Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စစ်အာဏာရှင်စနစ်နှင့် ဖိုဝါဒကြီးစိုးမှုကို တပြိုင်တည်းတိုက်ထုတ်ရန် တိုက်တွန်း
=====================

မဇ္ဈိမ။ ။အမျိုးသမီးအခွင့်အရေးနှင့် ကျား၊ မ တန်းတူအခွင့်အရေးရရှိရေးအတွက် စစ်အာဏာရှင်စနစ်နှင့် ဖိုဝါဒကြီးစိုးမှုစနစ်ကို တပြိုင်နက်တည်းတိုက်ထုတ်ရန် မြန်မာ့အမျိုးသမီးသမဂ္ဂက ယနေ့ မတ်လ ၈ ရက် နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် တိုက်တွန်းလိုက်သည်။

အမျိုးသမီးများအနေဖြင့် သာတူညီမျှရရှိရေး၊ နိုင်ငံရေးစင်မြင့်များတွင် အခြားသောအမျိုးသားများနှင့် တန်းတူပါဝင်နိုင်ရေးတို့အတွက် စစ်အာဏာရှင်စနစ်နှင့် ဖိုဝါဒစနစ်ကျရှုံးရန် အဓိကအရေးကြီးကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂမှ တွဲဖက်အတွင်းရေးမှူးမဇူးဇူးက ပြောသည်။

ထို့ပြင် အကြမ်းဖက်စစ်တပ်၏ လက်အောက်တွင် အမျိုးသမီးများ၏ အခွင့်အရေးနှင့်ပတ်သက်ပြီး ပွင့်ပွင့် လင်းလင်း ပြောဆိုလုပ်ဆောင်နိုင်သည့် အနေအထားမဟုတ်သည့်အတွက် စစ်အာဏာရှင်စနစ်ကို အပြီး တိုင် တိုက်ထုတ်နိုင်ရန်လိုကြောင်းလည်း တိုက်တွန်းသည်။

အာဏာသိမ်းကာလတွင် အမျိုးသမီးများအနေဖြင့် လွတ်လပ်စွာသွားလာခွင့်၊ လွတ်လပ်စွာပြောဆိုခွင့် မရ ရှိသည့်အခက်အခဲများ ရင်ဆိုင်နေရပြီး ကျန်းမာရေးစောင့်ရှောက်ခွင့်၊ လူသားလုံခြုံမှုစသည့် အခန်းကဏ္ဍ များတွင်လည်း အခွင့်အရေးများပျောက်ဆုံးနေကြောင်း မဇူးဇူးကဆိုသည်။

ထို့ပြင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရသည့် အမျိုးသမီးများအနေဖြင့်လည်း စစ်ကြောရေးစခန်းတွင် ခြိမ်းခြောက်အကျပ်ကိုင်ခံရခြင်းများ၊ သားမယားအဖြစ် ပြောဆိုခံရခြင်းများအပြင် အချို့မှာ လိင်ပိုင်းဆိုင် ရာအကြမ်းဖက်ခံရပြီး စစ်ဆေးခံရသည့်အဆင့်အထိ ပုံစံမျိုးစုံဖြင့် ကျူးလွန်ခံနေရကြောင်းလည်း မြန်မာ့ အမျိုးသမီးသမဂ္ဂက ပြောသည်။

https://youtu.be/LoyvvxwByjo

#အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့
#မြန်မာ့အမျိုးသမီးသမဂ္ဂ
#စစ်အာဏာရှင်စနစ်
#ဖိုဝါဒကြီးစိုးမှု

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4😁2
သထုံတွင် စစ်ကောင်စီတပ်မှပစ်ခတ်သော လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ကလေးငယ် ၂ ဦး သေဆုံး
🤬4🔥1
သထုံတွင် စစ်ကောင်စီတပ်မှပစ်ခတ်သော လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ကလေးငယ် ၂ ဦး သေဆုံး
==================

YT
မဇ္ဈိမ။ ။မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကော့လှိုင်းကျေးရွာအုပ်စု၊ ကျုံမှိန်ကျေးရွာတွင် ယနေ့ မတ်လ ၈ ရက် နံနက် ၇ နာရီ ၃၀ မိနစ်က စစ်ကောင်စီတပ်မှပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲ ပြီး ကလေးငယ်နှစ်ဦး သေဆုံးကာ ဒေသခံနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

