Mizzima ရဲ့ Weekly Sports အစီအစဉ်
=================
တပတ်အတွင်း အားကစားလောကရဲ့ထူးခြားတဲ့ သတင်းအကြောင်းအရာတွေကို ပရိသတ်တွေအတွက် စုစည်းတင်ဆက်ပေးသွားမယ့် Mizzima ရဲ့ Weekly Sports အစီအစဉ် ဖြစ်ပါတယ်။
-------------
ဒီတပတ်မှာတော့ .....
- ဖာဂူဆန်၊ အာဆင်ဝင်းဂါးတို့ ပရီးမီးယားလိဂ် Hall of Fame စာရင်းထဲ ဝင်ရောက်ခဲ့တဲ့အကြောင်း
-ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ်ကျင်းပခွင့်ကနေ FIFA ရဲ့ ဖယ်ရှားခြင်းခံလိုက်ရတဲ့ အင်ဒိုနီးရှား
- စစ်တုရင်ကစားခြင်းကို နှစ်သက်တဲ့ John Wick မင်းသား Keanu Reeves အစရှိတဲ့ သတင်းတွေ အပါအ၀င် စိတ်၀င်စားဖွယ်အားကစားသတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
https://youtu.be/LTTWnUW-IfI
#MizzimaWeeklySport
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
ဖာဂူဆန်၊ အာဆင်ဝင်းဂါးတို့ ပရီးမီးယားလိဂ် Hall of Fame စာရင်းထဲ ဝင်ရောက် | Weekly Sports အစီအစဉ်
တပတ်အတွင်း အားကစားလောကရဲ့ထူးခြားတဲ့ သတင်းအကြောင်းအရာတွေကို ပရိသတ်တွေအတွက် စုစည်းတင်ဆက်ပေးသွားမယ့် Mizzima ရဲ့ Weekly Sports အစီအစဉ် ဖြစ်ပါတယ်။
-------------
ဒီတပတ်မှာတော့ .....
- ဖာဂူဆန်၊ အာဆင်ဝင်းဂါးတို့ ပရီးမီးယားလိဂ် Hall of Fame စာရင်းထဲ ဝင်ရောက်ခဲ့တဲ့အကြောင်း…

👍6🤮1
ကလောမြို့တွင် ယာဉ်တိမ်းမှောက် ၁၅ ဦး ဒဏ်ရာရ
=================
ဂျူချန်း
မဇ္ဈိမ။။ ရှမ်းပြည်နယ်၊ ကလောမြို့နယ်တွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ ကားပေါ်တွင်ပါရှိသည့် ၂၂ ဦးအနက် ၁၅ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ကားလည်း ပျက်စီးသွားကြောင်း ကယ်ဆယ်ရေးအသင်းမှ သိရသည်။
မတ်လ ၃၁ ရက်နေ့ ည ၈နာရီခွဲခန့်တွင် ဦးအေး ဆိုသူ မောင်းနှင်လာသည့် ခရီးသည် ၂၂ ဦးပါ Express ယာဉ်တစ်စီးသည် ကလောမြို့နယ် ဝက်ဖြူရေအဆင်း မကွေရွာအနီး(ဒေသအခေါ် ၁၅ မိုင်ကွေ့) နေရာရှိ အိမ်တစ်အိမ်၏ အဖီအား ဘရိတ်ပေါက်ကာ ဝင်တိုက်မိသဖြင့် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုယာဉ်တိမ်းမှောက်မှုတွင် ယာဉ်မောင်းအပါအဝင် ၁၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးတစ်ဦး စိုးရိမ်ဒဏ်ရာရရှိခဲ့ကြောင်း ဆိုသည်။
“Express က တက်နေလင်း လို့ပြောတယ်။ သေချာတော့မသိလိုက်ဘူး။ ယာဉ်ပေါ်မှာ လူ ၂၂ ယောက်ပါတယ်။ ခုနစ်ယောက်က ဒဏ်ရာမရဘူး၊ ကျန်တဲ့သူတွေက ဒဏ်ရာရသွားတယ်။ နည်းနည်းဆိုးဆိုး ထိခိုက်တာက အဒေါ်ကြီးတစ်ယောက်၊ သူက နည်းနည်း စိုးရိမ်ရတာပေါ့။ ဘရိတ်ပေါက်ပြီးတော့ အိမ်ကို ဝင်တိုက်လိုက်တာ။ အိမ်မကြီးကို မထိဘဲနဲ့ အဖီကို ထိသွားတာ။ အိမ်မှာနေတဲ့လူက ကံကောင်းတယ် မထိဘူး။ ကားက စုတ်ပြတ်သတ်သွားတယ်။ ရစရာမရှိဘူး” ဟု အဆိုပါ ယာဉ်တိုက်မှုအား သွားရောက်ကူညီပေးသူတစ်ဦးက ပြောသည်။
တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရ လူနာများအား ကလောမီးသတ်တပ်ဖွဲ့ ၊ ကလောနှင့် အောင်ပန်းမှ ကြက်ခြေနီတပ်ဖွဲ့၊ ကလောလူမှုကူညီရေးအသင်းနှင့် မကွေရွာ ဘုန်းတော်ကြီးကျောင်းမှ သံဃာတော်များနှင့် ပူးပေါင်းကာ ကလောဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ၁၅မိုင်ကွေ့ နေရာသည် မကြာခဏ ယာဉ်တိမ်းမှောက်လေ့ရှိသည့် နေရာတစ်ခုဖြစ်သဖြင့် ယာဉ်မောင်းများအနေဖြင့် သတိထားသင့်ကြောင်း ဆိုသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzimatv
