Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ပုလဲမြို့နယ် နှောကန် ကျေးရွာရှိ နေအိမ် ၁၃၀ ခန့်ကို စစ်ကောင်စီတပ်ကမီးရှို့ ၊ အဘွားအို မီးလောင်သေဆုံး
==================

လွှမ်းမိုး
မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ် ၊ အနောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က နှောကန် ကျေးရွာကို ဧပြီလ ၃ ရက် နေ့လယ်ပိုင်း ၁ နာရီ အချိန်တွင် စတင်၍ ရွာကို မီးတင်ရှို့ခဲ့ကြောင်းဒေသခံများထံမှ သိရသည်။

အဆိုပါ မီးရှို့မှု ဖြစ်စဉ်တွင် အိမ်ခြေ ၃၀၀ ခန့် ရှိသည့် နှောကန် ကျေးရွာမှ နေအိမ် ၁၃၀ ကျော် မီးလောင်ပြကျ သွားကြောင်း ဒေသခံ တစ်ဦးက ဆိုသည်။

“ စစ်ကြောင်း ရွာက ထွက်သွားတော့ ရဲဘော်တွေက မိုင်းရှင်းတာတွေ လုပ်ပြီးတဲ့အချိန် ကျမတို့ ရွာကို ပြန်ရောက်ပါတယ်။ စစ်ရှောင်ပြီး အပြန် ရွာကို ပြန်ရောက်တော့ ကိုယ့် အိမ်က မရှိတော့ဘူး။ မီးစွဲထားတဲ့ သံဖိနပ်ခုံလေးတွေ ၊ ပြာပုံလေးတွေပဲ ရှိတော့တယ်။ ရွာပျက်ကြီး တစ်ခုလို ငိုသံတွေ ၊ ဆဲဆိုသံတွေနဲ့ ၊ ဝမ်းနည်းမျက်ရည်တွေ နဲ့ ပြည့်နေခဲ့တာပါ။ မီးလောင်အိမ်ခြေ ကတော့ ၁၃၀ ကျော် ရှိမယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်က နှောကန်ကျေးရွာကို မီးရှို့ရာ မှ အသက် ၈၀ အရွယ်တန်း အဘွားအို တစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း အခြားဒေသခံ တစ်ဦးက မဇ္စျိကို ပြောသည်။
ပုလဲမြို့နယ် တွင် စစ်ကောင်စီတပ် စစ်ကြောင်းကြောင့် ကျေးရွာ ခြောက်ရွာမှ ဒေသခံပြည်သူ ၇,၀၀၀ ခန့် စစ်ရှောင်နေရကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzimatv
#ပုလဲမြို့နယ်
#စစ်ကောင်စီစစ်ကြောင်း
#မီးလောင်
#စစ်ရှောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬13😢5👍2🔥2❤1
“ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ”
==============

မင်္ဂလာပါ။ “ပုံပြောပြမယ်” အစီအစဉ်လေးကနေ ကြိုဆိုပါတယ်။
ဒီနေ့တော့ “ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ” ဆိုတဲ့ ပုံပြင်လေးကိုပြောပြပါမယ်။

“ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ”ဆိုတဲ့ ဗမာစကားပုံ ဘယ်လိုပေါ်လာလဲဆိုတာ ရှဉ့်ကလေးတွေနဲ့ ပျားကလေးတွေအကြောင်း လေ့လာကြည့်ကြမယ်။
နားထောင်ကြည့်ပါနော်။

https://youtu.be/3yP-67jlKZ4

#ပုံပြောပြမယ်
#ပုံပြင်
#ရှဉ့်
#ပျား
#ရှဉ့်လည်းလျှောက်သာပျားလည်းစွဲသာ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4🔥1
လျှပ်စစ်မီးပြတ်လွန်းသော ရန်ကုန်တွင် YBS ယာဉ်များ CNG ဖြည့်မရ၊ မှတ်တိုင်များတွင် ခရီးသည်များပြုံ
😢5❤4😱3👍1
လျှပ်စစ်မီးပြတ်လွန်းသော ရန်ကုန်တွင် YBS ယာဉ်များ CNG ဖြည့်မရ၊ မှတ်တိုင်များတွင် ခရီးသည်များပြုံ
====================

ဆိုးဆိုးရွားရွားလျှပ်စစ်မီးပြတ်တောက်မှုနှင့်အတူ ရန်ကုန်မြို့အတွင်းပြေးဆွဲလျက်ရှိသည့် YBS ယာဉ်များမှာ ဂက်စ်မရခြင်းကြောင့် ပုံမှန်ကားပြေးဆွဲနိုင်ခြင်းမရှိခြင်းက ရန်ကုန်မြို့မှတ်တိုင်များတွင် ခရီးသည်များအချိန်ကြာမြင့်စွာစောင့်ဆိုင်း စုပြုံနေစေတော့သည်။

