Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​တပ်မ(၄၄)လက်အောက်ခံ ခမရ(၂)မှ တပ်ကြပ်ကြီး ၁ ဦး ပစ်သတ်ခံရ
====================

ဂျူချန်း
(မဇ္ဈိမ)။ ။မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာတွင် တပ်မ(၄၄)လက်အောက်ခံ ခမရ(၂)မှ တပ်ကြပ်ကြီးတစ်ဦး ပစ်သတ်ခံရကြောင်း KYAIKHTO REVOLUTION FORCE(KRF) အဖွဲ့နှင့်နီးစပ်သူ တစ်ဦးက ပြောသည်။

ပစ်သတ်ခံရသူမှာ တပ်မ(၄၄) လက်အောက်ခံ ခမရ (၂) မှ တပ်ကြပ်ကြီး ကျော်ဆန်း ဖြစ်သည်။ ၎င်းသည် ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာရှိ လက်ပံပင်သုဿန်အနီးမှ ထက်ဆီဆိုင်နားတွင် ဧပြီလ ၅ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်ခန့်က သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရ သည်။

“ကွမ်းယာလာဝယ်တုန်း အပစ်ခံလိုက်ရတာ ဦးခေါင်းမွသွားပြီး နေရာမှာတင် ပွဲချင်းပြီးပဲ။ ပစ်ခတ်ခံရပြီး တဲ့နောက် ဆေးရုံခေါ်သွားတယ်။ ဆေးရုံမှာတော့ စစ်သားတွေ ခြေရှုပ်နေတယ်” ဟု (KRF) အဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

တပ်ကြပ်ကြီးကျော်ဆန်းအား ပစ်ခတ်ခံရပြီးနောက် ကျိုက်ထိုဆေးရုံသို့ပို့ဆောင်ခဲ့ကာ ဧပြီလ ၅ ရက် မွန်းလွဲပိုင်းတွင် တောင်ကလေးသုဿန်၌ သဂြိုလ်ခဲ့ကြောင်း ၎င်းက ပြောသည်။
အဆိုပါ ပစ်ခတ်မှုကို KNLA နှင့် KYAIKHTO REVOLUTION FORCE (KRF) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“သူက(၄၄)လက်အောက်ခံ ခမရ(၂)က လက်နက်ကြီးတာဝန်ခံတပ်ကြပ်ကြီး၊ ရွာတွေထဲကို လက်နက် ကြီးနဲ့ပစ်ဖို့ သူအမိန့်ပေးတာ။ လက်ပံပင်က လက်နက်ကြီးထိုင်ထားတယ်လေ၊ ရွာတွေထဲကို အဲဒီကနေ ပစ်တာ။ မိုးဘော၊ နတ်စင်၊ မဲရုံးကြီး၊ မဲရုံးလေး အဲဒီဘက်ရွာဦတွေထဲကို ပစ်ခိုင်းတာ။ လက်နက်ကြီး တာဝန်ခံဆိုတော့ သူ့အမိန့်နဲ့ပေါ့” ဟု (KRF) အဖွဲ့နှင့် နီးစပ်သူက ပြောသည်။

သေဆုံးသူ တပ်ကြပ်ကြီးကျော်ဆန်းထံမှ လက်ပစ်ဗုံး၊ ဆိုင်ကယ်၊ ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
စစ်အာဏာရှင်စနစ်ပြုတ်ကျသည်အထိ စစ်ကောင်စီထောက်တိုင်များအား ဆက်လက်တိုက်ခိုက်သွားမည် ဖြစ်ပြီး ပြည်သူလူထုအပေါ် ထိခိုက်နစ်နာစေမည့် ဖောက်ခွဲပစ်ခတ်မှုများကို လုပ်ဆောင်မည်မဟုတ် ကြောင်း KRF မှ ထုတ်ပြန်ထားသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#KRF
#တပ်ကြပ်ကြီးပစ်သတ်ခံရ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13😁2👏1🥴1
မြန်မာပြည်အနှံ့ တိုက်ပွဲများကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၁ ဒသမ ၈သန်းခန့်ရှိလာဟု ကုလထုတ်ပြန်
====================

