Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ကျွဲကောသီးရဲ့အကျိုးကျေးဇူးများ

-ကျွဲကောသီးက သင့်ကျန်းမာရေးအတွက် ဘာတွေအကျိုးပြုမလဲ ?

-ကျွဲကောသီးမှာ ပါဝင်တဲ့ အစွမ်းသတ္တိတွေက ဘာတွေလဲ ?

-ကျွဲကောသီးမှာရှိတဲ့ လျှို့ဝှက်ချက် အကျိုးအာနိသင်တွေက ဘာတွေလဲ ?

အစရှိတဲ့ အကြောင်းအရာတွေကို ဒီအစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပါ

https://youtu.be/_gW1POdGFzw
👍1🤮1
မဏိပူရတွင် စစ်ဘေးရှောင်စခန်းဖွင့်လှစ်ရန် ဒေသအာဏာပိုင်များ ကွင်းဆင်း စစ်ဆေး
----------------
ပါခွီး
(မဇ္စျိမ) ။။ အိန္ဒိယနိုင်ငံ ၊ မဏိပူရပြည်နယ်အတွင်း မြန်မာစစ်ဘေးရှောင်စခန်း ဖွင့်လှစ်ရန်အတွက် မဏိပူ ပြည်နယ်ဝန်ကြီးသုံးဦးနှင့်အတူ ဌာနဆိုင်ရာဝန်ထမ်း အကြီးအကဲများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မြန်မာစစ်ဘေးရှောင်များ၏ အရေးကိစ္စများဆောင်ရွက်ပေးရန် ဖွဲ့စည်းခဲ့သော ကော်မတီဥက္ကဋ္ဌဖြစ်သူ ဝန်ကြီးဦးလက်ပေါင်(ဟောင်ကစ်)နှင့်အဖွဲ့ သည် မဏိပူရပြည်နယ် ချန်ဒယ်ခရိုင်အတွင်းရှိ ကျေးရွာကို မတ်လ ၂၉ ရက်နေ့က လာရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
“အကူအညီပေးဘို့လာတာပါ မကြောက်ကြပါနဲ့ ၊ နေထိုင်စားသောက်ရေး ၊ ကျန်းမာရေးနဲ့ ရေမီးကအစ အဆင်ပြေအောင် တာဝန်ယူပေးမယ်လို့ ပြောခဲ့တယ်” ဟု စစ်ဘေးရှောင် ခေါင်းဆောင်တစ်ဦးက မဇ္စျိမကို ပြောသည်။
👍6🔥1
ဝန်ကြီးနှင့်အဖွဲ့သည် စစ်ဘေးရှောင်များကို ခေတ္တခဏ တွေ့ဆုံကာ စခန်း တည်ဆောက်မည့်နေရာသို့ ဒေသတွင်း တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုခဲ့ကြောင်း ဆိုသည်။
ချန်ဒယ်ခရိုင်အတွင်းရှိ ပြန့်ကျဲနေထိုင်နေသော မြန်မာစစ်ဘေးရှောင်များကို နေရာ သုံးနေရာတွင် စုစည်းလျက် စခန်းများတည်ဆောက်ပေးသွားမည်ဖြစ် ကြောင်းသိရသည်။
စစ်ဘေးရှောင်များကို ယင်းသို့အကူအညီများပေး၍ နေရာများတွင် စုစည်း နေထိုင်စေခြင်းအားဖြင့် အစားအသောက်၊ အနေထိုင်နှင့် လုံခြုံရေးကိစ္စများတွင် အဆင်ပြေသော်လည်း အချုပ်အနှောင်သဘောမျိုးဖြင့် သွားရေးလာရေးများတွင် ကန့်သတ်ခံရမည်ကို စိုးရိမ်နေကြသည်။
သို့သော် ၎င်းတို့ဒေသတခုတွင်သာမက မြန်မာပြည်နှင့်ဆက်စပ်လျက်ရှိသည့် ခရိုင် ငါးခုတွင် စစ်ဘေးရှောင်စခန်းများ ဖွင့်လှစ်ရန်ရည်ရွယ်သဖြင့် ဖြစ်ပေါ်လာသည့် အခြေအနေများပေါ်မူတည်၍ လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း စစ်ရှောင်များက ဆိုသည်။
ယခု ဝန်ကြီး ကွင်းဆင်းစစ်ဆေးသည့် ချန်ဒယ်ခရိုင်အတွင်းတွင် မြန်မာစစ်ဘေးရှောင် ၅,၀၀၀ ဝန်းကျင်ခန့်ရှိကာ ထပ်ပြီး လူဦးရေ တဖြည်းဖြည်း များပြားလာနေကြောင်းလည်း သိရသည်။
မတ်လ ၂၆ ရက် နံနက်ပိုင်းကလည်း မဏိပူရပြည်နယ် တင်နိုင်ပယ်ခရိုင် ၊ မိုးရေးမြို့ နယ်ခွဲအတွင်း ဝန်ကြီး ဦးလက်ပေါင်(ဟောင်ကစ်) ဦးစီးသော အဖွဲ့ဝင်များသည် မြန်မာ စစ်ဘေးရှောင်များ၊ စစ်ရှောင် ဦးဆောင်သူများနှင့်တွေဆုံခဲ့ပြီး စစ်ဘေးရှောင်စခန်းဖွင့်လှစ်ရေးနှင့် အကူအညီပေးရေးများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
#မဏိပူရပြည်နယ်
#စစ်ရှောင်စခန်းဖွင့်
#mizzimatv
----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥1
ယင်းမာပင်မြို့နယ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက်ချီတက်ဆန္ဒပြ

