ထိုင်းနိုင်ငံရောက် မြန်မာ MoU လုပ်သား ၁,၃၀၀ ကျော် အလုပ်မှရပ်ဆိုင်းခံရ
ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။ထိုင်းနိုင်ငံမှ စက်ရုံနှစ်ရုံတွင် ဧပြီလ ၁ ရက်နေ့က မြန်မာ MoU အလုပ်သမား ၁,၃၀၀ ကျော် ရုတ်တရက် အလုပ်မှရပ်ဆိုင်းခံလိုက်ရကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီပေးနေ သည့်(MHAC)အဖွဲ့ထံမှ သိရသည်။
ရုတ်တရက် အလုပ်မှရပ်ဆိုင်းခံလိုက်ရသည့် မြန်မာ MoU အလုပ်သမား ၁,၃၀၀ ကျော်အတွက် လက်ရှိ တွင်(MHAC)အဖွဲ့နှင့် (NUG)အစိုးရ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများဖြင့်ချိတ်ဆက်ပြီး နစ်နာ ကြေးနှင့် အလုပ်ပြန်လည်ရရှိရေး ကူညီဆောင်ရွက်နေကြောင်းလည်း သိရသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးကူညီပေးနေသည့်(MHAC)အဖွဲ့တာဝန်ရှိသူ ကိုရဲမင်းက“အခု MoU အလုပ်သမားတွေက ထိုင်းကိုရောက်တာ မကြာသေးဘူး။ အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းလို့ဆိုပြီး တော့ အလုပ်သမား လူဦးရေ ၃၀၀၀ ကျော်ရှိတဲ့အထဲက ၁,၀၀၀ ကျော်ကို ဖြုတ်လိုက်တယ်လို့ ကျွန်တော် တို့ သိရတယ်”ဟု ပြော သည်။

😢9👍3❤2
ဧပြီလ ၁ ရက်နေ့က ထိုင်းနိုင်ငံ စမွန်စခွန်ခရိုင်၊ မဟာချိုင်ဒေသရှိ Cal-Comp အီလက်ထရောနစ်စက်ရုံမှ မြန်မာအလုပ်သမား ၁၀၆၀ ဦးကို လုပ်ခတလစာပေးပြီး အလုပ်မှရပ်ဆိုင်းခဲ့သလို အခြားစက်ရုံတစ်ခုမှ လည်း အလုပ်သမား ၃၀၀ ကျော်ကို အလုပ်မှ ထုတ်ပယ်ခံရကြောင်း ကိုရဲမင်းကပြောသည်။
“အခု အလုပ်ကထုတ်ခံရတဲ့ အလုပ်သမား ၁၃၀၀ ကျော်အတွက် ထိုင်းဥပဒေပါအတိုင်း ဘောင်ထဲကနေ ပြန်ရင်ဆိုင်ဖို့နဲ့ နစ်နာကြေးတွေပြန်ရဖို့ ကျွန်တော်တို့ စီစဉ်နေပါတယ်”ဟု ကိုရဲမင်းက ဆိုသည်။
လက်ရှိတွင် ရက်ပိုင်းအတွင်း အလုပ်သမား ၁,၅၀၀ ကျော် အလုပ်မှ ရပ်ဆိုင်းခံနေရကာ အခြားစက်ရုံများ တွင်လည်း ယခုလိုဖြစ်စဉ်မျိုး ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများရှိနိုင်ကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ထိုင်းနိုင်ငံ
#မြန်မာရွှေ့ပြောင်းလုပ်သား
#MoU
#အလုပ်မှရပ်ဆိုင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