မြန်မာနိုင်ငံမှာ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးသူဦးရေ ၁ ဒသမ ၈သန်းနီးပါးထိရှိလာပြီလို့ UNOCHA Myanmar ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာနိုင်ငံပြည်နယ်နဲ့ တိုင်းဒေသကြီးအများအပြားမှာ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ လူသားချင်းစာနာမှုဆိုင်ရာ ပူပေါင်းညှိနှိုင်းရေးမှူးရုံး (UNOCHA) က ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဒီအထဲကမှ လူဦးရေ ၁ ဒသမ ၄ သန်းကျော်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်မှာ ဖားကန့်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေ၊ မိုးညှင်းမြို့နယ်အတွင်း ပေါက်ကွဲမှုတွေနဲ့ ဖားကန့်၊ ရွှေကူနဲ့ ဆွမ်ပရာဘွမ်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးတာတွေ နဲ့ အရပ်သား ဖမ်းဆီးစစ်ဆေးမှုတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါ့ပြင် ဖားကန့်၊ ရွှေကူနဲ့ ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ဖမ်းဆီးစစ်ဆေးမှုများရှိနေပြီး ရွှေကူမြို့အတွင်းရှိ ကျေးရွာအများအပြားက အရပ်သား ၁၃၀၀ကျော်သည် မတ်လအစောပိုင်းကတည်းက အိုးအိမ်စွန့်ခွာတိမ်းရှောင်နေကြရတယ်လို့ ဆိုထားပါတယ်။

ထိုအိုးအိမ်စွန့်ခွာသူများသည် ယာယီစခန်း ၁၀ခုနဲ့ အနီးအနားက တောတောင်တွေထဲမှာ နေထိုင်လျက်ရှိပြီး စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ မရှိမဖြစ်လိုအပ်တဲ့ အခြားလူ့အသုံးအဆောင်ပစ္စည်းများ လိုအပ်လျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားတာဖြစ်ပါတယ်။

https://youtu.be/HTvhzjMHLoM

#PolitiecalNews
#VideoNews
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6😁2😢1
ဒီပဲယင်းမြို့နယ် ပျံကျ ကျေးရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၉ ဦးခန့် သေဆုံး
========================

လွှမ်းမိုး(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့နယ် ၊ ပျံကျ ကျေးရွာ အနီးတွင် စိုင်ပြင်ရဲစခန်းမှ ထွက်ခွာလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဧပြီ ၁ ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် ပြောက်ကျားနည်းဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း F.B.G.A တပ်ဖွဲ့ ထံမှ သိရသည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ကိုးဦးခန့် သေဆုံးပြီး ဒေသကာကွယ်ရေး ရဲဘော် တစ်ဦး ကျဆုံးခဲ့ကြောင်း F.B.G.A တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးက ဆိုသည်။

“ စစ်ကောင်စီတပ် စစ်ကြောင်း မိုင်းကွင်းထဲကို ဝင်လာတာ တော်တော်လေး အထိနာ သွားခဲ့တယ်။ ထို့နောက် ကျနော်တို့ဘက်က လက်နက်ကြီး ပစ်ကူတွေနဲ့ အတူ လက်နက်ငယ်တွေ နဲ့ တစ်နာရီခန့်အကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်ဗျ။ စစ်ကောင်စီတပ်သား ကိုးဦး သေဆုံးပြီး တော်တော်များများ ထိခိုက်ဒဏ်ရာ ရရှိသွားတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား သေဆုံးမှုများနှင့် ပတ်သက်၍ မဇ္ဈိမမှ သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

တိုက်ပွဲကြာချိန် တစ်နာရီ ကြာပြီးနောက် စစ်ကောင်စီတပ်က Mi-35 ရဟတ်ယာဉ်ဖြင့် ၄၅ မိနစ်ခန့်အကြာ လာရောက်ပစ်ခတ်ခဲ့ကြောင်း ၎င်းက ဆက်၍ ရှင်းပြသည်။

အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်း နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ သုံးကြိမ်တိုင် ပြင်းထန်စွာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သုံးကြိမ်တိုင် လေကြောင်းပစ်ကူများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ပွဲကို Fighter Brotherhood Guerilla Army ၊ DRPA ၊ Black Shadow PDF နှင့် ဒေသခံ မဟာမိတ် တပ်ရင်း ၊ တပ်ဖွဲ့ များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်းအတွင်းရှိ ယင်းမာပင် ၊ ဆားလင်းကြီး ၊ ပုလဲ စတဲ့ ဒေသများကိုလည်း စစ်ကြောင်းထိုးခဲ့ပြီး လေကြောင်းသုံး တိုက်ခိုက်မှုများ အကြိမ်ရေ များစွာ ပြုလုပ်လျှက်ရှိသည်။

https://youtu.be/hHKHI_n0iMc

စာတည်း - သန့်ဇော်(သန်လျင်)
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8❤6🥱2🔥1
​​ရေစကြိုတွင် စစ်ကောင်စီတပ် ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၉ ဦး သေဆုံးဟုဆို
======================

