Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​မတူပီ‌တိုက်ပွဲအတွင်း ပြင်းထန်ဒဏ်ရာရသော ချင်းကာကွယ်ရေးရဲဘော် ဆေးကုသရန် အရေးပေါ်အကူအညီလိုအပ်နေ

ကိုခင်မောင်

မဇ္ဈိမ။ ။ မတူပီမြို့နယ်တိုက်ပွဲအတွင်း ပြင်းထန်စွာဒဏ်ရာရသွားသော ချင်းပြည်သူ့ကာကွယ်ရေးရဲဘော်တဦးအား ဆေးကုသနိုင်ရန် အရေးပေါ်အကူအညီလိုအပ်နေပြီး ပြည်တွင်း၊ပြည်ပရှိပြည်သူများမှ ပံ့ပိုးကူညီပေးပါရန် Chinland Defense Force Matupi( CDF-Matupi)က မေတ္တာရပ်ခံတောင်းဆိုထားသည်။

အသက်၂၄နှစ်အရွယ်ရှိ ချင်းပြည်သူ့ကာကွယ်ရေး ရဲဘော်တဦးသည် မတ်လ ၂၀ရက်နေ့က မတူပီ - ပလက်ဝလမ်းပေါ်ရှိ ၉ မိုင်တွင်ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း မိုင်းထိကာ ဒဏ်ရာရခြင်းဟုသိရသည်။ ယင်းရဲဘော်၏ ခန္တာကိုယ်ညာဘက်ခြမ်းတွင် ကြီးမားသည့် ဒဏ်ရာရသွားကြောင်း CDF-Matupi ထောက်ပို့တပ်သားတဦးကပြောသည်။

" စစ်ကောင်စီက လမ်းမမှာ ထောင်ထားတဲ့ မြေမြုပ်မိုင်းကြောင့်ပါ။တိုက်ပွဲပြီး အဲ့ဒီနေရာကို ကွင်းဆင်းတဲ့အချိန်မှာ ဖြစ်သွားတာပါ။မတူပီမှာ အခုတိုက်ပွဲလည်း တောက်လျှောက်ဖြစ်လာတော့ ငွေရေးကြေးရေးက အရမ်းကိုခက်ခဲပါတယ်။
လောလောဆယ်တော့ ပိုက်ဆံက သူများဆီ ခဏငှားပြီးတော့ ကုသနေတာပါ" ဟု CDF-Matupiသတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

လက်ရှိတွင် အဆိုပါရဲဘော်၏ ဒဏ်ရာပြင်းထန်မှုနှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် လွတ်မြောက်ဒေသဆေးရုံကြီးများသို့ ပို့ဆောင်ကုသရန် အခက်အခဲကြုံတွေ့နေရသည်ဟု CDF-Matupiကထုတ်ပြန်ထားသည်။ဒဏ်ရာရရဲဘော်သည် အနီးစပ်ဆုံး ဆေးခန်းတွင်သာ ဆေးကုသမှု ခံယူနေရပြီး ရဲဘော်၏လိုအပ်သော ဆေးဝါးစရိတ်များအတွက်သော်လည်ကောင်း၊ပို့ဆောင်ရေးအတွက်သော်လည်းကောင်း မိဘပြည်သူများအနေဖြင့် ဝိုင်းဝန်ကူညီပေးကြပါရန် CDF-Matupiက မတ်လ ၃၀ရက်နေ့က ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။

“သူ့ကို ပြည်တွင်းမှာပဲ ဖြစ်သလို ဆေးကုသမှုပေးနေတယ်။ အခုက ချင်းတောင်မှာပဲဆိုတော့ မီဇိုရမ်ဘက်ကို သယ်ဖို့ဆိုရင်လည်း ဆိုင်ကယ်နဲ့ဆိုလည်း မဖြစ်နိုင်ဘူး။ ကားဆိုရင်လည်း ကားကမရှိဘူး။ အခက်အခဲဖြစ်နေတယ်" ဟု CDF-Matupi ထောက်ပို့တပ်သားက မဇ္ဈိမကို ပြောသည်။

