Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ကလောမြို့နယ်မှာ ဘုန်းကြီးပျံပွဲကို အကြောင်းပြုပြီး စစ်ကောင်စီက လောင်းကစားဝိုင်းများ ကျင်းပခွင့်ပြု

ကလောမြို့နယ်၊ ဘော်ဆိုင်းကျေးရွာအုပ်စု၊ ရွှေမြစည်းဆရာတော် ဘုန်းကြီးပျံပွဲကို အကြောင်းပြုပြီး လူစည်ကားစေရန် စစ်ကောင်စီက လောင်းကစားဝိုင်းများ ကျင်းပခွင့်ပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ (၁၈) ရက်တွင် ပျံလွန်တော်မူခဲ့သော သက်တော် (၉၃) နှစ်၊ ဝါတော် (၇၃) ဝါရှိ ရွှေမြစည်းဆရာတော် ဘဒ္ဒန္တဥာဏိက၏ ဘုန်းကြီးပျံပွဲကို ယနေ့ မတ်လ (၃၀) ရက်တွင် ဂူသွင်းသဂြိုဟ်ခဲ့ကြောင်း သိရပြီး ကြားကာလတွင် ရက်ရှည်လောင်းကစားပွဲများ ကျင်းပကာ လူစည်ကားစေရန် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ခဲ့ကြောင်း ဒေသခံများက Mizzima သို့ ပြောသည်။
“နိုင်ငံရေး မကောင်းလို့ စီးပွါးရေး မကောင်းရတဲ့ ကြားထဲ ဆရာတော်ရဲ့ စျာပနကို ရိုးရိုး ကျင်းပလို့ ရရဲ့သားနဲ့။ တိုင်းပြည်က မတရား တည်ငြိမ်စည်ကားနေသယောင်ယောင် လုပ်ပြချင်နေတာ သူတို့က။ လောင်းကစားနဲ့ မျှားရင် ဒီဘက်က လူတွေက အကုန်လာကြတာ၊အခုတော့ ဆိုင်ကယ်တွေပျောက်ကြ၊ လောင်ကစားရှုံးကြလို့ ဆိုင်ကယ်ပေါင်ကြနှံကြနဲ့ အတော်စီးပွါးပျက်ကြတယ်” ဟု ဘော်ဆိုင်းဒေသခံတစ်ဦးက ပြောသည်။
❤2🤬2🥴1
ဘော်ဆိုင်းကျေးရွာအုပ်စုသည် ကလောမြို့နယ်တွင် ပါဝင်ပြီး ဟဲဟိုး၊ ပင်းတယတို့နှင့် နီးစပ်ကာ သတ္တုတွင်းလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး၊သနပ်ဖက်လုပ်ငန်း ကိုလည်း အများစုက လုပ်ကိုင်ကြသည်။ ဓနုတိုင်းရင်းသား အများစုနေထိုင်ကြပြီး၊လမ်းညွှန်ဆိုင်းပုဒ်များကို တရုတ်လိုရေးသားထားရသည်အထိ သတ္တုတူးဖော်သော ကုမ္ပဏီများမှ တရုတ်လူမျိုးများလည်း အများအပြားနေထိုင်ကြသည်။
“ဟဲဟိုးကနေ သွားဆော့ကြတာ၊ တချို့က ဂုံးဂင်း(ခြောက်ကောင်ဂျင်)ရှုံးလို့ ဆိုင်ကယ်ပြန်ပါမလာဘူး။တချို့က ဖုန်းတွေတောင် ပေါင်ခဲ့ကြရတယ်။ အရင်က စစ်အစိုးရခေတ်ကလို မင်းအောင်လှိုင်တို့က ပြန်လုပ်နေတာ၊လောင်ကစားက ရှမ်းပြည်ဘက်က လူတွေ အတော်များများကြိုက်ကြတယ်လေ၊လောင်းကစားဖက်လို့ စီးပွါးပျက်ရင် နိုင်ငံရေးဖက် မလှည့်နိုင်ဘူး မဟုတ်လား” ဟု ဟဲဟိုးဒေသခံတစ်ဦးက ပြောသည်။
ခြောက်ကောင်ဂျင်(ဒေသအခေါ် ဂုံးဂင်း) သည် ရှမ်းပြည်နယ်မှ တိုင်းရင်းသားပေါင်းစုံတို့ က စော်ပွါးများခေတ်ကတည်းက ခေတ်အဆက်ဆက် ဒေသခံအများစုအကြိုက်နှစ်သက်ဆုံးသော လောင်းကစားနည်းတခုဖြစ်သည်။
