Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ရွှေကူမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၏လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်များ မီးလောင်ဆုံးရှုံး
================

(မဇ္ဈိမ)။ ။ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းရှိ တုံးကောက်ရွာနှင့် စီသောင်ရွာတို့အား ယမန်နေ့ ဧပြီလ ၆ရက်တွင် စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ ဗုံးကြဲပစ်ခတ်သဖြင့် လူနေအိမ်များစွာ မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံကသိရသည်။

ယမန်နေ့ ညနေ ၃ နာရီဝန်းကျင်တွင် တစ်ကြိမ်နှင့် ညနေ ၅ နာရီဝန်းကျင်တွင် နှစ်ကြိမ် စုစုပေါင်း သုံးကြိမ် စစ်ကောင်စီတပ်ဖွဲ့က တိုက်လေယာဉ်များဖြင့် ဗုံးကြဲပစ်ခတ်သွားကြောင်း သိရသည်။
ယင်းကျေးရွာများအနီးတစ်ဝိုက်တွင် ကေအိုင်အေ တပ်ရင်း (၁၂)နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကြား စစ်ရေးတင်းမာနေဆဲဖြစ်သည်ဟုလည်း သိရသည်။

မီးလောင်ဆုံးရှုံးသွားသည့် နေအိမ်အရေအတွက် အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်သည်ဟု ရွှေကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

#Mizzima
#ကချင်ပြည်နယ်
#ရွှေကူမြို့နယ်
#စစ်ကောင်စီတပ်
#လေကြောင်းပစ်ခတ်
-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢12🔥2🤬2😡2👍1
ဧပြီလ ( ၇ ) ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=======================

- ကုလလူ့အခွင့်အရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်အဆိုကို စစ်ကောင်စီ ကန့်ကွက်တဲ့သတင်း

- ရန်ကုန် မင်္ဂလာဒုံလေယာဉ်ကွင်း ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရတဲ့သတင်း

- ယူကရိန်းသမ္မတနဲ့ဆွေးနွေးလိုတဲ့ ရှီကျင့်ဖျင်ရဲ့ဆန္ဒကို အီးယူအကြီးအကဲကြိုဆို တဲ့သတင်း

- စစ်ကောင်စီရဲ့ နျူကလီးယားဓာတ်ပေါင်းရုံတည်ဆောက်မှုကို နိုင်ငံတကာအနေဖြင့် အလေးထားစောင့်ကြည့်ဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းတိုက်တွန်းတဲ့သတင်းတွေ အပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေကိုလည်း တင်ဆက်ပေးသွားမှာပါ။

https://youtu.be/egJioUZ4ot8

#2pmnews
#Mizzimanewshour
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8❤2🔥2🍌1
This media is not supported in your browser
VIEW IN TELEGRAM
ယူကရိန်းသမ္မတနဲ့ဆွေးနွေးလိုတဲ့ ရှီကျင့်ဖျင်ရဲ့ဆန္ဒကို
အီးယူအကြီးအကဲ ကြိုဆို

#InternationalNews #VideoNews #shorts #reels
👍8😁2
This media is not supported in your browser
VIEW IN TELEGRAM
April - 7 [2 Pm] Mizzima News Hour

Mizzima Headline News

#2pmnews
#mizzimanewshour
#reels
#shorts
👍10🤮1🍌1
This media is not supported in your browser
VIEW IN TELEGRAM
မန္တလေးမြို့မှ NLD ပါတီရုံးအချို့ကို စစ်အုပ်စုက အရပ်ဝတ်ဖြင့် လိုက်ဖျက်ဆီးနေဟု မြို့ခံအချို့ပြော #Mandalay #NLD #Reels #Shorts
🤬7🔥4
Media is too big
VIEW IN TELEGRAM
ကုလလူ့အခွင့်အရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်အဆိုကို စစ်ကောင်စီ ကန့်ကွက်

