Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဧပြီလ (၂) ရက်၊ တနင်္ဂ​နွေနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

ကလောမြို့မှာ ယာဉ်တိမ်းမှောက်ပြီး လူ ၁၅ ဦး ဒဏ်ရာရ သွားတဲ့သတင်းနဲ့အတူ

တပ်မ (၉၉) စစ်ကြောင်းဟာ လူသတ်ဖို့အတွက် သီးသန့် မွေးထုတ်ထားတဲ့ တပ်တစ်ခုလို့ ဒေသတွင်းကာကွယ်ရေးတပ်တွေကပြောတဲ့သတင်း အပါအဝင်

နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ တပတ်အတွင်း စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။

သတင်းတွေအပြီးမှာတော့ သံစဉ့်အိမ် အစီအစဉ်ကို နားဆင်ကြရမှာပါ။

https://youtu.be/X0zw1-cIbmM
👍18😁2👎1
South Asia Today အစီအစဉ်

အိန္ဒိယ − ကမ္ဘာကြီးအတွက်မျှော်လင့်ချက် အလင်းရောင်သစ်တစ်ခု
တရားမဝင်သိမ်းပိုက်ခြင်းခံထားရသော ဂယ်ဂစ်ဘယ်တီစတန်ဒေသငွေကြေးဖောင်းပွမှုမြင့်တက်ခြင်းကြောင့် ယိမ်းယိုင်နေ
ဆရင်နဂါရှိ ရှာလီမာတက္ကသိုလ်တွင်မျိုးစေ့အရောင်းပြပွဲကျင်းပ
မြောက်ကိုရီးယားနိုင်ငံသားများဟာပြုံးယမ်းမြို့မှာ နှစ်စဉ်ပြုလုပ်တဲ့သစ်ပင်စိုက်ပျိုးရေးနေ့ အထိမ်းအမှတ်အဖြစ်သစ်ပင်များ စိုက်ပျိုးခဲ့ကြပါတယ်
အာရှတစ်ခွင်က ထူးခြားတဲ့အကြောင်းအရာများကို သိရှိနိုင်မဲ့ Asia Watch ကဏ္ဍတွေကို တင်ဆက်သွားမှာပါ။

https://youtu.be/CHO4wuOblEo
👍9😁1
​​အိန္ဒိယသံရုံးနှင့်ကောင်စစ်ဝန်ရုံးများအား ဆစ်ခ်ခွဲထွက်ရေးသမားများက အကြမ်းဖက်တိုက်ခိုက်မှုအပေါ် အမေရိကန် ရှုတ်ချ

အမေရိကန်အစိုးရသည် နိုင်ငံတွင်းရှိ အိန္ဒိယသံတမန်ရုံးများအား ဆန္ဒပြမှုအတွင်း ဖြစ်ပွားခဲ့သော ဆစ်ခ်လူမျိုးများ၏ အကြမ်းဖက်လုပ်ရပ်များကို ပြစ်တင်ရှုတ်ချလိုက်ပြီး အကြမ်းဖက်ခြိမ်းခြောက်သည့် ဆန္ဒပြမှုပုံစံမျိုးကို လက်မခံကြောင်းနှင့် ယင်းလုပ်ရပ်သည် အလွန်စိုးရိမ်စရာကောင်းကြောင်း ပြောကြားသည်။
👍11😁3
KNU တပ်မဟာ(၂)နယ်မြေတွင် ၂ ရက်အတွင်း တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၂၀ နီးပါး သေဆုံး

