Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဧပြီလ (၅) ရက်၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်း အစီအစဥ်
=========================

- ရွှေကုက္ကိုလ်မြို့သစ်အနီးမှာ တိုက်ပွဲပြင်းထန်တဲ့သတင်း

- ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ကြောင်း NUG ကြေညာ လိုက်တဲ့သတင်း

- ရွှေဘိုမှာ မိုင်းရှင်းဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲခံရပြီး ၂ ဦး သေဆုံးတဲ့ သတင်း

- ထိုင်းရောက် MOU မြန်မာအလုပ်သမား ၁၀၀၀ ကျော်အလုပ်ဖြုတ်ခံရပြီးနောက် ၃၆၀ ကျော် ထပ်မံအလုပ်ထုတ်ခံလိုက်ရတဲ့ အကြောင်း

- အမေရိကန်အစိုးရဟာ ကြက်ငှက်တုပ်ကွေးရောဂါကို ကာကွယ်ဆေးနဲ့ ထိန်းချုပ်ဖို့ စတင်စဉ်းစားလာနေတဲ့ သတင်းနဲ့

- ကော်ဖီဆိုင်ပေါက်ကွဲမှုအတွက် သံသယရှိသူကိုဖမ်းဆီးထားကြောင်း ရုရှားပြောတဲ့ အကြောင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်ရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://www.youtube.com/live/U68Vgox7hxI?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍12🔥2❤1😁1
ရေတာရှည်တွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်
===================

ရွှေနွယ်(မဇ္ဈိမ)။ ။ ပဲခူးတိုင်း၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားနေပြီး ဧပြီလ ၄ ရက်နေ့ ညနေပိုင်းတွင်မူ စစ်ကောင်စီတပ်ဘက်မှ လေကြောင်းမှဗုံးလာကြဲသွားသည်ဟု ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့များမှ မဇ္ဈိမကိုပြောသည်။

ရေတာရှည်မြို့နယ် ဆက်ရစ်ရိုးကုန်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များအား KNLA နှင့် ပဲခူးတိုင်း PDF ပူးပေါင်းတပ်ဖွဲ့များမှ ဧပြီလ ၃ရက် ညနေ ၆ နာရီအချိန်ခန့်တွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှလည်း ပြန်လည်ပစ်ခတ်မှုများရှိခဲ့သောကြောင့် တိုက်ပွဲကြာချိန် တစ်နာရီခွဲခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

ထို့နောက် ဧပြီလ ၄ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်တွင်မူ ရေတာရှည်မြို့နယ်၊ မိကျောင်းအိုင်အုပ်စု ရွှေသောင်ရွာသစ်၊ ရွှေသောင်ရွာဟောင်း၊ ရတနာကျောက်ပုံကျေးရွာတစ်လျှောက်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့သည်ဟု တောင်ငူခရိုင် PDF 3502 Hunter Rangers 2 အဖွဲ့ တာဝန်ခံမှ မဇ္ဈိမကိုပြောသည်။

"တိုက်ပွဲက အခုလက်ရှိအချိန်အထိ ဖြစ်နေဆဲပါ၊ တိုက်ပွဲက မကြာမကြာဖြစ်နေကျပါ၊ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်ရက်ကတော့ ပြင်းပြင်းထန်ထန်ဖြစ်နေတာပါ၊ သူတို့ဘက်က လေကြောင်းတိုက်ခိုက်မှုတွေအပြင် ရွာသားတွေကိုဖမ်းဆီးပြီး လူသားဒိုင်းလုပ်နေတာတွေပါရှိနေတဲ့အတွက်၊ ကျွန်တော်တို့်ဘက်က နောက်ပြန်ဆုတ်ပေးနေရတဲ့အနေအထားပါ" ဟု PDF 3502 Hunter Rangers 2 အဖွဲ့ တာဝန်ခံမှ ပြောသည်။