MTO
(မဇ္ဈိမ)။ ။မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့အား ဧပြီလ ၅ ရက်နေ့က တစ်ရက်တည်း နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကိုးဦးသေဆုံးခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။
၎င်းက “မနေ့က တစ်ရက်တည်း နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့တာမှာ ၉ ဦးသေတယ်” ဟု လပြောသည်။

ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ အင်အား ၃၀ ခန့်သည် ရေစကြိုမြို့ပေါ်သို့ ခြေလျင် ချီတက်လာရာ မြို့အဝင်သင်္ချိုင်းကုန်းအနီး၌ မိုင်ဆွဲတိုက်ခိုက်ခဲ့ရာ ငါးဦးသေဆုံးသွားကြောင်း ရေစကြို (ပကဖ) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ သင်္ချိုင်းကုန်း ရဲ့ မြောက်ဘက် တာဝါတိုင်အောက်အရောက်မှာ သူတို့က တပ်ဖြန့်လိုက်တယ်။ အဲဒီအချိန် ငါးယောက်လောက်က မိုင်းခြောက်လုံးလောက်ရှိတဲ့ ပွိုင့်ပေါ်ရောက်လာလို့ မိုင်းဆွဲလိုက်တာမှာ အဲဒီငါး ယောက်လုံး သေနတ်တွေကော လူတွေကော အားလုံးလွင့်စင်သွားတယ်။ တစ်ယောက်က ဒူးအောက်ပိုင်း တစ်ခုလုံးဖွာထွက်သွားတာ” ဟု ပြောသည်။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်များသည် အနည်းငယ်ပြန်လည်ပစ်ခတ်ပြီးနောက် သေဆုံးသွားသူ များ၏အလောင်းကိုပင် မကောက်နိုင်ဘဲ ရေစကြိုမြို့ပေါ်သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

“ကျန်တဲ့ကောင်တွေက မြို့ပေါ်ကိုတောက်လျှောက်တက်သွားတာ။ အလောင်းကို ချက်ချင်းပြန်လာမ ကောက်ဘူး။ အလောင်းပြန်ကောက်ဖို့အတွက်ကိုပဲ မြို့ပေါ်မှာလူတော်တော်စုပြီးမှ အလောင်းပြန် လာ ကောက်တာ” ဟု ဆိုသည်။

ယင်းအပြင် ဧပြီလ ၅ ရက်နေ့ ညပိုင်းတွင်လည်း ရေစကြိုမြို့ အမှတ်(၁)ရပ်ကွက် နဂါးရုံဘုန်းကြီးကျောင်း မှ ရပ်ကွက်အတွင်းသို့ကင်းပတ်ပြီး ပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မိုင်းဆွဲတိုက်ခိုက်ရာ လေး ဦးသေဆုံးကြောင်း ရေစကြိုမြို့နယ်(ပကဖ) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“လှည့်ကင်းပတ်ပြီးပြန်လာတဲ့လေးယောက်က ပွိုင့်ပေါ်မှာထိုင်ပြီးနားနေတာနဲ့ မိုင်းဆွဲလိုက်တာ အဲဒီလေး ယောက်လုံး ပြန်ကိုမပစ်နိုင်ဘူး ချက်ချင်းကြွသွားတာ” ဟုပြောသည်။

ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် လက်နက်များကောက်ယူနိုင်ရေးကြိုးပမ်းခဲ့သော်လည်း နဂါးရုံဘုန်း ကြီးကျောင်းအတွင်းမှ စစ်ကောင်စီတပ်သားများသည် မိုင်းကွဲရာနေရာသို့ ချက်ခြင်းရောက်ရှိလာသည့် အတွက် လက်နက်များကောက်ယူနိုင်ခဲ့ခြင်းမရှိကြောင်း ရေစကြို (ပကဖ)က ဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၃ ရက်နေ့ကလည်း ရေစကြိုမြို့နယ်အတွင်းရှိ မအူရဲစခန်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ပြီးနောက် စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#မကွေးတိုင်း
#ရေစကြိုမြို့နယ်
#မိုင်းဆွဲတိုက်ခိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤9👍5🥱1🤣1
Media is too big
VIEW IN TELEGRAM
မြန်မာ့အရေးဆွေးနွေးမှု အခြေအနေများတိုးတက်နေကြောင်း
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီ ပြော