Watch more detail - https://youtu.be/Y-0dBuCjxzE

#PoliticalNews #VideoNews #shorts #reels
😁6❤3
စစ်ကောင်စီမှ လူစည်ကားစေရန် ပြင်ဆင်နေသည့်သင်္ကြန်တွင် ပြည်သူများမပါဝင်ကြရန် ပဲခူးတိုင်းအတွင်းမှ PDF များသတိပေး
👍15😁3
စစ်ကောင်စီမှ လူစည်ကားစေရန် ပြင်ဆင်နေသည့်သင်္ကြန်တွင် ပြည်သူများမပါဝင်ကြရန် ပဲခူးတိုင်းအတွင်းမှ PDF များသတိပေး
===================

ရွှေနွယ်
(မဇ္ဈိမ)။ ။ ပဲခူးတိုင်းအနောက်ခြမ်းရှိ မြို့နယ်များတွင် စစ်ကောင်စီမှ သင်္ကြန်ပွဲတော် စည်ကားစေရန် ပုံစံမျိုးစုံဖြင့် ကြိုးပမ်းနေပြီး၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှလည်း ပြည်သူများအနေဖြင့် စစ်ကောင်စီမှ လူစည်ကားစေရန်ပြုလုပ်နေသော သင်္ကြန်ပွဲတွင်မပါဝင်ကြဘဲ တော်လှန်သင်္ကြန်တွင်သာ ပူးပေါင်းပေးကြရန် မေတ္တာရပ်ခံသတိပေးထားကြသည်။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင် ပေါင်းတည်မြို့နယ်တွင် စစ်ကောင်စီမှ ၎င်းတို့ပြုလုပ်မည့် သင်္ကြန်ပွဲအားလူစည်ကားစေရန် မဲလက်မှတ်များရောင်းချနေသည်ဟု ဒေသခံများမှ မဇ္ဈိမကိုပြောသည်။

ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဦးဆောင်ကာ အုပ်ချုပ်ရေးမှူးများအား ရောင်းခိုင်းနေခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးမှပြောသည်။

"ဆိုင်ကယ်၊ ရေခဲသေတ္တာ၊ ပန်ကာတွေ ဘာတွေပါတယ်ကြားတယ်၊ သင်္ကြန်မဏ္ဍပ်မှာ ဖောက်ပေးမှာပြောတယ်၊ လူစည်အောင် လုပ်နေတာပေါ့ဗျာ” ဟုဒေသခံမှပြောသည်။

ထိုကဲ့သို့ စစ်ကောင်စီမှ သင်္ကြန်ပွဲလူစည်ကားစေရန် ကြိုးပမ်းနေသော်လည်း ပြည်သူများမှ စစ်ကောင်စီ၏သင်္ကြန်တွင် မဆင်နွှဲကြရန်နှင့် တော်လှန်သင်္ကြန်တွင် ပူးပေါင်းပါဝင်ပေးကြရန် ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF မှ သတိပေးသည်။

"သူတို့ဘက်ကတော့ စည်ကားအောင်ပုံစံမျိုးစုံနဲ့လုပ်နေတာပါ၊ ကျွန်တော်တို့ကလည်း ကိုယ်လုပ်စရာရှိတာကိုလုပ်မှာပါ၊ ဒါပေမယ့် ပြည်သူသာအဓိကဖြစ်တာကြောင့် ကျွန်တော်တို့အနေနဲ့ ပြည်သူတွေကိုလည်း မထိခိုက်စေလိုတဲ့အတွက် အကောင်းဆုံး အတတ်နိုင်ဆုံး မထိခိုက်အောင်ဆောင်ရွက်မှာပါ၊ ဒါပေမယ့် ဒီကောင်တွေရှိတဲ့နေရာမှာ ပျော်ရွှင်ကခုန်နေကြတဲ့အများစုက သူတို့ဘက်ခြမ်းက လူတွေပဲဖြစ်မယ်လို့ ယူဆပါတယ်၊ အဓိကထားပြောချင်တာကတော့ ပြည်သူတွေအနေနဲ့ သင်္ကြန်မဏ္ဍပ်တွေကိုမသွားကြဖို့ပါပဲ" ဟု Paungde People Defence Force-PPDF တာဝန်ရှိသူမှ မဇ္ဈိမကိုပြောသည်။

