ကျောက်တော်တွင် စစ်ဘေးရှောင်ဦးရေ ၃,၅၀၀ ခန့်ကို နေရပ်ပြန်ရန်ညွှန်ကြား၊ စခန်း ၃ ခုအား အပြီးဖျက်သိမ်းခိုင်း
မီးမီး
(မဇ္ဈိမ)။ ။ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်း ၁၀ခုမှ စစ်ဘေးရှောင်ဦးရေ ၃,၅၀၀ ခန့်အား စစ်ကောင်စီတပ်က ယမန်နေ့ မတ်လ ၃၀ရက်မှစ၍ နေရပ်ပြန်ခိုင်းထားခြင်းဖြစ်ကာ စစ်ဘေးရှောင်စခန်း သုံးခုအားလည်း အပြီး ဖြိုဖျက်ခိုင်းထားကြောင်း သိရသည်။
စစ်ကောင်စီလက်အောက်ခံ မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ငွေကျပ် ၆၀၀,၀၀၀ ပေးပြီး ချက်ချင်းနေရပ်ပြန်ခိုင်းခြင်းဖြစ်ကြောင်း မဟာမုနိစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်တစ်ဦးက ဆိုသည်။
“မနေ့ကတည်းက ပြန်နေကြတာရှိပါတယ်။ စခန်းတွေကိုလည်း အပြီး ဖြိုခိုင်းထားပါတယ်။ ကျနော်တို့ဆို ထမင်းတောင် မစားရဘဲ အပြီး ပြောင်းကြရတယ်။ ချက်ချင်းဖြို ခိုင်းတာပေါ့။ ပိုက်ဆံပေးပြီးတာနဲ့ အကုန်ပြန်ခိုင်းတယ်။ စခန်းကိုလည်း ဖြိုခိုင်းတာပါ ။ စခန်းက ဒီနေ့ဆို အကုန်အပြီး ဖြိုခဲ့ရမှာပါ ” ဟု ၎င်းက ဆိုသည်။
ထိုသို့ စစ်ကောင်စီတပ်က ဖိအားပေးနေသည့်အတွက် ကျောက်တော်မြို့ရှိ နေပူခံ စစ်ဘေးရှောင်စခန်း၊ သိမ်ပြင်စစ်ဘေးရှောင်စခန်း၊ COC စစ်ဘေးရှောင်စခန်း၊ ရှမ်းရွာစစ်ဘေးရှောင်စခန်း၊ တောင်မင်းကုလားစစ်ဘေးရှောင်စခန်း၊ ကဝိရတနာစစ်ဘေး ရှောင်စခန်း၊ ရထားဘူတာစစ်ဘေးရှောင်စခန်း၊ မဟာမုနိစစ်ဘေးရှောင်စခန်း၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းနှင့် သိမ်ကျောင်းစစ်ဘေးရှောင်စခန်း စုစုပေါင်း စခန်း ၁၀ခုမှ အိမ်ထောင်စု ၆၄၄ စု၊လူဦးရေ ၃,၅၀၀ခန့်မှာ ၎င်းတို့ကျေးရွာများသို့ နေရပ်ပြန်နေကြရသည်ဟု သိရသည်။
ယင်းစခန်းများထဲမှ သိမ်ကျောင်းစစ်ဘေးရှောင်စခန်း၊ ရှမ်းရွာစစ်ဘေးရှောင်စခန်းနှင့် မဟာမုနိစစ်ဘေးရှောင်စခန်း တို့ကို ယနေ့ မတ်လ ၃၁ရက် နောက်ဆုံးထား၍ စစ်ကောင်စီတပ်က အပြီးဖျက်သိမ်းခိုင်းထားခြင်း ဖြစ်သည်ဟု ဆိုသည်။
စစ်ဘေးရှောင်များအနေဖြင့် မိမိနေရပ်ပြန်ရခြင်းမှာ ပြန်ချင်၍ ပြန်ခြင်းမဟုတ်ဘဲ စစ်ကောင်စီတပ်က ဖိအားပေးသည့်အတွက် ပြန်ရခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်များက ဆိုကြသည်။
“သူတို့က အခုပြန်ရင် ပိုက်ဆံရမယ်ပေါ့။ ဖယ်ခိုင်းတဲ့အထိနေရင် ဘာပိုက်ဆံမှ မရဘူး။ အခု ပိုက်ဆံရတုန်းပြန်ကြဆိုတဲ့သဘော ပြောပါတယ်။ နောက်ပြီး သူတို့ ပေးတဲ့ ပိုက်ဆံကလည်း ကျမတို့အတွက် လုံလောက်မှုရှိတဲ့ အနေအထားလည်း မဟုတ်ပါဘူး” ဟု သိမ်ကျောင်းစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်တစ်ဦးက ဆိုသည်။
