Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ပြည်သူရှိနေသရွေ့ပါတီရှိနေမယ် (ဆောင်းပါး)
================

တရားမဝင်ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေကိုအသုံးချပြီး စစ်ကောင်စီက NLD ပါတီ အပါအဝင် နိုင်ငံရေးပါတီစုစုပေါင်း ၄၀ ကိုဖျက်သိမ်းလိုက်ပါတယ်။ ဒီလိုအရေးတွေကြုံလာမယ်ဆိုတာ ဖမ်းဆီး ခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီခေါင်းဆောင်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကြိုတွက်ထားပုံရပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ဖမ်းဆီးခံ ထားရစဉ်ကတည်းက “ပြည်သူရှိနေသရွေ့ပါတီရှိနေမယ်”ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကပြည်သူတွေကို သတင်းစကားပါးထားခဲ့တာဖြစ်ပါတယ်။ NLD နဲ့ အတူ ဖျက်သိမ်းခံရတဲ့ပါတီတွေထဲမှာ ဒေသအလိုက် လူထု ထောက်ခံမှုရထားတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ တအာင်း(ပလောင်)အမျိုးသားပါတီ (TNP)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) နဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) တို့လည်းပါဝင်ခဲ့တာဖြစ် ပါတယ်။

https://youtu.be/0pQ2rFbQC14

#Newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍12❤3😁2🤮1
ဧပြီလ ၅ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥3
“အရိပ်ကိုသာ ယူစေ”
===========

မင်္ဂလာပါ။ “ပုံပြောပြမယ်” အစီအစဉ်လေးကနေ ကြိုဆိုပါတယ်။ 
ဒီနေ့တော့ “အရိပ်ကိုသာ ယူစေ”ဆိုတဲ့ ဗမာပုံပြင်လေးကို ပြောပြပါမယ်။ 

သစ်ခုတ်သမားကိုမိုးညိုနဲ့  ငါးကြော်သည်တစ်ယောက်အကြောင်းကနေ မတရားလုပ်တာခံရရင် ရင်ဆိုင်အနိုင်ယူဖို့ နည်းသစ်တစ်ခုရသွားနိုင်ပါမယ်။

နားထောင်ကြည့်ပါနော်။ 

https://youtu.be/Vi8_ElwAj-k

#ပုံပြောပြမယ်
#ပုဂံ
#ပုံပြင်
#သစ်ခုတ်သမား
#ငါးကြော်သည်
#အရိပ်ကိုသာယူစေ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9❤1🔥1🍌1
This media is not supported in your browser
VIEW IN TELEGRAM
April - 5 [12 Pm] Mizzima News Hour

Mizzima Headline News

#12pmnews
#mizzimanewshour
#reels
#shorts
👍2🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
ယူကရိန်းစစ်ပွဲကြောင့်ဖြစ်ပေါ်လာတဲ့ သမိုင်းဝင်အပြောင်းအလဲအဖြစ် ဖင်လန်နိုင်ငံနေတိုးအဖွဲ့ဝင်ဖြစ်လာ

#internationalnews #reels #shorts
👍10🔥2
ဧပြီလ (၅) ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
===================

01:07-မန္တလေးမှာ သွေးသောက်အဖွဲ့လည်ဆွဲကတ်နဲ့အတူ အမျိုးသား ၂ ဦး အသတ်ခံရတဲ့သတင်း

02:13 - မေးခွန်းပေါက်ကြားမှုနဲ့ တိုင်းပညာရေးမှူးအပါအဝင် ၅ ဦး အလုပ်ဖြုတ်ခံရတဲ့သတင်း

03:12 - KNDF ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲမှာ စကစ တပ်ဘက်မှ ၃၀၀ နီးပါးသေဆုံးပြီး ၁၃ ဦးကို လက်ရ ဖမ်းဆီးထားတဲ့သတင်း

07:01 - MOU စနစ်နဲ့ သွားရောက်တဲ့ ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမား ၁ဝဝဝ ကျော်အလုပ်ဖြုတ်ခံရတဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/AMsOY7LJdU8

#12pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5🔥2😁1
​​စစ်ကောင်စီကင်းပုန်းကို ရေးဘီလူးအဖွဲ့ တိုက်ခိုက်
==========

