Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဧပြီလ ၇ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥3👍1
This media is not supported in your browser
VIEW IN TELEGRAM
အစ္စရေးကိုဒုံးကျည်နဲ့ပစ်ခတ်ပြီးတဲ့နောက် လက်ဘနွန်မှာရှိတဲ့
ကုလတပ်ဖွဲ့ဝင်တွေက ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ဖို့ တိုက်တွန်းခဲ့

#InternationalNews #VideoNews #shorts #reels
😁3👍2🔥2
​​မင်္ဂလာဒုံလေတပ်အား ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်
======================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ မင်္ဂလာဒုံလေတပ်အား ရှော့တိုက်ဒုံး ခုနစ်လုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း တိုက်ခိုက်မှုပြုလုပ်သည့် အဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါတိုက်ခိုက်မှုကို BWM ၏ ပံ့ပိုးမှုဖြင့် Liberty Thunder နှင့် Anonymous mission team Alpha နှစ်ဖွဲ့ပူးပေါင်းကာ ယမန်နေ့ မတ်လ ၆ ရက် ည ၉ နာရီ ၁၆ မိနစ်က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

“အဖွဲ့နာမည်တွေဖတ်ကြည့်တော့ အဖွဲ့တွေက အသစ်ဖြစ်နိုင်တယ်။ ဖေ့ဘွတ်ပေ့ချ်တောင် မတွေ့ရသေးဘူး။ ဒီစာထွက်လာတာက အဖွဲ့အချင်းချင်း လက်ဆင့်ကမ်းလို့ဖြစ်စေ၊ သူတို့ချိတ်ဆက်ထားတဲ့ မီဒီယာဆီကို သတင်းပေးပို့မှုကြောင့်ဖြစ်စေ ထုတ်ပြန်ချက်ထွက်လာတာတွေ့ရတယ်။ တခြားဟာကတော့ လုံခြုံရေးထိမှာစိုးလို့မပြောတော့ပါဘူး။ ဒီထုတ်ပြန်ချက်က သေချာသလောက်ရှိတယ်။

နောက်ပြီး ဒီအဖွဲ့တွေက အလှူမခံဘူးဆိုထဲက လူရှေ့ထွက်လာဖို့က သိပ်ရှိမှာမဟုတ်ဘူး။ သူတို့နဲ့ဆက်သွယ်ဖို့က ခက်ခဲနိုင်တယ် ” ဟု တော်လှန်ရေးအင်အားစုတစ်ခုမှ တာဝန်ရှိသူက အွန်လိုင်းပေါ်တွင်ပျံ့နှံ့လာသော ထိုထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး သုံးသပ်သည်။
တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သော အဖွဲ့များအနေဖြင့် ၎င်းတို့ပစ်ခတ်ခဲ့သောနေရာများတွင် မြေမြှုပ်မိုင်းများထားရှိခဲ့သဖြင့် ယင်းနေရာများသို့ ပြည်သူများ ၄၈ နာရီအတွင်းအသွားအလာမပြုလုပ်ကြပါရန်နှင့် ထိုနေရာများသို့ ရှော့တိုက်ဒုံးများထပ်မံရောက်ရှိလာနိုင်ပါသောကြောင့် ပြည်သူများသွားရောက်ကြည့်ရှုခြင်းမပြုရန် အထူးသတိပေးထားသည်။

ထို့အတူ တပ်တွင်းသင်္ကြန်မဏ္ဏပ်များအနီးသို့ လုံးဝမသွားကြရန်နှင့် တပ်မဏ္ဏပ်နေရာများကို နီးစပ်ရာမြို့ပြပြောက်ကျားအဖွဲ့များထံအကြောင်းကြားပေးပါရန် မေတ္တာရပ်ခံထားသည်။ တပ်တွင်းသင်္ကြန်မဏ္ဏပ်များအားပစ်ခတ်ရန် 107 မမ များလည်း အလုံအလောက်ရောက်ရှိနေပြီဖြစ်သဖြင့် တပ်တွင်းသွေးသင်္ကြန်ပွဲများ မကြာမီဖော်ဆောင်နိုင်ရန် ဝိုင်းဝန်းကူညီပေးကြဖို့ တိုက်တွန်းထားသည်။

