Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
KNDF ပူးပေါင်းတပ်ဖွဲ့နှင့်တိုက်ပွဲတွင် စကစ တပ်ဘက်မှ ၃၀၀ နီးပါးသေဆုံးပြီး ၁၃ ဦးကို လက်ရ ဖမ်းဆီး ထား
👍17❤6😁1🥴1
KNDF ပူးပေါင်းတပ်ဖွဲ့နှင့်တိုက်ပွဲတွင် စကစ တပ်ဘက်မှ ၃၀၀ နီးပါးသေဆုံးပြီး ၁၃ ဦးကို လက်ရ ဖမ်းဆီး ထား
===================

ကိုဇာနည်၊ ဂျူချန်း
(မဇ္ဈိမ)။ ။ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဘောလခဲမြို့နယ်၊ ဖားဆောင်းမြို့ နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လောင်း၊ ဖယ်ခုံမြို့နယ်များတွင် စစ်ကောင်စီတပ်ဘက်က စစ်မျက်နှာငါးခုဖွင့်ကာ ထိုးစစ်ဆင်နေပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားလျှက်ရှိသည်။

အဆိုပါဒေသများတွင် ပြီးခဲ့သည့်မတ်လအတွင်း တိုက်ပွဲ ၁၀၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၂၈၁ ဦးသေဆုံးကာ ၈၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သကဲ့သို့ ၁၃ ဦးကိုလည်း အရှင်ဖမ်းမိထားကြောင်း KNDF ဗဟိုကထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၆၆ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း KNDF ၏ မှတ်တမ်း တွင် ဖော်ပြထားသည်။
ကရင်နီပြည်နယ်နှင့် ရှမ်း-ကရင်နီနယ်စပ်များတွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်များ ကြား ဖေဖော်ဝါရီလနောက်ဆုံးပတ်မှစတင်ကာ လက်ရှိအချိန်ထိ တိုက်ပွဲများပြင်းထန်နေကြောင်း KNDF တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

“ဖေဖော်ဝါရီလ နောက်ဆုံးပတ်ကစပြီး တိုက်ပွဲတွေပြင်းထန်လာတာပါ၊ အဓိက စစ်ကောင်စီ အကျအဆုံး များတဲ့ တိုက်ပွဲတွေကတော့ ဖယ်ခုံနဲ့ ပင်လောင်းဘက်က တိုက်ပွဲတွေ၊ စစ်ကောင်စီက မတ်လကနေစပြီး တော့ ကျနော်တို့ ကရင်နီပြည်နယ်ကို စစ်ဆင်ရေး ကြီးကြီးမားမားလုပ်နေတယ်၊ ဒီတစ်ခါ စစ်ဆင်ရေးက တော်တော်လေးကို ကြီးကြီးမားမားလို့ ပြောလို့ရတယ်။ ဒီစစ်ကြောင်းတွေနဲ့ ထိတွေ့မှုတွေတောက် လျှောက်ဖြစ်တဲ့အခါမှာ ကျနော်တို့ဘက်ကတော့ ရလာဒ်ကောင်းတွေ ရထားတယ်” ဟု KNDF တာဝန် ရှိသူတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

စစ်ကောင်စီတပ်များသည် ပင်လောင်းမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်နှင့် ဘော်လခဲမြို့နယ်တို့ အားစစ်ကြောင်းထိုးစဉ် ကျေးရွာများမှနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်ခြင်း၊ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုနှင့် လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် မတ်လအတွင်း လူနေအိမ် ၂၂၈ လုံး မီးလောင်ပျက်စီးခဲ့ပြီး ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်းနှင့် စာသင်ကျောင်းသုံး ကျောင်း ထိခိုက်ပျက်စီးခဲ့သည်။

ယင်းအပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားငါးဦးသေဆုံးခဲ့ပြီး ၂၉ ဦး ထိခိုက်ဒဏ်ရာရကာ သံဃာတော် သုံးပါးအပါအဝင် အရပ်သား ၂၅ ဦးကို ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည်ဟု KNDF ၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ထိတွေ့တိုက်ပွဲတိုင်းတွင် စစ်ကောင်စီတပ်မှ လေကြောင်းသုံးသည့်အပြင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ဘေး ရှောင်စခန်းများအား လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုများလည်းရှိကြောင်း ဆိုသည်။

