ဧပြီလ ၃ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍5🔥1
“ညီအစ်မ ၇ဖော်”
မင်္ဂလာပါ။ “ပုံပြောပြမယ်” အစီအစဉ်လေးကနေ ကြိုဆိုပါတယ်။
ဒီနေ့တော့ “ညီအစ်မ ၇ဖော်” ဆိုတဲ့ ကယန်းရိုးရာပုံပြင်လေးကိုပြောပြပါမယ်။
သီချင်းဆိုသံ သာယာတဲ့ ညီအစ်မတွေနဲ့ ခီးမခါ ဘီလူးကြီးအကြောင်းပါ။
နားထောင်ကြည့်ပါနော်။
https://youtu.be/NPzAHov2T2w

YouTube

#ပုံပြောပြမယ်
#ကယန်း
#ပုံပြင်
#ညီအစ်မ၇ဖော်…

👍9🍌2
မျှတသော တရားစီရင်ပိုင်ခွင့်ဆိုတာဘာလဲ..?
https://youtu.be/IlC47LgdWsI
မျှတသော တရားစီရင်ပိုင်ခွင့်ကို လူတိုင်း ရပိုင်ခွင့်ရှိပါတယ်၊ အဲဒါတွေကတော့
သင့်လျော်သော အချိန်ကာလတစ်ခုအတွင်း တရားခွင်ကျင်းပခြင်း
အမှီအခိုကင်းပြီး သမာသမတ်ကျသော ဆုံးဖြတ်ချက်ချသူကသာ ကြားနာရခြင်း
သက်ဆိုင်ရာ အချက်အလက်များကို ရယူခွင့်ရှိခြင်း
အများသူငှာ ရှေ့မှောက်တွင်ဖြစ်ခြင်း
လိုအပ်ပါက ကိုယ်စားလှယ်နှင့် စကားပြန်ကို သုံးခွင့်ပြုခြင်း
အများပြည်သူ၏ ဆုံးဖြတ်သုံးသပ်ချက် ပါဝင်ခြင်း တို့ဖြစ်ပြီး
ကျား/မ၊ အသက်၊ လူမျိုး၊ ဒါမှမဟုတ် အပြုအမူတွေအပေါ် ခွဲခြားခြင်းမရှိဘဲ လူသားတိုင်းမှာ ဥပဒေရှေ့မှောက် ခြွင်းချက်မရှိ တန်းတူညီမျှစွာ ဆက်ဆံခံခွင့် ရှိပါတယ်။
လူတိုင်း တရားမျှတမှု ရရှိဖို့ လက်တွဲလုပ်ဆောင်ကြပါစို့

အများသူငှာ ရှေ့မှေ…

👍12🔥1😁1🤔1
ဧပြီလ ၃ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
01:00- ဒီပဲယင်းမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေလို့ ဒေသခံ ၁၀,၀၀၀ နီးပါးတိမ်းရှောင်နေရတဲ့ သတင်း
04:00- မန္တလေးမှာ သင်္ကြန်မဏ္ဍပ်တွေ စတင်ဆောက်လုပ်နေတဲ့ သတင်း
05:35- ရုရှားက ကုလလုံခြုံရေးကောင်စီအလှည့်ကျဥက္ကဌဖြစ်လာခြင်းကို မိမိတို့နဲ့ နိုင်ငံတကာက စိတ်ပျက်လက်ပျက်ဖြစ်ရကြောင်း ယူကရိန်းပြောလိုက်တဲ့သတင်း
07:01- ထန်တလန်မှာ လေကြောင်းမှတိုက်ခိုက်တာကြောင့် ဒဏ်ရာရရှိသူတွေထဲက ၁ ဦး ထပ်မံသေဆုံးသွားတဲ့ သတင်း
အပါအဝင် အခြားစိတ်ဝင်စားဖွယ်ရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/OapXTERIDiM

ဧပြီလ (၃) ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
01:00- ဒီပဲယင်းမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေလို့ ဒေသခံ ၁၀,၀၀၀ နီးပါးတိမ်းရှောင်နေရတဲ့ သတင်း
04:00- မန္တလေးမှာ သင်္ကြန်မဏ္ဍပ်တွေ စတင်ဆောက်လုပ်နေတဲ့ သတင်း
05:35- ရုရှားက ကုလလုံခြုံရေးကောင်စီအလှည့်ကျဥက္ကဌဖြစ်လာခြင်းကို မိမိတို့နဲ့ နိုင်ငံတကာက စိတ်ပျ…