နံနက် ၇ နာရီကျော်မှစ၍ သထုံမြို့၊ ကြာပန်းအခြေစိုက် ခလရ(၂၄) မှ ကျုံမှိန်ရွာအတွင်းသို့ ၈၁ မမ၊ ၁၂၀ မမစသည့်လက်နက်ကြီးများဖြင့် ရှစ်လုံးပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီးကျည်ထိမှန်၍ နွားကျောင်း နေသော အသက်(၇)နှစ်အရွယ်မဝင်းဝင်းရီနှင့် အသက်(၁၃)နှစ်အရွယ် ယောကျ်ားလေးတစ်ဦး သေဆုံးခဲ့ ကြောင်း သိရသည်။

ထို့ပြင် အသက် (၁၂) နှစ်အရွယ် ကလေးငယ်တစ်ဦး လက်ဖျံရိုးကျိုးခဲ့ပြီး အသက် (၅၀) အရွယ် ဒေါ်မနူးဖိုး ဦးခေါင်းတွင်ထိမှန်၍ အသက်အန္တရာယ်စိုးရိမ်ရကာ သထုံပြည်သူ့ဆေးရုံ၌ ကုသမှုခံယူနေရကြောင်းသိရ သည်။

“သူတို့ စပစ်တာ ၇ နာရီနဲ့ ၈ နာရီကြားမှာပါ။ ၈၁ မမ၊ ၁၂၀ မမ အမျိုးအစားတွေနဲ့ ရှစ်လုံးပစ်တယ်” ဟု Hawk Revolutionary Squad မှ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

“သေသွားတဲ့ ကလေးနှစ်ယောက်နဲ့ အသက်ကြီးအမျိုးသမီးက နွားကျောင်းတဲ့သူတွေ။ နွားကျောင်းသွားဖို့ နွားတင်းကုတ်ထဲက နွားတွေကိုအပြင်ထုတ်တဲ့အချိန်မှာ လက်နက်ကြီးက ကျလာတယ်။ အမျိုးသမီးက ခေါင်းမှာဒဏ်ရာရပြီး ကလေးနှစ်ယောက်ကတော့ ပွဲချင်းပြီးသေသွားတယ်။ နွားတင်းကုတ်ထဲက နွားတစ် ကောင်လည်း သေသွားတယ်” ဟု ကျုံမှိန်ဒေသခံ အမျိုးသမီးတစ်ဦးက မဇ္ဈိမကိုပြောသည်။

ယခု ပစ်ခတ်မှုသည် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခြင်း မရှိ ဘဲ ကျေးရွာအတွင်းသို့ အကြောင်းမဲ့ပစ်ခတ်မှုဖြစ်ပြီး ဒေသခံများအား တမင်ရည်ရွယ်၍ ထိခိုက်စေလိုစိတ် မဖြင့် ပစ်ခတ်ခဲ့ခြင်းသာဖြစ်ကြောင်း HRS မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

“အရင်ရက်ပိုင်းမှာ ကျနော်တို့ဘက်က Drone Bombing Attack (ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခြင်း) လုပ် ခဲ့တာရှိပါတယ်။ ဒီနေ့ကတော့ ထိတွေ့တိုက်ပွဲမရှိဘဲ တမင်တကာ ရည်ရွယ်ချက်ရှိရှိကို သထုံ၊ ကြာပန်း ခလရ(၂၄)ကနေ ကျုံမိန်ရွာထဲကို လက်နက်ကြီးနဲ့ပစ်ခဲ့တာပါ။ ဒီစကစတွေက သူတို့ထိရင်လက်နက်မဲ့ ပြည်သူနဲ့ရွာတွေကိုပစ်တော့တာပဲ” ဟု ၎င်းက ပြောသည်။

ကျုံမှိန်ကျေးရွာအတွင်းသို့ လက်နက်ကြီးကျရောက်မှုကြောင့် ဒေသခံများသည် စပါးရိတ်သိမ်းချိန် ဖြစ် သော်လည်း ရွာထဲတွင်မနေရဲတော့ဘဲ ဘေးကင်းရာ နေရာများသို့ ပြောင်းရွှေ့ရန် ပြင်ဆင်နေကြကြောင်း သိရသည်။

