Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
🔥1
မတ်လ ၃၀ ရက်နေ့ ညနေပိုင်း ၅ နာရီထိ နောက်ဆုံးရ ငွေဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေး၊ စားအုန်းဆီဈေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥3
​​ဘင်္ဂလားဒေ့ရှ်၏ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေမည့် တီစတာမြစ်စီမံကိန်းဖော်ဆောင်ရေး တရုတ်က တွန်းအားပေးနေ

တရုတ်သည် ရေရှည်တွင် ဘင်္ဂလားဒေ့ရှ်၏ သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ ပျက်စီးစေမည့် တီစတာမြစ်ရေ မျှဝေသုံးစွဲရေးနှင့် မြစ်ဝှမ်းစီမံခန့်ခွဲမှု စီမံကိန်းကို အကောင်အထည်ဖော်ရန် တွန်းအားပေးလျက်ရှိသည်။

http://www.mizzimaburmese.com/article/126306
🔥2👍1
​​အပစ်ရပ် ၇ ဖွဲ့နှင့် အလွတ်သဘောဆွေးနွေးပွဲတွင် စစ်ကောင်စီက ဖွဲ့စည်းပြင်ဆင်ရေးတင်ပြ

မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။အပစ်ရပ် ခုနစ်ဖွဲ့နှင့် စစ်ကောင်စီတို့ ပထမကြိမ် အလွတ်သဘောဆွေးနွေးပွဲတွင် စစ်ကောင်စီဘက်မှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် တင်ပြခဲ့ကြောင်း သိရသည်။

မတ်လ၂၈ ရက်နှင့် ၂၉ ရက်နေ့က နေပြည်တော်၌ပြုလုပ်ခဲ့သည့် စစ်ကောင်စီလက်အောက်ခံ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းကော်မတီနှင့် အပစ်ရပ် တိုင်းရင်းသားလက် နက်ကိုင်ခုနစ်ဖွဲ့တို့ အလွတ်သဘောဆွေးနွေးပွဲတွင် စစ်ကောင်စီဘက်က ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် တင်ပြခဲ့ခြင်းဖြစ်ကြောင်း အပစ်ရပ်ခုနစ်ဖွဲ့ အလွတ်သဘောဆွေးနွေးညှိနှိုင်းရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က မဇ္ဈိမသို့ ပြောသည်။

“၂၀၀၈ အခြေခံဥပဒေနဲ့ပတ်သက်ပြီး တစ်ဖက်က(စစ်ကောင်စီဘက်က)တင်ပြဆွေးနွေးမှုတွေ ရှိတယ်။ အခုနက ကျနော်ပြောတဲ့အတိုင်းပဲ အပြန်အလှန်ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ဖို့ဆိုတာကတော့ ပထမဆုံး ကြိမ်မှာတော့ ကျနော်တို့ လုပ်ဆောင်နိုင်ခြင်းမရှိသေးဘူး။ နှစ်ဖက်စလုံး တင်ပြချက်တွေအပေါ်မှာ သက် ဆိုင်ရာခေါင်းဆောင်တွေဆီကို သယ်ဆောင်သွားပြီးတော့ နောက်လာမယ့်အစည်းအဝေးပွဲမှ အဲဒီအချက် တွေအပေါ်မှာ အပြန်အလှန်ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်နိုင်မယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင်စစ်ကောင်စီဘက်က ဒေသတွင်းတည်ငြိမ်းရေး၊ ရွေးကောက်ပွဲကျင်းပရေး၊ ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးတို့ကို တင်ပြဆွေးနွေးခဲ့သည်ဟု သိရသည်။

တွေ့ဆုံခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်ခုနစ်ဖွဲ့မှာ ရှမ်းပြည်ပြန်လည်ထူထောင်‌ရေးကောင်စီ (RCSS)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ မွန်ပြည်သစ် ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/ KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)တို့ ဖြစ်သည်။