စစ်ကောင်စီတပ်အနေဖြင့် ပြည်သူလူထု၏ အိုးအိမ်စည်းစိမ်အား ငဲ့ညှာခြင်းမရှိဘဲ လေတပ်က မတရားအင်အားသုံး၍ ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခြင်းကြောင့် တော်လှန်ရေးအင်အားစုများက တန်ပြန်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။
ထိုသို့တန်ပြန်တိုက်ခိုက်မှုဖြစ်စဉ်များသည် မကြာမီကာလအတွင်း အချိန်မရွေးထပ်မံပေါ်ပေါက်လာနိုင်သောကြောင့် ပြည်သူများအနေဖြင့် လေတပ်နှင့် စစ်ကောင်စီတပ်စွဲရာ အနီးဝင်းကျင်များသို့ သွားလာခြင်းများရှောင်ရှားကြရန် တော်လှန်ရေးအင်အားစုများကိုယ်စား အနူးအညွတ်မေတ္တာရပ်ခံထားသည်။

၂၀၂၃ ခုနှစ် ပထမ လေးလ အတွင်းပင် စစ်ကောင်စီတပ်အခြေစိုက်ရာ နေရာများဖြစ်သော ရန်ကုန်တိုင်း ၊ မြောက်ဥက္ကလာပမြို့နယ် စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့(စရဖ) တပ်စခန်း နှင့် ရန်ကုန်တိုင်း ၊ တိုက်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ အမှတ် (၁၁) ကာကွယ်ရေးပစ္စည်းစက်ရုံကို ရန်ကုန်တိုင်းပြည်သူ့တပ်မဟာက တိုက်ခိုက်ခဲ့သည်။ ထို့အတူ မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းအပိုင်၊ ဆပ်ပလိုင်းမှတ်တိုင်လမ်းအတွင်းရှိ ဆပ်ပလိုင်း (GE) တပ် အရာရှိလိုင်းခန်းနှင့် စစ်သည်လိုင်းခန်းအား မှော်ဘီတော်လှန်ရေးအင်အားစုက မတ်လ ၁၇ ရက် ညပိုင်းတွင် လက်ပစ်ဗုံးဖြင့် ပစ်ခတ်ရာ ထိခိုက်သေဆုံးသူများရှိကြောင်း သိရသည်။

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

# Mizzima
#မင်္ဂလာဒုံလေတပ်
#ရှော့တိုက်ဒုံး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20❤5👏1🥱1🤣1
This media is not supported in your browser
VIEW IN TELEGRAM
ရေပိုင်နက်အတွင်း တရုတ်ရဲ့ဝင်ရောက်နှောက်ယှက်မှုကို
တားဆီးဖို့ လုပ်ဆောင်နေကြောင်း ထိုင်ဝမ်ပြော

#InternationalNews #VideoNews #shorts #reels
👍11🔥2
​​ရေစကြိုမြို့ရှိ စစ်ကောင်စီတပ်စခန်း ပစ်ခတ်တိုက်ခိုက်ခံရ၍ ၂ ဦးဒဏ်ရာရရှိ
====================

MTO
(မဇ္ဈိမ)။ ။ မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ် (၄) ဖောင်တော်ဦး ရပ်ကွက်တွင် တပ်စွဲထားသည့် ငြိမ်းဇာနည်တပ်စခန်းအား ဧပြီလ ၆ ရက် ညပိုင်းတွင် ပြောက်ကျားနည်းစနစ်ဖြင့် သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း Myingyan Black Tiger- MBT အဖွဲ့မှ ဗိုလ်မိုက်ခဲ က ပြောသည်။

