Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဒီးမော့ဆိုတွင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
👍2🤮1
​​ဒီးမော့ဆိုတွင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
===================

ဂျူချန်း
မဇ္ဈိမ။ ။ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် တစ်နေရာတွင် မတ်လ ၈ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနား ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

ဒီမောဆိုးမြို့နယ်တစ်နေရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေး ရာဝန်ကြီးဌာနနှင့် ကျေးလက်မြေအဖွဲ့တို့ပူးပေါင်းကာ ယနေ့ နံနက် ၇ နာရီမှ ၉ နာရီအထိ အပြည်ပြည် ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အနေဖြင့် ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် ကျေးလက်မြေအဖွဲ့ ဒါရိုက်တာမမူစဲမှ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံကိုရှင်းပြကာ အမျိုးသမီးများ၏အခန်းကဏ္ဍသည် နေရာတိုင်းတွင်အရေးပါကြောင်း ပြော ကြားခဲ့သည်။

“အမျိုးသားတွေမစွမ်းဆောင်နိုင်တဲ့အလုပ်တွေကို အမျိုးသမီးပေါင်းများစွာက အမျိုးသားတွေထက် ကျော် လွန်ပြီး လုပ်နိုင်စွမ်းရှိတာကို တွေ့ရပါတယ်။ ဒါကြောင့် အမျိုးသားအမျိုးသမီး မခွဲခြားဘဲ တန်းတူညီမျှ ထားပြီး အပြန်အလှန်လေးစားမှုများစွာနဲ့ တန်ဖိုးထားသွားမှာဖြစ်ပါတယ်” ဟု အမျိုးသမီးများနေ့နှင့် ပတ်သက်၍ ကျေးလက်မြေအဖွဲ့မှ နာယကဖြစ်သူ ဦးဇော်မင်းထိုက်က ပြောကြားသည်။

အဆိုပါဟောပြောပွဲသို့ တက်ရောက်လာခဲ့သည့် လူပေါင်း ၁၀၀ ကျော်အား ထမင်းနှင့် ဟင်းများ ဧည့်ခံ ကျွေးမွေးခဲ့ကြောင်းလည်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ကရင်နီပြည်
#အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့
#ဒီးမော့ဆိုမြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍1🤮1
မတ်လ ၈ ရက်၊ ညနေ ၄နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=-====================

01:10 -စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် ၁ လအတွင်း အမျိုးသမီး ၁၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာ့အမျိုးသမီး သမဂ္ဂ (BWU) ထုတ်ပြန်

03:35 - တန့်ဆည်မြို့မှ NLDပါတီဝင်အမျိုးသမီး ၁ ဦးကိုစစ်ကောင်စီဖမ်းဆီး၊စစ်ကောင်စီဖမ်းဆီးထားတဲ့NLDပါတီဝင် ၁,၂၀၀ကျော်ရှိလာ တဲ့ သတင်း

04:55 -နိုင်ငံခြားငွေနဲ့ အခွန်ဆောင်ရသူတွေ စစ်ကောင်စီလက်အောက်ခံဘဏ်တွေမှာ ငွေစာရင်းဖွင့်လှစ်ပြီး အခွန်ဆောင်ရမယ့်သတင်း

05:52 -ခင်ဦးမြို့နယ်က စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်မိခင်နဲ့မွေးကင်းစကလေးငယ်တွေ အရေးပေါ်ကျန်းမားရေးစောင့်ရှောက်မူလိုအပ်နေတဲ့ သတင်း


အပါအဝင်တခြားအရေးကြီးတဲ့သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်သွားမှာပါ။

https://youtu.be/1liiqx7XS-0

#4pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4🤮1
​​ရိုဟင်ဂျာဒုက္ခသည်များအတွက် အကူအညီသစ် ဒေါ်လာ ၂၆ သန်း အမေရိကန် ထပ်ပေးမည်
===================

ဘင်္ဂလားဒေ့ရှ်နှင့် အာရှဒေသတွင်းနိုင်ငံများ၌ ရှိနေသည့် ရိုဟင်ဂျာဒုက္ခသည်များအတွက် လူသားချင်းစာနာမှု အကူအညီသစ်အဖြစ် ဒေါ်လာ ၂၆ သန်း ပေးမည် ဖြစ်ကြောင်း အမေရိကန်က မတ်လ ၇ ရက်တွင် ကြေညာသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤1🔥1
​​ရန်ပုံငွေ လျှော့ချခံရပြီးနောက် ရိုဟင်ဂျာများအတွက် ဒေါ်လာ ၈၇၆ သန်း ရရှိရေး ကုလသမဂ္ဂ ကြိုးစား 
=====================

