Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​မဏိပူရပြည်နယ်တွင် မြန်မာနိုင်ငံသား ကလေးငယ်များအပါဝင် ရက်ကန်းအလုပ်သမား ၂၃ဦး အဖမ်းခံရ
=====================

ပါခွီး
(မဇ္စျိမ) ။ ။ အိန္ဒိယနိုင်ငံ ၊ မဏိပူရပြည်နယ် ၊ ကျုရမ်ကျာလ်ပူခရိုင် လန်မ်ကားမြို့တွင် မြန်မာနိုင်ငံသား ရက်ကန်းအလုပ်သမားများနှင့် ၎င်းတို့၏ ကလေးများအပါ အဝင် ၂၃ဦး အဖမ်းဆီးခံရကြောင်းသိရသည်။

ဧပြီလ ၆ရက် မွန်းလွဲ ၁နာရီခန့်အချိန် လန်မ်ကားမြို့ ကွန်ပွီရပ်ကွက်တွင် ကား သုံးစီးဖြင့် အင်အား ၄၀ခန့်ပါဝင်သော ပြည်နယ်ရဲတပ်ဖွဲ့ဝင်များသည် ရက်ကန်း လုပ်ငန်းခွင် နှစ်ခုတွင် ရှောင်တခင်ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံလိုက်ရသူများတွင် အမျိုးသား ခြောက်ဦး ၊ အမျိုးသမီး ၁၁ဦးနှင့် ကလေး ခြောက်ယောက်ပါဝင်ပြီး စုစုပေါင်း ၂၃ဦးဖြစ်ကြောင်းသိရသည်။

“ဝင်ဖမ်းသွားတာကို တွေ့လိုက်ရတယ် ၊ သူတို့ကို အရင်တုန်းက မြန်မာရက်ကန်းသမားတွေ ထိန်းသိမ်းထားတဲ့နေရာမှာ ထားတယ် ၊ အဲဒီနောက် သူတို့ပြင်ဆင်ထားတဲ့ Refugee Camp (ဒုက္ခသည်စခန်း) မှာထားမယ်လို့သိရတယ်” ဟု ဖမ်းဆီးသည့် နေရာအနီးရှိ မျက်မြင်တွေ့ရှိသူတစ်ဦးက မဇ္စျိမ ကိုပြောသည်။

ယခုဖမ်းဆီးထားသော မြန်မာနိုင်ငံသားများကို ဧပြီလ ၁၁ရက်နေ့တွင် လန်မ်ကား မြို့အနီးရှိ ယခင်သင်တန်းကျောင်းဟောင်း တစ်နေရာတွင်ထားရှိရန် အဆောင် လေးဆောင်အား ပြင်ဆင်ထားပြီးဖြစ်ကြောင်း ဒေသတွင်း သတင်းစာနှင့် ရုပ်သံများမှ တစ်ဆင့် သိရကြောင်း ဆိုသည်။

ယင်းစခန်းတွင် စားသောက်နေထိုင်ရေးအပြင် ကျန်းမာရေးကိစ္စများကိုပါ တာဝန်ယူ သွားမည်ဖြစ်ကြောင်းသိရသည်။
“အခု စစ်ဘေးရှောင်တွေ နေရာချထားပေးတာရဲ့ နောက်ကွယ်မှာ စစ်ကောင်စီနဲ့ မဏိပူရ အစိုးရအကြား ပူးပေါင်းကြံစည်ထားတာ မဖြစ်ရေးကိုဘဲ လိုလားတောင်းဆိုချင်ပါတယ်” ဟု India For Myanmar လှုပ်ရှားမှုမှ ဆလိုင်းဒိုခါရ် က ပြောသည်။

၎င်းတို့အနေဖြင့် စစ်ဘေးရှောင်စခန်းများဖွင့်လှစ် နေရာချထားခြင်းသည် မဏိပူရ ပြည်နယ်အစိုးရနှင့် စစ်ကောင်စီတို့ ပူးပေါင်းကြံစည်ပြီး မြန်မာနိုင်ငံသားများကို ပြန်လည် လွှဲပြောင်းပေးသည့်အကြံ မဖြစ်ရန်လိုကြောင်းဆိုသည်။