မတူပီမြို့နယ်တွင် မတ်လ ၂၀ရက်မှ စ၍ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။မတူပီ - ပလက်ဝလမ်းရှိ ထယ်ဘွေးတပ်စခန်းသို့ ရိက္ခာပို့လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို ချင်းအမျိုးသားတပ်မတော်(CNA)နှင့် CDF-မတူပီက မတ်လ ၂၀ရက်တွင် စတင်တိုက်ခိုက်ခဲ့သည်။ ယင်းနောက်ပိုင်းတိုက်ပွဲများ ဆက်တိုက်ဖြစ်နေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု အများအပြားရှိနေကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် မတူပီဒေသ၌ အင်အားဖြည့်တင်းမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။

စာတည်း - မောင်ကြီး

#မတူပီမြို့နယ်
#ချင်းကာကွယ်ရေးရဲဘော်
#အရေးပေါ်အကူအညီလိုအပ်
#Chinland Defense Force Matupi

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😢8❤1🔥1😁1
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

Project DragonFly ရန်ပုံငွေတွေကို လေကြောင်း ကာကွယ်ရေးအတွက်အဓိကလျာထားသုံးစွဲနေတယ်လို့ NUG ကထုတ်ပြန်လိုက်တဲ့သတင်းနဲ့အတူ နွေဦးတော်လှန်ရေးဟာ အုပ်စုအကျိုးစီးပွားအတွက် ဖြစ်ပေါ်လာတဲ့ တော်လှန်ရေး မဟုတ်ဘူးဆိုတာကို ပြတ်ပြတ်သားသား နားလည်ထားကြဖို့လိုအပ်တယ်လို့ NUG ယာယီသမ္မတကြီးကပြောလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့နိုင်ငံတကာသတင်းတွေကို နားဆင်ရပါမယ်။

အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။

https://youtu.be/2P5fwS6EI7w
👍8🤮1
ကျွဲကောသီးရဲ့အကျိုးကျေးဇူးများ

-ကျွဲကောသီးက သင့်ကျန်းမာရေးအတွက် ဘာတွေအကျိုးပြုမလဲ ?

-ကျွဲကောသီးမှာ ပါဝင်တဲ့ အစွမ်းသတ္တိတွေက ဘာတွေလဲ ?

-ကျွဲကောသီးမှာရှိတဲ့ လျှို့ဝှက်ချက် အကျိုးအာနိသင်တွေက ဘာတွေလဲ ?

အစရှိတဲ့ အကြောင်းအရာတွေကို ဒီအစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပါ

https://youtu.be/_gW1POdGFzw
👍1🤮1
မဏိပူရတွင် စစ်ဘေးရှောင်စခန်းဖွင့်လှစ်ရန် ဒေသအာဏာပိုင်များ ကွင်းဆင်း စစ်ဆေး
----------------
ပါခွီး
(မဇ္စျိမ) ။။ အိန္ဒိယနိုင်ငံ ၊ မဏိပူရပြည်နယ်အတွင်း မြန်မာစစ်ဘေးရှောင်စခန်း ဖွင့်လှစ်ရန်အတွက် မဏိပူ ပြည်နယ်ဝန်ကြီးသုံးဦးနှင့်အတူ ဌာနဆိုင်ရာဝန်ထမ်း အကြီးအကဲများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မြန်မာစစ်ဘေးရှောင်များ၏ အရေးကိစ္စများဆောင်ရွက်ပေးရန် ဖွဲ့စည်းခဲ့သော ကော်မတီဥက္ကဋ္ဌဖြစ်သူ ဝန်ကြီးဦးလက်ပေါင်(ဟောင်ကစ်)နှင့်အဖွဲ့ သည် မဏိပူရပြည်နယ် ချန်ဒယ်ခရိုင်အတွင်းရှိ ကျေးရွာကို မတ်လ ၂၉ ရက်နေ့က လာရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
“အကူအညီပေးဘို့လာတာပါ မကြောက်ကြပါနဲ့ ၊ နေထိုင်စားသောက်ရေး ၊ ကျန်းမာရေးနဲ့ ရေမီးကအစ အဆင်ပြေအောင် တာဝန်ယူပေးမယ်လို့ ပြောခဲ့တယ်” ဟု စစ်ဘေးရှောင် ခေါင်းဆောင်တစ်ဦးက မဇ္စျိမကို ပြောသည်။
👍6🔥1
ဝန်ကြီးနှင့်အဖွဲ့သည် စစ်ဘေးရှောင်များကို ခေတ္တခဏ တွေ့ဆုံကာ စခန်း တည်ဆောက်မည့်နေရာသို့ ဒေသတွင်း တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုခဲ့ကြောင်း ဆိုသည်။
ချန်ဒယ်ခရိုင်အတွင်းရှိ ပြန့်ကျဲနေထိုင်နေသော မြန်မာစစ်ဘေးရှောင်များကို နေရာ သုံးနေရာတွင် စုစည်းလျက် စခန်းများတည်ဆောက်ပေးသွားမည်ဖြစ် ကြောင်းသိရသည်။
စစ်ဘေးရှောင်များကို ယင်းသို့အကူအညီများပေး၍ နေရာများတွင် စုစည်း နေထိုင်စေခြင်းအားဖြင့် အစားအသောက်၊ အနေထိုင်နှင့် လုံခြုံရေးကိစ္စများတွင် အဆင်ပြေသော်လည်း အချုပ်အနှောင်သဘောမျိုးဖြင့် သွားရေးလာရေးများတွင် ကန့်သတ်ခံရမည်ကို စိုးရိမ်နေကြသည်။
သို့သော် ၎င်းတို့ဒေသတခုတွင်သာမက မြန်မာပြည်နှင့်ဆက်စပ်လျက်ရှိသည့် ခရိုင် ငါးခုတွင် စစ်ဘေးရှောင်စခန်းများ ဖွင့်လှစ်ရန်ရည်ရွယ်သဖြင့် ဖြစ်ပေါ်လာသည့် အခြေအနေများပေါ်မူတည်၍ လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း စစ်ရှောင်များက ဆိုသည်။
ယခု ဝန်ကြီး ကွင်းဆင်းစစ်ဆေးသည့် ချန်ဒယ်ခရိုင်အတွင်းတွင် မြန်မာစစ်ဘေးရှောင် ၅,၀၀၀ ဝန်းကျင်ခန့်ရှိကာ ထပ်ပြီး လူဦးရေ တဖြည်းဖြည်း များပြားလာနေကြောင်းလည်း သိရသည်။
မတ်လ ၂၆ ရက် နံနက်ပိုင်းကလည်း မဏိပူရပြည်နယ် တင်နိုင်ပယ်ခရိုင် ၊ မိုးရေးမြို့ နယ်ခွဲအတွင်း ဝန်ကြီး ဦးလက်ပေါင်(ဟောင်ကစ်) ဦးစီးသော အဖွဲ့ဝင်များသည် မြန်မာ စစ်ဘေးရှောင်များ၊ စစ်ရှောင် ဦးဆောင်သူများနှင့်တွေဆုံခဲ့ပြီး စစ်ဘေးရှောင်စခန်းဖွင့်လှစ်ရေးနှင့် အကူအညီပေးရေးများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
#မဏိပူရပြည်နယ်
#စစ်ရှောင်စခန်းဖွင့်
#mizzimatv
----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥1
ယင်းမာပင်မြို့နယ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက်ချီတက်ဆန္ဒပြ

ကိုခင်မောင်
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှ ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် ယနေ့ မတ်လ ၃၁ ရက်နေ့တွင် ဆက်လက်ချီတက် ဆန္ဒပြကြသည်။
ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် တောင်သူလုပ်ငန်းခွင် တစ်နေရာတွင် "သွေးမအေးတဲ့ ရွှေနွယ်သွေး"ဘန်နာကို ကိုင်ဆွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ၆၅၆ ရက်မြောက်နေ့အဖြစ် ချီတက်ဆန္ဒပြကြခြင်း ဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzimatv
#ရွှေနွယ်သွေး
#သပိတ်စစ်ကြောင်း
#တောင်သူလုပ်ငန်းခွင်
#ယင်းမာပင်မြို့နယ်
----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1😁1
​​ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင်က နိုင်ငံတော်သစ္စာဖောက်မှု ပြစ်ဒဏ်အတွက် အယူခံဝင် 