#ကလောဆေးရုံ
#ခရီးသည်တင်ယာဉ်
#တိမ်းမှောက်
#ရှမ်းပြည်နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍7😁1😢1
လိင်ပိုင်းဆိုင်ရာနဲ့ ကျား/မရေးရာ အခြေပြု အကြမ်းဖက်မှုတွေ ကြုံတွေ့ရတဲ့အခါ ဘယ်လိုတုံ့ပြန်ရမလဲ..။
=======================
သူငယ်ချင်း၊ ဆွေမျိုး၊ အိမ်နီးနားချင်းတစ်ဦးက အိမ်တွင်းအကြမ်းဖက်မှုတွေနဲ့ ကြုံတွေ့နေရတာကို သင် မြင်တွေ့ကြားလိုက်ရတဲ့အခါ သူတို့ဘက်က ရပ်တည်ပေးပါ။
လူတိုင်းက ချစ်ခင်ရင်းနှီးရသူတွေအတွက် အပြောင်းအလဲတွေကို ဆောင်ရွက်ပေးနိုင်ပါတယ်။ သူကြုံတွေ့ခဲ့ရတဲ့ အကြမ်းဖက်ခံရတဲ့အကြောင်းကို ပြောပြတယ်ဆိုတာ အကြမ်းဖက်မှုသံသရာကနေ ရုန်းထွက်ဖို့ ပထမဆုံးခြေလှမ်းဖြစ်ပါတယ်။ အဲဒီအကြောင်းတွေကို ထုတ်ဖော်ပြောပြနိုင်ဖို့ လုံခြုံစိတ်ချရတဲ့ ရပ်ဝန်းတစ်ခုဖန်တီးပေးပြီးတော့ ကူညီဆောင်ရွက်ပေးနိုင်ပါတယ်။
လိင်ပိုင်းဆိုင်ရာစော်ကားမှု ဒါမှမဟုတ် အကြမ်းဖက်မှုတွေ ကျူးလွန်ခံရသူမှာ ဘယ်တော့မှ အပြစ်မရှိပါဘူး။
ကမ္ဘာပေါ်က လူသားတိုင်း အကြမ်းဖက်ခံရခြင်းက ကင်းဝေးတဲ့ ဘဝကို ထူထောင်ပိုင်ခွင့်ရှိပါတယ်။
အားလုံးဘေးကင်းစေဖို့ လက်တွဲလုပ်ဆောင်ကြပါစို့....။
https://youtu.be/c6esSBk73NU
#Sexual_violence
#PSA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=======================
သူငယ်ချင်း၊ ဆွေမျိုး၊ အိမ်နီးနားချင်းတစ်ဦးက အိမ်တွင်းအကြမ်းဖက်မှုတွေနဲ့ ကြုံတွေ့နေရတာကို သင် မြင်တွေ့ကြားလိုက်ရတဲ့အခါ သူတို့ဘက်က ရပ်တည်ပေးပါ။
လူတိုင်းက ချစ်ခင်ရင်းနှီးရသူတွေအတွက် အပြောင်းအလဲတွေကို ဆောင်ရွက်ပေးနိုင်ပါတယ်။ သူကြုံတွေ့ခဲ့ရတဲ့ အကြမ်းဖက်ခံရတဲ့အကြောင်းကို ပြောပြတယ်ဆိုတာ အကြမ်းဖက်မှုသံသရာကနေ ရုန်းထွက်ဖို့ ပထမဆုံးခြေလှမ်းဖြစ်ပါတယ်။ အဲဒီအကြောင်းတွေကို ထုတ်ဖော်ပြောပြနိုင်ဖို့ လုံခြုံစိတ်ချရတဲ့ ရပ်ဝန်းတစ်ခုဖန်တီးပေးပြီးတော့ ကူညီဆောင်ရွက်ပေးနိုင်ပါတယ်။
လိင်ပိုင်းဆိုင်ရာစော်ကားမှု ဒါမှမဟုတ် အကြမ်းဖက်မှုတွေ ကျူးလွန်ခံရသူမှာ ဘယ်တော့မှ အပြစ်မရှိပါဘူး။
ကမ္ဘာပေါ်က လူသားတိုင်း အကြမ်းဖက်ခံရခြင်းက ကင်းဝေးတဲ့ ဘဝကို ထူထောင်ပိုင်ခွင့်ရှိပါတယ်။
အားလုံးဘေးကင်းစေဖို့ လက်တွဲလုပ်ဆောင်ကြပါစို့....။
https://youtu.be/c6esSBk73NU
#Sexual_violence
#PSA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
လိင်ပိုင်းဆိုင်ရာနဲ့ ကျား/မရေးရာ အခြေပြု အကြမ်းဖက်မှုတွေ ကြုံတွေ့ရတဲ့အခါ ဘယ်လိုတုံ့ပြန်ရမလဲ..။
သူငယ်ချင်း၊ ဆွေမျိုး၊ အိမ်နီးနားချင်းတစ်ဦးက အိမ်တွင်းအကြမ်းဖက်မှုတွေနဲ့ ကြုံတွေ့နေရတာကို သင် မြင်တွေ့ကြားလိုက်ရတဲ့အခါ သူတို့ဘက်က ရပ်တည်ပေးပါ။
လူတိုင်းက ချစ်ခင်ရင်းနှီးရသူတွေအတွက် အပြောင်းအလဲတွေကို ဆောင်ရွက်ပေးနိုင်ပါတယ်။ သူကြုံတွေ့ခဲ့ရတဲ့ အကြမ်းဖက်ခံရတဲ့အကြောင်းကို…

👍8🔥1🍌1
အမေရိကန်မှာ Bitcoin ကို ပိတ်ပင်တော့မှာလား?
