ဧပြီလ ၄ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍4🔥1
စကစ တပ်ဘက်မှ ၃၀၀ နီးပါးသေဆုံးပြီး ၁၃ ဦးကို လက်ရ ဖမ်းဆီးထား (ရုပ်/သံ)
=====================
ကရင်နီပြည်နယ် နှင့် ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီတပ်က စစ်မျက်နှာငါးခုဖွင့် ထိုးစစ်ဆင်နေပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားလျှက်ရှိပါတယ်။
အဲ့ဒီဒေသတွေမှာ ပြီးခဲ့တဲ့ မတ်လ တစ်လထဲမှာ တိုက်ပွဲပေါင်း ၁၀၂ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲတွေထဲမှာ စစ်ကောင်စီတပ်သား ၂၈၁ ယောက်သေဆုံးပြီး ၈၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်သား ၁၃ ဦးကိုလည်း အရှင်ဖမ်းမိထားတယ်လို့ KNDF ဗဟိုကထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုတွေကြောင့် မတ်လထဲမှာ လူနေအိမ် ၂၂၈ လုံး မီးလောင်ပျက်စီးခဲ့ပြီး ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်းနှင့် စာသင်ကျောင်းသုံး ကျောင်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။
ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားငါးဦးသေဆုံးခဲ့ပြီး ၂၉ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ စစ်ကောင်စီတပ်ဟာ သံဃာတော် သုံးပါးအပါအဝင် အရပ်သား ၂၅ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ KNDF ၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားပါတယ်။
အခု မတ်လ တစ်လတာ တိုက်ပွဲထဲမှာ စစ်ကောင်စီတပ်တွေဆီက လက်နက်ငယ် ၅၁ လက်၊ လက်နက်ကြီး ကိုး လက်နှင့် ခဲယမ်းတွေ အပါအဝင် ဆက်သွယ်ရေးစက်တွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိတိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရှမ်း-ကရင်နီနယ်စပ်က ပင်လောင်းနှင့် ဖယ်ခုံလမ်းတွေဟာ စစ်ရေး အရ အရေးပါတဲ့ ဒေသတွေဖြစ်တာကြောင့် စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတယ်လို့လည်း သိရပါတယ်။
https://youtu.be/h_M-d-4Re54
တည်းဖြတ်/တင်ဆက် = ဂျူချန်း
#ကရင်နီ
#မတ်လတိုက်ပွဲ
#mizzimatv
#KNDF
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
စကစ တပ်ဘက်မှ ၃၀၀ နီးပါးသေဆုံးပြီး ၁၃ ဦးကို လက်ရ ဖမ်းဆီးထား (ရုပ်/သံ)
KNDF ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲမှာ စကစ တပ်ဘက်မှ ၃၀၀ နီးပါးသေဆုံးပြီး ၁၃ ဦးကို လက်ရ ဖမ်းဆီးထား (ရုပ်/သံ)
ကရင်နီပြည်နယ် နှင့် ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီတပ်က စစ်မျက်နှာငါးခုဖွင့် ထိုးစစ်ဆင်နေပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားလျှက်ရှိပါတယ်။…

👍10👏2😁2
၆ ဘီးကားကို လာရောက်သယ်ယူသည့် စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ
=====================
ရောင်နီ
