Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်က ၂ ရက်အတွင်း နေအိမ် ၃၀ လုံး မီးရှို့ဖျက်ဆီး

ပါခွီး
မဇ္စျိမ ။ ။ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ကလားကျေးရွာတွင် စစ်ကောင်စီတပ်က လူနေအိမ် အလုံး ၃၀ ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မတူပီမြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့မှ ဧပြီလ ၃ ရက် ယနေ့တွင် ထုတ်ပြန်ထား သည်။
အကြမ်းဖက်စစ်ကောင်စီတပ်သည် အိမ်ခြေ ၄၅ အိမ်ခန့်ရှိသော ကလားကျေးရွာကို မတ်လ ၃၁ ရက်နေ့ က နေအိမ် ကိုးလုံး၊ ဧပြီလ ၁ ရက်နေ့၌ ၂၁ လုံး စုစုပေါင်း အိမ်ခြေ ၃၀ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ် ကြောင်း ဆိုသည်။
“ကြွက်မနိုင် ကျီးမီးရှို့ဆိုတဲ့ပုံစံမျိုးပါပဲ။ အင်အား ၁၅၀ လောက်နဲ့လာတယ်။ ၅၀ ကျော်ကို သုတ်သင်ထား နိုင်ခဲ့တဲ့အတွက် ဘာမှမဆိုင်တဲ့ ပြည်သူတွေရဲ့နေအိမ်တွေကို မီးရှို့တယ်ပေါ့။ ကျနော်တို့အနေနဲ့ လက်ခံ နိုင်စရာ အကြောင်းမရှိဘူး၊ ပြင်းပြင်းထန်ထန်ရှုံ့ချတယ်” ဟု မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဆလိုင်းပါထောင်းက မဇ္စျိမကို ပြောသည်။
👍4❤2🤬2👎1😁1
ကလားရွာအနီးတွင် CDF – Matupi ၊ CNA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်သားများ တိုက်ပွဲဖြစ် ပွားခဲ့ပြီးနောက် စစ်ကြောင်းမှ ကားတစ်စီး ဖျက်ဆီးခံရပြီး အကျဆုံးများခဲ့ကြောင်းသိရသည်။
မတူပီမြို့မှထွက်လာသည့် အဆိုပါစစ်ကြောင်းသည် လမ်းတလျောက်ရှိ ကျေးရွာအချို့တွင် ရပ်နားခဲ့ သော် လည်း မီးရှို့ခဲ့ခြင်းမရှိဘဲ ယခုမှ စတင်ရှို့ခြင်းဖြစ်ကြောင်း သိရသည်။
ဧပြီလ ၃ ရက်နေ့ ယနေ့နံနက်ပိုင်းတွင် မတူပီမြို့နယ် ဝလံတဲကျေးရွာသို့ စစ်ကောင်စီတပ်များ ရောက် ရှိနေပြီး နေအိမ်များကို ဆက်လက်မီးရှို့နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဝေးမှနေ၍ မီးခိုးလုံးများမြင်တွေ့နေရပြီး အနီးသို့သွားရောက်နိုင်ခြင်းမရှိသေးသဖြင့် အပျက်အစီး အဆုံးအရှုံးကို မသိရှိရသေးကြောင်း ဆိုသည်။
ယခုကဲ့သို့ လုပ်ရပ်များကြောင့် စစ်ကောင်စီကို အဆုံးစွန်ထိ တော်လှန်သွားမည့် ရပ်တည်ချက်ကို ထိခိုက် မည်မဟုတ်ကြောင်းနှင့် လတ်တလောတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို ကြိုးစားလုပ်ကိုင်နေကြောင်း ဆလိုင်းပါထောင်းက ဆိုသည်။
စစ်ကောင်စီတပ်နှင့် ချင်းပူးပေါင်းတပ်ဖွဲ့အကြားတိုက်ပွဲများဖြစ်ပွားခဲ့သဖြင့် ဒေသခံပြည်သူ ၁,၀၀၀ ကျော် တောတောင်များတွင် စစ်ဘေးရှောင်နေရပြီး ဝမ်းရောဂါနှင့် ငှက်ဖျားရောဂါများဖြစ်ပွားနေသဖြင့် အရေး ပေါ်ဆေးဝါးလိုအပ်လျက်ရှိကြောင်း သိရသည်။
မတ်လ ၂၀ ရက်နေ့က မတူပီမြို့မှ မော်တော်ယာဉ်သုံးစီး၊ အင်အား ၈၀ ဖြင့် စတင်ထွက် ခွာလာပြီး အထိ အခိုက်များသဖြင့် ရဟတ်ယာဉ်ဖြင့် အင်အား ၇၀ ထပ်မံဖြည့်တင်းထားသည့် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းကို မတ်လ ၃၁ ရက်နေ့အထိ ချင်းပူးပေါင်းတပ်ဖွဲ့မှအကြိမ်ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၅၂ ဦး သေဆုံးခဲ့ပြီး မော်တော်ယာဉ်တစ်စီး မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း CDF – Matupi ၏ ထုတ် ပြန်ချက်အရ သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ချင်းပြည်နယ်
#မတူပီမြို့နယ်
#စစ်ကောင်စီစစ်ကြောင်း
#CDF–Matupi
👍7❤2🤬2😁1
စစ်ကောင်စီတပ်ဖွဲ့၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် ၃ လအတွင်း နေအိမ် ၁၆,၀၀၀ ကျော် မီးလောင်ပျက်စီး