😢9👍3❤1
ကျိုက်ထိုမြို့ရှောင်လမ်းတွင် အသတ်ခံထားရသည့် အမျိုးသား ၁ဦး၏ ရုပ်အလောင်းတွေ့ရှိ
YT
မဇ္ဈိမ။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မြို့ရှောင်လမ်းတနေရာ၌ ဓါးဒဏ်ရာများဖြင့် အသတ်ခံထားရသည့် အမျိုးသားတဦး၏ ရုပ်အလောင်းကို မတ်လ ၃၁ ရက်နေ့တွင် တွေ့ရှိခဲ့ကြောင်း ဒေသခံထံမှ သိရသည်။
အသတ်ခံရသူသည် ကျိုက်ထိုမြို့၊ အောင်ချမ်းသာရပ်ကွက် (၂) လမ်းမှ အသက် ၄၈ နှစ်အရွယ် ဦးကိုကိုမင်းဖြစ်ပြီး ၎င်းသည် ဆိုင်ကယ်ပွဲစားတဦးဖြစ်ကြောင်း သိရသည်။
"ခြံရောင်းပြီး သူ့အမျိုးသမီးအတွက် ဆိုင်ကယ်ဝယ်ဖို့ သွားတာ။ ပိုက်ဆံ သိန်း ၃၀ နဲ့ သူဝတ်ထားတဲ့ ရွှေနှစ်ကျပ်သား ပါသွားတယ်။ သူ့ကို ပြန်တွေ့တဲ့အချိန်မှာတော့ အဲ့ဒါတွေမရှိတော့ဘူး " ဟု ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။
ဦးကိုကိုမင်း၏ ရုပ်အလောင်းကို မတ်လ ၃၁ ရက်နေ့ နံနက် ၇ နာရီတွင် ကျိုက်ထိုမြို့ရှောင်လမ်းဘေး၌ လည်ပင်း၊ဝမ်းဗိုက်၊ လက်ကောက်ဝတ်တို့တွင် ဓားဒဏ်ရာများဖြင့်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒဒေသခံအချို့က ပြောသည်။
အဆိုပါအမှုနှင့်ပတ်သက်၍ အမျိုးသမီးတဦးနှင့် အမျိုးသားတဦးကို သံသယတရားခံအနေဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။
ကျိုက်ထိုမြို့၊ မြို့ရှောင်လမ်းသည် ကျိုက်ထိုမြို့နယ်၊ ဘိုက္ကားကျေးရွာမှ ကျိုက်ထိုမြို့အထွက် တံတားဖြူအထိ ဆက်သွယ်ဖောက်လုပ်ထားပြီး ထိုလမ်းတလျှောက်တွင် လူပြတ်လပ်သဖြင့် လုယက်မှုများ မကြာခဏ ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။
ဦးကိုကိုမင်း အသတ်ခံရမှုအပေါ် စစ်ကောင်စီ၏သတင်းများကို ဖြန့်ဝေပေးနေသည့် တယ်လီဂရမ်ချန်နယ်များတွင် PDF များက ပစ္စည်းလုယူ သတ်ဖြတ်သွားသည်ဟု စွပ်စွဲထားသည်ကို တွေ့ရသည်။ ကျိုက်ထိုမြို့နယ် တော်လှန်ရေးအင်အားစု (KRF) အပါအဝင် တော်လှန်အင်အားစုများက ၎င်းတို့ပြုလုပ်ခဲ့ခြင်းမရှိကြောင်း ပြောဆိုသည်။
"ဒီကိစ္စက ကျိုက်ထိုမြို့နယ်မှာရှိတဲ့ KRF အပါအဝင် အခြားတော်လှန်ရေးအင်အားစုတွေက လုပ်ခဲ့တာလုံးဝမဟုတ်ပါဘူး" ဟု ကျိုက်ထိုမြို့နယ်မှ တော်လှန်ရေးတာဝန်ခံတဦးက မဇ္ဈိမကိုပြောသည်။
ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့တွင် ကျိုက်ထိုမြို့နယ်၊ ဝါးဒက်ကွင်းကျေးရွာမှ ဒေါ်ခင်မြဝင်းသည် ၎င်း၏ ရာဘာခြံထဲတွင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရပြီး ထိုအချိန်ကလည်း စစ်ကောင်စီက PDF များပြုလုပ်ခဲ့ကြောင်း စွပ်စွဲပြောဆိုမှုများ ရှိခဲ့သေးသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ် ။ ။မောင်ကြီး
#မွန်ပြည်နယ်
#ကျိုက်ထိုမြို့နယ်
#မြို့ရှောင်လမ်း

👍12😢2❤1🔥1
မုံရွာမြို့တွင် မြဝတီဘဏ်နှင့် စီးပွားရေးဘဏ် တိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံး
https://youtu.be/fGPvCKtxfVE
https://youtu.be/fGPvCKtxfVE
YouTube
မုံရွာမြို့တွင် မြဝတီဘဏ်နှင့် စီးပွားရေးဘဏ် တိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံး
ပါခွီး
မဇ္စျိမ။ ။စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ပေါ်ရှိ မြဝတီဘဏ်နှင့် မြန်မာ့စီးပွားရေးဘဏ်တို့ကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များက အနီးကပ် အလစ်အငိုက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားလေးဦး သေဆုံးခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်း(၂၂) မုံရွာ(နတ်ဆိုး)အဖွဲ့က ထုတ်ပြန်သည်။…