စစ်ဘေးရှောင်များအနေဖြင့် စစ်ကောင်စီတပ်ကပေးသည့် ယခုငွေ ၆၀၀,၀၀၀ ကျပ်မှာ နေအိမ်ဆောက်လုပ်ရန်အတွက် မလုံမလောက်သည့် အနေအထားဖြစ်ကြောင်းလည်း ဆိုကြသည်။
အဆိုပါထောက်ပံ့ငွေကို စစ်ကောင်စီနှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)တို့က ပူးတွဲ ထောက်ပံ့ခြင်းဖြစ်ပြီး အပြီးဖျက်သိမ်းသည့် စစ်ဘေးရှောင်စခန်း သုံးခုမှ နေရပ်မပြန်လိုသည့် အိမ်ထောင်စု ၂၆ စုအား အနီးရှိ စစ်ဘေးရှောင်စခန်းများတွင် စခန်းပေါင်းထားကြောင်း သိရသည်။
နေရပ်မပြန်လိုသည့် အိမ်ထောင်စု ၂၆ စုမှာ မဟာမုနိစစ်ဘေးရှောင်စခန်းမှ ၁၇ စုနှင့် သိမ်ပြင်စစ်ဘေးရှောင်စခန်းမှ ကိုးစုဖြစ်ကြောင်း သိရသည်။
နေပူခံစစ်ဘေးရှောင်စခန်းမှ စစ်ရှောင်တစ်ဦးက “ကျနော်တို့မှာက နေအိမ်က ပြန်ပြီးတော့ လုပ်ရမယ့်အပိုင်းတွေရှိတယ်။ မနေ့က ငွေခြောက်သိန်းရတယ်။ ဒီငွေတွေက ကျနော်တို့အတွက် လုံလောက်တဲ့အနေအထားလည်း မဟုတ်တော့ ကျနော်တို့မှာ စားဝတ်နေရေးအတွက် အခက်အခဲတွေ များတာပေါ့” ဟု ၎င်းက ဆိုသည်။
ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများမှ အိမ်ထောင်စု ၁,၀၀၀ ကျော်ခန့်သည် နေရပ်ပြန်ရန် စစ်ကောင်စီတပ်ထံတွင် စာရင်းပေးထားခြင်းဖြစ်သော်လည်း စစ်ကောင်စီတပ်အနေဖြင့် ဘတ်ဂျက်လုံလောက်မှုမရှိသည့်အတွက် စာရင်းပေးထားသည့် အထဲမှ အိမ်ထောင်စု ၆၄၄ စုကိုသာ နေရပ်ပြန်ခိုင်းထားခြင်း ဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီတပ်အနေဖြင့် ယခုကဲ့သို့ နေရပ်ပြန်ခိုင်းရာတွင် မိုင်းရှင်းလင်းရေးနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ ပြောဆိုခဲ့ခြင်းမရှိကြောင်းလည်း စခန်းတာဝန်ခံများထံမှ သိရသည်။
နေရပ်ပြန်ကြသည့် စစ်ဘေးရှောင်များအနေဖြင့် တိုက်ပွဲပြန်လည် ဖြစ်ပွားလာမည်ကို စိုးရိမ်မှုများရှိနေကြပြီး စားဝတ်နေရေး အခက်အခဲများကိုလည်း စိုးရိမ်နေကြသည်။
ရခိုင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ခုနှစ်အတွင်း စစ်ဘေးရှောင်ဦးရေ နှစ်သိန်းကျော်ရှိခဲ့ရာ တိုက်ပွဲများမဖြစ်ပွားတော့သည့် ကာလတွင် နေရပ်ပြန်သူများလည်းရှိခဲ့ပြီး ၂၀၂၂ခုနှစ် ဇူလိုင်လအတွင်းမှစ၍ တစ်ကြော့ပြန် တိုက်ပွဲများကြောင့် ထပ်မံတိမ်းရှောင်လာသူများနှင့် ယခင်ရှိပြီးသား စစ်ဘေးရှောင်ဦးရေ ၇၀,၀၀၀ ခန့် ရှိနေကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီက နယ်မြေတည်ငြိမ်အေးချမ်းနေပြီဟုဆိုကာ စခန်းများကို ဖျက်သိမ်းခိုင်းပြီး စစ်ဘေးရှောင် ၅,၀၀၀ ခန့်အား ဇန်နဝါရီလမှ စတင်ကာ ဖိအားပေးပြီး နေရပ်ပြန်ခိုင်းနေသည့်အတွက် စစ်ဘေးရှောင်များအနေဖြင့် ၎င်းတို့နေရပ်သို့ ပြန်နေကြရခြင်းဖြစ်သည်ဟု သိရသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ရခိုင်ပြည်နယ်