ဂျူချန်း
မဇ္ဈိမ။ ။ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ရွာနှင့် တောင်စွန်းရွာကြားရှိ စစ်ကောင်စီ ကင်ပုန်းစခန်းတစ်ခုကို ရေးဘီလူးအဖွဲ့ကသွားရောက်တိုက်ခိုက်ခဲ့ရာ ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့ပြီး ပြည်သူ့စစ်တစ်ဦးကို ဖမ်းမိခဲ့ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်ထံက သိရသည်။

ထိုစစ်ကောင်စီ ကင်းပုန်းစခန်းကို ဧပြီလ ၄ရက်နေ့ နံနက် ၂နာရီ ဝန်းကျင်တွင် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ စစ်သား နှစ်ဦးနှင့် ဖမ်းမိသူတစ်ဦးမှအပ အခြားစစ်ကောင်စီတပ်သားများမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

“အရင်တစ်ခေါက်က ကျွန်တော်တို့ လမ်းခုလတ်မှာ စောင့်ပစ်ခံထိတဲ့နေရာက ကင်းပုန်းကို သွားပစ်တယ်ပေ့ါနော်။ ကျန်တဲ့ သေနတ်မထိတဲ့ ကင်းပုန်းတွေကတော့ ထွက်ပြေးတယ်။ အဲ့ထဲက တစ်ဦးကတော့ ကင်းထဲမှာ မူးနေတော့ ဖမ်းမိသွားတာပါ” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

အဆိုပါပစ်ခတ်မှုဖြစ်ပွားသည့် နေရာအနီးတွင် အခြားကင်းပုန်းများရှိသဖြင့် လက်နက်များ မရယူနိုင်ခဲ့ကြောင်း၊ လက်ရှိတွင် ဖမ်းမိထားသည့် သူအား စစ်မေးနေကြောင်း ၎င်းက ဆိုသည်။“နောက်ထပ်နှစ်ယောက်လောက် ကျွန်တော်တို့ ပစ်ချခဲ့တယ်။ ဒါပေမဲ့ ဂမ်း(သေနတ်) တွေ ယူဖို့တော့ အဆင်မပြေခဲ့ဘူး။

ကင်းပုန်းတွေ တစ်အားများတော့ ကျွန်တော်တို့ ပြန်ဆုတ်ခွာခဲ့တယ်။ အရှင်ဖမ်းမိတာတော့ ဒီတစ်ယောက်မိတယ်ပေါ့။ သူ့ဘက်ကလည်း ထွက်ဆိုပြီးပြီဆိုတော့ ကျွန်တော်တို့လည်း လုပ်စရာရှိတာ ဆက်လုပ်သွားမယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။
ဖမ်းမိထားသူအား စစ်မေးချိန်တွင် ကိုလင်းဦးဆိုသူက ၎င်းအား တစ်ရက်လျှင် ကျပ် ၅၀,၀၀၀ ဖြင့် ခေါ်ယူထားသည်ဟု ဖြေဆိုပြီး ကျန်မည်သည့်အချက်ကိုမှ မဖြေဆိုကြောင်း ရေးဘီးလူးအဖွဲခေါင်းဆောင်က ဆိုသည်။

ရေးမြို့နယ်၊ ကျောင်းရွာအနီးတွင် စစ်ကောင်စီသတင်းပေးဟု ဆိုသည့် ဦးလွင်မိုးအေးအား ရေးဘီလူအဖွဲ့က မတ်လ ၁၅ ရက်က ပစ်ခတ်သည့် မစ်ရှင်ဆောင်ရွက်ခဲ့သည်။ ထိုမစ်ရှင်မှ ပြန်လာသည့် ရေးဘီလူးအဖွဲ့အား အဆိုပါ ကင်းပုန်းနေရာတွင် စစ်ကောင်စီတပ်က စောင့်ဆိုင်းပစ်ခတ်ခဲ့သည်။ ထိုစဥ်က ရေးဘီလူးအဖွဲ့တွင် လက်နက်ခဲယမ်းကုန်သွားသဖြင့် တပ်ဆုတ်သည့်အချိန်တွင် ကားတစ်စီးကျန်ခဲ့ကြောင်း သိရသည်။

