Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မတ်လ ၈ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=========================

-ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်ကြောင့် အမျိုးသမီး ၁၅ ဦးသေဆုံးပြီး ဖမ်းဆီးခံရသူ ၃၅ဦးရှိတဲ့ သတင်း

- မန္တလေးအိုးဘိုထောင်ရှိ နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးများ အဆိုးဝါးဆုံး အခြေအနေနှင့် ရင်ဆိုင်နေရတဲ့သတင်း

- စစ်ကောင်စီက ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲစတင်ဖြေဆိုတဲ့သတင်း

- စစ်အာဏာသိမ်းမှုအောက် မြန်မာအမျိုးသမီးတွေ ဖိနှိပ်မှုမျိုးစုံကြုံနေရပြီး အွန်လိုင်းခြိမ်းခြောက်တိုက်ခိုက်ခံရမှု ကြီးမားလာတဲ့သတင်း အပါအဝင် တခြားအရေးကြီး သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/Oq9hhekxk0g

#2pmnews
#Mizzimanewshour
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9❤3
Media is too big
VIEW IN TELEGRAM
"အချစ်ပုံပြင်" LOVE STORY | Ep_18 seg_2

Watch more detail - https://youtu.be/ZzOz3GoqKko

#myanmardramaseries #lovestory #BLSeries #reels
🍌1
Business Round Up (08 March 2023)
==================

- စစ်ကိုင်း၊ မကွေးအပါအဝင် တိုင်းနှင့်ပြည်နယ် ၈ ခုသို့ ခရီးသွားလာခြင်းမပြုရန် ဗြိတိန်အစိုးရက သတိပေး တားမြစ်

- နိုင်ငံခြားငွေဖြင့် အခွန်ဆောင်ရသူများ နိုင်ငံပိုင်ဘဏ်များတွင်သာ ငွေစာရင်းဖွင့်လှစ် ပေးသွင်းရမည်

- အာဆီယံ နှင့် မြန်မာနိုင်ငံကြား အပြန်အလှန်ကုန်သွယ်မှုများ မြင့်တက်လာ

- ထိုင်းနိုင်ငံတွင် စွန့်ပစ်ပလပ်စတစ် တင်သွင်းမှုများကို ၂၀၂၅ ခုနှစ်တွင် စတင်ပိတ်ပင်မည်

- လျှပ်စစ်ကားထုတ်လုပ်ရေးကုမ္ပဏီ Tesla မလေးရှားတွင် ရုံးခန်းဖွင့်လှစ်မည်

https://youtu.be/a77b7WJAXqs

#BusinessRoundUp
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9🔥1
ကေအိုင်အို အစိုးရ၏ သစ်တောအရာရှိငယ် သင်တန်းဆင်းပွဲ အမှတ်စဉ်(၁) လိုင်ဇာမြို့တွင်ကျင်းပ
====================

ကချင်လေး
မဇ္ဈိမ။ ။ကေအိုင်အို အစိုးရ၏ သစ်တောအရာရှိငယ် သင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်ပွဲကို မတ်လ ၇ ရက်နေ့က ကချင်ပြည်နယ် လိုင်ဇာမြို့ရှိ သစ်တောနှင့်ပတ်ဝန်ကျင်ထိန်းသိမ်းရေးဌာန၏ သင်တန်း ခန်းမတွင် ပြုလုပ်ခဲ့ သည်။

ကေအိုင်အိုအစိုးရ၏ သစ်တောအရာရှိငယ်သင်တန်းကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအခမ်းအနားမှာ ပထမအကြိမ် သစ်တောအရာရှိငယ်သင်တန်းဆင်းပွဲလည်းဖြစ် သည်။

သင်တန်းသို့ ကျောင်းသား ကိုးဦးနှင့် ကျောင်းသူ သုံးဦး၊ စုစုပေါင်း ၁၂ ဦး တက်ရောက်ခဲ့ပြီး သစ်တော အရာရှိငယ်ရာထူး ဂုဏ်ပြုချီးမြှင့်ခံခဲ့ရကြောင်း သိရသည်။

ယခင်နှစ်များက Covid-19 ကူးစက်ကပ်ရောဂါကြောင့် သင်တန်းမဆင်းနိုင်ခဲ့သည့် တောကြပ်အရာရှိ သင်တန်းအမှတ်စဉ်(၃/၄)မှ သင်တန်းသာ ၃၈ ဦးကိုလည်း ကျောင်းဆင်းပေးနိုင်ခဲ့ကြောင်း ကေအိုင်အို အစိုးရ၏ အချက်အလက်များအရ သိရသည်။