👍3🔥2😁2
ပုလဲမြို့နယ် နှောကန်ကျေးရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံး
လွှမ်းမိုး
မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နှောကံကျေးရွာတွင် ယာယီတပ်စွဲနေသာ စစ်ကောင်စီတပ်ဖွဲ့ ပတ်ကင်းနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ ဧပြီလ ၂ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေါင်းနက်တပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးပြီး ဒေသကာကွယ်ရေးရဲဘော်တစ်ဦး ထိခိုက်မှုရှိခဲ့ ကြောင်း ဒေါင်းနက်တပ်ဖွဲ့မှ တပ်ရင်းမှူးကိုပေက ပြောသည်။
“ဆိုင်ကယ်တစ်စီးနဲ့စစ်သားနှစ်ယောက် ရွာပတ်ပြီး ကင်းလှည့်နေတဲ့အချိန် ကျနော်တို့ကင်းပုန်းနဲ့ ထိတွေ့ မှုဖြစ်ခဲ့တာပါ။ စစ်သား နှစ်ဦးသေဆုံးတယ် ။ ကျနော်တို့ဘက်က ရဲဘော်တစ်ဦး ခါးဒဏ်ရာ ရရှိခဲ့တယ်” ဟု ဒေါင်းနက်တပ်ဖွဲ့မှ တပ်ရင်းမှူးကိုပေက ဆိုသည်။
ထို့ပြင် စစ်ကောင်စီတပ်သား နှစ်ဦးထံမှ MA-3 နှစ်လက် ရရှိခဲ့သည်ဟု ၎င်းကပြောသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် ဖူးကြီးအခြေစိုက် စကခ(၄) လက်အောက်ခံတပ်ရင်းတစ်ခု ဖြစ်သည့် ခမရ(၇၀၄) မှ စစ်ကြောင်းဖြစ်ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် အမှတ်(၁၀) တပ်ရင်း (ဒေါင်းနက်တပ်ဖွဲ့) ၊ ရဲခေါင်ပြောက်ကျား တပ်ဖွဲ့၊ ယင်းမာပင်ခရိုင်အမှတ်(၈)တပ်ရင်းနှင့် ယင်းမာပင်ခရိုင် အမှတ်(၉) တပ်ရင်းတို့ ပူးပေါင်းတိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိခိုက်သေဆုံးမှု ရှိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့က မွန်းလွဲ ၁ နာရီ ၅၀ မိနစ်ခန့်တွင် အိမ်ခြေ ၃၀၀ ခန့် ရှိ သည့် နှောကံကျေးရွာကို မီးတင်ရှို့ခဲ့ကြောင်း ဒေသခံများကပြောသည်။
“သေနတ်သံတွေ ကြားပြီးတဲ့နောက်မကြာပါဘူး ရွာပေါ်က မီးခိုးလုံးကြီးတွေထွက်လာတယ်။ အခုအချိန် ထိတပ်စွဲထားတဲ့အတွက် မီးလောင်အိမ်ခြေအရေအတွက်ကို မသိရသေးဘူး”ဟု လုံခြုံရေးအရ အမည် မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းကြောင့် ပုလဲမြို့နယ်အတွင်းရှိ နှောကံ၊ ကိုင်းတွင်း၊ မင်းတိုင်ပင်၊ သပြေကုန်း၊ ကျောက်ဖျာကန် ကျေးရွာများမှ လူဦးရေ ၈,၀၀၀ ခန့် စစ်ဘေးရှောင်နေရကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ပုလဲမြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ပွဲဖြစ်ပွား

👍17🔥3🥱1
This media is not supported in your browser
VIEW IN TELEGRAM
April - 3 [12 Pm] Mizzima News Hour
See more - https://youtu.be/OapXTERIDiM
#12pmnews #mizzimanewshour #reels #shorts #Mizzima