စားနပ်ရိက္ခာ ဝေစု လျှော့ချခံရ၍ ဖိနှိပ်ခံ လူနည်းစု ရိုဟင်ဂျာများအတွက် လှူဒါန်းမှုများ လျော့နည်းခဲ့သည့်နောက်တွင် ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာများအတွက် လူသားချင်း စာနာထောက်ထားရေး အကူအညီအား ဖြည့်ဆည်းနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ ၈၇၆ သန်း လိုအပ်ကြောင်း ကုလသမဂ္ဂက အင်္ဂါနေ့တွင် ပြောသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3🔥1
Myanmar traditional boxing packs a punch, kick and headbutt
====================

A five-day traditional Lethwei tournament attracts a crowd of more than 1,000 people to watch the end of the tournament in Hlaingbwe township in Karen state. Among the winners of the day, 22-year-old Hlaing Htet Aung strutted victorious from the ring despite swelling on his face.

One of the few female fighters on the bill, Dawna Bo Ma, 16, is from Myawady on the Thai border. The tournament also featured children aged about 10 slugging it out in a whirl of skinny arms and legs.

https://youtu.be/mrtX2o5ZY-4

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ မတ်လ ၈ ရက်၊ ၂၀၂၃
==================

အမေရိကန်ကုမ္ပဏီကြီးတွေက ကာယနဲ့ ဉာဏလုပ်သား ရှားပါးမှု အခြေအနေနဲ့ အစားအစာထောက်ပံ့ကြေး ဖြတ်တောက်ခံရသူများ နောက်ဆက်တွဲအခြေအနေ၊ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/ElvbPhTQuA4

#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍2😁1
ကာယနဲ့ ဉာဏလုပ်သား ရှားပါးမှု အခြေအနေ
===================

Google၊ Amazon၊ Meta နဲ့ Microsoft နည်းပညာ ကုမ္ပဏီကြီးတွေက လုပ်သားအင်အား လျှော့ချလိုက်တာကြောင့် ပြီးခဲ့တဲ့ လတွေအတွင်း လူသောင်းနဲ့ချီ အလုပ်လက်မဲ့ဖြစ်ခဲ့ကြပါတယ်။ ကုမ္ပဏီကြီးတွေက ဉာဏလုပ်သားအင်အားတွေလျှော့ချနေတဲ့ တချိန်ထဲမှာပဲ တချို့လုပ်ငန်းတွေမှာတော့ လုပ်ခလစာတိုးပေးနေတဲ့ကြားက ကာယလုပ်သား ရှားပါးနေတဲ့ အကြောင်း Keith Kocinski သတင်းပေးပို့ထားတာကို မမြသဇင်အောင် တင်ဆက်ထားပါတယ်။

https://youtu.be/b4aMqe1r7uE

#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍2🔥2
စစ်အာဏာသိမ်းမှု (၂) နှစ်အတွင်း အမျိုးသမီးများ အကြမ်းဖက်ခံရမှုအခြေအနေများ
====================

၂၀၂၁ ဖေဖော်ဝါရီလမှ ၂၀၂၃ ဖေဖော်ဝါရီလအထိ၂ နှစ်အတွင်း စစ်ကောင်စီတပ်များ၏ အမျိုးသမီးများအပေါ် သတ်ဖြတ်မှု၊ လိင်အကြမ်းဖက်မှုအခြေအနေများ......