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် မိုင်းဆွဲခံရမှုကြောင့် ပျက်စီးခဲ့သည့် ခြောက်ဘီးကားအား လာရောက်သယ်ယူသည့် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Black Wolf Army PDF တာ၀န်ရှိသူက မဇ္စျိမကို ပြောသည်။
ရွေဘိုမြို့ ထောက်ပို့တပ်မှ စစ်ကောင်စီတပ်သားများတင်ဆောင်လာသည့် ခြောက်ဘီးကားနှစ်စီးကို ရွှေဘို ကျောက်မြောင်းလမ်းပိုင်းတစ်နေရာတွင် ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းက ဒေသကာကွယ်ရေးတပ်ဖွဲ့ လေးဖွဲ့ ပူးပေါင်းကာ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ပဒေသာမိုင်း ၂၆ လုံးအသုံးပြုကာ မိုင်းဆွဲခဲ့ကြခြင်းဖြစ်ပြီး ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုတွင် ခြောက်ဘီးကား နှစ်စီးလုံး ပျက်စီးခဲ့ကာ ကားပေါ်တွင် လိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့တပ်သားများလည်း သေဆုံးမှုများ ရှိခဲ့ကြောင်း ဆိုသည်။
ထို့နောက် ဧပြီလ ၂ ရက်နေ့တွင် မိုင်းဆွဲမှုအတွင်း ထိခိုက်ပျက်စီးခဲ့သည့် ခြောက်ဘီးကားတစ်စီးကို လာရောက်ပြန်လည်သယ်ယူသည့် စစ်ကောင်စီတပ်အား ဒရုန်းဖြင့် ဗုံးသီးနှစ်ကြိမ်ချကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“ ဧပြီလ ၁ ရက်နေ့ကတည်းက ရွှေဘိုမြို့တွင်းကနေထွက်လာတဲ့ အင်အား ၄၀ ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာမှာ နှစ်ဦးသေခဲ့တယ်။ နောက် ဧပြီလ ၂ ရက်နေ့မှာလည်း အဲ့ဒီ့ စစ်ကောင်စီတပ်စစ်ကြောင်းကပဲ ကျွန်တော်တို့ ပြီးခဲ့တဲ့ လအတွင်းက မိုင်းဆွဲလို့ ထိခိုက်ပြီး ရပ်ထားရတဲ့ ခြောက်ဘီးကားကို လာသယ်တယ် သတင်းကြားလို့ ထပ်မံတိုက်ခိုက်တာ ဖြစ်ပါတယ်။ “ ဟု Black Wolf Army PDF တာ၀န်ရှိသူက မဇ္စျိမကို ပြောသည်၊
မိုင်းဆွဲမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တွဲကားအား လာရောက်သယ်ယူသည့် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည့် ရုပ်သံဖိုင်မှတ်တမ်းကိုလည်း Black Wolf Army PDFက ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။
ဗုံးသီးချတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးသော်လည်း ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ရွှေဘိုမြို့အတွင်း ပြန်လည်ဝင်ရောက်သွားကာ မြို့အနီးပတ်ဝန်းကျင်ကို လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုရှိခဲ့ကြောင်း သိရသည်။
ရွှေဘိုမြို့အတွင်း အထိုင်ချထားသည့် စစ်ကောင်စီတပ်သည် ရွှေဘို - ကျောက်မြောင်း လမ်းပိုင်းကို အသုံးပြုကာ စစ်ကိုင်းတိုင်းအတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်များထံ လူ လက်နက်ခဲယမ်းနှင့် ရိက္ခာများ ပို့ဆောင်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။
