Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ပုလဲ အင်မထီးပျူရွာအနီး တိုက်မိုင်းမိ၍ စစ်သား ၁ ဦးနှင့်ပျူ ၂ ဦးသေဆုံး

လွှမ်းမိုး
မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊အင်မထီးကျေးရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့ ကင်းလှည့်လာစဉ် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ထောင်ထားသည့် တိုက်မိုင်းကိုနင်းမိပြီး စစ်သားတဦးနှင့်ပျူစောထီးနှစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း အမှတ်-၇ ၊ ပုလဲမြို့နယ် အခြေစိုက် ပုလဲတပ်ရင်း-၁ နှင့် Royal Eagle PDF တပ်ဖွဲ့တို့ ပူးပေါင်း၍ မတ်လ ၂၆ ရက် နံနက် ၁၀ နာရီခန့်က တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။ပျူစောထီးနှစ်ဦးနှင့် စစ်သား တဦး သေဆုံးခဲ့သည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း Royal Eagle PDFကဆိုသည်။
“ စစ်သားနဲ့ပျူတွေ မကြာခဏ ထွက်လေ့ ရှိတာကို သတင်းကြားတဲ့အတွက် တိုက်မိုင်းတွေ ထောင်ထားတာ ဖြစ်ပါတယ်။ အတွင်းသတင်းအရ တိုက်မိုင်း တလုံးကွဲတယ်။ ပျူ နှစ်ဦးနဲ့စစ်သားတဦး သေဆုံးတယ်။ စစ်သားခြောက် ဦးဒဏ်ရာ ရရှိခဲ့တယ်” ဟု Royal Eagle PDF မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။
ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အင်မထီးကျေးရွာ အနီးတဝိုက်တွင် ဘန်ကာများအခိုင်အမာ တည်ဆောက်၍ ခံတပ်ကဲ့သို့ ပြင်ဆင်ထားကာ အချိန်ပြည့် ကင်းပတ်နေကြောင်း သိရသည်။ အင်မထီးကျေးရွာသည် စစ်ကောင်စီခြေကုပ်ယူထားသည့် ကျေးရွာဖြစ်ပြီး ပျူစောထီးရွာအဖြစ် နာမည်ကြီးသည်။
စာတည်း - မောင်ကြီး
#ပုလဲမြို့နယ်
#အင်မထီးကျေးရွာ
#တိုက်မိုင်း
#Royal Eagle PDF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14👏2😁1🥴1
မတ်လ (၃၀) ရက်၊ ကြာသပတေးနေ့ညနေပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

အပစ်ရပ်အဖွဲ့တွေနဲ့ တွေ့ဆုံဖို့လုပ်နေပြီး ငြိမ်းချမ်းရေးညီလာခံလုပ်ဖို့အတွက် စစ်ကောင်စီကပြင်ဆင်နေတဲ့ သတင်းနဲ့အတူ 
ပြည်သူရှိနေသရွေ့ ပါတီရှိနေမယ်လို့ NLD ပါတီက ပြောလိုက်တဲ့သတင်းအပါအဝင် 
တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့  နိုင်ငံတကာ သတင်းတွေကို နားဆင်ကြရပါမယ်။
အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေနဲ့အတူ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို 
အပတ်စဉ်ထုတ်လွှင့်နေကျဖြစ်တဲ့ ကျန်းမာသုတ လူမှုဘဝ အစီအစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်။ 
နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကို ထုတ်လွှင့်ဖို့ရှိပါတယ်။

https://youtu.be/BC39SB-UfRM
❤6👍1🔥1😁1
​​ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီကို ဖျက်သိမ်းဖယ်ထုတ်သည့် စစ်ကောင်စီ

နေပြည်တော်ရှိ အာဏာသိမ်းစစ်ကောင်စီ စစ်ဗိုလ်ချုပ်ကြီးများသည် ယခုသီတင်းပတ်၏ မတ် ၂၈ ရက်တွင် နိုင်ငံ၏ အဓိကနိုင်ငံရေးပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အား ဖျက်သိမ်းမှုကို ကြီးကြပ်လုပ်ဆောင်စဉ် ၎င်းတို့၏ မျက်နှာများပေါ်တွင် အပြုံးတို့ ရှိနေခဲ့လိမ့်မည်ဟု ခံစားရနိုင်သည်။
👍14😁4❤3🔥2🤮1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် မတ်လ ၃၀ ရက်ထုတ်လွှင့်မှုများ

https://youtu.be/0ZRamMuuJe0
#PVTV
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5🍌2❤1
မတ်လ (၃၁) ရက်၊ သောကြာနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