“အခုဆို ရွာထဲဘယ်သူမှ မနေရဲတော့ဘူး။ ဘိုးဘွားခေတ်ကတည်းက ထင်ရာကြဲပြီး သူတို့လုပ်ချင်သလို လုပ်နေတာ။ အပြစ်မဲ့ကလေးတွေသေတာမြင်တော့ သူတို့ကို အရင်ကထက်ပိုမုန်းတယ်”ဟု ဒေသခံ တစ်ဦးက သူမ၏ ခံစားချက်ကို ပြောဆိုသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#မွန်ပြည်နယ်
#သထုံမြို့နယ်
#စစ်ကောင်စီတပ်
#လက်နက်ကြီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬5👍3🔥1
လက်နက်နှင့်ဆက်စပ်ပစ္စည်းများ အဆင့်မြှင့်တင်ထုတ်လုပ်လာနိုင်သည့် ယောဧရာ က.ပ.စ အဖွဲ့ (ရုပ်သံ)
=====================

ဂန္ဒမာ

(မဇ္ဈိမ)။ ။တော်လှန်ရေးကာလ နှစ်နှစ်ကြာမြင့်လာတဲ့အခါမှာ ယောဧရာ က.ပ.စ အမှတ်စဥ်(၄) ပြည်သူ့ ကာကွယ်ရေးအဖွဲ့(Y-A-Y) အနေနဲ့ လက်နက်နဲ့ဆက်စပ်ပစ္စည်းတွေကို အဆင့်မြှင့်တင် ထုတ်လုပ်လာနိုင် ပြီလို့ အဖွဲ့ရဲ့ တာဝန်ရှိသူက မဇ္ဈိမကို ပြောပါတယ်။

အခက်အခဲတွေအများကြီးကြားထဲက ရုန်းကန်ပြီးရှေ့ဆက်နေပေမယ့် ထုတ်လုပ်မှုအပိုင်းတွေမှာ ဆက် စပ်ပစ္စည်းတွေကို အဆင့်မြှင့်တင်နိုင်ပြီး ထုတ်ကုန်ပစ္စည်းတွေကိုလည်း စီမံချက်တွေနဲ့ တိတိကျကျ ထုတ် လာနိုင်ပြီလို့ ဆိုပါတယ်။

ထုတ်လုပ်ထားတဲ့ပစ္စည်းတွေကိုလည်း အဆင့်ဆင့် စမ်းသပ်စစ်ဆေးပြီး အောင်မြင်တဲ့ပစ္စည်းတွေကိုမှ ရွေး ချယ်အသုံးပြုတာဖြစ်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ပိုပြီးကောင်းမွန်တဲ့ ထိရောက်တဲ့ အန္တရာယ် ကင်း တဲ့လက်နက်တွေကို ကြိုးစားထုတ်လုပ်သွားရင်း အဆုံးသတ်တိုက်ပွဲမှာ ပြည်သူနဲ့ပူးပေါင်းပြီး ပါဝင်သွား မယ်လို့ ပြောပါတယ်။

ယခုရုပ်သံကို မဇ္ဈိမရဲ့ သတင်းထောက် ဂန္ဒမာက တင်ဆက်ထားပါတယ်။

https://youtu.be/MofQ-AKa3aA

တည်းဖြတ်/တင်ဆက် - ဂန္ဒမာ

#ယောဧရာ
#လက်နက်
#တော်လှန်ရေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
-----------------------------------------
❤11👍5😁5
People take part in a Buddhist ceremony in which an auspicious golden umbrella is placed at the top of a pagoda, donated by Karen state Border Guard Forces chief Saw Chit Thu, at Pyi Thar Lin Aye pagoda in Hlaingbwe township in Karen state on March 5, 2023. (Photo by AFP)
👍2
​​နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၈ မတ် ၂၀၂၃ )
=====================

· မင်းအောင်လှိုင်မှ ၎င်း၏တပ်သားများကို အမိန့်နာခံရန်နှင့် ရဲဝံ့စွာစစ်တိုက်ရန် လိုက်လံပြောဆိုနေရ သည်ကို ကြည့်ခြင်းဖြင့် စစ်ကောင်စီတပ်အတွင်း CDM ပြုခြင်းများနှင့် တပ်မှထွက်ပြေးသူ များပြားပြီး အမိန့်မနာခံမှုများရှိနေကာ စတင်တပ်ပျက်နေသည်ဟု ယူဆရဖွယ်ရှိနေသည်။

#SpringRevolution 
#LatestNews 
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥1😁1
မရွှေမိုး (ကိုရီယား)ရဲ့ လေးညို့သံ − အပိုင်း (၄၃) အတွင်းကြေ
====================