ထို့ကြောင့် ရွှေဘို ကျောက်မြောင်းလမ်းနှင့် ရွှေဘို မန္တလေးလမ်းအား အသုံးပြုသွားလာနေသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်မှုနှင့် စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ပြီး ပြည်သူပိုင်ကားများအနေဖြင့် ထိခိုက်နစ်နာမှုမရှိစေရန်အတွက် ထုတ်ပြန်ထားသည့် စည်းကမ်းများကို လိုက်နာကြရန်လည်း Black Wolf Army PDF က အသိပေးထားသည်။
https://youtu.be/5eAmTOfCrDo
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ရွှေဘိုမြို့နယ်
#မိုင်းဆွဲ
#စစ်ကောင်စီတပ်
#PDF

ရွေဘိုမြို့…

👍10😁2👏1
ဖမ်းဆီးခံ ဆရာ၊ဆရာမများအားလုံးကို ကေအိုင်အေနဲ့ PDF ပူးပေါင်းအဖွဲ့က ပြန်လွှတ်ပေး
=======================
မဇ္ဈိမ
ကေအိုင်အေနဲ့ PDF ပူးပေါင်းတပ်ဖွဲ့များက ဆရာ/ဆရာမ ၂၃ ဦးကို ဖမ်းဆီးပြီးနောက် ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်တယ်လို့ ဒေသခံသတင်း ရင်းမြစ်များက ဆိုကြသည်။
ဖားကန့် - အင်းတော်ကြီးလမ်းပိုင်းရှိ မကပင်းကျေးရွာနှင့် ခြောက်မိုင်အကွာ ဝှေလုံကျေးရွာအနီးမှာ ယခုလ ဧပြီ ၁ ရက်နေ့က ကေအိုင်အေဦးဆောင်သည့် PDF ပူးပေါင်းတပ်ဖွဲ့များက ဖားကန့်မြို့မှ မွန်းမံသင်တန်းတက်ပြီး ပြန်လာကြသော ဆရာ/ဆရာမများကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
“ ဆရာ ဆရာမတွေကို မွမ်းမံသင်တန်းလို့ခေါ်ပြီး စစ်သင်တန်းတွေပေးတယ်ကြားလို့ အခုလိုခဏခေါ်ယူစစ်ဆေးလိုက်တဲ့သဘောပါ။ သူတို့ (ဖမ်းဆီးခံဆရာဆရာ မများ)ကို ဘာမှမလုပ်ဘဲ တောထဲကယောက်ဖ (ကေအိုင်အေကိုရည်ညွှန်း)တွေက အဲ့ညနေမှာပဲ သေသေချာချာလေး ပြန်လွှတ်ပေးလိုက်ပါပြီ" ဟု ကေအိုင်အေနဲ့နီးစပ်သည့် ရပ်ရွာသတင်းရင်းမြစ်တစ်ဦးက အခုလို ပြန် ပြောပြခဲ့ခြင်း ဖြစ်သည်။
ဖားကန့်နှင့် အင်းတော်ကြီးဒေသခံ ဆရာ/မများက ပြီးခဲ့သော မတ်လ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဖားကန့်တွင် မွန်းမံသင်တန်းတက်ရောက်ပြီးပြန်လာစဉ် ဆရာ နှစ်ဦး ၊ ဆရာမ ၂၁ ဦး စုစုပေါင်း ၂၃ ဦးက အခုလို ဖမ်းဆီးခံလိုက်ရတာဖြစ်ကာ ထိုနေ့ညနေပိုင်းမှာ ကေအိုင်အေဦးဆောင်သည့် PDF ပူးပေါင်းအဖွဲ့က ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီ၏ စစ်သင်တန်းကို သွားရောက်တက်ခဲ့ကြသည်ဆိုသော သတင်းကြောင့် ယခုလို ဆရာ၊ ဆရာမများအား ခဏတာ ခေါ်ယူစစ်ဆေးရခြင်းသာဖြစ်တယ်လို့ ကေအိုင်အေနဲ့ PDF ပူးပေါင်းတပ်ဖွဲ့များက ပြောဆိုထားသည်။
ကေအိုင်အေဦးဆောင်သည့် PDF ပူးပေါင်းအဖွဲ့၏ ဖားကန့် - အင်းတော်ကြီးလမ်းပိုင်းမှာ အခုလိုမွမ်းမံသင် တန်းဆင်းပြီးပြန်လာနေသည့် ဆရာဆရာမအဖွဲ့ကို ဖမ်းဆီးစစ်ဆေးမှုမှ လွတ်မြောက်လာကြသည့် ဆရာ၊ဆရာမတစ်ချို့က ဖားကန့်မြို့နယ်ပညာရေးမှုးကို အကြောင်းကြားပြောဆိုခဲ့ရာမှ မြို့နယ်ပညာရေးမှူးကတစ်ဆင့် ဆပ်ပြာချောင်းဆရာတော်နှင့် မှော်ကလုံကျေးရွာ ဥက္ကဋ္ဌများကို အကူအညီတောင်းခံပြီး ကေအိုင်အေနှင့် PDF ပူးပေါင်းတပ်ဖွဲ့များကို သွားရောက်ညှိနှိုင်းဆွေးနွေးခဲ့မှုကြောင့် ဧပြီလ ၁ ရက်နေ့ ညနေပိုင်းမှာပင် ဖမ်းဆီးခံ ဆရာဆရာမများအားလုံးကို ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#မြို့နယ်ပညာရေးမှူး