“တိုက်ပွဲမှာပစ်ခတ်တာက အရပ်သားထိခိုက်မှု မရှိသလောက်နည်းတယ်၊ သို့သော်လည်းပဲ တိုက်ပွဲမဖြစ် ဘဲနဲ့ စစ်ရှောင်တွေရှိတဲ့နေရာတွေ၊ တိုက်ပွဲတွေနဲ့ ဝေးတဲ့နေရာတွေမှာ ဘာမှမဆိုင်တဲ့ နယ်မြေတွေကို လိုက်ပြီးတော့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်တယ်၊ အဲဒီလို့တိုက်ခိုက်တာမှာ အရပ်သားတွေ ထိခိုက်မှုရှိခဲ့တယ်၊ လေကြောင်းကတော့ မတ်လအစပိုင်းကနေစပြီး နေ့စဉ်လိုလိုကိုသုံးတယ်” ဟု KNDF ကပြောသည်။

တစ်လတာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်များထံမှ လက်နက်ငယ် ၅၁ လက်၊ လက်နက်ကြီး ကိုး လက်နှင့် ခဲယမ်းအမြောက်အများ အပါအဝင် ဆက်သွယ်ရေးစက်များကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

လက်ရှိတိုက်ပွဲများ ပြင်းထန်နေသော ရှမ်း-ကရင်နီနယ်စပ်ရှိ ပင်လောင်းနှင့် ဖယ်ခုံလမ်းများသည် စစ်ရေး အရ အရေးပါသည့်ဒေသများဖြစ်ကာ စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးစားနေကြောင်း လည်း သိရသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#KNDF
#မတ်လတိုက်ပွဲ
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16👏2❤1😁1🤣1
This media is not supported in your browser
VIEW IN TELEGRAM
စိန့်ပီတာစဘတ်က ကော်ဖီဆိုင်ဗုံးခွဲမှုမှာ ရုရှားစစ်တပ်ရဲ့ ထိပ်တန်းလော်ဘီဘလော့ဂါသေဆုံး

#InternationalNews #Mizzima #Reels #Shorts
👍8❤1🔥1
​​မြန်မာမှ ရွှေ့ပြောင်းလုပ်သားများကို ထိုင်းအစိုးရက ပိုမို ခေါ်ယူရန် ရှိ 
======================

မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့မှ ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက ပိုမို ခေါ်ယူရန် စီစဉ်လျက်ရှိသည်ဟု မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် လုပ်ကိုင်ပေးနေသူ NGOs များက ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥1
This media is not supported in your browser
VIEW IN TELEGRAM
ဖွဲ့စည်းပုံပြင်ဆင်ရေးကိုကတိပြုထားတဲ့ အတိုက်အခံပါတီတွေကို ရွေးကောက်ပွဲမှတ်ပုံတင်ဖို့ ထိုင်းမဲဆန္ဒရှင်တွေ မျှော်လင့်နေ

#InternationalNews #VideoNews #shorts #reels
👍7🔥2
​​မဲကနယ်ဒေသသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ကရင်လက်နက်ကိုင်ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေ
====================

သွင်ထူးဈာန်
ကော်သူးလေ(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်ခြမ်းရှိမဲကနယ်ဒေသသို့ ယနေ့ ဧပြီလ ၄ ရက်နေ့ မွန်းတည့် ၁၂နာရီ ဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးလာသဖြင့် KNLA, Cobra စစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်းတို့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

“နေ့လယ်၁၂နာရီလောက်မှာ ထိတွေ့တိုက်ပွဲစဖြစ်တယ်။ လက်နက်ကြီးတွေ၊ စက်လက်တွေနဲ့ပစ်တယ်။ စစ်ကောင်စီတပ်က အင်အားဘယ်လောက်နဲ့ တက်လာတာလဲလို့တော့ မသိသေးဘူး။ သူတို့တက်လာတဲ့ လမ်းကြောင်းဆိုရင် ခလရ(၃၅၅)တပ်ရင်းဘက်က တက်လာတဲ့ပုံပဲ။ လောလောဆယ် တိုက်ပွဲဖြစ်နေ ဆဲပဲ”ဟု မြေပြင်သတင်းရင်းမြစ်ထံမှ သိရသည်။

