Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
သတင်းချန်နယ်သီးသန့်အဖြစ် ထုတ်လွှင့်နေတဲ့ Mizzima TV Channel မှ အစီစဉ်တွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

နေ့စဉ်နဲ့အမျှဖြစ်ပျက်နေတဲ့ နောက်ဆုံးရ ပြည်တွင်းပြည်ပသတင်းများ၊ စီးပွားရေးသတင်းများ၊ သတင်းဆောင်းပါးများ၊ ဆွေးနွေးပွဲများ၊ အထူးတွေ့ဆုံမေးမြန်းချက်များနှင့် အစီအစဉ်ပေါင်းများစွာကို ထုတ်လွှင့်ပြသနေတဲ့ Mizzima TV Channel
Mizzima TV channel ကိုတော့ မနက် ၆ နာရီကနေစပြီး ည ၁၂ နာရီအထိ မြန်မာနိုင်ငံနှင့် အာရှနိုင်ငံများသို့ မြန်မာဘာသာဖြင့် ထုတ်လွှင့်ပြသလျက်ရှိပါတယ်။

https://youtu.be/0eVnM_X-kG4
👍7😁2
Media is too big
VIEW IN TELEGRAM
အာဏာသိမ်းကာလအတွင်း ကယားမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၁၂၀ ကျော် ပြုလုပ်ခဲ့ပြီး တိုက်ပွဲပေါင်း ၆၅၀ ရှိ

Watch more detail - https://www.youtube.com/watch?v=Vc5WLx2E2ng

#Mizzima #VideoNews #shorts #reels
🤬4❤1👏1
​​KIA စစ္သင္တန္းဆင္းဟုစြပ္စြဲကာ ဖမ္းဆီးခံရသည့္ လူငယ္ ၅ ဦးကို ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တြင္ စစ္ေဆးေန

မဇၩိမ။ ။ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ့တြင္ KIA စစ္သင္တန္းဆင္းဟုစြပ္စြဲကာ ဖမ္းဆီးခံရသည့္ လူငယ္ ငါးဦးကို ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တြင္ စစ္ေဆးေနေၾကာင္း အဆိုပါလူငယ္မ်ားႏွင့္ နီးစပ္သူမ်ားက မဇၩိမကို ေျပာသည္။

ျမစ္ႀကီးနားၿမိဳ့၊ ရမ္ပူရပ္ကြက္တြင္ မတ္လ ၃၀ ရက္ေန႔ ညေနပိုင္းက တက္တူထိုးသည့္ဆိုင္မွ အမ်ိဳးသား ငါးဦးကို ေျမာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ လက္ေအာက္ခံ အမွတ္(၄) အထူးကြန္မန္ဒိုအဖြဲ႕က ဖမ္းဆီးခဲ့ျခင္း ျဖစ္သည္။

အဆင့္ျမင့္ အိမ္စီးကားသုံးစီးျဖင့္ မ်က္ႏွာတြင္ အမည္းေရာင္ပုဝါမ်ား စည္းထားေသာ အင္အား ၂၅ ဦးခန႔္ ပါဝင္သည့္ အထူးကြန္မန္ဒိုအဖြဲ႕က ဆိုင္ရွင္အပါအဝင္ လူငယ္လူတစ္စုကို လက္ျပန္ႀကိဳးတုပ္ကာ ဖမ္းဆီး ေခၚေဆာင္ သြားျခင္းျဖစ္သည္ဟု အမည္မေဖာ္လိုေသာ သတင္းရင္းျမစ္က ေျပာသည္။

“အိမ္ရွင္ရဲ့သားကို ေစာင့္ၾကည့္ေနတာၾကာၿပီနဲ႔တူတယ္၊ နာမည္ကိုေခၚၿပီးမွကို တစ္ခါတည္း ဝင္လာတာ၊ အဲ့မွာ က်န္တဲ့လူငယ္ေတြက တက္တူးထိုးဖို့ ေရာက္ေနတာ အကုန္လုံးကို လက္ေနာက္ျပန္ဖမ္းခ်ဳပ္ၿပီး ေခၚသြားတာ၊ ဒီလိုလာဖမ္းတာ ရပ္ကြက္လူႀကီးေတာင္ မသိလိုက္ဘူးတဲ့။ က်ေနာ္တို့သူတို့လည္း သတင္း ရလို့ ေနာက္မွလူႀကီးေတြကိုေမးၾကည့္တာ တိုင္း(စစ္ဌာနခ်ဳပ္) ကို ေခၚသြားတယ္ ေျပာတယ္။ ရဲစခန္းမွာ မရွိဘူးတဲ့” ဟု သတင္းရင္းျမစ္က ေျပာသည္။