စစ်အာဏာရှင်စနစ်အောက်ကလွတ်မြောက်ရေး ၊ ဒီမိုကရေစီရေးနှင့် ဖက်ဒရယ်အရေးအတွက်တောင်းဆိုတိုက်ပွဲဝင်လာကြတာနှစ်ပေါင်းများစွာကြာခဲ့ပါပြီ။
ဒီလိုတိုက်ပွဲဝင်တဲ့နေရာမှာ အမျိုးသမီးဖြစ်လို့ငဲ့ညှာမယ်လို့တော့မထင်လိုက်ပါနဲ့။

https://youtu.be/UzyHO4mISrg

#PSA

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥1🤬1
​​တအာင်းဒေသတွင်ရှိသည့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ ၆ လအတွင်း CDM လုပ်ကြရန် TNLA စာထုတ်
===================

မဇ္ဈိမ
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)က တအာင်းဒေသတွင်ရှိသည့် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများကို ခြောက်လအတွင်း CDM လုပ်ကြရန် ထတ်ပြန်ထားသည့်စာ ယမန်နေ့မှာ ထွက်ပေါ်လာသည်။
ဖေဖော်ဝါရီ ၅ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး CDM မလုပ်လိုသည့် ဝန်ထမ်းများ တအာင်းဒေသမှ ထွက်ခွာပေးရန်နှင့် သတ်မှတ်ချိန်ကုန်ဆုံးပါက အရေးယူမည်ဟု ဖော်ပြထားသည်။

လက်ရှိအချိန်ထိတော့ TNLA နှင့် တအာင်းနိုင်ငံရေးအတိုင်ပင်ခံ ကော်မတီ (TPCC)တို့က Non-CDM ဝန်ထမ်းများ CDM လုပ်ကြရန် အမိန့်ကိုချိုးဖောက်သူများအပေါ် အရေးယူမှုမရှိသေးသည်ကိုတွေ့ရသည်။

TNLA ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က “စာထုတ်တာကတော့ အုပ်ချုပ်ရေးဌာနကပေါ့။ ဒီစာထုတ်ရခြင်းရည်ရွယ်ချက်ကတော့ တအာင်းလူမျိုးတွေ၊ အဖိနှိပ်ခံဘဝကနေ လွှတ်မြောက်စေချင်လို့။ တန်းတူအခွင့်အရေးရဖို့နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရစေချင်လို့ဖြစ်တယ်။ ဒါပေမဲ့ ဘယ်လိုပုံစံမျိုး အရေးယူသွားမလဲဆိုတာတော့ ကျနော်တို့ ပြောလို့မရသေးဘူး” ဟု ပြောသည်။
စစ်ကောင်စီ ယန္တရားအား လည်ပတ်စေရန် Non-CDM များက အဓိက ပံ့ပိုးပေးနေသည့် အုပ်စုကြီးတစ်ခု ဖြစ်သောကြောင့် စစ်တပ်အာဏာသိမ်းမှု သက်ဆိုးရှည်နေသည်ဟု CDM ကျန်းမာရေးဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောသည်။

“တအာင်းဒေသမှာ တော်လှန်ရေးကာလ နှစ်နှစ်ကြာတော့ ကျမတို့ CDM ဝန်ထမ်းတွေအရူးကြနေတာဘဲ။ ကျမတို့နေရာကို အစားထိုးလူတွေ ပြန်ဝင်လိုက်ကြတာ။ ကျမပြောချင်တာ အဲလူတွေက စစ်တပ်ကိုထောက်ခံတာပဲ။ အကုန်လုံး မစည်းလုံးကြလို့ပဲ ကျမတို့က နာနေရတာ။ အကုန်လုံးပူးပေါင်းကြရင် အာဏာရှင် ပြုတ်ကျဖို့က ခဏပဲ" TNLA အုပ်ချုပ်ရေးဌာနက CDM လုပ်ရန် စာထုတ်သည်နှင့် ပတ်သက်ပြီး နှစ်ရှည်ကြာ ငွေအင်အား၊ လူအင်အား၊ အချိန်များ ရင်းခဲ့ရပြီး ရလာသည့် တာဝန်၊ ရာထူးများကို အရာမထင်စေတော့ဘဲ ဘဝတက်လမ်းကို ပိတ်ဆို့စေသည်ဟု နမ့်ဆန်မြို့နယ်မှ Non-CDM ပညာရေးဝန်ထမ်းအမျိုးသမီးတစ်ဦးက ​ဆိုသည်။

“စဥ်းစားကြည့်လေ ကျမတို့ဘဝက ကိုယ်လုပ်မှ ကိုယ်စားရမှာလေ။ ဘယ်သူက ကိုယ့်ကို လာကျွေးမှာလဲ။ ဘယ်အစိုးရတက်တက် ဘယ်သူအုပ်ချုပ်နေပါစေ ငါတို့နဲ့မှ မဆိုင်တာ။ CDM လုပ်တော့ကော ဘာထူးမှာလဲ။ ပညာသင်နေတဲ့ မျိုးဆက်ကလေးတွေဘဲ နစ်နာရမယ်။ ကျမကတော့ ဒီအလုပ်နားရင် ထမင်းငတ်ဖို့ဘဲရှိမယ်။ အခုသူတို့က အမိန့်နဲ့ဆိုတော့ ကြောက်တာပေါ့။ ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး”