ကိုခင်မောင်
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှ ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် ယနေ့ မတ်လ ၃၁ ရက်နေ့တွင် ဆက်လက်ချီတက် ဆန္ဒပြကြသည်။
ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် တောင်သူလုပ်ငန်းခွင် တစ်နေရာတွင် "သွေးမအေးတဲ့ ရွှေနွယ်သွေး"ဘန်နာကို ကိုင်ဆွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ၆၅၆ ရက်မြောက်နေ့အဖြစ် ချီတက်ဆန္ဒပြကြခြင်း ဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzimatv
#ရွှေနွယ်သွေး
#သပိတ်စစ်ကြောင်း
#တောင်သူလုပ်ငန်းခွင်
#ယင်းမာပင်မြို့နယ်
----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1😁1
​​ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင်က နိုင်ငံတော်သစ္စာဖောက်မှု ပြစ်ဒဏ်အတွက် အယူခံဝင် 

ကာလရှည် အုပ်ချုပ်နေသော ဝန်ကြီးချုပ် ဟွန်ဆန်အစိုးရအား ဖြုတ်ချရန် ကြိုးစားမှုအတွက် နိုင်ငံတော်သစ္စာဖောက်မှုဖြင့် ပြစ်ဒဏ်စီရင်ခံရသော ထိပ်တန်းကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင်သည် အယူခံဝင်ထားကြောင်း ၎င်း၏ ရှေ့နေဖြစ်သူက ပြောပြီး ပြစ်ဒဏ်သည် “တရားမျှတမှု မရှိ” ဟု ဝေဖန်အပြစ်ဆိုသည်။
----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6😁1
ကြံခင်းမြို့နယ်တွင် "NUG အစိုးရ ဒို့အစိုးရ ၊ PDF တွေအောင်မြင်ပါစေ ၊ EAO တွေအောင်မြင်ပါစေ"စာတန်းကိုင်စွဲ ဆန္ဒပြ