👍17❤2👏2🥱2
မတူပီ - ပလက်ဝလမ်း ၁၁ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅၀ ကျော် သေဆုံး
https://youtu.be/bHUb68qX-00
https://youtu.be/bHUb68qX-00
YouTube
မတူပီ - ပလက်ဝလမ်း ၁၁ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅၀ ကျော် သေဆုံး
ပါခွီး
မဇ္စျိမ ။ ။ချင်းပြည်နယ်၊ မတူပီမြို့မှ မတူပီ-ပလက်ဝလမ်းပေါ်ရှိ ထယ်ဘွေ့စစ်ကောင်စီတပ်စခန်းသို့ ရိက္ခာနှင့်အင်အားဖြည့်တင်းရန်ထွက်ခွာလာသော စစ်ကြောင်းကို ၁၁ ရက်တာ တိုက်ခိုက်ခဲ့ရာ စစ်ကောင် စီတပ်သား ၅၂ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း ခ…

👍18😁3👏1
ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း (၇၅၄)ရက်မြောက် ဆန္ဒပြ
ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းရှိ ကျေးရွာ ပေါင်းစုံသပိတ်ကော်မတီနှင့် ပြည်သူများပူးပေါင်းပြီး (၇၅၄)ရက်မြောက်အဖြစ် ဧပြီလ ၂ ရက် ယနေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက် ဆန္ဒပြကြသည်။
လူထုသပိတ်စစ်ကြောင်းသည် “လူထုအားကို ဗဟိုပြု တပ်ပေါင်းစုကို ပုံဖော်” စာတမ်းကို ကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများဟစ်ကြွေးကြပြီး ကျဆုံးခဲ့သည့် အာဇာနည်များကို အလေး ပြုခဲ့ကြကြောင်း သိရသည်။
ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း သည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြနေခြင်းဖြစ်သည်။
#စစ်ကိုင်းတိုင်း
#ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း
#စစ်အာဏာရှင်ဆန့်ကျင်ရေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းရှိ ကျေးရွာ ပေါင်းစုံသပိတ်ကော်မတီနှင့် ပြည်သူများပူးပေါင်းပြီး (၇၅၄)ရက်မြောက်အဖြစ် ဧပြီလ ၂ ရက် ယနေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက် ဆန္ဒပြကြသည်။
လူထုသပိတ်စစ်ကြောင်းသည် “လူထုအားကို ဗဟိုပြု တပ်ပေါင်းစုကို ပုံဖော်” စာတမ်းကို ကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများဟစ်ကြွေးကြပြီး ကျဆုံးခဲ့သည့် အာဇာနည်များကို အလေး ပြုခဲ့ကြကြောင်း သိရသည်။
ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း သည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြနေခြင်းဖြစ်သည်။
#စစ်ကိုင်းတိုင်း
#ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း
#စစ်အာဏာရှင်ဆန့်ကျင်ရေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤15👍9🔥1😁1
နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင် ဓားပြတိုက်ခံရ
001
မဇ္စျိမ ။ ။နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇဝနဒီပရပ်ကွက်၊ ပိတောက်လမ်းနှင့် ဧရာဝတီလမ်းထောင့်ရှိ မိုးအိမ်ဆောက်ပစ္စည်းအရောင်းဆိုင်တွင် ဧပြီလ ၁ ရက်နေ့ ည ၇ နာရီဝန်းကျင်က ဓားပြတိုက်မှုဖြစ်ပွားခဲ့ ကြောင်း ပုဗ္ဗသီရိမြို့နယ်အခြေစိုက် ပရဟိတအဖွဲ့တစ်ခုက ပြောသည်။
“ဆိုင်သိမ်းခါနီးပေါ့။ သူတို့က အိမ်ဆောက်ပစ္စည်းရောင်းတာ၊ ဘေးပတ်ဝန်းကျင်မှာ အဲ့ဒီအချိန်က လူနည်း နည်းပြတ်တာပေါ့။ အဲ့ဒီအချိန်မှာ လူသုံးယောက်လာပြီးတော့ ဓားနဲ့ သေနတ်ကတော့ အစစ်လား၊ အတု လားမသိဘူး။ သေနတ်တစ်လက်တော့ ပါတယ်ပေါ့။ သူတို့ဆီက တနေကုန်ရောင်းရတဲ့ ပိုက်ဆံ ယူသွားတဲ့ သဘောပါ”ဟု ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဓားပြတိုက်သူသုံးဦးမှာ ဆိုင်ကယ်နှစ်စီးဖြင့် လာရောက်ခြင်းဖြစ်ပြီး ကျပ် ၁၅ သိန်းဝန်းကျင်ပါသွားကာ လူ ထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။
“လောလောဆယ်တော့ မဖမ်းမိသေးဘူး။ အခုက ဓားပြတိုက်တာပေါ့။ အဲ့ဒီဖြစ်စဉ် သိပ်မကြာခင်ကတော့ ခိုးမှုတွေလည်း အမြဲတမ်းတော့ ဒီမှာကြုံတွေ့နေရတာပဲ။ အဲဒါတွေလည်း မမိတော့ မမိကြပါဘူး”ဟု ပရဟိတအဖွဲ့ဝင်ကပြောသည်။
စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးများ၌ ဓားပြတိုက်ခံရမှုများ ဖြစ်ပွားလျက် ရှိသကဲ့သို့ စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်တွင်လည်း ဓားထောက်လုယက်ခံရမှုများ၊ ခိုးမှုများနှင့် ဓားပြတိုက်မှုများဖြစ်ပွားလျက်ရှိသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းကလည်း နေပြည်တော်၊ ပျဉ်းမနားမြို့ရှိ ပန်းအလှဆိုင်ကို အမျိုးသားနှစ်ဦးက ပန်းလာဝယ်သူအဖြစ်ဟန်ဆောင်ပြီး ဆိုင်ရှင်အမျိုးသမီးကို ဓားထောက်ကာ ဖုန်းနှင့် ဆွဲကြိုးလုယက်ခဲ့သည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#နေပြည်တော်
#ပုဗ္ဗသီရိမြို့နယ်
#ဓားပြတိုက်မှု