#Mizzima
#ရေးဘီလူး
#စစ်ကောင်စီကင်းပုန်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍23🥴2🔥1👏1
ကုလအဖွဲ့ဝင်များအနေဖြင့် အာဏာသိမ်းစစ်ကောင်စီကို လက်နက်မရောင်းချဖို့ တိုက်တွန်း
===================

လူ့အခွင့်အရေးချိုးဖောက်မှုတွေဆက်ပြီး မလုပ်နိုင်အောင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ မြန်မာစစ်တပ်ကို လက်နက်ပစ္စည်း တရားမဝင်တင်ပို့တာ၊ ရောင်းချတာတွေ မလုပ်ဖို့ တိုက်တွန်းထားပါတယ်။ တာဝန်ရှိသူတွေကို နိုင်ငံတကာတရားရုံးတွေမှာ အရေးယူနိုင်ဖို့လည်း ပါရှိပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ် မီချဲလ်တေလာ (Michèle Taylor) က " ကုလအဖွဲ့ဝင် ဘယ်နိုင်ငံကမှ မြန်မာနိုင်ငံကို လက်နက်ပစ္စည်းတွေ မရောင်းဖို့တောင်းဆိုပါတယ်။ ဒီမှာ ရှင်းရှင်းပြောပါရစေ။ မြန်မာစစ်တပ်ဟာ အဲဒီလို ဝယ်လို့ရတဲ့ လက်နက်တွေနဲ့ မြန်မာပြည်သူလူထုတွေကို လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်နေတာဖြစ်ပါတယ်"
"မြန်မာပြည်သူလူထုက တစိုက်မတ်မတ်တောင်းဆိုနေသလို နိုင်ငံတကာအနေနဲ့ ပြင်းပြင်းထန်ထန် အရေးယူတုံ့ပြန်မှုတွေ လုပ်ဖို့လိုပါတယ်။ ဘာတွေ လုပ်ရမလဲဆိုရင် မြန်မာစစ်တပ်လက်ထဲ လက်နက်တွေမရောက်အောင် လက်နက်ရောင်းချနေတာတွေ ပိတ်ဆို့ဖို့လိုပါတယ်။ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ဖို့ လိုပါတယ်" လို့ပြောကြားခဲ့ပါတယ်။

https://youtu.be/joblvGW9Kuc

#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍14👌1
​​တရုတ်၏ ကြီးထွားလာသော အရှိန်အဝါက ကမ္ဘာ့လူ့အခွင့်အရေးများ ဆုတ်ယုတ်ကျဆင်းစေရန် ခြိမ်းခြောက်နေကြောင်း အစီရင်ခံစာသစ်တစ်ရပ်၌ ဖော်ပြ
=========================

တရုတ်၏ ကြီးထွားလာသော ဩဇာလွှမ်းမိုးမှုသည် နိုင်ငံတကာလူ့အခွင့်အရေးများအတွက် စိုးရိမ်ရသည့် ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး နိုင်ငံများအား ကာကွယ်စောင့်ရှောက်ရန် ဖွဲ့စည်းထားသော ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (UNHRC) မှာလည်း အန္တရာယ်များကို တုံ့ပြန်ရန် ပျက်ကွက်နေကြောင်း အစီရင်ခံစာအသစ်တစ်ရပ်၌ ဖော်ပြထားသည်။
👍15😁2
စစ်ရေးတင်းမာနေသည့် မြိတ်-တနင်္သာရီ လမ်းပိုင်းတွင် စစ်ကောင်စီတပ်ယာဉ်မိုင်းဆွဲခံရ
========================

ကိုရွှေမြိတ်

မဲဆောက် (မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ဘန်းလမွတ်ကျေးရွာအုပ်စုအနီး မြိတ်ခရိုင် မြိတ်-တနင်္သာရီ လမ်းပိုင်းတွင် စစ်ကောင်စီတပ်သားများစီးနင်းလိုက်ပါလာသည့် ၁၀ ဘီးယာဉ်ကို PDF ပူးပေါင်းတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဧပြီ ၅ ရက်တွင် ထုတ်ပြန်လာသည်။

အဆိုပါယာဉ်ကို ဧပြီလ ၄ ရက်နေ့တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ဒဏ်ရာရမှုရှိခဲ့ကြောင်း မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