============
(ယခု ဆောင်းပါးကို Bitcoin Myanmar Initiative မှ ထောက်ပံ့ထားသည်။)
https://www.facebook.com/bitcoin.MM.initiatve
လွန်ခဲ့တဲ့ နှစ် ၁၂၀ ဝန်းကျင် ၁၉၀၀ ပြည့်နှစ်များဆီက အမေရိကန်နိုင်ငံမှာ လျှပ်စစ်မီးတွေ စတင် ဖော်ဆောင်ချိန်မှာ တချို့အိမ်ထောင်စုတွေဟာ လျှပ်စစ်မီးရယူဖို့ ငြင်းဆန်ကြပါတယ် ဘာကြောင့်လဲဆိုတော့ ဓါတ်လိုက်ရင် အသက်အန္တရာယ်ရှိတာကြောင့်ပါ။
လွန်ခဲ့တဲ့ ၁၅ နှစ်ဝန်းကျင် ၂၀၁၀ ဝန်းကျင် မြန်မာနိုင်ငံရဲ့ အင်တာနက် ခေတ်ဦးကာလမှာ လူအများစုက အင်တာနက်ကို ချစ်သူရည်းစားရှာဖွေဖို့နေရာ၊ ညစ်ညမ်းရုပ်ရှင်ကြည့်တဲ့အရာ၊ ဂိမ်းဆော့အချိန်ဖြုန်းတဲ့အရာလို့ အထင်အမြင်လွဲမှားခဲ့ကြတာမျိုးလည်း ရှိပါတယ်။
ဒါကြောင့် နည်းပညာခေတ်သစ် အပြောင်းအလဲ ဖြစ်ပေါ်တိုင်းမှာ အငြင်းပွားဖွယ်ဖြစ်တာတွေဟာ သမိုင်းတလျှောက် မထူးဆန်းတော့ပါဘူး။ အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်အရ အမေရိကန်နိုင်ငံဟာ Bitcoin mining နဲ့ ပက်သက်တဲ့ လှုပ်ရှားမှုဆိုင်ရာမှာ တစ်ကမ္ဘာလုံးရဲ့ 38% ရာခိုင်နှုန်းအထိ ရှိပါတယ်။
တစ်ကမ္ဘာလုံးမှာ Bitcoin လှုပ်ရှားမှုဆိုင်ရာမှာ ဦးဆောင်နေပေမယ့်လည်း အမေရိကန်နိုင်ငံရဲ့ ဥပဒေပြုရေးနဲ့ စီးပွားရေးဆိုင်ရာတွေမှာ Bitcoin နဲ့ ပက်သက်ပြီး အမြင်မတူတာတွေ ဆက်ရှိနေပါသေးတယ်။ ကွန်ဂရက်လွှတ်တော်ထဲမှာ အမြဲလိုလို နီးပါး Bitcoin ဆန့်ကျင်တဲ့ အဆိုတင်သွင်းတဲ့ ဥပဒေပြုလွှတ်တော် ကိုယ်စားတွေ ရှိသလို၊ Bitcoin ကို အတည်ပြုဖို့ အဆိုတင်သွင်းတဲ့ ဥပဒေပြုလွှတ်တော် ကိုယ်စားလှယ်တွေ ရှိပါတယ်။
ဒီမိုကရေစီရဲ့ အနှစ်သာရကတော့ လူတစ်ယောက်က မကြိုက်ရင် မကောင်းဘူးထင်ရင် လုပ်ချင်သာ လုပ်လို့မရဘဲ အပြိုင်အဆိုင် ငြင်းလို့ရတာပါ။ ထူးခြားချက် အနေနဲ့ လွှတ်တော်ထဲမှာ Bitcoin ဆန့်ကျင်ရေးအဆိုကို အမြဲတက်ကြွစွာ ဆွေးနွေးတဲ့ အမေရိကန် ဥပဒေပြု ကိုယ်စားလှယ် အကုန်လုံးဟာ အသက်အရွယ်အရ ၆၀ - ၇၀ ကျော်တွေ ဖြစ်ပြီး သူတို့ တစ်ဘဝလုံးရဲ့ အချိန်တော်တော်များများမှာ ယနေ့ခေတ် အသုံးပြုနေတဲ့ ဖုန်းစနစ်တွေ၊ အင်တာနက်စနစ်တွေ မရှိခဲ့ပါဘူး။
သို့ပေမယ့်လည်း Bitcoin အရေး တက်ကြွလှုပ်ရှားတဲ့ လွှတ်တော် ကိုယ်စားလှယ် Cynthia Lummis (စင်သီယာ လူမစ်) ဟာ အသက် ၆၈ နှစ်ရှိပြီး အမေရိကန်ရဲ့ Bitcoin တိုးတက်ရေးတွေမှာ တက်ကြွစွာ ပါဝင်နေပါတယ်။ လွှတ်တော် ပြင်ပမှာဆိုရင် မီယာမီမြို့တော်ဝန် အသက် ၄၅ နှစ် အရွယ် Francis suarez ဟာ လစာကို Bitcoin နဲ့ နယူးယောက်မြို့တော်ဝန် Eric Adams ဟာလည်း လစာကို Bitcoin နဲ့ ယူဖူးပါတယ်။ အမေရိကန် ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ Gray Gesler အနေနဲ့ “everything else other than bitcoin is a security” ဆိုလိုချင်တာက Bitcoin မဟုတ်တဲ့ တခြားသော crypto အရာများဟာ Security (ရင်းနှီးမြှုပ်နှံမှု) ဖြစ်ပြီး Bitcoin ဟာ commodity (ရွှေကဲ့သို့ တန်ဖိုးရှိသော အရာ) လို့ မီဒီယာတွေကို ပြောခဲ့ပါတယ်။
