ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ပစ်မှတ်ထားသည့် တရုတ်နှင့် ဆက်နွှယ်သော ဆိုက်ဘာတိုက်ခိုက်မှုများ မြင့်တက်လာ
====================
ဆိုက်ဘာတိုက်ခိုက်မှုများသည် ကိုယ်ရေးကိုယ်တာအချက်အလက်များကို ပစ်မှတ်ထားလာပြီး တရုတ်နိုင်ငံနှင့် ဆက်စပ်နေသည့် ဟက်ကာများ ပိုမိုများပြားလာကြောင်း ဆိုက်ဘာလုံခြုံရေးကုမ္ပဏီတစ်ခု၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

👍1🔥1
နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၇ မတ် ၂၀၂၃ )
====================
· စစ်အာဏာရှင်တော်လှန်ရေးတွင် အမျိုးသားများနှင့်တန်းတူ အမျိုးသမီးများမှာလည်း ကျရာအခန်း ကဏ္ဍမှ ပါဝင်နေသည်ကို တွေ့ရသည်။
#SpringRevolution
#LatestNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍5🔥1😁1
မတ်လ (7) ရက်၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
========================
⁃တရုတ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအပြင် စစ်ကောင်စီကိုပါ တွေ့ဆုံမှုရှိလာ တဲ့ သတင်း
⁃မြန်မာ့ကမ်းလွန်သဘာဝဓာတ်ငွေ့တွင်းတွေ ဖွံ့ဖြိုးတိုးတက်ရေး ရပ်တန့်တာကြောင့် ဓာတ်အားထုတ်လုပ်မှု လျော့ကျလာတဲ့ သတင်း
⁃မန္တလေးရှိ သုံးဘီးအငှားယာဉ်များ (မီနီအိုးဝေ) အားလုံးကို အဝါရောင်ပြောင်းလဲဖို့စီစဉ်နေတဲ့ သတင်း
⁃တစ်လအတွင်း အမျိုးသမီး ၁၅ ဦးသေဆုံးပြီး ဖမ်းဆီးခံရသူ ၃၅ ဦးရှိတဲ့ သတင်း
⁃မဏိပူပြည်နယ်အကျဉ်းထောင်မှ မြန်မာစစ်ဘေးရှောင် ၃ ဦး အာမခံနဲ့ လွတ်မြောက်တဲ့ သတင်း
⁃မန္တလေးတိုင်းမှာ နိုင်ငံကူးလက်မှတ်လျှောက်ထားမှု ၂၀၂၄ ခုနှစ် အထိ ရက်ချိန်းရယူမှုတွေရှိနေတဲ့သတင်း
⁃တောင်ကိုရီးယားရဲ့အစီအစဉ်ဟာ ကောင်းမွန်တဲ့နှစ်နိုင်ငံဆက်ဆံရေးပြန်လည်ထူထောင်နိုင်ဖို့ အကူအညီဖြစ်စေကြောင်း ဂျပန်ပြောတဲ့ သတင်း
အပါအဝင် တခြားအရေးကြီးတဲ့သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေး ပါမယ်။
https://www.youtube.com/live/ZjTezkJB6UA?feature=share
#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
မတ်လ (7) ရက်၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
မတ်လ (7) ရက်၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
————————————————————————————————————
⁃တရုတ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအပြင် စစ်ကောင်စီကိုပါ တွေ့ဆုံမှုရှိလာ တဲ့ သတင်း
⁃မြန်မာ့ကမ်းလွန်သဘာဝဓာတ်ငွေ့တွင်းတွေ ဖွံ့ဖြိုးတိုးတက်ရေး …

👍7😁2
မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အရေးယူရန် နိုင်ငံတကာကို ICA တောင်းဆို
=========================
ပါခွီး
မဇ္စျိမ ။ ။ စစ်အာဏာသိမ်းမှု နှစ်နှစ်တာကာလအတွင်း ချင်းလူမျိုးများအပေါ် ကျူးလွန်ခဲ့သည့် စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ထိရောက်သော အရေးယူမှုများ အမြန်ဆုံးလုပ်ဆောင်သင့်ကြောင်း Institute of Chin Affairs (ချင်းရေးရာအဖွဲ့ချုပ်) ICA က တောင်းဆိုလိုက်သည်။
မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အရေးယူရန် နိုင်ငံတကာကို ချင်းရေးရာအဖွဲ့ချုပ် ICA က မတ်လ ၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်တောင်းဆို လိုက်ခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်မှ ကျူးလွန်သည့် စစ်ရာဇဝတ်များ ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သော ပြစ်မှုများ ၊ လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် ထိုက်တန်သော ပြစ်ဒဏ်နှင့် တာဝန်ယူမှု တာဝန်ခံမှုရှိစေရန် တောင်းဆိုလိုက်ခြင်းဖြစ်ကြောင်း ICA က ပြောသည်။
စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့သော ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်ဖေဖော်ဝါရီလကုန်အထိ နှစ်နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်က ၎င်းတို့အာဏာတည်မြဲရေးအတွက် ချင်းလူမျိုး ၃၈၃ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ICA က ဆိုသည်။