“ ကားကတော့ မပျက်စီးပါဘူး။ တောပုန်းကြီးအဖွဲ့နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။ နေရာကတော့ လုံခြုံရေးအရ အတိကျပြောမရလို့ပါ” ဟု မြိတ် (ပ.က.ဖ) က တာဝန်ရှိသူ တစ်ဦးကပြော သည်။

လက်ရှိတွင် အဆိုပါ မြိတ်-တနင်္သာရီရှိ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကျေးရွာအချို့တွင် နှစ်ဖက် စစ်ရေးတင်းမာနေပြီး တိုက်ပွဲများလည်း ဖြစ်ပွားနေ၍ မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုလုပ်ရန် PDF အဖွဲ့က သတိပေးထုတ်ပြန်ထားသည်။

“အခုက စစ်ခွေးတွေက ပုံစံ အမျိုးမျိုးနဲ့ အယောင်ဆောင်ပြီး ထွက်လာနေလို့ အရပ်သားနဲ့ စစ်ခွေးတွေကို ထပ်ပြီး မှားယွင်းပစ်ခတ်မိမှာ စိုးရိမ်လို့ သတိထားနေရတယ်” ဟု အခြား PDF တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးကလည်း ပြောသည်။

ထို့ကြောင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့အနေဖြင့် မြိတ်-တနင်္သာရီ-မောတောင်နှင့် ဘုတ်ပြင်းမြို့နယ်အထိ လမ်းပိုင်တွင် ခရီးသွား ပြည်သူများအနေဖြင့် ယခုရက်ပိုင်းအတွင်း ခရီးသွားလာခြင်းမပြုကြရန် သတိပေးရခြင်းဟုသိရသည်။

https://youtu.be/ODyruPVJ8M4

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#မြိတ်_တနင်္သာရီလမ်းပိုင်း
#မိုင်းဆွဲ
#ဆယ်ဘီးကား
#ဘန်းလမွတ်ကျေးရွာအုပ်စု
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍15🔥1👏1🥴1
Media is too big
VIEW IN TELEGRAM
ကုလအဖွဲ့ဝင်များအနေဖြင့် အာဏာသိမ်းစစ်ကောင်စီကို လက်နက်မရောင်းချဖို့ တိုက်တွန်း

Watch more detail - https://youtu.be/joblvGW9Kuc

#PoliticalNews #NLD #VideoNews #shorts #Reels
👍9😁4
​​ပုသိမ်မြို့ မြန်မာ့စီးပွားရေးဘဏ်မှ စစ်ကောင်စီတပ်သားများကို PSTF က ဗုံးခွဲ တိုက်ခိုက်
=======================

မင်းထက်
မဇ္စျိမ။ ။ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ်(၄)ရပ်ကွက်၊ မဟာစေတီလမ်းပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ် ရှေ့တွင် ယနေ့ ဧပြီလ ၅ ရက် နံနက် ၇ နာရီခန့်အချိန်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုကို ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့(PSTF)က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာ့ စီးပွားရေးဘဏ်မှ စစ်ကောင်စီတပ်သားများအား အဝေးထိန်းဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ် သည်ဟု PSTF တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အဲ့ဒီဘဏ်ရှေ့မှာ သဲအိတ်ဘန်ကာတွေ အထပ်ထပ်ကာထားတာဆိုတော့ ကျွန်တော်တို့အနေနဲ့ ကြိုးစား ပြီးတော့ တိုက်ခိုက်ခဲ့ပါတယ်။ စီစဥ်ထားတာက ဗုံးနှစ်လုံးဆိုပေမဲ့ ပေါက်ကွဲသံက တစ်သံပဲကြားလိုက်ရ တယ်။ ဘဏ်ရှေ့ဗုံးပေါက်ပြီး သိပ်မကြာခင်မှာပဲ ပုသိမ်မှာ နောက်ထပ်ဗုံးတစ်လုံး ထပ်ပေါက်တယ်လို့ ကြားတယ်။ ကျွန်တော်တို့ ဆင်ထားတဲ့ဗုံးနှစ်လုံး တပြိုင်တည်းပေါက်ကွဲတာလား၊ မပေါက်တဲ့ တစ်လုံးကို စစ်သားတွေက ဖြုတ်သိမ်းသွားပြီး လမ်းမှာပေါက်ကွဲတာလားဆိုတာတော့ မသိရသေးဘူး” ဟု ဆိုသည်။