“ည ၇နာရီလောက်က သွားရောက်တိုက်ခိုက်ခဲ့တာပါ။ ဆိုင်ကယ်နဲ့ပဲ သွားရောက် တိုက်ခိုက်ခဲ့တာမှာ သူတို့အလစ်အငိုက်မိသွားတာ “ ဟု ၎င်းကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားသည် ငြိမ်းဇာနည်တပ်စခန်းတွင် ပုံမှန်အားဖြင့် အင်အား ၁၂ ဦးသာ ရှိပြီး ယခုနောက်ပိုင်းတွင် အင်အားဖြည့်တင်းထားရာ အင်အား ၅၀ ကျော် ခန့်ရှိကြောင်း MBT အဖွဲ့ခေါင်းဆောင်က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ရေစကြိုမြို့နယ်အတွင်း ဖြန့်ကျက်ထားသည့် အင်အားများကို ပြန်လည်စုဖွဲ့ထားကြောင်း ဗိုလ်မိုက်ခဲကဆိုသည်။

“အရင်က ကပ်ကျော်ကျောင်းထဲမှာ တပ်စွဲထားတာကနေ ပြန်ဆုတ်ပြီးတော့ ငြိမ်းဇာနည်နဲ့ ရုံးပေါင်းစုံကို ပြန်ပေါင်းထားတယ်။ ပြောရမယ်ဆိုရင် အင်အားကို အခြားမြို့နယ်တွေကနေ ဖြည့်တာ မရှိဘဲ အင်အားကို ပြန်ပြီး ကျစ်ကျစ်လျစ်လျစ် စုထားတဲ့ပုံစံမျိုးတော့ရှိတယ်” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၃ ရက်နေ့ကလည်း ရေစကြိုမြို့နယ်အတွင်းရှိ မအူရဲစခန်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ စခန်းမှူး အပါအဝင် ခုနစ်ဦးသေဆုံးသွားကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#Mizzima
#ရေစကြိုမြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥3😁1🥴1
Media is too big
VIEW IN TELEGRAM
စကစရဲ့နျူကလီးယားဓာတ်ပေါင်းရုံကိုနိုင်ငံတကာကစောင့်ကြည့်ဖို့
သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်း

Watch more detail - https://youtu.be/A1A9ba2rBR4

#PoliticalNews #VideoNews #shorts #reels
👍12🔥1😁1💩1
Chef Eve's Easy Thai Cooking Show
===========

ဒီတစ်ပတ်မှာတော့ Chef Eve ရဲ့ Thai Green Curry Pork နဲ့ ကြက်ပေါင်ကြော် ချက်ပြုတ်ပုံကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။
Easy Thai Cooking Show အစီအစဥ်မှာ ထိုင်း စားဖိုမှူး Chef Eve ကနေ ရိုးရှင်းပြီး ကိုယ်တိုင် အလွယ်တကူ လိုက်လုပ်နိုင်မယ့် ထိုင်းမြောက်ပိုင်း အစားအစာတွေကို ပြင်ဆင်ချက်ပြုတ်ပြသသွားမယ့် အစီစဉ်ပဲဖြစ်ပါတယ်။

ဒီအစီစဉ်ကိုတော့ အပတ်စဉ် စနေနေ့ ညနေ ၆ နာရီမှာ Mizzima + Channel ကနေ ကြည့်ရှုနိုင်ပါပြီ။
တီဗီကနေ မကြည့်ရှုလိုက်ရတဲ့ ပရိသတ်တွေကတော့ Mizzima+ Youtube နဲ့ Mizzima Application တို့ကနေ ကြည့်ရှုနိုင်ပါပြီ။

https://youtu.be/4UB9OFADqH4

#EasyThaiCookingShow
#ChefEve
#NorthernThailandFood
#ThaiFood
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍3😁2🤮2
Media is too big
VIEW IN TELEGRAM
April - 7 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews
#themizzimaprimetime
#reels
#shorts
🍌2
Business Roundup (7 April 2023)
==============

- မိုင်းပေါက်ကွဲမှုများကြောင့် သေဆုံးထိခိုက်သူ ၃၄ ရာခိုင်နှုန်းမှာ ကလေးငယ်များဖြစ်ကြောင်း UNICEF ထုတ်ပြန်

- သင်္ကြန်အကြိုကာလ စက်သုံးဆီဈေးမြင့်တတ်နေပြီး လုပ်ငန်းသုံး မီးစက်များအတွက် ဒီဇယ်ဆီဝယ်ရခက်ခဲနေ