#စစ်ဘေးရှောင်
#စစ်ကောင်စီတပ်
---------------------

👍5🤬2🔥1
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🥰2🤮1
တရုတ်က စီးပွားရေးသြဇာလွှမ်းမိုးမှုကို နိုင်ငံရေးလက်နက်အဖြစ် အသုံးချနေသဖြင့် ထိုင်းနှင့် ပါကစ္စတန်ရှိ ဝီဂါဒုက္ခသည်များ ဒုက္ခရောက်နေ
ပါကစ္စတန် အီလက်ထရောနစ်မီဒီယာ စည်းကမ်းထိန်းသိမ်းရေးအာဏာပိုင်အဖွဲ့(PEMRA) သည် အစ္စလာမာဘတ်မြို့တော်၌ ပါတီ၊ အဖွဲ့အစည်း သို့မဟုတ် တစ်ဦးတစ်ယောက်က ဖြစ်စေ ပြုလုပ်သည့် လူစုလူဝေးမှန်သမျှကို တိုက်ရိုက်ထုတ်လွှင့်ခြင်းနှင့် ရိုက်ကူးထုတ်လွှင့်ခြင်းမပြုရန် ရုပ်မြင်သံကြားလိုင်းများကို မတ်လ ၂၇ ရက်က ပိတ်ပင်တားမြစ်ခဲ့ကြောင်း Geo News သတင်းတွင် ဖော်ပြထားသည်။
http://www.mizzimaburmese.com/article/126347

👍3😁3
ပင်လောင်းမြို့နယ် တိုက်ပွဲအတွင်း ကျဆုံးသွားသည့် မိုးဗြဲ PDF ရဲဘော်၏ ဈာပန
ကိုဇာနည်
မဇ္ဈိမ။ ။ ပင်လောင်းမြို့နယ်ဖက်မှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ကရင်နီမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဆက်လက်ပြင်းထန်လျှက်ရှိပြီး မတ်လ ၁၉ ရက်နေ့တွင် စစ်ကောင်စီတပ်ကိုတိုက်ခိုက်ရင်း မိုးဗြဲ PDF ရဲဘော်တစ်ဦးကျဆုံးခဲ့သည်။
အဆိုပါ ကျဆုံးသွားသော မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)၊ (၁၀၀၁)တပ်ရင်း၊ ကျွဲကျိုတပ်ခွဲမှ ရဲဘော် ကိုယ်ပိုင်အမှတ်- ၁၀၀၁၂၆၉ မောင်ဒေါမိနစ် ဖြစ်ပြီး သူ၏ ဈာပနအခမ်းအနားကို ယမန်နေ့ မတ်လ ၃၀ ရက်နေ့တွင် ကောင်းမွန်စွာမြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့သည်ဟု မိုးဗြဲ PDF ဗဟိုသတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။
တိုင်းပြည်အတွက် အသက်စတေးခဲ့သော အာဇာနည်ရဲဘော် မောင်ဒေါမိနစ်အား မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) မှ အလေးနီပြုကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပင်လောင်းမြို့နယ်အတွင်းဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်တပ်ဖက်မှ ထိခိုက်သေဆုံးမှုများပြားသဖြင့် တိုက်လေယာဉ်၊ လက်နက်ကြီးပစ်ကူတို့ဖြင့် ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်လျှက်ရှိပြီး ယခု မတ်လ နောက်ဆုံးပတ်အထိ တိုက်ပွဲဆက်လက်ပြင်းထန်လျှက်ရှိသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ပင်လောင်းမြို့နယ်
#MBPDF
#အာဇာနည်
#PDF
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
ကိုဇာနည်