ယခုသတင်းရေးသားနေချိန် ညနေ ၃ နာရီ အချိန်အထိ တိုက်ပွဲဆက်လက် ဖြစ်ပွားနေကြောင်း သိရသည်။
မတ်လ၂၅ ရက်နေ့မှစတင်ပြီး မြဝတီ၊ သင်္ဃန်းညီနောင်၊ ကော့ကရိတ်၊ ကျုံဒိုးတို့မှ စစ်ကောင်စီတပ်ဖွဲ့၏ အခြေစိုက်နေရာများကို ကရင့်လက်နက်ကိုင်ပူးပေါင်းတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်မှ အထိနာက ခုခံစစ်သာ ပြုလုပ်နေကြသည်။

သင်္ဃန်းညီနောင်မှ မြဝတီမြို့သို့ ပြန်လာသည့် အင်အား ၄၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ လိုက်ပါလာသည့် ဖောကားတစ်စီးကို Cobra စစ်ကြောင်းက ဧပြီလ ၃ ရက်နေ့တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဘက်မှ ထိခိုက်သေဆုံးမှုအခြေနေကို မသိရှိရသေးကြောင်း Cobra စစ်ကြောင်းက ထုတ်ပြန်ထား သည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ကရင်ပြည်နယ်
#မြဝတီမြိုနယ်
#စစ်ကောင်စီတပ်
#တိုက်ပွဲဖြစ်ပွား
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16👏4❤1🔥1
This media is not supported in your browser
VIEW IN TELEGRAM
မြောက်ကိုရီးယားနျူကလီးယားလက်နက်ဆိုင်ရာ ပိုလီဂရပ်ဖ် ရုပ်သံ

Watch more detail - https://youtu.be/UeuhiybZfN4

#VOA #VideoNews #shorts #reels
👏3🔥2👍1
ဧပြီလ (၄) ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
=====================

01:00 − အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ နဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ ပူးတွဲပြီး စစ်ကောင်စီထံမှာ မှတ်ပုံပြန်မတင်တဲ့ နိုင်ငံရေးပါတီတွေကို အသိအမှတ်ပြု မှတ်တမ်းတင် ကြောင်း ထုတ်ပြန်ထားတဲ့သတင်း

02:57 − အမှုရင်ဆိုင်ရမယ့် အမေရိကန်သမ္မတဟောင်း Donald Trump ဟာလက်ရှိမှာ နယူးယောက်မြို့ကို ရောက်ရှိနေတဲ့သတင်း

04:09 − စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကို ရုရှားအရှေ့တိုင်း လေ့လာရေး အင်စတီကျူက ဒေါက်တာဘွဲ့ပေးလိုက်တဲ့သတင်း နဲ့

09:55 − အမေရိကန်သတင်းထောက်ကိုပြန်လွှတ်ပေးဖို့ ရုရှားကို နေတိုးအကြီးအကဲ တောင်းဆိုလိုက်တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/zJWfzCdNzY8

#4pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍12❤1🔥1🍌1
This media is not supported in your browser
VIEW IN TELEGRAM
ယူကရိန်းရဲ့ဘာ့ခ်မတ်မြို့ကို တရားဝင်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ဝဂ္ဂနာကြေးစားတပ်ဖွဲ့ထုတ်ပြန်

#InternationalNews #VideoNews #shorts #Reels
👍4❤1👎1
This media is not supported in your browser
VIEW IN TELEGRAM
ဂျပန်နိုင်ငံက တရုတ်ကို ဆီမီးကွန်ဒတ်တာဆိုင်ရာပို့ကုန်ကန့်သတ်လိုက်ခြင်းက မိမိကိုယ်မိမိ အားကိုးဖို့တွန်းအားဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ်ပြော

#InternationalNews #VideoNews #shorts #Reels
👍8😁2👏1
ကန့်သတ်ပိတ်ပင်မှုကြောင့်ရခိုင်အတွင်းမှဒုက္ခသည်များအားသွားရောက်ကူညီပေးနိုင်ခြင်းမရှိခဲ့ကြောင်းWFPပြော
===============

ရခိုင်ပြည်နယ်အတွင်း မောင်တော မြောက်ပိုင်းနှင့် ဘူးသီးတောင် တောင်ပိုင်းတွင်ရှိသော ဒုက္ခသည် ၂၈၀၀၀ ကျော်အတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က မတ်လအတွင်း သွားရောက် အကူအညီပေးနိုင်ခြင်းများမရှိခဲ့ဟု သိရသည်။