#ဆပ်ပြာချောင်းဆရာတော်
#ကေအိုင်အေ
#PDF
#ပူးပေါင်းတပ်ဖွဲ့များ
ပုံ = ဖားကန့် - အင်းတော်ကြီးလမ်းပိုင်း
------------------------

👍12🥴2🔥1
This media is not supported in your browser
VIEW IN TELEGRAM
ကန့်သတ်ပိတ်ပင်မှုကြောင့် ရခိုင်ပြည်နယ်အတွင်းမှ ဒုက္ခသည်များအား သွားရောက်ကူညီပေးနိုင်ခြင်း မရှိခဲ့ကြောင်း WFP ပြော
Watch more detail - https://youtu.be/oi45o_j4Ae4
#PoliticalNews #VideoNews #shorts #reels

😁4🔥2
This media is not supported in your browser
VIEW IN TELEGRAM
လျှပ်စစ်၊ ဆန်၊ မြေသြဇာဆိုင်ရာသဘောတူညီချက်များ တရုတ်ယူနန်နှင့်စစ်ကောင်စီတို့ လက်မှတ်ရေးထိုး
Watch more detail - https://www.youtube.com/watch?v=UqaXi1VFiOU
#reels
#shorts
#BusinessRoundUp
#MizzimaTV

❤2🤣2👍1👏1
Business Round Up (4 April 2023)
============
-လျှပ်စစ်၊ ဆန်၊ မြေသြဇာဆိုင်ရာသဘောတူညီချက်များ တရုတ်ယူနန်နှင့်စစ်ကောင်စီတို့ လက်မှတ်ရေးထိုး
- ပြည်ပသို့ဆန်တင်ပို့ရန် လိုင်စင်အသစ်ချထားပေးမှု ကန့်သတ်ထားခြင်းကြောင့် နယ်စပ်ဆန်တင်ပို့မှု ရပ်ဆိုင်းလုနီးဖြစ်
- MOU စနစ်ဖြင့် သွားရောက်သည့် ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမား ၁ဝဝဝ ကျော်အလုပ်ဖြုတ်ခံရ
- စီးပွားရေးကျဆင်းခြင်းကြောင့် ဗီယက်နမ်ရှိကုမ္ပဏီများ ဝန်ထမ်းအင်အားလျော့ချနေရ
- ထိုင်းမှ တောမီးနှင့် မီးခိုးမြူလေထုညစ်ညမ်းမှုကိစ္စ အိမ်နီးချင်းနိုင်ငံတွေထံ အသိပေးပြီးဖြေရှင်းဖို့ ကြိုးစားနေ
https://youtu.be/UqaXi1VFiOU
#BusinessRoundUp
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
============
-လျှပ်စစ်၊ ဆန်၊ မြေသြဇာဆိုင်ရာသဘောတူညီချက်များ တရုတ်ယူနန်နှင့်စစ်ကောင်စီတို့ လက်မှတ်ရေးထိုး
- ပြည်ပသို့ဆန်တင်ပို့ရန် လိုင်စင်အသစ်ချထားပေးမှု ကန့်သတ်ထားခြင်းကြောင့် နယ်စပ်ဆန်တင်ပို့မှု ရပ်ဆိုင်းလုနီးဖြစ်
- MOU စနစ်ဖြင့် သွားရောက်သည့် ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမား ၁ဝဝဝ ကျော်အလုပ်ဖြုတ်ခံရ
- စီးပွားရေးကျဆင်းခြင်းကြောင့် ဗီယက်နမ်ရှိကုမ္ပဏီများ ဝန်ထမ်းအင်အားလျော့ချနေရ
- ထိုင်းမှ တောမီးနှင့် မီးခိုးမြူလေထုညစ်ညမ်းမှုကိစ္စ အိမ်နီးချင်းနိုင်ငံတွေထံ အသိပေးပြီးဖြေရှင်းဖို့ ကြိုးစားနေ
https://youtu.be/UqaXi1VFiOU
#BusinessRoundUp
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
Business Round Up (4 April 2023)
-လျှပ်စစ်၊ ဆန်၊ မြေသြဇာဆိုင်ရာသဘောတူညီချက်များ တရုတ်ယူနန်နှင့်စစ်ကောင်စီတို့ လက်မှတ်ရေးထိုး
- ပြည်ပသို့ဆန်တင်ပို့ရန် လိုင်စင်အသစ်ချထားပေးမှု ကန့်သတ်ထားခြင်းကြောင့် နယ်စပ်ဆန်တင်ပို့မှု ရပ်ဆိုင်းလုနီးဖြစ်
- MOU စနစ်ဖြင့် သွားရောက်သည့် ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမား…