‘’ကားမှတ်တိုင်မှာခရီးသည်တွေပုံပြီးဒုက္ခရောက်တာတင်မကဘူး၊ကျွန်တော်တို့ကားသမားတွေလည်းဒုက္ခရောက်နေရတာပဲဗျ။ကျွန်တော်ဆိုရင်မနေ့ည ၂နာရီထဲကနေ ဂက်စ်ဆိုင်မှာတစ်ညလုံးတန်းစီရတာဒီနေ့မနက် ၁၀နာရီမှဂက်စ်ရတယ်။အခုထောက်ကြန့်ကနေဆူလေကိုမောင်းလာတယ်။အခုထောက်ကြန့်ပြန်ဖို့ ဂက်စ်မလောက်တော့ဘူး။ခြောက်ကွေ့မှာတင်ကားရပ်ပြီးဂက်စ်ဆိုင်မှာပြန်တန်းစီရတော့မှာ’’ဟု YBS (၃၅)ယာဉ်မောင်းတစ်ဦးက မဇ္ဈိမသို့ပြောသည်။

ဂက်စ်ဆိုင်များတွင် မီးမမှန်ခြင်းကြောင့်ဂက်စ်ထည့်ရာတွင်တန်းစီးစောင့်ဆိုင်း နေရပြီးယခုရက်ပိုင်းအတွင်း ဂက်စ်ဆိုင်များမသန့်ခြင်းများ ကြောင့်ကားတချို့လမ်းလယ်ခေါင်တွင်ထိုးရပ်ရပ်သွား သည့်ဖြစ်စဉ်များလည်း ရှိနေသည် ဟုသိရသည်။

‘’တချို့ဆိုင်တွေက မီးစက်နိုးပြီးထည့်ပေးတယ်။တချို့ဆိုင်တွေ သန်လျှင်ကဂက်စ်ဆိုင်တွေဆိုရင် ဆိုင်ပိတ်ပြီဆိုပြီး တော့ကိုစာကပ် ထားတာဗျာ။ပြီးတော့ ကျွန်တော်တို့ကားတွေက လီဗာဘယ်လောက်နင်းနင်း ၁၅ အမ်ပီယာပဲတက်တယ်။ကားကမရုန်းဘူး။ ဒီမနက်တင်ပဲ လမ်းလယ်ခေါင်မှာကားထိုးရပ်သွားတယ်။ ခရီးသည် တွေကိုတော့ တခြားကားချိန်းပေးလိုက်တယ်။ကျွန်တော်တို့ကားကိုတော့ လမ်းလယ်ခေါင်မှာကားရပ်လို့ ယာဉ်ကြော ပိတ်ဆို့လို့ဆိုပြီး ဒဏ်ငွေ ၅၀,၀၀၀ တောင်းသွားတယ်ဟု’’ ဒဏ်ငွေဆောင်ပြီးပြန်လာသည့် YBSကားဆရာတစ်ဦးကဆိုသည်။

တရားဝင်စာရင်းများအရ လက်ရှိရန်ကုန်မြို့တွင်း ပြေးဆွဲနေသော သတ်မှတ် YBS ယာဉ်လိုင်းပေါင်း ၁၁၈ လိုင်းရှိနေပြီး နေ့စဉ် ယာဉ်စီးရေ ၃,၀၀၀ ထောင်ကျော်ဖြင့် ခရီသည်ပေါင်း ၁၃ သိန်းနီးပါးကို ပို့ဆောင်ပေးရန်ဖြစ်သည်။
😢11👍3🔥3❤2
This media is not supported in your browser
VIEW IN TELEGRAM
April - 4 [12 Pm] Mizzima News Hour

Mizzima Headline News

#12pmnews
#mizzimanewshour
#reels
#shorts
👍8🤮1🍌1
လေကြောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီးများကြောင့် မဲကနယ်ဒေသမှ အရပ်သား ၄,၀၀၀ ကျော် ထွက်ပြေးနေရ(ရုပ်သံ)
=====================

ဟန်ထူးဇော်

မဇ္ဈိမ။ ။ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းရှိ မဲကနယ်ဒေသကို စစ်ကောင်စီတပ်မှ လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီးဖြင့်ပစ်ခတ်မှုများပြုလုပ်နေ၍ အရပ်သား ၄,၀၀၀ ကျော် ထွက်ပြေးနေရ သည်။

မဲကနယ်ဒေသသည် စစ်ကောင်စီတပ်နှင့် ကရင့်လက်နက်ကိုင်ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွား နေ သည့်နေရာဖြစ်ပြီး မတ်လ ၂၅ ရက်နေ့မှစတင်ကာ ဧပြီလ ၃ ရက်နေ့အထိ လက်နက်ကြီးဖြင့်အများအပြား ပစ်ခတ်နေခြင်းဟု သိရသည်။

ထို့ကြောင့် မဲကနယ်ဒေသအတွင်းရှိ မဲကနယ်ကျေးရွာ၊ ရွှေမြစန္ဒီမြို့သစ်၊ အိမ်ငါးဆယ်ရပ်ကွက်တို့မှ အရပ်သား ၄,၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရခြင်းဖြစ်သည်။