လက်ရှိတွင် ဒေသမငြိမ်မသက်မှုများကြောင့်ဟုဆိုသည့်အကြောင်းပြချက်ဖြင့် သက်ဆိုင်ရာက သွားလာထောက်ပံ့ခွင့်ပိတ်ပင်ထားဆဲဖြစ်၍ သွားရောက်နိုင်ခြင်း မရှိခဲ့ခြင်းဖြစ်ကြောင်း WFP က ပြောသည်။

“အခြေအနေမငြိမ်သက်မှုတွေကြောင့် မောင်တော မြောက်ပိုင်းနဲ့ ဘူးသီးတောင် တောင်ပိုင်းမှာရှိတဲ့ လူဦးရေ ၂၈,၀၀၀ ကျော်ထံ သွားရောက်အကူအညီပေးဖို့အတွက် ကျနော်တို့အနေနဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ သူတို့အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အမြန်ဆုံးပြန်လည်ပေးနိုင်ဖို့လိုအပ်နေကြောင်း ကျနော်တို့ ဆော်သြနေပါတယ်”ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မတ်လအတွင်း WFP ၏ အကူအညီအထောက်အပံ့ကို မရရှိသူများမှာ ရခိုင်ဒုက္ခသည်များနှင့် မွတ်ဆလင်ဒုက္ခသည်များပါ ပါရှိသည်ဟု ဆိုသည်။

ယင်းအနက် ဘူးသီးတောင် တောင်ပိုင်းဒေသမှ ဒုက္ခသည်များမှာ ၂၀၁၉ ခုနှစ်အတွင်း ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲကာလကတည်းက နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်လာကြသူများ ဖြစ်သည်။

မောင်တောမြောက်ပိုင်းတွင်ရှိသော ဒုက္ခသည်များမှာ ရခိုင်တွင် AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲမဖြစ်ပွားခင် ကတည်းက ရှိနေသော ဒုက္ခသည်များဖြစ်သည်ဟု WFP က ဆိုသည်။

WFP အနေဖြင့် ရခိုင်ပြည်နယ်အတွင်း အခြားမြို့နယ်များရှိ စစ်ဘေးရှောင်များအပါအဝင် လူဦးရေ ၃၀၀,၀၀၀ ခန့်အတွက် အကူအညီများအား ဆက်လက်ထောက်ပံ့လျက်ရှိသည်ဟု ပြောသည်။

ရခိုင်တွင် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ ဇွန်လမှစတင်ကာ တကျော့ပြန် တိုက်ပွဲများဖြစ်ပွားခဲ့သည့်အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအထောက်အပံ့များပေးနေသည့် NGO ၊ INGO များကို မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြားနှင့် မြေပုံစသည့် မြို့နယ် ၆ ခုသို့ သွားလာထောက်ပံ့ခွင့်ကို စစ်ကောင်စီက ဇူလိုင်လတွင် ကန့်သတ်ပိတ်ပင်ထားခဲ့ခြင်းဖြစ်သည်။

ဒါ့အပြင်ရခိုင်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်များအား စစ်ကောင်စီက ထောက်ပံ့ငွေတချို့ပေးကာ နေရပ်ပြန်ခိုင်းနေကြောင်းသိရသည်။

စစ်ကောင်စီဖိအားကြောင့် နေရပ်ပြန်သွားကြတယ်ဆိုပေမယ့် လုံခြုံရေးနဲ့ စားဝတ်နေရေး အတွက် စိုးရိမ်နေကြကြောင်းနေရပ်ပြန်စစ်ဘေးဒုက္ခသည်များကပြောသည်။

လက်ရှိရခိုင်ပြည်နယ်မှာ အပစ်ရပ်ထားတယ်ဆိုပေမယ့် လုံခြုံတဲ့ အခြေအနေ တရပ်မဟုတ် သေးတဲ့အပြင် လုံခြုံရေးအာမခံချက်မပေးပဲ စစ်ကောင်စီအနေနဲ့ စစ်ဘေးဒုက္ခသည်တွေကို နေရပ်ပြန်ပို့နေတာဟာ ပြည်သူတွေကို ပိုဒုက္ခရောက်စေတယ်လို့ အခုနှစ် ဖေဖော်ဝါရီလ ကုန်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းပွဲမှာ AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက ပြောကြားထားသည်။

