Media is too big
VIEW IN TELEGRAM
မြန်မာသံရုံးမှ နိုင်ငံကူး လက်မှတ်စာအုပ်ကြေး တိုးမြှင့်ကောက်ခံ၊ ထိုင်းရောက် မြန်မာလုပ်သားများ ပိုမိုခက်ခဲလာ
Watch more detail - https://youtu.be/V2gRD5tLWdc
#BusinessRoundUp #VideoNews #shorts #reels

👍7🤬3❤1😢1
Media is too big
VIEW IN TELEGRAM
မြန်မာ့ကမ်းလွန်သဘာဝဓာတ်ငွေ့တွင်းများ ဖွံ့ဖြိုးတိုးတက်ရေး ရပ်တန့်သဖြင့် ဓာတ်အားထုတ်လုပ်မှု လျော့ကျ
Watch more detail - https://youtu.be/V2gRD5tLWdc
#BusinessRoundUp #VideoNews #shorts #reels
Watch more detail - https://youtu.be/V2gRD5tLWdc
#BusinessRoundUp #VideoNews #shorts #reels
👍10😁3👏2
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် မတ်လ ၇ ရက်ထုတ်လွှင့်မှုများ
====================
https://youtu.be/gq0kqzrAKM0
#PVTV
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

YouTube
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် မတ်လ ၇ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် မတ်လ ၇ ရက်ထုတ်လွှင့်မှုများ
#PVTV
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး…

👍10🔥1😁1
Media is too big
VIEW IN TELEGRAM
နယ်စပ်မူဝါဒအပြောင်းအလဲနှင့် ထိုင်းဘတ်ငွေ ဈေးကျခြင်းတို့ကြောင့် ပြည်တွင်းပြောင်းဈေးနှုန်း ကျဆင်း
Watch more detail - https://youtu.be/V2gRD5tLWdc
#BusinessRoundUp #VideoNews #shorts #reels
Watch more detail - https://youtu.be/V2gRD5tLWdc
#BusinessRoundUp #VideoNews #shorts #reels
🔥2👍1
ကြံခင်းမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်
====================
မင်းထက်
မဇ္စျိမ။ ။ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ မတ်လ ၇ ရက်နေ့ ညပိုင်းအချိန်က စကြဝတေးမင်းကြီး သပိတ်ကောင်မတီအဖွဲ့မှ ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ် ပြုလုပ်ခဲ့ကြသည်။
"မြစ်မင်းဧရာ သက်သေတည် တော်လှန်စစ်ကို အရှိန်မြှင့်မည်"စာသားပါ ဘန်နာ(ဗီနိုင်း)အား စကြဝတေးမင်းကြီး သပိတ်ကော်မတီဝင်များမှ ကိုင်စွဲကာ ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးက ပြောသည်။
စကြဝတေးမင်းကြီး သပိတ်အဖွဲ့သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စတင်၍ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်များ စတင်ပြုလုပ်နေခြင်းဖြစ်ပြီး ယနေ့ ဆန္ဒထုတ်ဖော်မှုသည် သပိတ်အဖွဲ့၏ (၁၃) ကြိမ်မြောက်ဆန္ဒထုတ်ဖော်မှု ဖြစ်သည်။
#ကြံခင်းမြို့
#ဆန္ဒပြ
#ညသပိတ်
#mizzimatv

👍15❤1🔥1😁1
Media is too big
VIEW IN TELEGRAM
ပါကစ္စတန်မှာ စားသုံးသူ အညွှန်းကိန်း CPI၊ နှစ် ၅ဝ နီးပါးအတွင်း အမြင့်ဆုံးနှုန်းသို့ ခုန်တက်လာ
Watch more detail - https://youtu.be/V2gRD5tLWdc
#BusinessRoundUp #VideoNews #shorts #reels
Watch more detail - https://youtu.be/V2gRD5tLWdc
#BusinessRoundUp #VideoNews #shorts #reels
👍3🔥1
အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများနှင့်စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုများအားအရေးယူရန်NUGကြိုးပမ်းနေ
