Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ယမ်းပေါက်ကွဲမှုကြောင့် ရရှိတဲ့ဒဏ်ရာတွေ ဆေးကုသခံယူနေရဆဲဖြစ်တဲ့ ယောဧရာ က.ပ.စ အဖွဲ့ကရဲဘော်၂ဦး(ရုပ်သံ)
==================

ဂန္ဒမာ

(မဇ္ဈိမ)။ ။ယောဒေသတောင်ပိုင်း၊ ယောဧရာ က.ပ.စ အမှတ်စဥ်(၄) ပြည်သူ့ကာကွယ်ရေးအဖွဲ့ (Y-A-Y) က တပ်ဖွဲ့ဝင်လေးဦးဟာ ၂၀၂၂ ခုနှစ် မတ်လက ယမ်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာ ရရှိသူတွေထဲကနှစ်ဦးဟာ ပြင်းထန်တဲ့အတွက် လက်ရှိအချိန်ထိ ဆေးကုသမှုခံယူနေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိသွားကြတဲ့ ရဲဘော်တွေရဲ့ ကျန်းမာရေးအခြေအနေနဲ့ ထိခိုက်မှုဖြစ်ခဲ့တဲ့အတွက် တော်လှန်ရေး မှာ ဆက်လက်ပါဝင်နိုင်ခြင်း ရှိ၊ မရှိ ကို ထီးလင်း က.ပ.စ အမှတ်စဉ် (၄) YAY ရဲ့ တာဝန်ခံက မဇ္ဈိမကို ပြောပြပါတယ်။

ယခုရုပ်သံကို မဇ္ဈိမရဲ့ သတင်းထောက် ဂန္ဒမာက တင်ဆက်ထားပါတယ်။
ရုပ်သံ တည်းဖြတ်/တင်ဆက် - ဂန္ဒမာ

https://youtu.be/F5PUyIzKx38

#ယောဒေသ
#ယောဧရာ
#ယမ်းပေါက်ကွဲမှု
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😢11👍2🔥1🤡1
​​အမေရိကန်အခြေခံဥပဒေတွင် သမ္မတနှင့် ဒုသမ္မတသည် ခရစ်ယာန်ဖြစ်ရမည်ဟု ပြဋ္ဌာန်းမထားပါ
========================

JC
မဇ္ဈိမ။ ။အမေရိကန်တွင် သမ္မတနှင့် ဒုသမ္မတ ရာထူးကို ခရစ်ယာန်ဘာသာဝင်သာဖြစ်ခွင့်ရှိပြီး အိမ်ဖြူ တော်တွင်လည်း ခရစ်ယာန်ဘာသာဝင်များသာ တာဝန်ထမ်းဆောင်ခွင့်ရှိသည်ဆိုသည့် သတင်းပျံ့နေ သည်။ ယင်းသည် မှားယွင်းနေသည်။

“ကိုင်း ဒီမိုကရေစီဘိုးအေနိုင်ငံကြီးရဲ့ အခြေခံဥပဒေမှာ ဟောဒီလိုရေးတယ်ဗျ” ဟုဆိုကာ “အမေရိကန် သမ္မတ(ဒုတိယသမ္မတအပါ)သည် ခရစ်ယာန်ဘာသာဝင်သာလျှင်ဖြစ်ရမည်။ ထို့ပြင် သမ္မတ အိမ်ဖြူတော် ၌ ခရစ်ယာန်မဟုတ်သည့် မည်သည့်ဘာသာခြားကိုမှ တာဝန်ထမ်းဆောင်ခွင့် မပြုရ။ အမေရိကန်ပြည် ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ”ဟု “Saw Gyi” အမည်ရှိ ဖေ့စ်ဘုတ်အကောင့်တွင် မတ်လ ၄ ရက်နေ့က တင်ထားသည်။ အဆိုပါအကြောင်းအရာအား ဖေ့စ်ဘုတ်တွင် ပြန်လည်ဖြန့်ဝေသူ ၂၀၀ ကျော်ရှိ နေပြီ ဖြစ်သည်။