ရခိုင်ပြည်နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေကို စစ်ကောင်စီအနေဖြင့် ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ကတည်းက ထောက်ပံ့မှုတွေကို ရပ်ဆိုင်းထားပြီး နေရပ်ပြန်မည့် စစ်ဘေးဒုက္ခသည်များအား ငွေကြေးနှင့် အသုံးအဆောင် ပစ္စည်းတချို့ ထောက်ပံ့ပေးပေမယ့်လည်း နေရပ်ပြန်သွားကြသည့် စစ်ဘေးဒုက္ခသည်များအနေဖြင့် ရှေရှည်အတွက် စားဝတ်နေရေးနဲ့ လုံခြုံရေးအတွက် စိုးရိမ်နေကြဆဲ ဖြစ်ကြောင်းသိရသည်။

https://youtu.be/oi45o_j4Ae4

#PolitiecalNews
#VideoNews

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10😁3🤮1
This media is not supported in your browser
VIEW IN TELEGRAM
အမေရိကန်သတင်းထောက်ကိုပြန်လွှတ်ပေးဖို့ ရုရှားကို နေတိုးအကြီးအကဲတောင်းဆို

#InternationalNews #VideoNews #shorts #Reels
👍3😁1🥴1
​​မြန်မာစစ်ရှောင်များ ခွင့်ပြုချက်ဖြင့်သာပြောင်းရွှေ့ရမည်ဟု ကျန်ဖိုင်းခရိုင်အုပ်ချုပ်ရေးရုံး ထုတ်ပြန်
=====================

ပါခွီး
မဇ္စျိမ။ ။အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ချန်ဖိုင်းခရိုင်အတွင်းမှ မြန်မာစစ်ဘေးရှောင်များနေဖြင့် ရပ်/ကျေး အဆင့် စစ်ဘေးရှောင်ကော်မတီများ၏ ခွင့်ပြုချက်ရထားသူများသာ အခြားနေရာများသို့ ပြောင်းရွှေ့ခွင့် ရမည်ဖြစ်ကြောင်း ကျန်ဖိုင်းခရိုင်အုပ်ချုပ်ရေးရုံးမှ ဧပြီလ ၃ ရက်နေ့က ထုတ်ပြန်လိုက်သည်။

မတ်လ ၂၁ ရက်နေ့ကကျင်းပသော ကျန်ဖိုင်းခရိုင်အဆင့် မြန်မာစစ်ဘေးရှောင်ကော်မတီ District Level Committee on Myanmar Refugees (DLCMR) အစည်းအဝေးဆုံးဖြတ်ချက်အရ ဥက္ကဋ္ဌဖြစ်သူ အုပ်ချုပ် ရေးမှူး Jame Lalrinchhana က အသိပေးခဲ့ခြင်းဖြစ်သည်။

မြန်မာစစ်ဘေးရှောင်များသည် နေထိုင်ရာရပ်ကွက်၊ ကျေးရွာများမှ အခြားနေရာများသို့ မိမိသဘောဆန္ဒ ဖြင့် ပြောင်းရွှေ့မှုများရှိနေသောကြောင့် စည်းကမ်းချက်ထဲတွင် ထိုကဲ့သို့ထည့်သွင်း ထုတ်ပြန်ထားခြင်းဟု ဆိုသည်။

ထုတ်ပြန်ချက်အရ ရပ်/ကျေးအဆင့် စစ်ဘေးရှောင်ကော်မတီမှ ခွင့်ပြုချက်ပေးထားသူများသာ ပြောင်း ရွှေ့ခွင့်ရှိမည်ဖြစ်ပြီး အခြားခရိုင်များသို့ ပြောင်းရွှေ့မည့်ယာဉ်များကိုလည်း ရဲတပ်ဖွဲ့နှင့် အာသံရိုင်ဖယ် စစ်တပ်တို့မှစစ်ဆေးရန် ထုတ်ပြန်ချက်တွင် ပါဝင်သည်။
ထို့ပြင် ကျန်ဖိုင်းခရိုင်အတွင်းရှိ မြန်မာစစ်ဘေးရှောင်အားလုံး၏ နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) များကို ဧပြီလ ၁၅ ရက်နေ့မတိုင်မှီ ရပ်/ကျေးအဆင့် စစ်ဘေးရှောင်ကော်မတီအဖွဲ့ထံ အပ်နှံရမည်ဖြစ်ပြီး ၎င်းကော်မတီမှ ထိမ်းသိမ်းထားမည်ဖြစ်ကြောင်း ဆိုသည်။