ထို့ပြင် မဲကနယ်ဒေသရှိ ကျေးရွာလေးရွာမှနေအိမ်များ လက်နက်ကြီးထိမှန်ပျက်စီးခဲ့ပြီး အရပ်သား တစ်ဦးသေဆုံးကာ ခြောက်ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်သို့ကွင်းဆင်းသတင်းရယူခဲ့သည့် မဇ္ဈိမသတင်းထောက်မှ ကြားသိခဲ့ရသည်။

ထွက်ပြေးတိမ်းရှောင်နေရသည့်အရပ်သားများသည် လက်နက်ကြီးများ၊ လေကြောင်းပစ်ခတ်မှုများ ဘေး မှလွတ်ကင်းနိုင်သည့် တောတောင်များတွင်နေထိုင်နေကြပြီး အစားအသောက်၊ ဆေးဝါးနှင့် အရေးပေါ် အသုံးအဆောင်များလိုအပ်နေသည်။

စစ်ဘေးရှောင်နေရသူများ၏ အခြေနေကို မဇ္ဈိမသတင်းထောက် ဟန်ထူးဇော်က သွားရောက်ရိုက်ကူး ခဲ့သည်။

https://youtu.be/5pStwzckIkw

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#မဲကနယ်ဒေသ
#လေကြောင်းတိုက်ခိုက်မှု
#လက်နက်ကြီး
#စစ်ဘေးရှောင်
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😢8🔥4😁2🤬2👍1
ဘိုးဘွားရိပ်သာတွေမှာ အိမ်မွေးတိရိစ္ဆာန်မွေးခွင့်ပေးသင့် | VOA On Mizzima
=-===================

ဘိုးဘွားရိပ်သာကို ပြောင်းရွှေ့နေထိုင်ဖို့လိုတဲ့ သက်ကြီးရွယ်အိုတွေက သူတို့ရဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေကို ချန်ထားရစ်ကြရပါတယ်။ ဒါပေမယ့် သက်ကြီးရွယ်အိုတွေအတွက် အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဆက်နေတာက အထောက်အကူဖြစ်နိုင်ကြောင်း သုတေသီတွေက လေ့လာတွေ့ရှိထားပါတယ်။ အေပီသတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်။

https://youtu.be/44hTvTmGCoY

#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🔥1
ဧပြီလ (၄) ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
======================

01:01 − စစ်ကောင်စီနဲ့ PDF ပဋိပက္ခကြားမှာ ဝင်ပါမှာမဟုတ်ဘူးလို့ RCSS ထုတ်ပြန်လိုက် တဲ့သတင်း

03:14 − အင်းစိန်ထောင်ကနေ ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ မိသားစုနဲ့ တွေ့ခွင့်မရနေတဲ့သတင်း

04:56 − စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် ၃ လအတွင်း နေအိမ် ၁၆,၀၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရတဲ့သတင်း နဲ့

09:22− အနောက်ဘက်ကမ်းမှာ ကားနဲ့တိုက်လုပ်ကြံမှုအပေါ် သံသယရှိသူပါလက်စတိုင်းတစ်ဦး ကို အစ္စရေးစစ်တပ်က သတ်ဖြတ်လိုက် တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/i2yQ0yKRL_c

#12pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8🔥1🍌1
မတ်လအတွင်း စစ်ဆင်ရေး အကြိမ် ၄၀ ကျော်လုပ်ဆောင်ခဲ့ကြောင်း HRS ထုတ်ပြန်
======================

ဂျူချန်း၊ YT
မဇ္ဈိမ။ ။ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁) နယ်မြေ၊ ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့ နယ်များရှိ စစ်ကောင်စီတပ်စခန်းများအား မတ်လအတွင်း စစ်ဆင်ရေး ၄၂ ကြိမ် ပြုလုပ်ခဲ့ကြောင်း Hawk Revolutionary Squad- HRS က ဧပြီလ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ်များရှိ စစ်ကောင်စီ၏ တပ်ရင်းများ၊ အထိုင်ချ တပ် စခန်းများ၊ စစ်ဆေးရေးဂိတ်များ၊ ကင်းပုန်းများအား “OPERATION BLOOD DEBT”စစ်ဆင်ရေးအဖြစ် ဒရုန်းဖြင့် ၃၉ ကြိမ် တိုက်ခိုက်ခဲ့ပြီး ရန်ကုန်- မော်လမြိုင်ကားလမ်းမပေါ်၌ ဖြတ်သန်းသွားလာနေသော စစ်ကောင်စီယာဉ်တန်းများအား သုံးကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“စကစ(စစ်ကောင်စီ)ဘက်က သေဆုံးမှုနဲ့ထိခိုက်ဒဏ်ရာရမှု အတော်လေးများပါတယ်။ တစ်ချို့ကို မျက် မြင်တွေ့ရတယ်၊ တစ်ချို့ကျ သတင်းပြန်ရတယ်၊ ထုတ်ဖော်‌ပြောလို့ အဆင်မပြေတဲ့အကြောင်းရင်း တချို့ ကြောင့် ထည့်သွင်းမဖော်ပြတာပါ။ တိုက်ခိုက်မှုတိုင်းမှာ သေဆုံးတာ၊ အနည်းဆုံးဒဏ်ရာရတာတွေ ရှိပါ တယ်” ဟု HRS တာဝန်ရှိသူကမဇ္ဈိမကိုပြောသည်။