မန်တုံမြို့မှ CDM ဝန်ထမ်းအမျိုးသားတစ်ဦးကတော့ "ဒါက ဖြစ်သင့်တာကြာပါပြီ။ နှစ်နှစ်တောင် ကြာပြီ။ အမှန်ဆို အစကတည်းကဖြစ်နေရမှာ အခုဟာက CDM လုပ်တဲ့လူက အလုပ်လက်မဲ့ ဖြစ်နေကြပြီလေ။ Non-CDM တွေက အခုထိ ရုံးတက်၊ စစ်တပ်အောက်မှာ အလုပ် လုပ်နေတဲ့လူကလည်း လုပ်နေတာ။ CDM တွေအတွက် ဒါက ရင်နာစရာပဲ။ ဝန်ထမ်း အကုန်လုံးက CDM လုပ်လိုက်ကြလေ။ ငတ်လည်း အတူပေါ့။ ဒါပေမဲ့ တချို့လူတွေက မတွေးကြဘူး။ ကိုယ်လုပ်မှ ကိုယ်စားရတယ်ဆိုတဲ့ လူတွေဘဲ။ အခုဒီလိုလုပ်ခိုင်းတော့ စောင့်ကြည့်ရမှာပေါ့။ ပြဿနာတော့ ရှိလာနိုင်တယ်” ဟု ပြောသည်။
👍18🔥1
​​ဝေါမြို့နယ်၊ ဘုရားပျိုရွာတွင် စစ်ကောင်စီတပ်က ဒေသခံ ၁၅ ဦးကိုဖမ်းဆီး
========================

YT
မဇ္ဈိမ ။ ။ ပဲခူးတိုင်းဒေသကြီး အရှေ့ဘက်ခြမ်း၊ ဝေါမြို့နယ်၊ ဘုရားပျိုကျေးရွာရှိ ဒေသခံ ၁၅ ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီးထားကြောင်း ဒေသခံများမှသတင်းပေးပို့သည်။

စစ်ကောင်စီတပ်က မတ်လ ၅ ရက်နေ့ ညပိုင်းတွင် လျှပ်စစ်မီးဖြတ်တောက်၍ ဒေသခံ ၁၃ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ယခင်ဖမ်းဆီးခံထားရသူ နှစ်ဦးပါလျှင် စုစုပေါင်း ၁၅ ဦးဖမ်းဆီးခံထားရ သည်။
" အဲ့ဒီနေ့က မီးဖြတ်ပြီး ဝင်ဖမ်းတာ။ အချုပ်ကားနှစ်စီးနဲ့ လာတာ အရပ်ဝတ်တွေနဲ့လည်း ပါတယ်။ ယူနီဖောင်းတွေနဲ့လည်း ပါတယ်။ စုစုပေါင်း ဖမ်းခံရတာ ၁၃ ယောက်။ ပထမက ဖမ်းထားတဲ့ လေးယောက်မှာလည်း နှစ်ယောက်ပြန်မလွတ်သေးဘူး။ ရွာကိုတော့ အခုထိ မီးဖြတ်ထားတယ်" ဟု ဘုရားပျိုရွာမှ ဒေသခံတစ်ဦးက မဇ္ဈိမသို့ပြောသည်။

ထိုသို့လာရောက်ဖမ်းဆီးစဉ် လမ်းအတွင်းဆဲဆိုမှုများပြုလုပ်ကာ ရွာကိုပါမီးရှို့မည်ဟု ခြိမ်းခြောက်သွားကြောင်း ၎င်းကဆိုသည်။ " PDF တွေနဲ့ ဆက်စပ်နေတယ်။ ထောက်ပံ့နေတယ်ဆိုပြီး ဖမ်းတာ" ဟု ဒေသခံက ဆက်လက်ပြောသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ဘုရားပျိုစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက်ပိုင်း ဘုရားပျိုရွာနှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ဒေသခံများအား PDF များအား ဆက်သွယ် အထောက်အပံ့ပေးနေသည်ဟု စွပ်စွဲပြီးဖမ်းဆီးနေခြင်းဟုသိရသည်။