အဆိုပါ သတ်ဖြတ်မှုများအနက်၂၀၂၁ ခုနှစ်အတွင်း ၁၆၄ ဦး ၊ ၂၀၂၂ ခုနှစ်အတွင်း ၁၉၅ ဦးနှင့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၈ရက်နေ့အထိ ၂၄ ဦး စုစုပေါင်း ၃၈၃ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း ICA က ထုတ်ပြန်သည်။
ယင်းအထဲတွင် ဆန္ဒပြ၍ ပစ်သတ်ခံရသူ ၁၃ ဦး၊ အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခံရသူ လေးဦး၊ ခရစ်ယာန် ဓမ္မဆရာတော် လေးဦး၊ ခြောက်လ သား အရွယ် ကလေးငယ်နှင့် မွေးရာပါ မသန်စွမ်းသူ အပါအဝင် အရပ်သားပြည်သူ ၁၂၆ ဦးနှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၂၃၇ ဦး တို့ ပါဝင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ချင်းပြည်နယ်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဘာသာရေးအဆောက်အဦးနှင့် လူနေအိမ် စုစုပေါင်း ၄,၃၀၀ ကျော် ပျက်စီးဆုံးရှုံး ခဲ့ကြောင်းလည်း ဖော်ပြထားသည်။
အကြောင်းအမျိုးမျိုး ၊ ပုဒ်မအမျိုးမျိုးတပ်ကာ အထောက်အထား မခိုင်လုံဘဲ ဖမ်းဆီးထားသူ ချင်းလူမျိုး ၉၀၀ နီးပါးရှိသည်ဟု ချင်းရေးရာ အဖွဲ့ ချုပ်က ဆိုသည်။
ချင်းအမျိုးသား ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့အကြား နှစ်နှစ်ကျော်ကာလအတွင်း တိုက်ပွဲပေါင်း ၆၀၀ နီးပါး ဖြစ်ပွားခဲ့ပြီး လေကြောင်းမှ အကြိမ်ရေပေါင်းများစွာ တိုက်ခိုက်ခံခဲ့ရသည်။
စစ်ကောင်စီတပ်သည် ချင်းပြည်နယ်သို့ ထိုးစစ်ဆင်ရာ လမ်းကြောင်းများတွင် ဖြတ်လေးဖြတ်ဗျူဟာကို တွင်ကျယ်စွာအသုံးပြုပြီး အရပ်သားပိုင် နေအိမ်များအား ဝင်ရောက်မွှေနှောက်ကာ စားနပ်ရိက္ခာနှင့် ပရိဘောဂ အသုံးအဆောင် ပစ္စည်းများအား ယူဆောင်သည့်အပြင် နေအိမ်အတွင်း အခြေချ တပ်စွဲမှုများ လုပ်ဆောင်ခဲ့ကြောင်း ICA က ထောက်ပြထားသည်။
ထိုသို့ စစ်ကောင်စီတပ်၏ စစ်ကြောင်း ဝင်ရောက်မှုကြောင့် အိန္ဒိယနိုင်ငံအတွင်း မြန်မာစစ်ဘေးဒုက္ခသည် စုစုပေါင်း ၉၀,၀၀၀ ခန့် တိမ်ရှောင်နေရကြောင်းလည်း ချင်းရေးရာအဖွဲ့ချုပ် ICA က ဖော်ပြသည်။
လူဦးရေ ၅၀၀,၀၀၀ ခန့်ရှိသော ချင်းပြည်နယ်အတွင်း ယခုကဲ့သို့ သတ်ဖြတ်မှုများသည် ရာခိုင်နှုန်းအားဖြင့် အလွန်များပြားလှကြောင်း ချင်းရေးရာအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်က ဆိုသည်။
မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို လွန်ခဲ့သည့် ဆယ်စုနှစ်များစွာကတည်းက လူနည်းစုတိုင်းရင်းသား ဒေသများတွင် တွေ့ကြုံခံစားခဲ့ရပြီး လက်ရှိမှာ ချင်းပြည်နယ် အပါအဝင် နိုင်ငံတဝန်းလုံးတွင် ပြင်းထန်ဆိုးဝါးလှသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေကြောင်း ချင်းရေးရာအဖွဲ့ချုပ်က ထောက်ပြပြောဆိုထားသည်။
စာတည်း။ ။ နောင်နောင်
#လူ့အခွင့်အရေး
#ICA
#စစ်အာဏသိမ်းမှု
#အိန္ဒိယ
#mizzimatv

ခုံရုံးဆုံးဖြတ်ချက် သမာသမတ်ကျရဲ့လား | သတင်းသုံးသပ်ချက်
===========
နစကက အာဏာသိမ်း (၂) နှစ်ပြည့်တဲ့အချိန်မှာ ကာလုံအစည်းအဝေးလို့ လူသိများတဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်အရ အာဏာကို ပြန်ယူမှာလား၊ စစ်ကောင်စီကို နောက်ထပ်သက်တမ်း ထပ်တိုးပေးမလား၊ ဘယ်လိုပုံစံမျိုးနဲ့ အာဏာကို ဆက်ယူထားဦးမှာလဲ ဆိုတဲ့ မေးခွန်းတွေ ပြည်သူလူထုအကြား ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။ လေ့လာသုံးသပ်သူ အများအပြားကလည်း ဖြစ်လာနိုင်ချေ အမျိုးမျိုးကို ခန့်မှန်းခဲ့ကြပါတယ်။ ဒါပေမယ့် ၂၀၂၃ ဇန်နဝါရီ (၃၁) ရက် မှာ ကျင်းပတဲ့ ကာလုံအစည်းအဝေးမှာ လက်ရှိအခြေအနေဟာ တိုင်းပြည် တည်ငြိမ်အေးချမ်းတဲ့ သာမန်မဟုတ်တဲ့ အခြေအနေ ဖြစ်နေတာကြောင့် ဆိုတဲ့ အကြောင်းပြချက်နဲ့ ကာလုံက စစ်ကောင်စီကို နောက်ထပ် (၆) လ သက်တမ်း ထပ်တိုးပေးခဲ့ပါတော့တယ်။
ယေဘုယျအနေနဲ့ ပြောရရင် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ အရေးပေါ်ကာလသက်တမ်းကို အာဏာစသိမ်းချိန်ကနေ တစ်နှစ်တိတိ ကြေညာခွင့် ရှိပါတယ်။ တစ်နှစ်ပြည့်လို့မှ လုပ်ငန်းဆောင်ရွက်မှုတွေ မပြီးသေးဘူးဆိုရင် ကာလုံအဖွဲ့ဟာ သာမန်အားဖြင့် တစ်ကြိမ်ကို ခြောက်လနဲ့ နှစ်ကြိမ် တိုးမြှင့်ပေးနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ သာမန်အခြေ အနေမဟုတ်ဘူးဆိုရင် ဘယ်လို ဆက်လုပ်ရမလဲဆိုတာကို အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတာ မရှိပါဘူး။
