This media is not supported in your browser
VIEW IN TELEGRAM
ဗိုလ်ဆင်ရိုင်းကို PDF အချင်းချင်းသတ်တယ်လို့ စစ်ကောင်စီက ဝါဒဖြန့်နေပါတယ်။
သတင်းအပြည့်အစုံဖတ်ရန် |
https://www.facebook.com/MizzimaDaily/posts/6569516093083240/
#Misinformation_Buster #Shorts #Reels #Fake_News
#စစ်ကောင်စီ #PDF #ဗိုလ်ဆင်ရိုင်း #CDSOM #စစ်ကိုင်း #ဘီလူးစစ်ကြောင်း

😁13👍2
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဧပြီလ ၆ ရက်ထုတ်လွှင့်မှုများ
=================
https://youtu.be/kNFz5NfiNoY
#PVTV
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

YouTube
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဧပြီလ ၆ ရက်ထုတ်လွှင့်မှုများ
#PVTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
Subscribe now and…

👍10🤮4🍌1
This media is not supported in your browser
VIEW IN TELEGRAM
မဲမှောင်ပျောက်ကြားတပ်ဖွဲ့ အမည်နဲ့ ဖေ့ဘုတ်စာမျက်နှာအတု ထွက်ပေါ်နေပါတယ်။
အပြည့်အစုံဖတ်ရန် https://web.facebook.com/MizzimaDaily/posts/6575239335844249/
#Misinformation_Buster #Shorts #Reels #Fake_News #PDF_Fake_Page #မဲမှောင်ပျောက်ကြားတပ်ဖွဲ့

👍12😁5
သမ္မတရှီကျင့်ဖျင်၏အမည် ချန်လှပ်ခဲ့သည့် People's Daily သတင်းစာစောင်ရေ သန်းပေါင်းများစွာ ပြန်သိမ်းဆည်းခံရ
======================
တရုတ်နိုင်ငံ အမျိုးသားစည်းလုံးညီညွတ်ရေးအကြောင်း ရေးသားထားသော သုံးသပ်ချက်ဆောင်းပါးတွင် သမ္မတ ရှီကျင့်ဖျင်၏ အမည်ကို ချန်လှပ်ထားမိသဖြင့် ဖြန့်ချိထားပြီးသား People’s Daily သတင်းစာစောင်ရေ သန်းပေါင်းများစွာကို အာဏာပိုင်များက ပြန်လည်သိမ်းဆည်းခဲ့ကြောင်း သတင်းရင်းမြစ်များက RFA သို့ ပြောသည်။
‘စည်းလုံးညီညွတ်မှုနှင့် ရုန်းကန်မှုသည် တရုတ်လူမျိုးများအတွက် သမိုင်းဝင်ဆောင်ရွက်ချက်တစ်ခုကို ရှေ့ဆက်လှမ်းရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်’ ဟုခေါင်းစဉ်တပ်ထားသော စာမျက်နှာနံပါတ် ၅ ပါ ဆောင်းပါးတွင် ရှီကျင့်ဖျင်လက်ထက် တရုတ်၏အောင်မြင်မှုများကို ရေးသားထားသည်။
သို့သော် ဝါကျတစ်ကြောင်းတွင် ကွန်မြူနစ်နိုင်ငံများ၏ အသုံးအနှုန်းဖြစ်သည့် ရဲဘော် ဟူသော စကားလုံး၏ နောက်တွင် ရှီကျင့်ဖျင်အမည်ကို မရေးသားထားပေ။ ‘ရဲဘော်ဦးဆောင်သော ဗဟိုအစိုးရသည် အခြေအနေများကို ချင့်ချိန်အကဲဖြတ်သည်’ ဟု သတင်းစာတွင် ရေးသားချက်ကို ‘ရဲဘော်ရှီကျင့်ဖျင်ဦးဆောင်သော ဗဟိုအစိုးရသည် အခြေအနေများကို ချင့်ချိန်အကဲဖြတ်သည်’ ဟု အွန်လိုင်းတွင် ပြန်လည်တည်းဖြတ်ထားသည်။

😁20🥰4👍2❤1
Media is too big
VIEW IN TELEGRAM
ရွှေဖရုံရွက်က သင့်ကျန်းမာရေးအတွက် ဘာတွေကောင်းကျိုးပြုသလဲ?
Watch more detail - https://youtu.be/9FL-ztMZAh0
#naturearticle #စကားဝိုင်း #naturearticleshorts #reels

👍8🤮1🍌1
ဧပြီလ (၇) ရက်၊ သောကြာနေ့ မနက်ပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
===================
ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ …
ကော်သူလေးအုပ်ချုပ်နယ်မြေမှာ တိုက်ပွဲပေါင်း ၇၅၀၀ကျော်ဖြစ်ခဲ့ပြီး ဒေသခံ ၃သိန်းကျော် ထွက်ပြေး နေရတယ်လို့ KNUကထုတ်ပြန်လိုက်တဲ့သတင်းနဲ့အတူ အာဏာသိမ်းပြီးနောက်ပိုင်း အာမခံနဲ့အိမ်မှာပြန်လာနေသူ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို စစ်ကောင်စီက ဖမ်းဆီးသွားတဲ့သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
အဲဒီနောက်မှာတော့ တပတ်အတွင်း စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။
သတင်းတွေအပြီးမှာတော့ ကျန်းမာရေးအကြောင်း ပြောပြထားတဲ့ ကျန်းမာသုတ လူမှုဘဝ အစီအစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်။
https://youtu.be/LvAK7uxPtm4
#Mizzimaradio
#Morningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
===================
ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ …
ကော်သူလေးအုပ်ချုပ်နယ်မြေမှာ တိုက်ပွဲပေါင်း ၇၅၀၀ကျော်ဖြစ်ခဲ့ပြီး ဒေသခံ ၃သိန်းကျော် ထွက်ပြေး နေရတယ်လို့ KNUကထုတ်ပြန်လိုက်တဲ့သတင်းနဲ့အတူ အာဏာသိမ်းပြီးနောက်ပိုင်း အာမခံနဲ့အိမ်မှာပြန်လာနေသူ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို စစ်ကောင်စီက ဖမ်းဆီးသွားတဲ့သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
အဲဒီနောက်မှာတော့ တပတ်အတွင်း စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။
သတင်းတွေအပြီးမှာတော့ ကျန်းမာရေးအကြောင်း ပြောပြထားတဲ့ ကျန်းမာသုတ လူမှုဘဝ အစီအစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်။
https://youtu.be/LvAK7uxPtm4
#Mizzimaradio
#Morningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဧပြီလ (၇) ရက်၊ သောကြာနေ့ မနက်ပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ …
ကော်သူလေးအုပ်ချုပ်နယ်မြေမှာ တိုက်ပွဲပေါင်း ၇၅၀၀ကျော်ဖြစ်ခဲ့ပြီး ဒေသခံ ၃သိန်းကျော် ထွက်ပြေး နေရတယ်လို့ KNUကထုတ်ပြန်လိုက်တဲ့သတင်းနဲ့အတူ အာဏာသိမ်းပြီးနောက်ပိုင်း အာမခံနဲ့အိမ်မှာပြန်လာနေသူ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို…