အလားတူ နတ်တလင်းမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှလည်း ယခုကာလမှာ အာဏာလုစစ်တပ်အား အမြစ်ပြုတ်တိုက်ထုတ်နေသည့် တော်လှန်ရေးကာလဖြစ်သောကြောင့် ဒေသအသီးသီးမှ စစ်ရှောင်ပြည်သူများအားငဲ့ညှာစာနာသောအနေဖြင့် ပျော်ပွဲရွှင်ပွဲများတွင် မပါဝင်ကြရန် တိုက်တွန်းထားသည်။

"သင်္ကြန်နဲ့ပတ်သက်လို့ကတော့ အနောက်ခြမ်းမြို့တွေမှာ စီစဉ်နေကြပြီပေါ့။ သဘောက ထုံးစံအတိုင်း သီဆိုကခုန်မယ်၊ မူးရူးခွင့်ပေးမယ်။ ကျွန်တော်တို့ မြို့က တော်လှန်ပြည်သူတို့ကိုပြောချင်တာက အားလုံးကျန်းမာကြပါစေ၊ ပျော်ရွှင်မှုဆိုတာ လိုအပ်ပါတယ်။
ဒါပေမဲ့ ဒီကာလမှာ အသိတရားနဲ့ကပ်ရတာပေါ့။ ဒါမှ တရားမျှတတဲ့ ပျော်ရွှင်မှုဖြစ်ပါလိမ့်မယ်။ ခင်ဗျားတို့ရဲ့ သားသမီးတွေရဲ့ အနာဂတ်က ဒီကနေ့ခင်ဗျားတို့ လှမ်းနေတဲ့ခြေလှမ်းတွေပါပဲ" ဟု နတ်တလင်းမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြောသည်။

စိမ်းလန်းတဲ့နေ့တွေမှာ ကျင်းပခွင့်ရမယ့် ရေသဘင်ပွဲတွေအတွက် မင်းအောင်လှိုင်အပြီးတိုင် မကျရှုံးသရွေ့ တိတ်ဆိတ်ခြင်းနှင့်သာပျော်ပေးကြပါဟု လည်းဆိုသည်။

ပြည်မြို့နယ်တွင်လည်း ဗိုလ်ချုပ်ကျောက်ရုပ်အနီးရှိ ညစျေးထိပ်တွင် ပိတ်ကာ မဏ္ဍပ်ကြီးတစ်ခုဆောက်လုပ်နေကြောင်း ဒေသခံတစ်ဦးမှ ပြောသည်။

"အရင်က ပန်းခြံရှေ့မှာ ဗဟိုမဏ္ဍပ်ဆောက်နေကျလေ၊ အခုအဲ့မှာ ဘာမှမတွေ့ဘူး၊ အရင်ညစျေးထိပ်မှာ ပိတ်ဆောက်နေတာတော့တွေ့တယ်၊ အရင်က လမ်းမတော်တစ်လျှောက်က နာမည်ကြီးမဏ္ဍပ်တွေလည်း ဆောက်တာမတွေ့ရပါဘူး၊ သူတို့ဆောက်နေတဲ့ဟာ အဲ့တစ်ခုပဲတွေ့တယ်” ဟု ပြောသည်။

ပဲခူးတိုင်းအနောက်ခြမ်းရှိ အခြားမြို့နယ်များတွင် စစ်ကောင်စီမှ သင်္ကြန်စည်ကားစေရန်ပြင်ဆင်နေသော်လည်း ပြည်သူများမှာ ပါဝင်ဆင်နွှဲရန် သိပ်မမြင်မိကြောင်း ဒေသခံများမှပြောသည်။
"ကျွန်တော်တို့မြို့မှာ ခုချိန်ထိ သင်္ကြန်သီချင်းဖွင့်သံတောင် သိပ်မကြားရပါဘူး၊ ဘယ်သူမှလည်း သင်္ကြန်နွှဲဖို့ ပြင်နေတာမတွေ့မိဘူး၊ ရေပြွတ်ပန်းကုန်းရောင်းတာတောင် မတွေ့မိဘူး၊ သူတို့ဘက်ကတော့ ယိမ်းအကအတွက် လူစုနေတယ်ကြားတယ်" ဟု ကြို့ပင်ကောက်မြို့ဒေသခံတစ်ဦးမှပြောသည်။