အဆိုပါ ဘဏ်ရှေ့ပေါက်ကွဲမှုတွင် စစ်ကောင်စီတပ်သားများနှင့် ရဲများ ထိခိုက်ဒဏ်ရာရသူမရှိကြောင်း၊ အနီးပတ်ဝန်းကျင်ရှိ အရပ်သားတစ်ဦး ဗုံးစထိမှန်ခဲ့ကြောင်း PSTF တာဝန်ရှိသူက ဆိုသည်။

“ဗုံးပေါက်ကွဲတဲ့အချိန်မှာ မြန်မာ့စီးပွားရေးဘဏ်ရှေ့ကို ဖြတ်မောင်းလာတဲ့ သုံးဘီးဆိုင်ကယ်မောင်းသူ တစ်ယောက် ဗုံးစထိမှန်ခဲ့တယ်လို့ကြားတယ်။ စုံစမ်းရသလောက် စိုးရိမ်ရတဲ့အခြေအနေမဟုတ်ဘူးလို့ သိ ရတယ်” ဟု ၎င်းကပြောသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားခြောက်ဦးခန့်က သေနတ်ဖြင့် ချိန်ရွယ်ခြောက်လှန့် မှုများပြုလုပ်ခဲ့သည်ဟု ဒေသခံများကပြောသည်။

ယင်းအပြင် ဗုံးပေါက်ရာနေရာသို့ အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ)မှ စစ်ကားသုံးစီးရောက်ရှိ လာကာ ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်သည်ဟု ဆိုသည်။

“ဘဏ်ရှေ့ကလက်ဖက်ရည်ဆိုင်မှာ ထိုင်နေတဲ့လူတစ်ယောက် ဗုံးစမှန်တယ်လို့လည်း ကြားတယ်။ ဗုံး ပေါက်တဲ့အချိန် ဘဏ်ရှေ့ကိုဖြတ်မောင်းတဲ့ သုံးဘီးဆိုင်ကယ်သမား ဗုံးစမှန်သွားတယ်လို့လည်းကြား တယ်။ သေသေချာချာတော့ မသိရသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦး ဗုံးစထိမှန်ခဲ့သည့်အခြေအနေအား မဇ္စျိမက ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
ပုသိမ်မြို့ပြပြောက်ကျားအဖွဲ့(PSTF)သည် ယခု ၂၀၂၃ ခုနှစ်အတွင်း ကန်ကြီးထောင့်မြို့နှင့် ပုသိမ်မြို့တွင် ဗုံးဖောက်ခွဲရန်စီစဥ်မှု သုံးကြိမ်ပြုလုပ်ခဲ့သော်လည်း စစ်ကောင်စီတပ်သားများတွေ့ရှိခဲ့၍သော်လည်း ကောင်း၊ ချွတ်ယွင်းမှုဖြစ်ပွာ ခဲ့၍သော်လည်းကောင်း ပေါက်ကွဲခြင်းမရှိခဲ့ဘဲ ယခုအကြိမ်မှသာ ပေါက်ကွဲ ခြင်း ဖြစ်သည်ဟုသိရသည်။

၎င်းတို့အနေဖြင့် ပုသိမ်မြို့နယ်အတွင်း တိုက်ခိုက်ရေးလုပ်ငန်းများကိုကြိုးစားလုပ်ဆောင်နေပြီး ဗုံးဖောက် ခွဲရာတွင် ထိခိုက်မှုအားနည်းသည့်အတွက် ပြည်သူများကိုတောင်းပန်ကြောင်းနှင့် စစ်ကောင်စီတပ်ဂိတ် များ၊ ရဲတပ်ဖွဲ့ဂိတ်များကို အဓိကထားကာ ထပ်မံတိုက်ခိုက်သွားမည်ဖြစ်ကြောင်း PSTF တာဝန်ရှိသူက ပြောသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ဧရာဝတီတိုင်း
#ပုသိမ်မြို့
#မြန်မာ့စီပွားရေးဘဏ်
#ပုသိမ်မြို့ပြပြောက်ကျားအဖွဲ့(PSTF)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17🔥1🥴1
​​KNU တပ်မဟာ (၂) နယ်မြေတွင် တိုက်ပွဲပြင်းထန်နေပြီး ဒေသခံများ တိမ်းရှောင်နေရ
=======================