စစ်ကောင်စီကပါတီဖျက်သိမ်းကြောင်းကြေညာလိုက်တဲ့ ပါတီတွေထဲမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ပါတီ ၁၀ ခုပါဝင်နေတဲ့သတင်းနဲ့အတူ

ပြည်သူ့ရင်ခွင်တံခါး ပိတ်တော့မှာဖြစ်တာကြောင့် တော်လှန်ရေးဘက်ပူးပေါင်းကြဖို့အတွက် စစ်သားနဲ့ရဲတွေကို NUG ဝန်ကြီးချုပ် နောက်ဆုံးအကြိမ်သတိပေးလိုက်တဲ့သတင်းအပါအဝင်

တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းနဲ့ နိုင်ငံတကာ သတင်းတွေကို နားဆင်ကြရပါမယ်။

အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။

နောက်ဆုံးမှာတော့ အပတ်စဉ်ထုတ်လွှင့်နေကျဖြစ်တဲ့ ကျန်းမာသုတ လူမှုဘဝအစီအစဉ်ကို နားဆင်ရမှာပဲဖြစ်ပါတယ်ရှင်။

https://youtu.be/q-tPkAxgMr4
👍9😁2
​​ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံများ၏ တုံ့ပြန်မှုကို တရုတ်က စောင့်ကြည့်နေကြောင်း အမေရိကန် ပြောကြား 

ရုရှား၏ ယူကရိန်းကျူးကျော်စစ်နှင့် ပတ်သက်ပြီး အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံများ၏ တုံ့ပြန်မှုကို တရုတ်က စောင့်ကြည့်နေကြောင်းနှင့် စစ်ပွဲ၏ သက်ရောက်မှုကို အာရှနိုင်ငံများလည်း ခံစားနေရကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က မတ်လ ၂၂ ရက်တွင် လွှတ်တော်အမတ်များအား ပြောကြားလိုက်သည်။
👍8😁1
​​မြန်မာတွင် ရင်းနှီးမြှုပ်နှံရန် တရုတ်လုပ်ငန်းရှင်များကို ဖိတ်ခေါ် 

မြန်မာနိုင်ငံက အထူးစီးပွားရေးဇုန် သုံးရပ်တွင် ရင်းနှီးမြှုပ်နှံရန် စစ်ကောင်စီက တရုတ်လုပ်ငန်းရှင်များကို တိုက်တွန်းလျက်ရှိသည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤣7👍2🤔1
​​ဘင်္ဂလားဒေ့ရှ်တွင် တရုတ်၏ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းအပေါ် ယုံကြည်မှုလျော့နည်းလာ

ဘင်္ဂလားဒေ့ရှ်တွင် တရုတ်၏ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းသည် အများယုံကြည်လက်ခံမှု ဆုံးရှုံးလာကြောင်းနှင့် စီမံကိန်းများနှင့်ပတ်သက်ပြီး အစိုးရက သတိကြီးစွာထားနေရကြောင်း ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာက ပြောခဲ့သည်ဟု epardafas.com သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
👍7😁3❤1
Media is too big
VIEW IN TELEGRAM
တရုတ်ပြည်မှ မွေးမြူရေးငါး တန်ချိန် ၁၀၀ ကျော်ကို မြန်မာပြည်သို့ တင်ပို့

Watch more detail - https://youtu.be/ZKUd4BhoNBo

#Mizzima #shorts #reels #BusinessRoundUp
😁3
Media is too big
VIEW IN TELEGRAM
စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ပင်လောင်းမှာ တစ်လအတွင်း စစ်ရှောင် ၆၀၀၀ အထိ ရှိလာ

Watch more detail - https://youtu.be/ZKUd4BhoNBo

#Mizzima #shorts #reels #BusinessRoundUp
👍4😁2😢2
​​ဟောင်ကောင်တွင် တင်းကျပ်သော စည်းမျဉ်းများထုတ်ပြန်ပြီး ၂ နှစ်အကြာ ပထမအကြိမ် ဆန္ဒပြပွဲပေါ်ပေါက်

ဟောင်ကောင်တွင် ကိုဗစ် - ၁၉ ကန့်သတ်ချက်များကို ရုတ်သိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပတ်ဝန်းကျင်ကိုအနှောက်အယှက်ဖြစ်စေသည့် အဆောက်အအုံများ ပြောင်းရွှေ့တည်ဆောက်ရေး တောင်းဆိုသော တရားဝင်ခွင့်ပြုချက်ရ ဆန္ဒပြပွဲကို မတ် ၂၆ ရက်တွင် ပြုလုပ်ခဲ့ကြောင်း ဟောင်ကောင် အခြေစိုက် The Standard သတင်းစာတွင် ဖော်ပြထားသည်။
👍6🔥1