===============================
မြန်မာစစ်တပ်ကျူးလွန်ခဲ့သော ရာဇဝတ်မှုများနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားစွဲဆိုမှုကို လက်ခံရန် နိုင်ငံတကာရာဇဝတ်ရုံး (ICC) ကဖိတ်ကြားထားကြောင်း NUG လူအခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းကပြောသည်။
ယခုလဆန်းက စစ်ကိုင်းမြို့နယ်၊တာတိုင်ကျေးရွာ၌ စစ်ကောင်စီတပ်၏အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအပေါ် NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး၊ သတ်ဖြတ်ခံရသူများ၏ မိသားစုဝင်များ၊ ရုပ်အလောင်းရှာဖွေ ကူညီသူများက မတ်လ (၆) ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာ ဝန်ကြီး ဦးအောင်မျိုးမင်းက စစ်ကောင်စီတပ်အား အရေးယူနိုင်ရေး ကြိုးပမ်းမှုအခြေအနေကို ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
စစ်ကိုင်းမြို့နယ်၊တာတိုင်ကျေးရွာရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးနှင့် အရပ်သားပြည်သူ ၁၆ ဦးကို အကြမ်းဖက်စစ်တပ်က မတ်လ ၁ နှင့် ၂ ရက်နေ့များတွင် ရက်စက်စွာ ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သည်။
အဆိုပါဖြစ်စဥ်အပါအဝင် နိုင်ငံတစ်ဝန်းတွင် အကြမ်းဖက်စစ်ကောင်စီကျူးလွန်နေသော စစ်ရာဇဝတ်မှုများနှင့် ပတ်သက်၍ နိုင်ငံတကာက အရေးယူနိုင်ရန် လူအခွင့်အရေးဆိုင်ရာ ယန္တရားနှင့် တရားမျှတမှု (Justice) အတွက် တရားစွဲဆိုသည့် ယန္တရား စသည့် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်နေကြောင်း ဝန်ကြီးဦးအောင်မျိုးမင်းက ရှင်းပြသည်။
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့၌ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးကျင်းပနေချိန်မှာ စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း ၃၃ မှ တပ်ဖွဲ့ဝင်များက တာတိုင်ကျေးရွာတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကျူးလွန်သည့်အချိန်ဖြစ်ပြီး အဆိုပါဖြစ်စဥ်မှ သက်သေအထောက်အထားများကို လူ့အခွင့်အရေးကောင်စီ ဥက္ကဌနှင့်အဖွဲ့များထံသို့ ပေးပို့တိုင်ကြားထားပြီးဖြစ်ကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနကပြောသည်။
တာတိုင်ကျေးရွာမှ အမျိုးသမီး ၃ ဦးအပ်အဝင် ဒေသခံ ၁၇ ဦးကို စစ်တပ်မှ ရက်စက်စွာ သတ်ဖြတ်ခဲ့သည့်လုပ်ရပ်မှာ အလွန်ဆိုးရွားပြီး မည်သို့မျှ လက်ခံနိုင်ဖွယ်မရှိသည့် နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်မှုဖြစ်သည်ဟု ဝန်ကြီးဦးအောင်မျိုးမင်းကပြောသည်။
ထိုသို့စစ်ကောင်စီတပ်၏ကျူးလွန်မှုသည် စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုများ (War Crimes) ကိုကျူးလွန်သည့် ထင်ရှားသော သက်သေများဖြစ်ပြီး တာတိုင်ကျေးရွာဖြစ်စဥ်မှာ နိုင်ငံတဝန်း အကြမ်းဖက် စစ်တပ်ကျူးလွန်နေသည့် အဖြစ်အပျက်ပေါင်းများစွာထဲမှတခုကိုထုတ်နုတ်ဖော်ပြခြင်းဖြစ်ကြောင်း NUG ဝန်ကြီးဦးအောင်မျိုးမင်းကပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG သည် စစ်ကောင်စီတပ်ကို နိုင်ငံတကာက အရေးယူအပြစ်ပေးနိုင်ရေးအတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၊ ထိုမှတဆင့် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့အထိ ပိုမိုပြင်းထန်သည့် အရေးယူမှုအပိုင်း အမြင့်ဆုံး ဆုံးဖြတ်ချက်များ ထွက်လာအောင် ဆက်လက်ကြိုးပမ်းနေသည်ဟုဆိုသည်။နောက်ထပ်နည်းလမ်းတခုအနေဖြင့် နိုင်ငံတကာခုံရုံးများ၊ တရားရုံးများတွင် ရာဇဝတ်မှုဆိုင်ရာလမ်းကြောင်းအရ တရားစွဲဆိုခြင်းများကိုလည်း လုပ်ဆောင်နေကြောင်းသိရသည်။
