Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ယင်းမာပင်ခရိုင်အတွင်းမှ တပ်ရင်းများအား နိုင်ငံရေးအသိ ဆွေးနွေးပို့ချ

လွှမ်းမိုး
မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းမှတပ်ရင်းများအား အမျိုးသမီးမဟာမိတ်အင်အားစုနှင့် မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့ပူးပေါင်း၍ မတ်လ ၃၀ ရက်နေ့က အခြေခံနိုင်ငံရေးနှင့်ဆိုင် သော အကြောင်းအရာများဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောမှုတွင် ခေါင်းဆောင်ပိုင်းဆိုင်ရာ အကြောင်းအရာများ၊ အခြေခံဖက်ဒရယ်လစ်ဇင်နှင့် COC နှစ်ရပ်အကြောင်းတို့ပါဝင်ကြောင်း သိရသည်။
ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်နေသော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအနေဖြင့် အခြေခံနိုင်ငံရေးအသိနှင့် စစ်ရေးအသိရှိကြရန် အထူးလိုအပ်သည်ဟု ထင်မြင်ယူဆသည့်အတွက် ယခု ကဲ့သို့ နိုင်ငံရေးနှင့် သက်ဆိုင်သောသင်တန်းများ၊ ဟောပြောပွဲများ ဆွေးနွေးပေးခဲ့ခြင်းဖြစ်ပြီး ကျန်ရှိနေ သော ဒေသများကိုလည်း ဆက်လက်ကြိုးပမ်း သွားမည်ဖြစ်ကြောင်း အမျိုးသမီး မဟာမိတ်အင်အားစုမှ မအေးမြင့်အောင်အောင်က ဆိုသည်။
👍16❤6🔥1😁1
ဟောပြောပွဲသို့ ယင်းမာခရိုင်တပ်ရင်း(၉)ရင်းမှ တပ်ခွဲများ ၊ ပ.က.ဖ များနှင့် လူထုသပိတ် ဦးဆောင်သူများ တတ်ရောက်ခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ ဟောပြောမှုကို မတ်လ ၂၆ ရက်နေ့ကလည်း မုံရွာခရိုင်တပ်ရင်းများထံသို့ သွားရောက်၍ ဟောပြောခဲ့ကြောင်းလည်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ယင်းမာပင်ခရိုင်
#အမျိုးသမီးမဟာမိတ်အင်အားစု
# မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8❤3🔥1🥴1
ကရင်နီပြည်တွင် အာဏာသိမ်းကာလအတွင်း တိုက်ပွဲပေါင်း ၆၅၀ ဖြစ်ပွား၊ စစ်ကောင်စီတပ်ဖွဲ့၁၈၀၀ ကျော်သေဆုံးပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၅၀ ကျော်ကျဆုံးဟုဆို

001
မဇ္စျိမ။ ။ ကရင်နီပြည်(ကယားပြည်နယ်)တွင် အာဏာသိမ်းကာလအတွင်း တိုက်ပွဲ‌အကြိမ်ရေ ၆၅၀ ဖြစ်ပွားခဲ့ပြီး PDF၊ KNDFနှင့် KA တပ်ဖွဲ့ဝင် ၂၅၂ ဦးကျဆုံးခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF)က ဧပြီလ ၁ ရက်နေ့တွင် ထုတ်ပြန်သည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ယခုနှစ် ၂၀၂၃ခုနှစ် မတ်လ၃၁ရက်အထိ ဒေသတွင်း တိုက်ပွဲများနှင့် ထိခိုက်မှုစာရင်းချုပ်ကို PKPFက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ကာကွယ်ရေးတပ်ဖွဲ့ဝင်ကျဆုံးမှုမှာ ၂၅၂ဦး ရှိခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ၄၁ ဦး၊ ၂၀၂၂ ခုနှစ်တွင် ၁၇၀ ဦးနှင့် ယခု ၂၀၂၃ခုနှစ် ပထမသုံးလအတွင်း ၄၁ ဦးကျဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