အပစ်ရပ်ခုနစ်ဖွဲ့အနေဖြင့် သက်ဆိုင်သူများအားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှု အခင်းအကျင်းဖြစ်ပေါ် လာရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ဖက်ဒရယ်အခြေခံမူကိစ္စရပ်များ၊ အရပ်သားများကို အကာအကွယ် ပေးရေး၊ လူသားချင်းဆိုင်ရာ အကူအညီများပေးရေး၊ အပစ်ရပ်ခုနစ်ဖွဲ့၏ ဘုံသဘောတူညီချက်များ ဆွေး နွေးရရှိရေးတို့ကို တင်ပြခဲ့သည်ဟု သိရသည်။

စစ်ကောင်စီနှင့် အဆိုပါတိုင်းရင်းသားအဖွဲ့များသည် တဖွဲ့ချင်းစီတွေ့ဆုံခဲ့ရာမှ အဖွဲ့များစုပေါင်း၍ အလွတ် သဘောတွေ့ဆုံမှုများ ပြုလုပ်လာခြင်းဖြစ်သည်။

ယခုဆွေးနွေးပွဲသည် စစ်ကောင်စီကစီစဉ်ထားသည့် အစီစဉ်များအတိုင်း ဆောင်ရွက်ခြင်းမဟုတ်ဘဲ နှစ်ဖက်တင်ပြဆွေးနွေးမှုများ လုပ်နိုင်လာကြောင်း ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောသည်။

အာဏာသိမ်းပြီးနောက် တစ်နှစ်နီးပါအကြာ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်လာခဲ့သော်လည်း သွားရောက် တွေ့ဆုံခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်များ၏ဒေသများတွင် စစ်ကောင်စီသည် အကြမ်းဖက်လုပ်ရပ် များကိုလုပ်ကိုင်နေပြီး တိုက်ပွဲများအတွင်း ဒေသခံပြည်သူများကို သတ်ဖြတ်ခြင်းများပါ ပြုလုပ်နေသည်။

တိုက်ပွဲများဖြစ်ပွားနေမှုအပေါ်တွင် စောကျော်ညွန့်က “ကျနော်တို့ ဆွေးနွေးပွဲတွေလုပ်တဲ့အချိန်မှာ ကိုယ့် ဒေသအတွင်းမှာ ပစ်ခတ်တိုက်ခိုက်မှုတွေမဖြစ်အောင်ကလည်း အဓိကလိုအပ်ချက်တစ်ချက်ဖြစ်ပါတယ်” ဟု မှတ်ချက်ပြုသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#အပစ်ရပ်ခုနစ်ဖွဲ့
#ရွေးကောက်ပွဲ
#ငြိမ်းချမ်းရေးညီလာခံ
#ဖက်ဒရယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8😁4❤1
စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် စလင်းမြို့နယ် ကင်းပွန်းခြုံကျေးရွာတွင် ရွာလုံးကျွတ်ထွက် ပြေးနေရ