ဒီအခြေအနေမှာ ဂယ်ပေါက်တွေ အများအပြားရှိနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်တွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးက လက်တစ်လုံးခြား အဓိပ္ပာယ်ဖွင့်ဆိုပြီး စစ်ကောင်စီကို နောက်ထပ် (၆) လ သက်တမ်း တိုးဖို့ ထောက်ခံခဲ့ပါတယ်။ ဒါကြောင့် စစ်ကောင်စီအနေနဲ့ သာမန်အားဖြင့် ဆိုတဲ့ ဝေါဟာရကို သာမန် အခြေ အနေမဟုတ်တဲ့အတွက် ဆိုပြီး အာဏာဆက်ယူဖို့ လမ်းပွင့်သွားစေခဲ့ပါတယ်။
တကယ်တော့ ဒီလို သက်တမ်းတိုးမှုဟာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ မညီဘူးဆိုတာ ဥပဒေကိုပြန်လှန်ရင် အတိုင်း သားတွေ့ရမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ စိတ်ဝင်စားစရာကောင်းတဲ့အချက်က ဖွဲ့စည်း ပုံအခြေခံဥပဒေခုံရုံးရဲ့ ဆုံးဖြတ်ချက်ပါ။ ဇန်နဝါရီ ၃၁ ရက် ကာလုံအစည်းအဝေးမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က သက်တမ်းတိုးမယ့်ကိစ္စနဲ့ ပတ်သက်ပြီး အခြေခံဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက် ဖြစ်တဲ့ ပုဒ်မ ၄၂၅ ကိုသုံးသပ်ရာမှာ
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးသဘောထားမှတ်ချက်ကို ရယူပါက ပိုပြီး ပြည့်စုံမယ်လို့ ဆွေးနွေးသွားတာတွေ့ရပါတယ်။
ဒီဆွေးနွေးမှုကို ကြည့်ရင် ၂၀၀၈ ဖွဲ့စည်းပုံမှာပါတဲ့ ဝေါဟာရတွေအပေါ် အဓိပ္ပာယ်ကောက်ယူရာမှာ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို အရင်ရယူပြီးမှ သက်တမ်းတိုးသင့်တယ်ဆိုတဲ့ သဘောကို ပြောတာ ဖြစ်ပါတယ်။ ဒါပေမဲ့ နောက် တစ်ရက်ဖြစ်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာထုတ်ပြန်တဲ့ ကာလုံရဲ့ ထုတ်ပြန်ချက်မှာ သက်တမ်းတိုးခဲ့ တာကိုသာ ဖော်ပြထားပြီး ခုံရုံးရဲ့သဘောထားမှတ်ချက်ကို ကိုးကားဖော်ပြထားတာ မရှိပါဘူး။
ဒီနေရာမှာ ဆက်စပ်စဉ်းစားစရာရှိလာတာက မြန်မာနိုင်ငံက ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့ အခန်းကဏ္ဍပါ။ မြန် မာနိုင်ငံမှာ ၂၀၁၁ ကစပြီး ၂၀၂၂ အထိ ကာလထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး စုဖွဲ့မှု (၅) ကြိမ် ရှိခဲ့ပါတယ်။ အဲဒီ အထဲမှာ အင်န်အယ်လ်ဒီလက်ထက်မှာ ဖွဲ့စည်းခဲ့တဲ့ ခုံရုံးအဖွဲ့တစ်ခုပဲ တည်တည်ငြိမ်ငြိမ်နဲ့ ဂုဏ်သိက္ခာရှိရှိ လုပ်ဆောင်သွားတာကို တွေ့ရမှာဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်လက်ထက်မှာ နှစ်ကြိမ်၊ စစ်ကောင်စီ လက်ထက်မှာ နှစ်ကြိမ် စုဖွဲ့ခဲ့တဲ့ ခုံရုံးတွေကတော့ ပြောစမှတ်ပြုစရာ အများကြီးကျန်နေခဲ့တာ ဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံရဲ့ ပထမဆုံးသော ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဟာ ၂၀၁၁ မတ်လ (၃၁) ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ အဲဒီအချိန်က ခုံရုံးဥက္ကဋ္ဌဟာ လက်ရှိ စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိုးပါ။ ခုံရုံးသက်တမ်း တစ်နှစ်ကျော် လောက်မှာ “လွှတ် တော်အသီးသီးက ဖွဲ့စည်းထားတဲ့ ကော်မတီ၊ ကော်မရှင်နဲ့ အဖွဲ့တွေဟာ ပြည်ထောင်စု အဆင့် အဖွဲ့အစည်း မဟုတ်” ဆိုတဲ့ ခုံရုံးရဲ့ဆုံးဖြတ်ချက်ကြောင့် လွှတ်တော်နဲ့ခုံရုံးအကြား ပြဿနာတွေ အကြီးအကျယ် တက်ခဲ့ကြပါတယ်။
စစ်ကောင်စီလက်ထက် အခြေခံဥပဒေခုံရုံးကတော့ ကာလုံအနေနဲ့ သာမန်အခြေအနေမဟုတ်လို့ သက်တမ်းဆက် တိုပေးတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်မှုရှိတယ်လို့ သဘောထားမှတ်ချက် ပေးပြန်ပါတယ်။ ဒီအခြေအနေဟာ ခုံရုံးရဲ့ လုပ်ပိုင်ခွင့် ဘောင်အတွင်း ရှိတယ်ဆိုပေမယ့် နိုင်ငံရေးအရ ပြသနာကြီးကြီးမားမား ရှိနေတဲ့ကိစ္စ တစ်ရပ်အပေါ် ၂၄ နာရီအတွင်း လွယ်လွယ်ကူကူနဲ့ ခေါင်းညိတ်ခဲ့တာဟာ ခုံရုံးရဲ့ ဂုဏ်သိက္ခာနဲ့ သမာသမတ်ရှိမှုကို ပျက်ယွင်းစေပါတယ်။ စစ်ကောင်စီအနေနဲ့ (၆) လတစ်ခါ ဆက်ကာဆက်ကာ သက်တမ်းတိုးပြီး အာဏာရယူထားဖို့ လမ်းဖွင့်ပေးသလို ဖြစ်စေပါတယ်။ ဒါကြောင့် လက်ရှိ အခြေခံဥပဒေခုံရုံးဟာ စစ်အာဏာရှင် သက်ဆိုးရှည်ဖို့အတွက် ကျားကန်ပေးနေရတဲ့ ဒေါက်တိုင်ဖြစ်နေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ။

👍10🔥3
Media is too big
VIEW IN TELEGRAM
