ပင်လောင်းမြို့နယ် တိုက်ပွဲအတွင်း ကျဆုံးသွားသည့် မိုးဗြဲ PDF ရဲဘော်၏ ဈာပန
ကိုဇာနည်
မဇ္ဈိမ။ ။ ပင်လောင်းမြို့နယ်ဖက်မှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ကရင်နီမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဆက်လက်ပြင်းထန်လျှက်ရှိပြီး မတ်လ ၁၉ ရက်နေ့တွင် စစ်ကောင်စီတပ်ကိုတိုက်ခိုက်ရင်း မိုးဗြဲ PDF ရဲဘော်တစ်ဦးကျဆုံးခဲ့သည်။
အဆိုပါ ကျဆုံးသွားသော မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)၊ (၁၀၀၁)တပ်ရင်း၊ ကျွဲကျိုတပ်ခွဲမှ ရဲဘော် ကိုယ်ပိုင်အမှတ်- ၁၀၀၁၂၆၉ မောင်ဒေါမိနစ် ဖြစ်ပြီး သူ၏ ဈာပနအခမ်းအနားကို ယမန်နေ့ မတ်လ ၃၀ ရက်နေ့တွင် ကောင်းမွန်စွာမြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့သည်ဟု မိုးဗြဲ PDF ဗဟိုသတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။
တိုင်းပြည်အတွက် အသက်စတေးခဲ့သော အာဇာနည်ရဲဘော် မောင်ဒေါမိနစ်အား မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) မှ အလေးနီပြုကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပင်လောင်းမြို့နယ်အတွင်းဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်တပ်ဖက်မှ ထိခိုက်သေဆုံးမှုများပြားသဖြင့် တိုက်လေယာဉ်၊ လက်နက်ကြီးပစ်ကူတို့ဖြင့် ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်လျှက်ရှိပြီး ယခု မတ်လ နောက်ဆုံးပတ်အထိ တိုက်ပွဲဆက်လက်ပြင်းထန်လျှက်ရှိသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ပင်လောင်းမြို့နယ်
#MBPDF
#အာဇာနည်
#PDF
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍6😢6🔥2😁1💔1
ထန်တလန်မြို့ ခွါဖိုရွာအား စစ်ကောင်စီလေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုတွင် သေဆုံးသွားသူများကို သင်္ဂြိုဟ်ပြီးစီး၊ ဒဏ်ရာရသူများ ဆေးကုသနေရဆဲဟုဆို
ပါခွီး
မဇ္ဈိမ။ ။ ချင်းပြည်နယ်၊ ထန်တလန်မြို့၊ ခွါဖိုကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် သေဆုံးခဲ့ရသူများအား ယမန်နေ့ မတ်လ ၃၀ရက်တွင် သင်္ဂြိုဟ်ပြီးစီးခဲ့ကြောင်း သိရသည်။
ခွါဖိုကျေးရွာကို မတ်လ ၃၀ရက် နံနက် ၁၀နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ ဂျက်ဖိုက်တာ နှစ်စီးဖြင့် ကိုးကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၁၀နှစ်အောက် ကလေးနှစ်ဦး အပါအဝင် စုစုပေါင်း ရှစ်ဦး သေဆုံးပြီး ၂၀ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“မြေပြင်မှာတိုက်ပွဲမရှိဘူး။အရပ်သားပြည်သူတွေကို တမင်သက်သက်တိုက်ခိုက်တာဖြစ်တယ်။ ကျနော်တို့နဲ့ ဒေသခံပြည်သူလူထုအကြား သွေးကွဲအောင်လုပ်တဲ့ ဖြတ်လေးဖြတ်ထဲက ပေါ်လစီတခုကို သူတို့ရဲ့ ဗျူဟာအဟောင်းကြီးအတိုင်း လုပ်တာဖြစ်တယ်။ အဲလိုလုပ်နိုင်အောင်လည်း ချင်းတောင်ကို စစ်အုပ်ချုပ်ရေးဆိုတာကို ကြေညာထားတာ” ဟု ချင်းအမျိုးသားတပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။
ထန်တလန်မြို့နှင့် ခွါဖိုကျေးရွာတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များ ခြေကုပ်ယူထားခြင်း မရှိသကဲ့သို့ တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိဘဲ စစ်ကောင်စီတပ်ဖွဲ့က အကြောင်းမဲ့ ဗုံးကြဲ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဆလိုင်းထက်နီက ပြောသည်။
ယင်းတိုက်ခိုက်မှုကြောင့် လူသေဆုံးထိခိုက်မှုများရှိခဲ့သည့်အပြင် ဘုရားကျောင်းနှင့် လူနေအိမ် အချို့လည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။ ဒဏ်ရာရသူများကို ဆေးကုသပေးနေဆဲဖြစ်ပြီး အချို့သည်ဒဏ်ရာပြင်းထန်ကြောင်းသတင်းရရှိသည်။
ယခုလုပ်ရပ်သည် စစ်ကောင်စီအနေဖြင့် တိုင်းရင်းသား လူမျိုးများအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူများအပေါ် အကြမ်းဖက်ရန် ဝန်မလေးသူများဖြစ်ကြောင်း ထပ်တလဲလဲဖော်ပြနေခြင်းဖြစ်ပြီး ယင်းကဲ့သို့ လူမဆန်သော လုပ်ရပ်ကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC)က ယနေ့မတ်လ၃၁ရက်တွင် ထုတ်ပြန်သည်။
စစ်ကောင်စီတပ်သည် စစ်ရာဇဝတ်မှုကို ထပ်တလဲလဲ ကျူးလွန်ခြင်းဖြစ်ပြီး ချင်းတမျိုးသားလုံးအနေဖြင့် အကြမ်းဖက်စစ်ကောင်စီအား တခဲနက် ဆက်လက်ဆန့်ကျင် တော်လှန်ကြရန် ICNCCက တိုက်တွန်းထားသည်။ ထို့အပြင်ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် သေဆုံးထိခိုက်ရသူများအတွက် လွန်စွာဝမ်းနည်းကြေကွဲရပြီး လူမဆန်သည့်လုပ်ရပ်ကို အကြိမ်ကြိမ်ကျူးလွန်နေသော စစ်ကောင်စီနှင့် ၎င်း၏ထောက်တိုင်များကို နိုင်ငံတကာနှင့် ပြည်တွင်းရှိ ပြည်သူများအနေဖြင့် ဘုံရန်သူအဖြစ် သတ်မှတ်ပြီး အမြစ်ပြတ်သည်အထိချေမှုန်းကြရန် ICNCCက တိုက်တွန်းထားသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ် ။ ။မောင်ကြီး
#ချင်းပြည်နယ်
#ထန်တလန်မြို့နယ်
#စစ်ကောင်စီတပ်
#လေကြောင်းပစ်ခတ်မှု