YT
မဇ္ဈိမ။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၂) နယ်မြေ၊ တောင်ငူခရိုင်၊ သံတောင်မြောက်ပိုင်း လိပ်သိုမြို့နယ်နှင့် ရေတာရှည်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် တိုက်ပွဲပြင်းထန်နေပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့တွင် သံတောင်မြောက်ပိုင်း လိပ်သိုမြို့နယ်ရှိ ကျေးရွာများအတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သားများအား သာစည်ကျေးရွာနှင့် မလောက်ချောင်းကျေးရွာကြားရှိ ပိန်းဆန်းတွင် သံတောင်မြောက်ပိုင်း (အထူးဒေသ) မှ ချုံခိုတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သံတောင်မြောက်ပိုင်း (အထူးဒေသ) NTDF က ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ စစ်ဗိုလ်တစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား ငါးဦး သေဆုံးခဲ့ကာ ဒဏ်ရာအများအပြားရရှိခဲ့ပြီး သံတောင်မြောက်ပိုင်း (အထူးဒေသ) မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ဒါ့အပြင် လိပ်သိုမြို့နယ်ရှိ ကျေးရွာအချို့တွင် ဒေသခံကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်သားများအကြား စစ်ရေးတင်းမာလျက်ရှိပြီး ဒေသခံများ ဘေးကင်းရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း မြေပြင်သတင်းအရင်းအမြစ်တစ်ဦးထံက သိရသည်။

" သံတောင်မြောက်ပိုင်းရွာအားလုံး ကစဥ့်ကလျားဖြစ်ကုန်ပြီ။ ဒေသခံတွေတော့ ထွက်ပြေးတိမ်းရှောင်နေကြပါပြီ" ဟု မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့က တပ်မဟာ (၂) နယ်မြေ၊ ရေတာရှည်မြို့နယ်၊ ရှမ်းစုရွာနှင့် ရေနံကျေးရွာတွင် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး၊ ဧပြီလ ၃ ရက်နေ့တွင် ပင်းသီလာရွာ၊ ဆက်ရစ်ရိုးကုန်းရွာ၊ ရွှေသောင်ရွာတို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဘက်တွင် အထိအခိုက်များသော်လည်း စုံစမ်းနေဆဲဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။

" တိုက်ပွဲကတော့ လက်ရှိဖြစ်နေဆဲပါ။ တိုက်ပွဲသတင်းအသေးစိတ်ကိုတော့ အခြေအနေအရ ပြောပြလို့မရနိုင်သေးပါဘူး" ဟု တိုက်ပွဲဝင်ရဲဘော်တစ်ဦးက မဇ္ဈိမကိုပြောသည်။

ဒါ့အပြင် ယမန်နေ့ ဧပြီလ ၄ ရက်နေ့ ညနေပိုင်းတွင် ရေတာရှည်မြို့နယ်၊ မျက်နှာပြင်ကျေးရွာ၊ ရွှေသောင်ရွာ၊ နှောပင်ကျေးရွာ အစရှိသော ကျေးရွာများအတွင်း စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

" မနေ့က ၅ နာရီကျော်လောက်မှာ မျက်နှာပြင်ရွာထဲ ကြဲချတယ်။ ရေတာရှည်နဲ့နီးတယ် အဲ့ဒီရွာက။ အထိအခိုက်တွေတော့ မသိရသေးဘူး" ဟုမြေပြင်သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။
တပ်မဟာ (၂) အတွင်း တိုက်ပွဲပြင်းထန်မှုများကြောင့် သံတောင်မြောက်ပိုင်း လိပ်သိုမြို့နယ်ရှိ ကျေးရွာအချို့မှ ဒေသခံများ၊ ရေတာရှည်မြို့နယ်၊ မျက်နှာပြင်ကျေးရွာ၊ ရွှေသောင်ကျေးရွာ၊ နှောပင်ကျေးရွာနှင့် အနီးအနားရှိ ကျေးရွာများမှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#လိပ်သိုမြို့နယ်
#KNU
#ရေတာရှည်မြို့နယ်
#တိမ်းရှောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19🔥1👏1
Media is too big
VIEW IN TELEGRAM
ပါကစ္စတန်ရှိ တရုတ်ဆည်တည်ဆောက်ရေးလုပ်ငန်းခွင်မှာ မီးလောင်မှုဖြစ်