Photo Crd - sisakasa / EEDY (လိုင်ဇာ)
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ကချင်ပြည်နယ်
#ကေအိုင်အို
#လိုင်ဇာ
👍12🔥1
အပူဒဏ်ကို ဘယ်လိုကာကွယ်ကြမလဲ?
===============

အပူလျှပ်ရင် ဘာတွေဖြစ်တတ်ပါလဲ?
အခုလိုအပူချိန် အရမ်းပြင်းထန်နေတဲ့ ကာလမှာ အပူလျှပ်ခြင်း၊ Heatstroke ခေါ် အပူကြီးပြီး သတိလွတ်ခြင်းတွေ ဖြစ်တတ်ပါတယ်။

အပူလျှပ်ခြင်းဟာ သာမာန်လူတစ်ယောက်အတွက် မောပန်းနွမ်းနယ်ခြင်းလောက်သာ ဖြစ်နိုင်ပေမဲ့ ရောဂါအခံရှိသူများ၊ အသက်ကြီးသူတွေအတွက်တော့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီလိုပူပြင်းတဲ့ ကာလမှာ အပူလျှပ်ခြင်း၊ အပူလွန်ကဲခြင်းတွေကြောင့် ကိုယ့်ရဲ့ကျန်းမာရေး မထိခိုက်စေအောင် ဘယ်လိုကာကွယ်ရမလဲဆိုတာကို ဒီဗီဒီယိုလေးမှာ ပြောပြထားပါတယ်။

https://youtu.be/CGi5g5BtwK0

#PSA
----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍2🔥1
ဧရာ၀တီမြစ်ထဲခုန်ချသည့် သံဃာတော်၏ အလောင်း ရှာဖွေတွေ့ရှိ
ဧရာ၀တီမြစ်ထဲခုန်ချသည့် သံဃာတော်၏ အလောင်း ရှာဖွေတွေ့ရှိ
====================

007
မဇ္စျိမ။ ။စစ်ကိုင်းတံတားပေါ်မှ ဧရာ၀တီမြစ်ထဲခုန်ချခဲ့သည့် သံဃာတော်တစ်ပါး၏ရုပ်အလောင်းကို ယနေ့နံနက်ပိုင်းတွင် ပြန်ရှာတွေ့ခဲ့ပြီဖြစ်ကြောင်း ပရ ဟိတအဖွဲ့အစည်းများ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

“မနက် ၈ နာရီခွဲလောက်ကရှာတွေ့ခဲ့တာပါ။ အလောင်းက မြစ်ထဲမှာ ရေစီးနဲ့လျှောက်မျောနေတယ်ထင် တာပဲ။ ရှာဖွေရေးသမားတွေကနေ့တိုင်းရှာခဲ့တာ ဒီမနက်မှရှာတွေ့ခဲ့တာ”ဟု စစ်ကိုင်းမြို့ခံ ပရဟိတ သမားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က ဧရာ၀တီမြစ်ကူးတံတား(ရတနာပုံ) စစ်ကိုင်းဘက် ခြမ်းတွင် သံဃာတော်တစ်ပါး မြစ်ထဲခုန်ချခဲ့ပြီး သေကြောင်းကြံစည်မှုဖြစ်ပွားခဲ့ကြောင်း သတင်းများထွက် ပေါ်ခဲ့သည်။

မြစ်ထဲခုန်ချကြောင်း သတင်းရရချင်း မြို့ခံရှာဖွေကယ်ဆယ်ရေးနှင့်ပရဟိတသမားများက လိုက်လံရှာဖွေ ခဲ့သော်လည်း နှစ်ရက်ကြော်ကြာခဲ့ပြီးနောက် မတ်လ ၈ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်မှ အလောင်း ပြန်တွေ့ခဲ့ခြင်းဖြစ်ကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)က သတင်းထုတ်ပြန်သည်။

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား SERT ရေပြင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့နှင့်အတူ စစ်ကိုင်းမြို့နယ် မီးသတ်တပ်ဖွဲ့၊ သုခကာရီလူမှုကူညီရေးအသင်းတို့ကဆောင်ရွက်ခဲ့ကြကာ စစ်ကိုင်းဆေးရုံကြီး ရင်ခွဲရုံသို့ စနစ်တကျသယ်ယူပို့ဆောင်ပေးထားကြောင်း သိရသည်။