"အချစ်ပုံပြင်" LOVE STORY | Ep_18 seg_1
Watch more detail - https://youtu.be/ZzOz3GoqKko
#myanmardramaseries #lovestory #BLSeries #reels

👍2🤮1
ထမင်းစားပြီး ပန်းကန်ဆေးနေသည့် စစ်ကောင်စီတပ်သားများ ဗုံးပစ် တိုက်ခိုက်ခံရ၊ ၂ ဦး သေဆုံးဟုဆို
============================
ကိုခင်မောင်
(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး သုံးဦး အပြင်းအထန် ဒဏ်ရာရသွားကြောင်း True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။
ယနေ့ မတ်လ ၇ ရက်နေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန်တွင် မြင်းမူမြို့ အထက (၁) စာသင်ကျောင်း၌ တပ်စွဲထားသော စစ်သား ငါးဦးသည် ထမင်းစားပြီး ပန်းကန်ဆေးရန် ထွက်လာစဉ် လက်ပစ်ဗုံးတစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ၎င်းတို့နေရာနား တည့်တည့်တွင် ကျရောက်ပေါက်ကွဲသွားခဲ့ကြောင်း ဆိုသည်။
“အဲဒီကျောင်းမှာရှိတဲ့ စစ်ခွေး(စကစတပ်) တွေ အကုန်လုံးထမင်းစားနေချိန်မှာ ငါးယောက်က ထမင်းပန်ကန်တွေနဲ့ ကိုယ်စီထွက်လာတယ်။ ထွက်လာပြီးတော့ ပန်ကန်ဆေးတဲ့အချိန်မှာ ခုနစ်တန်း ကျောင်းဆောင်နားမှာ ကျတော်တို့က အုတ်တံတိုင်းရဲ့ ဘေးကနေ ပစ်လိုက်တဲ့အချိန်မှာ သူတို့နားကပ်ကျတာ၊ ကျတော်တို့လိုက်လံစုံစမ်းသတင်းအရတော့ နှစ်ယောက်သေတယ်။ သုံးယောက်ပြင်းထန်ဒဏ်ရာ ရပါတယ်။” ဟု True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်စွန်ရဲက မဇ္ဈိမကို ပြောသည်။
စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကြောင်း True Fighter မြို့ပြပြောက်ကျား တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်စွန်ရဲ ပြောဆိုချက်နှင့် ပတ်သက်ပြီး မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုချက် မရသေးပေ။
အဆိုပါ လက်ပစ်ဗုံး ပေါက်ကွဲပြီးနောက် ကျန်စစ်ကောင်စီတပ်သားများက သေနတ်ကို မိုးပေါ်ထောင်ဖောက်ခြင်းနှင့် အနီးအနား ပတ်ဝန်းကျင်ကို ဦးတည်ရာမဲ့ ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ပေါက်ကွဲမှုဖြစ်သော အထက(၁)ကျောင်းဝန်းအတွင်းသို့ နောက်ထပ် စစ်ကောင်စီတပ်သား တချို့ရောက်ရှိလာပြီး အနီးပတ်ဝန်းကျင်ကို လိုက်လံရှာ ဖွေခြင်းနှင့် မြို့ပေါ်တွင် ကားနှင့် ဆိုင်ကယ်များကိုလည်း ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်သွားကြောင်းလည်း မြို့ခံများထံမှ သိရသည်။
စစ်တပ်က အာဏသိမ်းပြီးနောက်ပိုင်း မြင်းမူမြို့ ၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းထဲတွင် စစ်ကောင်စီတပ်သား ၃၀ ဝန်းကျင်ခန့် တပ်စွဲနေရာ ယူထားခြင်း ဖြစ်သည်။
ယင်းကဲ့သို့ လက်ပစ်ဗုံးဖြင့် စစ်ကောင်စီတပ်သားများကို ပစ်သွင်းတိုက်ခိုက်ခဲ့ပြီးနောက် True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ဗိုလ်စွန်ရဲက ဆိုသည်။
True Fighter မြို့ပြပြောက်ကျား တပ်အဖွဲ့အတွက် အဓိက လိုအပ်နေသော လက်နက်ခဲ ယမ်းဖြည့်တင်းရန် ရောင်းချနေသော ပုလဲလက်စွပ် ကံစမ်းမဲ အစီအစဉ်တွင် ပူးပေါင်းပါဝင်ကြရန်လည်း ယင်းအဖွဲ့က မေတ္တာရပ်ခံထားသည်။
https://youtu.be/QRyORGIcQho
စာတည်း။ ။ နောင်နောင်
#မြင်းမူ
#စာသင်ကျောင်း
#လက်ပစ်ဗုံး
#mizzimatv
-----------------------------------------
@MizzimaTV

(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး သုံးဦး အပြင်းအထန် ဒဏ်ရာရသွားကြောင်း True Fighter မြို့ပြပြေ…

👍29😁1🥱1
Media is too big
VIEW IN TELEGRAM
မြန်မာသံရုံးမှ နိုင်ငံကူး လက်မှတ်စာအုပ်ကြေး တိုးမြှင့်ကောက်ခံ၊ ထိုင်းရောက် မြန်မာလုပ်သားများ ပိုမိုခက်ခဲလာ
Watch more detail - https://youtu.be/V2gRD5tLWdc
#BusinessRoundUp #VideoNews #shorts #reels

👍7🤬3❤1😢1
Media is too big
VIEW IN TELEGRAM
မြန်မာ့ကမ်းလွန်သဘာဝဓာတ်ငွေ့တွင်းများ ဖွံ့ဖြိုးတိုးတက်ရေး ရပ်တန့်သဖြင့် ဓာတ်အားထုတ်လုပ်မှု လျော့ကျ
Watch more detail - https://youtu.be/V2gRD5tLWdc
#BusinessRoundUp #VideoNews #shorts #reels
Watch more detail - https://youtu.be/V2gRD5tLWdc
#BusinessRoundUp #VideoNews #shorts #reels
👍10😁3👏2