အဆိုပါအချက်အလက်အား မဇ္ဈိမစစ်ဆေးခဲ့ရာတွင် အမေရိကန်သမ္မတဖြစ်ရန် အခြေခံအားဖြင့် အချက် သုံးချက်ဖြစ်သည့်သမ္မတသည် အသက် ၃၅ နှစ်နှင့် အထက်ဖြစ်ရမည်၊ အမေရိကန်နိုင်ငံဖွား နိုင်ငံသားဖြစ် ရမည်၊ အမေရိကန်တွင် ၁၄ နှစ်နှင့်အထက် နေထိုင်သူဖြစ်ရမည်ဟု အခြေခံဥပဒေတွင် ပြဋ္ဌာန်းထား ကြောင်း whitehouse.gov ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။ သမ္မတဖြစ်ရန် ခရစ်ယာဘာသာဝင်ဖြစ် ရမည်ဟူသည့် ဘာသာရေးဆိုင်ရာ သတ်မှတ်ချက်မျိုး မပါဝင်ပေ။

လင့် http://bit.ly/3IV3xLE
ထိုနည်းတူ အမေရိကန်သမ္မတဖြစ်ရန် အဆိုပါအချက်သုံးချက်သာလိုအပ်သည်ဟု အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားကြောင်း အမေရိကန်နိုင်ငံ ကွန်ကရက်လွတ်တော်၏ စာကြည့်တိုက် ဝက်ဘ်ဆိုက်ဖြစ်သည့် loc.gov ဝက်ဘ်ဆိုဒ်တွင်လည်း ဖော်ပြထားသည်။

လင့် http://bit.ly/3IUUv18
ထိုအကြောင်းနှင့်ပတ်သက်၍ မဲပေးခွင့်ရှိသည့် အမေရိကန်နိုင်ငံသားတစ်ဦးကလည်း “အဲဒီလိုသတ်မှတ် ချက်မျိုးမရှိပါဘူး။ အမေရိကန်မှာမွေးပြီး အသက် ၃၅ နှစ်အထက်ရှိရမယ်ပဲ သတ်မှတ်ထားတာပါ။ ကျန် တာ ပြည်သူတွေကြိုက်လို့မဲပေးရင် သမ္မတဖြစ်တာပဲ။ သူ့စည်းကမ်းနဲ့သူရှိတယ်ဆိုပေမယ့် အစွန်းရောက် တဲ့ ဘာသာရေးနဲ့ မဆိုင်ပါဘူး။ အိမ်ဖြူတော်မှာလည်း ဘယ်သူဖြစ်ဖြစ် တာဝန်ထမ်းဆောင်လို့ရပါတယ်” ဟု မဇ္ဈိမသို့ပြောကြားသည်။

ထို့ကြောင့် ခရစ်ယာန်ဘာသာဝင်သာ အမေရိကန်သမ္မတနှင့် ဒုသမ္မတဖြစ်ရမည်၊ အိမ်ဖြူတော်တွင် ခရစ် ယာန်ဘာသာဝင်များသာ တာဝန်ထမ်းဆောင်ခွင့်ရှိသည်မှာ မှားယွင်းနေကြောင်း ဖော်ပြလိုက်ရပါသည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

#Misinformation_Buster
#Fake_News
#အမေရိကန်သမ္မတ
#ခရစ်ယာန်ဘာသာ
👍7😁4❤2
​​ဂျုံရှားပါးမှုနှင့်လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ပါကစ္စတန် ဂီလ်ဂစ်ဘော်တစ္စတန်တွင် ပြည်သူများ ဆန္ဒပြ
=======================

ပါကစ္စတန် သိမ်းပိုက်ထားသော ကက်ရှ်မီးယားဒေသ ဂီလ်ဂစ်ဘော်တစ္စတန်မှ ပြည်သူများသည် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနှင့် ဂျုံရှားပါးမှုတို့ကြောင့် ခရိုင် ၂ ခုတွင် ဆန္ဒပြခဲ့ကြကြောင်း Dawn သတင်းတွင် ဖော်ပြထားသည်။
👍5🔥2😁2
​​အလုပ်အကိုင်ကဏ္ဍ၌ ကျား၊ မ ကွာဟမှုက မျှော်လင့်ထားသည်ထက် ပိုဆိုးနေဟု ကုလ ပြော
======================