စိုင်းခန့်
(မဇ္စျိမ)။ ။မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းရှိ ကင်းပွန်းခြုံကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်း ထိုး၀င်ရောက်ကာ မီးရှို့ဖျက်ဆီးမှုကြောင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံ မှ သိရသည်။
“မတ်လ ၂၈ ရက်နေ့ မနက် ၇ နာရီ ၀န်းကျင်မှာ စကစက အင်အား ၂၀၀ ၀န်းကျင်နဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ထိတွေ့မှုဖြစ်တယ်။ အဲ့ဒီနေ့ မနက် ၉ နာရီလောက်မှာ ရွာ၀င်ပြီးမီးရှို့တာပါ။ တိုက်ပွဲအတွင်း နှစ်ဖက်အထိအခိုက်တော့ မသိရသေးဘူး။ ရှေ့တန်းမှာပဲ အသင့်အနေအထား ရှိနေကြသေးတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
စလင်းမြို့နယ် ကင်းပွန်းခြုံကျေးရွာတွင် နေအိမ် ၁၃၈ လုံးရှိပြီး စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုကြောင့် ၁၂၃ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသည်။
🤬7👍4❤1😁1
“ ၁၅ အိမ်ပဲ ကျန်ခဲ့တယ်။ အဲဒီအိမ်ကလူတွေကလည်း မီးထဲသာ ပါမသွားတာ စစ်ဘေးရှောင်နေရတာပါ ပဲ။ စုစုပေါင်း လူဦးရေ ၅၀၀ နီးပါး စစ်ဘေးရှောင်နေရပါတယ်။ လောလောဆယ်တော့ ရိက္ခာ အဓိကပံ့ပိုးဖို့ စီစဥ်နေပါတယ်” ဟု စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက မဇ္စျိမကို ပြောသည်။
စစ်ဘေးတိမ်းရှောင်နေရသူများထဲတွင် သက်ကြီးရွယ်အို၊ ကိုယ်၀န်ဆောင်မိခင်နှင့် ကလေးငယ်အများစု အပြင် လေဖြတ်ထားသည့်လူနာများလည်းပါ၀င်ပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်နိုင်ရန် စီစဥ် နေကြောင်း သိရသည်။
“ စားသောက်ရေးအတွက် Mission 21 Magway နဲ့ မကွေးနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ပေ့ကနေ အလှူခံနေပါတယ်။ လောလောဆယ်တော့ မင်းဘူးခရိုင် အမှတ် (၁) တပ်ရင်းက စစ်ဘေးရှောင် တွေကို တာ၀န်ယူထားပါတယ်။ အလှူခံလို့ရတဲ့ ငွေတွေကိုလည်း အဲဒီအဖွဲ့ကိုပဲ ပေးအပ်သွားမှာပါ” ဟု ၎င်းက ဆက်ပြောသည်။
လက်ရှိအချိန်တွင် မကွေးတိုင်းအတွင်းရှိ မြို့နယ်အများစု၌ စစ်ကောင်စီတပ်က ကျေးရွာများအတွင်း စစ် ကြောင်းထိုး ၀င်ရောက်မှုများကြောင့် ပြည်သူများစွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#မကွေး
#စလင်းမြို့နယ်
#ကင်းပွန်းခြုံကျေးရွာ
#စစ်ဘေးရှောင်
#ရွာလုံးကျွတ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🤬5❤1😁1
​​ထိုင်ဝမ်နှင့်အတူ ရပ်တည်မည်ဟု အမေရိကန်နိုင်ငံတော်လုံခြုံရေးအကြံပေးဟောင်း ပြောကြား 

အာဏာရှင်များ၏ တိုက်ခိုက်မှုများကို ခုခံကာကွယ်ရာတွင် အမေရိကန်သည် ထိုင်ဝမ်နှင့်အတူ ရပ်တည်သွားမည်ဖြစ်ကြောင်းနှင့် ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် လက်ရှိအနေအထားကို ပြောင်းလဲရန် ရည်ရွယ်ချက်မရှိကြောင်း အမေရိကန် နိုင်ငံတော်လုံခြုံရေးအကြံပေးဟောင်း အိုဘရိုင်ယန်က တိုင်ပေမြို့တွင် မတ်လ ၂၁ ရက်က ပြောကြားလိုက်သည်။
❤5🔥2
​​သုံးခွတွင် လိုင်းကြေးထွက်ကောက်သည့် ရဲ ၂ ဦး ပစ်ခတ်ခံရ၍ သေဆုံး