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် မတ်လ ၇ ရက်ထုတ်လွှင့်မှုများ
====================
https://youtu.be/gq0kqzrAKM0
#PVTV
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
====================
https://youtu.be/gq0kqzrAKM0
#PVTV
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် မတ်လ ၇ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် မတ်လ ၇ ရက်ထုတ်လွှင့်မှုများ
#PVTV
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး…

👍10🔥1😁1
Media is too big
VIEW IN TELEGRAM
နယ်စပ်မူဝါဒအပြောင်းအလဲနှင့် ထိုင်းဘတ်ငွေ ဈေးကျခြင်းတို့ကြောင့် ပြည်တွင်းပြောင်းဈေးနှုန်း ကျဆင်း
Watch more detail - https://youtu.be/V2gRD5tLWdc
#BusinessRoundUp #VideoNews #shorts #reels
Watch more detail - https://youtu.be/V2gRD5tLWdc
#BusinessRoundUp #VideoNews #shorts #reels
🔥2👍1
ကြံခင်းမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်
====================
မင်းထက်
မဇ္စျိမ။ ။ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ မတ်လ ၇ ရက်နေ့ ညပိုင်းအချိန်က စကြဝတေးမင်းကြီး သပိတ်ကောင်မတီအဖွဲ့မှ ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ် ပြုလုပ်ခဲ့ကြသည်။
"မြစ်မင်းဧရာ သက်သေတည် တော်လှန်စစ်ကို အရှိန်မြှင့်မည်"စာသားပါ ဘန်နာ(ဗီနိုင်း)အား စကြဝတေးမင်းကြီး သပိတ်ကော်မတီဝင်များမှ ကိုင်စွဲကာ ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးက ပြောသည်။
စကြဝတေးမင်းကြီး သပိတ်အဖွဲ့သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စတင်၍ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်များ စတင်ပြုလုပ်နေခြင်းဖြစ်ပြီး ယနေ့ ဆန္ဒထုတ်ဖော်မှုသည် သပိတ်အဖွဲ့၏ (၁၃) ကြိမ်မြောက်ဆန္ဒထုတ်ဖော်မှု ဖြစ်သည်။
#ကြံခင်းမြို့
#ဆန္ဒပြ
#ညသပိတ်

👍15❤1🔥1😁1
Media is too big
VIEW IN TELEGRAM
ပါကစ္စတန်မှာ စားသုံးသူ အညွှန်းကိန်း CPI၊ နှစ် ၅ဝ နီးပါးအတွင်း အမြင့်ဆုံးနှုန်းသို့ ခုန်တက်လာ
Watch more detail - https://youtu.be/V2gRD5tLWdc
#BusinessRoundUp #VideoNews #shorts #reels
Watch more detail - https://youtu.be/V2gRD5tLWdc
#BusinessRoundUp #VideoNews #shorts #reels
👍3🔥1
အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများနှင့်စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုများအားအရေးယူရန်NUGကြိုးပမ်းနေ
===============================
မြန်မာစစ်တပ်ကျူးလွန်ခဲ့သော ရာဇဝတ်မှုများနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားစွဲဆိုမှုကို လက်ခံရန် နိုင်ငံတကာရာဇဝတ်ရုံး (ICC) ကဖိတ်ကြားထားကြောင်း NUG လူအခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းကပြောသည်။
ယခုလဆန်းက စစ်ကိုင်းမြို့နယ်၊တာတိုင်ကျေးရွာ၌ စစ်ကောင်စီတပ်၏အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအပေါ် NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး၊ သတ်ဖြတ်ခံရသူများ၏ မိသားစုဝင်များ၊ ရုပ်အလောင်းရှာဖွေ ကူညီသူများက မတ်လ (၆) ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာ ဝန်ကြီး ဦးအောင်မျိုးမင်းက စစ်ကောင်စီတပ်အား အရေးယူနိုင်ရေး ကြိုးပမ်းမှုအခြေအနေကို ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
စစ်ကိုင်းမြို့နယ်၊တာတိုင်ကျေးရွာရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးနှင့် အရပ်သားပြည်သူ ၁၆ ဦးကို အကြမ်းဖက်စစ်တပ်က မတ်လ ၁ နှင့် ၂ ရက်နေ့များတွင် ရက်စက်စွာ ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သည်။
အဆိုပါဖြစ်စဥ်အပါအဝင် နိုင်ငံတစ်ဝန်းတွင် အကြမ်းဖက်စစ်ကောင်စီကျူးလွန်နေသော စစ်ရာဇဝတ်မှုများနှင့် ပတ်သက်၍ နိုင်ငံတကာက အရေးယူနိုင်ရန် လူအခွင့်အရေးဆိုင်ရာ ယန္တရားနှင့် တရားမျှတမှု (Justice) အတွက် တရားစွဲဆိုသည့် ယန္တရား စသည့် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်နေကြောင်း ဝန်ကြီးဦးအောင်မျိုးမင်းက ရှင်းပြသည်။