ထိုသို့ လာေရာက္ဖမ္းဆီးစဥ္တြင္ ေနအိမ္တြင္ရွိေနေသာ ကားတစ္စီးကို ယူေဆာင္သြားသည့္အျပင္ အဖမ္း ခံရသူမ်ား၏ သတင္းမ်ားကို ဆက္လက္စုံစမ္းျခင္းမျပဳရန္ႏွင့္ စုံစမ္းပါက စုံစမ္းသူကိုပါ ထပ္မံဖမ္းဆီးမည္ ဟု ၿခိမ္းေျခာက္သြားေၾကာင္း သိရသည္။

တပ္တြင္းသတင္းရင္းျမစ္၏အဆိုအရ ဖမ္းဆီးခံလူငယ္မ်ားကို KIA ထံမွ စစ္သင္တန္းဆင္းလူငယ္မ်ားဟု စြပ္စြဲၿပီး စစ္ဌာနခ်ဳပ္ကတိုက္ရိုက္ကိုင္တြယ္သည့္ အထူးအၾကမ္းဖက္ကြန္မန္ဒိုတပ္ရင္းမွ လၽွို့ဝွက္သီးသန႔္ ကိုင္တြယ္စစ္ေဆး‌ေနေၾကာင္း သိရသည္။

ျမန္မာနိုင္ငံတြင္ စစ္တပ္ကအာဏာသိမ္းၿပီးေနာက္ ၂၀၂၃ ခုႏွစ္ မတ္လ ၃၁ ရက္ေန႔အထိ လူေပါင္း ၂၀,၉၄၂ ဦး ဖမ္းဆီးထိန္းသိမ္းခံခဲ့ရၿပီး စစ္ေၾကာေရးတြင္ ေသဆုံးသူမ်ား အပါအဝင္ ၃၁၉၄ ဦးကို စစ္တပ္ က သတ္ျဖတ္ထားေၾကာင္း နိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPP က ထုတ္ျပန္ ထားသည္။

စာတည္း။ ။ ေနာင္ေနာင္
စာမူတည္းျဖတ္။ ။ေစာေဖ

#ျမစ္ႀကီးနား
#KIA
#လူငယ္ငါးဦးဖမ္းဆီးခံရ
#mizzimatv

------------------------
လြတ္လပ္တဲ့ မီဒီယာအျဖစ္ ရပ္တည္နိုင္ေရး မဇၩိမကို ဝိုင္းဝန္းကူညီေပးဖို့ ဖိတ္ေခၚပါတယ္။ သင္ရဲ့ ကူညီမွုကို ေအာက္ပါလင့္ကို ႏွိပ္ၿပီး လုပ္ေဆာင္နိုင္ပါတယ္။ https://bit.ly/2VhJ12U
👍2❤1
Business Round Up (3 April 2023)

- ပဋိပက္ခတွေ ဆက်ဖြစ်နေတာကြောင့် မြန်မာ့စီးပွားရေး ဆိုးဆိုးရွားရွားကျဆင်းနေကြောင်း ကမ္ဘာ့ဘဏ်ထုတ်ပြန်
- ကုမ္ပဏီများ နှစ်စဉ်အစီရင်ခံစာတင်ပြရာမှာ ရဲစခန်းထောက်ခံချက်အပါအဝင် ပူးတွဲတင်ပြရမည့်အချက်များကို DICA ထုတ်ပြန်
- ဒေါ်လာဈေး ပြောင်းလဲ သတ်မှတ်ဖို့ အစီအစဉ်မရှိကြောင်း စစ်ကောင်စီ ဗဟိုဘဏ်ထုတ်ပြန်
- သင်္ကြန်ကာလ စားသုံးဆီဈေးမတက်အောင် ပိုမိုတင်သွင်းထားတယ်လို့ ထုတ်ပြန်ပေမယ့်လည်း ဆီဈေးများမြင့်တတ်နေ
- အာဆီယံအဖွဲ့ များကြား ကုန်သွယ်ရာမှာ အမေရိကန်ဒေါ်လာနှင့် ယူရိုငွေကြေးအသုံးပြုမှုတွေကို လျှော့ချဖို့စီစဉ်နေ
- မလေးဝန်ကြီးချုပ်အန်ဝါ၏ တရုတ်ခရီးစဉ်က တရုတ်၏ ပိုမိုရင်းနှီးမြှုတ်နှံမှုများစတင်ရန်ဖြစ်လာဟုဆို

https://youtu.be/UaQ-AWdDLKo
👍5🥱2🔥1
ဧပြီလ ၃ ရက်၊ ညနေ ၄နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်