သို့သော် ယခုဖမ်းဆီးမှုတွင် စစ်ဘေးရှောင်စခန်းများသို့ ပို့ဆောင်ပြီး ကောင်းမွန် စွာ စောင့်ရှောက်မည်ဟု ကြားသိထားရသည့်အပေါ်တွင် မှတ်ချက်မပေးလိုကြောင်း ပြောဆိုသည်။

လန်မ်ကားမြို့တွင် မြန်မာနိုင်ငံသား ၂၀၀နီးပါး ဖမ်းဆီးခံခဲ့ရပြီး ယခု မဏိပူရ်မြို့တော် အင်ဖားထောင်တွင် ထိမ်းသိမ်းထားကာ အချို့မှာ နှစ်နှစ်ခန့် ချုပ်နှောင်ခံထားရကြောင်း သိရသည်။

ယခုဖမ်းဆီးသူများနှင့်အတူ အင်ဖားထောင်တွင် လန်မ်ကားမြို့မှ ဖမ်းဆီးထားသူများကိုပါ ယခုဖွင့်လှစ်မည့် စစ်ဘေးရှောင်စခန်းများတွင် ထားရှိမည်ဖြစ်ကြောင်း ဒေသတွင်းသတင်းအရင်းမြစ်များအရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#လန်မ်ကားမြို့
#မြန်မာနိုင်ငံသား
#မီဇိုရမ်ပြည်နယ်
#စစ်ဘေးရှောင်စခန်း
-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥2😢2🤬1
This media is not supported in your browser
VIEW IN TELEGRAM
ထိုင်ဝမ်ခေါင်းဆောင်နဲ့ အမေရိကန်အဆင့်မြင့်အရာရှိတို့
တွေ့ဆုံမှုအပေါ် ပြတ်ပြတ်သားသားတုံ့ပြန်မယ်လို့ တရုတ်ပြော

#InternationalNews #VideoNews #shorts #reels
😁15👍7
​​ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ထောင် ၆ နှစ်ချ
================

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အကြံပေးပု ဂ္ဂိုလ် သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို ဒီကနေ့မှာ မြစ်ကြီးနားထောင်တွင်းတရားရုံးက နေ စစ်ကောင်စီက ထောင်ဒဏ်ခြောက်နှစ် အမိန့်ချ မှတ်လိုက်တယ်လို့ ကနဦးစုံစမ်းသိရှိရပါတယ်။
မဇ္ဈိမသတင်းဌာနအနေနဲ့ အမှုအခြေအနေအသေးစိတ်ကို သိရှိဖော်ပြနိုင်ဖို့အတွက် မြေပြင်သတင်းအဖွဲ့မှ မေး မြန်းနေဆဲဖြစ်ပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွနလကို စစ်ကောင်စီ ရာဇသတ်ကြီး ဥပဒေပုဒ် မ ၅၀၅ (က)၊ မတ ရားအသင်းဆက်သွယ်မှု အက်ဥပ ဒေ ပုဒ်မ-၁၇ (၁)တို့ကိုလည်း ဖေဖော် ဝါရီလ ၂၈ ရက်က စွဲချက်တင် တ ရားစွဲဆိုထားတာပါ။

မတ်လ ၁၄ ရက်နေ့မှာ မြစ်ကြီးနားထောင်တွင်းတရား ရုံးကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) နဲ့ ထပ်တိုးစွဲချက်တင်ခဲ့ခြင်း ဖြစ်တယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၄ ရက်က မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) က ဖမ်းဆီးခဲ့တာပါ။
👍9🤬7🔥2
ကုလလူ့အခွင့်အရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်အဆိုကို စစ်ကောင်စီ ကန့်ကွက်
====================

ကုလလူ့အခွင့်အရေး ကောင်စီရဲ့ “မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ” ခေါင်းစဉ်ပါဆုံး ဖြတ်ချက်အဆိုကို ကန့်ကွက်တယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဌာနက ထုတ်ပြန်လိုက်ပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၅၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကာလ အတွင်း ဥရောပသမဂ္ဂက တင်သွင်းခဲ့သည့် “မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ” ခေါင်းစဉ် ပါဆုံးဖြတ်ချက်အဆိုကို လူ့အခွင့်အရေး ကောင်စီက ဧပြီလ ၄ ရက်တွင် အတည်ပြုချမှတ်ခဲ့တာဖြစ်ပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ အခြေခံမူများဖြစ်သည့် ဘက်မလိုက်ခြင်း၊ သမာသမတ်ကျခြင်း၊ ရွေးချယ်ပစ်မှတ်မထားခြင်းတို့နှင့် ဆန့်ကျင်နေသည့် “မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ” ခေါင်းစဉ်ပါ ဆုံးဖြတ်ချက်အဆိုကို မြန်မာနိုင်ငံက ပြတ်သားစွာ ပယ်ချပြီး ယင်းအဆိုမူကြမ်းကိုချမှတ်ခဲ့ရာတွင် မြန်မာနိုင်ငံက ပါဝင်ပတ်သက်ခြင်းမပြုဘူးလို့ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