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့၌ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးကျင်းပနေချိန်မှာ စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း ၃၃ မှ တပ်ဖွဲ့ဝင်များက တာတိုင်ကျေးရွာတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကျူးလွန်သည့်အချိန်ဖြစ်ပြီး အဆိုပါဖြစ်စဥ်မှ သက်သေအထောက်အထားများကို လူ့အခွင့်အရေးကောင်စီ ဥက္ကဌနှင့်အဖွဲ့များထံသို့ ပေးပို့တိုင်ကြားထားပြီးဖြစ်ကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနကပြောသည်။
တာတိုင်ကျေးရွာမှ အမျိုးသမီး ၃ ဦးအပ်အဝင် ဒေသခံ ၁၇ ဦးကို စစ်တပ်မှ ရက်စက်စွာ သတ်ဖြတ်ခဲ့သည့်လုပ်ရပ်မှာ အလွန်ဆိုးရွားပြီး မည်သို့မျှ လက်ခံနိုင်ဖွယ်မရှိသည့် နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်မှုဖြစ်သည်ဟု ဝန်ကြီးဦးအောင်မျိုးမင်းကပြောသည်။
ထိုသို့စစ်ကောင်စီတပ်၏ကျူးလွန်မှုသည် စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုများ (War Crimes) ကိုကျူးလွန်သည့် ထင်ရှားသော သက်သေများဖြစ်ပြီး တာတိုင်ကျေးရွာဖြစ်စဥ်မှာ နိုင်ငံတဝန်း အကြမ်းဖက် စစ်တပ်ကျူးလွန်နေသည့် အဖြစ်အပျက်ပေါင်းများစွာထဲမှတခုကိုထုတ်နုတ်ဖော်ပြခြင်းဖြစ်ကြောင်း NUG ဝန်ကြီးဦးအောင်မျိုးမင်းကပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG သည် စစ်ကောင်စီတပ်ကို နိုင်ငံတကာက အရေးယူအပြစ်ပေးနိုင်ရေးအတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၊ ထိုမှတဆင့် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့အထိ ပိုမိုပြင်းထန်သည့် အရေးယူမှုအပိုင်း အမြင့်ဆုံး ဆုံးဖြတ်ချက်များ ထွက်လာအောင် ဆက်လက်ကြိုးပမ်းနေသည်ဟုဆိုသည်။နောက်ထပ်နည်းလမ်းတခုအနေဖြင့် နိုင်ငံတကာခုံရုံးများ၊ တရားရုံးများတွင် ရာဇဝတ်မှုဆိုင်ရာလမ်းကြောင်းအရ တရားစွဲဆိုခြင်းများကိုလည်း လုပ်ဆောင်နေကြောင်းသိရသည်။
နိုင်ငံတကာရာဇဝတ်ရုံး (ICC) က NUG တိုင်ကြားသောအမှုကို လက်ခံရန်ဖိတ်ကြားထားသည်ဆိုခြင်းမှာ NUG က 2002 ခုနှစ်နောက်ပိုင်း နိုင်ငံတစ်ဝန်း၌ မြန်မာစစ်တပ်ကျူးလွန်ခဲ့သော ရာဇဝတ်မှုများနှင့်ပတ်သက်၍ တရားမျှတမှု ဖော်ဆောင်ပေးရေး တောင်းဆိုချက်အတွက် ဖြစ်ကြောင်းသိရသည်။
https://youtu.be/uu8CQqBT4ks
#PolitiecalNews

ယခုလဆန်းက စစ်ကိုင်းမြို့နယ်၊တာတိုင်ကျေးရွာ၌…

👍9👏6🤮1🥴1
Media is too big
VIEW IN TELEGRAM
အိန္ဒိယက ဆန်တင်ပို့မှု ပိတ်ပင်ကန့်သတ်ချက်များ ဆက်ထားဦးမည်ဟု ဆို
Watch more detail - https://youtu.be/V2gRD5tLWdc
#BusinessRoundUp #VideoNews #shorts #reels
Watch more detail - https://youtu.be/V2gRD5tLWdc
#BusinessRoundUp #VideoNews #shorts #reels
👍2🔥1
မြန်မာ့အရေးက စိုးရိမ်ဖွယ်ရာအခြေအနေဖြစ်နေဟု ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးပြော
=======================
ယူကရိန်းနဲ့မြန်မာနိုင်ငံအခြေအနေတွေက စိုးရိမ်ဖွယ်ရာဖြစ်လာတာကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးရရှိရေး အဖြေရှာဖို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ပရတ်ခ်ဆိုခွန်က တောင်းဆိုလိုက်ပါတယ်။
မကြာသေးမီက အွန်လိုင်းမှတဆင့်ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၅၂ ကြိမ်မြောက် အစည်းအဝေးမှာ မိန့်ခွန်းပြောကြားရာမှာ ပရတ်ခ်ဆိုခွန်က ထည့်သွင်းပြောကြားခဲ့တာပါ။
အငြင်းပွားမှုတွေကို အင်အားမသုံးဘဲ ငြိမ်းချမ်းစွာဖြေရှင်းတာ၊ အခြားနိုင်ငံရဲ့ပြည်တွင်းရေး၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေးနဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့အချုပ်အခြာအာဏာကို မစွက်ဖက်ရေးဆိုတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ရဲ့ တောင်းဆိုချက်ကို ကမ္ဘောဒီးယား နိုင်ငံက အပြည့်အဝထောက်ခံကြာင်း သူကဆိုပါတယ်။
မြန်မာ့အရေးက စိုးရိမ်ဖွယ်ရာအခြေအနေဖြစ်ပြီး ပြဿနာအရင်းခံနဲ့ ဖြေရှင်းရတဲ့အကြောင်းရင်းက ရှုပ်ထွေးတယ်ဆိုတာကို ပရတ်ခ်ဆိုခွန်က ဝန်ခံခဲ့ပါတယ်။