001
မဇ္စျိမ။ ။စစ်ကိုင်းတိုင်းအပါအဝင် တိုင်းနှင့် ပြည်နယ်များတွင်၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ စစ်ကောင်စီတပ်ဖွဲ့၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၆,၃၃၉ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ NUG ၊ မီးသတ်ဦးစီးဌာန၏ထုတ်ပြန်ချက်များအရ သိရသည်။
အဆိုပါ စာရင်းများအရ ဇန်နဝါရီလတွင် နေအိမ် ၄,၇၈၉ လုံး၊ ဖေဖော်ဝါရီလတွင် ၇,၁၅၈ လုံးနှင့် မတ် လတွင် ၄,၃၉၂ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
မီးရှို့ဖျက်ဆီးမှုများကို စစ်ကောင်စီတပ်ဖွဲ့က ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း NUG ၊ မီးသတ်ဦးစီးဌာနက ဆို ထားပြီး မီးရှို့ခံရမှုများမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း ၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင် ပြည်နယ်တို့တွင် ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။
👍5🤬4❤2😁1
နေအိမ်မီးရှို့ခံရမှုများမှာ စစ်ကိုင်းတိုင်းတွင် အများဆုံးဖြစ်ပြီး ဇန်နဝါရီလတွင် နေအိမ် ၄,၂၇၁ လုံး၊ ဖေဖော် ဝါရီလတွင် ၆,၆၆၂ လုံး၊ မတ်လတွင် ၃,၁၀၇ လုံးဖြင့် သုံးလအတွင်း နေအိမ် ၁၄,၀၄၀ လုံး မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။
“ကျွန်မတို့ ပြေးနေရတာ တစ်နှစ်ကျော်သွားပြီ။ တခြားရွာမှာ ကပ်နေရတာ။ အသိတွေအိမ်မှာ ဘေးမှာ အဖီလေးချပြီး တဲလေးထိုးနေရတာ။ အခက်အခဲကတော့ အများကြီးပဲ။ ကိုယ့်မှာ အိမ်လည်းမနေရ၊ ရွာမှာ လည်းမနေရဆိုတော့ ကလေးလေးတွေနဲ့၊ အလုပ်အကိုင်ကလည်း မလုပ်ဖြစ်တော့ဘူး။ နို့မှုန့်ဖိုးပဲ အခက် အခဲပါ။ အခုချိန်က သူများအိမ်ကပ်နေတာဆိုတော့ အဆင်ပြေအောင်နေရတာပဲ” ဟု ခင်ဦးမြို့နယ်၊ အင်းပတ် ကျေးရွာရှိ စစ်ဘေးရှောင် ကလေးမိခင်တစ်ဦးက ပြောသည်။
စစ်ဘေးရှောင်များသည် ဘုန်းကြီးကျောင်းများ ၊ စာသင်ကျောင်းများနှင့် တောထဲ အရိပ်ရသည့် နေရာများ တွင် တဲထိုးပြီး နေထိုင်နေရသည်များလည်းရှိကြောင်း ခင်ဦးမြို့နယ်၊ KSO အဖွဲ့ထံမှ သိရသည်။
