Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
😢8🔥1
ထန်တလန်မြို့ ခွါဖိုရွာအား စစ်ကောင်စီလေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုတွင် သေဆုံးသွားသူများကို သင်္ဂြိုဟ်ပြီးစီး၊ ဒဏ်ရာရသူများ ‌‌ဆေးကုသနေရဆဲဟုဆို

ပါခွီး

မဇ္ဈိမ။ ။ ချင်းပြည်နယ်၊ ထန်တလန်မြို့၊ ခွါဖိုကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် သေဆုံးခဲ့ရသူများအား ယမန်နေ့ မတ်လ ၃၀ရက်တွင် သင်္ဂြိုဟ်ပြီးစီးခဲ့ကြောင်း သိရသည်။

ခွါဖိုကျေးရွာကို မတ်လ ၃၀ရက် နံနက် ၁၀နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ ဂျက်ဖိုက်တာ နှစ်စီးဖြင့် ကိုးကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၁၀နှစ်အောက် ကလေးနှစ်ဦး အပါအဝင် စုစုပေါင်း ရှစ်ဦး သေဆုံးပြီး ၂၀ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မြေပြင်မှာတိုက်ပွဲမရှိဘူး။အရပ်သားပြည်သူတွေကို တမင်သက်သက်တိုက်ခိုက်တာဖြစ်တယ်။ ကျနော်တို့နဲ့ ဒေသခံပြည်သူလူထုအကြား သွေးကွဲအောင်လုပ်တဲ့ ဖြတ်လေးဖြတ်ထဲက ပေါ်လစီတခုကို သူတို့ရဲ့ ဗျူဟာအဟောင်းကြီးအတိုင်း လုပ်တာဖြစ်တယ်။ အဲလိုလုပ်နိုင်အောင်လည်း ချင်းတောင်ကို စစ်အုပ်ချုပ်ရေးဆိုတာကို ကြေညာထားတာ” ဟု ချင်းအမျိုးသားတပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ထန်တလန်မြို့နှင့် ခွါဖိုကျေးရွာတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များ ခြေကုပ်ယူထားခြင်း မရှိသကဲ့သို့ တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိဘဲ စစ်ကောင်စီတပ်ဖွဲ့က အကြောင်းမဲ့ ဗုံးကြဲ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဆလိုင်းထက်နီက ပြောသည်။

ယင်းတိုက်ခိုက်မှုကြောင့် လူသေဆုံးထိခိုက်မှုများရှိခဲ့သည့်အပြင် ဘုရားကျောင်းနှင့် လူနေအိမ် အချို့လည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။ ဒဏ်ရာရသူများကို ဆေးကုသပေးနေဆဲဖြစ်ပြီး အချို့သည်ဒဏ်ရာပြင်းထန်ကြောင်းသတင်းရရှိသည်။

ယခုလုပ်ရပ်သည် စစ်ကောင်စီအနေဖြင့် တိုင်းရင်းသား လူမျိုးများအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူများအပေါ် အကြမ်းဖက်ရန် ဝန်မလေးသူများဖြစ်ကြောင်း ထပ်တလဲလဲဖော်ပြနေခြင်းဖြစ်ပြီး ယင်းကဲ့သို့ လူမဆန်သော လုပ်ရပ်ကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC)က ယနေ့မတ်လ၃၁ရက်တွင် ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် စစ်ရာဇဝတ်မှုကို ထပ်တလဲလဲ ကျူးလွန်ခြင်းဖြစ်ပြီး ချင်းတမျိုးသားလုံးအနေဖြင့် အကြမ်းဖက်စစ်ကောင်စီအား တခဲနက် ဆက်လက်ဆန့်ကျင် တော်လှန်ကြရန် ICNCCက တိုက်တွန်းထားသည်။ ထို့အပြင်ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် သေဆုံးထိခိုက်ရသူများအတွက် လွန်စွာဝမ်းနည်းကြေကွဲရပြီး လူမဆန်သည့်လုပ်ရပ်ကို အကြိမ်ကြိမ်ကျူးလွန်နေသော စစ်ကောင်စီနှင့် ၎င်း၏ထောက်တိုင်များကို နိုင်ငံတကာနှင့် ပြည်တွင်းရှိ ပြည်သူများအနေဖြင့် ဘုံရန်သူအဖြစ် သတ်မှတ်ပြီး အမြစ်ပြတ်သည်အထိချေမှုန်းကြရန် ICNCCက တိုက်တွန်းထားသည်။

စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ် ။ ။မောင်ကြီး

#ချင်းပြည်နယ်
#ထန်တလန်မြို့နယ်
#စစ်ကောင်စီတပ်
#လေကြောင်းပစ်ခတ်မှု

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😢3🔥2😁1
အစိုးရ အဖွဲ့ဝင်များအား ကုလသမဂ္ဂ၏ အမည်ပျက်စာရင်းမှ ဖယ်ရှားပေးရန် တာလီဘန် တောင်းဆို 

တာလီဘန်အစိုးရက ၎င်းတို့၏ အဖွဲ့ဝင်များကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးရန် ကုလသမဂ္ဂအား တိုက်တွန်းခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းသည် ဖိအားများပေးနေမည့်အစား အာဖဂန်နစ္စတန်၏ ယာယီအစိုးရနှင့် ထိတွေ့ဆက်ဆံသင့်ကြောင်း ပြောကြားသည်။

http://www.mizzimaburmese.com/article/126348
👍2😁2
ယင္းမာပင္ၿမိဳ့နယ္ စစ္အာဏာရွင္ဆန႔္က်င္ေရး ဆက္လက္ခ်ီတက္ဆႏၵျပ (ပုံသတင္း )

ကိုခင္ေမာင္

(မဇၩိမ)။ ။စစ္ကိုင္းတိုင္း၊ ယင္းမာပင္ၿမိဳ့နယ္မွ ေရႊႏြယ္ေသြးသပိတ္စစ္ေၾကာင္းသည္ ယမန္ေန႔ မတ္လ ၃၀ ရက္ေန႔တြင္ ဆက္လက္ခ်ီတက္ ဆႏၵျပၾကသည္။

ေရႊႏြယ္ေသြးသပိတ္စစ္ေၾကာင္းသည္ "ေသြးမေအးတဲ့ ေရႊႏြယ္ေသြး"ဘန္နာကို ကိုင္ဆြဲကာ ညေနခင္းဆည္းဆာ စစ္အာဏာရွင္ဆန႔္က်င္ေရး ၆၅၅ ရက္ေျမာက္ေန႔အျဖစ္ ခ်ီတက္ဆႏၵျပၾကျခင္း ျဖစ္သည္။

စာတည္း - သန္႔ေဇာ္(သန္လ်င္)

#mizzimatv
#ေရႊႏြယ္ေသြးသပိတ္စစ္ေၾကာင္း
#ယင္းမာပင္ၿမိဳ့နယ္

---------------------
လြတ္လပ္တဲ့ မီဒီယာအျဖစ္ ရပ္တည္နိုင္ေရး မဇၩိမကို ဝိုင္းဝန္းကူညီေပးဖို့ ဖိတ္ေခၚပါတယ္။ သင္ရဲ့ ကူညီမွုကို ေအာက္ပါလင့္ကို ႏွိပ္ၿပီး လုပ္ေဆာင္နိုင္ပါတယ္။ https://bit.ly/2VhJ12U
🔥3❤2😁1
🔥1🍌1
NLDပါတီလွှတ်တော်အမတ် ဒေါ်သက်ထားနှောင်းကို စစ်ကောင်စီက ထောင်ဒဏ် ၁၁ နှစ်ချ

အဂမ်

မဇ္ဈိမ။ ။မိုးညှင်းမြို့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်းကို စစ်ကောင်စီက မတ်လ ၃၀ ရက်နေ့တွင်ထောင်ဒဏ် ၁၁ နှစ် ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

ဒေါ်သက်ထားနှောင်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)ဖြင့် ထောင်ဒဏ် ၁၁ နှစ် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း မိုးညှင်းမြို့နယ် NLD ပါတီပြန်ကြားရေးအဖွဲ့နှင့် နီးစပ်သူများက မဇ္ဈိမကို ပြောသည်။

“ မြစ်ကြီးနားထောင်မှာပဲ။ ၅၀ (ည) အတွက် ထပ်တိုးတရားစွဲပြီး အမိန့်ချလိုက်တယ်လို့ပဲ သိထားရသေးတယ်။ ၅၀၅ (ခ) နဲ့တရားစွဲထားက ပြစ်ဒဏ်ပြည့်နေပြီကို မလွှတ်ဘဲ ပုဒ်မပြန်တပ်တရားစွဲတာ”ဟု မိုးညှင်းမြို့နယ် NLDပါတီပြန်ကြားရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်