၂၀၂၂ ခုနှစ်အာဆီယံအလှည့်ကျ ဥက္ကဌသက်တမ်းအတွင်း မြန်မာပြည်သူတွေရဲ့ ဒုက္ခတွေအဆုံးသတ်ရေး ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး ရရှိဖို့က ကမ္ဘောဒီးယားနိုင်ငံရဲ့ အဓိက ရည်မှန်းချက် ဖြစ်ခဲ့တယ်လို့ သူကဆိုပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆမ်နဲ့ အာဆီယံအထူးကိုယ်စားလှယ် ပရတ်ခ်ဆိုခွန်တို့က ၂၀၂၂ ခုနှစ် အာဆီယံဥက္ကဌ သက်တမ်းအတွင်းမြန်မာနိုင်ငံသို့သွားရောက်ကာ နိုင်ငံရေးကစဥ့်ကလျားအခြေအနေဖြေရှင်းဖို့ကြိုးပမ်းခဲ့ပေမယ့် ထူးခြားသောတိုးတတ်မှုမရရှိခဲ့ပါဘူး။
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့စစ်တပ်က အာဆီယံခေါင်းဆောင်တွေနဲ့ လက်မှတ်ရေးထိုးခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကိုဖော်ဆောင်ရာမှာတိုးတတ်မှုမရှိပါဘူး။
မြန်မာစစ်တပ်အာဏာသိမ်းပြီး ၂ နှစ်အကြာမှာ ပြည်သူ ၃,၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီး ၁၇,၀၀၀ ကျော် ထိန်းသိမ်းခံခဲ့ရကာ ၁ ဒသမ ၅ သန်းနေရပ်စွန့်ခွာခဲ့ရတယ်လို့သိရပါတယ်။
မြန်မာ့အရေးဟာ အာဆီယံအဖွဲ့ရဲ့ အများလက်ခံယုံကြည်နိုင်စွမ်းနဲ့ စည်းလုံးညီညွတ်မှုကို စမ်းသပ်မှုတခုလို့ ပထဝီနိုင်ငံရေး စောင့်ကြည့်လေ့လာသူတွေ ဆန်းစစ်လေ့လာသူတွေက ပြောပါတယ်။
မြန်မာ့အရေးကို ဖြေရှင်းရာမှာ အာဆီယံအဖွဲ့အတွင်း ညီညွန်မှုဟာ အရေးပါတဲ့အကြောင်း အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)အလှည့်ကျ ဥက္ကဌ အင်ဒိုနီးရှားနိုင်ငံဘက်က ပြောကြားထားပါတယ်။
https://youtu.be/mc_JEDqJWjg
#PolitiecalNews
#VideoNews

မကြာသေးမီက အွန်လိုင်းမှတဆင့်ကျင်းပတဲ့…
မကြာသေးမီက အွန်လိုင်းမှတဆင့်ကျင်းပတဲ့…
👍10🤮3😁1
မြန်မာနှင့်အာဖဂန်နစ္စတန်နိုင်ငံရှိ ကလေးငယ်များအတွက် ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော် ကူညီလှူဒါန်းပေးခဲ့ကြောင်း UNICEF ထုတ်ပြန်
================================
ဂျပန်နိုင်ငံသည် မြန်မာနှင့်အာဖဂန်နစ္စတန်နိုင်ငံရှိ ကလေးသူငယ်များ၏ပညာရေး၊ ကျန်းမာရေး နှင့်အာဟာရဖြည့်တင်းရေးအတွက် အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၅ သန်း ကူညီလှူဒါန်းခဲ့ကြောင်း ကုလသမဂ္ဂကလေးငယ်များရန်ပုံငွေအဖွဲ့ UNICEF က သတင်းထုတ်ပြန်လိုက်သည်။
UNICEF အကြီးအကဲတစ်ဦးဖြစ်သူ Karin Hulshof သည် မြန်မာနှင့်အာဖဂန်နစ္စတန်နိုင်ငံတို့ရှိ ကလေးငယ်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော် ကူညီလှူဒါန်းမှုများကို ပြီးခဲ့သောရက်ပိုင်းတွင် ၎င်း၏တွစ်တာမှ တဆင့်ကြေညာခဲ့ခြင်းဖြစ်သည်။
ဂျပန်နိုင်ငံသည် အာဖဂန်နစ္စတန်နှင့် မြန်မာနိုင်ငံတို့ရှိ ထိခိုက်လွယ်သော ကလေးသူငယ်များအတွက် ကူညီထောက်ပံ့ပေးမှုများကိုလည်း ဆက်လုပ်လုပ်ဆောင်ရန် ကတိပြုထားကြောင်း UNICEF ၏ အကြီးအကဲက ဆိုသည်။
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော အကျပ်အတည်းကာလ နှစ်နှစ်ကျော်ကြာချိန်တွင် လူသားချင်းစာနာ ထောက်ထားရေးအကူအညီများရရှိနိုင်ရန် အရေးတကြီးလိုအပ်နေပြီး၊ အကူအညီများလိုအပ်နေကြသော ကလေးငယ်ပေါင်း ၅ သန်းကျော်ရှိနေကြောင်း UNICEF ကဆိုသည်။
UNICEF အနေဖြင့် ပြီးခဲ့သောနှစ်အတွင်းမှာ ဒေသခံမိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး ပဋိပက္ခဖြစ်ပွားရာ ဒေသများ အပါအဝင် မြန်မာနိုင်ငံဒေသအသီးသီးရှိ ကလေးငယ်ပေါင်း 5 သိန်း ၆ သောင်းကျော်ကို အစောပိုင်း သင်ကြားရေး အခွင့်အလမ်းများအပြင် ကျောင်းတွင်းပညာရေးနှင့်ကျောင်းပြင်ပ ပညာရေးကို လက်လှမ်းမီရရှိနိုင်အောင် ပံ့ပိုးပေးခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် ကလေးငယ်ဦးရေ ၇ သိန်းခွဲကို အရည်အသွေးမီ ပညာရေးရရှိအောင် တိုးချဲ့ပံ့ပိုးကူညီပေးရန် ရည်ရွယ်ထားကြောင်း သတင်းထုတ်ပြန်ထားသည်။
UNICEF အနေဖြင့် မြန်မာနိုင်ငံရှိကလေးငယ်များကို ကူညီပံ့ပိုးပေးနိုင်ရန် ရန်ပုံငွေလိုအပ်ချက်များရှိနေသလို လက်လှမ်းမီရောက်ရှိရန် အကန့်အသတ်များရှိနေသည့်ကြားမှပင် ၂၀၂၂ ခုနှစ်အတွင်း ကလေးငယ်နဲ့ မိသားစုဦးရေ ၁ သန်းနီးပါးအတွက် အကူအညီများ ပံ့ပိုးပေးနိုင်ခဲ့ကြောင်းသိရသည်။
https://youtu.be/QSOcrj5Vkuo
#PolitiecalNews
#VideoNews