👍6🔥3👏1😱1😢1
This media is not supported in your browser
VIEW IN TELEGRAM
လက်ရှိရပ်တန့်နေတဲ့ တရားစီရင်ရေးကဏ္ဍပြုပြင်ပြောင်းလဲရေးအပေါ် ၁၃ ပတ်မြောက်အဖြစ် အစ္စရေးပြည်သူတွေ ဆက်လက်ဆန္ဒပြ
#International
#MizzimaTV
#Reels
#Shorts
#International
#MizzimaTV
#Reels
#Shorts
👍4🔥2
စစ်ကောင်စီကကျင်းပမယ့် သင်္ကြန်မှာမပါဝင်ကြဖို့ တော်လှန်ရေးအင်အားစုတွေ တိုက်တွန်း (ရုပ်သံ)
========================
လင်းသူရိန်
မဇ္ဈိမ။ ။စစ်ကောင်စီကကျင်းပမယ့် သင်္ကြန်ပွဲတော်မှာ ပြည်သူတွေမပါဝင်ကြဖို့ ရန်ကုန်တိုင်း၊ စမ်းချောင်း မြို့နယ်မှာရှိတဲ့ တော်လှန်ရေးလူငယ်တွေက တိုက်တွန်းလိုက်ပါတယ်။
အာဏာသိမ်းပြီးနှစ်နှစ်ကျော်ကြာချိန်မှာ နိုင်ငံကိုကောင်းကောင်းအုပ်ချုပ်နိုင်တယ်လို့ ပြသချင်တဲ့အတွက် ပွဲလမ်းသဘင်မှန်သမျှကို စည်းကားသယောင်ဖန်တီးမှာဖြစ်လို့ အခုလိုတိုက်တွန်းရတာလို့ ဆိုပါတယ်။ အပြည့်အစုံကို ရုပ်သံသတင်းထောက် လင်းသူရိန်က တင်ဆက်ထားပါတယ်။
https://youtu.be/xLzShHtgbqU
စာတည်း ။ ။ Alden
#ရန်ကုန်
#သင်္ကြန်
#တော်လှန်ရေး
#စမ်းချောင်း
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
========================
လင်းသူရိန်
မဇ္ဈိမ။ ။စစ်ကောင်စီကကျင်းပမယ့် သင်္ကြန်ပွဲတော်မှာ ပြည်သူတွေမပါဝင်ကြဖို့ ရန်ကုန်တိုင်း၊ စမ်းချောင်း မြို့နယ်မှာရှိတဲ့ တော်လှန်ရေးလူငယ်တွေက တိုက်တွန်းလိုက်ပါတယ်။
အာဏာသိမ်းပြီးနှစ်နှစ်ကျော်ကြာချိန်မှာ နိုင်ငံကိုကောင်းကောင်းအုပ်ချုပ်နိုင်တယ်လို့ ပြသချင်တဲ့အတွက် ပွဲလမ်းသဘင်မှန်သမျှကို စည်းကားသယောင်ဖန်တီးမှာဖြစ်လို့ အခုလိုတိုက်တွန်းရတာလို့ ဆိုပါတယ်။ အပြည့်အစုံကို ရုပ်သံသတင်းထောက် လင်းသူရိန်က တင်ဆက်ထားပါတယ်။
https://youtu.be/xLzShHtgbqU
စာတည်း ။ ။ Alden
#ရန်ကုန်
#သင်္ကြန်
#တော်လှန်ရေး
#စမ်းချောင်း
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
စစ်ကောင်စီကကျင်းပမယ့် သင်္ကြန်မှာမပါဝင်ကြဖို့ တော်လှန်ရေးအင်အားစုတွေ တိုက်တွန်း (ရုပ်သံ)
လင်းသူရိန်
မဇ္ဈိမ။ ။စစ်ကောင်စီကကျင်းပမယ့် သင်္ကြန်ပွဲတော်မှာ ပြည်သူတွေမပါဝင်ကြဖို့ ရန်ကုန်တိုင်း၊ စမ်းချောင်း မြို့နယ်မှာရှိတဲ့ တော်လှန်ရေးလူငယ်တွေက တိုက်တွန်းလိုက်ပါတယ်။
အာဏာသိမ်းပြီးနှစ်နှစ်ကျော်ကြာချိန်မှာ နိုင်ငံကိုကောင်းကောင်းအုပ်ချုပ်နိုင်တယ်လို့ ပြသချင်တဲ့အတွက်…

👍15😁2
မတ်လတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ တပ်ကြပ် ၂ ဦးအပါအဝင် ၉၀ ကျော်သေဆုံး
======================
YT
မဇ္ဈိမ ။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၅) နယ်မြေ၊ ဖာပွန်ခရိုင် ( မူတြော်ခရိုင်)တွင် မတ်လအတွင်း တိုက်ပွဲ အကြိမ်ရေ ၁၉၀ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ တပ်ကြပ်ကြီးနှစ်ဦးအပါအဝင် ၉၂ ဦး သေဆုံးခဲ့ကြောင်း KNU မူတြော်သတင်းစဉ်က ယမန်နေ့က ထုတ်ပြန်သည်။