👍13😁1🤮1
ရွှေဖရုံရွက်ရဲ့အကျိုးကျေးဇူးများ
======================
-ရွှေဖရုံရွက်က သင့်ကျန်းမာရေးအတွက် ဘာတွေအကျိုးပြုမလဲ ?
-ရွှေဖရုံရွက်မှာ ပါဝင်တဲ့ အစွမ်းသတ္တိတွေက ဘာတွေလဲ ?
-ရွှေဖရုံရွက်မှာရှိတဲ့ လျှို့ဝှက်ချက် အကျိုးအာနိသင်တွေက ဘာတွေလဲ ?
အစရှိတဲ့ အကြောင်းအရာတွေကို ဒီအစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပါ ......
https://youtu.be/9FL-ztMZAh0
#Nature
#NatureArticle
#VideoNews
#MizzmaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
======================
-ရွှေဖရုံရွက်က သင့်ကျန်းမာရေးအတွက် ဘာတွေအကျိုးပြုမလဲ ?
-ရွှေဖရုံရွက်မှာ ပါဝင်တဲ့ အစွမ်းသတ္တိတွေက ဘာတွေလဲ ?
-ရွှေဖရုံရွက်မှာရှိတဲ့ လျှို့ဝှက်ချက် အကျိုးအာနိသင်တွေက ဘာတွေလဲ ?
အစရှိတဲ့ အကြောင်းအရာတွေကို ဒီအစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပါ ......
https://youtu.be/9FL-ztMZAh0
#Nature
#NatureArticle
#VideoNews
#MizzmaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🌭1🍌1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ ဧပြီလ ၇ ရက်၊ ၂၀၂၃ | VOA On Mizzima
====================
ရုရှား စစ်ရာဇဝတ်မှု ကျူးလွန်မှု အထောက်အထားတွေကို ပိုလန်နိုင်ငံမှာ စုဆောင်းထားပါတယ်။ အစ္စရေးဥပဒေပြောင်းလဲမှုနဲ့ ဆန္ဒပြပွဲများအကြောင်းအပါအဝင် ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၇ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/GnAqfmdG7C0
#VOA

ရုရှား စစ်ရာဇဝတ်မှု ကျူးလွန်မှု အထောက်အထားတွေကို ပိုလန်နိုင်ငံမှာ စုဆောင်းထားပါတယ်။ အစ္စရေးဥပဒေပြောင်းလဲမှုနဲ့ ဆန္ဒပြပွဲများအကြောင်းအပါအဝင် ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၇ ရက်၊…
👍9🥴5😁1
DONATE TO HELP
FM Radio Stations in Myanmar's rural communities
Mizzima FM radio delivers essential information to at risk Myanmar communities. This includes Myanmar’s ethnic communities as well as regions of the country experiencing the heaviest fighting.
Without Mizzima FM radio, populations in these regions may otherwise lack a reliable and secure means to access information – thereby jeopardizing their safety and livelihood.
Donate here - https://bit.ly/2VhJ12U
#supportfmradio
#mizzimaradio
#donationsneeded
#donate

👍3🤮1
ရန်ကုန် မင်္ဂလာဒုံလေယာဉ်ကွင်း ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရ
===================
ဂန္ဒမာ
(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံလေယာဉ်ကွင်းတွင် ဧပြီလ ၆ ရက် ည ၉ နာရီကျော်ခန့်အချိန်က ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှုဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“အစက သတင်းဝင်လာတာ မင်္ဂလာဒုံလေတပ်ဆိုပြီး၊ အခုမှထပ်သိရတာ မင်္ဂလာဒုံလေယာဉ်ကွင်းကို ရှော့တိုက်ဒုံးနဲ့ပစ်တာသေချာတယ်။ လေယာဉ်ပြေးလမ်းကိုလည်းထိတာ သေချာတယ်။ တာမီနယ်အဟောင်းဘက်မှာလည်း မီးလောင်မှုဖြစ်တယ်။ မီးက တော်တော်လေးအားကောင်းတယ်။ ဒါ့ကြောင့်လည်း မီးသတ်ကားတွေ အသဲအသန်ပြေးသွားကြတယ်။” ဟု ရန်ကုန်မြို့ရှိ သတင်းရင်းမြစ်တစ်ခုက ပြောသည်။
မင်္ဂလာဒုံလေယာဉ်ကွင်းအား ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်ရာ ငါးကြိမ်ခန့် ပေါက်ကွဲသံအကျယ်ကြီးများကြားရကြောင်း၊ ၎င်းနှင့်တစ်စပ်တည်း ပစ်ခတ်သံများလည်းကြားရကြောင်း သတင်းရင်းမြစ်များက ဆက်ပြောသည်။
ပေါက်ကွဲမှုဖြစ်ပွားချိန်မှာ ည ၉ နာရီ ၂၀ မိနစ်ခန့်မှ ၉ နာရီ ၃၀ မိနစ်အတွင်းဖြစ်ပြီး ည ၁၀ နာရီဝန်းကျင်အချိန်ခန့်တွင်တော့ မင်္ဂလာဒုံလေယာဉ်ကွင်းသို့ စစ်ကောင်စီတပ်သားနှင့် ရဲအင်အားအများအပြားရောက်ရှိလာခဲ့ပြီး လူနာတင်ယာဉ်များလည်း ရောက်ရှိသလို မီးလောင်မှုဖြစ်ပွားသည့်နေရာသို့ အခြားသောမြို့နယ်မှ မီးသတ်ကားများ ရောက်ရှိလာကြောင်း သိရသည်။
စစ်သားအင်အားအများအပြားရောက်ရှိလာရခြင်းမှာ ယခုတိုက်ခိုက်မှုဖြစ်စဉ်ကြောင့် စစ်ကောင်စီတပ်ဘက်မှ အရာရှိတစ်ဦး ထိခိုက်မှုရှိခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သတင်းရရှိထားသော်လည်း မဇ္ဈိမ အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
မင်္ဂလာဒုံလေယာဉ်ကွင်း တိုက်ခိုက်ခံရမှုကြောင့် ထိစပ်မြို့နယ်ဖြစ်သည့် မြောက်ဥက္ကလာတွင်လည်း အစစ်အဆေးကြမ်းနေသလို တာမွေမြို့နယ်၊ စမ်းချောင်းမြို့နယ်နှင့် ကမာရွတ်မြို့နယ်တို့တွင်လည်း ဧည့်စာရင်း စစ်ဆေးမှုများရှိကြောင်း သိရသည်။ ယခုညပိုင်းတွင် ရန်ကုန်မြို့အနှံ့၌ စစ်ကောင်စီတပ်ဘက်မှ လုံခြုံရေးတင်းကျပ်ထားကြောင်း သတင်းရင်းမြစ်များထံက တစ်ဆင့်သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#မင်္ဂလာဒုံလေယာဉ်ကွင်း
#တိုက်ခိုက်
#ရှော့တိုက်ဒုံး
#လုံခြုံရေး
---------------------