“ဘွဲ့အမည်ရော ဘယ်ကလဲဆိုတာရော မသိသေးပါဘူး။ လောလောဆယ် ပိုင်ရှင်မဲ့အလောင်းအဖြစ်နဲ့ ရင်ခွဲရုံပို့ထားတယ်”ဟု ပရဟိတသမားတစ်ဦး ကပြောသည်။

စစ်ကိုင်းမြို့တွင် မတ်လ ၅ ရက်နေ့ မွန်းလယ်ပိုင်းကလည်း ကိုရင်သုံးပါး ဧရာ၀တီမြစ်အတွင်း ရေဆင်း ချိုးရာမှ ရေနစ်ပျောက်ဆုံးမှုဖြစ်ပွားခဲ့ကာ နှစ်ပါးကိုသာအသက်ရှင်လျက်ပြန်ရှာတွေ့ခဲ့ပြီး တစ်ပါးမှာ ရေအောက်တွင်သေဆုံးနေသည့် အလောင်းအဖြစ်သာ ဆယ်ယူနိုင်ခဲ့သည်။

Photo: အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း
#သေကြောင်းကြံစည်မှု
#ဧရာဝတီမြစ်
👍4🔥3
​​မြန်မာအရေးအား ပိုမိုထိရောက်သည့် နည်းလမ်းများ ရှာရန် မလေးရှားဝန်ကြီးချုပ် ခိုင်ခိုင်မာမာ အကြံပြု 
========================

မလေးရှားအပါအဝင် ဒေသတွင်းက အခြားသောနိုင်ငံများကိုပါ သက်ရောက်မှု ရှိနေသော မြန်မာနိုင်ငံက ပဋိပက္ခအား ဖြေရှင်းနိုင်ရေးအတွက် ပိုမို ထိရောက်သော နည်းလမ်းများ ရှာရန် အာဆီယံကို ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ခိုင်ခိုင်မာမာ အကြံပြုသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🤮1
​​အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအတွက် မြန်မာအပါအဝင် နိုင်ငံတချို့မှ လူပုဂ္ဂိုလ် ၉ ဦးကို အီးယူက ဒဏ်ခတ်အရေးယူ
=================

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု၊ အခွင့်အရေး ချိုးဖောက်မှုတို့အတွက် မြန်မာစစ်ကောင်စီ၏ ပြည်ထဲရေးဒုဝန်ကြီး အပါအဝင် နိုင်ငံခြောက်နိုင်ငံမှ အရာရှိ ကိုးဦးကို ဥရောပသမဂ္ဂ (အီးယူ)က မတ်လ ၇ ရက်တွင် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လိုက်သည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁5👍4
​​မဲဇလီကုန်းမြို့တွင် စာမေးပွဲလုံခြုံရေးယူပြီး ပြန်လာသည့် ရဲ ၅ ဦးနှင့် ပျူစောထီး ၁ ဦး မိုင်းဆွဲတိုက်ခိုက်ခံရ
======================

မင်းထက်
မဇ္စျိမ။ ။ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့ အထက်တန်းကျောင်းအနီး အမှတ် (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ယနေ့ မတ်လ ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်က မိုင်းပေါက် ကွဲမှုဖြစ်ပွားခဲ့ကြောင်းဒေသခံများထံမှ သိရသည်။

မဲဇလီကုန်းမြို့ အထက်တန်းကျောင်း၌ပြုလုပ်နေသည့် စာမေးပွဲအား လုံခြုံရေးယူပေးပြီးပြန်လာသည့် ရဲငါးဦးနှင့် ပျူစောထီးတစ်ဦးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖောက်ခွဲမှုပြုလုပ်ခဲ့သည် စွန်ရဲနီ နွေဦးတော်လှန်ရေး အောင်ဆန်းတပ်ရင်းမှ ဗိုလ်သူရိန်ကပြောသည်။
အဆိုပါတိုက်ခိုက်မှုကို စွန်ရဲနီနွေဦးတော်လှန်ရေး အောင်ဆန်းတပ်ရင်းနှင့် အင်္ဂပူမြို့နယ်(ပကဖ)တို့ ပူး ပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“စာမေးပွဲဖြေတဲ့ကျောင်းကို လုံခြုံရေးယူပေးပြီး အဖြေလွှာစာရွက်တွေပြန်ပို့မဲ့အဖွဲ့ကို ထပ်ပြီးလုံခြုံရေး ယူပေးတဲ့ ရဲငါးယောက်နဲ့ ပျူစောထီးတွေကို မိုင်းဆွဲခဲ့တာပါ။ ထိခိုက်မှုရှိနိုင်တယ်။ အသေးစိတ်ကိုတော့ မသိရသေးဘူး” ဟု ဗိုလ်သူရိန်ကပြောသည်။