👍13🥴3👏1
မြဝတီကုန်သွယ်ရေးဇုန်စစ်ဆင်ရေးအားဦးဆောင်သူကော်ဘရာမှတပ်ခွဲမှူးကိုရှိုင်းနှင့်တွေ့ဆုံမေးမြန်ချက်
ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ နယ်စပ်ကုန်သွယ်ရေးဇုန်ကို မတ်လ၂၅ ရက်နေ့က KNU ၊ KNLA ပူးပေါင်းတပ်ဖွဲ့က နံနက် ၅ နာရီခွဲမှစတင်ကာ တိုက်ခိုက်ခဲ့သည်။
ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ၁၀ ဦးထက်မနည်းသေဆုံးကာ ဒုရဲမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင်များကိုဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ စစ်ဆင်ရေးကို ဦးဆောင်ခဲ့သူ ကော်ဘရာစစ်ကြောင်းမှ တပ်ခွဲမှူးကိုရှိုင်းအား မဇ္ဈိမမှတွေ့ဆုံမေး မြန်းထားသည်။
https://youtu.be/h55dXKCap4g

မဇ္ဈိမ။ ။ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ နယ်စပ်ကုန်သွယ်ရေးဇုန်ကို မတ်လ၂၅ ရက်နေ့က KNU ၊ KNLA ပူးပေါင်းတပ်ဖွဲ့က နံနက် ၅ နာရီခွဲမှစတင်ကာ တိုက်ခိုက်ခဲ့သည်။
ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ၁၀ ဦးထက်မနည်းသေဆုံးကာ ဒုရဲမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင်များကိုဖမ်းဆီးရမိခဲ့ပြီး…

❤18👍12😁2
ဒီပဲယင်းမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေလို့ ဒေသခံ ၁၀,၀၀၀ နီးပါးတိမ်းရှောင်နေရ
https://youtu.be/LtqoKRBsi_I

MTO
မဇ္ဈိမ။ ။ စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်း၊ စိုင်ပြင်မြို့ကနေ ဒီပဲယင်းမြို့နယ်အတွင်းကို မတ်လ ၂၇ ရက်နေ့ လောက်ကစပြီး စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီးနောက် ကျေးရွာတွေကို စစ်ကြောင်းထိုး လာတဲ့အတွက် ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ဒေသတွင်း…

👍6🤬4🔥2😁1😡1