“ပင်းတယကလည်း ဂုံးဂင်းသွားဆော့ကြတယ်၊သွားသူတိုင်းနီးပါး ရှုံးတာပါပဲ၊ သိတယ်မဟုတ်လား ဒိုင်က ငါးကောင် ထိုးသားက တစ်ကောင်စနစ်လေ၊ ဆိုင်ကယ်တွေ လက်စွပ် ဆွဲကြိုးတွေ ပေါင်ကြ နှံကြနဲ့ စီးပွါးပျက်တာပေါ့၊အခြားလောင်းကစားတွေလည်း အစုံပါတယ်” ဟု ပင်းတယကျေးရွာမှ ရွာခံတစ်ဦးက ပြောသည်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီသည် ရှမ်းပြည်နယ် တောင်ပိုင်း ၊မြောက်ပိုင်း အရှေ့ပိုင်းစသော ရှမ်းပြည်နယ်တခွင်မှ ပွဲတော်များကို လူစည်ကားစေရန်အတွက် နှစ်အတန်ကြာ ပိတ်ပင်ထားသဖြင့် ခိုးကြောင်ခိုးဝှက် ဆော့ကစားရသော ဒေသခံများအကြိုက် လောင်းကစားဝိုင်းများကို အာဏာသိမ်းပြီးနောက်ပိုင်းမှ ပေါ်ပေါ်ထင်ထင် ခွင့်ပြုလာကြောင်း သိရှိရသည်။

ခွန်ရာဇာ (MMTI)
❤4👍2🤬2🥴1
​​ကြားကာလခူမီး(ချင်း)မျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ ပထမညီလာခံ ကျင်းပပြီးစီး

ပါခွီး
မဇ္စျိမ ။။ ကြားကာလခူမီး(ချင်း)မျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီ/ ချင်းလဲန်း ကာကွယ်ရေးတပ်ဖွဲ့(ပလက်ဝ) ၏ ပထမအကြိမ်ညီလာခံကို ကျင်းပပြီးစီးခဲ့ကြောင်း ထုတ်ပြန်သည်။
ညီလာခံကို မတ်လ ၂၂ရက်မှ ၂၄ရက်အထိ ကောင်စီ၏ ထိန်းချုပ်နယ်မြေတစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့မတ်လ ၂၉ရက်နေ့တွင် ကြားကာလခူမီး(ချင်း)မျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီ၊ဗဟိုအလုပ်အမှု ဆောင်ကော်မတီက ထုတ်ပြန်ခြင်းဖြစ်သည်။
ညီလာခံတွင် ကောင်စီ၏ နိုင်ငံရေးအစီရင်ခံစာ ၊ ကော်မတီနှင့် ဌာနများ၏ နှစ်ပတ်လည်အစီရင်ခံများကို တင်သွင်းခဲ့ပြီး ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီဖွဲ့စည်းပုံစည်းမျဉ်း (ဒုတိယမူကြမ်း) ကို ဆွေးနွေးအတည်ပြုခဲ့သည်ဟု သိရသည်။ ထို့အပြင် ကောင်စီ၏ ၂၀၂၃ခုနှစ်အတွင်း ဦးစားပေးဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်အတည်ပြုခြင်းနှင့် ခရိုင်ကောင်စီဥက္ကဌ ၊ ခရိုင်ကောင်စီ အတွင်းရေးမှူးနှင့် ခရိုင်ကောင်စီဘဏ္ဍာရေးမှူး တို့အား ရွေးချယ်အတည်ပြု တာဝန်ပေးအပ်ခဲ့ကြောင်းသိရသည်။
ကြားကာလ ခူမီး(ချင်း)မျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီအနေဖြင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေးနှင့် ဌာနေတိုင်ရင်းသားလူနည်းစုများ၏ အခွင့်အရေးနှင့် နိုင်ငံရေးတန်းတူညီမျှမှုများရရှိရေးအတွက် ရည်ရွယ်ချက်တူအဖွဲ့အစည်းများ ၊ အင်အားစုများနှင့် ဆက်လက်ရပ်တည် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကြားကာလခူမီး(ချင်း)မျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီကို ကြားကာလခူမီး(ချင်း)မျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ (Interim Khumi Affairs Consultative Council) ဟု အမည်ပြောင်းလဲ ခေါ်တွင်သွားရန်
ညီလာခံကဆုံးဖြတ်ခဲ့သည်။