အဆိုပါဆွေးနွေးပွဲများတွင် မျှတစွာရပ်တည်ခဲ့ပြီး ဆုံးဖြတ်ချက် အဆိုမူကြမ်းကို အတည်ပြုစဉ် ပါဝင်ပတ်သက်ခဲ့ခြင်းမရှိသောနိုင်ငံများကို အသိအမှတ်ပြုကျေးဇူးတင် တယ်လို့လည်း ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပတဲ့ ကုလ လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက် ဆွေးနွေးပွဲမှာ တရုတ်နိုင်ငံက ပါဝင်ခြင်းမရှိဘူးလို့ တရုတ်သံအမတ်က ပြောဆိုခဲ့ပါတယ်။

နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ မြန်မြန်ဆန်ဆန်ဖြစ်ဖို့၊ သက်ဆိုင်သူအားလုံး ဆွေးနွေးညှိနှိုင်းတဲ့နည်းနဲ့ ဖြေရှင်းဖို့ မျှော်လင့်ကြောင်း၊ ပိတ်ဆို့အရေးယူတဲ့နည်းက ဆန့်ကျင်ဘက်အကျိုးသက်ရောက်မှုကိုပဲ ဖြစ်စေမှာဖြစ်ကြောင်း၊ အခုသဘောတူဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံက အခြေအနေတွေကို ပိုဆိုးရွားစေမယ်လို့ ယူဆတဲ့အတွက် အခုဆုံးဖြတ်ချက်မှာ တရုတ်နိုင်ငံအနေနဲ့ မပါဝင်ဘူးလို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အဲဒီဆုံးဖြတ်ချက်ထဲမှာ အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်တာတွေ၊ အကြမ်းဖက်လုပ်ရပ်တွေကို ထောက်ပြပြီး ရှုတ်ချထားတာပါ။

စစ်တပ်အနေနဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ လေကြောင်းသုံး တိုက်ခိုက်မှုတွေအားလုံးကို ချက်ချင်းရပ်တန့်ဖို့၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် မတရားဖမ်းဆီးခံထားရသူတွေ အားလုံးကိုလည်း ချက်ချင်းလွှတ်ဖို့ တောင်းဆိုထားပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုတွေဆက်ပြီး မလုပ်နိုင်အောင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ မြန်မာစစ်တပ်ကို လက်နက်ပစ္စည်း တရားမဝင်တင်ပို့တာ၊ ရောင်းချတာတွေ မလုပ်ဖို့ လည်း တိုက်တွန်းထားပါတယ်။ တာဝန်ရှိသူတွေကို နိုင်ငံတကာတရားရုံးတွေမှာ အရေးယူနိုင်ဖို့လည်း ပါရှိပါတယ်။

မြန်မာပြည်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူတွေကို နိုင်ငံတကာတရားရုံးတွေဖြစ်တဲ့ ICJ, ICC အပါအဝင် နိုင်ငံတကာနဲ့ ဒေသတွင်းတရားရုံးတွေမှာ အရေးယူနိုင်ရေးအတွက် အားလုံးဝိုင်းဝန်းပြီး ကူညီကြဖို့၊ အဲဒီလို အရေးယူနိုင်ဖို့ အထောက်အထားတွေရှာနေတဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့ IIMM အပါအဝင် ကုလအဖွဲ့တွေအားလုံးကို အချက်အလက် အထောက်အထားတွေ မျှဝေဖို့၊ ကူညီကြဖို့ တိုက်တွန်းထားပါတယ်။

https://youtu.be/Y-0dBuCjxzE

#PolitiecalNews
#VideoNews
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍15😁3❤1🔥1
ရွှေကူမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၏လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်များ မီးလောင်ဆုံးရှုံး
================