မဇ္ဈိမ။ ။ ပင်လောင်းမြို့နယ်ဖက်မှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ကရင်နီမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဆက်လက်ပြင်းထန်လျှက်ရှိပြီး မတ်လ ၁၉ ရက်နေ့တွင် စစ်ကောင်စီတပ်ကိုတိုက်ခိုက်ရင်း မိုးဗြဲ PDF ရဲဘော်တစ်ဦးကျဆုံးခဲ့သည်။
အဆိုပါ ကျဆုံးသွားသော မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)၊ (၁၀၀၁)တပ်ရင်း၊ ကျွဲကျိုတပ်ခွဲမှ ရဲဘော် ကိုယ်ပိုင်အမှတ်- ၁၀၀၁၂၆၉ မောင်ဒေါမိနစ် ဖြစ်ပြီး သူ၏ ဈာပနအခမ်းအနားကို ယမန်နေ့ မတ်လ ၃၀ ရက်နေ့တွင် ကောင်းမွန်စွာမြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့သည်ဟု မိုးဗြဲ PDF ဗဟိုသတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။
တိုင်းပြည်အတွက် အသက်စတေးခဲ့သော အာဇာနည်ရဲဘော် မောင်ဒေါမိနစ်အား မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) မှ အလေးနီပြုကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပင်လောင်းမြို့နယ်အတွင်းဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်တပ်ဖက်မှ ထိခိုက်သေဆုံးမှုများပြားသဖြင့် တိုက်လေယာဉ်၊ လက်နက်ကြီးပစ်ကူတို့ဖြင့် ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်လျှက်ရှိပြီး ယခု မတ်လ နောက်ဆုံးပတ်အထိ တိုက်ပွဲဆက်လက်ပြင်းထန်လျှက်ရှိသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ပင်လောင်းမြို့နယ်
#MBPDF
#အာဇာနည်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6😢6🔥2😁1💔1
ထန်တလန်မြို့ ခွါဖိုရွာအား စစ်ကောင်စီလေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုတွင် သေဆုံးသွားသူများကို သင်္ဂြိုဟ်ပြီးစီး၊ ဒဏ်ရာရသူများ ဆေးကုသနေရဆဲဟုဆို
ပါခွီး
မဇ္ဈိမ။ ။ ချင်းပြည်နယ်၊ ထန်တလန်မြို့၊ ခွါဖိုကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် သေဆုံးခဲ့ရသူများအား ယမန်နေ့ မတ်လ ၃၀ရက်တွင် သင်္ဂြိုဟ်ပြီးစီးခဲ့ကြောင်း သိရသည်။
ခွါဖိုကျေးရွာကို မတ်လ ၃၀ရက် နံနက် ၁၀နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ ဂျက်ဖိုက်တာ နှစ်စီးဖြင့် ကိုးကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၁၀နှစ်အောက် ကလေးနှစ်ဦး အပါအဝင် စုစုပေါင်း ရှစ်ဦး သေဆုံးပြီး ၂၀ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“မြေပြင်မှာတိုက်ပွဲမရှိဘူး။အရပ်သားပြည်သူတွေကို တမင်သက်သက်တိုက်ခိုက်တာဖြစ်တယ်။ ကျနော်တို့နဲ့ ဒေသခံပြည်သူလူထုအကြား သွေးကွဲအောင်လုပ်တဲ့ ဖြတ်လေးဖြတ်ထဲက ပေါ်လစီတခုကို သူတို့ရဲ့ ဗျူဟာအဟောင်းကြီးအတိုင်း လုပ်တာဖြစ်တယ်။ အဲလိုလုပ်နိုင်အောင်လည်း ချင်းတောင်ကို စစ်အုပ်ချုပ်ရေးဆိုတာကို ကြေညာထားတာ” ဟု ချင်းအမျိုးသားတပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။