စိုင်းခန့်
(မဇ္စျိမ)။ ။ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် လိုင်းကြေးထွက်ကောက်သည့် ရဲနှစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာတွင်ပင်သေဆုံးခဲ့ကြောင်း ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF Khayan) တာ၀န်ရှိသူထံမှ သိရသည်။
သုံးခွမြို့နယ် ကတုံးပေါ်ကျေးရွာနှင့် ကုန်းခလာကျေးရွာကြားရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်မှ လိုင်းကြေးကောက်ရန် ဆိုင်ကယ်ဖြင့် ထွက်လာသည့် ရဲတပ်သားနှစ်ဦးကို ယနေ့ မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် PDF Khayan တပ်ဖွဲ့၀င်များက သွားရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
သုံးခွမြို့နယ် ထုံးကြီး၊ ကတုံးပေါ် ၊ ကုန်းခလာ၊ ရေခလာ ပတ်လည် လိုင်းကြေးလိုက်ကောက်သည့် ဆိုင်ကယ်နဲ့ ရဲတပ်သား နှစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။
"ပစ္စည်းတော့ မရလိုက်ပါဘူး၊ ပစ်ခတ်မှုပြုလုပ်ခဲ့တဲ့ နေရာမှာတော့ စစ်ကောင်စီတပ်က စစ်ဆေးမှု လုပ်နေပါတယ်” ဟု PDF Khayan တာ၀န်ရှိသူက မဇ္စျိမကို ပြောသည်။
လိုင်းကြေးထွက်လာသည့် စစ်ကောင်စီတပ်လက်အောက်ခံ ရဲတပ်သား နှစ်ဦးကို ကာကွယ်ရေးတပ်ဖွဲ့က သေနတ်ဖြင့် အချက်ရေ ၂၀ ထက်မနည်း ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။
“ လုပ်ငန်းစဥ်တွေလုပ်တဲ့နေရာမှာ စကစတပ်ရဲ့ အနီးနေထိုင်နေကြရင်တော့ ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ အတူတူပဲလို့ ပြောချင်ပါတယ်။ ဖြစ်နိုင်ရင် စကစတပ်သားတွေနဲ့ အဝေးမှာ နေပေးကြပါ။ NUG ရဲ့ One Year Plan အတိုင်းပဲ လုပ်စရာရှိတာ ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။ သင်္ကြန်မှာလည်း အပျော်မကြူးဘဲ တော်လှန်သင်္ကြန်အနေနဲ့ သွားမယ်ဆို ပိုကောင်းပါလိမ့်မယ်” ဟု PDF Khayan တာ၀န်ရှိသူက ပြည်သူများကို မေတ္တာရပ်ခံသည်။
ရဲနှစ်ဦး ပစ်သတ်ခံရပြီးနောက် လက်ရှိအချိန်အထိ သုံးခွမြို့နယ်နှင့် ခရမ်းမြို့နယ် တစ်၀ိုက်တွင် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ကာ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#သုံးခွမြို့နယ်
#လိုင်းကြေး
#စစ်ကောင်စီတပ်
#လုံခြုံရေး
ပုံစာ-ခရမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤7👍5😁1🥴1
လေကြောင်းမှဗုံးကြဲမှုကြောင့် ရွှေကူမြို့နယ် မံဝိန်းကျေးရွာမှ နေအိမ်အချို့ မီးလောင်

KMN
မဇ္ဈိမ။ ။ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် မံဝိန်းကျေးရွာအား မတ်လ ၃၀ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်မှ စပြီး စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် နေအိမ်နှစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း Shwegu K PDF က သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီစစ်ကြောင်းများဖြစ်သည့် တပ်မ(၈၈)လက်အောက်ခံ ခလရ(၁၀)၊ ခလရ (၇၇)၊ ခလရ (၈၈) တပ်များက မံဝိန်းရွာအတွင်း မီးရှို့ဖျက်ဆီးမှုများပြုလုပ်နေပြီး အခြားအိမ်များသို့ မီးကူးစက်လောင်ကျွမ်း နိုင်ခြေရှိသည့်အတွက် အခြားပျက်စီးဆုံးရှုံးမှုများကို ဆက်လက်ဖော်ပြပေးသွားမည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
🤬6🔥3👍2😁1
“နေ့လည် ၁၂ လောက်မှာ တိုက်လေယာဉ်နှစ်စီးပျံသွားတာတွေ့တယ်။ နိမ့်နိမ့်လေးပဲ။ ကျွန်တော်တို့ရွာ ဘက်တွေလည်း လေယာဉ်ကဝဲနေတာပဲ” ဟု မံဝိန်းကျေးရွာအနီးနေထိုင်သူတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့်ဗုံးကြဲမှုကြောင့် မံဝိန်း-စီမူကြီး ကုန်ထုတ်လမ်းဘေးရှိ လယ်တဲများ မီးလောင်ပျက်စီးသွားပြီး လက်ရှိအချိန်တွင် စစ်ကောင်စီတပ်သည် လေကြောင်းပစ်ကူရယူကာ ဆက် တက်လာပြီး မံဝိန်းကျေးရွာတွင် မီးရှို့ဖျက်ဆီးမှုများပြုလုပ်နေကြောင်း သိရသည်။
Photo - Shwegu K PDF
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ကချင်ပြည်နယ်
#ရွှေကူမြို့နယ်
#မံဝိန်းကျေးရွာ
#လေကြောင်းမှဗုံးကြဲ
#စစ်ကောင်စီတပ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🤬4🔥2😁1