တိုက်ပွဲကာလအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၃၁၀ ကြိမ်ပြုလုပ်ခဲ့ပြီး နေအိမ်များ ပျက်စီးမှု ၁၄၀၀ ကျော်နှင့် ဘာသာရေးအဆောက်အအုံပျက်စီးမှု ၃၃ခု ရှိခဲ့ကြောင်း PKPFက ထုတ်ပြန်ထားသည်။
👍19😁2🔥1
ထို့ပြင် သတ်ဖြတ်ခံရသည့် အရပ်သားပြည်သူ ၃၁၃ ဦးရှိပြီး စစ်ဘေးရှောင်စဉ် သေဆုံးခဲ့သည့်အရပ်သား ၁၃၄ ဦးရှိကြောင်းလည်း ဆိုထားသည်။ စစ်ကောင်စီထံတွင် မတရားဖမ်းဆီးခံထားရသူ ၂၇၉ ဦးရှိကြောင်း PKPFကဆိုသည်။
အဆိုပါ ကာလအတွင်း တိုက်ပွဲများ၌ စစ်ကောင်စီဘက်မှသေဆုံးသူ ၁၈၈၃ဦးရှိကြောင်း PKPF၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်ကောင်စီဘက်မှ သေဆုံးမှုမှာ ၂၀၂၁ ခုနှစ်တွင် ၄၄၈ ဦး၊ ၂၀၂၂ ခုနှစ်တွင် ၁၁၁၅ ဦးနှင့် ယခုနှစ်ပထမသုံးလအတွင်း ၃၂၀ ဦးရှိကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခတိုက်ပွဲ ၈၁၀၀ ကျော်ဖြစ်ပွားခဲ့​ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ (ISP – Myanmar) က ဖေဖော်ဝါရီလအစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ပြီးခဲ့သည့် နှစ်နှစ်တာကာလအတွင်း ကရင်နီပြည်(ကယားပြည်နယ်)တွင် မယ်စဲ့မြို့နယ်ကလွဲပြီး ကျန်သည့်မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွားခဲ့သည်။ဒီမော့ဆိုမြို့နယ်တွင် တိုက်ပွဲပေါင်း ၁၁၉ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ကာ ကရင်နီပြည်နယ်အတွင်း တိုက်ပွဲအများဆုံး မြို့နယ်ဖြစ်ခဲ့ကြောင်း ISP Myanmar ၏ စစ်တမ်းတွင် ဖော်ပြထားသည်။
စာတည်း - မောင်ကြီး
#ကရင်နီပြည်
#အာဏာသိမ်းကာလ
#ထိခိုက်မှုစာရင်းချုပ်
#PKPF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16🔥1😁1
မြေပြင်တိုက်ပွဲ အထိနာနေ၍ စစ်ကောင်စီတပ်က မဲကနယ်ဒေသကို လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်နေ

သွင်ထူးဈာန်
ကော်သူးလေ(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်း၌ဖြစ်ပွားနေသောတိုက်ပွဲတွင် စစ်ကောင်စီတပ်က မြေပြင်တိုက်ပွဲအထိနာနေသောကြောင့် လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ပြု လုပ်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