- ထိုင်းနိုင်ငံမှ အလုပ်ထုတ်ခံရသည့် မြန်မာ လုပ်သား ၁၀၀၀ ကျော်ကို လျော်ကြေးပေးပြီး နေရပ်ပြန်လိုသူများအား ပြန်ပို့မည်ဟုဆို

- ဂျပန်တွင် ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှု အခြေအနေ အလွန်ဆိုးရွားနေ

- သင်္ကြန်ရက်သတ္တတစ်ပတ်အတွင်း ထိုင်းနိုင်ငံသို့ ခရီးသည် ၂ ဒဿမ ၃၇သန်း ဝင်ရောက်မည်ဟု ခန့်မှန်း

https://youtu.be/L9Edzmg-NAw

#BusinessRoundUp

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁5👍4
This media is not supported in your browser
VIEW IN TELEGRAM
လက်ဘနွန်ဘက်က ဒုံးကျည်တွေပစ်လွှတ်အပြီးမှာ အစ္စရေးအနေနဲ့
မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ရှိကြောင်း အမေရိကန်က ပြောကြား

#InternationalNews #VideoNews #shorts #reels
👍8🔥3👏2🥰1
​​ကနီမြို့နယ် အနီးကပ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံး
======================

MTO
မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ကနီမြို့နယ် အလယ်ကျွန်းရွာတွင် ဧပြီလ ၄ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းနှင့် အနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ သုံးဦး သေဆုံးသွားကြောင်း Anti-Dictatorship Revolution Army DRPA အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “ တိုက်ပွဲက တစ်နာရီခွဲဝန်းကျင်လောက်ကြာတယ်၊ အပြန်အလှန် ပစ်ခတ်ရင်းနဲ့ စစ်ကောင်စီတပ်ဘက်က သုံးယောက်ကျတယ်၊ သယ်ထုတ်သွားတာတွေ မြင်လိုက်ရတယ်၊ အဲ့ဘက်မှာရှိတဲ့ ကျနော်တို့ လူကလည်း အတည်ပြုပေးထားတယ်” ဟု ပြောသည်။
အလယ်ကျွန်းပျူရွာနှင့် DRPA တပ်စခန်းအကြား မိုင်းကွင်းများဖော်ဆောင်ထားပြီး စစ်ကောင်စီတပ်များသည် မိုင်းကွင်းကို ဖြတ်သန်းစစ်ကြောင်းထိုးနိုင်ရန် မိုင်းကွင်းအတွင်းသို့ နွားများစေလွှတ်ခဲ့ရာ နွားသုံးကောင်သေဆုံးသွားပြီး ကျွံထွက်လာသည့် နွားလေးကောင်ကိုတော့ သိမ်းယူထား လိုက်ကြောင်း DRPA အဖွဲ့ ကတာဝန်ရှိသူက ပြောသည်။

“ စစ်ကြောင်းထိုးဖို့လာတာ မိုင်းကွင်းရှိမှန်းသိတော့ နွားတွေကို အရင်ဖြတ်ခိုင်းတာ နွား ၁၆ ကောင်ကို အရင်ဖြတ်ခိုင်းတာ နွာလေးကောင်က ဒီဘက်ကိုကျော်လာလို့ သိမ်းထားလိုက်တယ် နွား သုံးကောင်ကတော့ မိုင်းကွင်းဖြတ်ရင်းနဲ့ မိုင်းပေါက်ပြီးသေသွားတယ်၊ မိုင်းပေါက်တဲ့အချိန်မှာပဲ တိုက်ပွဲစဖြစ်တာပဲ “ ဟုပြောသည်။

စစ်ကောင်စီတပ်များနှင့် အပြန်အလှန်ပစ်ခတ်မှုအတွင်း ကာကွယ်ရေးရဲဘော်တစ်ဦး သေနတ်ကျည်ညှပ် ယမ်းပေါက်ကွဲကာ ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း စိုးရိမ်စရာမရှိကြောင်း DRPA က တာဝန်ရှိသူက ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့ကလည်း ကနီမြို့နယ် အနောက်ဖက်ခြမ်းတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ ဝင် နှစ်ဦးသေဆုံးသွားကြောင်း DRPA က ထုတ်ပြန်ကြေညာထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ကနီမြို့နယ်
#အနီးကပ်တိုက်ပွဲ
#စစ်ကောင်စီတပ်ဖွဲ့
#DRPA
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🥴2👏1
ဧပြီလ ၇ ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
==========================