“ ကျန်ဖိုင်းနဲ့ ဆိုင်ဟားခရိုင်မှာ မြန်မာပြည်သားတွေပါဝင်နေတဲ့လို့ယူဆရတဲ့ လူသတ်မှုတွေဖြစ်ခဲ့တယ်။ တခြား မူးယစ်ဆေးဝါးနဲ့ တရားမဝင်ကုန်ပစ္စည်းတွေ ရောင်းဝယ်ဖောက်ကားတာတွေ ထိန်းချုပ်ဖို့ အခုလို စည်းကမ်းတင်းကျပ်လိုက်ပုံရတယ်” ဟု ကျန်းဖိုင်းခရိုင်အတွင်းမှ မြန်မာစစ်ဘေးရှောင်တစ်ဦးက ပြော သည်။
ရပ်/ကျေး စစ်ဘေးရှောင်ကော်မတီမှ ခွင့်ပြုချက်ပေးထားသူများသာလျှင် ဈေးဆိုင်ဖွင့်ခြင်းနှင့် အခြား စီးပွားရေးလုပ်ငန်းများ လုပ်ခွင့်ရှိကြောင်း ယခုထုတ်ပြန်ခဲ့သည့် စစ်ဘေးရှောင်များ လိုက်နာရန် စည်းကမ်း ချက်များတွင်ပါဝင်သည်။

တစ်ဖက်တွင်လည်း ကျန်ဖိုင်းခရိုင်အတွင်း၌ မြန်မာစစ်ဘေးရှောင်အချို့မှ အစားအသောက်၊ အဝတ် အထည်နှင့် ကုန်စုံဆိုင်ဖွင့်လှစ်မှုများရှိထားသော်လည်း အရေးယူခြင်းတစ်စုံတရာ မရှိသေးကြောင်း သိရ သည်။

ကျန်ဖိုင်းခရိုင်အတွင်း ရပ်/ကျေးအဆင့်တွင်ဖွဲ့စည်းထားသော စစ်ဘေးရှောင်ကော်မတီအနေဖြင့် တစ်လ လျှင် အနည်းဆုံးတစ်ကြိမ် အစည်းအဝေးခေါ်ယူရမည်ဖြစ်ပြီး ဆုံးဖြတ်ချက်များကို ခရိုင်အဆင့် ကော်မတီ ထံ တင်ပြရမည်ဖြစ်သည်။

ရပ်/ကျေးအဆင့် ကော်မတီနှင့် မီဇိုလူငယ်အသင်း (YMA) တို့မှ တရားဥပဒေစိုးမိုးရေးအတွက် အထူးစောင့် ကြည့်သွားကြရန် အုပ်ချုပ်ရေးမှူး၏ ထုတ်ပြန်ချက်ကဆိုသည်။

ကျန်ဖိုင်းခရိုင်အတွင်းရှိ ကျေးရွာ ၄၇ ရွာတွင် မြန်မာစစ်ဘေးရှောင် ၁၀,၂၂၆ ဦး နေထိုင်လျက်ရှိပြီး အမျိုး သား ၃,၀၃၃ ဦး ၊ အမျိုးသမီး ၃,၂၆၄ ဦး နှင့် ကလေး ၃,၉၂၉ ဦးရှိကြောင်း ခရိုင်အဆင့်ကော်မတီမှ ပြုစုထား သော စာရင်းများအရသိရသည်။

အဆိုပါစာရင်းများမှ လူဦးရေ ၂,၆၄၃ ဦးမှာစစ်ဘေးရှောင်စခန်းများတွင်နေထိုင်ပြီး ကျန် ၇,၅၈၃ ဦးသည် စခန်းပြင်ပတွင် နေထိုင်ကြသူများဖြစ်ကြောင်း သိရသည်။

စာတည်း ။။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#အိန္ဒိယ
#ကျန်ဖိုင်းခရိုင်
#မီဇိုရမ်
#မြန်မာစစ်ရှောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7❤1🔥1👏1