တပ်မဟာ (၅) KNLA နှင့် စစ်ကောင်စီတပ်၊ ၎င်း၏ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲပေါင်း ၁၉၀ အတွင်း တပ်ကြပ်ကြီးနှစ်ဦး၊ တပ်ခွဲမှူးတစ်ဦးအပါအဝင် ၉၂ ဦး ကျဆုံးခဲ့ပြီး ၄၅ ဦးအထိ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ တပ်မဟာ (၅) KNLA ဘက်တွင်လည်း ရဲဘော်လေးဦး ကျဆုံးခဲ့ပြီး ရဲဘော် ၁၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
" အထိအခိုက် အကျအဆုံးများအား မြေပြင်နှင့် ကြေးနန်းသတင်းအရ အတည်ပြုသိရှိရသည်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒါ့အပြင် စစ်ကောင်စီတပ်၏ မော်တော်ယာဉ်သုံးစီးနှင့် ဆိုင်ကယ်တစ်စီးတို့အား ဖျက်ဆီးနိုင်ခဲ့ကြောင်း KNU မူတြော်သတင်းစဉ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မတ်လအတွင်း တပ်မဟာ (၅) နယ်မြေတွင် စစ်ကောင်စီတပ်သည် ဂျက်တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်၊ ဗုံးသီး ၁၆ လုံးခန့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး၊ အမြောက်လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်း ပစ်ခတ်မှုတို့ကြောင့် ဒေသခံတစ်ဦးသေဆုံးကာ ဒေသခံ ငါးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#KNU
#ဖာပွန်ခရိုင်
#မူတြော်သတင်းစဉ်
#စစ်ကောင်စီတပ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
======================
YT
မဇ္ဈိမ ။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၅) နယ်မြေ၊ ဖာပွန်ခရိုင် ( မူတြော်ခရိုင်)တွင် မတ်လအတွင်း တိုက်ပွဲ အကြိမ်ရေ ၁၉၀ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ တပ်ကြပ်ကြီးနှစ်ဦးအပါအဝင် ၉၂ ဦး သေဆုံးခဲ့ကြောင်း KNU မူတြော်သတင်းစဉ်က ယမန်နေ့က ထုတ်ပြန်သည်။
တပ်မဟာ (၅) KNLA နှင့် စစ်ကောင်စီတပ်၊ ၎င်း၏ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲပေါင်း ၁၉၀ အတွင်း တပ်ကြပ်ကြီးနှစ်ဦး၊ တပ်ခွဲမှူးတစ်ဦးအပါအဝင် ၉၂ ဦး ကျဆုံးခဲ့ပြီး ၄၅ ဦးအထိ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ တပ်မဟာ (၅) KNLA ဘက်တွင်လည်း ရဲဘော်လေးဦး ကျဆုံးခဲ့ပြီး ရဲဘော် ၁၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
" အထိအခိုက် အကျအဆုံးများအား မြေပြင်နှင့် ကြေးနန်းသတင်းအရ အတည်ပြုသိရှိရသည်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒါ့အပြင် စစ်ကောင်စီတပ်၏ မော်တော်ယာဉ်သုံးစီးနှင့် ဆိုင်ကယ်တစ်စီးတို့အား ဖျက်ဆီးနိုင်ခဲ့ကြောင်း KNU မူတြော်သတင်းစဉ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မတ်လအတွင်း တပ်မဟာ (၅) နယ်မြေတွင် စစ်ကောင်စီတပ်သည် ဂျက်တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်၊ ဗုံးသီး ၁၆ လုံးခန့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး၊ အမြောက်လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်း ပစ်ခတ်မှုတို့ကြောင့် ဒေသခံတစ်ဦးသေဆုံးကာ ဒေသခံ ငါးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#KNU