ကမ္ဘာတစ်ဝန်းတွင် အမျိုးသမီးများသည် အလုပ်အကိုင်နေရာများ ရနိုင်ခွင့်အပိုင်းတွင် ယခင်ထင်ထားသည်ထက် ပိုမိုခက်ခဲသော အခြေအနေနှင့် ကြုံတွေ့နေရပြီး ဆယ်စုနှစ်နှစ်စုအတွင်း အလုပ်လုပ်ကိုင်မှု အခြေအနေများနှင့် လစာရရှိမှုပိုင်းတွင် ကျား၊ မ ကွာဟမှုက ပြောင်းလဲရန်ပင် အနိုင်နိုင်ဖြစ်နေခဲ့ကြောင်း ကုလသမဂ္ဂက မတ်လ ၆ ရက်တွင် ပြောသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍2🔥1😁1
​​ပါကစ္စတန်တွင် အိမ်တွင်းအကြမ်းဖက်မှုများ မကြာခဏမြင့်တွေ့လာရကြောင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ ပြောကြား
=======================

ပါကစ္စတန်တွင် အမျိုးသမီး ၄၀ ရာခိုင်နှုန်းသည် ဘဝတစ်လျှောက်တွင် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုများကို ကြုံတွေ့ကြရကြောင်း လေ့လာမှုများက ဖော်ပြနေသည်။
👍4🔥1😁1
​​ZSSI မှ ပြည်သူ့ရေးရာမဟာတန်း (MPA) အပါအဝင် သင်တန်း ၃ မျိုးဖွင့်လှစ်မည်ဟု ကြေညာ
========================

ဂျူနို
မဇ္စျိမ ။ ။ National University of Zoland (NUZ) စီမံခန့်ခွဲမှုအောက်ရှိ အင်စတီကျူ့တစ်ခုဖြစ်သည့် Zoland Social Studies Institute (ZSSI) မှ မဟာတန်းအဆင့်သင်တန်းများ၊ Diploma သင်တန်းများနှင့် Certificate ပေးအပ်မည့်သင်တန်းများကို ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

ZSSIမှ ဖွင့်လှစ်မည့် သင်တန်းအမျိုးအစားသုံးမျိုးမှာ ပြည်သူ့ရေးရာမဟာတန်း Master of Public Affairs (MPA)၊ Diploma Courses၊ Certificate Courses တို့ဖြစ်ပြီး အဆင့်မြင့်ပညာရေး သို့မဟုတ် တက္ကသိုလ်အဆင့်ပညာရပ်နယ်ပယ်တွင် ရောက်ရှိနေသူများကို ဦးတည်သည်။

“ သင်တန်းပို့ချမယ့်သူတွေက ကမ္ဘာ့ထိပ်သီးတက္ကသိုလ်ဆင်းအပါအဝင် ပြည်တွင်း၊ ပြည်ပက ကျွမ်းကျင်ပညာရှင်တွေ၊ တက္ကသိုလ်ဆရာမတွေဖြစ်ပါတယ်။ သင်တန်းလျှောက်လွှာကို မတ်လ ၁၅ ရက်နေ့အထိ သတ်မှတ်ထားပါတယ်။ အခြေအနေအရ ရက်တိုးသတ်မှတ်ပေးတာမျိုးလည်း ရှိနိုင်ပါတယ် ” ဟု ZSSIမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပညာသင်ကြားမှုမှတ်တမ်းအား ကောင်းမွန်စွာထိန်းသိမ်းပေးမည်ဖြစ်ပြီး သင်တန်ပြီးစီးပါက ကွန်ယက်ဖွဲ့စည်းခြင်း၊ ပညာရေး၊ အသက်မွေးဝမ်းကြောင်းများအတွက် mentorship program များအတွက် စီစဉ်ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။