ပဲခူးတိုင်းအနောက်ခြမ်းရှိ ရွှေတောင်မြို့နယ်၊ ဥသျှစ်ပင်မြို့နယ်တို့အပါအဝင် အခြားသောမြို့နယ်များတွင်လည်း ထွေအုပ်ရုံးမှဦးစီးကာ မြို့နယ်မဏ္ဍပ်များတည်ဆောက်နေကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#သင်္ကြန်ပွဲတော်
#ပေါင်းတည်မြို့နယ်
#ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ
#ပဲခူးတိုင်း
-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19😁1🥴1
​​ထိုင်းတွင် မလေးရှားသို့ သွားရောက်မည့် ရိုဟင်ဂျာ ၉၆ ဦးကို ဖမ်းဆီးရမိ 
=======================

ထိုင်းနိုင်ငံ ကန်ချာနာဘူရီပြည်နယ် မောင်းခရိုင်တွင် နိုင်ငံတွင်း တရားမဝင် ဝင်ရောက်သည့် ရိုဟင်ဂျာ ၉၆ ဦးကို ဗုဒ္ဓဟူးနေ့နှောင်းပိုင်း၌ ဖမ်းဆီးရမိသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍5🔥2👏1
This media is not supported in your browser
VIEW IN TELEGRAM
အရှေ့အလယ်ပိုင်း လုံခြုံရေးနဲ့တည်ငြိမ်ရေးအတွက်
ပူးပေါင်းလုပ်ဆောင်ဖို့ အီရန်နဲ့ဆော်ဒီကတိပြု

#InternationalNews #VideoNews #shorts #reels
👍3❤2🔥1
စဉ့်ကူးမှာ စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ
================

MTO(မဇ္ဈိမ)။ ။ မန္တလေးတိုင်း စဉ့်ကူမြို့နယ် လက်ပံလှကျေးရွာ ပင်လည်ကြီးဂိတ်မှ နွယ်ရုံ ဘက်သို့ ထွက်လာသည့် စစ်ကောင်စီတပ်၏ ယာဉ် သုံးစီးပါယာဉ်တန်းကို ဧပြီလ ၆ ရက်နေ့တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက် သေဆုံးမှုများ ရှိနိုင်ကြောင်း Bo Lin Yone အဖွဲ့ မှ သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်သားများကို တင်ဆောင်မောင်းနှင်လာသည့် ၁၀ ဘီးကား သုံးစီးအနက် တစ်စီးအား ကံပျိုကျေးရွာနှင့် ပျဉ်းပင်ကျေးရွာအကြားတွင် ပဒေသာမိုင်း ၁၀ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Bo Linn Yone အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုအခြေအနေကတော့ အတည်ပြုနေတုန်းပါ” ဟု ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရပြီးနောက် နွယ်ရုံရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တိုက်ခိုက်ခံလိုက်ရသည့် နေရာသို့ ရောက်ရှိလာပြီးနောက် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း Bo Linn Yone အဖွဲ့ ကတာ ဝန်ရှိသူတစ်ဦးက ပြောသည်။

Bo Linn Yone အဖွဲ့ သည် ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့ကလည်း ကချင်ပြည်နယ်ဘက်မှ မန္တလေးသို့ ကျောက်စိမ်းများတင်ဆောင်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို လုံခြုံရေးယူပေးပြီး ပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ ဝင် ငါးဦးသေဆုံးခဲ့သည်။

https://youtu.be/aI6GqyaPpR4

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#စဉ့်ကူမြို့နယ်
#စစ်ကောင်စီတပ်သား
#လက်ပံလှကျေးရွာ
#မိုင်းဆွဲ

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍18😁2👏1
မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးအား နှစ်ပတ်ကြာ ဖြတ်သန်းသွားလာခြင်းမပြုရန် ကြေညာ
=========================

တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေတာကြောင့် မြဝတီ- ကော့ကရိတ်အာရှလမ်းမကြီးမှာ ပြည်သူလူထုတွေအနေနဲ့ ဧပြီ ၇ ရက် ဒီကနေ့မနက် စတင်ပြီးဖြတ်သန်းသွားတာမလုပ်ကြဖို့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေက ပူးတွဲထုတ်ပြန် အသိပေးကြေညာလိုက်ပါတယ်။