-ကုလလူ့အခွင့်အရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်အဆိုကို စစ်ကောင်စီ ကန့်ကွက်တဲ့သတင်း

-ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ထောင် ၆ နှစ်ချ တဲ့သတင်း

-ရေပိုင်နက်အတွင်း တရုတ်ရဲ့ဝင်ရောက်နှောက်ယှက်မှုကိုတားဆီးဖို့ လုပ်ဆောင်နေကြောင်း ထိုင်ဝမ်ပြော တဲ့သတင်း

-သင်္ကြန်ရက်သတ္တတစ်ပတ်အတွင်း ထိုင်းနိုင်ငံသို့ ခရီးသည် ၂ ဒဿမ ၃၇သန်း ဝင်ရောက်မည်ဟု ခန့်မှန်း တဲ့သတင်း

-ညနေ ၅ နာရီအထိ ရရှိထားတဲ့ငွေလဲနှုန်း၊ ရွှေစျေး၊ စက်သုံးဆီစျေး နဲ့ စားအုန်းဆီစျေးတွေအပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေနဲ့ အရေးကြီး သတင်းတွေကို တင်ဆက်ပေးသွားမှာပါ ။

https://www.youtube.com/live/49fWmrTf0vE?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8😁2
ဧပြီလ (၇) ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
==================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

စစ်ကောင်စီရဲ့ နျူကလီးယားဓာတ်ပေါင်းဖိုတည်ဆောက်မှုကို နိုင်ငံတကာအနေနဲ့ အလေးထားစောင့်ကြည့်ဖို့ သံအမတ်ကြီးဦးကျော်မိုးထွန်းကတိုက်တွန်းလိုက်တဲ့သတင်းနဲ့အတူ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို နှစ်ပတ်ကြာဖြတ်သန်းသွားလာတာမလုပ်ဖို့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေက ကြေညာလိုက် တဲ့ သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့နိုင်ငံတကာသတင်းတွေကို နားဆင်ရပါမယ်။

အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။

သတင်းတွေအပြီးမှာတော့ မြန်မာနိုင်ငံရဲ့ တော်လှန်ရေးကာလအတွင်း ပညာရေးနဲ့ကျန်းမာရေးဝန်ကြီးဌာန ရဲ့ ပြန်လည်ထူထောင်ရေးလပ်ငန်းစဉ်များနဲ့ရပ်တည်ချက်များကို အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြိးဌာန ပြည်ထောင်စုဝန်းကြီး ဒေါက်တာဇော်ဝေစိုး ကို မေးမြန်းထားတဲ့ အစီအစဉ်ထဲက ကောက်နုတ်ချက်ကို နားဆင်ရမှာပါ။

....................................................
မဇ္ဈိမရေဒီယို ညနေပိုင်းအစီအစဉ်ကို မတ်လ ၂၆ ရက်နေ့ကစပြီး Frequency ပြောင်းလဲထုတ်လွှင့်နေတာဖြစ်တဲ့အတွက် ယခင်ဖမ်းယူနေကျ လှိုင်းတိုမီတာ ၁၆ မီတာ ၊ ၁၇.၇၃ မီဂါဟဇ်ကနေ လှိုင်းတိုမီတာ ၁၃ မီတာ၊ ၂၁.၇၁ မီဂါဟဇ်ကို ပြောင်းလဲဖမ်းယူနားဆင်ကြဖို့အတွက် မေတ္တာရပ်ခံအပ်ပါတယ်။
ဖမ်းယူနားဆင်နိုင်မယ့်အချိန်ကတော့ ထုတ်လွှင့်နေကျဖြစ်တဲ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲကနေ ၇ နာရီခွဲအတွင်း ဖမ်းယူနားဆင်နိုင်မှာပဲဖြစ်ပါတယ်။

https://youtu.be/iZcSozy9AdQ

#Mizzimaradio
#Eveningradio


-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8😁2
​​ရခိုင်မှာ နိုင်ငံရေးအမြတ်ထုတ်ဖို့ကြိုးစားနေတဲ့ စစ်ခေါင်းဆောင် (ဆောင်းပါး)
=======================

