိ ရက်ချိန်းရယူမှုတွေရှိနေတဲ့သတင်းနဲ့အတူ

စစ်ကောင်စီက ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်းဉပဒေကို ပြင်ဆင်လိုက်တဲ့ သတင်းအပါအဝင်

နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ နောက်ဆုံးရ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။

သတင်းတွေအပြီးမှာတော့ အပတ်စဉ် တင်ဆက်နေကျဖြစ်တဲ့ မရွှေမိုးရဲ့ လေးညှို့သံအစီအစဉ်ကိုလည်း နားဆင်ကြရမှာဖြစ်ပါတယ်။
ဒီတပတ်ရဲ့ သဘာဝလက်ဆောင်အစီအစဉ်မှာတော့ ပင်မှည့်သီး ကနေရတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေအကြောင်း တင်ဆက်သွားမှာပါ။

နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်မှာဖြစ်ပါတယ်။

https://youtu.be/F5KuXd2ZRDg

#Mizzimaradio
#Eveningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍2😁2
​​အီတလီကမ်းလွန် လှေနစ်မြုပ်မှု၌ လူကုန်ကူးမှု သံသယဖြင့် ဖမ်းဆီးခံရသူ ၃ ဦးတွင် ပါကစ္စတန်နိုင်ငံသား ၂ ဦး ပါဝင် 
===================

အီတလီကမ်းလွန်တွင် ရွှေ့ပြောင်းနေထိုင်သူ ၆၄ ဦးထက်မနည်းသေဆုံးစေခဲ့သော လှေတစ်စင်း နစ်မြုပ်မှုအပြီး လူကုန်ကူးမှုဖြင့် သံသယရှိသော တူရကီနိုင်ငံသား ၁ ဦးနှင့် ပါကစ္စတန်နိုင်ငံသား ၂ ဦး အပါအဝင် လူ ၃ ဦးကို အီတလီရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ပါကစ္စတန်အခြေစိုက် ProIQRA သတင်းက ဖော်ပြသည်။
🔥2👏1
​​နိုင်ငံအကျိုးစီးပွားထိခိုက်နိုင်ခြင်းကြောင့် မြေရှားသတ္တုကုမ္ပဏီတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုကို သြစတြေးလျအစိုးရ တားမြစ် 
=====================

သြစတြေးလျအစိုးရသည် နိုင်ငံတော်အကျိုးစီးပွားထိခိုက်နိုင်သည့်အကြောင်းပြချက်ဖြင့် ရှယ်ယာအများဆုံးထည့်ဝင်ထားသည့် တရုတ်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Yuxiao Fund အား Northern Minerals မြေရှားသတ္တုကုမ္ပဏီတွင် ထပ်မံရင်းနှီးမြှုပ်နှံခွင့် ပိတ်ပင်ထားကြောင်း ကုမ္ပဏီက ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောသည်။
👍7🔥1
မန္တလေးပရဟိတ ရေသယ်ယာဉ် မတော်တဆဖြစ်ပြီး ပရဟိတသမား ၁ ဦး သေဆုံး
😢2
မန္တလေးပရဟိတ ရေသယ်ယာဉ် မတော်တဆဖြစ်ပြီး ပရဟိတသမား ၁ ဦး သေဆုံး
=================
007
မဇ္စျိမ။ ။ စစ်ကိုင်းသို့ ရေသွားလှူသည့် မန္တလေးမြို့က ပရဟိတ ရေသယ်ယာဉ် တစ်စီးသည် ယနေ့ မတ်လ ၇ ရက်နေ့ နံနက်ပိုင်းက အာလောင်ကျေးရွာအ၀င် ဘုရားကုန်း အတက်လမ်းတွင် နောက်ပြန်လိမ့်ကျပြီး ကားပေါ်ပါလာသူ ပရဟိတသမားတစ်ဦး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