နိုင်ငံတကာရာဇဝတ်ရုံး (ICC) က NUG တိုင်ကြားသောအမှုကို လက်ခံရန်ဖိတ်ကြားထားသည်ဆိုခြင်းမှာ NUG က 2002 ခုနှစ်နောက်ပိုင်း နိုင်ငံတစ်ဝန်း၌ မြန်မာစစ်တပ်ကျူးလွန်ခဲ့သော ရာဇဝတ်မှုများနှင့်ပတ်သက်၍ တရားမျှတမှု ဖော်ဆောင်ပေးရေး တောင်းဆိုချက်အတွက် ဖြစ်ကြောင်းသိရသည်။
https://youtu.be/uu8CQqBT4ks
#PolitiecalNews
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

ယခုလဆန်းက စစ်ကိုင်းမြို့နယ်၊တာတိုင်ကျေးရွာ၌…

👍9👏6🤮1🥴1
Media is too big
VIEW IN TELEGRAM
အိန္ဒိယက ဆန်တင်ပို့မှု ပိတ်ပင်ကန့်သတ်ချက်များ ဆက်ထားဦးမည်ဟု ဆို
Watch more detail - https://youtu.be/V2gRD5tLWdc
#BusinessRoundUp #VideoNews #shorts #reels
Watch more detail - https://youtu.be/V2gRD5tLWdc
#BusinessRoundUp #VideoNews #shorts #reels
👍2🔥1
မြန်မာ့အရေးက စိုးရိမ်ဖွယ်ရာအခြေအနေဖြစ်နေဟု ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးပြော
=======================
ယူကရိန်းနဲ့မြန်မာနိုင်ငံအခြေအနေတွေက စိုးရိမ်ဖွယ်ရာဖြစ်လာတာကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးရရှိရေး အဖြေရှာဖို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ပရတ်ခ်ဆိုခွန်က တောင်းဆိုလိုက်ပါတယ်။
မကြာသေးမီက အွန်လိုင်းမှတဆင့်ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၅၂ ကြိမ်မြောက် အစည်းအဝေးမှာ မိန့်ခွန်းပြောကြားရာမှာ ပရတ်ခ်ဆိုခွန်က ထည့်သွင်းပြောကြားခဲ့တာပါ။
အငြင်းပွားမှုတွေကို အင်အားမသုံးဘဲ ငြိမ်းချမ်းစွာဖြေရှင်းတာ၊ အခြားနိုင်ငံရဲ့ပြည်တွင်းရေး၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေးနဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့အချုပ်အခြာအာဏာကို မစွက်ဖက်ရေးဆိုတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ရဲ့ တောင်းဆိုချက်ကို ကမ္ဘောဒီးယား နိုင်ငံက အပြည့်အဝထောက်ခံကြာင်း သူကဆိုပါတယ်။
မြန်မာ့အရေးက စိုးရိမ်ဖွယ်ရာအခြေအနေဖြစ်ပြီး ပြဿနာအရင်းခံနဲ့ ဖြေရှင်းရတဲ့အကြောင်းရင်းက ရှုပ်ထွေးတယ်ဆိုတာကို ပရတ်ခ်ဆိုခွန်က ဝန်ခံခဲ့ပါတယ်။
၂၀၂၂ ခုနှစ်အာဆီယံအလှည့်ကျ ဥက္ကဌသက်တမ်းအတွင်း မြန်မာပြည်သူတွေရဲ့ ဒုက္ခတွေအဆုံးသတ်ရေး ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး ရရှိဖို့က ကမ္ဘောဒီးယားနိုင်ငံရဲ့ အဓိက ရည်မှန်းချက် ဖြစ်ခဲ့တယ်လို့ သူကဆိုပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆမ်နဲ့ အာဆီယံအထူးကိုယ်စားလှယ် ပရတ်ခ်ဆိုခွန်တို့က ၂၀၂၂ ခုနှစ် အာဆီယံဥက္ကဌ သက်တမ်းအတွင်းမြန်မာနိုင်ငံသို့သွားရောက်ကာ နိုင်ငံရေးကစဥ့်ကလျားအခြေအနေဖြေရှင်းဖို့ကြိုးပမ်းခဲ့ပေမယ့် ထူးခြားသောတိုးတတ်မှုမရရှိခဲ့ပါဘူး။