👍22❤3🥴3🔥2👏2
ပုဂ္ဂလိကသတင်းစာတွေရဲ့ ဆယ်နှစ်ခရီး
==============
၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး နေဝင်းက တိုင်းပြည်အာဏာကို သိမ်းယူခဲ့လို့ လွတ်လပ်ရေးရပြီးနောက်သတင်း လွတ်လပ်ခွင့် ထွန်းကားနေတဲ့မြန်မာနိုင်ငံဟာ သတင်းလောက အမှောင်ခေတ်ကို
ရောက်ခဲ့ရပါတယ်။ အဲဒီနောက် နှစ်ပေါင်း ၅၀ နီးပါးအကြာ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၃ ခုနှစ်မှာပုဂ္ဂလိကသတင်းစာတွေကို စပြီးထုတ် ဝေခွင့်ပြုခဲ့ပါတယ်။ ဒါကြောင့် တစ်ကျော့ပြန် ပုဂ္ဂလိက
သတင်းစာတွေ ရဲ့ သက်တမ်းဟာ ဒီနှစ် ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်နေ့မှာ ဆယ်နှစ် တင်းတင်း ပြည့်ခဲ့ပြီဖြစ်ပါတယ်။
https://youtu.be/1ZIjhcIYhss
#Newsfeature
#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
==============
၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး နေဝင်းက တိုင်းပြည်အာဏာကို သိမ်းယူခဲ့လို့ လွတ်လပ်ရေးရပြီးနောက်သတင်း လွတ်လပ်ခွင့် ထွန်းကားနေတဲ့မြန်မာနိုင်ငံဟာ သတင်းလောက အမှောင်ခေတ်ကို
ရောက်ခဲ့ရပါတယ်။ အဲဒီနောက် နှစ်ပေါင်း ၅၀ နီးပါးအကြာ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၃ ခုနှစ်မှာပုဂ္ဂလိကသတင်းစာတွေကို စပြီးထုတ် ဝေခွင့်ပြုခဲ့ပါတယ်။ ဒါကြောင့် တစ်ကျော့ပြန် ပုဂ္ဂလိက
သတင်းစာတွေ ရဲ့ သက်တမ်းဟာ ဒီနှစ် ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်နေ့မှာ ဆယ်နှစ် တင်းတင်း ပြည့်ခဲ့ပြီဖြစ်ပါတယ်။
https://youtu.be/1ZIjhcIYhss
#Newsfeature
#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ပုဂ္ဂလိကသတင်းစာတွေရဲ့ ဆယ်နှစ်ခရီး
၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး နေဝင်းက တိုင်းပြည်အာဏာကို သိမ်းယူခဲ့လို့ လွတ်လပ်ရေးရပြီးနောက်
သတင်း လွတ်လပ်ခွင့် ထွန်းကားနေတဲ့မြန်မာနိုင်ငံဟာ သတင်းလောက အမှောင်ခေတ်ကို
ရောက်ခဲ့ရပါတယ်။ အဲဒီနောက် နှစ်ပေါင်း ၅၀ နီးပါးအကြာ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၃ ခုနှစ်မှာ…

👍11😁2
ငြိမ်းချမ်းရေးအတွက် မြန်မာနိုင်ငံတွင် ယုံကြည်မှု တည်ဆောက်ရန် အရေးကြီးကြောင်း အင်ဒိုနီးရှား ပြော
======================
အင်ဒိုနီးရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံက အဓိကပုဂ္ဂိုလ်များနှင့်အတူ ယုံကြည်မှု တည်ဆောက်ရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ယင်းမှသာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ စတင်နိုင်မည်ဟု နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"