ပြည်သူ့ရေးရာ မဟာတန်း Master of Public Affairs (MPA) တက်ရောက်ရန် မည်သည့်ပညာရပ် နယ်ပယ်တွင်မဆို ဘွဲ့ကြိုတက်ရောက်နေသူများ (သို့မဟုတ်) ဘွဲ့ကြိုသင်တန်းပြီးမြောက်သူများ ဖြစ်ရန်လိုအပ်သည်။

ပြည်သူ့ရေးရာ မဟာတန်း Master Program အတွက် သင်တန်းကာလမှာ တစ်နှစ်တာကြာမြင့်မည်ဖြစ်ပြီး အများဆုံးကျောင်းသားဦးရေ ၂၅ ဦးသာ ရွေးချယ်လက်ခံမည် ဟုဆိုသည်။

တက္ကသိုလ်ဝင်တန်း ပြီးမြောက်ထားသူများအနေဖြင့် Certificate နှင့် ဒီပလိုမာ သင်တန်းများကို ရွေးချယ်လျှောက်ထားနိုင်ပြီး သင်တန်းကာလမှာ Course တစ်ခုလျှင် နှစ်လကြာမြင့်မည် ဖြစ်သည်။


သင်တန်းလျှောက်ထားနိုင်ရန်လင့်
https://forms.gle/W5nzk3pWx9wxH4zGA...

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#Zoland
#ZSSI
#ချင်းပြည်နယ်
#ပညာရေး
#University
❤2👍2🔥1
မတ်လ (၇) ရက်၊ အင်္ဂါနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
===============

မန္တလေးတိုင်းမှာ နိုင်ငံကူးလက်မှတ်လျှောက်ထားမှု ၂၀၂၄ ခုနှစ် အထိ ရက်ချိန်းရယူမှုတွေရှိနေတဲ့သတင်းနဲ့အတူ

စစ်ကောင်စီက ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်းဉပဒေကို ပြင်ဆင်လိုက်တဲ့ သတင်းအပါအဝင်

နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ နောက်ဆုံးရ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။

သတင်းတွေအပြီးမှာတော့ အပတ်စဉ် တင်ဆက်နေကျဖြစ်တဲ့ မရွှေမိုးရဲ့ လေးညှို့သံအစီအစဉ်ကိုလည်း နားဆင်ကြရမှာဖြစ်ပါတယ်။
ဒီတပတ်ရဲ့ သဘာဝလက်ဆောင်အစီအစဉ်မှာတော့ ပင်မှည့်သီး ကနေရတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေအကြောင်း တင်ဆက်သွားမှာပါ။

နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်မှာဖြစ်ပါတယ်။

https://youtu.be/F5KuXd2ZRDg

#Mizzimaradio
#Eveningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍2😁2
​​အီတလီကမ်းလွန် လှေနစ်မြုပ်မှု၌ လူကုန်ကူးမှု သံသယဖြင့် ဖမ်းဆီးခံရသူ ၃ ဦးတွင် ပါကစ္စတန်နိုင်ငံသား ၂ ဦး ပါဝင် 
===================

အီတလီကမ်းလွန်တွင် ရွှေ့ပြောင်းနေထိုင်သူ ၆၄ ဦးထက်မနည်းသေဆုံးစေခဲ့သော လှေတစ်စင်း နစ်မြုပ်မှုအပြီး လူကုန်ကူးမှုဖြင့် သံသယရှိသော တူရကီနိုင်ငံသား ၁ ဦးနှင့် ပါကစ္စတန်နိုင်ငံသား ၂ ဦး အပါအဝင် လူ ၃ ဦးကို အီတလီရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ပါကစ္စတန်အခြေစိုက် ProIQRA သတင်းက ဖော်ပြသည်။
🔥2👏1
​​နိုင်ငံအကျိုးစီးပွားထိခိုက်နိုင်ခြင်းကြောင့် မြေရှားသတ္တုကုမ္ပဏီတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုကို သြစတြေးလျအစိုးရ တားမြစ် 
=====================