အဆိုပါ “OPERATION BLOOD DEBT” စစ်ဆင်ရေးအဖြစ် ဘီးလင်းမြို့နယ်အတွင်း၌ ခမရ(၃)၊ အမတ (၃၁၄) (ဇီးဝန်း)၊ ဘီးလင်းတိုးဂိတ်၊ ဘီးလင်းမြို့အဝင်ရဲကင်း၊ ပိန္နဲတောတပ်စခန်း၊ လေးကေတပ်စခန်း၊ သထုံမြို့နယ်တွင် ခမရ(၉)(ဝင်းပ)၊ ခမရ(၁)(ဒူးရင်းဆိပ်)၊ အမတ(၄၀၂)၊ ဒုံသမိစစ်ဆေးရေးဂိတ်၊ မိုးကောင်းလမ်းဆုံရှိ ကင်းပုန်းများ၊ ခြေတော်ရာဘုရားအနီးကင်းပုန်း၊ ကျိုက်ထိုမြို့နယ်တွင် မရမ်းချောင် စစ်ဆေးရေးဂိတ်၊ မုပ္ပလင်စစ်ဆေးရေးဂိတ်၊ ဝင်းကလောစစ်ဆေးရေးဂိတ်နှင့် သထုံ၊ ဘီးလင်းလမ်းပိုင်းရှိ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမပေါ်တွင် သွားလာနေသည့် စစ်ကောင်စီယာဉ်တန်းများအား တိုက် ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ပစ်မှတ်အပေါ် မူတည်ပါတယ်။ ၆၀ မမ တစ်လုံးက လက်ရှိမှာ ၃၀,၀၀၀ ကနေ ၅၀,၀၀၀ အထိ ကုန် ကျပါတယ်၊ အရေးကြီးတဲ့ စစ်ဆင်ရေးတွေဆို ၆၀ မမ တွေသုံးပါတယ်၊ မစ်ရှင်တစ်ခုမှာ အနည်းဆုံး ဗုံးသီး ၁၀ လုံး သုံးရပါတယ်၊ ကျန်တဲ့ သယ်ယူပို့ဆောင်ရေးနဲ့ ရိက္ခာအတွက် ကုန်ကျမှုတွေလည်းရှိတာပေါ့” ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါ စစ်ဆင်ရေးများအား KNLA တပ်မဟာ(၁)မှဦးဆောင်ကာ ဒေသတွင်းတော်လှန်ရေးအင်အားစု များနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

စစ်ဆင်ရေးများအတွင်း အပြန်အလှန်ပစ်ခတ်မှုများနှင့် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ လက်နက်ကြီးပစ်ခတ် မှုများရှိခဲ့ရာ ပူးပေါင်းတပ်ဖွဲ့ဘက်တွင်အထိအခိုက်မရှိခဲ့သော်လည်း အန္တရာယ်များခဲ့ကြောင်း HRS တာဝန် ရှိသူက ဆိုသည်။

“တချို့မစ်ရှင်မှာဆိုရင် ရန်သူ့လက်နက်ကြီးက ကိုယ့်အနားမှာလာကျတယ်။ ကွဲတာရှိသလို မကွဲတာ လည်းရှိတယ်။ ဒရုန်းပိုင်းလော့ ရဲဘော်တွေဆိုရင် ဖိအားအများဆုံးနဲ့ အပင်ပန်းဆုံးပဲ။ လူဘေးကင်းရေး အပြင် ဒရုန်းရဲ့ဘေးကင်းရေးကိုပါ ဂရုစိုက်ရတယ်။ တကယ်တော့ ဒရုန်းပိုင်းလော့က ရုပ်ပိုင်းရော စိတ်ပိုင်း ဆိုင်ရာမှာပါ တော်တော်လေးစွန့်စားယူရတာပါ။ မစ်ရှင်ပြီးလို့ ပြန်ပြောရင်သာ ရယ်စရာဖြစ်တာ၊ တကယ် တမ်းစစ်မျက်နှာမှာဆိုရင် ချရင်ချ မချရင် သေပဲ” ဟု ပြောသည်။

KNU တပ်မဟာ(၁)၊ သထုံခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် KNLA ၊ PDF ပူးပေါင်းတပ်များကြား တိုက်ပွဲ မကြာခဏဖြစ်ပွားလေ့ရှိရာ မတ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့က တိုက်လေယာဉ်ဖြင့်ဗုံးကြဲခြင်း၊ လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် အမျိုးသမီးသုံးဦး အမျိုးသား ၁၀ ဦး သေဆုံးပြီး အရပ်သား ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ၏ မတ်လအတွင်း စစ်တမ်းများတွင် ဖော်ပြထား သည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့၏ပစ်ခတ်မှုများကြောင့် ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာအုပ်စုခုနစ်ခုမှ ပြည်သူ ၃,၈၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU သထုံခရိုင်က ထုတ်ပြန်ထားသည်။

https://youtu.be/Baloj5nGuUg


စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ


#KNU
#သထုံခရိုင်
#စစ်ကောင်စီတပ်
#HawkRevolutionarySquad-HRS
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍13🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
မြန်မာပညာရေးမိုဘိုင်းအပ်ပလီကေးရှင်းကို အမေရိကန်မှာ ပြသ