👍8🥴3
ရုရှား စစ်ရာဇဝတ်မှု ကျူးလွန်မှု အထောက်အထားများ | VOA On Mizzima
==========================
ယူကရိန်းကို ကျုးကျော်စစ်အတွင်း အရပ်သားတွေအပေါ် စစ်ရေးအရ အရေးယူမှု အစီရင်ခံစာတွေကို တုံ့ပြန်တဲ့အနေနဲ့ ပိုလန်နိုင်ငံ ဝါဆောမှာရှိတဲ့ Pilecki Institute က ဖြစ်နိုင်ချေရှိတဲ့ ရုရှား စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဆိုင်ရာ အထောက်အထား တွေကို စုဆောင်းထိန်းသိမ်းထားတဲ့ စင်တာတစ်ခု ဖွဲ့စည်း တည်ထောင်လိုက်ပါတယ်။ Lesia Bakalets ဝါဆောမြို့ကနေ သတင်းပေးပို့ထားတာကို မမြသဇင်အောင် တင်ဆက်ထားပါတယ်။
https://youtu.be/B9hvxOsqgW0
#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
==========================
ယူကရိန်းကို ကျုးကျော်စစ်အတွင်း အရပ်သားတွေအပေါ် စစ်ရေးအရ အရေးယူမှု အစီရင်ခံစာတွေကို တုံ့ပြန်တဲ့အနေနဲ့ ပိုလန်နိုင်ငံ ဝါဆောမှာရှိတဲ့ Pilecki Institute က ဖြစ်နိုင်ချေရှိတဲ့ ရုရှား စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဆိုင်ရာ အထောက်အထား တွေကို စုဆောင်းထိန်းသိမ်းထားတဲ့ စင်တာတစ်ခု ဖွဲ့စည်း တည်ထောင်လိုက်ပါတယ်။ Lesia Bakalets ဝါဆောမြို့ကနေ သတင်းပေးပို့ထားတာကို မမြသဇင်အောင် တင်ဆက်ထားပါတယ်။
https://youtu.be/B9hvxOsqgW0
#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ရုရှား စစ်ရာဇဝတ်မှု ကျူးလွန်မှု အထောက်အထားများ | VOA On Mizzima
ယူကရိန်းကို ကျုးကျော်စစ်အတွင်း အရပ်သားတွေအပေါ် စစ်ရေးအရ အရေးယူမှု အစီရင်ခံစာတွေကို တုံ့ပြန်တဲ့အနေနဲ့ ပိုလန်နိုင်ငံ ဝါဆောမှာရှိတဲ့ Pilecki Institute က ဖြစ်နိုင်ချေရှိတဲ့ ရုရှား စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဆိုင်ရာ အထောက်အထား…
👍11😁1
ခေတ်ပျက်ကြီးမှာ လက်ခမောင်းခတ်နေတဲ့ အွန်လိုင်းလိမ်လည်မှုနဲ့ နေသားကျလာတဲ့ ပြည်သူများ
===================
ကီရာ
“၂၄နာရီပြည့်တာနဲ့အရင်းကော အမြတ်ကော ပြန်ထုတ်လို့ရတယ်။ ကလစ်လုပ်ရုံနဲ့ ပိုက်ဆံတွေဝင်နေပြီး ကံစမ်းမဲတွေလည်းရှိတယ်။ လူမရှာတတ်ဘူးဆိုတဲ့သူတွေအနေနဲ့လည်း လူမရှာဘဲ ငွေသွင်းထားရုံ အိမ်မှာထိုင်နေရုံနဲ့ ငွေတွေအလကားနေရင်း ဝင်နေမှာနော်။ ပေးထားတဲ့အတိုးကများလို့ လက်ဖက်ရည်ဖိုးလောက် လုပ်ချင်ရင်တော့ စမ်းကြည့်ကြပါ” ဆိုသည့်စာသားသည် အွန်လိုင်းရင်းနှီးမြှုပ်နှံမှုငွေရှာဂရုဟု အမည်ပေးထားသောဂရုတစ်ခုမှ ပိုစ့်ဖြစ်သည်။
အဆိုပါပိုစ့်ကို ၂၀၂၃ခုနှစ် ဖေဖော်ဝါရီ ၂၀ရက်က Exxon Film Inverstmentဟူသော အွန်လိုင်းအက်ပလီကေးရှင်းမှ လူ ၃၀,၀၀၀ ကျော်၏ ငွေသိန်းပေါင်းများစွာ အလိမ်ခံရထားသည့်လူများစုဝေးရာ ဂရုတစ်ခုထဲတွင် စိုင်းနေအောင် ဆိုသောအကောင့်ပိုင်ရှင်မှ လာရောက်တင်ထားခဲ့သည်ကို တွေ့ရခြင်းဖြစ်သည်။
ယခုလိုပုံစံတူ ဂရုများထဲသို့ မမျှော်လင့်ဘဲရောက်ရှိရာမှ ၎င်းတို့ရေးသားထားသော မက်လုံးများနှင့် အကြောင်းအရာများကြောင့် ငွေများထည့်သွင်းမိပြီး ငွေအလိမ်ခံရမှုများ ဖြစ်ပေါ်ခဲ့သည်ဟုသိရှိရပြီး အဆိုပါလူများထဲတွင် ကိုဝင်းဇော်လွင် သည်လည်းတစ်ဦး အပါအဝင်ဖြစ်သည်။