“ရွာကတော့ တော်တော်လေးကို ပျက်သွားပြီး နေမရတဲ့အခြေအနေပါ။ ပြီးကျတော့ ကွေ့မှာလည်း တပ်စွဲ ထားတာ။ ဘေးရွာက ရွာသစ်ကုန်းဆိုတာလည်း တပ်စွဲထားတာ။ အမြဲတမ်းလေ၊ လက်နက်ကြီးတွေနဲ့ သူတို့က မထင်ရင်မထင်သလိုထုတယ်။ ကျည်တွေနဲ့လည်းပစ်တယ်။ ပြည်သူတွေလည်း လက်နက်ကြီး မှန်တဲ့သူနဲ့ ကျည်ထိတဲ့သူနဲ့ အမြဲတမ်းသတင်းမှာ တက်နေတာပဲ။ ပြည်သူတွေလည်း မနေရတော့ မနေ ကြတော့ဘူး။ တခြားရွာတွေမှာပဲ တိမ်းရှောင်နေကြတော့တာ။ သက်ကြီးရွယ်အိုတွေဆို တအား သနား စရာကောင်းတာ”ဟု စစ်ဘေးရှောင်အမျိုးသမီးက ပြောသည်။
NUG ၊ မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သုံးလအတွင်း စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးမှု ၃၃၃ ကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မီးရှို့သတ်ဖြတ်ခံရသူ ၇၉ ဦးရှိကြောင်း ဖော်ပြထားသည်။
အဆိုပါ ကာလအတွင်း ဘာသာရေးအဆောက်အဦ ၂၁ ခုနှင့် စာသင်ကျောင်း ၁၄ ကျောင်း ဖျက်ဆီးခံရ ကြောင်းလည်း သိရသည်။
အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မေလမှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ အဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူများ၏နေအိမ် ၆၀,၄၅၉ လုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း Data for Myanmar ကထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတဝန်း ပဋိပက္ခများကြောင့် လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များ မြင့်တက်နေပြီး ပြည် တွင်း နေရပ်စွန့်ခွာရသူပေါင်း ၁ ဒဿမ ၇ သန်းကျော်ထဲမှ ၁ ဒဿမ ၄ သန်းနီးပါးသည် အာဏာသိမ်းပြီး နောက် နေရပ်စွန့်ခွာထွက်ပြေးကြရသူများဖြစ်ကြောင်း UNOCHA Myanmar၏ ထုတ်ပြန်ချက် အရ သိရ သည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#NUG
#စစ်ကောင်စီ
#မီးရှို့ဖျက်ဆီးမှု
😢10👍6🤬4❤1😁1
This media is not supported in your browser
VIEW IN TELEGRAM
အနောက်ဘက်ကမ်းမှာ ကားဖြင့်တိုက်လုပ်ကြံမှုအပေါ် သံသယရှိသူပါလက်စတိုင်းတစ်ဦးကို အစ္စရေးစစ်တပ်က သတ်ဖြတ်