#internationalnews #reels #shorts
👍5🔥2
​​ရာဇဝတ်မှု စွဲချက်များက ‘မိမိတို့နိုင်ငံအား စော်ကားလိုက်ခြင်း’ဟု ထရမ့် ပြစ်တင် 
=======================

အပြာမင်းသမီးတစ်ဦးအား ငွေကြေးအမြောက်အမြား ပေးအပ်မှုဖြင့် စွဲချက်တင်ခံရချိန်မှစကာ ဒေါ်နယ်ထရမ့်သည် ၎င်း၏ ပထမဆုံး အများပြည်သူတို့ မှတ်ချက်ပြုပြောဆိုမှု၌ အင်္ဂါနေ့က ၎င်း၏ ထုံးစံအတိုင်း မာန်ပါပါဖြင့် ခုခံပြောဆိုရင်း ရာဇဝတ်မှုဖြင့် တရားစွဲဆိုခြင်းမှာ “မိမိတို့နိုင်ငံအား စော်ကားလိုက်ခြင်း” ပဲဟု ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုလိုက်သည်။
👍6🔥2👏1
ဝက်လက်မြို့နယ်မှာ PDF တပ်ဖွဲ့ဝင် ၇ ဦးကို စစ်ကောင်စီတပ်ဖွဲ့ သတ်ဖြတ် (ရုပ်/သံ)
=======================

KMN

မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ခုနစ်ဦးကို စစ်ကောင်စီတပ်တွေက ဧပြီ ၄ ရက်နေ့မှာ ဖမ်းဆီးပြီးသတ်ဖြတ်ခဲ့တယ်လို့ GZ Special Task Force တာဝန်ခံက မဇ္ဈိမကို ပြောပါတယ်။

ရွှေဘိုခရိုင် ဝက်လက်မြို့နယ် စိုင်နိုင်လေးရွာအနီးမှာ ဧပြီလ ၄ ရက်နေ့ မနက်ပိုင်းက ရင်းတောကျေးရွာ ဒေသခံ ငါးဦးကို‌ ဘုန်းကြီးကျောင်းအတွင်း စစ်ကောင်စီတပ်တွေ ဖမ်းဆီးထားပါတယ်။

ဒေသခံတွေကို ကယ်ဖို့အတွက် ကြိုးစားခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ခုနစ်ဦး ဖမ်းဆီးပစ်သတ်ခံရတာလို့ GZ အထူးတပ်ဖွဲ့တာဝန်ခံ ကိုဂျီဇက်ကဆိုပါတယ်။ ဘုန်းကြီးကျောင်းအတွင်း ဖမ်းဆီးခံထားရတဲ့ ငါးဦးကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။

https://youtu.be/QC7MXlVDWdQ

စာတည်း - သန့်ဇော်(သန်လျင်)
ရုပ်သံတင်ဆက်၊တည်းဖြတ် - KMN

#Mizzima

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🤬12👍4❤1👏1
​​မင်းမော်ကွန်းအား NUG က ခွပ်ဒေါင်းသူရဗလဘွဲ့ချီးမြင့်သည်ဆိုသော ထုတ်ပြန်ချက်အတု
=======================

ZZ
မဇ္ဈိမ။ ။ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ မင်းမော်ကွန်းအား အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှ ခွပ်ဒေါင်းသူရဗလ ဘွဲ့ချီးမြင့်သည်ဟူသည့် ထုတ်ပြန်ချက် တစ်စောင်ပျံ့နှံ့လျက်ရှိသည်။ ယင်းမှာ မှားယွင်း နေသည်။