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့စစ်တပ်က အာဆီယံခေါင်းဆောင်တွေနဲ့ လက်မှတ်ရေးထိုးခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကိုဖော်ဆောင်ရာမှာတိုးတတ်မှုမရှိပါဘူး။
မြန်မာစစ်တပ်အာဏာသိမ်းပြီး ၂ နှစ်အကြာမှာ ပြည်သူ ၃,၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီး ၁၇,၀၀၀ ကျော် ထိန်းသိမ်းခံခဲ့ရကာ ၁ ဒသမ ၅ သန်းနေရပ်စွန့်ခွာခဲ့ရတယ်လို့သိရပါတယ်။
မြန်မာ့အရေးဟာ အာဆီယံအဖွဲ့ရဲ့ အများလက်ခံယုံကြည်နိုင်စွမ်းနဲ့ စည်းလုံးညီညွတ်မှုကို စမ်းသပ်မှုတခုလို့ ပထဝီနိုင်ငံရေး စောင့်ကြည့်လေ့လာသူတွေ ဆန်းစစ်လေ့လာသူတွေက ပြောပါတယ်။
မြန်မာ့အရေးကို ဖြေရှင်းရာမှာ အာဆီယံအဖွဲ့အတွင်း ညီညွန်မှုဟာ အရေးပါတဲ့အကြောင်း အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)အလှည့်ကျ ဥက္ကဌ အင်ဒိုနီးရှားနိုင်ငံဘက်က ပြောကြားထားပါတယ်။
https://youtu.be/mc_JEDqJWjg
#PolitiecalNews
#VideoNews

မကြာသေးမီက အွန်လိုင်းမှတဆင့်ကျင်းပတဲ့…
မကြာသေးမီက အွန်လိုင်းမှတဆင့်ကျင်းပတဲ့…
👍10🤮3😁1
မြန်မာနှင့်အာဖဂန်နစ္စတန်နိုင်ငံရှိ ကလေးငယ်များအတွက် ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော် ကူညီလှူဒါန်းပေးခဲ့ကြောင်း UNICEF ထုတ်ပြန်
================================
ဂျပန်နိုင်ငံသည် မြန်မာနှင့်အာဖဂန်နစ္စတန်နိုင်ငံရှိ ကလေးသူငယ်များ၏ပညာရေး၊ ကျန်းမာရေး နှင့်အာဟာရဖြည့်တင်းရေးအတွက် အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၅ သန်း ကူညီလှူဒါန်းခဲ့ကြောင်း ကုလသမဂ္ဂကလေးငယ်များရန်ပုံငွေအဖွဲ့ UNICEF က သတင်းထုတ်ပြန်လိုက်သည်။
UNICEF အကြီးအကဲတစ်ဦးဖြစ်သူ Karin Hulshof သည် မြန်မာနှင့်အာဖဂန်နစ္စတန်နိုင်ငံတို့ရှိ ကလေးငယ်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော် ကူညီလှူဒါန်းမှုများကို ပြီးခဲ့သောရက်ပိုင်းတွင် ၎င်း၏တွစ်တာမှ တဆင့်ကြေညာခဲ့ခြင်းဖြစ်သည်။
ဂျပန်နိုင်ငံသည် အာဖဂန်နစ္စတန်နှင့် မြန်မာနိုင်ငံတို့ရှိ ထိခိုက်လွယ်သော ကလေးသူငယ်များအတွက် ကူညီထောက်ပံ့ပေးမှုများကိုလည်း ဆက်လုပ်လုပ်ဆောင်ရန် ကတိပြုထားကြောင်း UNICEF ၏ အကြီးအကဲက ဆိုသည်။
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော အကျပ်အတည်းကာလ နှစ်နှစ်ကျော်ကြာချိန်တွင် လူသားချင်းစာနာ ထောက်ထားရေးအကူအညီများရရှိနိုင်ရန် အရေးတကြီးလိုအပ်နေပြီး၊ အကူအညီများလိုအပ်နေကြသော ကလေးငယ်ပေါင်း ၅ သန်းကျော်ရှိနေကြောင်း UNICEF ကဆိုသည်။
UNICEF အနေဖြင့် ပြီးခဲ့သောနှစ်အတွင်းမှာ ဒေသခံမိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး ပဋိပက္ခဖြစ်ပွားရာ ဒေသများ အပါအဝင် မြန်မာနိုင်ငံဒေသအသီးသီးရှိ ကလေးငယ်ပေါင်း 5 သိန်း ၆ သောင်းကျော်ကို အစောပိုင်း သင်ကြားရေး အခွင့်အလမ်းများအပြင် ကျောင်းတွင်းပညာရေးနှင့်ကျောင်းပြင်ပ ပညာရေးကို လက်လှမ်းမီရရှိနိုင်အောင် ပံ့ပိုးပေးခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် ကလေးငယ်ဦးရေ ၇ သိန်းခွဲကို အရည်အသွေးမီ ပညာရေးရရှိအောင် တိုးချဲ့ပံ့ပိုးကူညီပေးရန် ရည်ရွယ်ထားကြောင်း သတင်းထုတ်ပြန်ထားသည်။