မင်းထက်
မဇ္စျိမ။ ။ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်တွင် ယနေ့ မတ် လ ၃၁ ရက်နေ့ မွန်းလွဲပိုင်းအချိန်က စကြဝတေးမင်းကြီး သပိတ်ကော်မတီမှဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြောင်းသိရသည်။
ကြံခင်းမြို့ပေါ်တစ်နေရာ၌ "NUG အစိုးရ ဒို့အစိုးရ ၊ PDF တွေအောင်မြင်ပါစေ ၊ EAO တွေအောင်မြင်ပါစေ"စာသားပါ ဘန်နာအား စကြဝတေးမင်းကြီး သပိတ်ကော်မတီဝင်များမှကိုင်စွဲကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးကပြောသည်။
စကြဝတေးမင်းကြီး သပိတ်အဖွဲ့သည် ၂၀၂၃ ခုနှစ် ဇန်န ဝါရီလမှ စတင်၍ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်များ စတင်ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ် ဖော်မှုသည် အဆိုပါ သပိတ်အဖွဲ့၏ (၃၇) ကြိမ်မြောက်ဆန္ဒထုတ်ဖော်မှုဖြစ်သည်။

#ဆန္ဒပြ
#mizzima
👍6❤5😁2
​​တာလီဘန်အုပ်ချုပ်ရေးအောက်တွင် နေထိုင်ကြရသည့် အာဖဂန်ပြည်သူများ၏အခြေအနေ စိုးရိမ်စရာဖြစ်လာ

တင်းကျပ်သည့် တာလီဘန်အုပ်ချုပ်ရေးအောက်တွင် နေထိုင်နေရသော အာဖဂန်နစ္စတန်ပြည်သူ အများအပြားသည် အလွန်ဆိုးဝါးသော အခြေအနေများတွင် နေထိုင်နေကြရပြီး အများအပြားမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ကြုံတွေ့နေရကာ နေ့စဉ်အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းရန် နိုင်ငံအတွင်း တောင်းရမ်းစားသောက်နေကြရသည်။
😢5👍1🔥1👏1
​​တရုတ်တွင် သူလျှိုလုပ်မှုဖြင့် ဖမ်းဆီးခံထားရသူကို ပြန်လွှတ်ပေးရန် ဂျပန်အစိုးရ တောင်းဆို 

တရုတ်နိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဂျပန်နိုင်ငံသားကို အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် ကောင်စစ်ဝန်အရာရှိများနှင့် စကားပြောဆိုခွင့်ပြုရန် ဂျပန်အစိုးရက တောင်းဆိုထားကြောင်း Kyodo News တွင် ဖော်ပြထားသည်။
👍6🔥1
​​ဒလိုင်းလားမားအသစ် ရွေးချယ်ရာတွင် စွက်ဖက်ခြင်းမပြုရန် တိဗက်အဝေးရောက်ခေါင်းဆောင်က တရုတ်ကို တောင်းဆို

ဒလိုင်းလားမား ဆက်ခံမည့်သူအား ရွေးချယ်ရာတွင် စွက်ဖက်ခြင်းမပြုသင့်ကြောင်း အဝေးရောက် တိဗက်အစိုးရ၏ သမ္မတက တရုတ်ကို သတိပေးလိုက်သည်။
👍7🔥1
​​ကမ္ဘာ့ရေးရာအခန်းကဏ္ဍများတွင် ထိုင်ဝမ် ပါဝင်ရေးကို ချက်သမ္မတနိုင်ငံက ထောက်ခံ

ချက်သမ္မတနိုင်ငံသည် နိုင်ငံတကာကဏ္ဍတွင် ထိုင်ဝမ်ပူးပေါင်းပါဝင်မှုကို ထောက်ခံကြောင်းနှင့် ထိုင်ဝမ်နှင့် ရေရှည်ပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်ထားကြောင်း လွှတ်တော်ဒုဥက္ကဌ မကန်တာမက်ခ်ကာရိုဗာ အဒမ်မိုဗာက သမ္မတစိုင်အင်ဝမ်နှင့် မတ်လ ၂၇ ရက်က တွေ့ဆုံစဉ် ပြောကြားသည်။
👍9❤3🔥1