👍13😁2🤮1
‘’ဘယ်သူက အဲဂရုထဲ ထည့်လိုက်လဲမသိပါဘူး၊ အဲ့ဂရုထဲရောက်နေတာကနေ စာတွေလိုက်ဖတ်ကြည့် လေ့လာကြည့်ရင်းနဲ့ အဲ့ကအဖွဲ့ခေါင်းဆောင်ထင်ပါတယ်။ အပြောအဆိုတွေ အရေးအသားတွေ ကောင်းတဲ့သူတစ်ယောက်ကို ချိတ်ဆက်ရင်းလေ့လာကြည့်ချင်တယ်လို့ပြောရင်းနဲ့ အဲ့မှာပါဝင်ဖြစ်သွားတာပါ’’ ဟု ကိုဝင်းဇော်လွင်က Exxon Film Inverstment ငွေအလိမ်ခံရသည့်ဖြစ်စဉ်တွင် မမျှော်လင့်ဘဲ ပါဝင်ဖြစ်ခဲ့ပုံကို ပြောပြသည်။
သို့သော် ကိုဝင်းဇော်လွင်အတွက် အွန်လိုင်းအက်ပလီကေးရှင်းမှ ငွေအလိမ်ခံရခြင်းသည် ယခုဖြစ်စဉ်က ပထမဆုံးမဟုတ်ပေ။ ကိုဝင်းဇော်လွင်သည် ၂၀၂၂ ခုနှစ် ဇူလိုင်လတွင်စတင်ပေါ်ပေါက်လာသည့် JOOM အက်ပလီကေးရှင်းတွင် ပထမဆုံး ပါဝင်ဖြစ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အက်ပလီကေးရှင်းကြောင့် ငွေနှစ်သိန်းကျော် ဆုံးရှုံးနစ်နာခဲ့ရာမှ ယခု Exxon Film တွင် ဆက်လက်ပါဝင်ခဲ့ခြင်းဖြစ်သည်။
ပထမဆုံး အလိမ်ခံခဲ့ရသည့် အတွေ့အကြုံမှ ရရှိခဲ့သည့် သင်ခန်းစာများကြောင့် ယခု အက်ပလီကေးရှင်းသည်လည်း လိမ်လည်မည့် အက်ပလီကေးရှင်းတစ်ခုဖြစ်ကြောင်း သံသယရှိခဲ့သော်လည်း ယင်းအက်ပလီကေးရှင်းများသည် သတ်မှတ်ချိန်တစ်ခုအတွင်းသာ လှုပ်ရှားလေ့ရှိသည်ကို ခန့်မှန်းမိသောကြောင့် ပါဝင်ဖြစ်ခဲ့သည်ဟု ကိုဝင်းဇော်လွင်ကပြောသည်။ သတ်မှတ်ချိန်အတွင်း ရင်းနှီးငွေမြန်မြန်ထည့်ပြီး အချိန်မီပြန်ထုတ်နိုင်လျှင် အကျိုးရှိနိုင်သည်ဟု ကိုဝင်းဇော်လွင်က ယူဆသည်။
“ဘယ်လိုအလိမ်အညာမျိုးဖြစ်မလဲဆိုပြီးအချိန်ပေးရင်းလေ့လာကြည့်ရင်းနဲ့ နည်းနည်းလေးအချိန်ကြာမယ်ထင်ခဲ့တာ။ ဒီဆိုဒ်တွေရဲ့သဘောသဘာဝကတော့ အချိန်တန်ရင် ရိုက်စားဖြစ်ဖြစ်သွားကြတာများတယ်လေ။ အဲ့ဒီအတွက်ရိုက်စားဖြစ်မှာပဲဆိုတာကတော့ သိတယ်၊ သိပေမယ့် တော်တော်နဲ့မဖြစ်လောက်သေးဘူးဆိုတဲ့ ယုံကြည်မှုအတိုင်းအတာလေးတွေကိုသူတို့က ချပြထားတာတော်တော်လေးများတယ်။ အလှူအတန်းလုပ်တာတွေပြထားတာတို့ ကုမ္ပဏီကို For Show လုပ်ထားတာတို့ ပြီးတော့ ဆယ်လီတွေက ကြော်ငြာပေးတာတွေကြောင့်လည်း ကြာမယ်ထင်ခဲ့လို့ အဲ့ဒါကို လုပ်ဖြစ်သွားတာပါ”ဟု ၎င်းပါဝင်ဖြစ်ခဲ့ပုံကို ရှင်းပြသည်။
အဆိုပါ Exxon Filmသည် ၂၀၂၂ခုနှစ် နိုဝင်ဘာလတွင် စတင်ခဲ့ပြီး ၂၀၂၃ ဖေဖော်ဝါရီတွင် ရပ်ဆိုင်းခဲ့သည့်အတွက် အချိန်ကာလ လေးလခန့်အထိသာ ဟန်ပြရပ်တည်နိုင်ခဲ့သည်။သို့သော် လေးလအတွင်း ကုမ္ပဏီတရားဝင်လုပ်ငန်းလိုင်စင်ဖြင့် မှတ်ပုံတင်ခြင်းကို နိုဝင်ဘာလ ၃ ရက်တွင် လုပ်ဆောင်ခဲ့ပြီး ၊၎င်းတို့၏ ရုံးခန်းကိုလည်း လှိုင်သာယာမြို့နယ် KTA-6-FMIအိမ်ရာတွင် ဖွင့်လှစ်ခြင်းနှင့် အွန်လိုင်းဆယ်လီ ဖူးပွင့်ခိုင်၊ လမင်းကဗျာ၊ မှူးသခင်နှင့် လုလင်ပျိုတို့ဖြင့် ကြော်ငြာခြင်းများကိုလည်း လုပ်ဆောင်ခဲ့သည်။ ထို့အပြင် အလှူအတန်းလုပ်ပြခြင်းများ၊ ကုမ္ပဏီ မိတ်ဆုံစားပွဲများနှင့် အဖွဲ့ဝင်များ တွေ့ဆုံခြင်းများကိုလည်း လုပ်ဆောင်ပြခဲ့သည်။ ယင်းအချက်များကြောင့် အချိန်ကာလတစ်ခုအထိ ကြာမြင့်နိုင်သည်ဟု ကိုဝင်းဇော်လွင်က ခန့်မှန်းခဲ့ပြီး ယင်းတို့ အက်ပလီကေးရှင်းတွင် ရင်းနှီးငွေမြန်မြန်ထည့်သွင်းပြီး ငွေမြန်မြန်ပြန်ထုတ်ပါက အမြတ်ပြန်ရနိုင်သည်ဟု သူက ပြောပါသည်။
အွန်လိုင်း အက်ပလီကေးရှင်း ငွေလိမ်နည်း
အဆိုပါ အက်ပလီကေးရှင်း၏ လုပ်ဆောင်ပုံသည် အဖွဲ့ဝင်များကို နာမည်အမျိုးမျိုး ပုံစံအမျိုးမျိုးဖြင့် ခွဲခြားထားသည်ကိုတွေ့ရသည်။ Newbie Zone ၏လုပ်ဆောင်ပုံမှာ မိမိလက်အောက်တွင် တခြားအဖွဲ့ဝင်ထပ်မံရှာစရာမလိုအပ်ဘဲ မြန်မာငွေကျပ် ၄၀,၀၀၀ သွင်းရုံဖြင့် မည်သည့်အရာမှလုပ်ဆောင်ရန်မလိုအပ်ဘဲ ၁ ဒသမ ၈ ရာခိုင်နှုန်း နှင့် တစ်နေ့ဝင်ငွေ ၅၀၀ ရရှိမည်ဟု ကြော်ငြာထုတ်သည်။၅၀,၀၀၀ သွင်းပါက ၁ ဒသမ ၈ရာခိုင်နှုန်း နှင့် တစ်နေ့ဝင်ငွေ ၉၀၀ ရရှိမည်ဟုဆိုသည်။ ထို့အပြင် ရေတိုအဖွဲ့ဝင်နှင့် ရေရှည်အဖွဲ့ဝင်ဟုလည်း ခွဲခြားထားပြီး ဇုန် (၁) ၊(၂)၊ (၃) ဟူ၍လည်း ခွဲထားသည်။ဇုန်အလိုက် ငွေထည့်သွင်းပြီး ငွေပြန်လည်ထုတ်ယူရန် စောင့်ရမည့်ရက်များလည်း မတူညီဘဲ ရရှိသည့် ရာခိုင်နှုန်းများကိုလည်း ခွဲခြားထားပြန်သည်။
သို့သော်ငွေပိုမိုရရှိရန် လူအသစ်များ ထပ်မံရှာဖွေရမည့်အချက်ကို အဓိကထည့်သွင်းထားပြီး လူသစ်ရှာနိုင်သည်နှင့် အဆင့် ရာထူးတက်ပြီး ရရှိသည့် ရာခိုင်နှုန်းများကိုလည်း ထပ်မံတိုးမြှင့်ပေးထားသည်ကို တွေ့ရသည်။ ငွေပြန်ထုတ်ယူရန် တစ်ပတ် ၊ တစ်လ စသည်ဖြင့် အချိန်အမျိုးမျိုးကို ၎င်းတို့မှ သတ်မှတ်ထားသော်လည်း ငွေပြန်ထုတ်ယူပြီး အဆင့်များ ဆက်လက်တက်နေရန် ငွေပြန်ထည့်သွင်းရသည့်အချက်ကိုလည်း သတ်မှတ်ထားပြန်သည်။