“ရှစ်မျက်နှာ ဘုရားကုန်း အတက်မှာ၊ ကားက နောက်ပြန်ကျပြီး သစ်ပင် နှစ်ပင်ကြားသွားညှပ်တယ်၊ ကားနဲ့သစ်ပင် ကြားလူညှပ်ပြီး သေတာပါ” ဟု ဖြစ်စဉ်သိရှိသော ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ‌ယာဉ်သည် ယနေ့ နံနက်ပိုင်းက စစ်ကိုင်း-မင်းကွန်းကားလမ်း အာလောင်ကျေးရွာရှိ ဥတ္တရဘောဓိကျောင်းတိုက်သို့ ရေသွားရောက်လှူဒါန်းစဉ် အာလောင်ကျေးရွာအ၀င် ရှစ်မျက်နှာဘုရား အတက်လမ်းတွင် နောက်ပြန်လိမ့်ကျပြီး သစ်ပင်နှစ်ပင်ကြားညှပ်ရာမှ လူပါရောညပ်ပါသွားခြင်း ဖြစ်ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူများက ဆိုသည်။

ရေသယ်ယာဉ်ပေါ်ပါသူ လေးဦးအနက် တစ်ဦးသေဆုံးသွားခြင်းဖြစ်ပြီး သေဆုံးသွားသူ ပရဟိတသမား၏ ရုပ်အလောင်းကို မတ်လ ၈ ရက်နေ့တွင် သင်္ဂြိုဟ်သွားမည်ဟု သိရသည်။

နောက်ပြန်လိမ့်ကျခဲ့သည့် ရေသယ်ယာဉ်သည် မန္တလေး ချမ်းအေးသာစံမြို့နယ် ၂၆ လမ်းအောက်ဘက် ပိုက်ကျုံးရပ်ကွက်ရှိ နိဗ္ဗာန်သုခ (မန္တလေး) အသင်းပိုင် ရေသယ်ယာဉ် ဖြစ်ကြောင်း သိရသည်။
“အဲဒီအသင်းက မီးလောင်ပြင်ဆိုရင်လည်း ရေသွားပို့ပေးတယ်၊ မန္တလေးမှာ ရေပြတ်လပ်ရင်လည်း အိမ်တိုင်ရာရောက် ရေလိုက်လှူတယ်၊ မနက်ကလည်း ဘုန်းကြီးကျောင်းအတွက် ရေအလှူတောင်းလို့သွားပို့ရင်း ပရဟိတ သမားတစ်ဦး အသက်ပေးသွားတာပါ ” ဟု မြို့ခံပရဟိတသမားတစ်ဦးက ပြောသည်။

အခင်းဖြစ်နေရာသို့ စစ်ကိုင်းခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် တစ်စီး၊ စစ်ကိုင်းမြို့နယ်မီး သတ်စခန်းမှ မီးသတ်ယာဉ်တစ်စီးနှင့် သနေမီးသတ် တပ်ဖွဲ့၀င်များ၊ ထုံးဘိုအရန်မီးသတ်စခန်းမှ အရန်မီး သတ်တပ်ဖွဲ့၀င်များ၊ သုခကာရီ လူမှုကူညီရေးအသင်း၊ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း)တို့က သွားရောက်ကူညီ ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရုပ်အလောင်းအား စစ်ကိုင်းမြို့ သုခကာရီလူမှုကူညီရေးအသင်း လူနာတင်ယာဉ်ဖြင့် စစ်ကိုင်းခုတင် ၂၀၀ ဆံ့ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ထုံးဘိုအရေးပေါ်ရှာဖွေကယ်ဆယ်ရေး အဖွဲ့ကလည်း ထုတ်ပြန်ထားသည်။

Photo - ထုံးဘိုအရေးပေါ်ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့
စာတည်း။ ။ နောင်နောင်

#မန္တလေး
#ပရဟိတသမားသေဆုံး
#စစ်ကိုင်း
#mizzimatv
😢7👍5
​​ကလေး ၃ ယောက်မူဝါဒကို အမျိုးသမီးများက သံသယရှိနေခြင်းကြောင့် တရုတ်တွင် ကလေးမွေးဖွားနှုန်း ဆက်ကျဆင်းနေ 
===================

တရုတ်ကွန်မြူနစ်ပါတီက ကလေး ၃ ယောက်မူဝါဒ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကြင်စဦးမောင်နှံများကို လစာ အပြည့်ဖြင့် ရက်ပေါင်း ၃၀ ခွင့်ရက်ပေးထားသော်လည်း အမျိုးသမီးအများအပြားက အစိုးရပေးထားသည့် မက်လုံးများအပေါ် သံသယရှိနေကြောင်း အမျိုးသမီးရေးရာအဖွဲ့တစ်ဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
👍7😁2