ကာလရှည် အုပ်ချုပ်နေသော ဝန်ကြီးချုပ် ဟွန်ဆန်အစိုးရအား ဖြုတ်ချရန် ကြိုးစားမှုအတွက် နိုင်ငံတော်သစ္စာဖောက်မှုဖြင့် ပြစ်ဒဏ်စီရင်ခံရသော ထိပ်တန်းကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင်သည် အယူခံဝင်ထားကြောင်း ၎င်း၏ ရှေ့နေဖြစ်သူက ပြောပြီး ပြစ်ဒဏ်သည် “တရားမျှတမှု မရှိ” ဟု ဝေဖန်အပြစ်ဆိုသည်။
----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6😁1
ကြံခင်းမြို့နယ်တွင် "NUG အစိုးရ ဒို့အစိုးရ ၊ PDF တွေအောင်မြင်ပါစေ ၊ EAO တွေအောင်မြင်ပါစေ"စာတန်းကိုင်စွဲ ဆန္ဒပြ

မင်းထက်
မဇ္စျိမ။ ။ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်တွင် ယနေ့ မတ် လ ၃၁ ရက်နေ့ မွန်းလွဲပိုင်းအချိန်က စကြဝတေးမင်းကြီး သပိတ်ကော်မတီမှဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြောင်းသိရသည်။
ကြံခင်းမြို့ပေါ်တစ်နေရာ၌ "NUG အစိုးရ ဒို့အစိုးရ ၊ PDF တွေအောင်မြင်ပါစေ ၊ EAO တွေအောင်မြင်ပါစေ"စာသားပါ ဘန်နာအား စကြဝတေးမင်းကြီး သပိတ်ကော်မတီဝင်များမှကိုင်စွဲကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးကပြောသည်။
စကြဝတေးမင်းကြီး သပိတ်အဖွဲ့သည် ၂၀၂၃ ခုနှစ် ဇန်န ဝါရီလမှ စတင်၍ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်များ စတင်ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ် ဖော်မှုသည် အဆိုပါ သပိတ်အဖွဲ့၏ (၃၇) ကြိမ်မြောက်ဆန္ဒထုတ်ဖော်မှုဖြစ်သည်။

#ဆန္ဒပြ
#mizzima
👍6❤5😁2
​​တာလီဘန်အုပ်ချုပ်ရေးအောက်တွင် နေထိုင်ကြရသည့် အာဖဂန်ပြည်သူများ၏အခြေအနေ စိုးရိမ်စရာဖြစ်လာ

တင်းကျပ်သည့် တာလီဘန်အုပ်ချုပ်ရေးအောက်တွင် နေထိုင်နေရသော အာဖဂန်နစ္စတန်ပြည်သူ အများအပြားသည် အလွန်ဆိုးဝါးသော အခြေအနေများတွင် နေထိုင်နေကြရပြီး အများအပြားမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ကြုံတွေ့နေရကာ နေ့စဉ်အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းရန် နိုင်ငံအတွင်း တောင်းရမ်းစားသောက်နေကြရသည်။
😢5👍1🔥1👏1
​​တရုတ်တွင် သူလျှိုလုပ်မှုဖြင့် ဖမ်းဆီးခံထားရသူကို ပြန်လွှတ်ပေးရန် ဂျပန်အစိုးရ တောင်းဆို 

တရုတ်နိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဂျပန်နိုင်ငံသားကို အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် ကောင်စစ်ဝန်အရာရှိများနှင့် စကားပြောဆိုခွင့်ပြုရန် ဂျပန်အစိုးရက တောင်းဆိုထားကြောင်း Kyodo News တွင် ဖော်ပြထားသည်။
👍6🔥1