#ဖာပွန်ခရိုင်
#မူတြော်သတင်းစဉ်
#စစ်ကောင်စီတပ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥2👏1🥴1
ရွာပေါင်းစုံသပိတ် ဆက်လက်ဆန္ဒပြ
============
ပါခွီး
မဇ္စျိမ ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာပေါင်းစုံ သပိတ်ကော်မတီနှင့် ပြည်သူများပူးပေါင်းပြီး ၇၅၆ ရက်မြောက်အဖြစ် ဧပြီလ ၄ရက်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက်ဆန္ဒပြကြသည်။
လူထုသပိတ်စစ်ကြောင်းသည် “လူထုအားကို ဗဟိုပြု တပ်ပေါင်းစုကို ပုံဖော်” စာတန်းကိုကိုင်စွဲပြီး တောင်ယာလုပ်ငန်းခွင်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများဟစ်ကြွေးခဲ့ကြခြင်း ဖြစ်သည်။
ထို့အပြင် ကျဆုံးခဲ့သည့် အာဇာနည်များကို အလေးပြုခဲ့ကြကြောင်းနှင့် အဆိုပါသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ဆားလင်းကြီး
#ယင်းမာပင်
#တောင်ယာလုပ်ငန်းခွင်
#ဆန္ဒပြ

🥰10👍2❤1🔥1😁1
Media is too big
VIEW IN TELEGRAM
April - 4 [ 7 Pm ] The Mizzima Primetime
Mizzima Headline News
#7pmnews
#themizzimaprimetime
#reels
#shorts
Mizzima Headline News
#7pmnews
#themizzimaprimetime
#reels
#shorts
👍5😁2
This media is not supported in your browser
VIEW IN TELEGRAM
MOU စနစ်ဖြင့် သွားရောက်သည့် ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမား ၁ဝဝဝ ကျော်အလုပ်ဖြုတ်ခံရ
Watch more detail - https://www.youtube.com/watch?v=UqaXi1VFiOU
#reels
#shorts
#BusinessRoundUp
#MizzimaTV
Watch more detail - https://www.youtube.com/watch?v=UqaXi1VFiOU
#reels
#shorts
#BusinessRoundUp
#MizzimaTV
😢3❤2👎2
စစ်ဒဏ်သင့် မြန်မာနိုင်ငံအရှေ့ပိုင်းတွင် ငှက်ဖျားရောဂါဖြစ်ပွားမှု ၁,၀၀၀ ရာခိုင်နှုန်း မြင့်တက်
==========================
မြန်မာနိုင်ငံအရှေ့ပိုင်းတွင် ငှက်ဖျားရောဂါ ဖြစ်ပွားမှုက ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ၁,၀၀၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့သည် ဖြစ်ရာ ယင်းသည် ၂၀၃၀ ပြည့်နှစ်တွင် ငှက်ဖျားရောဂါ အမြစ်ပြတ်ကင်းစင်စေရေး တွန်းအားပေးလုပ်ဆောင်နေသည့် ဒေသတစ်ခုအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်နေသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==========================
မြန်မာနိုင်ငံအရှေ့ပိုင်းတွင် ငှက်ဖျားရောဂါ ဖြစ်ပွားမှုက ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ၁,၀၀၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့သည် ဖြစ်ရာ ယင်းသည် ၂၀၃၀ ပြည့်နှစ်တွင် ငှက်ဖျားရောဂါ အမြစ်ပြတ်ကင်းစင်စေရေး တွန်းအားပေးလုပ်ဆောင်နေသည့် ဒေသတစ်ခုအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်နေသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢6🔥1