👍9😢3🔥2😁1
အစိုးရ အဖွဲ့ဝင်များအား ကုလသမဂ္ဂ၏ အမည်ပျက်စာရင်းမှ ဖယ်ရှားပေးရန် တာလီဘန် တောင်းဆို
တာလီဘန်အစိုးရက ၎င်းတို့၏ အဖွဲ့ဝင်များကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးရန် ကုလသမဂ္ဂအား တိုက်တွန်းခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းသည် ဖိအားများပေးနေမည့်အစား အာဖဂန်နစ္စတန်၏ ယာယီအစိုးရနှင့် ထိတွေ့ဆက်ဆံသင့်ကြောင်း ပြောကြားသည်။
http://www.mizzimaburmese.com/article/126348

👍2😁2
ယင္းမာပင္ၿမိဳ့နယ္ စစ္အာဏာရွင္ဆန႔္က်င္ေရး ဆက္လက္ခ်ီတက္ဆႏၵျပ (ပုံသတင္း )
ကိုခင္ေမာင္
(မဇၩိမ)။ ။စစ္ကိုင္းတိုင္း၊ ယင္းမာပင္ၿမိဳ့နယ္မွ ေရႊႏြယ္ေသြးသပိတ္စစ္ေၾကာင္းသည္ ယမန္ေန႔ မတ္လ ၃၀ ရက္ေန႔တြင္ ဆက္လက္ခ်ီတက္ ဆႏၵျပၾကသည္။
ေရႊႏြယ္ေသြးသပိတ္စစ္ေၾကာင္းသည္ "ေသြးမေအးတဲ့ ေရႊႏြယ္ေသြး"ဘန္နာကို ကိုင္ဆြဲကာ ညေနခင္းဆည္းဆာ စစ္အာဏာရွင္ဆန႔္က်င္ေရး ၆၅၅ ရက္ေျမာက္ေန႔အျဖစ္ ခ်ီတက္ဆႏၵျပၾကျခင္း ျဖစ္သည္။
စာတည္း - သန္႔ေဇာ္(သန္လ်င္)
#mizzimatv
#ေရႊႏြယ္ေသြးသပိတ္စစ္ေၾကာင္း
#ယင္းမာပင္ၿမိဳ့နယ္
---------------------
လြတ္လပ္တဲ့ မီဒီယာအျဖစ္ ရပ္တည္နိုင္ေရး မဇၩိမကို ဝိုင္းဝန္းကူညီေပးဖို့ ဖိတ္ေခၚပါတယ္။ သင္ရဲ့ ကူညီမွုကို ေအာက္ပါလင့္ကို ႏွိပ္ၿပီး လုပ္ေဆာင္နိုင္ပါတယ္။ https://bit.ly/2VhJ12U

🔥3❤2😁1