👍13❤1😁1🤮1
ကိုဝင်းဇော်လွင်သည်လည်း သူ၏အသိမိတ်ဆွေများကို ငွေမြန်မြန်ထည့်သွင်းပြီး ငွေမြန်မြန်ပြန်ထုတ်ရန် ပြောပြခဲ့ပြီး ၎င်း၏လက်အောက်မှ အဖွဲ့ဝင်အဖြစ် ထည့်သွင်းပေးခဲ့သည်ဟု ပြောသည်။
“ကိုယ်ကနေပြီး တခြားမိတ်ဆွေလေးတွေကို ထမင်းအိုးတည်ပေးတဲ့အနေနဲ့ ဒီထဲငွေဝင်ဖို့ ပြောပေးခဲ့တာတွေ ရှိတယ်။ ပိုက်ဆံမရှိရင် ငါခဏစိုက်ပေးမယ်ပေါ့။ မြန်မြန်ဆန်ဆန်ငွေထည့် မြန်မြန်ဆန်ဆန်ပြန်ထွက်ပေ့ါ အမြတ်ရပြီဆိုရင်ကိုယ့်အမြတ်လေးယူထား မြန်မြန်ထွက်လိုက်ဆိုတဲ့သဘောနဲ့ လုပ်ထားပေးတာတွေက နှစ်ယောက် သုံးယောက်လောက်ရှိတယ်။ တကယ်လို့ သူတို့က ကြာဦးမယ် နည်းနည်းအချိန်ဆွဲပြီးတော့သွားနိုင်မယ့် အနေအထားမျိုးလေးတွေလည်းပြင်ဆင်ထားတဲ့အတွက်ကြောင့် ကြာဦးမယ်ဆိုရင်တော့ အမြတ်ရနိုင်တဲ့အနေအထားပါ။ ကိုယ်တစ်ယောက်ထဲ မဟုတ်ဘဲ ကိုယ်နဲ့ ပတ်သက်တဲ့ ကိုယ်ပြောပြပေးခဲ့တဲ့ လူတွေကော ရနိုင်တဲ့အတွက် ထည့်ပေးလိုက်တာပါ”ဟု ပြောသည်။
သူ့အနေဖြင့် JOOM တွင်ရရှိခဲ့သည့် သင်ခန်းစာကြောင့် ယခုတစ်ကြိမ်တွင် ငွေအမြန်ထည့်သွင်းပြီးငွေ အမြန်ပြန်ထုတ်သည့်အတွက်ကြောင့် ငွေအရှုံးမရှိခဲ့ကြောင်း ပြောပြသည်။
သို့သော် ၎င်း၏မိတ်ဆက်ပေးမှုကြောင့် ရောက်ရှိလာသူများနှင့် ကိုဝင်းဇော်လွင်ကဲ့သို့ အဖွဲ့ဝင်များ၏ မိတ်ဆက်ပေးမှု ၊ လူရှာဖွေစုဆောင်းပေးရာတွင် ပါဝင်ခဲ့သူများသည် ငွေအမြန်ပြန်လည်ထုတ်ယူနိုင်ခြင်းမရှိဘဲ ငွေဆုံးရှုံး နစ်နာခဲ့ရသည်။
မသဲသဲ(အမည်လွှဲ)သည်လည်း Facebook မှတစ်ဆင့် လာမိတ်ဆက်သည့် Bhone Htet Myat အကောင့်ပိုင်ရှင်နှင့် စကားပြောမိရာမှ Exxon Film တွင် ငွေထည့်ဝင်ဖြစ်ခဲ့ပြီး ငွေကျပ် ၂၇သိန်း ဆုံးရှုံးခဲ့ရသူဖြစ်သည်။
“ပွင့်ပွင့်လင်းလင်းပြောရရင် ညီမတို့ဘက်မှာက အလုပ်တွေက ခက်ခဲတယ်၊ အလုပ်မရှိကြဘူးပေါ့။ အဲ့မှာသူက ကူညီပေးတဲ့သူလိုလို ဘာလိုလိုပေါ့”ဟု Facebook မှတစ်ဆင့် လာမိတ်ဆက်သည့် Bhone Htet Myat နှင့်စတင်တွေ့ခဲ့သည့်ပုံစံကို မသဲသဲက ပြန်လည်ပြောပြသည်။
အွန်လိုင်းမှတစ်ဆင့် ဆက်သွယ်လာသည်ကို ယုံကြည်ခြင်းကြောင့် ငွေထည့်သွင်းဖြစ်ခဲ့ခြင်းမဟုတ်ဘဲ Exxon Filmမှ ပြသထားသည့် အချက်အလက်များ ၊ ဆယ်လီများ၏ ကြော်ငြာများနှင့် အစပိုင်းတွင် ငွေအမှန်တကယ် ထုတ်လို့ရခဲ့သည့်အတွက် ယုံကြည်မိခဲ့သည်ဟု ပြောသည်။
“ညီမတို့တွေကလည်း ဒီလောက်ထိ မျက်စိစုံမှိတ်ပြီး ကိုယ့်ကိုလာမိတ်ဆက်တာနဲ့ ရော့အင့်ဆိုပြီး ရင်းတဲ့သူတွေထဲမှာမပါပါဘူး။ သူတို့က အလှူလုပ်တာဆိုရင် သူတို့ သိန်း၄၀ကုန်တယ်ဆိုတာနဲ့ ဆယ်လီတွေကလည်း နာမည်တစ်လုံးနဲ့ ရပ်တည်နေတာပေါ့ ကြော်ငြာခရတဲ့ ငွေပမာဏလေးနဲ့ သူတို့နာမည်အပျက်ခံပြီး မကြော်ငြာပါဘူးလို့လဲ ပြောတယ်။ ပြီးတော့ လုပ်ငန်းတရားဝင်လိုင်စင်ကော ပြပေးတာနဲ့ ရုံးခန်းလည်းရှိတယ်။ အဲ့မှာလည်း သွားပြီး လေ့လာကြည့်လို့ရတယ်ပေါ့။ အဲ့လိုအချက်တွေကြောင့် အမှန်တကယ်ပါလို့ ယုံကြည်မိပြီး အစမှာတော့ ငွေလည်းတကယ်ထုတ်လို့ရတာဆိုတော့ ပိုပြီးစိတ်ချမိတယ်”ဟု မသဲသဲက ပြောသည်။
မသဲသဲသည် အစပိုင်းအနေအထားတွင် ငွေထုတ်ရခဲ့သည့်အတွက် ပိုမိုစိတ်ချယုံကြည်မိပြီး အဆင့်ရာထူးတက်ရန်အတွက် ငွေများမထုတ်ယူတော့ဘဲ အကောင့်ထဲတွင် ဆက်လက်သိမ်းထားခဲ့ပြီး တခြားသူများဆီကပါ ငွေများချေးယူ၍ ထပ်မံ ငွေထည့်သွင်းခဲ့သည်။ ဆယ်လီများက ကြော်ငြာပေးမှုများကြောင့် သူမအပြင် သူမနှင့် ဆက်စပ်သူများသည်လည်း ပိုမိုယုံကြည်ပြီး ပါဝင်ဖြစ်ခဲ့သည်ဟုလည်း မသဲသဲက ပြောသည်။
ဆယ်လီဖူးပွင့်ခိုင်ကတော့ Exxon Filmမှ မဟုတ်တာတွေ လုပ်နေသည်ကို သိရှိခဲ့သည့်အတွက် သူမအနေဖြင့် ကုမ္ပဏီနှင့် ပြဿနာတက်ခဲ့ပြီး နောက်ထပ် ကြော်ငြာရန် ထပ်လာမငှားဖို့ ပြောဆိုခဲ့ကြောင်းနှင့် ကြော်ငြာခ ရရှိငွေ သိန်း၂၀ကိုလည်း SIV AIDS မိဘမဲ့ဂေဟာတွင် သွားရောက်လှူဒါန်းခဲ့ပြီး ကိုယ်တိုင် သုံးစွဲမှု မပြုခဲ့ကြောင်း ၂၀၂၃ မတ်၁၉ရက်က ၎င်းလူမှုကွန်ရက်တွင် Exxon Filmနှင့် ပတ်သက်၍ ရေးသားခဲ့သည်ကို တွေ့ရသည်။
သို့သော် Exxon Film လိမ်လည်မှုပြုလုပ်ပြီး ရက်၂၀ကျော်မှ အဆိုပါစာကိုရေးသားခဲ့ခြင်းဖြစ်ပြီး ရေးသားပြီး အချိန်ပိုင်းအတွင်း အဆိုပါရေးသားမှုကိုလည်း ပြန်လည်ဖျက်သွားခဲ့သည်။
ဆယ်လီ လမင်းကဗျာသည်လည်း ၂၀၂၂ခုနှစ်ဒီဇင်ဘာ၂၃တွင် Exxon Film ကြော်ငြာကို ၎င်းအသုံးပြုနေသည့် လူမှုကွန်ရက်စာမျက်နှာတွင် တင်ထားခဲ့ပြီး လိမ်လည်မှုများဖြစ်ပွားပြီးချိန်တွင် အဆိုပါကြော်ငြာကို ပြန်ဖြုတ်ထားခဲ့သည်ကိုတွေ့ရသည်။ လမင်းကဗျာကို Exxon Film ကြော်ငြာကိစ္စနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပထမတကြိမ်တွင် မအားသေးကြောင်း ပြော၍ ဒုတိယအကြိမ် ဆက်သွယ်ရာတွင် ဖြေကြားမှု မလုပ်နိုင်ကြောင်း ပြောသည်။
အွန်လိုင်းအက်ပလီကေးရှင်း ကြော်ငြာပေးသူတွေကို အရေးယူနိုင်သလား
အဆိုပါ အွန်လိုင်းအက်ပလီကေးရှင်းကိုကြော်ငြာပေးသူများသည်လည်း ဆက်သွယ်ရေးဥပဒေနဲ့ ငြိစွန်းနေပြီး နစ်နာသူများအနေဖြင့် သက်သေအချက်အလက်များဖြင့် တိုင်ချက်ဖွင့်နိုင်သည်ဟု အထက်တန်း ရှေ့နေတစ်ဦးက ဆိုသည်။