ပထမအကြိမ်အဖြစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် လေးဦး ဖမ်းဆီးခံရပြီး နှစ်ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း နှစ်ဦးဖမ်းဆီးခံထားရဆဲဖြစ်သည်။ မတ်လ ၅ ရက်နေ့တွင် ၁၃ ဦး ထပ်မံဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း အဖမ်းဆီးခံရသော သေခံ ၁၅ ဦးအထိရှိပြီဖြစ်သည်။

အဖမ်းဆီးခံရသော ဒေသခံများအား မြစ်ကျိုးနယ်မြေ ရဲစခန်းနှင့် ဘုရားကြီးအနီးရှိ အမြှောက်တပ်ဝင်း အတွင်း၌ စစ်ဆေးမေးမြန်းမှုများပြုလုပ်နေပြီး ယနေ့အထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။

ထို့အပြင် မတ်လ ၄ ရက်နေ့မှစတင်၍ ဝေါမြို့နယ်အတွင်းရှိ ကျေးရွာတချို့တွင် နံနက် ၆နာရီမှ ည ၆ နာရီအထိသာ သွားလာရမည်ဟူ၍လည်း စစ်ကောင်စီတပ်က လိုက်လံကြေညာနေကြောင်း ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

" အခုဆို ဝေါမြို့နယ်ကို လုံခြုံရေးအပြည့်ချပြီး စစ်ဆေးတာတွေလုပ်နေတယ်။

ပြီးတော့ မြစ်ကျိုး၊ ဆင်ရွာ၊ လက်ပန်ရွာ၊ ပုဂံရွာ အဲ့ဒီရွာတွေကို မနက် ၆ ည ၆ အမိန့်ထုတ်ထားတယ်" ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှစ၍ စစ်ကောင်စီတပ်သည် ဝေါမြို့နယ်မှ ဘုရားပျိုရွာနှင့် အနီးတစ်ဝိုက်ရွာများရှိ လမ်းတချို့အား ပိတ်ဆို့ထားခြင်း၊ ဖြတ်သွားဖြတ်လာ ဒေသခံများအား စစ်ဆေးခြင်းတို့ကို ပြုလုပ်နေပြီး အုတ်ဖိုကျေးရွာအုပ်စုတွင် အမြှောက်တပ်အထိုင်ချရန် ပြင်ဆင်နေကြောင်း သိရသည်။

စာတည်း ။ ။ Alden

#ဝေါမြို့နယ်
#ဖမ်းဆီး
#ဘုရားပျိုရွာ
#ဒေသခံ
#စစ်ကောင်စီတပ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥3🤬2👎1
အစားအစာထောက်ပံ့ကြေး ဖြတ်တောက်ခံရသူများ
=================

ကိုဗစ်ကပ်ရောဂါကာလမှာ ဝင်ငွေနည်း မိသားစုတွေကို ထောက်ပံ့ပေးနေတဲ့ အစားအစာအတွက် အပိုဆောင်းထောက်ပံ့ကြေးကို လျှော့ချဖြတ်တောက်လိုက်ပါတယ်။ ဒီလို အဖြစ်ရဲ့ နောက်ဆက်တွဲ အခြေအနေကို ကိုအောင်အောင်တင်ဆက်ထားပါတယ်။

https://youtu.be/ZkWJDPiivxA

#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁1
ပလတ်စတစ်ရေသန့်ဗူးတွေနဲ့ဆောက်ထားတဲ့ အမှိုက်ကျွန်းလှေကြီး
==================

ပလတ်စတစ်ရေသန့်ဗူးအမှိုက်တွေကို တွဲချီပြီး ရေပေါ်မှာ ပေါလောပေါ် မျောပါနိုင်တဲ့ ကျွန်းလှေကြီးကို ယူဂန်ဒါနိုင်ငံသားတယောက်က ဖန်တီး တည်ဆောက်ထားပါတယ်။ ရေကန်ထဲက အမှိုက်သိမ်းရာလည်းရောက်ပြီး လူအယောက် တရာလောက် တက်စီးနိုင်တဲ့ ကျွန်းလှေကြီးအကြောင်း အေပီသတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်။

https://youtu.be/n3Ksa8U-xjo

#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5😁1
​​အလှူလုပ်၍ PDF များက အလှူရှင်ကို သတ်သွားကြောင်း သတင်းမှားဖြန့်
===================