ညီလာခံသို့ ကောင်စီဥက္ကဌ၊ဒုတိယဥက္ကဌများ၊ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ကာကွယ်ရေးကော်မတီ၊အုပ်ချုပ်ရေးကော်မတီ၊ကျန်းမာရေးကော်မတီ၊ပညာရေးဌာန၊ကျန်းမာရေးဌာန၊ ကယ်ဆယ်ရေးဌာန၊ဘဏ္ဍာရေးဌာနနှင့် ရဲလုပ်ငန်းဌာနတို့မှကိုယ်စားလှယ်များနှင့်နယ်မြေကိုယ်စားလှယ်များ စုစုပေါင်း (၅၄) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
စာတည်း - မောင်ကြီး
#ကြားကာလခူမီး(ချင်း)မျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီ
#ပထမအကြိမ်ညီလာခံ
#ကျင်းပပြီးစီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4😁3
​​စစ်ကိုင်း-မုံရွာလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ ကားကို ပဒေသာမိုင်းအလုံး ၃၀ဖြင့် ဖောက်ခွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁၃ ဦးသေဆုံးဟုဆို

MTO၊007
မဇ္ဈိမ။ ။ စစ်ကိုင်း-မုံရွာလမ်းအတိုင်း မောင်းနှင်လာသည့် စစ်ကောင်စီတပ်အင်အား ၄၀ ပါ ကားတစီးကို ပဒေသာမိုင်းအလုံး၃၀ သုံး၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးထိသေဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေမဟာမိတ်တပ်ဖွဲ့များထံမှ သတင်းရရှိသည်။
စစ်ကိုင်းမြို့မှမုံရွာမြို့ဘက်သို့မောင်းနှင်လာသည့် စစ်ကောင်စီ၏ကားတစီးကို ယမန်နေ့မတ် ၂၉ ရက်ည ၉ နာရီ ၄၀ မိနစ်ခန့်တွင် မြင်းမူမြို့နှင့် ဝမ်းပြည့်ကျေးရွာကြားတွင်လည်းကောင်း၊ နောက်ထပ် ၅မိနစ်ခန့်အကြာတွင် ဝမ်းပြည့်နှင့်အလ္လကပ္ပကြားတွင်လည်းကောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း People’s Army To Fight Dictatorship (PAFD)အဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။
“အင်အား ၄၀ လောက်ပါတဲ့ စစ်ခွေးသံပြားကာကားကို ပထမတကြိမ်ခွဲတော့ ကားကခဏရပ်သွားပြီး ကားပေါ်ကနေရမ်းပစ်တယ်။ နောက်ထပ် ထပ်ခွဲတော့ ထိထိမိမိမှန်တယ်။ ရှေ့ဆက်မောင်းလာချိန်မှာ ဝမ်းပြည့် နဲ့ အလ္လကပ္ပကြားမှာ ပဒေသာမိုင်းနဲ့လေးကြိမ်ထပ်ခွဲတာ ထိထိမိမိမှန်ပြီး ၁၃ ကောင်သေတယ်၊ အများအပြား ဒဏ်ရာရတယ်” ဟု ၎င်းကဆိုသည်။
မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရသည့် စစ်ကောင်စီယာဉ်သည် ရှေ့ဆက်မသွားနိင်‌တော့ဘဲ မြိုင်လမ်းခွဲရှိ စစ်ကောင်စီတပ်စခန်းအတွင်းသို့ ကားကို တွန်း၍ ဝင်ရောက်သွားသည်ဟု DK-PDF အဖွဲ့ ကဆိုသည်။ ထို့အပြင် စစ်ကောင်စီတပ်သားများက ပတ်ဝန်းကျင်သို့ ရမ်းသမ်းပစ်ခတ်ဆဲဆိုသွားသည်ဟု သိရသည်။
အဆိုပါတိုက်ခိုက်မှုကို People's Army To Fight Dictatorship(PAFD) တပ်ခွဲ DK PDF-MMU၊ People's Knight Defence Force Myinmu(PKDF MMU) နှင့် (D.B.B.F-MMU) စသည့်မဟာမိတ်တပ်ဖွဲ့များက ပူပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“ပဒေသာမိုင်းဆိုတော့ တပွိုင့်ကို ငါးလုံးနှုန်းနဲ့ ခြောက် ကြိမ်တိုက်ခိုက်ခဲ့တာပါ။ အသေအပျောက်က ဘယ်လို သိရသလဲဆိုရင် မြေပြင်သတင်းပေးတွေရဲ့ သတင်းပေးပို့မှုအရ သိရတာပါ” ဟု DK PDFအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုအသေးစိတ်ကို သီးခြားအတည်ပြုချက်မရသေးပေ။