ဒီဘက်နှစ်ထဲမှာ အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ ရခိုင်ပြည်နယ်ကို တစ်လတစ်ခေါက်နှုန်းလောက်သွားနေတာ တွေ့ရပါတယ်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၉ ရက်မှာ ရခိုင်ပြည်နယ်၊ သံတွဲမြို့ကိုစတင်သွားရောက်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၆ ရက်နဲ့ မတ်လ ၃၀ ရက်တို့မှာ စစ်တွေမြို့ကို သွားရောက်ခဲ့တာဖြစ်ပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်တွေဟာ သာမန်အခြေအနေမျိုးတော့မဟုတ်ပါဘူး။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10💩5❤1👏1🤬1
​​ဟွန်ဆန်၏ သားက ဇူလိုင်ရွေးကောက်ပွဲ၌ ဝင်အရွေးခံမည် 
=====================

အနာဂတ် ဝန်ကြီးချုပ်အဖြစ် ကမ္ဘောဒီးယား ပြည်သူ့ပါတီက အတည်ပြုထားပြီးဖြစ်သည့် ဟွန်မန်နက်သည် အမျိုးသားလွှတ်တော်အတွက် ဇူလိုင် ၂၃ ရက် ရွေးကောက်ပွဲများတွင် ပါတီ၏ စာရင်းပါ ကိုယ်စားလှယ်လောင်း ၁၂ ဦး၌ ပထမဆုံး ကိုယ်စားလှယ်အဖြစ် Kyodo News သတင်းဌာနက မိတ္တူမြင်ခဲ့ရသည့် ဆုံးဖြတ်ချက်ချသော စာတွင် ဖော်ပြထားသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3👎2🔥2
​​ကြံခင်းမြို့နယ်တွင် စကြဝတေးမင်းကြီး သပိတ်ကော်မတီက (၄၄ )ကြိမ်မြောက် ဆန္ဒထုတ်ဖော်
=======================

မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ ဧပြီလ ၇ ရက်နေ့ မွန်းလွဲပိုင်းအချိန်က "ပြည်သူတွေရဲ့တောက်ခေါက်သံ၊ အာဏာရှင်ရဲ့ သေနတ်သံထက် ပြင်းထန်တယ်။

ခေတ်ဟောင်းကိုဖြို၊ ခေတ်သစ်ကိုထူမယ်"စာတန်းအား ကိုင်စွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ဆန္ဒထုတ်ဖော်မှုကို စကြဝတေးမင်းကြီး သပိတ်ကော်မတီက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးက ပြောသည်။

စကြဝတေးမင်းကြီး သပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်များပြုလုပ်နေသည့် အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ် ဖော်မှုသည် အဆိုပါသပိတ်ကော်မတီ၏ (၄၄)ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်သည်ဟု သိရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး
# Mizzima

#စကြဝတေးမင်းကြီး
# (၄၄)ကြိမ်မြောက် ဆန္ဒထုတ်ဖော်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤11👍4😁3
​​နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၇ ဧပြီ ၂၀၂၃ ) 
===================

ကရင်ပြည်နယ်တွင် စစ်ကောင်စီနှင်၎င်းလက်အောက်ခံ BGF များ အသေများနေပြီး ကားဖြင့်တိုက်ယူရ လောက် သည်ထိ အလောင်းများပုံနေသည်ကိုတွေရသည်။ ယင်းအပြင်တိုက်ပွဲများကြောင့် ရွှေက္ကိုလ် ဒေသမှ ပြည်သူ ၆ထောင်ကျော်သည် ထိုင်းနိုင်ငံဘက်အခြမ်းကို ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ် အကူအညီများလိုအပ်နေသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁2❤1
​​ဖမ်းဆီးခံ ကြို့ပင်ကောက်မြို့နယ် NLD လွှတ်တော်အမတ်အား ပေါင်းတည်ထောင်သို့ပို့
====================