❤3😁1🤮1
ရုရှားကကုလသမဂ္ဂအလှည့်ကျဥက္ကဌဖြစ်လာခြင်းကိုမိမိနဲ့နိုင်ငံတကာက စိတ်ပျက်လက်ပျက်ဖြစ်ကြောင်းယူကရိန်းပြော
https://youtu.be/_bTIdUb2m6k

ရုရှားက ကုလလုံခြုံရေးကောင်စီအလှည့်ကျဥက္ကဌဖြစ်လာခြင်းကို မိမိတို့နဲ့ နိုင်ငံတကာက စိတ်ပျက်လက်ပျက်ဖြစ်ရကြောင်း ယူကရိန်းပြော
#internationalnews #reels #shorts
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက်…

👍16💩4😁2🤯2
တရားစွဲဆိုခံရမှုအပေါ် ထိတ်လန့်တုန်လှုပ်မိပေမဲ့ ရင်ဆိုင်ဖို့အသင့်ပဲလို့ ဒေါ်နယ်ထရန့်ပြော
https://youtu.be/Q9GnotcDrI4

မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ.…

👍4👏2
မြန်မာ့အရေးအဖြေရှာဖို့ မြန်မာကိုယ်တိုင်ဦးဆောင်လုပ်ကိုင်ရမှာဖြစ်ကြောင်းအာဆီယံအတွင်းရေးမှူးချုပ်ပြော
https://youtu.be/J86JyceUWfc

မြန်မာနိုင်ငံရေးပဋိပက္ခများက ခက်ခဲရှုပ်ထွေးလှပြီး၊ အလျင်အမြန် ဖြေရှင်းနိုင်မယ်လို့ မမျှော်လင့်ထားသလို မြန်မာနိုင်ငံရေးပြဿနာများကို အဖြေရှာနိုင်အောင် မြန်မာအစိုးရကိုယ်တိုင် ဦးဆောင်လုပ်ကိုင်ရမှာဖြစ်တယ်လို့ အာဆီယံအတွင်းရေးမှူးချုပ် ကောန်ကင်ဟွမ် ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။…
😁9👍3❤1
မော့ကနင်ကျေးရွာတွင် ရာဘာခြစ်ရန်ထွက်လာသည့် ရွာသား ၂ ဦး ပစ်ခတ်ခံရ
ဂျူချန်း
မဇ္ဈိမ။ ။မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲရှိ မော့ကနင်ကျေးရွာတွင် ရာဘာခြစ်ရန်ထွက်လာ သည့် ရွာသားနှစ်ဦး ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများမှ သိရသည်။
ဧပြီလ ၂ ရက်နေ့ နံနက် ၄ နာရီ ၄၅ မိနစ်တွင် ရာဘာခြစ်ရန် ဆိုင်ကယ်ဖြင့်ထွက်လာသည့် မော့ကနင် ရွာသားနှစ်ဦးသည် ရွာအထွက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဆိုသည်။
“သူတို့က မနက်အစောကြီး ရာဘာခြစ်ဖို့ သွားတာ။ လမ်းမှာတားတာ မရပ်လို့ ပစ်ခံရတယ် ပြောတယ်။ သူတို့ပြောတာက စစ်သားတွေ၊ တပ်ကပြောတာတော့ သူတို့မဟုတ်ဘူးတဲ့။ ကျနော်တို့လည်း သေချာ မပြောတတ်ဘူး” ဟု မော့ကနင်ရွာသားတစ်ဦးက ပြောသည်။
ရွာသားနှစ်ဦး ပစ်ခတ်ခံရသည့် မော့ကနင်ကျေးရွာအထွက် တံတားအနီးတွင် စစ်ကောင်စီတပ်သားများ နေရာယူထားကြောင်း သိရသည်။