👍7😁2
“သူတို့ကလည်း ကြော်ငြာတဲ့အနေနဲ့ပါဝင်ထားတာမို့ ဆက်သွယ်ရေးဥပဒေနဲ့ ငြိနေပါတယ်။ လိမ်တာကိုသိခဲ့တယ်၊ မသိဘူးဆိုတာကတော့ တရားရုံးမှာပဲ ဖြေရှင်းရမှာပါ။ သူတို့ပါဝင်ကြော်ငြာထားတဲ့အချက်အလက်တွေကို ပြသပြီး တိုင်ချက်ဖွင့်လို့ရပါတယ်”ဟု Exxon Filmတွင် ပါဝင်ကြော်ငြာပေးသူများနှင့် ပတ်သက်၍ အထက်တန်းရှေ့နေက ယခုလိုပြောပြသည်။
ဆက်သွယ်ရေးဥပဒေ ပုဒ်မ (၆၆) (ဂ) တွင် ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ငွေကြေးနှင့်ပစ္စည်းတစ်ရပ်ရပ်ကို ခိုးယူခြင်း၊ လိမ်လည်ခြင်း ၊အလွဲသုံးစား ပြုခြင်း သို့မဟုတ် ပျက်စီးစေခြင်းများ ဟု ဖော်ပြထားပြီး အဆိုပါပုဒ်မအတွက် သုံးနှစ်ထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ ငွေဒဏ်ဖြစ်စေ ငွေဒဏ်နှင့်ထောင်ဒဏ်နှစ်ခုလုံးဖြစ်စေချမှတ်နိုင်သည်ဟုဖော်ပြထားသည်။
ထို့အပြင် ရုပ်ရှင်ပိုင်းမှ လူများကို အသုံးချ၍ ကြော်ငြာများ လုပ်ဆောင်လာခြင်းကို ယခုနှစ်ပိုင်းမှ စတင်လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဆင့်ပွားစေ◌ျးကွက်ဖြန့်ချိရေးလုပ်ငန်း MLM စနစ်ကို ဆန့်ကျင်တိုက်ဖျက်သူတစ်ဦးဖြစ်သည့် ကိုဇင်ဇေလွင်က သုံးသပ်သည်။
“ရုပ်ရှင်ပိုင်းက လူတွေ ထုတ်သုံးတာက ဒီနှစ်ပိုင်းမှ ဖြစ်လာတာ။ အရင်ကတော့ လူလိမ်တွေပဲ သူတို့ဘာသူတို့ရအောင် လိမ်သွားကြတာ။ ဒီလိုလူတွေက ဝင်ပြီး ကြော်ငြာပေးရင် ပိုပြီး စိတ်ဝင်စားကြတာကတော့ ဟိုးအရင် အွန်လိုင်းအခြေပြုမဟုတ်ဘဲ တီဗီကြော်ငြာတွေနဲ့တောင် လိမ်သွားတာမျိုး ရှိခဲ့ဖူးတယ်လေ။ ရှယ်ယာလုပ်ငန်းဘာညာဆိုတာပေါ့ ။အဲ့တော့ အဲ့သဘောက ရှိပြီးသား၊ သူတို့က အဲ့သဘောကို ပြန်သုံးတဲ့ပုံစံပါပဲ။ ပုဂ္ဂိုလ်ခင်ရင် တရားမင်တယ်လေ သူတို့သဘောကျပြီးသားလူတွေ ပြောလိုက်ရင် ပိုပြီး ယုံကြတာမျိုးလည်းရှိတာကိုး”ဟု ကိုဇင်ဇေလွင်က သုံးသပ်ပြောသည်။
၎င်းတို့ကြော်ငြာပေးခဲ့သည့် အက်ပလီကေးရှင်းမှ လိမ်လည်မှုဖြစ်ပွားခဲ့သည့်အခြေအနေကိုသိရှိပြီးသည့်နောက် ကြော်ငြာပေးခဲ့သည့် ဆယ်လီများသည် ပြည်သူလူထုကို အတိအလင်း တောင်းပန်ရန် လိုအပ်သည်ဟု ကိုဇင်ဇေလွင်က ဆက်လက် ပြောသည်။
Exxon Film Inverstment သည် ရုပ်ရှင်ပိုင်းမှ လူများထုတ်သုံးခြင်း ၊ အလှူအတန်းလုပ်ပြခြင်းများအပြင် ၎င်းတို့အကြောင်းကိုမိတ်ဆက်ရာတွင် အသုံးပြုသည့် အခြားနည်းလမ်းတစ်ခုမှာ မြန်မာနိုင်ငံတွင်ရန်ကုန်ရုံးအနေဖြင့် တရားဝင် ရုံးအထိုင်ရှိသည်ကိုအဓိကထား ပြောဆိုခြင်းဖြစ်သည်။