YT
မဇ္ဈိမ။ ။(KNU)၊ တပ်မဟာ(၂)နယ်မြေ၊ တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် မတ်လ ၃၁ ရက်နှင့် ဧပြီလ ၁ ရက်နေ့တို့က စစ်ကောင်စီသွားလာရာ လမ်းကြောင်းတစ်လျှောက် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်မှု လေးကြိမ်ထက်မနည်းပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၉ ထက်မနည်း သေဆုံး ခဲ့ကြောင်း တပ်မဟ
ာ (၂) KNLA တပ်ရင်း(၅) နှင့် နီးစပ်သော သတင်းရင်းမြစ်များထံမှ သိရသည်။
“သူတို့သွားတဲ့လမ်းမှာ နေရာစုံကနေကို ဖြတ်တိုက်နေတာ၊ တစ်နေရာမထိတစ်နေရာထိပဲ”ဟု ဒေသတွင်း ရှိ PDF တပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။
“စစ်သား ၁၉ ဦးထက်မနည်းသေဆုံးတယ်ဆိုတာက အတွင်းသတင်းတွေအရရော၊ မျက်မြင်သက်သေ ဒေသခံတွေရဲ့ ပြောကြားချက်အရရောဆို သတင်းမှန်ကန်မှုက သေချာသလောက်ရှိပါတယ်” ဟု မြေပြင် သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
👍20❤4👏2🔥1
မတ်လ ၃၁ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် လိပ်သိုမြို့မှဆင်းလာသော စစ်ကောင်စီကားသုံးစီးအား ရေပူစမ်းအနီးတွင် တပ်မဟာ (၂) KNLA တပ်ရင်း (၅)၊ PDF ပါဝင်သော ပူးပေါင်းတပ်ဖွဲ့များမှ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီကားတစ်စီး ထိခိုက်ပျက်စီးခဲ့ပြီး ခုနစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်းသိရ သည်။
ထိုနေ့ည ၈ နာရီတွင် စစ်ကောင်စီတပ်သားများသည် တိုက်ပွဲဖြစ်ပွားရာနေရာအနီးရှိ သံမိုးတောင်ရွာအား မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်ရှစ်လုံး မီးလောင်ကျွမ်းခဲ့သည်။
တိုက်ပွဲဖြစ်လို့ သူတို့လူတွေထိတော့ မီးစရှို့တော့တာပဲ။ ဒေသခံတွေကတော့ စစ်တလင်းထဲမှာ ဘယ်လို အဆင်ပြေမလဲဗျာ” ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။
ထို့ပြင် ဧပြီလ ၁ ရက်နေ့က လိပ်သိုလမ်းတစ်လျှောက် နံနက် ၉ နာရီတွင် မုဒ်ဦးရွာ၌ တစ်ကြိမ်၊ ၁၀ နာရီ ၂၀ မိနစ်၌ ဆိတ်ကုန်းရွာတွင် တစ်ကြိမ်၊ မွန်းလွဲ ၁ နာရီခန့်တွင် မွန်ကုန်းရွာနှင့် ရှုခင်းသာရွာကြားတွင် တစ်ကြိမ် စုစုပေါင်း သုံးကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ ပူးပေါင်းတပ်ဖွဲ့ဘက်တွင် အထိအခိုက်မရှိခဲ့ကြောင်း တပ်မဟာ(၂) KNLA တပ်ရင်း(၅)နှင့်နီးစပ်သော သတင်းရင်းမြစ်ထံမှ သိရသည်။
“ကြားဖြတ်တိုက်ခိုက်မှုတွေဖြစ်တဲ့နေရာတွေက သံတောင်ကြီးမြို့နယ်ထဲကရွာတွေမှာပါ။ KNLA ပူးပေါင်း တပ်ဖွဲ့ဘက်ကတော့ အထိအခိုက်၊ အကျအဆုံး မရှိပါဘူး” ဟု တပ်မဟာ(၂) KNLA တပ်ရင်း(၅)နှင့်နီးစပ် သော သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။
ယနေ့ ဧပြီလ ၂ ရက်နေ့ နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်သည် လိပ်သိုမြို့နယ်ခွဲ၊ သံမိုးတောင်ကျေး ရွာအနီးသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#KNUတပ်မဟာ(၂)
#တောင်ငူခရိုင်
#သံတောင်ကြီးမြို့နယ်
#KNLA
#တိုက်ပွဲ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20👏2😁2❤1🥰1
ယင်းမာပင်ခရိုင်အတွင်းမှ တပ်ရင်းများအား နိုင်ငံရေးအသိ ဆွေးနွေးပို့ချ

လွှမ်းမိုး
မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းမှတပ်ရင်းများအား အမျိုးသမီးမဟာမိတ်အင်အားစုနှင့် မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့ပူးပေါင်း၍ မတ်လ ၃၀ ရက်နေ့က အခြေခံနိုင်ငံရေးနှင့်ဆိုင် သော အကြောင်းအရာများဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောမှုတွင် ခေါင်းဆောင်ပိုင်းဆိုင်ရာ အကြောင်းအရာများ၊ အခြေခံဖက်ဒရယ်လစ်ဇင်နှင့် COC နှစ်ရပ်အကြောင်းတို့ပါဝင်ကြောင်း သိရသည်။
ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်နေသော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအနေဖြင့် အခြေခံနိုင်ငံရေးအသိနှင့် စစ်ရေးအသိရှိကြရန် အထူးလိုအပ်သည်ဟု ထင်မြင်ယူဆသည့်အတွက် ယခု ကဲ့သို့ နိုင်ငံရေးနှင့် သက်ဆိုင်သောသင်တန်းများ၊ ဟောပြောပွဲများ ဆွေးနွေးပေးခဲ့ခြင်းဖြစ်ပြီး ကျန်ရှိနေ သော ဒေသများကိုလည်း ဆက်လက်ကြိုးပမ်း သွားမည်ဖြစ်ကြောင်း အမျိုးသမီး မဟာမိတ်အင်အားစုမှ မအေးမြင့်အောင်အောင်က ဆိုသည်။
👍16❤6🔥1😁1
ဟောပြောပွဲသို့ ယင်းမာခရိုင်တပ်ရင်း(၉)ရင်းမှ တပ်ခွဲများ ၊ ပ.က.ဖ များနှင့် လူထုသပိတ် ဦးဆောင်သူများ တတ်ရောက်ခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ ဟောပြောမှုကို မတ်လ ၂၆ ရက်နေ့ကလည်း မုံရွာခရိုင်တပ်ရင်းများထံသို့ သွားရောက်၍ ဟောပြောခဲ့ကြောင်းလည်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ယင်းမာပင်ခရိုင်
#အမျိုးသမီးမဟာမိတ်အင်အားစု
# မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8❤3🔥1🥴1
ကရင်နီပြည်တွင် အာဏာသိမ်းကာလအတွင်း တိုက်ပွဲပေါင်း ၆၅၀ ဖြစ်ပွား၊ စစ်ကောင်စီတပ်ဖွဲ့၁၈၀၀ ကျော်သေဆုံးပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၅၀ ကျော်ကျဆုံးဟုဆို