စိတ်ဝင်စားဖို့ ကောင်းတဲ့ အချက်တစ်ခုကို ထည့်သွင်းရမယ်ဆိုရင် အမေရိကန် အစိုးရဟာ ကမ္ဘာမှာ Bitcoin အများဆုံး ပိုင်ဆိုင်တဲ့ အစိုးရဖြစ်ပြီး 205,515 Bitcoin ပိုင်ပြီး ဒါက Bitcoin စုစုပေါင်း ပမာဏရဲ့ 1.06% ရှိပါတယ်။ ကမ္ဘာ့စီးပွားရေးနဲ့ နိုင်ငံရေးနယ်ပယ်မှာ အမေရိကန်ဒေါ်လာတွေ အကန့်အသက်မရှိ ပုံနှိပ်ထုတ်ဝေနေတာကြောင့်လည်းကောင်း၊ အလွန်နှေးကွေးတဲ့ အမေရိကန်ဘဏ်စနစ် ပြိုကျလာမှုကြောင့်လည်းကောင်း US ဒေါ်လာအပေါ် ယုံကြည်မှုလျှော့ကျလာပြီး တရုတ်ငွေကြေး သုံးစွဲမှုကို တန်ပြန်တဲ့ အနေနဲ့ Bitcoin ရဲ့ မူဝါဒကို ရှေ့တန်းတင်ခြင်း ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။
အထက်မှာ ပြောခဲ့သလိုပဲ လျှပ်စစ်မီးကို လူတွေ ငြင်းဆိုခဲ့ပါတယ်၊ အင်တာနက်ကို လူတွေ ငြင်းဆိုခဲ့ပါတယ်။ နောက်ဆုံးမှာတော့ နည်းပညာက ဆန့်ကျင်သူတွေကို အနိုင်ယူသွားသလိုပဲ မကြာတော့မီကာလအတွင်း Bitcoin နည်းပညာဟာ ကမ္ဘာပေါ်မှာ အရေးပါတဲ့ အရာတစ်ခု အဖြစ် လူတွေ လက်ခံလာနိုင်တော့မှာလားဆိုတာ စိတ်ဝင်စားစရာပါ။
(ယခု Bitcoin Myanmar Initiative မှ ကျွန်တော်တို့ ခေတ်ရဲ့ လွဲမှားနေတဲ့ စနစ်၊ Bitcoin နှင့် တခြားသော နည်းပညာများ အကြောင်းကို မျှဝေသွားမည် ဖြစ်သည်။ မျှဝေချက်များမှာ ပညာရေး အတွက်သာ ရည်ရွယ်ချက်ခြင်း ဖြစ်ပြီး ရင်းနှီးမြှုပ်နှံ့မှု တိုက်တွန်းချက်မပါဝင်ပါ။)
ကိုးကား
- FACT SHEET: Climate and Energy Implications of Crypto-Assets in the United States (The White House)
- Meet Washington's 'Crypto Queen,' (Businessinsider)
- Miami Mayor Suarez Tells Davos He Still Takes Salary in Bitcoin (Bloomberg)
- US Government Remains a Top Bitcoin Holder With Seized Stash Valued at $5.6 Billion (Bitcoin.com)
Telegram တွင် စောင့်ဖတ်ရန် → https://t.me/BitcoinMyanmarEDU

👍15👎1🔥1
မတူပီမြို့နယ်က စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါး လိုအပ်နေ (ဆက်သွယ်မေးမြန်းချက်)
==================
Kim Mung
မဇ္ဈိမ ။ ။ ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ကလေးငယ်များ၊ အမျိုးသမီးများနှင့် မြေပြင်တိုက်ပွဲဝင်နေသော ရဲဘော်များမှာ စားနပ်ရိက္ခာအပြင် ဆေးဝါးကုသရေးအတွက် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု Global Matu Supporting Committee (GMSC) ဥက္ကဋ္ဌကပြောသည်။
လိုအပ်သော ဆေးဝါးများ၊ စားနပ်ရိက္ခာများ၊ လက်နက်ခဲယမ်းများ ထောက်ပံ့ပေးနိုင်ရန် Global Matu Supporting Committee (GMSC) အနေဖြင့် Honda Accord 2023 ကားတစ်စီး ကံစမ်းမဲဖောက်ရောင်းချသည်ဖြစ်ရာ ၈၀ရာခိုင်နှုန်းရောင်းရပြီး ကျန်ရှိနေသော မဲလက်မှတ်များအား ဝယ်ယူလှူဒါန်းပေးကြရန် ဦးတင်အောင်က မေတ္တာရပ်ခံထားသည်။
အဆိုပါအကြောင်းအရာများနှင့်ပတ်သက်၍ မတူပီမြို့နယ်ရှိ PDF ရဲဘော်များ၊ စစ်ဘေးရှောင်ပြည်သူများအား ကူညီထောက်ပို့ပေးနေသော Global Matu Supporting Committee (GMSC) အဖွဲ့၏ ဥက္ကဋ္ဌ ဦးတင်အောင်ကို ဆက်သွယ်မေးမြန်းထားသည်။
https://youtu.be/XD0csWHkz34
#ဆက်သွယ်မေးမြန်းချက်
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
==================
Kim Mung
မဇ္ဈိမ ။ ။ ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ကလေးငယ်များ၊ အမျိုးသမီးများနှင့် မြေပြင်တိုက်ပွဲဝင်နေသော ရဲဘော်များမှာ စားနပ်ရိက္ခာအပြင် ဆေးဝါးကုသရေးအတွက် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု Global Matu Supporting Committee (GMSC) ဥက္ကဋ္ဌကပြောသည်။