Watch More Detail - https://youtu.be/kP9jNFTeB_4

#VOA #Mizzima #Reels #shorts
👍11🔥1
​​ကလေးတက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ
=====================

ပါခွီး
မဇ္စျိမ။ ။စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ကလေးတက္ကသိုလ်တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဝင် ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်အချို့သိမ်းဆည်းနိုင်ခဲ့ကြောင်း CDF CDM SIYIN တပ်ဖွဲ့က ထုတ်ပြန် ထားသည်။

ယနေ့ ဧပြီလ ၄ ရက်၊ နံနက် ၅ နာရီ ၃၀ မိနစ်အချိန်တွင် ကလေးတက္ကသိုလ်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့အား တိုက်ခိုက်ခဲ့ရာ ၂၀ မိနစ်ခန့် အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဆိုသည်။
ကလေးမြို့မြောက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား စစ်ရေးတင်း မာနေချိန် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

မတ်လ ၂၈ ရက်မှစ၍ ကလေးမြို့မြောက်ပိုင်းတွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့က အင်အားအများအပြားဖြင့် တိုက်ခိုက်နေကာ လက်နက်ကြီးလက်နက်ငယ်များအပြင် MI 35 ရဟတ်ယာဉ် ဖြင့် လေကြောင်းမှပါ ပစ်ခတ်နေကြောင်း သိရသည်။
တိုက်ပွဲများပြင်းထန်နေသဖြင့် ပျဉ်းတောဦး၊ လက်ပံချောင်း၊ မင်းလှ၊ အောင်ရွာ၊ မြောက်ချော၊ ချမ်းသာကြီး နှင့် ချင်းစု အစရှိသောကျေးရွာများမှ ပြည်သူ ၃၀,၀၀၀ ကျော် ကလေးမြို့နှင့် တာဟန်းသို့ စစ်ဘေးတိမ်း ရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ကလေးတက္ကသိုလ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16🔥2😁1
စစ်ကောင်စီနှင့် PDF ပဋိပက္ခအကြား ပါဝင်မည်မဟုတ်ကြောင်း RCSS ထုတ်ပြန်
====================

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် စစ်ကောင်စီအကြား ပဋိပက္ခအကြား ပါဝင်မည်မဟုတ်ကြောင်း ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သော RCSS/SSA အဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်သည်။

စစ်တပ်သည် RCSS/SSA အဖွဲ့ကို တိုက်ပွဲအတွင်း ဆွဲသွင်းလာသည်ဟုဆိုကာ အင်းလေး PDF မှ ပြောဆိုမှုသည် မှန်ကန်မှုမရှိဘဲ ကောလာဟလသတင်းသာဖြစ်ကြောင်း RCSS က ပြန်လည်တုံ့ပြန်ထားသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်(RCSS/SSA)သည် ရှမ်းပြည်တောင်ပိုင်း၌ဖြစ်ပွားသည့် PDF နှင့် တပ်မတော်တို့၏ တိုက်ပွဲများအတွင်းသို့ ပါဝင်ရှုပ်ထွေးရန် ရည်ရွယ်ချက်မရှိကြောင်း အသိပေးပြောဆိုထားသည်။

ထို့ပြင် ဒေသခံပြည်သူများကို ရိုက်နှက်ခြင်း၊ သတ်ဖြတ်ခြင်းစသည့် လူမဆန်သောလုပ်ရပ်များကိုလည်း RCSS/SSA အနေဖြင့် ကန့်ကွက်ရှုံ့ချကြောင်း ပြောဆိုထားသည်။

RCSS/SSA အနေဖြင့် NCA စာချုပ်အပေါ် ရပ်တည်ကာ နိုင်ငံရေးဆွေးနွေးမှုများကို ဆောင် ရွက်လျက်ရှိပြီး စီးပွားရေးအခွင့်အရေးများကြောင့် NCA စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်း မဟုတ်ကြောင်းလည်း ဖြေရှင်းထားသည်။

နိုင်ငံရေးဆွေးနွေးမှုကြောင့် ပြည်သူလူထုနှစ်ပေါင်းများစွာ ကြုံတွေ့လာခဲ့သည့် တိုက်ပွဲများကို လျှော့ချနိုင်ပြီး တည်ငြိမ်အေးချမ်းကာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖြင့် တိုင်းပြည်တည် ထောင်နိုင်ရန် ကောင်းကျိုးများရှိသည်ဟူသော ရည်ရွယ်ချက်ဖြင့် NCA ကို လက်မှတ်ရေးထိုးရခြင်းဖြစ်ကြောင်း RCSS/SSA က ဆိုသည်။