သြစတြေးလျအစိုးရသည် နိုင်ငံတော်အကျိုးစီးပွားထိခိုက်နိုင်သည့်အကြောင်းပြချက်ဖြင့် ရှယ်ယာအများဆုံးထည့်ဝင်ထားသည့် တရုတ်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Yuxiao Fund အား Northern Minerals မြေရှားသတ္တုကုမ္ပဏီတွင် ထပ်မံရင်းနှီးမြှုပ်နှံခွင့် ပိတ်ပင်ထားကြောင်း ကုမ္ပဏီက ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောသည်။
👍7🔥1
မန္တလေးပရဟိတ ရေသယ်ယာဉ် မတော်တဆဖြစ်ပြီး ပရဟိတသမား ၁ ဦး သေဆုံး
😢2
မန္တလေးပရဟိတ ရေသယ်ယာဉ် မတော်တဆဖြစ်ပြီး ပရဟိတသမား ၁ ဦး သေဆုံး
=================
007
မဇ္စျိမ။ ။ စစ်ကိုင်းသို့ ရေသွားလှူသည့် မန္တလေးမြို့က ပရဟိတ ရေသယ်ယာဉ် တစ်စီးသည် ယနေ့ မတ်လ ၇ ရက်နေ့ နံနက်ပိုင်းက အာလောင်ကျေးရွာအ၀င် ဘုရားကုန်း အတက်လမ်းတွင် နောက်ပြန်လိမ့်ကျပြီး ကားပေါ်ပါလာသူ ပရဟိတသမားတစ်ဦး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

“ရှစ်မျက်နှာ ဘုရားကုန်း အတက်မှာ၊ ကားက နောက်ပြန်ကျပြီး သစ်ပင် နှစ်ပင်ကြားသွားညှပ်တယ်၊ ကားနဲ့သစ်ပင် ကြားလူညှပ်ပြီး သေတာပါ” ဟု ဖြစ်စဉ်သိရှိသော ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ‌ယာဉ်သည် ယနေ့ နံနက်ပိုင်းက စစ်ကိုင်း-မင်းကွန်းကားလမ်း အာလောင်ကျေးရွာရှိ ဥတ္တရဘောဓိကျောင်းတိုက်သို့ ရေသွားရောက်လှူဒါန်းစဉ် အာလောင်ကျေးရွာအ၀င် ရှစ်မျက်နှာဘုရား အတက်လမ်းတွင် နောက်ပြန်လိမ့်ကျပြီး သစ်ပင်နှစ်ပင်ကြားညှပ်ရာမှ လူပါရောညပ်ပါသွားခြင်း ဖြစ်ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူများက ဆိုသည်။

ရေသယ်ယာဉ်ပေါ်ပါသူ လေးဦးအနက် တစ်ဦးသေဆုံးသွားခြင်းဖြစ်ပြီး သေဆုံးသွားသူ ပရဟိတသမား၏ ရုပ်အလောင်းကို မတ်လ ၈ ရက်နေ့တွင် သင်္ဂြိုဟ်သွားမည်ဟု သိရသည်။

နောက်ပြန်လိမ့်ကျခဲ့သည့် ရေသယ်ယာဉ်သည် မန္တလေး ချမ်းအေးသာစံမြို့နယ် ၂၆ လမ်းအောက်ဘက် ပိုက်ကျုံးရပ်ကွက်ရှိ နိဗ္ဗာန်သုခ (မန္တလေး) အသင်းပိုင် ရေသယ်ယာဉ် ဖြစ်ကြောင်း သိရသည်။
“အဲဒီအသင်းက မီးလောင်ပြင်ဆိုရင်လည်း ရေသွားပို့ပေးတယ်၊ မန္တလေးမှာ ရေပြတ်လပ်ရင်လည်း အိမ်တိုင်ရာရောက် ရေလိုက်လှူတယ်၊ မနက်ကလည်း ဘုန်းကြီးကျောင်းအတွက် ရေအလှူတောင်းလို့သွားပို့ရင်း ပရဟိတ သမားတစ်ဦး အသက်ပေးသွားတာပါ ” ဟု မြို့ခံပရဟိတသမားတစ်ဦးက ပြောသည်။