People's Army To Fight Dictatorship(PAFD) နှင့်မဟာမိတ်တပ်ဖွဲ့များသည် ပြီးခဲ့သည့်မတ်လ ၉ ရက်နေ့ကလည်း မုံရွာမှစစ်ကိုင်းမြို့ဘက်ထွက်ခွာလာသည့် ကြေးနီတင်ဆောင်လာသော စစ်ကောင်စီယာဉ်တန်းကို အလ္လကပ္ပနှင့်ဝမ်းပြည့်ကျေးရွာကြားတွင် အထူးထုတ်မိုင်းဘီလူးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
စာတည်း - မောင်ကြီး
#စစ်ကိုင်း-မုံရွာလမ်း
#ပဒေသာမိုင်း
#စစ်ကောင်စီတပ်ဖွဲ့
#ပြည်သူ့ကာကွယ်ရေမဟာမိတ်တပ်ဖွဲ့များ

မုံရွာ-မန္တလေးလမ်းပိုင်းတွင်တွေ့ရသော စစ်ကောင်စီကားတစီး
(ပုံဟောင်း)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17❤2👏2🤣2🥴1
ကြံခင်းမြို့နယ်တွင် "ပြည်သူရှိလျှင် NLD ပါတီရှိတယ်" စာတန်းကိုင်စွဲ ဆန္ဒပြ

မင်းထက်
(မဇ္စျိမ) ။ ။ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်တွင် ယနေ့ မတ် လ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက စကြဝတေးမင်းကြီး သပိတ်ကော်မတီမှ ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ် ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့ပေါ်တစ်နေရာ၌ "ပြည်သူရှိလျှင် NLD ပါတီရှိတယ်"စာသားပါ ဘန်နာအား စကြဝတေးမင်းကြီး သပိတ်ကော်မတီဝင်များမှ ကိုင်စွဲကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးကပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ အပါအဝင် နိုင်ငံရေးပါတီပေါင်း (၄၀) ကိုဖျက်သိမ်းကြောင်း စစ်ကောင်စီီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က မတ်လ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့မှုနှင့်ပတ်သတ်၍ ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ခြင်းဖြစ်သည်ဟုဆို သည်။
စကြဝတေးမင်းကြီး သပိတ်အဖွဲ့သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စတင်၍ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်များ စတင်ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ် ဖော်မှုသည် အဆိုပါ သပိတ်အဖွဲ့၏ (၃၆) ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှု ဖြစ်သည်။

#ဆန္ဒပြ
#mizzimatv
👍12❤3😁2
ကလေးမြို့ ပင်မသပိတ်ခံတပ် ဖြိုခွင်းခံရခြင်း၂ နှစ်ပြည့် ရက်သတ္တပတ် လူထုဟောပြောပွဲ ဆက်လက်ကျင်းပ
----------------------
ပါခွီး