UNICEF အနေဖြင့် မြန်မာနိုင်ငံရှိကလေးငယ်များကို ကူညီပံ့ပိုးပေးနိုင်ရန် ရန်ပုံငွေလိုအပ်ချက်များရှိနေသလို လက်လှမ်းမီရောက်ရှိရန် အကန့်အသတ်များရှိနေသည့်ကြားမှပင် ၂၀၂၂ ခုနှစ်အတွင်း ကလေးငယ်နဲ့ မိသားစုဦးရေ ၁ သန်းနီးပါးအတွက် အကူအညီများ ပံ့ပိုးပေးနိုင်ခဲ့ကြောင်းသိရသည်။
https://youtu.be/QSOcrj5Vkuo
#PolitiecalNews
#VideoNews
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
================================
ဂျပန်နိုင်ငံသည် မြန်မာနှင့်အာဖဂန်နစ္စတန်နိုင်ငံရှိ ကလေးသူငယ်များ၏ပညာရေး၊ ကျန်းမာရေး နှင့်အာဟာရဖြည့်တင်းရေးအတွက် အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၅ သန်း ကူညီလှူဒါန်းခဲ့ကြောင်း ကုလသမဂ္ဂကလေးငယ်များရန်ပုံငွေအဖွဲ့ UNICEF က သတင်းထုတ်ပြန်လိုက်သည်။
UNICEF အကြီးအကဲတစ်ဦးဖြစ်သူ Karin Hulshof သည် မြန်မာနှင့်အာဖဂန်နစ္စတန်နိုင်ငံတို့ရှိ ကလေးငယ်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော် ကူညီလှူဒါန်းမှုများကို ပြီးခဲ့သောရက်ပိုင်းတွင် ၎င်း၏တွစ်တာမှ တဆင့်ကြေညာခဲ့ခြင်းဖြစ်သည်။
ဂျပန်နိုင်ငံသည် အာဖဂန်နစ္စတန်နှင့် မြန်မာနိုင်ငံတို့ရှိ ထိခိုက်လွယ်သော ကလေးသူငယ်များအတွက် ကူညီထောက်ပံ့ပေးမှုများကိုလည်း ဆက်လုပ်လုပ်ဆောင်ရန် ကတိပြုထားကြောင်း UNICEF ၏ အကြီးအကဲက ဆိုသည်။
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော အကျပ်အတည်းကာလ နှစ်နှစ်ကျော်ကြာချိန်တွင် လူသားချင်းစာနာ ထောက်ထားရေးအကူအညီများရရှိနိုင်ရန် အရေးတကြီးလိုအပ်နေပြီး၊ အကူအညီများလိုအပ်နေကြသော ကလေးငယ်ပေါင်း ၅ သန်းကျော်ရှိနေကြောင်း UNICEF ကဆိုသည်။
UNICEF အနေဖြင့် ပြီးခဲ့သောနှစ်အတွင်းမှာ ဒေသခံမိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး ပဋိပက္ခဖြစ်ပွားရာ ဒေသများ အပါအဝင် မြန်မာနိုင်ငံဒေသအသီးသီးရှိ ကလေးငယ်ပေါင်း 5 သိန်း ၆ သောင်းကျော်ကို အစောပိုင်း သင်ကြားရေး အခွင့်အလမ်းများအပြင် ကျောင်းတွင်းပညာရေးနှင့်ကျောင်းပြင်ပ ပညာရေးကို လက်လှမ်းမီရရှိနိုင်အောင် ပံ့ပိုးပေးခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် ကလေးငယ်ဦးရေ ၇ သိန်းခွဲကို အရည်အသွေးမီ ပညာရေးရရှိအောင် တိုးချဲ့ပံ့ပိုးကူညီပေးရန် ရည်ရွယ်ထားကြောင်း သတင်းထုတ်ပြန်ထားသည်။
UNICEF အနေဖြင့် မြန်မာနိုင်ငံရှိကလေးငယ်များကို ကူညီပံ့ပိုးပေးနိုင်ရန် ရန်ပုံငွေလိုအပ်ချက်များရှိနေသလို လက်လှမ်းမီရောက်ရှိရန် အကန့်အသတ်များရှိနေသည့်ကြားမှပင် ၂၀၂၂ ခုနှစ်အတွင်း ကလေးငယ်နဲ့ မိသားစုဦးရေ ၁ သန်းနီးပါးအတွက် အကူအညီများ ပံ့ပိုးပေးနိုင်ခဲ့ကြောင်းသိရသည်။
https://youtu.be/QSOcrj5Vkuo
#PolitiecalNews
#VideoNews
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
မြန်မာနှင့်အာဖဂန်နစ္စတန်ကလေးငယ်များအတွက်ဂျပန်ကUSAဒေါ်လာသန်း၃၀ကျော်လှူဒါန်းခဲ့ကြောင်းUNICEFထုတ်ပြန်
ဂျပန်နိုင်ငံသည် မြန်မာနှင့်အာဖဂန်နစ္စတန်နိုင်ငံရှိ ကလေးသူငယ်များ၏ပညာရေး၊ ကျန်းမာရေး နှင့်အာဟာရဖြည့်တင်းရေးအတွက် အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၅ သန်း ကူညီလှူဒါန်းခဲ့ကြောင်း ကုလသမဂ္ဂကလေးငယ်များရန်ပုံငွေအဖွဲ့ UNICEF က သတင်းထုတ်ပြန်လိုက်သည်။
UNICEF အကြီးအကဲတစ်ဦးဖြစ်သူ…