အခင်းဖြစ်နေရာသို့ စစ်ကိုင်းခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် တစ်စီး၊ စစ်ကိုင်းမြို့နယ်မီး သတ်စခန်းမှ မီးသတ်ယာဉ်တစ်စီးနှင့် သနေမီးသတ် တပ်ဖွဲ့၀င်များ၊ ထုံးဘိုအရန်မီးသတ်စခန်းမှ အရန်မီး သတ်တပ်ဖွဲ့၀င်များ၊ သုခကာရီ လူမှုကူညီရေးအသင်း၊ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း)တို့က သွားရောက်ကူညီ ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရုပ်အလောင်းအား စစ်ကိုင်းမြို့ သုခကာရီလူမှုကူညီရေးအသင်း လူနာတင်ယာဉ်ဖြင့် စစ်ကိုင်းခုတင် ၂၀၀ ဆံ့ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ထုံးဘိုအရေးပေါ်ရှာဖွေကယ်ဆယ်ရေး အဖွဲ့ကလည်း ထုတ်ပြန်ထားသည်။

Photo - ထုံးဘိုအရေးပေါ်ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့
စာတည်း။ ။ နောင်နောင်

#မန္တလေး
#ပရဟိတသမားသေဆုံး
#စစ်ကိုင်း
#mizzimatv
😢7👍5
​​ကလေး ၃ ယောက်မူဝါဒကို အမျိုးသမီးများက သံသယရှိနေခြင်းကြောင့် တရုတ်တွင် ကလေးမွေးဖွားနှုန်း ဆက်ကျဆင်းနေ 
===================

တရုတ်ကွန်မြူနစ်ပါတီက ကလေး ၃ ယောက်မူဝါဒ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကြင်စဦးမောင်နှံများကို လစာ အပြည့်ဖြင့် ရက်ပေါင်း ၃၀ ခွင့်ရက်ပေးထားသော်လည်း အမျိုးသမီးအများအပြားက အစိုးရပေးထားသည့် မက်လုံးများအပေါ် သံသယရှိနေကြောင်း အမျိုးသမီးရေးရာအဖွဲ့တစ်ဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
👍7😁2
​​သီရိလင်္ကာတွင် တရုတ်ရင်းနှီးမြှုပ်နှံမှု ချို့ယွင်းချက်များ
===================

အိန္ဒိယနိုင်ငံ၏ အိမ်နောက်ဖေးဟု အစဉ်အလာအရ ယူဆထားသည့် သီရိလင်္ကာတွင် တရုတ်က ဩဇာလွှမ်းမိုးမှု ချဲ့ထွင်ရန် ကြိုးပမ်းမှုများက အခြေအနေကို ပိုမိုရှုပ်ထွေးစေသည်။ 

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနယ်ပယ်တွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများတိုးလာခြင်းက တရုတ် ချင်းနင်းဝင်ရောက်မှု၏ သိသာထင်ရှားသောအချက်ဖြစ်ကြောင်း Combo Gazette က ဖော်ပြသည်။

တရုတ်၏ ပြင်ပချေးငွေများနှင့် နိုင်ငံရပ်ခြားရှိ ပုဂ္ဂလိကကော်ပိုရေးရှင်း၏ လုပ်ငန်းဆောင်တာများကိုပင် နိုင်ငံရေး အရ ထည့်သွင်းစဉ်းစားပြီး လုပ်ဆောင်ထားသည်။
👎3🔥1
​​ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ပစ်မှတ်ထားသည့် တရုတ်နှင့် ဆက်နွှယ်သော ဆိုက်ဘာတိုက်ခိုက်မှုများ မြင့်တက်လာ 
====================

ဆိုက်ဘာတိုက်ခိုက်မှုများသည် ကိုယ်ရေးကိုယ်တာအချက်အလက်များကို ပစ်မှတ်ထားလာပြီး တရုတ်နိုင်ငံနှင့် ဆက်စပ်နေသည့် ဟက်ကာများ ပိုမိုများပြားလာကြောင်း ဆိုက်ဘာလုံခြုံရေးကုမ္ပဏီတစ်ခု၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
👍1🔥1
​​နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၇ မတ် ၂၀၂၃ )
====================

· စစ်အာဏာရှင်တော်လှန်ရေးတွင် အမျိုးသားများနှင့်တန်းတူ အမျိုးသမီးများမှာလည်း ကျရာအခန်း ကဏ္ဍမှ ပါဝင်နေသည်ကို တွေ့ရသည်။