မဇ္စျိမ ။။ စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်တွင် ကလေးမြို့ပင်မသပိတ် ခံတပ် ပထမအကြိမ် ဖြိုခွင်းခံရခြင်း နှစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လူထုတရားဟောပြောပွဲကို လူထုပင်မသပိတ်အင်အားစုနှင့် ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ကလ .တ.က.သ) တို့က မတ်လ ၃၀ရက် ယနေ့တွင် ဆက်လက်၍ ပူးပေါင်းကျင်းပခဲ့ကြသည်။
ဟောပြောပွဲအခမ်းအနားတွင် သွေးသစ္စာသီချင်း သံပြိုင်သီဆိုခြင်း ၊ Kalay Civil Army -KCA မှ ဦးဇော် ပေးပို့သော ရုပ်သံဖိုင်အား ဖွင့်လှစ်ပြသခြင်းနှင့် တော်လှန်ရေး ရဲဘော်များမှ သပိတ်တရား ဟောပြောခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ကလေးမြို့ပင်မသပိတ်စခန်းတွင် ကျဆုံးခဲ့သည့် ပထမဆုံး အမျိုးသမီး အာဇာနည် “မအားခူ” ၏ အတ္ထုပ္ပတ္တိကို ဖတ်ကြားပြီး ကမ္ဘာမကြေဘူးသီချင်းအား ပြိုင်တူသီဆိုကာ ကျဆုံး အာဇာနည်များအား အောက်မေ့သတိရခြင်း အစီအစဉ်ကို ပြုလုပ်ခဲ့ကြသည်။
👍8❤2😁2🔥1
မတ်လ ၂၇ရက် ၂၀၂၁ခုနှစ်တွင် တည်ဆောက်ခဲ့သည့် ကလေးမြို့ ပင်မသပိတ် ခံတပ်(တာဟန်းခံတပ်) ကို ပထမအကြိမ်ဖြိုခွင်းမှုတွင် လေးဦး နှင့် ဒုတိယအကြိမ် ဖြိုခွင်းမှုတွင် ၁၁ဦး ကျဆုံးခဲ့ပြီး ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရသူနှင့် ဒဏ်ရာရရှိသူများလည်း ရှိခဲ့ကြောင်း သပိတ်ခေါင်းဆောင်တစ်ဦးမှ ပြောဆိုသည်။
အထိမ်းအမှတ် ရက်သတ္တပတ်ကို မတ်လ ၂၇ရက်မှ ဧပြီလ ၄ရက်နေ့အထိ ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်းသိရသည်။ ကလေးမြို့ပင်မသပိတ်သည် ယနေ့အထိ နေ့စဉ်ရက်ဆက်ပျက်ရက်မရှိ စစ်အာဏာရှင်စနစ်ကို သပိတ်မှောက်လျက်ရှိရာ ယနေ့နှင့်ဆိုလျှင် ရက်ပေါင်း ၇၈၂ ရက်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#သပိတ်မှောက်
#ကလေးမြို့နယ်
#ပင်မသပိတ်
#အတ္ထုပ္ပတ္တိ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10❤2🔥1😁1
ယင်းမာပင်မြို့နယ် ဘန်ဘွေး ပျူစောထီးရွာကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

လွှမ်းမိုး
မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မုံရွာ-ယာကြီးလမ်းမအနီးရှိ ဘန်ဘွေး ပျူစေထီးကျေးရွာကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက မတ်လ ၃၀ ရက် နံနက် ၁ နာရီအချိန်မှစတင်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သခင်ဒေါင်းညိုတပ်ဖွဲ့ထံမှ သိရသည်။
“ လက်နက်ကြီးတွေဖြစ်တဲ့ ၄၀ မမ ၊ ၆၀ မမ ၊ ၇၉ လိုမျိုး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီတပ်ဘက်က စက်ကလေး၊ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာမျိုးတွေရှိပါတယ်။ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုကြာချိန် သုံးနာရီလောက်ရှိပါတယ်။ ရန်သူထိခိုက်သေဆုံးမှုကိုတော့ အသေးစိတ်မသိရသေးဘူး”ဟု သခင်ဒေါင်းညိုက ဆိုသည်။
👍14🔥1😁1