🤬10👍2❤1😁1
“သူတို့က မနက် ၄ နာရီခွဲလောက်မှာ ခြံကိုသွားတယ်။ မော့ကနင်ရွာအထွက်မှာ ဘယ်တပ်ကပစ်တာလဲ တော့မသိဘူး၊ အဲ့ဒီအချိန်က မာရှယ်လောထုတ်ထားတဲ့အချိန်ဆိုတော့” ဟု အခြားဒေသခံတစ်ဦးက မဇ္ဈိမ ကိုပြောသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ရာဘာခြစ်လုပ်သားနှစ်ဦး၏ ခြေထောက်များတွင် ဒဏ်ရာများရရှိခဲ့ပြီး လူမှုကူညီရေးအသင်းများက လမိုင်းဆေးရုံသို့ပို့ဆောင်ခဲ့ရာ ထိုမှတဆင့် မော်လမြိုင်ဆေးရုံကြီးသို့ ပို့ ဆောင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဧပြီလ ၂ ရက်နေ့ မွန်းလွဲပိုင်းကလည်း လမိုင်းမြို့၊ အောင်သာယာကျေးရွာအနီး ရေး-သံဖြူဇရပ် လမ်းမကြီးတွင် အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာများဖြင့်သေဆုံးလျက်တွေ့ရှိရပြီး မည်သည့်အဖွဲ့ အစည်းက ပစ်ခတ်သွားသည်ကို မသိရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
မတ်လ ၂၃ ရက် ည ၈ နာရီခန့်ကလည်း ရေးမြို့နယ်၊ ကျုံလောင်းရွာသစ်အနီးရှိ ခလရ(၆၁)ရှေ့တွင် ကိုကြည်ဝင်းနှင့် မောင်လေးငယ်တို့ နှစ်ဦးအား စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ရာ ကိုကြည်ဝင်းသေဆုံး သွားခဲ့သည်။
အလားတူ ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၂ နာရီခန့်တွင် ရာဘာခြံသို့သွားသည့် မော့ကနင်ရွာသား နိုင်ဗင်ဆိုသူအား စစ်ကောင်စီတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့သည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ သေးသည်။
ရေးမြို့နယ်တွင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာပြီးနောက်ပိုင်း ည ၆ နာရီမှ နံနက် ၆ နာရီအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ အဆိုပါအချိန်များတွင် သွားလာနေသူများအား စစ်ကောင်စီတပ်ဖွဲ့က မကြာခဏ ပစ်ခတ်လေ့ရှိသဖြင့် ဒေသခံများမှာ သွားလာရန် အခက်အခဲရှိနေကြကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#မွန်ပြည်နယ်
#ရေးမြို့နယ်
#စစ်ကောင်စီတပ်
#ပစ်ခတ်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ရာဘာခြစ်လုပ်သားနှစ်ဦး၏ ခြေထောက်များတွင် ဒဏ်ရာများရရှိခဲ့ပြီး လူမှုကူညီရေးအသင်းများက လမိုင်းဆေးရုံသို့ပို့ဆောင်ခဲ့ရာ ထိုမှတဆင့် မော်လမြိုင်ဆေးရုံကြီးသို့ ပို့ ဆောင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဧပြီလ ၂ ရက်နေ့ မွန်းလွဲပိုင်းကလည်း လမိုင်းမြို့၊ အောင်သာယာကျေးရွာအနီး ရေး-သံဖြူဇရပ် လမ်းမကြီးတွင် အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာများဖြင့်သေဆုံးလျက်တွေ့ရှိရပြီး မည်သည့်အဖွဲ့ အစည်းက ပစ်ခတ်သွားသည်ကို မသိရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
မတ်လ ၂၃ ရက် ည ၈ နာရီခန့်ကလည်း ရေးမြို့နယ်၊ ကျုံလောင်းရွာသစ်အနီးရှိ ခလရ(၆၁)ရှေ့တွင် ကိုကြည်ဝင်းနှင့် မောင်လေးငယ်တို့ နှစ်ဦးအား စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ရာ ကိုကြည်ဝင်းသေဆုံး သွားခဲ့သည်။
အလားတူ ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၂ နာရီခန့်တွင် ရာဘာခြံသို့သွားသည့် မော့ကနင်ရွာသား နိုင်ဗင်ဆိုသူအား စစ်ကောင်စီတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့သည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ သေးသည်။
ရေးမြို့နယ်တွင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာပြီးနောက်ပိုင်း ည ၆ နာရီမှ နံနက် ၆ နာရီအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်ထားရာ အဆိုပါအချိန်များတွင် သွားလာနေသူများအား စစ်ကောင်စီတပ်ဖွဲ့က မကြာခဏ ပစ်ခတ်လေ့ရှိသဖြင့် ဒေသခံများမှာ သွားလာရန် အခက်အခဲရှိနေကြကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#မွန်ပြည်နယ်
#ရေးမြို့နယ်
#စစ်ကောင်စီတပ်
#ပစ်ခတ်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬8👍3❤1😁1
မင်းကင်းမြို့နယ် မအူကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁ ဦးသေဆုံး
လွှမ်းမိုး
မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း ၊ မင်းကင်းမြို့နယ်၊ မအူရွာကျေးတွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ်ရေးတပ်ဖွဲ့တို့ကြား ဧပြီလ ၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း MKPDF-2 ထံမှ သိရသည်။
အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးခဲ့ကြောင်း MKPDF-2 သတင်းနှင့်ပြန်ကြား ရေးတာဝန်ရှိသူက ဆိုသည်။
“လက်နက်ငယ်တွေနဲ့အတူ ၆၀ မမ ခုနစ်လုံး၊ ၄၀ မမ သုံးလုံးနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ကျနော်တို့ ဘက်က စနိုက်ပါလက်ချက်နဲ့ စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့ပါတယ်” ဟု ၎င်းကဆိုသည်။
မအူရွာသည် ပျူစောထီးဆိုသူအများစုနေထိုင်သည့် ကျေးရွာဖြစ်ကြောင်း သိရသည်။
ဧပြီလ ၁ ရက်နေ့ကလည်း ၆၀ မမ လေးလုံးနှင့်အတူ ဒရုန်းဖြင့် အီနာဂါလေးလုံးချကာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ထိခိုက်သေဆုံးမှုကို မသိရသေးကြောင်း ၎င်းကဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ကလေးခရိုင် အမှတ်(၁၁) တပ်ရင်း၊ မင်းကင်းနှင့်မဟာမိတ်တပ်ဖွဲ့ KG တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#မင်းကင်းမြို့နယ်