လိုအပ်သော ဆေးဝါးများ၊ စားနပ်ရိက္ခာများ၊ လက်နက်ခဲယမ်းများ ထောက်ပံ့ပေးနိုင်ရန် Global Matu Supporting Committee (GMSC) အနေဖြင့် Honda Accord 2023 ကားတစ်စီး ကံစမ်းမဲဖောက်ရောင်းချသည်ဖြစ်ရာ ၈၀ရာခိုင်နှုန်းရောင်းရပြီး ကျန်ရှိနေသော မဲလက်မှတ်များအား ဝယ်ယူလှူဒါန်းပေးကြရန် ဦးတင်အောင်က မေတ္တာရပ်ခံထားသည်။
အဆိုပါအကြောင်းအရာများနှင့်ပတ်သက်၍ မတူပီမြို့နယ်ရှိ PDF ရဲဘော်များ၊ စစ်ဘေးရှောင်ပြည်သူများအား ကူညီထောက်ပို့ပေးနေသော Global Matu Supporting Committee (GMSC) အဖွဲ့၏ ဥက္ကဋ္ဌ ဦးတင်အောင်ကို ဆက်သွယ်မေးမြန်းထားသည်။
https://youtu.be/XD0csWHkz34
#ဆက်သွယ်မေးမြန်းချက်
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
မတူပီမြို့နယ်က စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါး လိုအပ်နေ (ဆက်သွယ်မေးမြန်းချက်)
Kim Mung
မဇ္ဈိမ ။ ။ ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ကလေးငယ်များ၊ အမျိုးသမီးများနှင့် မြေပြင်တိုက်ပွဲဝင်နေသော ရဲဘော်များမှာ စားနပ်ရိက္ခာအပြင် ဆေးဝါးကုသရေးအတွက် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု Global Matu Supporting Committee…

👍10😁2❤1
ပရာယွတ်နဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် ရေစက်ကုန်ပြီလား (ဆောင်းပါး)
======================
ပြီးခဲ့တဲ့မတ်လ ၂၀ ရက်မှာ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပါလီမန်ကိုဖျက်သိမ်းကြောင်း ကြေညာသွားခဲ့ ပါတယ်။ ထိုင်းနိုင်ငံရဲ့ ဥပဒေအရ ပါလီမန်ကိုဖျက်သိမ်းပြီး ရက်ပေါင်း ၄၅ ရက် ကနေ ၆၀ အတွင်း အထွေထွေ ရွေးကောက်ပွဲကျင်းပရမယ်လို့ဆိုထားတဲ့အတွက် လာမယ့်မေလထဲမှာ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲကို မြင်တွေ့ရဖို့သေချာနေပါတယ်။ ဒီရွေးကောက်ပွဲဟာ ထိုင်းနိုင်ငံအနေနဲ့ မြန်မာဆိုင်ရာ သေနင်္ဂဗျူဟာကို ပြန်လည် ချမှတ်ဖို့အတွက် အခွင့်အလမ်းပေးပြီး လမ်းကြောင်းပြောင်းသွားစေနိုင်တယ်လို့ ချူလာလောင်ကွန်းတက္ကသိုလ်က နိုင်ငံရေးသိပ္ပံပါမောက္ခလည်းဖြစ်၊ ထင်ရှားတဲ့ ထိုင်း-မြန်မာ ဆက်ဆံရေးကျွမ်းကျင်သူလည်းဖြစ်တဲ့ သီတီနန် ပေါင်ဆူဒီရက် ကပြောထားပါတယ်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
======================
ပြီးခဲ့တဲ့မတ်လ ၂၀ ရက်မှာ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပါလီမန်ကိုဖျက်သိမ်းကြောင်း ကြေညာသွားခဲ့ ပါတယ်။ ထိုင်းနိုင်ငံရဲ့ ဥပဒေအရ ပါလီမန်ကိုဖျက်သိမ်းပြီး ရက်ပေါင်း ၄၅ ရက် ကနေ ၆၀ အတွင်း အထွေထွေ ရွေးကောက်ပွဲကျင်းပရမယ်လို့ဆိုထားတဲ့အတွက် လာမယ့်မေလထဲမှာ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲကို မြင်တွေ့ရဖို့သေချာနေပါတယ်။ ဒီရွေးကောက်ပွဲဟာ ထိုင်းနိုင်ငံအနေနဲ့ မြန်မာဆိုင်ရာ သေနင်္ဂဗျူဟာကို ပြန်လည် ချမှတ်ဖို့အတွက် အခွင့်အလမ်းပေးပြီး လမ်းကြောင်းပြောင်းသွားစေနိုင်တယ်လို့ ချူလာလောင်ကွန်းတက္ကသိုလ်က နိုင်ငံရေးသိပ္ပံပါမောက္ခလည်းဖြစ်၊ ထင်ရှားတဲ့ ထိုင်း-မြန်မာ ဆက်ဆံရေးကျွမ်းကျင်သူလည်းဖြစ်တဲ့ သီတီနန် ပေါင်ဆူဒီရက် ကပြောထားပါတယ်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8💩2😁1