PDF ပူးပေါင်းအဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ရဲငါးဦးနှင့် ပျူစောထီးတစ်ဦး စီးလာသည့်ဆိုင်ကယ်များ လမ်းဘေးမြောင်းထဲသို့ ထိုးကျသွားသည်ဟုသိရပြီး ဖောက်ခွဲမှုအပြီးတွင် PDF များ အထိအခိုက်မရှိ ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။

မိုင်းပေါက်ကွဲမှုအပြီးတွင် စစ်ကောင်စီတပ်နှင့် ရဲများက မြို့အနှံ့စစ်ဆေးမှုများပြုလုပ်နေသည်ဟု သိရပြီး လမ်းမကြီးများပေါ်၌ ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်နေသည်ဟု ဒေသခံများကပြောသည်။
ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့က အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းအပိုင် ရိုးမအတွင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့များအား စွန်ရဲနီနွေဦးတော်လှန်ရေး အောင်ဆန်းတပ်ရင်းနှင့် အင်္ဂပူမြို့နယ်(ပကဖ)တို့ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်တစ်ဦးအပါအဝင် လေးဦးသေဆုံးခဲ့သည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ဧရာဝတီတိုင်း
#အင်္ဂပူမြို့နယ်
#မဲဇလီကုန်းမြို့
#မိုင်းဆွဲတိုက်ခိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21👏1😁1
ခင်ဦးကစစ်ဘေးရှောင်ကိုယ်ဝန်ဆောင်မိခင်နဲ့မွေးကင်းစကလေးငယ်တွေအရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေ
=-==============

KMN

မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းက ဆက်တိုက် အကြမ်းဖက်မီးရှို့နေမှု ကြောင့် ဒေသခံ ၇၀၀၀ ကျော်ထွက်ပြေးနေရပြီး အဲ့ဒီအထဲက သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင် မိခင်နဲ့ မွေးကင်းစကလေးငယ်တွေ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေတယ်လို့ ဒေသခံတွေ က ပြောပါတယ်။

စစ်ရှောင်တွေထဲမှာ ကိုယ်ဝန်ဆောင်မိခင်၊ မွေးကင်းစကလေးငယ်နဲ့ သက်ကြီးရွယ်အို ၁၀၀ ကျော်ရှိနေပြီး စစ်ဘေးရှောင်ရင်းမွေးဖွားခဲ့တဲ့ အမြွှာနှစ်ဦးအတွက်လည်း အကူအညီလိုနေတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ခံကပြောပါတယ်။

ခင်ဦးမြို့နယ်၊ ကလုံကျေးရွာကို မတ်လ ၇ ရက်နေ့က စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီး ခဲ့ပြီး အသက် ၉၀ ကျော်အဖွားအိုတစ်ဦး စစ်ရှောင်ရင်းသေဆုံးခဲ့သလို မုံလှကျေးရွာက ကလေးငယ်တစ်ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီက အနီးအနားရွာတွေကို လက်နက်ကြီးနဲ့ရမ်းသန်းပစ်ခတ်နေတာကြောင့် စစ်ရှောင်တွေ သုံးရက်ဆက်တိုက် သေဆုံးခဲ့တယ်လို့ ခင်ဦးဒေသခံက ပြောပါတယ်။

ခင်ဦးမြို့နယ်မှာ လက်ရှိအချိန်ထိ စစ်ကောင်စီတပ်ရဲ့အကြမ်းဖက်မီးရှို့မှုကြောင့် ကျေးရွာပေါင်း ၆၈ ရွာ မီးလောင်ခံခဲ့ရပြီး အိမ်ထောင်စုပေါင်း ၄,၀၀၀ ကျော်ရှိနေပါတယ်။ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းဆက်ထိုးနေတာကြောင့် စစ်ဘေးရှောင်တွေအတွက် အကူအညီလိုအပ်နေတယ်လို့ ခင်ဦး သတင်း မှန်ပြန်ကြားရေးကလည်း ထုတ်ပြန်ထားပါတယ်။

https://youtu.be/iaxq4poVTb4

ရုပ်သံတင်ဆက်၊တည်းဖြတ် - KMN

#စစ်ကိုင်းတိုင်း
#ခင်ဦးမြို့နယ်
#စစ်ဘေးရှောင်
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍2🔥2🥰1😁1😢1