စစ်ကောင်စီတပ်များမှ ဧပြီ ၄ ရက်နေ့နံနက်ပိုင်း တိုက်ပွဲပြင်းထန်ပြီးနောက် မွန်းလွဲပိုင်းတွင် ရတနာကျောက်ပုံရွာနှင့် ရွှေသောင်ရွာဟောင်းရွာဘက်သို့ လေယာဉ်များဖြင့် ဗုံးလာကြဲသွားသောကြောင့် အဆိုပါ ကျေးရွာများမှ နေအိမ်များ မီးလောင်ပျက်စီးခဲ့ရကြောင်း သိရသည်။

"သူတို့ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်သွားတဲ့အတွက် ရတနာကျောက်ပုံနဲ့ ရွှေသောင်ရွာဟောင်းဘက်မှ နေအိမ်တချို့ ပျက်စီးတာ မီးလောင်တာတွေရှိတယ်၊ ဒါ့အပြင် လူသားဒိုင်းအဖြစ် အဖမ်းခံထားရတဲ့ ရွာသားတွေမှာလည်း ထိခိုက်မှုတွေရှိထားပါတယ်" ဟု PDF 3502 Hunter Rangers 2 တာဝန်ခံမှပြောသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိပြီး တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည့်အတွက် အရေအတွက် စာရင်းအတိအကျမသိရသေးကြောင်း ဆိုသည်။

ဒေသခံကာကွယ်ရေးပူးပေါင်းတပ်များဘက်မှလည်း ဧပြီလ ၃ ရက်နေ့တိုက်ပွဲတွင် ရဲဘော် သုံးဦး လက်နက်ကြီးစထိမှန်ကာ မစိုးရိမ်ရဒဏ်ရာများရရှိထားကြောင်း သိရသည်။

အဆိုပါတိုက်ပွဲများအတွင်း KNLA နှင့်အတူ ပဲခူးတိုင်း တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁) လက်အောက်ရှိ တပ်ခွဲများမှ ပူးပေါင်းတိုက်ခိုက်နေကြခြင်းဖြစ်ပြီး ရေတာရှည်မြို့နယ်အတွင်းတွင် လက်ရှိအချိန်အထိ စစ်ဘေးရှောင် ဦးရေ ၃၀၀ နီးပါးရှိနေပြီဖြစ်ကြောင်း သိရသည်။

https://youtu.be/wCk1-LPXJf4

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ရေတာရှည်မြို့နယ်
#စစ်ကောင်စီ
#KNLA
#PDF

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9😁3
​​စွမ်းအင်အသွင်ကူးပြောင်းရေးအတွက် အာဆီယံက ဒေါ်လာ ၂၉ ထရီလီယံကျော် လိုအပ်မည် 
=====================

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံအနေဖြင့် ကမ္ဘာ့ကာဗွန်ထုတ်လွှတ်မှု ကင်းစင်ရေး ရည်မှန်းမှတ်အား ရရှိရန် မျိုးစုံသော ရင်းမြစ်များမှ ကာဗွန်ထုတ်လွှတ်မှု နည်းပါးသော နည်းပညာများနှင့် အတိုးနှုန်းနည်း ရန်ပုံငွေ ထောက်မမှုများ ရရှိရန် လိုအပ်လိမ့်မည်ဟု အင်ဒိုနီးရှား စွမ်းအင်ဝန်ကြီး အာရီဖင်း တာစရစ်က ပြောကြောင်း Vietnam Investment Review က သတင်းဖော်ပြသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍2🔥2
​​ဘိုင်ဒင်အစိုးရလက်ထက်တွင် ကမ္ဘာကြီးသည် နျူကလီးယား တတိယကမ္ဘာစစ်နှင့် ရင်ဆိုင်ရနိုင်ဟု ထရမ့် သတိပေး
====================