001
မဇ္စျိမ။ ။ ကရင်နီပြည်(ကယားပြည်နယ်)တွင် အာဏာသိမ်းကာလအတွင်း တိုက်ပွဲ‌အကြိမ်ရေ ၆၅၀ ဖြစ်ပွားခဲ့ပြီး PDF၊ KNDFနှင့် KA တပ်ဖွဲ့ဝင် ၂၅၂ ဦးကျဆုံးခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF)က ဧပြီလ ၁ ရက်နေ့တွင် ထုတ်ပြန်သည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ယခုနှစ် ၂၀၂၃ခုနှစ် မတ်လ၃၁ရက်အထိ ဒေသတွင်း တိုက်ပွဲများနှင့် ထိခိုက်မှုစာရင်းချုပ်ကို PKPFက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ကာကွယ်ရေးတပ်ဖွဲ့ဝင်ကျဆုံးမှုမှာ ၂၅၂ဦး ရှိခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ၄၁ ဦး၊ ၂၀၂၂ ခုနှစ်တွင် ၁၇၀ ဦးနှင့် ယခု ၂၀၂၃ခုနှစ် ပထမသုံးလအတွင်း ၄၁ ဦးကျဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
တိုက်ပွဲကာလအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၃၁၀ ကြိမ်ပြုလုပ်ခဲ့ပြီး နေအိမ်များ ပျက်စီးမှု ၁၄၀၀ ကျော်နှင့် ဘာသာရေးအဆောက်အအုံပျက်စီးမှု ၃၃ခု ရှိခဲ့ကြောင်း PKPFက ထုတ်ပြန်ထားသည်။
👍19😁2🔥1
ထို့ပြင် သတ်ဖြတ်ခံရသည့် အရပ်သားပြည်သူ ၃၁၃ ဦးရှိပြီး စစ်ဘေးရှောင်စဉ် သေဆုံးခဲ့သည့်အရပ်သား ၁၃၄ ဦးရှိကြောင်းလည်း ဆိုထားသည်။ စစ်ကောင်စီထံတွင် မတရားဖမ်းဆီးခံထားရသူ ၂၇၉ ဦးရှိကြောင်း PKPFကဆိုသည်။
အဆိုပါ ကာလအတွင်း တိုက်ပွဲများ၌ စစ်ကောင်စီဘက်မှသေဆုံးသူ ၁၈၈၃ဦးရှိကြောင်း PKPF၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်ကောင်စီဘက်မှ သေဆုံးမှုမှာ ၂၀၂၁ ခုနှစ်တွင် ၄၄၈ ဦး၊ ၂၀၂၂ ခုနှစ်တွင် ၁၁၁၅ ဦးနှင့် ယခုနှစ်ပထမသုံးလအတွင်း ၃၂၀ ဦးရှိကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခတိုက်ပွဲ ၈၁၀၀ ကျော်ဖြစ်ပွားခဲ့​ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ (ISP – Myanmar) က ဖေဖော်ဝါရီလအစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ပြီးခဲ့သည့် နှစ်နှစ်တာကာလအတွင်း ကရင်နီပြည်(ကယားပြည်နယ်)တွင် မယ်စဲ့မြို့နယ်ကလွဲပြီး ကျန်သည့်မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွားခဲ့သည်။ဒီမော့ဆိုမြို့နယ်တွင် တိုက်ပွဲပေါင်း ၁၁၉ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ကာ ကရင်နီပြည်နယ်အတွင်း တိုက်ပွဲအများဆုံး မြို့နယ်ဖြစ်ခဲ့ကြောင်း ISP Myanmar ၏ စစ်တမ်းတွင် ဖော်ပြထားသည်။
စာတည်း - မောင်ကြီး
#ကရင်နီပြည်
#အာဏာသိမ်းကာလ
#ထိခိုက်မှုစာရင်းချုပ်
#PKPF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16🔥1😁1