ထို့အပြင် Exxon Film Inverstment မြန်မာနိုင်ငံ ရန်ကုန်ရုံးခွဲဟု ၎င်းတို့ပြောဆိုသုံးနှုန်းနေသော လှိုင်သာယာ FMI အိမ်ရာရုံးတွင် အထွေထွေ မန်နေဂျာအဖြစ် မအိအိကို ခန့်အပ်ထားသည်။ မအိအိနှင့် ဆက်သွယ်မေးမြန်းရာတွင် သူသည်လည်း Exxon Film တွင်အဖွဲ့ဝင်အဖြစ် ပါဝင်နေသူတစ်ဦးဖြစ်ပြီး သူဌေးနဲ့ တယ်လီဂရမ်အကောင့်မှသာ ဆက်သွယ်စကားပြောဆိုခဲ့ခြင်းဖြစ်သောကြောင့် သူဌေးမည်သူမည်ဝါမှန်း သိရှိခြင်းမရှိကြောင်း ပြောသည်။ အဆိုပါရုံးတွင်လည်း အလှူအတန်းလုပ်ရန်ကိစ္စတစ်ခုတည်းအတွက်သာ အချိန်ပိုင်းအလုပ်လုပ်သည်ဟုပြောသော်လည်း ၎င်း၏လက်အောက်တွင် အလုပ်လုပ်ကိုင်ရန် Exxon Filmတွင် ရှိနေသော အဖွဲ့ဝင် ခုနစ်ဦးကိုပင် ၎င်းကိုယ်တိုင် အလုပ်ခန့်ထားခဲ့သည်။ မားကတ်တင်းဝန်ထမ်း ငါးဦး၊ စာရင်းကိုင်တစ်ဦးနှင့် အထွေထွေဝန်ထမ်းတစ်ဦးကို မအိအိကိုယ်တိုင် ခန့်အပ်ထားသော်လည်း သူကိုယ်တိုင်က Exxon Film Inverstmentတွင် အလှူအတန်းများ ဓာတ်ပုံရိုက်ရန် ကူညီရသူတစ်ဦးအဆင့်သာ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
လိမ်လည်မည့်လုပ်ငန်းတစ်ခုဖြစ်မှန်း မသိခဲ့ကြောင်း ပြော၍ ၎င်းအာမခံ၍ ထည့်သွင်းပေးထားသော အဖွဲ့ဝင်များကို လည်း ယခုလိမ်လည်မှုဖြစ်ပြီးနောက် လျော်ကြေးများသူကိုယ်တိုင် ပြန်လည်ပေးအပ်သည်ဟုဆိုသည်။သို့သော် မအိအိသည်လည်း Exxon Film မပေါ်ပေါက်မီ JOOM အက်ပလီကေးရှင်းတွင် ကိုဝင်းဇော်လွင်ကဲ့သို့ပင် ပါဝင်ခဲ့ဖူးသူတစ်ဦး ဖြစ်သည်။ ယခု Exxon Film တွင် မန်နေဂျာအဖြစ် တာဝန်ယူထားသော်လည်း သူ့အနေဖြင့် လိမ်လည်မှုနှင့် သက်ဆိုင်ခြင်းမရှိဘဲ တရားဥပဒေအရ အပြစ်ရှိသည်ဟုလည်း မယူဆကြောင်းပြောသည်။
“ အစ်မက Inverstment ပိုင်းက မဟုတ်ဘူး။ အလုပ်ခေါ်ကတည်းက အလှူတွေလုပ်ရင်ကူပေးဖို့ပဲပြောထားတာ။ ငွေအသွင်းတွေအထုတ်တွေကိုင်တာမဟုတ်လို့ တာဝန်ရှိတယ်လို့ မထင်ဘူး။ အစ်မ အာမခံပေးပြီး အဖွဲ့ထဲထည့်ပေးမိတဲ့သူတွေကိုတော့ ငွေတွေ ပြန်လျော်ပေးရတာရှိတယ်။ ဒီမှာက အလှူကိစ္စတွေမှာ ဓာတ်ပုံရိုက်ပေးတာနဲ့ မန်နေဂျာအနေနဲ့ မျက်နှာသွားပြ တွေ့ပေးရတာရှိတယ်။ ပြည်တို့ မြန်အောင်တို့ဘက်က အဖွဲ့ဝင်တွေက ဒီအက်ပလီကေးရှင်းအကြောင်း ရှင်းပြပေးဖို့ ခေါ်ရင် သွားပေးရတယ်။ ဒါကလည်း အလုပ်ဝင်ပြီးသုံးကြိမ်လောက်ပဲ သွားတွေ့ခဲ့ရတာ “ဟု Exxon Film Inverstmentဧ အထွေထွေမန်နေဂျာ မအိအိက အဆိုပါရုံးတွင် သူလုပ်ဆောင်ခဲ့ရသည်များကိုပြောပြသည်။
သို့သော် အဆိုပါ အက်ပလီကေးရှင်း အသက်ဝင်ဖြစ်မြောက်ရန်အတွက် ပူးပေါင်းကြံစည်သူသည်လည်း ဆက်သွယ်ရေးဥပဒေနှင့် လိမ်လည်မှုဥပဒေ ပုဒ်မ (၄၂၀)တွင် အကျုံးဝင်နေသည်ဟု အထက်တန်းရှေ့နေတစ်ဦးက ယင်းကိစ္စနှင့် ပတ်သက်ပြီး မှတ်ချက်ပြုသည်။
လိမ်လည်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၂၀ သည် အမြင့်ဆုံးထောင်ဒဏ် ခုနစ်နှစ်အထိချမှတ်နိုင်ပြီး ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်ခုလုံးလည်း ချမှတ်နိုင်ကြောင်း သိရသည်။

👍6😁2