Cele City - Episode 12
=============
Mizzima +TV မှ နိုင်ငံတကာနောက်ဆုံးရ ဖျော်ဖြေရေးသတင်းများနဲ့အတူ Cele City အစီအစဉ်လေးရောက်ရှိလာပါပြီ..
ဒီအပတ်မှာဆိုရင်
အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ တဲ့ Channel 3 ရဲ့ BELOVED FESTIVAL
အောင်မြင်မှုတွေထပ်မံရရှိခဲ့တဲ့ John Wick ရုပ်ရှင်
One Direction အဖွဲ့ဝင် ဟောင်း တွေဖြစ်ကြတဲ့ Zayn, Harry Styles တို့လတ်တလောထွက်ပေါ်နေတဲ့ Dating news
အပြင် တခြားဖျော်ဖြေရေးနှင့်ဆိုင်တဲ့သတင်းများပါ တင်ဆက်ပေးသွားမှာမို့ အပတ်စဉ် စနေနေ့ Mizzima + TV channel မှာ ညနေ ၄ ခွဲ အချိန်မှာ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။
Mizzima + TV မှာ မကြည့်လိုက်ရတဲ့ ပရိသတ်တွေကတော့ Mizzima TV App မှာ ပြန်လည် ကြည့်ရှုနိုင်ပါပြီ။
(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
https://youtu.be/x_aH2AePYXA
#entertainmentnews
#celecity
#mizzimaplushd
#internationalnews
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"

အောင်မြင်မှုတွေထပ်မံရရှိခဲ့တဲ့ John Wick ရုပ်ရှင် | Cele City - Episode 12
Cele City - Episode 12
🔈 Mizzima +TV မှ နိုင်ငံတကာနောက်ဆုံးရ ဖျော်ဖြေရေးသတင်းများနဲ့အတူ Cele City အစီအစဉ်လေးရောက်ရှိလာပါပြီ..
ဒီအပတ်မှာဆိုရင်
👉 အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ တဲ့ Channel 3 ရဲ့ BELOVED FESTIVAL
👉 အောင်မြင်မှုတွေထပ်မံရရှိခဲ့တဲ့ John Wick…

👍5🍌2
"တပ်မ (၉၉) စစ်ကြောင်းဟာ လူသတ်ဖို့အတွက် သီးသန့် မွေးထုတ်ထားတဲ့ တပ်တစ်ခုလို့ပဲ ပြောရမှာပါ"(ရုပ်/သံ)
=================
KMN
မဇ္ဈိမ ။ ။စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲကို မတ်လ ၂၉ ရက်နေ့ကစပြီး ဘီလူးစစ်ကြောင်းလို့ ဒေသခံတွေနာမည်ပေးထားတဲ့ စစ်ကောင်စီရဲ့ တပ်မ (၉၉) လက်အောက်ခံ စစ်ကြောင်းဟာ ဒုတိယအကြိမ် ဝင်ရောက်နေပါတယ်။
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလဲအိုကျေးရွာအနီးမှာရှိတဲ့ စစ်ကိုင်းခရိုင်၊အမှတ် (၁) တပ်ရင်း PDF စခန်းကို တပ်မ (၉၉) လက်အောင်ခံ ဘီလူးစစ်ကြောင်းက မတ်လ ၃၀ ရက်နေ့ မနက်အစောပိုင်းမှာ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ တပ်မ (၉၉) လက်အောက်ခံစစ်ကြောင်းမှာ အင်အား ၈၀ ဝန်းကျင်ခန့်ပါဝင်ပြီး ကျေးရွာသားနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးသတ်ဖြတ်တာ အမျိုးသမီးတွေကို အဓမ္မပြုကျင့် သတ်ဖြတ်တာတွေ ပြုလုပ်နေတာတွေ့ရတယ်လို့ ဒေသခံကာကွယ်ရေးတပ်တစ်ချို့က ပြောပါတယ်။
https://youtu.be/34HDFGh0Yjk
ရုပ်သံတင်ဆက်၊တည်းဖြတ် - KMN
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=================
KMN
မဇ္ဈိမ ။ ။စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲကို မတ်လ ၂၉ ရက်နေ့ကစပြီး ဘီလူးစစ်ကြောင်းလို့ ဒေသခံတွေနာမည်ပေးထားတဲ့ စစ်ကောင်စီရဲ့ တပ်မ (၉၉) လက်အောက်ခံ စစ်ကြောင်းဟာ ဒုတိယအကြိမ် ဝင်ရောက်နေပါတယ်။