#SpringRevolution 
#LatestNews 
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥1😁1
မတ်လ (7) ရက်၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
========================

⁃တရုတ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအပြင် စစ်ကောင်စီကိုပါ တွေ့ဆုံမှုရှိလာ တဲ့ သတင်း

⁃မြန်မာ့ကမ်းလွန်သဘာဝဓာတ်ငွေ့တွင်းတွေ ဖွံ့ဖြိုးတိုးတက်ရေး ရပ်တန့်တာကြောင့် ဓာတ်အားထုတ်လုပ်မှု လျော့ကျလာတဲ့ သတင်း

⁃မန္တလေးရှိ သုံးဘီးအငှားယာဉ်များ (မီနီအိုးဝေ) အားလုံးကို အဝါရောင်ပြောင်းလဲဖို့စီစဉ်နေတဲ့ သတင်း

⁃တစ်လအတွင်း အမျိုးသမီး ၁၅ ဦးသေဆုံးပြီး ဖမ်းဆီးခံရသူ ၃၅ ဦးရှိတဲ့ သတင်း

⁃မဏိပူပြည်နယ်အကျဉ်းထောင်မှ မြန်မာစစ်ဘေးရှောင် ၃ ဦး အာမခံနဲ့ လွတ်မြောက်တဲ့ သတင်း

⁃မန္တလေးတိုင်းမှာ နိုင်ငံကူးလက်မှတ်လျှောက်ထားမှု ၂၀၂၄ ခုနှစ် အထိ ရက်ချိန်းရယူမှုတွေရှိနေတဲ့သတင်း

⁃တောင်ကိုရီးယားရဲ့အစီအစဉ်ဟာ ကောင်းမွန်တဲ့နှစ်နိုင်ငံဆက်ဆံရေးပြန်လည်ထူထောင်နိုင်ဖို့ အကူအညီဖြစ်စေကြောင်း ဂျပန်ပြောတဲ့ သတင်း

အပါအဝင် တခြားအရေးကြီးတဲ့သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေး ပါမယ်။

https://www.youtube.com/live/ZjTezkJB6UA?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7😁2
​​မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အရေးယူရန် နိုင်ငံတကာကို ICA ‌တောင်းဆို
=========================

ပါခွီး
မဇ္စျိမ ။ ။ စစ်အာဏာသိမ်းမှု နှစ်နှစ်တာကာလအတွင်း ချင်းလူမျိုးများအပေါ် ကျူးလွန်ခဲ့သည့် စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ထိရောက်သော အရေးယူမှုများ အမြန်ဆုံးလုပ်ဆောင်သင့်ကြောင်း Institute of Chin Affairs (ချင်းရေးရာအဖွဲ့ချုပ်) ICA က တောင်းဆိုလိုက်သည်။

မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အရေးယူရန် နိုင်ငံတကာကို ချင်းရေးရာအဖွဲ့ချုပ် ICA က မတ်လ ၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်တောင်းဆို လိုက်ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်မှ ကျူးလွန်သည့် စစ်ရာဇဝတ်များ ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သော ပြစ်မှုများ ၊ လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် ထိုက်တန်သော ပြစ်ဒဏ်နှင့် တာဝန်ယူမှု တာဝန်ခံမှုရှိစေရန် တောင်းဆိုလိုက်ခြင်းဖြစ်ကြောင်း ICA က ပြောသည်။
စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့သော ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်ဖေဖော်ဝါရီလကုန်အထိ နှစ်နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်က ၎င်းတို့အာဏာတည်မြဲရေးအတွက် ချင်းလူမျိုး ၃၈၃ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ICA က ဆိုသည်။

အဆိုပါ သတ်ဖြတ်မှုများအနက်၂၀၂၁ ခုနှစ်အတွင်း ၁၆၄ ဦး ၊ ၂၀၂၂ ခုနှစ်အတွင်း ၁၉၅ ဦးနှင့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၈ရက်နေ့အထိ ၂၄ ဦး စုစုပေါင်း ၃၈၃ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း ICA က ထုတ်ပြန်သည်။