👍11😁2👏1
ဝါးခယ်မမြို့နယ် စိုက်ဘဏ်တွင် ဗုံးပေါက်ကွဲပြီး ရုံးစောင့် ၁ ဦး ဒဏ်ရာရ
မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (စိုက်ဘဏ်) တွင် ဧပြီလ ၂ ရက်နေ့၊ နံနက် ၃ နာရီ ၃၀ မိနစ်ခန့်က မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ရုံးစောင့်တစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ဘဏ်ချေးငွေပြန်မဆပ်ပါက လယ်သိမ်းမည်ဟု ဘဏ်မန်နေဂျာနှင့် ဝန်ထမ်းများက ဒေသခံလယ်သမား များအားခြိမ်းခြောက်နေသည့်အတွက် ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ဖောက်ခွဲမှုတွင်ပါဝင်သည့် ဧရာဝတီ လင်းပိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးကပြောသည်။
“အဲဒီနေရာက အများပြည်သူသွားလာရာ လမ်းဘေးဖြစ်နေတော့ ထိခိုက်မှုဖြစ်မှာစိုးလို့ မနက်အစောကြီး လုပ်လိုက်တာဗျ။ စိုက်ဘဏ်ရုံးစောင့် ခြေထောက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်"ဟု ဧရာဝတီ လင်းပိုင်အဖွဲ့ တာဝန်ရှိသူက ပြောသည်။
အဆိုပါ ဖောက်ခွဲမှုကို နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ဧရာဝတီလင်းပိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ဝါးခယ်မမြို့နယ်(ပကဖ)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ဗုံးပေါက်ကွဲကြောင့် စိုက်ဘဏ်ရုံးမှနေရာအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ဝါးခယ်မြို့ခံတစ်ဦးက မဇ္ဈိမကို ပြောသည်။ အနီးအနားဝန်းကျင်ရှိ လူငယ်နှစ်ဦးကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း ဆိုသည်။
“ဗုံးပေါက်တာက စိုက်ဘဏ်ရုံးရဲ့ ငွေသွင်းတဲ့အခန်းအရှေ့မှာ ပေါက်တာပါ။ ရုံးရှေ့ ညာဘက်ထောင့်မှာ ပျက်စီးသွားပြီး မနက်ပိုင်းရောက်တော့ စိုက်ဘဏ်ရုံးနားမှာရှိတဲ့ ဒံပေါက်ဆိုင်က လူငယ်တစ်ယောက်၊ ဆီဆိုင်ကလူငယ်တစ်ယောက်နဲ့ ရွာသစ်ရပ်ကွက်က လူငယ်တစ်ယောက်ကို စစ်တပ်နဲ့ရဲတွေက ဖမ်းသွား တယ်။ အဲ့ဒီ လူငယ်တွေက မြို့မှာအေးအေးဆေးဆေးနေပြီး တော်လှန်ရေးနဲ့ မသက်ဆိုင်သူတွေပါ။ ငွေ တောင်းလို့ကောင်းအောင် ဖမ်းနေတာထင်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
စိုက်ဘဏ်သည် စစ်ကောင်စီ၏ အဓိက ထောက်တိုင်များအနက်မှ တစ်ခုအပါအဝင်ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် ချေးငွေများပြန်မဆပ်သင့်ကြောင်း၊ ချေးငွေများအား ပြန်ဆပ်ပါက တော်လှန်ရေး သမားများအား သတ်ဖြတ်ရန် စစ်ကောင်စီအား ငွေထုတ်ပေးသကဲ့သို ဖြစ်နေမည်ဖြစ်ကြောင်း ဧရာဝတီ လင်းပိုင်အဖွဲ့ တာဝန်ရှိသူက ပြောသည်။
ယင်းပြင် စိုက်ဘဏ်အားဖောက်ခွဲမှုလုပ်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များအားလုံး ဘေးကင်းလုံခြုံရာ သို့ ရောက်ရှိနေပြီဖြစ်ကြောင်းလည်း ဧရာဝတီလင်းပိုင်အဖွဲ့တာဝန်ရှိသူက ပြောသည်။
ဗုံးပေါက်ကွဲမှုဖြစ်ရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (စိုက်ဘဏ်) ရုံးရှိ CCTV နှင့် အဆိုပါရုံးပတ်ဝန်းကျင် တွင်ရှိသည့် CCTV များအား စစ်ကောင်စီတပ်များနှင့် ရဲများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
#ဝါးခယ်မ
#စိုက်ဘဏ်
#ဗုံးပေါက်
#mizzimatv