လက်ရှိအမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အစိုးရ တာဝန်ယူစဉ်ကာလတွင် ကမ္ဘာကြီးသည် နျူကလီးယား တတိယကမ္ဘာစစ်ကို ရင်ဆိုင်ရဖွယ်ရှိကြောင်း အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ပြောကြားပြီး လက်ရှိအမေရိကန်အစိုးရသည် နိုင်ငံကို ဖျက်ဆီးနေသည်ဟု စွပ်စွဲလိုက်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🥰6👍3❤2👏2🔥1
ဧပြီလ (၀၅) ရက်၊ ဗုဒ္ဓဟူးနေ့ ညပိုင်း မဇ္ဈိမရေဒီယို အစီအစဉ်
=====================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အာဏာသိမ်းစစ်ကောင်စီကို လက်နက်မရောင်းဖို့ တိုက်တွန်းလိုက်တဲ့သတင်းနဲ့အတူ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် သက်ကြီးရွယ်အိုအတော်များများ နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂဌာနချုပ်မှာ ပြောဆိုလိုက်တဲ့သတင်းအပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။
အဲ့ဒီနောက်မှာတော့ Spring University က ပေးပို့တဲ့ အစီအစဉ်ကို နားဆင်ရမှာပါ။
သတင်းတွေအပြီးမှာတော့ ရေဒီယိုသတင်းဆောင်းပါးကို ဆက်လက်နားဆင်ရမှာဖြစ်ပါတယ်။
....................................................
မဇ္ဈိမရေဒီယို ညနေပိုင်းအစီအစဉ်ကို မတ်လ ၂၆ ရက်နေ့ကစပြီး Frequency ပြောင်းလဲထုတ်လွှင့်နေတာဖြစ်တဲ့အတွက် ယခင်ဖမ်းယူနေကျ လှိုင်းတိုမီတာ ၁၆ မီတာ ၊ ၁၇.၇၃ မီဂါဟဇ်ကနေ လှိုင်းတိုမီတာ ၁၃ မီတာ၊ ၂၁.၇၁ မီဂါဟဇ်ကို ပြောင်းလဲဖမ်းယူနားဆင်ကြဖို့အတွက် မေတ္တာရပ်ခံအပ်ပါတယ်။
ဖမ်းယူနားဆင်နိုင်မယ့်အချိန်ကတော့ ထုတ်လွှင့်နေကျဖြစ်တဲ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲကနေ ၇ နာရီခွဲအတွင်း ဖမ်းယူနားဆင်နိုင်မှာပဲဖြစ်ပါတယ်။

https://youtu.be/h8zky7RoYJI

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍12😁2
ရွှေကူမြို့ စီသာကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ပြီး တိုက်လေယာဉ်ဖြင့် သုံးကြိမ်ဗုံးကြဲ
🤬10🔥3😁1😭1
​​ရွှေကူမြို့ စီသာကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ပြီး တိုက်လေယာဉ်ဖြင့် သုံးကြိမ်ဗုံးကြဲ
=====================

KMN
(မဇ္ဈိမ)။ ။ ကချင်ပြည်နယ်၊ရွှေကူမြို့နယ်မှာရှိသည့် စီသာကျေးရွာကို ယနေ့ဧပြီလ ၅ ရက်နေ့က စစ်ကောင်စီတပ်က မီရှို့ပြီး တိုက်လေယာဉ်ဖြင့် သုံးကြိမ်ဗုံးကြဲခဲ့ကြောင်း ရွှေကူKPDF က သတင်းထုတ်ပြန်သည်။

ဧပြီလ ၅ ရက်နေ့၊နေ့လည် ၁၂ နာရီအချိန်ခန့်ကစပြီး တပ်မ (၈၈) လက်အောက်ခံ ခလရ (၁၀)၊ ခလရ (၇၇)၊ ခလရ (၈၈) နှင့် ထပ်မံဖြည့်တင်းထားသည့် စစ်ကြောင်းများမှ စီသာကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် လူနေအိမ်ခြေများ မီးလောင်ပျက်စီးခဲ့ပြီး တိုက်လေယာဉ်များဖြင့် ထပ်မံ၍ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် လူနေအိမ်များစွာ မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်ဟု ရွှေကူ KPDF ကဆိုသည်။