စစ်တပ်ထဲမှာအတွင်းကြေနေပြီ.....
တပ်ထဲက ဗိုလ်မှူးအဆင့်တွေ စားပွဲထိုးဖြစ်နေပြီ...... ဆိုပြီး
မရွှေမိုး ရေးသားထားတဲ့ ဆောင်းပါးကို စာရေးသူ မရွှေမိုး(ကိုရီးယား)က ဖတ်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီအစီစဉ်ကိုတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေ ၆နာရီခွဲတိုင်းမှာ Mizzima TV ကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။

https://youtu.be/n1r52A1IbZk
👍3🤮1
ကြံခင်းမြို့နယ်တွင် စကြဝတေးမင်းကြီးသပိတ်ကော်မတီမှ ၁၄ ကြိမ်မြောက် ဆန္ဒထုတ်ဖော်
❤7🔥1😁1
ကြံခင်းမြို့နယ်တွင် စကြဝတေးမင်းကြီးသပိတ်ကော်မတီမှ ၁၄ ကြိမ်မြောက် ဆန္ဒထုတ်ဖော်
======================

မင်းထက်
မဇ္စျိမ။ ။ဧရာဝတီတိုင်း၊ကြံခင်းမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များပြုလုပ်နေသည့် စကြဝတေးမင်းကြီးသပိတ်ကော်မတီမှ ယနေ့ မတ်လ ၈ ရက်နေ့ ညနေပိုင်းအချိန်တွင် ၎င်းတို့၏ ၁၄ ကြိမ်မြောက်သပိတ်ကို ထပ်မံဆန္ဒထုတ်ဖော်ခဲ့ကြသည်။

စကြဝတေးမင်းကြီးသပိတ်ကောင်မတီအဖွဲ့ဝင်များက"တော်လှန်ကြ၊ ပုန်ကန်ကြ၊ငါတို့တွေ နိုင်ကိုနိုင်ရမည်" စာသားပါ ဘန်နာ(ဗီနိုင်း)အားကိုင်စွဲကာ ကြံခင်းမြို့ပေါ်တနေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးက ပြောသည်။

"ဧရာဝတီပြည်သူတွေ သွေးမအေးဘူးဆိုတာကို ပြည်သူတွေကိုယ်စား ဆန္ဒထုတ်ဖော်တာပါ။ စစ်အာဏာရှင်တွေလုံးဝအုပ်ချုပ်လို့မရဘူးဆိုတာကို ပြသဖို့အတွက်လည်း နောက်ထပ်ဆန္ဒထုတ်ဖော်တာတွေအများကြီး ထပ်လုပ်သွားဖို့ရှိပါတယ်"ဟုဆိုသည်။

စကြဝတေးမင်းကြီးသပိတ်ကော်မတီမှ စစ်အာဏာ ရှင်ဆန့်ကျင်ရေးသပိတ်များကို နေ့စဥ်ပြုလုပ်လာသည့်အတွက် စစ်ကောင်စီတပ်များနှင့် ရဲများက သပိတ်ကော်မတီဝင်များ ၏ သတင်းများအား ကြံခင်းမြို့ပေါ် တွင် လိုက်လံစုံစမ်းနေကြသည်ဟု ဒေသခံများ၏ပြောပြချက်အရသိရသည်။

စာတည်း - မောင်ကြီး

#ဧရာဝတီတိုင်း
#ကြံခင်းမြို့နယ်
#စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်
#စကြဝတေးမင်းကြီးသပိတ်ကော်မတီ
#၁၄ကြိမ်မြောက်သပိတ်
❤9👍6🔥1😁1
​​အာဖဂန်နစ္စတန် ကဘူးလ်မြို့တော်တွင် အီရန်ကုန်သွယ်ရေးစင်တာ ဖွင့်လှစ် 
==========================

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တော်တွင် အီရန်အစိုးရ၏ ပံ့ပိုးမှုဖြင့် ပြပွဲများ အမြဲတမ်းပြုလုပ်ကျင်းပနိုင်မည့် ကုန်သွယ်ရေးစင်တာကြီးတစ်ခုကို တာလီဘန်အကြီးအကဲများနှင့် အီရန်ကိုယ်စားလှယ်အဖွဲ့တို့က မတ်လ ၅ ရက်တွင် ဖွင့်လှစ်လိုက်သည်။
👍3🔥1