မှိုင်းဝေတယ်လီဂရမ်ချန်နယ်မှ “ကလေးသရုပ်ဆောင် မင်းမော်ကွမ်းအား NUG မှ ခွပ်ဒေါင်းသူရဗလချီး မြှင့်” (မူလအရေးအသားအတိုင်း)ဟု ရေးသားပြီး ထုတ်ပြန်ချက်တစ်စောင်နှင့်အတူ ဧပြီလ ၄ ရက်နေ့က ဖြန့်ဝေခဲ့သည်။ အဆိုပါထုတ်ပြန်ချက်တွင် ၂၀၂၂ ခုနှစ် ဧပြီလ ၃ ရက် နေ့စွဲဖြင့် NUG ကာကွယ်ရေးဝန်ကြီး ဌာနတံဆိပ်ကိုအသုံးပြုကာ ကျော်ကျော်ဌေးလွင်အား ခွပ်ဒေါင်းသူရဘွဲ့ချီးမြင့်ကာ ဒုတိယဗိုလ်ချုပ်ကြီး ရာထူးတိုးမြှင့်လိုက်ကြောင်းနှင့် လစာငွေကို ဧပြီလမှ စတင်ခံစားခွင့်ပြုလိုက်ကြောင်းပါဝင်သည်။

ထိုအကြောင်းကို မှိုင်းဝေအပြင် ရွှေနေကြာချန်နယ်မှလည်းဖြန့်ဝေထားကာ ကြည့်ရှုသူ ၈,၀၀၀ ကျော်နေ ပြီး ဖေ့စ်ဘုတ်တွင်လည်း ပြန်လည်ဖြန့်ဝေမှုများ ရှိနေသည်။

ထိုထုတ်ပြန်ချက်ကို မဇ္ဈိမ အချက်အလက် စစ်ဆေးသူများမှ NUG ကာကွယ်ရေးဝန်ကြီးဌာနမှ တရားဝင် ထုတ်ပြန်သည့် ထုတ်ပြန်ချက်များနှင့်တိုက်ဆိုင် စစ်ဆေးခဲ့သည်။

ထုတ်ပြန်ချက်အတုသည် NUG မှ ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့ကထုတ်ပြန်‌သော သဝဏ်လွှာရေးသား ချက်နှင့်အနည်းငယ်ဆင်တူသည်။ သို့သော် NUG ၏ သဝဏ်လွှာတွင် ၎င်းတို့၏အမှတ်တံဆိပ်ကို အလယ် တွင် တိတိကျကျထားရှိပြီး ထုတ်ပြန်ချက်အတုတွင်မူ အလယ်မကျဘဲ မသေမသပ်ဖြစ်နေသည်။

ထို့ပြင် ထုတ်ပြန်ချက်အတု၌ စာလုံးများ ကြည်လင်ပြတ်သားမှုမရှိဘဲ အနည်းငယ်ဝေဝါးနေပြီး NUG ၏ ထုတ်ပြန်ချက်ကဲ့သို့ အောက်ဆုံးတွင် အနီရောင်မျဉ်းကြောင်းနှင့် ကြယ်တစ်လုံးပါဝင်သည့် အမှတ်တံဆိပ် လည်း မပါဝင်ပေ။

ထုတ်ပြန်ချက်အစစ်လင့်- https://bit.ly/43716Pa
၂၀၂၃ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် NUG ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက် တစ်စောင်ထုတ်ပြန် ထားသော်လည်း ထိုထုတ်ပြန်ချက်မှာ စစ်ရေးသတင်းထုတ်ပြန်ချက်သာ ဖြစ်သည်။

လင့်- https://bit.ly/3Mh3r4a
တဖန် NUG ကာကွယ်ရေးဝန်ကြီးဌာန၏ အီးမေလ်းသို့ ထိုထုတ်ပြန်ချက်အစစ် ဟုတ်/မဟုတ်ကို ဆက် သွယ်မေးမြန်းရာတွင် ထိုထုတ်ပြန်ချက်မျိုး ထုတ်ပြန်ထားခြင်းမရှိကြောင်း မဇ္ဈိမသို့ ပြန်လည်ဖြေကြားသည်။

ထို့ကြောင့် NUG မှ ကျော်ကျော်ဌေးလွင် (ခေါ်) သရုပ်ဆောင်မင်းမော်ကွန်းအား ခွပ်ဒေါင်းသူရဗလ ဆုချီး မြှင့်သည့်ထုတ်ပြန်ချက်မှာ အတုသာဖြစ်ကြောင်း ဖော်ပြလိုက်ရပါသည်။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

#Misinformation_Buster
#Fake_News
#NUG
#Fake_Statement
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁12👍5