ရွှေနွယ်
(မဇ္ဈိမ) ။ ။ ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် ဧပြီလ ၄ ရက်နေ့က ဖမ်းဆီးခံရသော ရွေးကောက်ပွဲအနိုင်ရ NLD ပြည်သူ့လွှတ်တော်အမတ် ဦးဌေးမင်းသိန်းအား ယနေ့ ဧပြီလ ၇ ရက်နေ့တွင် ပေါင်းတည်ထောင်သို့ ရွှေ့ပြောင်းထားကြောင်း နီးစပ်ရာအသိုင်းအဝိုင်းထံမှ သိရသည်။

ဧပြီလ ၄ ရက်နေ့ နေ့လယ်ပိုင်းတွင် ကြို့ပင်ကောက်မြို့နယ် စျေးချိုတောင်ရပ်ကွက်၊ ပွဲစားတန်းလမ်း နေအိမ်၌ ရှိနေသော ဦးဌေးမင်းသိန်းအား စစ်ကောင်စီတပ်သားများမှ အရပ်ဝတ်နှင့် ဆိုင်ကယ်များဖြင့်လာရောက်ဖမ်းဆီးသွားပြီးနောက် ပြည်မြို့ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်သို့ခေါ်ဆောင်သွားခဲ့သည်ဟု ဦးဌေးမင်းသိန်းနှင့်နီးစပ်ရာအသိုင်းအဝိုင်းကပြောသည်။

"ပြည် ဒကစ ကနေ ကြို့ပင်ကောက် ရဲစခန်းကိုပြန်ခေါ်ပြီးမှ ပေါင်းတည်ထောင်ကို ရွှေ့တယ်လို့သိရပါတယ်။ လောလောဆယ် ၅၀၅/၁၇(၁) (မတရားအသင်းအက်ဥပဒေပုဒ်မ) ကပ်တယ်လို့ အကြမ်းဖျင်းသိရပါတယ်” ဟု နီးစပ်ရာအသိုင်းအဝိုင်းမှ ပြောသည်။
ဦးဌေးမင်းသိန်းသည် ၂၀၁၅ ရွေးကောက်ပွဲနှင့် ၂၀၂၀ ရွေးကောက်ပွဲတို့တွင် ကြို့ပင်ကောက်မြို့နယ် မဲဆန္ဒနယ်၌အနိုင်ရရှိထားသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။

ဦးဌေးမင်းသိန်းသည် စစ်အာဏာသိမ်းစ ကာလများတွင် ခေတ္တတိမ်းရှောင်ခဲ့သော်လည်း နောက်ပိုင်းတွင် ၎င်း၏ ကြို့ပင်ကောက်မြို့နေအိမ်တွင်ပင်ပြန်လည်နေထိုင်နေပြီး ၎င်း၏နေအိမ်တွင်ပင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ဒေသခံများမှ ဦးဌေးမင်းသိန်းမှာ စစ်ကောင်စီထံတွင် အာမခံပြုလုပ်ပြီး နေအိမ်တွင်ပြန်လည်နေထိုင်နေခြင်းဖြစ်သည်ဟု ဆိုကြသော်လည်း လက်ရှိတွင် မည်သည့်အတွက်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း အသေးစိတ်မသိရသေးပေ။

စစ်ကောင်စီသည် နိုင်ငံတော်အာဏာသိမ်းပြီးနောက် မတ်လ ၂၉ရက်အထိ ပါတီဝင် ၁,၂၃၅ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ပါတီဝင်၂၆ ဦးသည် စစ်ကြောရေးစခန်းများနှင့် ထောင်တွင်းတွင် ကျဆုံးခဲ့ရပြီး အကြောင်းမဲ့ သတ်ဖြတ်ခံရသူ ၆၃ ဦး ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက မတ်လ ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#သာယာဝတီခရိုင်
#စစ်ကောင်စီ
#နိုင်ငံတော်အာဏာ
#ကြို့ပင်ကောက်မြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥2👏1