ဒေါ်သက်ထားနှောင်းသည် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မိုးညှင်းမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သူ ဖြစ်သည်။ စစ်တပ်က နိုင်ငံတော်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်မှ ရွေးကောက်ပွဲအနိုင်ရလွှတ်တော်ကိုယ်စားလှယ်များက ဖွဲ့စည်းခဲ့သော ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တွင် ဒေါ်သက်ထားနှောင်းက အသိအမှတ်ပြု လက်မှတ်ရေးထိုးခဲ့သည်ဟုဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ခြင်းဖြစ် သည်။

ကချင်ပြည်နယ် နန်းမားမြို့၊ အောင်မင်္ဂလာရပ်ကွက်နေအိမ်မှ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့တွင် ဖမ်းဆီးသွားခြင်းဖြစ်ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုခဲ့ကြောင်း သိရသည်။ထိုအမှုအတွက် ၂၀၂၂ ခုနှစ် မေလ ၂၆ ရက်နေ့တွင် ထောင်ဒဏ် တစ်နှစ်ချမှတ်ခံရပြီးနောက်
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)ဖြင့် စစ်ကောင်စီကထပ်မံ တရားစွဲဆိုခဲ့ခြင်းဟု သိရသည်။

ဒေါ်သက်ထားနှောင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကချင်ပြည်နယ် NLD ပါတီဝင်များ ဖြစ်ကြသည့် ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုး၊ မိုးညှင်းမြို့နယ် NLD ပါတီဝင် ဒေါ်ခင်ခင်စိန်တို့နှင့် မိသားစုဝင်များဖြစ်ပြီး သုံးဦးစလုံးသည် ၂၀၂၁ ဩဂုတ်လတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။

ဦးတင့်စိုးနှင့်ဒေါ်ခင်ခင်စိန်တို့ကိုလည်း စစ်ကောင်စီက ထောင်ဒဏ်များချမှတ်ခဲ့ပြီး ယခုအခါ နှစ်ဦးစလုံး ပြန်လည်လွတ်မြောက်နေပြီဖြစ်ကြောင်း သိရသည်။ ဒေါ်သက်ထားနှောင်းကိုမူ စစ်ကောင်စီက ပုဒ်မထပ်တိုးပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်း ဖြစ်သည်။

၎င်းတို့ သုံးဦး၏ဖခင် အသက် ၈၉ နှစ်အရွယ် ဦးဖေစိန်သည် ၁၉၉၀ ခုနှစ်ဝန်းကျင်က ကချင်ပြည်နယ် NLD ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး စစ်အစိုးရ အဆက်ဆက်က အကြိမ်ကြိမ် ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရသူ ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် နိုင်ငံတော်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ဖေ‌ဖော်ဝါရီ ၁ရက်မှ ၂၀၂၃ ခုနှစ် မတ်လ ၂၉ရက်အထိ NLD ပါတီဝင် ၁,၂၃၅ ဦးကိုဖမ်းဆီးထားကာ ပါတီဝင်၂၆ ဦးသည် စစ်ကြောရေးစခန်းများနှင့် ထောင်တွင်းတွင် ကျဆုံးခဲ့ရပြီး အကြောင်းမဲ့သတ်ဖြတ်ခံရသူ ၆၃ ဦး ရှိသည်ဟု NLDပါတီဗဟိုအလုပ်ကော်မတီက မတ်လ ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။

ထို့အပြင် လွှတ်တော်ကိုယ်စားလှယ် ၂၀၆ ဦး အပါအဝင် ပါတီဝင် ၃၇၁ ဦးတို့၏ နေအိမ်ပိုင်ဆိုင်မှုများကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းထားပြီး ၄၇ ဦး၏ နေအိမ်များကိုလည်း ဝရမ်းကပ်ထားကြောင်း NLDက သတင်းထုတ်ပြန်ထားသည်။

စာတည်း - မောင်ကြီး
စာမူတည်းဖြတ် - သန့်ဇော်(သန်လျင်)

#မိုးညှင်းမြို့
#အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
#ဒေါ်သက်ထားနှောင်း
#ထောင်ဒဏ်ချမှတ်

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🤬5❤2
👍8👏2🥱2😁1