UNICEF အကြီးအကဲတစ်ဦးဖြစ်သူ…
👍14🔥2❤1
ချင်းရွှေဟော်လမ်းပိုင်းမှာ ကုန်တင်ကား ၂ စီး မီးရှို့ခံထားရ
===============
မဇ္ဈိမ
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရာဒေသဖြစ်သည့် ကိုးကန့်ဒေသ ချင်းရွှေဟော်လမ်းပိုင်း၌ ယနေ့မနက် ၉ နာရီဝန်းကျင်က ကုန်ကား နှစ်စီး မီးရှို့ခံထားရသည်ဟု ကားသမားတစ်ဦးထံမှ သိရသည်။
"ဘယ်သူက ရှို့လဲတော့ မသိရဘူး။ အခွန်မဆောင်လို့ ရှို့ခံရတာလို့ တချို့ကားဆရာကပြောတယ်။ အဲကားတွေ ဘာတင်လဲဆိုတာ မသိဘူး။ အနီးကပ် သွားမကြည့်ရဲဘူး။ ကားမီးလောင်တာဘဲ သိတယ်။ အရင်က အဲနားမှာ လက်နက်ကိုင်အစုံရှိတာ။ ဒီမနက်ဖြတ်တဲ့အချိန် ဘယ်သူမှ မတွေ့ဘူးဘဲ။ ကားက တစ်ဝက်လောင်နေပြီ"
လက်နက်ကိုင်တပ်ဖွဲ့အနေဖြင့် ယခုလို ကားမီးရှို့ခြင်းသည် လူမဆန်သည့်လုပ်ရပ်ဖြစ်ပြီး ပြည်သူ၏ဘဝကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေသည်ဟု ၎င်းက ဆိုသည်။
ကိုးကန့်တပ်မတော် (MNDAA)က မီးရှို့ကြောင်း ဒေသခံအချို့က ပြောဆိုကြပေမဲ့ သီးခြားအတည်မပြုနိုင်သေးပေ။
ချင်းရွှေဟော်-မန်တိန်လမ်းပိုင်းအား ၁၂ ဘီးတွဲကားများကိုသာ သွားလာခွင့်ပြုထားပြီး ၎င်းနေရာတွေမှာ လက်နက်ကိုင်တပ်ဖွဲ့များ သွားလာလှုပ်ရှားနေကြသည့်ဒေသဖြစ်သည်။

👍17🔥3🥴1
ရန်ကုန် အနုပညာတက္ကသိုလ်မှ ကျောင်းသင်္ကြန် ဝေဖန်သူများကို ဟန်ငြိမ်းဦးတယ်လီဂရမ်သို့ ပေးပို့တိုင်ကြားမှုပြုလုပ်
====================
ကီရာ
ရန်ကုန်တိုင်း အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်တွင် ပြုလုပ်သော ကျောင်းသင်္ကြန်နှင့်ပတ်သက်၍ ဝေဖန်မှုပြုလုပ်သူများကို လက်ရှိတွင် ကျောင်းတက်ရောက်နေကြသည့် Non CDM ကျောင်းသားကျောင်းသူများမှ ဟန်ငြိမ်းဦးတယ်လီဂရမ်သို့ ပေးပို့တိုင်ကြားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းသင်္ကြန်နှင့်ပတ်သက်၍ ဝေဖန်မှုပြုလုပ်ခဲ့သူတစ်ဦးကိုလည်း ဟန်ငြိမ်းဦးတယ်လီဂရမ်တွင် ၎င်း၏ဖေ့ဘွတ်စ်အကောင့်နှင့် ဓာတ်ပုံများ ဖော်ပြထားပြီး NUG PDF အကြမ်းဖက်အားပေးသူမို့ လိပ်စာပေးပို့ရန် ရေးသားထားသည်ကိုလည်း တွေ့ရသည်။
ယခုလို ဟန်ငြိမ်းဦး တယ်လီဂရမ်သို့ CDM ကျောင်းသားများ၏ အချက်အလက်များမရောက်ရှိသေးချိန်တွင် ရန်ကုန် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်တွင် သဘင်နောက်ဆုံးနှစ်တက်ရောက်နေသူတစ်ဦးဖြစ်သည့် ယဉ်မင်းဖြူမှလဲ ၎င်း၏ ပိုစ့်များတွင် မှတ်ချက်များရေးသားမည့်အစား အိမ်လိပ်စာများ ရေးသားရန်နှင့် ဘောမရတဲ့ပွဲရောက်ရင် ငါတို့နဲ့ မဆုံစေနဲ့ သဘင်က CDM လုပ်တဲ့သူတွေ ကိုယ့်အကြောင်းကိုယ်သိ ဆိုသည့်စာသားများနှင့် ကျောင်းတက်ရောက်သူနည်းသည့်အတွက် ကျောင်းပိုမို သန့်သွားသည့်ဆိုသည့် စာသားများကိုလည်း ၎င်း၏လူမှုကွန်ရက် Yin Min Phyu ဖေ့ဘွတ်စ်အကောင့် တွင် မှတ်ချက်ရေးသားမှုများကိုလည်း ပြုလုပ်ခဲ့ပြီး တခြား NOn CDM ကျောင်းသားများသည်လည်း CDM များကို လှောင်ပြောင်သည့် စာသားရေးကို ပြန်လည် မှတ်ချက်ပြုရေးသားထားသည်ကိုလည်း တွေ့ရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ CDM ပြုလုပ်ထားသူကျောင်းသူတစ်ဦးက" ငါတို့က မိဘကိုမလွန်ဆန်နိုင်လို့ ကျောင်းတက်နေတယ်ဆိုလဲ တက်လိုက်ပါ ရတယ်။ ဒါပေမယ့် နည်းနည်းလေး အရှက်ရှိစေချင်တယ်။ ငါတို့မှန်တယ်ဆိုတဲ့ ပုံစံနဲ့တော့ မနေပြပါနဲ့။ ညီမသာ သူတို့လို မိဘကြောင့် ကျောင်းတက်နေရတယ်ဆိုရင် သူတို့လို ထောင်မနေဘူး ။ ခေါင်းငုံပြီးပဲ နေရမယ့်ကိစ္စလေ။ လူအများ က မှားပါတယ်လို့ ထောက်ပြနေတဲ့ကိစ္စကို သူတို့က ငါတို့မှန်တယ်ဆိုပြီး ဇွတ်နေနေကြတာ။ အဲ့ဒါတွေကို ဆွဲလဲမခေါ်ချင်ဘူး ဘယ်သောအခါမှလည်း ကိုယ်နဲ့ပြန်ပြီး တတန်းထဲ တန်းမညှိနိုင်တော့ဘူး " ဟု ၎င်း၏အမြင်ကို ပြောသည်။