ထို့ပြင် RCSS/SSA သည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြစ်သည့် တွေ့ဆုံဆွေး နွေးခြင်းဖြင့် ဖြေရှင်းနိုင်မည်ဟု ယုံကြည်ထားသော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းလည်း ထုတ်ဖော်အသိပေးထားသည်။

လက်ရှိတွင် RCSS/SSA သည် နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖိတ်ခေါ်ခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးလျက်ရှိသည့် အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။

အလားတူ နစက၏ NSPNC နှင့် NCA လက်မှတ်ရေးထိုးထားသော EAO (၇)ဖွဲ့အကြား အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲတွင်လည်း RCSS/SSA အနေဖြင့် ဦးဆောင်ပါဝင်လျက်ရှိသည်ကို တွေ့ရှိရသည်။

RCSSသည် အာဏာသိမ်းစ၌ မင်းအောင်လှိုင် ၏ စစ်ကောင်စီတပ်ကို အပြင်းအထန် ဝေဖန်ခဲ့သော်လည်း နောက်ပိုင်းတွင် RCSS ဥက္ကဋ္ဌ ကိုယ်တိုင် မင်းအောင်လှိုင်နှင့် အကြိမ်ကြိမ်တွေ့ဆုံခြင်း၊ နှစ်ဖက် ဆွေးနွေးမှုများ မကြာခဏပြုလုပ်ခဲ့သည်။

အာဏာမသိမ်းမီက စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ၊ စစ်ရေးတင်းမာမှုများ မကြာခဏ ဖြစ်ခဲ့သည့် RCSSသည် ယခုအခါ စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားမှု လုံး၀ မရှိပေ။

အခြား ရှမ်းလက်ကိုင်တပ်ဖြစ်သည့် SSPP အဖွဲ့သည်လည်း စစ်ကောင်စီတပ်နှင့် ဆွေးနွေးနေသည့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ပကဖ ၊ LPDF နှင့်တော်လှန်ရေးအဖွဲ့များမှာ KIA ၊ KNU ၊ KA ၊ CNF စသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ပူးပေါင်း၍ နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ကို တိုက်ခိုက်နေခြင်းဖြစ်သည်။

https://youtu.be/t-e1QCLwpWA

#PolitiecalNews
#VideoNews
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🤣16👍5🤮3👏1
​​ဗိုလ်ဆင်ရိုင်းအား PDF အချင်းချင်းသတ်ဟု စစ်ကောင်စီဝါဒဖြန့်
=======================

JC
မဇ္ဈိမ။ ။မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့(CDSOM) စစ်ကိုင်းခရိုင် အမှတ်(၁) တပ် ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်ဆင်ရိုင်း PDF အချင်းချင်းသတ်ဖြတ်၍ သေဆုံးခြင်းဖြစ်သည်ဟု စစ်ကောင်စီ ထောက်ခံသူများက ဖြန့်ဝေနေကြသည်။ ယင်းမှာ မှားယွင်းနေသည်။

“Kyaw Swar” တယ်လီဂရမ်ချန်နယ်တွင် ဧပြီလ ၂ ရက်နေ့က “ပဒက်ချင်း အသတ်ခံလိုက်ရသော ပဒက် ဆင်ရိုင်း” (မူရင်းအရေးအသားအတိုင်း) ခေါင်းစဉ်ဖြင့် CDSOM ၏ ဒရုန်းတပ်ဖွဲ့မှ ဗိုလ်ဆင်ရိုင်း ခေါင်းဖြတ် ခံရခြင်းဖြစ်စဉ်အား မှတ်တမ်းတင်ထားသည့် ဗီဒီယိုဖိုင်နှင့်အတူ ဖြန့်ဝေထားသည်။ ဝတ်စုံအနက်ဖြင့် လူများဖြစ်ပြီး စစ်ကောင်စီထုတ် ပြောက်ကျားဝတ်စုံဝတ်ထားသူ တစ်ဦးတစ်ယောက်မှ မပါခြင်း၊ ပုလိုင်း များအိတ်များမပါသောကြောင့် စစ်ကောင်စီတပ်မဟုတ်ပဲ PDF များသာဖြစ်ကြောင်းနှင့် PDF များက အနီးနားတွင်ရှိနေပြီး ရည်ရွယ်ချက်ရှိရှိဖြင့် ရောက်မလာကြောင်း ရေးသားထားသည်။

အဆိုပါအကြောင်းအရာကို Kyaw Swar အပါအဝင် အခြားချန်နယ် ၁၉ ခုတွင် ပြန်လည်ဖြန့်ဝေထားပြီး နှစ်ရက်အတွင်း ကြည့်ရှုသူပေါင်း ၇၀,၀၀၀ ကျော် ရှိနေပြီဖြစ်သည်။ ထို့ပြင် ဖေ့စ်ဘုတ်တွင်လည်း အဆိုပါ အကြောင်းအရာကို ဖြန့်ဝေမှုများ ရှိသည်။