👏11👍5😁2
ဖာပွန်ခရိုင်တွင် စစ်ကောင်စီတပ်မှလက်နက်ကြီးဖြင့်ပစ်ခတ်၍ ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ
YT
မဇ္ဈိမ။ ။KNU တပ်မဟာ (၅) နယ်မြေ၊ ဖာပွန်ခရိုင်(မူတြော်ခရိုင်)တွင် စစ်ကောင်စီတပ်ဖွဲ့က လက်နက် ကြီးဖြင့်ပစ်ခတ်၍ တစ်ဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU မူတြော်သတင်းစဉ်မှ ယမန်နေ့က ထုတ်ပြန်ထားသည်။
ဧပြီလ ၁ ရက်နေ့ ည ၇ နာရီ ၁၃ မိနစ်တွင် မထောကျေးရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းမှ ပစ်ခတ် သော လက်နက်ကြီးကျည်နှစ်လုံးကျရောက်ပေါက်ကွဲမှုကြောင့် ဒွယ်လိုးမြို့နယ်၊ ထီးသဘလူထာကျေးရွာ အုပ်စု၊ ဖွေးထော်ရူကျေးရွာတွင် နေထိုင်သည့် အသက် ၇၂ နှစ်အရွယ်ရှိ နော်မဆွေသန်းသည် ဦးခေါင်း ကြေမွဒဏ်ရာဖြင့် နေရာ၌ပင် သေဆုံးခဲ့ရကြောင်း သိရသည်။
ထို့ပြင် အဆိုပါ လက်နက်ကြီးကျည်များထိမှန်၍ ဖွေးထော်ရူကျေးရွာမှ စောသန်းဝင်း၊ နော်မူဆာနော၊ အသက် ၅ နှစ်အရွယ်ရှိ စောဖလယ်စေးနှင့် အသက်နှစ်လအရွယ်ရှိ နော်ဟဲညောဖိုး၏ ခန္ဓာကိုယ်အနှံ့တွင် ကျည်စထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း မူတြော်ခရိုင်သတင်းစဉ်၏ ထုတ်ပြန်ချက်အရ သိရသည်။

😢11🤬4👍2🔥2🥴1