(မဇ္ဈိမ)။ ။ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းရှိ တုံးကောက်ရွာနှင့် စီသောင်ရွာတို့အား ယမန်နေ့ ဧပြီလ ၆ရက်တွင် စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ ဗုံးကြဲပစ်ခတ်သဖြင့် လူနေအိမ်များစွာ မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံကသိရသည်။

ယမန်နေ့ ညနေ ၃ နာရီဝန်းကျင်တွင် တစ်ကြိမ်နှင့် ညနေ ၅ နာရီဝန်းကျင်တွင် နှစ်ကြိမ် စုစုပေါင်း သုံးကြိမ် စစ်ကောင်စီတပ်ဖွဲ့က တိုက်လေယာဉ်များဖြင့် ဗုံးကြဲပစ်ခတ်သွားကြောင်း သိရသည်။
ယင်းကျေးရွာများအနီးတစ်ဝိုက်တွင် ကေအိုင်အေ တပ်ရင်း (၁၂)နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကြား စစ်ရေးတင်းမာနေဆဲဖြစ်သည်ဟုလည်း သိရသည်။

မီးလောင်ဆုံးရှုံးသွားသည့် နေအိမ်အရေအတွက် အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်သည်ဟု ရွှေကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

#Mizzima
#ကချင်ပြည်နယ်
#ရွှေကူမြို့နယ်
#စစ်ကောင်စီတပ်
#လေကြောင်းပစ်ခတ်
-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢12🔥2🤬2😡2👍1
ဧပြီလ ( ၇ ) ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=======================

- ကုလလူ့အခွင့်အရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်အဆိုကို စစ်ကောင်စီ ကန့်ကွက်တဲ့သတင်း

- ရန်ကုန် မင်္ဂလာဒုံလေယာဉ်ကွင်း ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရတဲ့သတင်း

- ယူကရိန်းသမ္မတနဲ့ဆွေးနွေးလိုတဲ့ ရှီကျင့်ဖျင်ရဲ့ဆန္ဒကို အီးယူအကြီးအကဲကြိုဆို တဲ့သတင်း

- စစ်ကောင်စီရဲ့ နျူကလီးယားဓာတ်ပေါင်းရုံတည်ဆောက်မှုကို နိုင်ငံတကာအနေဖြင့် အလေးထားစောင့်ကြည့်ဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းတိုက်တွန်းတဲ့သတင်းတွေ အပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေကိုလည်း တင်ဆက်ပေးသွားမှာပါ။

https://youtu.be/egJioUZ4ot8

#2pmnews
#Mizzimanewshour
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8❤2🔥2🍌1
This media is not supported in your browser
VIEW IN TELEGRAM
ယူကရိန်းသမ္မတနဲ့ဆွေးနွေးလိုတဲ့ ရှီကျင့်ဖျင်ရဲ့ဆန္ဒကို
အီးယူအကြီးအကဲ ကြိုဆို

#InternationalNews #VideoNews #shorts #reels
👍8😁2
This media is not supported in your browser
VIEW IN TELEGRAM
April - 7 [2 Pm] Mizzima News Hour

Mizzima Headline News

#2pmnews
#mizzimanewshour
#reels
#shorts
👍10🤮1🍌1
This media is not supported in your browser
VIEW IN TELEGRAM
မန္တလေးမြို့မှ NLD ပါတီရုံးအချို့ကို စစ်အုပ်စုက အရပ်ဝတ်ဖြင့် လိုက်ဖျက်ဆီးနေဟု မြို့ခံအချို့ပြော #Mandalay #NLD #Reels #Shorts
🤬7🔥4
Media is too big
VIEW IN TELEGRAM
ကုလလူ့အခွင့်အရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်အဆိုကို စစ်ကောင်စီ ကန့်ကွက်

Watch more detail - https://youtu.be/Y-0dBuCjxzE

#PoliticalNews #VideoNews #shorts #reels
😁6❤3
စစ်ကောင်စီမှ လူစည်ကားစေရန် ပြင်ဆင်နေသည့်သင်္ကြန်တွင် ပြည်သူများမပါဝင်ကြရန် ပဲခူးတိုင်းအတွင်းမှ PDF များသတိပေး
👍15😁3