လက်ရှိတွင် အကြမ်းမဖက် အာဏာဖီဆန်မှု CDM ပြုလုပ်နေဆဲ ကျောင်းသားကျောင်းသူများသည် Non CDM ကျောင်းသားကျောင်းသူများ၏ လှောင်ပြောင်မှုများ ၊ ဆဲဆိုမှုများအပြင် စစ်ကောင်စီ၏ သတင်းပေးတစ်ဦးဖြစ်သူဟန်ငြိမ်းဦးထံသို့ ပေးပို့တိုင်ကြားမှုနှင့် ခြိမ်းခြောက်မှုများကိုလည်း အများစုမှာ ရင်ဆိုင်တွေ့ကြုံနေရသည်ဟု သိရသည်။

🤬29👍12❤1👏1😁1
အမေရိကန် ထရိုင်တက္ကသိုလ်က ဖက်ဒရယ်ရန်ပုံငွေရရှိရေးအတွက် ကွန်ဖြူးရှပ်စင်တာကို ပိတ်သိမ်း
=====================
အမေရိကန်နိုင်ငံ၊ အလာဘားမားပြည်နယ်၊ ထရိုင်မြို့ရှိ ထရိုင်တက္ကသိုလ်ကျောင်းအုပ်ချုပ်ရေးအဖွဲ့သည် တရုတ်က ရန်ပုံငွေ ထောက်ပံ့ထားသည့် အငြင်းပွားဖွယ် ကွန်ဖြူးရှပ်စင်တာကို မဲခွဲဆုံးဖြတ်ပြီး တစ်လအကြာ မတ်လ ၁ ရက်တွင် ပိတ်လိုက်သည်။

👍5🔥2🤣1
အမေရိကန်၏ ကုန်သွယ်ရေးအမည်ပျက်စာရင်းသစ်တွင် တရုတ်ကုမ္ပဏီများ ပါဝင်
===================
အမေရိကန်သမ္မတဂျိုးဘိုင်ဒင်၏ အစိုးရသည် မတ်လ ၂ ရက်က ကုမ္ပဏီ ၃၇ ခုကို ကုန်သွယ်မှုအမည်ပျက်စာရင်း တွင် ထည့်သွင်းခဲ့ပြီး ၎င်းတို့တွင် ထိုင်ဝမ်ကုမ္ပဏီ ၃ ခု၊ တရုတ်မျိုးရိုးဗီဇဆိုင်ရာ ကုမ္ပဏီ (BGI)နှင့် တရုတ် ကွန်ပျူတာကုမ္ပဏီ Inspur တို့၏ ဌာနခွဲများ ပါဝင်သည်။

👍16🔥1🤣1
ဟောင်ကောင်ရဲတပ်ဖွဲ့၏ သတိပေးမှုကြောင့် အမျိုးသမီးအခွင့်အရေး ဆန္ဒပြပွဲ ဖျက်သိမ်းခဲ့ရ
===================
ဟောင်ကောင်ရဲတပ်ဖွဲ့က ဆန္ဒပြပွဲတွင် အကြမ်းဖက်အဖွဲ့များ ပူးပေါင်းပါဝင်လာနိုင်သည်ဟု သတိပေးလာပြီးနောက် အမျိုးသမီးအခွင့်အရေးအဖွဲ့သည် မတ်လ ၄ ရက်၌ပြုလုပ်မည့် ဆန္ဒပြပွဲကို အချိန်နီးမှ ဖျက်သိမ်းလိုက်ရသည်။

👍9🔥2
မြန်မာ့အရေးအတွက် မူ ၅ ချက်နဲ့ အလုပ်ရှုပ်နေတဲ့ အာဆီယံရဲ့အလားအလာ (ဆောင်းပါး)
======================
အာဆီယံအနေနဲ့ မြန်မာ့အရေးကြားဝင်ဖြေရှင်းပေးဖို့ တာဝန်ယူထားခဲ့တာ ၃ နှစ်တာကာလအတွင်းရောက်လာခဲ့ ပြီဖြစ်ပါတယ်။ လက်ရှိအချိန်ထိတော့ အာဆီယံကချမှတ်ထားတဲ့ မူ ၅ ချက်ဟာ ဘာတစ်ခုမှ အလုပ်မဖြစ်သေး တာတွေ့ရပါတယ်။ အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင်တွေကို အာဆီယံ ထိပ်သီးအစည်းအဝေးတွေကနေ ဖယ်ကြဉ်ထားနိုင်တာကလွဲပြီး မူ ၅ ချက်က ဘာမှအလုပ်မဖြစ်သေးဘူးလို့ဆိုရပါမယ်။ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် မှာ စစ်တပ်ကအာဏာသိမ်းပြီး ၂ လကျော်အကြာ ဧပြီ ၂၄ ရက်မှာ အာဆီယံက မြန်မာ့အရေး အရေးပေါ်အစည်း အဝေးခေါ်ပြီး ဘုံသဘောတူညီချက် ၅ ချက်ကိုချမှတ်ထားခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပြီး သက်ဆိုင်သူအားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့၊ ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ငြိမ်းချမ်းတဲ့အဖြေတစ်ခုရအောင် သက်ဆိုင်သူအားလုံး