အဆိုပါ ပူးတွဲ အမိန့်ထုတ်ပြန်ချက်မှာ ကော်ဘရာ စစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်း၊ Lion Battalion၊ KNU/KNLA(PC) တပ်ရင်းမှူး၊ KNU/KNLA(PC) ဗျူဟာမှူး၊ ကျားသစ်နက်စစ်ကြောင်း၊ ဒေါနစစ်ကြောင်း၊ ဂဠုန်စစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း၊ တောင်ပိုင်းစစ်ဒေသ စစ်ဒေသခွဲအမှတ်(၃)တို့ ပါဝင်ပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်နဲ့ မြဝတီမြို့နယ် အာရှလမ်းမကြီးတလျှောက် စစ်ကောင်စီတပ်၊BGF ပူးပေါင်းတပ်တွေနဲ့ ကေအန်ယူလက်အောက်ခံ မဟာမိတ်တပ်ပေါင်းစုတွေအကြား ဧပြီ ၅ ရက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ အဆိုပါတိုက်ပွဲတွေမှာ ထိခိုက်သေဆုံးသူတွေများနေတာကြောင့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကတဆင့် အရပ်သားပြည်သူတွေရဲ့ ကားတွေကို အသုံးပြုပြီး လူအင်အား၊ လက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေ ပို့ဆောင်နေတယ်လို့ တော်လှန်ရေးပူးပေါင်းအဖွဲ့က ဆိုပါတယ်။

ဒါကြောင့် အရပ်သားပြည်သူလူထုတွေအနေနဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို ဧပြီ ၇ ရက်မှ ၂၁ ရက်အထိ လုံးဝ ဖြတ်သန်းသွားလာတာမလုပ်ဖို့ မြေပြင်ပူပေါင်းစစ်ကြောင်းတွေရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ဒီအမိန့်ကို ပူးတွဲထုတ်ပြန်လိုက်တယ်လို့ ဆိုပါတယ်။

အခုရက်တွေအတွင်း မြဝတီမြို့နယ် ရွှေကုက္ကိုလ်ဒေသ တိုက်ပွဲတွေကြောင့် နယ်စပ်ကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဘက်ကို မြန်မာစစ်ဘေးရှောင်တွေဟာ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင် ခိုလှုံနေရပြီး ထိုင်းအာဏာပိုင်တွေက အရေးပေါ်ကူညီ စောင့်ရှောက်ထားပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုဒေသမှာ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့တာကြောင့် နယ်စပ်သောင်ရင်းမြစ်ကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဘက်မှာ ထွက်ပြေးခိုလှုံလာတဲ့ မြန်မာ စစ်ဘေးဒုက္ခသည်ပေါင်း ၆၀၀၀ အထိ ရှိလာပြီလို့ ထိုင်းအာဏာပိုင်တွေထံက သိရပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေကို ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာတွေက အဝတ်အစား၊ ပဲနို့၊ ထမင်းဘူးနဲ့ ရေသန့်ကတ်တွေကို တက်နိုင်သလောက် စုပေါင်းကူညီပေးနေရတယ်လို့ သိရပါတယ်။

ဆေးဝါး၊ ရေနှင့် စားနပ်ရိက္ခာအပါအဝင် အသုံးအဆောင်ပစ္စည်းများ အရေးပေါ် လိုအပ်နေကြောင်း စစ်ဘေးရှောင်များအား သွားရောက်ကူညီပေးနေသူများထံက သိရပါတယ်။

လက်ရှိအခြေအနေအရ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာနိုင်ဖွယ် ရှိနေပြီး စစ်ဘေးရှောင်များ ယခုထက်ပိုမို များပြားလာမည်ကို စိတ်ပူမိကြောင်း စစ်ဘေးရှောင်များကို သွားရောက် ကူညီပေးနေသူများက သုံးသပ်ပြောကြားထားပါတယ်။

https://youtu.be/1_jTf52QVdQ


#PolitiecalNews
#videonews
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍14🔥1😁1