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
================================
ဂျပန်နိုင်ငံသည် မြန်မာနှင့်အာဖဂန်နစ္စတန်နိုင်ငံရှိ ကလေးသူငယ်များ၏ပညာရေး၊ ကျန်းမာရေး နှင့်အာဟာရဖြည့်တင်းရေးအတွက် အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၅ သန်း ကူညီလှူဒါန်းခဲ့ကြောင်း ကုလသမဂ္ဂကလေးငယ်များရန်ပုံငွေအဖွဲ့ UNICEF က သတင်းထုတ်ပြန်လိုက်သည်။
UNICEF အကြီးအကဲတစ်ဦးဖြစ်သူ Karin Hulshof သည် မြန်မာနှင့်အာဖဂန်နစ္စတန်နိုင်ငံတို့ရှိ ကလေးငယ်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော် ကူညီလှူဒါန်းမှုများကို ပြီးခဲ့သောရက်ပိုင်းတွင် ၎င်း၏တွစ်တာမှ တဆင့်ကြေညာခဲ့ခြင်းဖြစ်သည်။
ဂျပန်နိုင်ငံသည် အာဖဂန်နစ္စတန်နှင့် မြန်မာနိုင်ငံတို့ရှိ ထိခိုက်လွယ်သော ကလေးသူငယ်များအတွက် ကူညီထောက်ပံ့ပေးမှုများကိုလည်း ဆက်လုပ်လုပ်ဆောင်ရန် ကတိပြုထားကြောင်း UNICEF ၏ အကြီးအကဲက ဆိုသည်။
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော အကျပ်အတည်းကာလ နှစ်နှစ်ကျော်ကြာချိန်တွင် လူသားချင်းစာနာ ထောက်ထားရေးအကူအညီများရရှိနိုင်ရန် အရေးတကြီးလိုအပ်နေပြီး၊ အကူအညီများလိုအပ်နေကြသော ကလေးငယ်ပေါင်း ၅ သန်းကျော်ရှိနေကြောင်း UNICEF ကဆိုသည်။
UNICEF အနေဖြင့် ပြီးခဲ့သောနှစ်အတွင်းမှာ ဒေသခံမိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး ပဋိပက္ခဖြစ်ပွားရာ ဒေသများ အပါအဝင် မြန်မာနိုင်ငံဒေသအသီးသီးရှိ ကလေးငယ်ပေါင်း 5 သိန်း ၆ သောင်းကျော်ကို အစောပိုင်း သင်ကြားရေး အခွင့်အလမ်းများအပြင် ကျောင်းတွင်းပညာရေးနှင့်ကျောင်းပြင်ပ ပညာရေးကို လက်လှမ်းမီရရှိနိုင်အောင် ပံ့ပိုးပေးခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် ကလေးငယ်ဦးရေ ၇ သိန်းခွဲကို အရည်အသွေးမီ ပညာရေးရရှိအောင် တိုးချဲ့ပံ့ပိုးကူညီပေးရန် ရည်ရွယ်ထားကြောင်း သတင်းထုတ်ပြန်ထားသည်။
UNICEF အနေဖြင့် မြန်မာနိုင်ငံရှိကလေးငယ်များကို ကူညီပံ့ပိုးပေးနိုင်ရန် ရန်ပုံငွေလိုအပ်ချက်များရှိနေသလို လက်လှမ်းမီရောက်ရှိရန် အကန့်အသတ်များရှိနေသည့်ကြားမှပင် ၂၀၂၂ ခုနှစ်အတွင်း ကလေးငယ်နဲ့ မိသားစုဦးရေ ၁ သန်းနီးပါးအတွက် အကူအညီများ ပံ့ပိုးပေးနိုင်ခဲ့ကြောင်းသိရသည်။
https://youtu.be/QSOcrj5Vkuo
#PolitiecalNews
#VideoNews
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
မြန်မာနှင့်အာဖဂန်နစ္စတန်ကလေးငယ်များအတွက်ဂျပန်ကUSAဒေါ်လာသန်း၃၀ကျော်လှူဒါန်းခဲ့ကြောင်းUNICEFထုတ်ပြန်
ဂျပန်နိုင်ငံသည် မြန်မာနှင့်အာဖဂန်နစ္စတန်နိုင်ငံရှိ ကလေးသူငယ်များ၏ပညာရေး၊ ကျန်းမာရေး နှင့်အာဟာရဖြည့်တင်းရေးအတွက် အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၅ သန်း ကူညီလှူဒါန်းခဲ့ကြောင်း ကုလသမဂ္ဂကလေးငယ်များရန်ပုံငွေအဖွဲ့ UNICEF က သတင်းထုတ်ပြန်လိုက်သည်။
UNICEF အကြီးအကဲတစ်ဦးဖြစ်သူ…
UNICEF အကြီးအကဲတစ်ဦးဖြစ်သူ…
👍14🔥2❤1
ချင်းရွှေဟော်လမ်းပိုင်းမှာ ကုန်တင်ကား ၂ စီး မီးရှို့ခံထားရ
===============
မဇ္ဈိမ
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရာဒေသဖြစ်သည့် ကိုးကန့်ဒေသ ချင်းရွှေဟော်လမ်းပိုင်း၌ ယနေ့မနက် ၉ နာရီဝန်းကျင်က ကုန်ကား နှစ်စီး မီးရှို့ခံထားရသည်ဟု ကားသမားတစ်ဦးထံမှ သိရသည်။
"ဘယ်သူက ရှို့လဲတော့ မသိရဘူး။ အခွန်မဆောင်လို့ ရှို့ခံရတာလို့ တချို့ကားဆရာကပြောတယ်။ အဲကားတွေ ဘာတင်လဲဆိုတာ မသိဘူး။ အနီးကပ် သွားမကြည့်ရဲဘူး။ ကားမီးလောင်တာဘဲ သိတယ်။ အရင်က အဲနားမှာ လက်နက်ကိုင်အစုံရှိတာ။ ဒီမနက်ဖြတ်တဲ့အချိန် ဘယ်သူမှ မတွေ့ဘူးဘဲ။ ကားက တစ်ဝက်လောင်နေပြီ"
လက်နက်ကိုင်တပ်ဖွဲ့အနေဖြင့် ယခုလို ကားမီးရှို့ခြင်းသည် လူမဆန်သည့်လုပ်ရပ်ဖြစ်ပြီး ပြည်သူ၏ဘဝကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေသည်ဟု ၎င်းက ဆိုသည်။
ကိုးကန့်တပ်မတော် (MNDAA)က မီးရှို့ကြောင်း ဒေသခံအချို့က ပြောဆိုကြပေမဲ့ သီးခြားအတည်မပြုနိုင်သေးပေ။
ချင်းရွှေဟော်-မန်တိန်လမ်းပိုင်းအား ၁၂ ဘီးတွဲကားများကိုသာ သွားလာခွင့်ပြုထားပြီး ၎င်းနေရာတွေမှာ လက်နက်ကိုင်တပ်ဖွဲ့များ သွားလာလှုပ်ရှားနေကြသည့်ဒေသဖြစ်သည်။

👍17🔥3🥴1