Watch more detail -
https://youtu.be/y4MFsLpucSY

#PoliticalNews #VideoNews #shorts #reels
😁6👍2
​​DONATE TO HELP

FM Radio Stations in Myanmar's rural communities
Donate here - https://bit.ly/2VhJ12U
Mizzima FM radio delivers essential information to at risk Myanmar communities. This includes Myanmar’s ethnic communities as well as regions of the country experiencing the heaviest fighting.

Without Mizzima FM radio, populations in these regions may otherwise lack a reliable and secure means to access information – thereby jeopardizing their safety and livelihood.

#supportfmradio
#mizzimaradio
#donationsneeded
#donate
👍3🤮1
This media is not supported in your browser
VIEW IN TELEGRAM
April - 6 [2 Pm] Mizzima News Hour

Mizzima Headline News

#2pmnews
#mizzimanewshour
#reels
#shorts
😁3👍2
ဧပြီလ ၆ ရက်၊ မွန်းလွဲ ၂ နာရီ ၊ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
========================

- ကြံ့ခိုင်ရေးပါတီက မိုက်ကယ်ကျော်မြင့်နှင့် စစ်လော်ဘီမီဒီယာအချို့ကို ၆၆ (ဃ)နဲ့ အမှုဖွင့်တဲ့သတင်း

- မဲဆောက်မှာ အဖမ်းခံရတဲ့ PDF ၃ ဦးကို သင်္ယန်းညီနောင်ဗျူဟာမှာ စစ်ဆေးနေတဲ့သတင်း

-ကော်သူးလေအုပ်ချုပ်နယ်မြေမှာ တိုက်ပွဲပေါင်း ၇၅၀၀ကျော်ဖြစ်ပွားခဲ့ပြီး ဒေသခံ ၃သိန်းကျော် ထွက်ပြေးနေရတဲ့သတင်း

-ရှေ့တန်းကို ထမင်းသွားပို့တဲ့ ကျားသစ်နက်စစ်ကြောင်းတပ်ဖွဲ့ဝင် အပါအဝင်၂ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်တဲ့သတင်း အပါအဝင်တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာပါ။

https://youtu.be/UVr5J54VWiA

Photo - CJ

#2pmnews
#Mizzimanewshour
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8😁3
Media is too big
VIEW IN TELEGRAM
မြန်မာပြည်အနှံ့ တိုက်ပွဲများကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ
၁ ဒသမ ၈သန်းခန့်ရှိလာဟု ကုလထုတ်ပြန်

Watch more detail -
https://youtu.be/HTvhzjMHLoM

#PoliticalNews #VideoNews #shorts #reels
😢3👍2🔥2😁1
ကော်သူးလေမှာတိုက်ပွဲပေါင်း ၇၅၀၀ကျော်ဖြစ်ပွားခဲ့ပြီး ဒေသခံ ၃ သိန်းကျော်ထွက်ပြေးနေရကြောင်းKNUထုတ်ပြန်
========================

၂နှစ်တာကာလအတွင်း ကော်သူးလေအုပ်ချုပ်နယ်မြေမှာ တိုက်ပွဲပေါင်း ၇၅၈၇ကြိမ် ဖြစ်ပွားခဲ့ပြီး ဒေသခံ ၃၆၅၁၈၇ဦးထက်မနည်း အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီလက်ထက် ကော်သူးလေအုပ်ချုပ်နယ်မြေများမှာ ၂နှစ်တာကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေများနဲ့ပတ်သက်တဲ့ အစီရင်ခံစာတစ်စောင်ကို ကရင်အမျိုးသားအစည်းအရုံး(KNU)က ယနေ့မှာ ထုတ်ပြန်လာတာဖြစ်ပါတယ်။