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလဲအိုကျေးရွာအနီးမှာရှိတဲ့ စစ်ကိုင်းခရိုင်၊အမှတ် (၁) တပ်ရင်း PDF စခန်းကို တပ်မ (၉၉) လက်အောင်ခံ ဘီလူးစစ်ကြောင်းက မတ်လ ၃၀ ရက်နေ့ မနက်အစောပိုင်းမှာ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ တပ်မ (၉၉) လက်အောက်ခံစစ်ကြောင်းမှာ အင်အား ၈၀ ဝန်းကျင်ခန့်ပါဝင်ပြီး ကျေးရွာသားနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးသတ်ဖြတ်တာ အမျိုးသမီးတွေကို အဓမ္မပြုကျင့် သတ်ဖြတ်တာတွေ ပြုလုပ်နေတာတွေ့ရတယ်လို့ ဒေသခံကာကွယ်ရေးတပ်တစ်ချို့က ပြောပါတယ်။
https://youtu.be/34HDFGh0Yjk
ရုပ်သံတင်ဆက်၊တည်းဖြတ် - KMN
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
"တပ်မ (၉၉) စစ်ကြောင်းဟာ လူသတ်ဖို့အတွက် သီးသန့် မွေးထုတ်ထားတဲ့ တပ်တစ်ခုလို့ပဲ ပြောရမှာပါ"(ရုပ်/သံ)
KMN
မဇ္ဈိမ ။ ။စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲကို မတ်လ ၂၉ ရက်နေ့ကစပြီး ဘီလူးစစ်ကြောင်းလို့ ဒေသခံတွေနာမည်ပေးထားတဲ့ စစ်ကောင်စီရဲ့ တပ်မ (၉၉) လက်အောက်ခံ စစ်ကြောင်းဟာ ဒုတိယအကြိမ် ဝင်ရောက်နေပါတယ်။
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလဲအိုကျေးရွာအနီးမှာရှိတဲ့…

👍13🤬4❤1😁1
အကြည်တော်စာအုပ်ထဲက ဘီလူးဖြစ်သွားတဲ့ စစ်ကောင်စီတပ်
====================
စစ်ကိုင်းတိုင်းအတွင်း လူသတ်မီးရှို့ပြီး မုဒိမ်းမှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီ ဘီလူးစစ်ကြောင်းကို ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေ ဆုံးမလိုက်တယ်ဆိုတဲ့သတင်းဖတ်လိုက်ရချိန်မှာ စာရေးဆရာ အကြည်တော်ရဲ့ ဘီလူး ဝတ္ထုကို ပထမဆုံး သွားသတိရမိတယ်။ လှဦးဆိုတဲ့လူဟာ ရွာထဲမှာ လူရှိန်အောင်ဆိုပြီး အာဠာဝက ဘီလူးရုပ်ထိုး ခဲ့ပေမယ့် သူ့ရဲ့ဘီလူးရုပ်ဟာ အာဠာဝကမဖြစ်ဘဲ ကလေးတောင်မကြောက်တဲ့ ဘီလူးဖြစ်နေတာကနေ ဇာတ်လမ်း စခဲ့တာပါ။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
====================
စစ်ကိုင်းတိုင်းအတွင်း လူသတ်မီးရှို့ပြီး မုဒိမ်းမှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီ ဘီလူးစစ်ကြောင်းကို ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေ ဆုံးမလိုက်တယ်ဆိုတဲ့သတင်းဖတ်လိုက်ရချိန်မှာ စာရေးဆရာ အကြည်တော်ရဲ့ ဘီလူး ဝတ္ထုကို ပထမဆုံး သွားသတိရမိတယ်။ လှဦးဆိုတဲ့လူဟာ ရွာထဲမှာ လူရှိန်အောင်ဆိုပြီး အာဠာဝက ဘီလူးရုပ်ထိုး ခဲ့ပေမယ့် သူ့ရဲ့ဘီလူးရုပ်ဟာ အာဠာဝကမဖြစ်ဘဲ ကလေးတောင်မကြောက်တဲ့ ဘီလူးဖြစ်နေတာကနေ ဇာတ်လမ်း စခဲ့တာပါ။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17❤3💩3😁1
ထီးချိုင့်တွင် စစ်တပ်က ရွာပေါ်ကို လေယာဉ်ဖြင့် ဗုံးကြဲ၍ အရပ်သား ၆ ဦး သေဆုံး
🤬9👍2🔥2😁1😢1
ထီးချိုင့်တွင် စစ်တပ်က ရွာပေါ်ကို လေယာဉ်ဖြင့် ဗုံးကြဲ၍ အရပ်သား ၆ ဦး သေဆုံး
======================
MTO
မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ရှိ ဝဲကြီးရွာနှင့် အင်ဒေါင်းရွာကြား စစ်ရှောင်များရှိသည့် ဦးလာဘ ဘုရားအနီးသို့ မတ်လ ၃၁ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် လာရောက်ဗုံးကြဲချသွား၍ အရပ်သားပြည်သူ ခြောက်ဦး သေဆုံးသွားကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။