TK
မဇ္ဈိမ။ ။ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ အနောက်အရိုးတောင်ကျေးရွာအုပ်စု၊ ပေါက်ကုန်းကျေးရွာတွင် အလှူလုပ်၍ဟုဆိုကာ PDF များက အလှူရှင်ကိုသတ်သွားကြောင်း သတင်းများပျံ့နှံ့နေသည်။ ထိုအဆို မှာ မှားယွင်းနေသည်။

ဖတ်ရှုရန်စာရင်းပေးထားသူ ၁၀,၀၀၀ ကျော်ရှိ "Ba Nyunt" တယ်လီဂရမ်ချန်နယ်မှ “အလှူပွဲတွေပါ ဒုက္ခပေးလာသည့် ခွေးပဒပ်များ” ဟုဆိုကာ တွံတေးမြို့နယ်၊ အနောက်တောင်ကျေးရွာအုပ်စု၊ ပေါက်ကုန်း ကျေးရွာတွင် အလှူလုပ်သဖြင့် PDF များက အလှုရှင်များကိုသတ်သွားကြောင်း သတင်းမှားဖြန့်ဝေထား သည်။ အဆိုပါအကြောင်းအရာကို “ဟန်ငြိမ်းဦး” တယ်လီဂရမ်ချန်နယ်မှလည်းဖြန့်ဝေခဲ့ပြီး ဖတ်ရှုသူ ၃၀,၀၀၀ ကျော်အထိရှိခဲ့သည်။

မဇ္ဈိမအနေဖြင့် အချက်အလက်စစ်ဆေးခဲ့ပြီး အလှူပွဲတွင်လူများသေဆုံးနေသည့်ပုံမှာ “ခေတ်သစ်” မီဒီယာမှတင်ထားသည့်ပုံများဖြစ်သည်။ ခေတ်သစ်မီဒီယာ၏ သတင်းဖော်ပြမှုတွင် ပေါက်ကုန်းကျေးရွာ အလှူအိမ်ကိုလာရောက်သည့် စစ်ကောင်စီခန့် အနောက်အရိုးတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးစိုးလွင် (ခေါ်)ကျားကြီးနှင့် ပျူခေါင်းဆောင်သန်းလွင်တို့ကို Delta Revolutionary Force မြို့ပြပြောက်ကျား တပ်ဖွဲ့ဝင်များက ရှင်းလင်းခဲ့ကြောင်း ဖော်ပြထားသည်။ သတင်းလင်ခ့် - https://bit.ly/3L1PrKQ

ပျံ့နှံ့နေသည့်ပုံများတွင်လည်း အလှူမုခ်ဦးဆိုင်းဘုတ်တွင် ရေးထိုးထားသည့် အလှူရှင်၏အမည်မှာ “ဦးသန်းစိန်”ဟု ရေးသားထားပြီး သေဆုံးသူများ၏အမည်များ မပါဝင်ပေ။

အလားတူ Eleven Media Group ၏ သတင်းဖော်ပြချက်တွင်လည်း “တွံတေးမြို့နယ်၊ ပေါက်ကုန်းရွာမှ ဦးမျိုးဇော်ဆိုသူ၏နေအိမ်ရှေ့တွင် အနောက်တောင်ရိုးကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးလွင်နှင့် ရာအိမ်မှူး ဦးသန်းလွင်တို့အား မတ်လ ၄ ရက် မနက် ၂ နာရီတွင် လမ်းလျောက်လာသူ အမျိုးသားနှစ်ဦးမှ သေနတ် ဖြင့် ပစ်သတ်သွားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်သည်” ဟု ပါရှိသည်။

http://bit.ly/3SVZhjw
ထို့ကြောင့် လက်ရှိပျံ့နှံ့နေသည့် အလှူလုပ်ခြင်းကြောင့် PDF များက အလှူရှင်ကို သတ်သွားသည်ဆို သည်မှာ ဖြစ်စဉ်မှန်ကို လိုသလို ပြောင်းလဲရေးသားထားသည့် သတင်းအမှားတစ်ပုဒ်သာ ဖြစ်ပါသည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ
#Misinformation_Buster
#Fake_News
👍11😁2