ဗိုလ်ဆင်ရိုင်းအသတ်ခံရခြင်းဖြစ်စဉ်နှင့်ပတ်သက်၍ CDSOM မှတာဝန်ရှိသူ ကိုနွေဦးအား မဇ္ဈိမမှမေးမြန်း ခဲ့ရာ “ဗိုလ်ဆင်ရိုင်းကို သတ်ပြီးတော့ သူတို့(စစ်ကောင်စီတပ်) စခန်းချထားတဲ့နေရာထဲကို သယ်သွားပြီး သူတို့ပြန်သွားလို့ ကျနော်တို့ ဝင်စီးတဲ့အခါမှာ နောက်ထပ်နှစ်ယောက်ကိုသတ်ပြီး ဗိုလ်ဆင်ရိုင်းရဲ့ ခေါင်းကို ချထားတာ။ နားရွက်တွေပါဖြတ်ထားတယ်။ သူတို့မသတ်ဘူးဆိုရင် သူတို့စခန်းချခဲ့တဲ့နေရာမှာ ဘာလို့ အဲဒီခေါင်းကရောက်နေရတာလဲ။ ဒီလိုမျိုးမှတ်တမ်းက ဒီတစ်ခါပဲ ရအောင်ယူလိုက်နိုင်တယ်။ အရင်ရှေ့ ပိုင်းတုန်းက သူတို့သတ်သွားတယ်။ ကျန်ခဲ့တဲ့ ဘော်ဒီကိုပဲ ကျနော်တို့ရတယ်။ ကျနော်တို့ မှတ်တမ်းရ လိုက်တဲ့အတွက် သူတို့ဘက်ကမဟုတ်ပါဘူးလို့ အသည်းအသန်ငြင်းနေတာ။ ကျနော်တို့က ကိုယ့်လူကိုယ် သတ်စရာအကြောင်းမရှိဘူး။ ပြီးတော့ ကိုယ့်လူကိုယ်လုပ်ပြီး စခန်းထဲဝင်သွားရင် ပိုတောင်မဖြစ်နိုင်တဲ့ ကိစ္စကြီး” ဟု ကိုနွေဦးကပြောသည်။

စစ်ကောင်စီမှ စစ်ကြောင်းထိုးသည့်အခါများတွင် စစ်ဝတ်စုံဝတ်များ ဝတ်လေ့မရှိဘဲ အရပ်ဝတ်များဖြင့် စစ်ကြောင်းထိုးလေ့ရှိကြောင်းလည်း ၎င်းကဆိုသည်။

ထို့အပြင် ဗိုလ်ဆင်ရိုင်းအားသတ်ပြီး ဦးခေါင်းကိုယူနေချိန်တွင် PDF များ အနီးအနားတွင် ရှိနေပါလျက် ဝင်မတိုက်ရခြင်းအကြောင်းအားမေးမြန်းရာ “သူတို့ခုတ်နေတဲ့နေရာက စစ်ကြောင်းဝင်စီးထားတဲ့ နေရာနဲ့ ရွာနဲ့ ကပ်ရက်။ ကျန်တဲ့နေရာကိုကြည့်လိုက်မယ်ဆိုရင် ကွင်းပြင်ကြီးဖြစ်နေတယ်။ ကွင်းပြင်ကြီးဆိုတော့ တက်လို့လည်း မရဘူး။ နောက်တစ်ခုက စစ်ကြောင်းဘယ်နားရောက်တယ်ဆိုတာရှာတဲ့ ဒရုန်းသမားတွေ ပဲရှိတာ၊ သူတို့မှာ လက်နက်ပါသွားတာလည်း မဟုတ်ဘူး။ လက်နက်မပါတာကြောင့် ဝင်တိုက်စရာလည်း မရှိဘူး” ဟု ကိုနွေဦးက ရှင်းပြသည်။

စစ်ကြောင်းထိုးစဉ် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ ခေါင်းဖြတ်သတ်ခြင်းများပြုလုပ်လေ့ရှိသည့် စစ်ကောင်စီတပ်၏ ဘီလူးစစ်ကြောင်းက မတ်လ ၃၀ ရက်နေ့တွင် စစ်ကိုင်းခရိုင် အမှတ်(၁)တပ်ရင်း၊ တပ်ခွဲ(၃)စခန်းအားစီးနင်းပြီး ဒုတပ်ရင်းမှူးဖြစ်သူ ဗိုလ်ဆင်ရိုင်းကို သေနတ်ဖြင့်ပစ်ခတ်ပြီး ခေါင်းဖြတ်ခဲ့ ကြောင်းMyanmar Now မှ သတင်းဖော်ပြထားသည်။ လင့် - t.ly/H-cR