နေ့လယ်ထဲက စီမူလေး၊ စီသာ၊ မံနား၊ မံဝိန်းစတဲ့ရွာတွေဘက်ကို တိုက်လေယာဉ်တွေပျံတက်ပြီး ကြဲချနေတဲ့အသံတွေ ကြားတယ်ဟု ရွှေကူမြို့ခံတစ်ဦးက ပြောသည်။

တပ်မ (၈၈) လက်အောက်ခံ ခလရ ၁၀၊ ခလရ ၇၇၊ ခလရ ၈၈တပ်များဖြင့်ယနေ့ညနေပိုင်းအထိ ထိတွေ့တိုက်တွေများဖြစ်ပွားနေပြီး တော်လှန်ရေးအင်အားစုများအနေဖြင့်လည်း ပိုမိုကြိုးစား၍ ခုခံတော်လှန်နေဆဲဖြစ်ကြောင်း ရွှေကူ KPDF က သတင်းထုတ်ပြန်သည်။

မတ်လ ၃၀ ရက်နေ့တွင်လည်း ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ မံဝိန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့်တိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ် နှစ်လုံးမီးလောင်ပျက်စီးခဲ့ပြီး ကျန်ရှိသည့်နေအိမ်များအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆက်လက်မီးရှို့ရာ နေအိမ် ၁၀၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့ကြောင်း Shwegu KPDF က မတ်လ ၃၁ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ရွှေကူမြို့နယ်ကို မတ်လ ၂၃ ရက်နေ့မှစတင်ကာ ရွှေကူမြို့နယ် အရှေ့ဘက်ခြမ်းရှိ မံဝိန်း၊ ငှက်တံတား၊ ဝင်ဝ၊ စီသောင်၊ စီမူလေး စသည့်ကျေးရွာများအား စစ်ကောင်စီတပ်မ (၇၇) ၊ တပ်မ (၁၀) ပူးပေါင်းတပ်တို့က စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာကြောင့် ဒေသခံကာကွယ်ရေးတပ်တွေနှင့် ထိတွေ့တိုက်ပွဲများ ယနေ့အထိဖြစ်ပွားနေပြီး ကျေးရွာနေ ပြည်သူများသည် ရွှေကူမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ရွှေကူမြို့နယ်
#စစ်ကောင်စီတပ်
#မီးရှို့
#တိုက်လေယာဉ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
🤬11👍2🔥2😁1
ကြံခင်းမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတပြုလုပ်
======================

မင်းထက်
(မဇ္စျိမ) ။ ။ ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ ဧပြီလ ၅ ရက်နေ့ ညပိုင်းအချိန်က စကြဝတေးမင်းကြီး သပိတ်ကောင်မတီအဖွဲ့မှ ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ် ပြုလုပ်ခဲ့ကြသည်။

"ဖက်ဆစ်တပ်ကိုဖြိုချ၊ ဖက်ဒရယ်နိုင်ငံသစ်ကိုကြိုကြ၊ ငါတို့တွေနိုင်ကိုနိုင်ရမည်"စာသားပါ ဘန်နာ(ဗီနိုင်း)အား စကြဝတေးမင်းကြီး သပိတ်ကော်မတီဝင်များမှ ကိုင်စွဲကာ ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးက ပြောသည်။

စကြဝတေးမင်းကြီး သပိတ်အဖွဲ့သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စတင်၍ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်များ စတင်ပြုလုပ်နေခြင်းဖြစ်ပြီး ယနေ့ ဆန္ဒထုတ်ဖော်မှုသည် သပိတ်အဖွဲ့၏ (၄၂) ကြိမ်မြောက်ဆန္ဒထုတ်ဖော်မှု ဖြစ်သည်။

#ဆန္ဒပြ
#mizzimatv
👍18❤5🔥2
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဧပြီလ ၅ ရက်ထုတ်လွှင့်မှုများ
===================

https://youtu.be/XBSAwLOXE1k

#PVTV
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5❤2🤮1🍌1