မတ်လ ၂၅ ရက်နေ့က မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်၊ သင်္ဃန်းညီနောင်ရဲစခန်းစခန်း၊ (၂၇၅) တပ်ရင်းနှင့် (၃၅၅)တပ်ရင်းတို့ တိုက်ခိုက်ခံရပြီးနောက် မြဝတီမြို့တောင်ဘက်ခြမ်းရှိကျေးရွာများကို စစ်ကောင်စီတပ် က Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ငါးကြိမ်ပစ်ခတ်ခဲ့ကာ လက်နက်ကြီးများဖြင့် နေစဥ်ပစ်ခတ်မှုပြု လုပ်ခဲ့သည်။ ယင်းသို့ပစ်ခတ်မှုကြောင့် မြဝတီမြို့အနီးရှိ ရွှေမြစန္ဒီမြို့သစ်နှင့် အိမ်ငါးဆယ်ရပ်ကွက်တို့မှ နေအိမ် ၃၀ ကျော် မီးလောင်ပျက်စီးခဲ့ရသည်။
ထို့ပြင် ဧပြီလ ၁ ရက်နေ့ ညနေ ၆ နာရီ ၄၇ မိနစ်တွင် တိုက်လေယာဥ်ဖြင့် နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ ကြောင်း ရှေ့တန်းတွင်ရောက်ရှိနေသည့် မဇ္ဈိမသတင်းထောက်မှ အတည်ပြုပြောကြားသည်။
👍17🤬4👏2🔥1
“လေယာဥ်တစ်စီးတည်းလာပြီး နှစ်ကြိမ်လာပစ်သွားတာ၊ တကြိမ်နဲ့တကြိမ်က နည်းနည်းပဲကြာတယ်။ ဗုံးကြဲသွားတဲ့အပြင် တိုက်လေယာဥ်တွေမှာပါတဲ့ လက်နက်တွေနဲ့ပါ ပစ်သွားတယ်။ ပစ်ခံရတဲ့နေရာက မဲကနယ်ဒေသက ကျေးရွာတစ်ရွာပါ၊ ဒေသခံတွေရဲ့နေအိမ်တွေ ပျက်စီးသွားတယ်”ဟု မဇ္ဈိမ သတင်း ထောက်မှ ပြောသည်။
စစ်ကောင်စီတပ်၊ ကရင်နယ်ခြားစောင့်တပ်(BGF)တို့နှင့် KNLA ၊ တော်လှန်ရေးပူးပေါင်းတပ်တို့ မတ်လ ၂၅ ရက်နေ့မှ စတင်ပြီး မတ်လ ၃၁ ရက်နေ့အထိ ခုနစ်ရက်ကြာဖြစ်ပွားနေသည့် တိုက်ပွဲတွင် စစ်ကောင်စီ တပ်၊ ရဲနှင့် ကရင်နယ်ခြားစောင့်တပ်(BGF)အပါအဝင် ၂၃ ဦး သေဆုံးခဲ့ပြီး ၁၁ ဦးဖမ်းဆီးရရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းမှ ထုတ်ပြန်ထားသည်။ တော်လှန်ရေးပူးပေါင်းအဖွဲ့မှ တစ်ဦးကျဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်က ကျေးရွာများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းကြောင့် မဲကနယ်ဒေသမှ ကျေးရွာ လေးရွာထက်မနည်း၊ လူဦးရေ ၄,၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရ သည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ကရင်ပြည်နယ်
#မြဝတီမြို့နယ်
#မဲကနယ်ဒေသ
#စစ်ကောင်စီတပ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🤬6😢2🔥1😁1
တာလီဘန် အကြမ်းဖက်သမားတွေရဲ့ လက်အောက်က လွတ်မြောက်ဖို့ အာဖဂန်အမျိုးသမီးတွေ Crypto ရဲ့ ဆောက်ရွက်ချက်

မြန်မာနိုင်ငံ အာဏာသိမ်းခံရပြီး လအနည်းအကြာ ဩဂုတ်လ ၂၀၂၁ မှာ တာလီဘန်တို့ မြို့တော် ကဘူးလ် ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ သိတဲ့ အတိုင်း UN နဲ့ အမေရိကန်အပါအဝင် တခြားသော အင်အားကြီးနိုင်ငံတွေက လက်နက်ကိုင်ပြီး အာဏာလူတဲ့ တာလီဘန်တွေကို စာထုတ်ရှုတ်ချပါတယ်။ အရေးကြီးတဲ့ နိုင်ငံရေးသမားတွေ၊ သတင်းမီဒီယာသမားတွေ နဲ့ သူတို့ နိုင်ငံအတွက် အကျိုးရှိနိုင်မယ့် အာဖဂန်နိုင်ငံသားတွေကို တတိယနိုင်ငံရောက်အောင် ကူညီကယ်ထုတ်ခဲ့ပါတယ်။
👍9😁2