အလားတူ The Irrawaddy Burmese Edition နှင့် Burma VJ တို့မှလည်း ဗိုလ်ဆင်ရိုင်းကို စစ်ကောင်စီ တပ်မှ သတ်ဖြတ်ခဲ့ကြောင်းကို သတင်းဖော်ပြထားသည်။ လင့် - t.ly/IRT_ , t.ly/_tXs
ထို့ကြောင့် စစ်ကိုင်းခရိုင် တပ်ရင်း(၁) မှ ဗိုလ်ဆင်ရိုင်းအား PDF များမှ အချင်းချင်းသတ်ဖြတ်ခဲ့သည်ဆို ခြင်းမှာ ဖြစ်စဉ်အမှန်ကို ပြန်ပြောင်းရေးသားကာ စစ်တပ်ထောက်ခံသူများမှ လုပ်ကြံဝါဒဖြန့်ထားခြင်းသာ ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ
#Misinformation_Buster
#Fake_News
#ဗိုလ်ဆင်ရိုင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15😁5❤2👎1👏1
သထုံတွင် လက်နက်ကြီးထိမှန်၍ ဆယ်ကျော်သက် လူငယ် ၂ ဦး ထိခိုက်ဒဏ်ရာရ
🔥4🤬2
သထုံတွင် လက်နက်ကြီးထိမှန်၍ ဆယ်ကျော်သက် လူငယ် ၂ ဦး ထိခိုက်ဒဏ်ရာရ
====================

YT
(မဇ္ဈိမ) ။ ။ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁) နယ်မြေ၊ သထုံခရိုင်၊ သထုံမြို့နယ်တွင် စစ်ကောင်စီအထိုင်တပ်ရင်းမှပစ်ခတ်သော လက်နက်ကြီးကျည်ကြောင့် ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ ကြောင်း ဒေသခံများက ပြောသည်။

ဧပြီလ ၂ ရက်နေ့ နံနက် ၈ နာရီနှင့် ၈ နာရီ ၃၀ ကြားတွင် သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြား၌ KNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်များ ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ခြောက်ဦးထက်မနည်း သေဆုံးခဲ့ကြောင်းနှင့် ထိုထိတွေ့တိုက်ပွဲ များအတွင်း သထုံမြို့နယ်၊ ဝင်းပအခြေစိုက် ခမရ (၉) စစ်ကောင်စီတပ်ရင်းမှ လက်နက်ကြီးများ ရမ်းသန်း ပစ်ခတ်ခဲ့ရာ ချောင်းစောင့်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရခြင်းဖြစ် ကြောင်း KNU/ KNLA တပ်မဟာ (၁)၊ တပ်ရင်း(၁)က ထုတ်ပြန်သည်။

ထိခိုက်ဒဏ်ရာရသူနှစ်ဦးမှာ သထုံမြို့နယ်၊ ချောင်းစောင့်ကျေးရွာမှ အသက် ၁၇ နှစ်အရွယ် စောချာလီးကီး နှင့် အသက် ၁၆ နှစ်အရွယ် စောဖားလေဒေးတို့ဖြစ်ပြီး ညာဘက်ဒူးခေါင်းနှင့် ညာဘက်ပေါင်တွင် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

“ ကလေးနှစ်ယောက် ဒဏ်ရာရတာဟုတ်ပါတယ်၊ နေ့တိုင်းလိုလို ရွာထဲကို လက်နက်ကြီးတွေနဲ့ပစ်နေ တာ” ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

မတ်လအစောပိုင်းမှစ၍ လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်းပစ်ခတ်မှုများကြောင့် ဒေသခံများ ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှုများရှိသဖြင့် သထုံမြို့နယ်ရှိ ကျုံမှိန်ရွာ၊ ချောင်းစောင့်ရွာများမှ ဒေသခံအချို့ သည် ကျေးရွာအတွင်းမနေရဲဘဲ စစ်ဘေးရှောင်နေကြရသည်။
ထို့ပြင် စစ်ဘေးရှောင်များ တိမ်းရှောင်နေသောနေရာအထိ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများပြုလုပ်ကြောင်းလည်း ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

“မတ်လတုန်းက လက်နက်ကြီးကျည်ထိလို့ ကလေးနှစ်ယောက်သေပြီးကတည်းက ရွာတွေထဲကို လက် နက်ကြီးတွေနဲ့ ပစ်တာ၊ ဘယ်သူမှ ရွာထဲ ပြန်မဝင်ရဲဘူး၊ ဒေသခံတွေ စစ်ဘေးရှောင်နေတဲ့နေရာကိုလည်း လက်နက်ကြီးနဲ့ ပစ်ချတယ်၊ အဲ့ဒီမှာတော့ အထိအခိုက်တော့ မရှိသေးပါဘူး” ဟု ဒေသခံတစ်ဦးက ပြော သည်။

ယင်းအပြင် ဧပြီလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်ကလည်း စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြား စောင့်တပ်(BGF)များသည် ကားနှစ်စီးဖြင့် ဓါတ်ကျိုက်ဂူအနီးမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ဝင်းဖုန်းကျေရွာ အနီးရှိ လယ်တောအတွင်းကျရောက် ပေါက်ကွဲခဲ့သည်။

ယင်းပေါက်ကွဲမှုကြောင့် လယ်ထဲတွင် စပါးရိတ်သိမ်းနေသော အသက် ၆၆ နှစ်အရွယ် ဝင်းဖုန်းရွာ ဒေသခံ စောတာဟော်၏ ညာဘက်လက်မောင်းတွင် လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက ဧပြီလ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#သထုံ
#လက်နက်ကြီးထိမှန်
#KNU
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🤬5🔥1