ယင်းအထဲတွင် ဆန္ဒပြ၍ ပစ်သတ်ခံရသူ ၁၃ ဦး၊ အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခံရသူ လေးဦး၊ ခရစ်ယာန် ဓမ္မဆရာတော် လေးဦး၊ ခြောက်လ သား အရွယ် ကလေးငယ်နှင့် မွေးရာပါ မသန်စွမ်းသူ အပါအဝင် အရပ်သားပြည်သူ ၁၂၆ ဦးနှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၂၃၇ ဦး တို့ ပါဝင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ချင်းပြည်နယ်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဘာသာရေးအဆောက်အဦးနှင့် လူနေအိမ် စုစုပေါင်း ၄,၃၀၀ ကျော် ပျက်စီးဆုံးရှုံး ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

အကြောင်းအမျိုးမျိုး ၊ ပုဒ်မအမျိုးမျိုးတပ်ကာ အထောက်အထား မခိုင်လုံဘဲ ဖမ်းဆီးထားသူ ချင်းလူမျိုး ၉၀၀ နီးပါးရှိသည်ဟု ချင်းရေးရာ အဖွဲ့ ချုပ်က ဆိုသည်။

ချင်းအမျိုးသား ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့အကြား နှစ်နှစ်ကျော်ကာလအတွင်း တိုက်ပွဲပေါင်း ၆၀၀ နီးပါး ဖြစ်ပွားခဲ့ပြီး လေကြောင်းမှ အကြိမ်ရေပေါင်းများစွာ တိုက်ခိုက်ခံခဲ့ရသည်။

စစ်ကောင်စီတပ်သည် ချင်းပြည်နယ်သို့ ထိုးစစ်ဆင်ရာ လမ်းကြောင်းများတွင် ဖြတ်လေးဖြတ်ဗျူဟာကို တွင်ကျယ်စွာအသုံးပြုပြီး အရပ်သားပိုင် နေအိမ်များအား ဝင်ရောက်မွှေနှောက်ကာ စားနပ်ရိက္ခာနှင့် ပရိဘောဂ အသုံးအဆောင် ပစ္စည်းများအား ယူဆောင်သည့်အပြင် နေအိမ်အတွင်း အခြေချ တပ်စွဲမှုများ လုပ်ဆောင်ခဲ့ကြောင်း ICA က ထောက်ပြထားသည်။

ထိုသို့ စစ်ကောင်စီတပ်၏ စစ်ကြောင်း ဝင်ရောက်မှုကြောင့် အိန္ဒိယနိုင်ငံအတွင်း မြန်မာစစ်ဘေးဒုက္ခသည် စုစုပေါင်း ၉၀,၀၀၀ ခန့် တိမ်ရှောင်နေရကြောင်းလည်း ချင်းရေးရာအဖွဲ့ချုပ် ICA က ဖော်ပြသည်။

လူဦးရေ ၅၀၀,၀၀၀ ခန့်ရှိသော ချင်းပြည်နယ်အတွင်း ယခုကဲ့သို့ သတ်ဖြတ်မှုများသည် ရာခိုင်နှုန်းအားဖြင့် အလွန်များပြားလှကြောင်း ချင်းရေးရာအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်က ဆိုသည်။

မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို လွန်ခဲ့သည့် ဆယ်စုနှစ်များစွာကတည်းက လူနည်းစုတိုင်းရင်းသား ဒေသများတွင် တွေ့ကြုံခံစားခဲ့ရပြီး လက်ရှိမှာ ချင်းပြည်နယ် အပါအဝင် နိုင်ငံတဝန်းလုံးတွင် ပြင်းထန်ဆိုးဝါးလှသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေကြောင်း ချင်းရေးရာအဖွဲ့ချုပ်က ထောက်ပြပြောဆိုထားသည်။

စာတည်း။ ။ နောင်နောင်

#လူ့အခွင့်အရေး
#ICA
#စစ်အာဏသိမ်းမှု
#အိန္ဒိယ
#mizzimatv
👍5🔥1😁1