ဧပြီလ (၄) ရက်၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
=====================
- အမေရိကန့် သမ္မတဟောင်း ထရမ့်က ရာဇဝတ်မှု စွဲချက်နဲ့ တရားရုံးမှာ အမှုရင်ဆိုင်ရမယ့် သတင်း
- (NUCC) နဲ့ (NUG) တို့ ပူးတွဲပြီး စစ်ကောင်စီထံမှာ မှတ်ပုံပြန်မတင်တဲ့ နိုင်ငံရေးပါတီတွေကို အသိအမှတ်ပြု မှတ်တမ်းတင် ကြောင်း ထုတ်ပြန်ထားတဲ့သတင်း
- စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကို ရုရှားအရှေ့တိုင်း လေ့လာရေး အင်စတီကျူက ဒေါက်တာဘွဲ့ပေးလိုက်တဲ့သတင်း
- ကန့်သတ်ပိတ်ပင်တာကြောင့် ရခိုင်ပြည်နယ်အတွင်းမှ ဒုက္ခသည်တွေကို သွားရောက်ကူညီပေးနိုင်တာ မရှိခဲ့ဘူးလို့ WFP ပြောတဲ့သတင်း
- ဂျပန်နိုင်ငံက တရုတ်ကို ဆီမီးကွန်ဒတ်တာဆိုင်ရာပို့ကုန်ကန့်သတ်လိုက်ခြင်းက မိမိကိုယ်မိမိ အားကိုးဖို့တွန်းအားဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ်ပြောလိုက်တဲ့ သတင်းအပါအဝင် တခြားအရေးကြီးတဲ့သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေး ပါမယ်။
https://www.youtube.com/live/DmkgE_uVl3Q?feature=share
#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=====================
- အမေရိကန့် သမ္မတဟောင်း ထရမ့်က ရာဇဝတ်မှု စွဲချက်နဲ့ တရားရုံးမှာ အမှုရင်ဆိုင်ရမယ့် သတင်း
- (NUCC) နဲ့ (NUG) တို့ ပူးတွဲပြီး စစ်ကောင်စီထံမှာ မှတ်ပုံပြန်မတင်တဲ့ နိုင်ငံရေးပါတီတွေကို အသိအမှတ်ပြု မှတ်တမ်းတင် ကြောင်း ထုတ်ပြန်ထားတဲ့သတင်း
- စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကို ရုရှားအရှေ့တိုင်း လေ့လာရေး အင်စတီကျူက ဒေါက်တာဘွဲ့ပေးလိုက်တဲ့သတင်း
- ကန့်သတ်ပိတ်ပင်တာကြောင့် ရခိုင်ပြည်နယ်အတွင်းမှ ဒုက္ခသည်တွေကို သွားရောက်ကူညီပေးနိုင်တာ မရှိခဲ့ဘူးလို့ WFP ပြောတဲ့သတင်း
- ဂျပန်နိုင်ငံက တရုတ်ကို ဆီမီးကွန်ဒတ်တာဆိုင်ရာပို့ကုန်ကန့်သတ်လိုက်ခြင်းက မိမိကိုယ်မိမိ အားကိုးဖို့တွန်းအားဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ်ပြောလိုက်တဲ့ သတင်းအပါအဝင် တခြားအရေးကြီးတဲ့သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေး ပါမယ်။
https://www.youtube.com/live/DmkgE_uVl3Q?feature=share
#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဧပြီလ (၄) ရက်၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
ဧပြီလ (၄) ရက်၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
======================================================
- အမေရိကန့် သမ္မတဟောင်း ထရမ့်က ရာဇဝတ်မှု စွဲချက်နဲ့ တရားရုံးမှာ အမှုရင်ဆိုင်ရမယ့် သတင်း
- (NUCC) နဲ့ (NUG) တို့ ပူးတွဲပြီး စစ်ကောင်စီထံမှာ…

👍9🍌2😱1