ထန်တလန်မြို့နှင့် ခွါဖိုကျေးရွာတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များ ခြေကုပ်ယူထားခြင်း မရှိသကဲ့သို့ တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိဘဲ စစ်ကောင်စီတပ်ဖွဲ့က အကြောင်းမဲ့ ဗုံးကြဲ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဆလိုင်းထက်နီက ပြောသည်။
ယင်းတိုက်ခိုက်မှုကြောင့် လူသေဆုံးထိခိုက်မှုများရှိခဲ့သည့်အပြင် ဘုရားကျောင်းနှင့် လူနေအိမ် အချို့လည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။ ဒဏ်ရာရသူများကို ဆေးကုသပေးနေဆဲဖြစ်ပြီး အချို့သည်ဒဏ်ရာပြင်းထန်ကြောင်းသတင်းရရှိသည်။
ယခုလုပ်ရပ်သည် စစ်ကောင်စီအနေဖြင့် တိုင်းရင်းသား လူမျိုးများအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူများအပေါ် အကြမ်းဖက်ရန် ဝန်မလေးသူများဖြစ်ကြောင်း ထပ်တလဲလဲဖော်ပြနေခြင်းဖြစ်ပြီး ယင်းကဲ့သို့ လူမဆန်သော လုပ်ရပ်ကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC)က ယနေ့မတ်လ၃၁ရက်တွင် ထုတ်ပြန်သည်။
စစ်ကောင်စီတပ်သည် စစ်ရာဇဝတ်မှုကို ထပ်တလဲလဲ ကျူးလွန်ခြင်းဖြစ်ပြီး ချင်းတမျိုးသားလုံးအနေဖြင့် အကြမ်းဖက်စစ်ကောင်စီအား တခဲနက် ဆက်လက်ဆန့်ကျင် တော်လှန်ကြရန် ICNCCက တိုက်တွန်းထားသည်။ ထို့အပြင်ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် သေဆုံးထိခိုက်ရသူများအတွက် လွန်စွာဝမ်းနည်းကြေကွဲရပြီး လူမဆန်သည့်လုပ်ရပ်ကို အကြိမ်ကြိမ်ကျူးလွန်နေသော စစ်ကောင်စီနှင့် ၎င်း၏ထောက်တိုင်များကို နိုင်ငံတကာနှင့် ပြည်တွင်းရှိ ပြည်သူများအနေဖြင့် ဘုံရန်သူအဖြစ် သတ်မှတ်ပြီး အမြစ်ပြတ်သည်အထိချေမှုန်းကြရန် ICNCCက တိုက်တွန်းထားသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ် ။ ။မောင်ကြီး
#ချင်းပြည်နယ်
#ထန်တလန်မြို့နယ်
#စစ်ကောင်စီတပ်
#လေကြောင်းပစ်ခတ်မှု

👍9😢3🔥2😁1
အစိုးရ အဖွဲ့ဝင်များအား ကုလသမဂ္ဂ၏ အမည်ပျက်စာရင်းမှ ဖယ်ရှားပေးရန် တာလီဘန် တောင်းဆို
တာလီဘန်အစိုးရက ၎င်းတို့၏ အဖွဲ့ဝင်များကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးရန် ကုလသမဂ္ဂအား တိုက်တွန်းခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းသည် ဖိအားများပေးနေမည့်အစား အာဖဂန်နစ္စတန်၏ ယာယီအစိုးရနှင့် ထိတွေ့ဆက်ဆံသင့်ကြောင်း ပြောကြားသည်။
http://www.mizzimaburmese.com/article/126348

👍2😁2