ထိုအစီရင်ခံစာမှာ ကုလအဖွဲ့အစည်း၊ ထိုင်းနိုင်ငံ၊ အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံများအပါအဝင် နိုင်ငံတကာအစိုးရနဲ့ နိုင်ငံတကာအဖွဲ့အစည်းများအား မြန်မာပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများကို အမြန်ဆုံးတားဆီးကာကွယ်ပေးဖို့ တိုက်တွန်းထားပါတယ်။

ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၂၃၀ကြိမ်ရှိခဲ့ပြီး လူနေအိမ်ပေါင်း ၁၈၃လုံး ပျက်စီးခဲ့ကာ အရပ်သား ၂ဦးသေဆုံးခဲ့ရသလို လက်နက်ကြီးပစ်ခတ်မှု ၇၅၈ကြိမ်ရှိခဲ့ပြီး အရပ်သား ၁၂၀ဦးခန့် သေဆုံးခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားတာဖြစ်ပါတယ်။

ထုတ်ပြန်ချက်အရ ပြည်သူတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးတွေနဲ့ အကြိမ်ရေ ၈၀၀ နီးပါး ပစ်ခတ်ခဲ့တဲ့အတွက် နေအိမ်ပေါင်း ၂၂၇ လုံး ပျက်စီးခဲ့ရသလို ပြည်သူ ၁၂၀ ဦး သေဆုံးခဲ့ရတယ်လို့ ပါရှိပါတယ်။

ကရင်အမျိုးသားအစည်းအရုံး အထွေထွေ အတွင်းရေးမှူး ၂ ပဒိုစောလှထွန်းကတော့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေဟာ အရေးပေါ် အခြေအနေကိုရောက်ရှိနေပြီး ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ အမြန်ဆုံးလိုအပ်နေတယ်လို့ လည်း ပြောထားပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ရွှေကုက္ကိုမြို့သစ်အနီး၊ ထီးကော်ထောကျေးရွာက ကရင်နယ်ခြားစောင့်တပ် (BGF) ကင်းစခန်းနှစ်ခုကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေက ဒီနေ့မနက်ပိုင်းမှာ စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။

တိုက်ပွဲပြင်းထန်တဲ့အတွက် စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ကူပေးတိုက်ခိုက်နေတယ်လို့ လည်းသိရပါတယ်။

တိုက်ပွဲများဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူများ သောင်ရင်းမြစ်ကမ်းဘေးသို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်များထံက သိရပါတယ်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ရွှေကုက္ကိုလ်မြို့သစ်ရှိ ရပ်ကွက်များထဲမှာ ပြည်သူများအနေနဲ့ အိမ်ထဲမှာသာနေထိုင်ပြီး အပြင်မထွက်ကြဖို့ BGF က လိုက်လံသတိပေးပြောဆိုမှုများရှိနေတယ်လို့ သိရပါတယ်။

https://youtu.be/c1iNRSas6oE

#PolitiecalNews
#VideoNews
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍13👏2🔥1
လောင်းလုံးမြို့နယ်အတွင်းမှ ကျေးရွာသုံးရွာတွင် လူထုစည်းရုံးရေးလှုပ်ရှားမှု ပြုလုပ်
======================

ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယနေ့ ဧပြီလ ၆ ရက်နေ့ နံနက်ပိုင်းက ထားဝယ်ခရိုင် ဒီမိုကရေစီအ‌ရေးလှုပ်ရှားမှုသပိတ်ကော်မတီ၊ စည်းရုံးလှုံ့ဆော်ရေးဆပ်ကော် မတီဝင်များမှ လောင်းလုံးမြို့နယ်အတွင်း ကျေးရွာသုံးရွာမှ ဈေးများသို့သွားရောက်၍ လူထုစည်းရုံးလှုံ့ ဆော်ရေးအသိပညာပေးပြီး ကြွေးကြော်သံများ‌ဖြင့် သပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများ ထံမှ သိရသည်။

ဖက်ဒရယ်စနစ်၏ အခြေခံသဘောတရားများအား ပြည်သူလူထု သိရှိယုံကြည်လာစေရန် ရည်ရွယ်လုပ် ဆောင်ခဲ့ပြီး “ဖက်ဒရယ်စနစ်၏ အခြေခံသဘောတရား” လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် စစ် အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#တနင်္သာရီတိုင်း
#လောင်းလုံးမြို့နယ်
#စစ်အာဏာရှင်ဆန့်ကျင်ရေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🔥1😁1