00:59- သာစည်အကျဉ်းထောင်လုံခြုံရေး ၂ဦး အနီးကပ်ပစ်ခံရပြီးသေဆုံးတဲ့သတင်း

02:07 - မော့ကနင်ရွာအထွက်တွင် ရွာသား ၂ဦး ပစ်ခတ်ခံရတဲ့သတင်း

03:17 - အကြွေးဝန်ပိနေတဲ့ တရုတ်အိမ်ခြံမြေကုမ္ပဏီ အဲဗားဂရန့်က ကြွေးမြီဆပ်မည့်အစီအစဉ်ကို ပြင်ဆင်ရေးဆွဲလိုက် တဲ့သတင်း အပါအဝင်တခြားအရေးကြီးတဲ့သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်သွားမှာပါခင်ဗျာ ။

08:37- စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ကြီးကျည်ကြောင့် ဒေသခံ ၁ ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် ၄ ဦးဒဏ်ရာရ တဲ့သတင်း

https://youtu.be/sqTIUtpZUNo
👍8😁2
HONDA နာမည်ကို အသုံးပြုပြီး ဖေ့စ်ဘုတ်မှာ လိမ်လည်နေကြတဲ့သတင်း | Misinformation Buster S3| Ep.60

− ဆိုရှယ်မီဒီယာ အသုံးပြုပြီး သတင်းဖတ်ရှုတွေကို သတင်းတု၊ သတင်းမှား နဲ့ ပတ်သက်ပြီး ကျပမ်း အမေးအဖြေပြုလုပ်ချက်တွေနဲ့အတူ

- HONDA နာမည်ကို အသုံးပြုပြီး ဖေ့စ်ဘုတ်မှာ လိမ်လည်နေကြတဲ့သတင်း

- အွန်လိုင်းအစည်းအဝေးတွေပြုလုပ်တဲ့ Jitsi Meet ကို NUG က ပိုင်ဆိုင်တယ်ဆိုတဲ့သတင်းမှား

https://youtu.be/lELV1UWZMFE
👍7🍌2
ဧပြီလ ၃ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေး၊ စားအုန်းဆီဈေး

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1😁1
👍2❤1
ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ်

မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာမှ ပြည်သူနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့မှ ‌ဧပြီလ ၁ ရက်‌နေ့က သတ်ဖြတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ ဆင်းလာသည့် အင်အား ၈၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်း သည် ယင်းနေ့ နံနက် ၈ နာရီကျော်ခန့်တွင် ရွှေတောင်ဦးမှတဆင့် ကံကုန်းကျေးရွာသို့ သေနတ်များပစ် ဖောက်ဝင်ရောက်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် ကံကုန်းကျေးရွာရှိ နေအိမ်များမှ ပစ္စည်းများအား မွှေနှောက်ဖျက်ဆီးမှုများပြုလုပ်ခဲ့ပြီး ညနေ ပိုင်း၌ ပြည်သူတစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က အခြားဒေသခံတစ်ဦးကိုလည်း ဖမ်းဆီးသွားပြီး ညှဉ်းပန်းနှိပ်စက်၍ ဒုံးတောကျေးရွာ မြောက်ပိုင်းရှိ ကိုင်းတောထဲတွင် သတ်ဖြတ်ခဲ့ကာ ရုပ်အလောင်းကို ယနေ့ ဧပြီလ ၃ ရက် နံနက်ပိုင်း၌ ပြန် လည်တွေ့ရှိရသည်ဟု ဒေသခံများက ဆိုသည်။

သတ်ဖြတ်ခံရသူမှာ ကျေးရွာပကဖအဖွဲ့ဝင်တစ်ဦးဖြစ်သည်ဟုဆိုသော်လည်း မဇ္ဈိမအနေဖြင့် အသေးစိတ် ကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ဆားလင်းကြီးမြို့နယ်
#စစ်ကောင်စီတပ်
#သတ်ဖြတ်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬7😁2
👍3❤1