အဆိုပါတိုက်ခိုက်မှုကို ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ်(KLG PDF)၊ သခင်ဒေါင်းညို၊ တောမုဆိုး JHRF ၊ ယင်းမာပင်ခရိုင် တပ်ရင်း အမှတ်(၂၉) ၊ ဆရာစံပြည်သူ့ကာကွယ်ရေးတပ်၊ SSTF ၊ SPDF နှင့် ဒေသခံမဟာမိတ်တပ်ဖွဲ့တို့ ပူးပေါင်း၍တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်က ဘန်ဘွေး ပျူစောထီးရွာကို အင်အားထပ်မံတိုးချဲ့ထားပြီး နီးစပ်ရာကျေးရွာများကို မကြာခဏစစ်ကြောင်းထိုးကာ လူနေအိမ်များကိုဖျက်ဆီးခြင်း၊ ပစ္စည်းခိုးယူခြင်းများ ပြုလုပ်လျက်ရှိသည့် အတွက် အကြောက်တရားဖြင့်နေထိုင်နေရကြောင်း ဒေသခံများက ဆိုသည်။
စစ်ကောင်စီတပ်က ဘန်ဘွေးကျေးရွာတွင် တပ်စွဲနေထိုင်နေသည်မှာ နှစ်နှစ်နီးပါးရှိနေပြီး စစ်တပ်ကိုဆန့် ကျင်သည့် ဒေသခံ ၁,၀၀၀ ကျော်ခန့်မှာ စားဝတ်နေရေးအခက်အခဲများနှင့် ရင်ဆိုင်နေရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#ဘန့်ဘွေးကျေးရွာ
#ပျူစောထီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6👏2🔥1😁1
​​ပုလဲ အင်မထီးပျူရွာအနီး တိုက်မိုင်းမိ၍ စစ်သား ၁ ဦးနှင့်ပျူ ၂ ဦးသေဆုံး

လွှမ်းမိုး
မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊အင်မထီးကျေးရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့ ကင်းလှည့်လာစဉ် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ထောင်ထားသည့် တိုက်မိုင်းကိုနင်းမိပြီး စစ်သားတဦးနှင့်ပျူစောထီးနှစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း အမှတ်-၇ ၊ ပုလဲမြို့နယ် အခြေစိုက် ပုလဲတပ်ရင်း-၁ နှင့် Royal Eagle PDF တပ်ဖွဲ့တို့ ပူးပေါင်း၍ မတ်လ ၂၆ ရက် နံနက် ၁၀ နာရီခန့်က တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။ပျူစောထီးနှစ်ဦးနှင့် စစ်သား တဦး သေဆုံးခဲ့သည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း Royal Eagle PDFကဆိုသည်။
“ စစ်သားနဲ့ပျူတွေ မကြာခဏ ထွက်လေ့ ရှိတာကို သတင်းကြားတဲ့အတွက် တိုက်မိုင်းတွေ ထောင်ထားတာ ဖြစ်ပါတယ်။ အတွင်းသတင်းအရ တိုက်မိုင်း တလုံးကွဲတယ်။ ပျူ နှစ်ဦးနဲ့စစ်သားတဦး သေဆုံးတယ်။ စစ်သားခြောက် ဦးဒဏ်ရာ ရရှိခဲ့တယ်” ဟု Royal Eagle PDF မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။
ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အင်မထီးကျေးရွာ အနီးတဝိုက်တွင် ဘန်ကာများအခိုင်အမာ တည်ဆောက်၍ ခံတပ်ကဲ့သို့ ပြင်ဆင်ထားကာ အချိန်ပြည့် ကင်းပတ်နေကြောင်း သိရသည်။ အင်မထီးကျေးရွာသည် စစ်ကောင်စီခြေကုပ်ယူထားသည့် ကျေးရွာဖြစ်ပြီး ပျူစောထီးရွာအဖြစ် နာမည်ကြီးသည်။
စာတည်း - မောင်ကြီး
#ပုလဲမြို့နယ်
#အင်မထီးကျေးရွာ
#တိုက်မိုင်း
#Royal Eagle PDF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14👏2😁1🥴1