အပြုသဘောဆွေးနွေးကြဖို့၊ အာဆီယံအတွင်းရေးမှူးချုပ် ရဲ့ အကူအညီနဲ့ ဆွေးနွေးရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်နိုင်အောင် အာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ် တစ်ယောက်က ကြားဝင်ညှိနှိုင်းပေးဖို့၊ အာဆီယံရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးဌာနကတစ်ဆင့် မြန်မာ နိုင်ငံကိုအကူအညီတွေပေးဖို့၊ သက်ဆိုင်သူအားလုံးနဲ့တွေ့ဆုံဖို့ အာဆီယံအထူးကိုယ်စားလှယ်နဲ့အဖွဲ့ မြန်မာနိုင်ငံကို စေလွှတ်ဖို့ဆိုတဲ့အချက် ၅ ချက်ကို ချမှတ်ခဲ့တာဖြစ်ပါတယ်။
https://youtu.be/mFgJ04DQoxI
#Newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
======================
အာဆီယံအနေနဲ့ မြန်မာ့အရေးကြားဝင်ဖြေရှင်းပေးဖို့ တာဝန်ယူထားခဲ့တာ ၃ နှစ်တာကာလအတွင်းရောက်လာခဲ့ ပြီဖြစ်ပါတယ်။ လက်ရှိအချိန်ထိတော့ အာဆီယံကချမှတ်ထားတဲ့ မူ ၅ ချက်ဟာ ဘာတစ်ခုမှ အလုပ်မဖြစ်သေး တာတွေ့ရပါတယ်။ အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင်တွေကို အာဆီယံ ထိပ်သီးအစည်းအဝေးတွေကနေ ဖယ်ကြဉ်ထားနိုင်တာကလွဲပြီး မူ ၅ ချက်က ဘာမှအလုပ်မဖြစ်သေးဘူးလို့ဆိုရပါမယ်။ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် မှာ စစ်တပ်ကအာဏာသိမ်းပြီး ၂ လကျော်အကြာ ဧပြီ ၂၄ ရက်မှာ အာဆီယံက မြန်မာ့အရေး အရေးပေါ်အစည်း အဝေးခေါ်ပြီး ဘုံသဘောတူညီချက် ၅ ချက်ကိုချမှတ်ထားခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပြီး သက်ဆိုင်သူအားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့၊ ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ငြိမ်းချမ်းတဲ့အဖြေတစ်ခုရအောင် သက်ဆိုင်သူအားလုံး အပြုသဘောဆွေးနွေးကြဖို့၊ အာဆီယံအတွင်းရေးမှူးချုပ် ရဲ့ အကူအညီနဲ့ ဆွေးနွေးရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်နိုင်အောင် အာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ် တစ်ယောက်က ကြားဝင်ညှိနှိုင်းပေးဖို့၊ အာဆီယံရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးဌာနကတစ်ဆင့် မြန်မာ နိုင်ငံကိုအကူအညီတွေပေးဖို့၊ သက်ဆိုင်သူအားလုံးနဲ့တွေ့ဆုံဖို့ အာဆီယံအထူးကိုယ်စားလှယ်နဲ့အဖွဲ့ မြန်မာနိုင်ငံကို စေလွှတ်ဖို့ဆိုတဲ့အချက် ၅ ချက်ကို ချမှတ်ခဲ့တာဖြစ်ပါတယ်။
https://youtu.be/mFgJ04DQoxI
#Newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
မြန်မာ့အရေးအတွက် မူ ၅ ချက်နဲ့ အလုပ်ရှုပ်နေတဲ့ အာဆီယံရဲ့အလားအလာ (ဆောင်းပါး)
အာဆီယံအနေနဲ့ မြန်မာ့အရေးကြားဝင်ဖြေရှင်းပေးဖို့ တာဝန်ယူထားခဲ့တာ ၃ နှစ်တာကာလအတွင်းရောက်လာခဲ့ ပြီဖြစ်ပါတယ်။ လက်ရှိအချိန်ထိတော့ အာဆီယံကချမှတ်ထားတဲ့ မူ ၅ ချက်ဟာ ဘာတစ်ခုမှ အလုပ်မဖြစ်သေး တာတွေ့ရပါတယ်။ အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင်တွေကို အာဆီယံ ထိပ်သီးအစည်းအဝေးတွေကနေ…
👍3🥴2😁1
Media is too big
VIEW IN TELEGRAM
The Cooking Guy Ep_29 Seg_1 | ဝက်သားလုံးချဉ်စပ်ဟင်းရည်နှင့် အာလူးထောင်း
Watch more detail - https://youtu.be/jAeKBnq-xhg
#thecookingguy #mizzimatv #reels #shorts #cooking

👍3🤮1