#Mizzima #Israel #internationalnews #reels #shorts
👍7🔥1👏1
Media is too big
VIEW IN TELEGRAM
Project DragonFly မှ ဒေါ်လာ (၁.၄) သန်းကို လေကြာင်းရန်ကာကွယ်ဖို့အတွက် အသုံးပြုနေဟု NUG အသိပေး

Watch more detail - https://youtu.be/vC6LYXBv7Wg

#Mizzima #VideoNews #shorts #reels #Political
👍13👏2😁1🤣1
This media is not supported in your browser
VIEW IN TELEGRAM
တစ်ပတ်အတွင်းမှာ ပျံ့နှံ့နေခဲ့တဲ့ သတင်းတု သတင်းမှားတွေကို ဂျူခန်းက တင်ဆက်ထားပါတယ်။

အပြည့်အစုံ ကြည့်ရန်လင့် - https://youtu.be/i_MpmQ5572Q

#Mizzima #Misinformation_Buster #Fake_News #Weekly_Package#Fake_News #Weekly_Program #reels #shorts
🍌3👍2
NLD ပါတီကို ဖျက်သိမ်းမှု နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်မလဲ (Editorial Talk)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီအပါအဝင် ပါတီပေါင်း ၄၀ ကို ဖျက်သိမ်းလိုက်တာနဲ့ ပတ်သက်ပြီးတော့ အမြင်နဲ့သုံးသပ်ချက်တွေကို သတင်းခန်း စီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်းနဲ့ ကိုနောင်နောင်တို့က ဆွေးနွေးထားပါတယ်။

https://youtu.be/aE-P1_xikQs
👍7😁1
စကြဝတေးမင်းကြီးသပိတ်ကော်မတီမှ (၄၀) ကြိမ်မြောက် ဆန္ဒထုတ်ဖော်

မင်းထက်
မဇ္စျိမ။ ။ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်များပြုလုပ်နေသည့် စကြဝတေးမင်းကြီးသပိတ်ကော်မတီမှ ယနေ့ ဧပြီလ ၃ ရက်နေ့ မွန်းလွဲပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
သပိတ်ကောင်မတီဝင်အဖွဲ့ဝင်တစ်ဦးမှ “(စကစ)ကိုထောက်ခံသူ ပြည်သူ့ရန်သူ၊ ဘုံရန်သူကို ချေမှုန်းကြ” စာတန်းကိုင်ဆောင်ကာ ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီ ဝင်တစ်ဦးကပြောသည်။
ယနေ့ ဆန္ဒထုတ်ဖော်မှုသည် စကြဝတေးမင်းကြီးသပိတ်ကော်မတီ၏ (၄၀)ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှု ဖြစ်ကြောင်း သိရသည်။
စာတည်း။ ။စောဖေ
#ဧရာဝတီတိုင်း
#ကြံခင်းမြို့နယ်
#စကြဝတေးမင်းကြီးသပိတ်ကော်မတီ
#စစ်အာဏာရှင်ဆန့်ကျင်ရေး
#ဆန္ဒထုတ်ဖော်
👍11🔥2😁1
Media is too big
VIEW IN TELEGRAM
April - 3 [7 Pm] Mizzima Prime Time

#Mizzima #7pmnews #mizzimanewshour #reels #shorts
👍3❤1🤮1🍌1
​​နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၃ ဧပြီ ၂၀၂၃ ) 

စစ်ကောင်စီက ၎င်းတို့တိုင်းပြည်အုပ်ချုပ်နိုင်သည်ကို ပြသလိုသည့်အတွက် သင်္ကြန်ပွဲများ နိုင်ငံအနှံ့ပြု လုပ်ရန် စီစဉ်နေပြီး မုံရွာမြို့လို PDFများ စိတ်ကြိုက် ပြောက်တိုက်ခိုက်၍ ရသည့် မြို့များပါမကျန် သင်္ကြန် ပွဲပြုလုပ်ရန် စီစဉ်နေသည်။ ယင်းပွဲတော်များတွင် စစ်ကောင်စီအနေဖြင့် ဖောက်ခွဲမှုများပြုလုပ်၍ ပြည်သူ့ ကာကွယ်တပ်ဖွဲ့များနှင့် NUG အပေါ် ပုတ်ချသည့် လုပ်ရပ်များပြုလုပ်လာနိုင်ဖွယ်ရှိ၍ ပြည်သူများ အနေဖြင့်လည်း သတိထားသင့်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14🔥1😁1