ယင်းအပြင် နောက်ထပ်ရွာသား ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်းလည်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ် နှစ်စီးဖြင့် လာရောက်ဗုံးကြဲခြင်းဖြစ်ပြီး ပေါက်ကုန်းရွာမှ လူနေအိမ်အချို့လည်း ပျက်စီးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ လေယာဉ် နှစ်စီးနဲ့ လာပြီး ဗုံး ရှစ်လုံး၊ ကိုးလုံးလောက်ရှိမယ် ကြဲသွားတာ၊ ဒီဘက်ပေါက်ကုန်းရွာကတော့ ထူးထူခြားခြား ထိခိုက်မှုမရှိဘူး၊ နေအိမ်တချို့ ပျက်စီးမှု ရှိတယ်၊ မြစ်ရဲ့ အရှေ့ဘက်ခြမ်းက ညောင်ပင်ကြီးနားက ဦးလာဘ ဘုရားနားမှာတော့ ပြည်သူ ခြောက်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရတယ်လို့ သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဝဲကြီးရွာမှ ဦးစိုးနိုင် (၄၇နှစ်)၊ ဒေါ်ညိုနွဲ့ (၄၇နှစ်)၊ ကိုအောင်ပိုင် (၁၆နှစ်)နှင့် မမာလာမိုး(၂၃ နှစ်)တို့ သေဆုံးခဲ့ပြီး ကျန်သေဆုံးသူ နှစ်ဦး၏ အမည်များကို စုံစမ်းနေဆဲ ဖြစ်သည်။
ဒဏ်ရာရသူများထဲတွင် အသက် ငါးနှစ်အရွယ်ကလေးငယ် နှစ်ဦး၊ အင်ဒေါင်းရွာမှ အသက် ၁၈ နှစ်အရွယ် ကိုနန်းထက်ဇော်တို့ဖြစ်ကြောင်းနှင့် ကျန်ဒဏ်ရာရသူများကို စုံစမ်းဆဲဖြစ်ကြောင်း ဒေသတွင်းသတင်းများကို ဖော်ပြနေသည့် Tigyaing Revolution TR က ရေးသားထားသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
#ထီးချိုင့်
#ဝဲကြီးရွာနှင့်အင်ဒေါင်းရွာကြား
#လေကြောင်းတိုက်ခိုက်
#mizzimatv
----------------------

Facebook
#ထီးချိုင့် – Explore
explore #ထီးချိုင့် at Facebook
🤬10👍4❤1😁1
ကနီမြို့အထွက် ကြို့ပင်သာဘုရားအနီး စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး
======================
လွှမ်းမိုး
မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း ၊ ကနီမြို့ အထွက် ကြို့ပင်သာ ဘုရားအနီးတွင် ကင်းပုန်းဝပ်ရန်လာသည့် စစ်ကောင်စီတပ်သားများကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက မတ်လ ၂၈ ရက် နေ့လယ် ၁၁ နာရီ အချိန်တွင် အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း KLG PDF ထံမှ သိရသည်။
အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု KLG PDF တပ်ရင်းမှူး ကိုသူက ပြောသည်။
“ရန်သူဘက်က မကြာခဏ ကင်ပုန်းဝပ်နေတဲ့ နေရာကို ကြိုစောင့်ပြီး တိုက်ခဲ့တာ ဖြစ်ပါတယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှု နှစ်နာရီလောက် ရှိခဲ့တယ်ဗျ။ အတွင်းသတင်းပေးမှုအရ စစ်သားနှစ်ဦး သေဆုံးတယ် နှစ်ဦးဒဏ်ရာရထားကြောင်း သိရတယ်” ဟု ၎င်းကဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KLG PDF) ၊ ယင်းမာပင်ခရိုင် အမှတ် (၂) တပ်ရင်း နှင့် DRPA တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ကနီမြို့နယ်တွင် အလယ်ကျွန်း(ပျူစောထီးဆိုသူအများစု နေသည့်ရွာ)ရွာမှ သက်ကြီးရွယ်အို နှင့် ကလေးများကို ကနီမြို့အတွင်းသို့ ရွှေ့ပြောင်းကာ ခံတပ်အခိုင်အမာ တည်ဆောက်နေကြောင်း ဒေသခံရဲဘော်များထံမှ သိရသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#စစ်ကိုင်းတိုင်း
#ကနီမြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု

👍13👏3🔥1🥱1