Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဧပြီလ (၇) ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
==================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

စစ်ကောင်စီရဲ့ နျူကလီးယားဓာတ်ပေါင်းဖိုတည်ဆောက်မှုကို နိုင်ငံတကာအနေနဲ့ အလေးထားစောင့်ကြည့်ဖို့ သံအမတ်ကြီးဦးကျော်မိုးထွန်းကတိုက်တွန်းလိုက်တဲ့သတင်းနဲ့အတူ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို နှစ်ပတ်ကြာဖြတ်သန်းသွားလာတာမလုပ်ဖို့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေက ကြေညာလိုက် တဲ့ သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့နိုင်ငံတကာသတင်းတွေကို နားဆင်ရပါမယ်။

အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။

သတင်းတွေအပြီးမှာတော့ မြန်မာနိုင်ငံရဲ့ တော်လှန်ရေးကာလအတွင်း ပညာရေးနဲ့ကျန်းမာရေးဝန်ကြီးဌာန ရဲ့ ပြန်လည်ထူထောင်ရေးလပ်ငန်းစဉ်များနဲ့ရပ်တည်ချက်များကို အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြိးဌာန ပြည်ထောင်စုဝန်းကြီး ဒေါက်တာဇော်ဝေစိုး ကို မေးမြန်းထားတဲ့ အစီအစဉ်ထဲက ကောက်နုတ်ချက်ကို နားဆင်ရမှာပါ။

....................................................
မဇ္ဈိမရေဒီယို ညနေပိုင်းအစီအစဉ်ကို မတ်လ ၂၆ ရက်နေ့ကစပြီး Frequency ပြောင်းလဲထုတ်လွှင့်နေတာဖြစ်တဲ့အတွက် ယခင်ဖမ်းယူနေကျ လှိုင်းတိုမီတာ ၁၆ မီတာ ၊ ၁၇.၇၃ မီဂါဟဇ်ကနေ လှိုင်းတိုမီတာ ၁၃ မီတာ၊ ၂၁.၇၁ မီဂါဟဇ်ကို ပြောင်းလဲဖမ်းယူနားဆင်ကြဖို့အတွက် မေတ္တာရပ်ခံအပ်ပါတယ်။
ဖမ်းယူနားဆင်နိုင်မယ့်အချိန်ကတော့ ထုတ်လွှင့်နေကျဖြစ်တဲ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲကနေ ၇ နာရီခွဲအတွင်း ဖမ်းယူနားဆင်နိုင်မှာပဲဖြစ်ပါတယ်။

https://youtu.be/iZcSozy9AdQ

#Mizzimaradio
#Eveningradio


-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8😁2
​​ရခိုင်မှာ နိုင်ငံရေးအမြတ်ထုတ်ဖို့ကြိုးစားနေတဲ့ စစ်ခေါင်းဆောင် (ဆောင်းပါး)
=======================

ဒီဘက်နှစ်ထဲမှာ အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ ရခိုင်ပြည်နယ်ကို တစ်လတစ်ခေါက်နှုန်းလောက်သွားနေတာ တွေ့ရပါတယ်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၉ ရက်မှာ ရခိုင်ပြည်နယ်၊ သံတွဲမြို့ကိုစတင်သွားရောက်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၆ ရက်နဲ့ မတ်လ ၃၀ ရက်တို့မှာ စစ်တွေမြို့ကို သွားရောက်ခဲ့တာဖြစ်ပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်တွေဟာ သာမန်အခြေအနေမျိုးတော့မဟုတ်ပါဘူး။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10💩5❤1👏1🤬1
​​ဟွန်ဆန်၏ သားက ဇူလိုင်ရွေးကောက်ပွဲ၌ ဝင်အရွေးခံမည် 
=====================

အနာဂတ် ဝန်ကြီးချုပ်အဖြစ် ကမ္ဘောဒီးယား ပြည်သူ့ပါတီက အတည်ပြုထားပြီးဖြစ်သည့် ဟွန်မန်နက်သည် အမျိုးသားလွှတ်တော်အတွက် ဇူလိုင် ၂၃ ရက် ရွေးကောက်ပွဲများတွင် ပါတီ၏ စာရင်းပါ ကိုယ်စားလှယ်လောင်း ၁၂ ဦး၌ ပထမဆုံး ကိုယ်စားလှယ်အဖြစ် Kyodo News သတင်းဌာနက မိတ္တူမြင်ခဲ့ရသည့် ဆုံးဖြတ်ချက်ချသော စာတွင် ဖော်ပြထားသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3👎2🔥2
​​ကြံခင်းမြို့နယ်တွင် စကြဝတေးမင်းကြီး သပိတ်ကော်မတီက (၄၄ )ကြိမ်မြောက် ဆန္ဒထုတ်ဖော်
=======================

မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ ဧပြီလ ၇ ရက်နေ့ မွန်းလွဲပိုင်းအချိန်က "ပြည်သူတွေရဲ့တောက်ခေါက်သံ၊ အာဏာရှင်ရဲ့ သေနတ်သံထက် ပြင်းထန်တယ်။

ခေတ်ဟောင်းကိုဖြို၊ ခေတ်သစ်ကိုထူမယ်"စာတန်းအား ကိုင်စွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ဆန္ဒထုတ်ဖော်မှုကို စကြဝတေးမင်းကြီး သပိတ်ကော်မတီက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးက ပြောသည်။

စကြဝတေးမင်းကြီး သပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်များပြုလုပ်နေသည့် အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ် ဖော်မှုသည် အဆိုပါသပိတ်ကော်မတီ၏ (၄၄)ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်သည်ဟု သိရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး
# Mizzima

#စကြဝတေးမင်းကြီး
# (၄၄)ကြိမ်မြောက် ဆန္ဒထုတ်ဖော်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤11👍4😁3
​​နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၇ ဧပြီ ၂၀၂၃ ) 
===================

ကရင်ပြည်နယ်တွင် စစ်ကောင်စီနှင်၎င်းလက်အောက်ခံ BGF များ အသေများနေပြီး ကားဖြင့်တိုက်ယူရ လောက် သည်ထိ အလောင်းများပုံနေသည်ကိုတွေရသည်။ ယင်းအပြင်တိုက်ပွဲများကြောင့် ရွှေက္ကိုလ် ဒေသမှ ပြည်သူ ၆ထောင်ကျော်သည် ထိုင်းနိုင်ငံဘက်အခြမ်းကို ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ် အကူအညီများလိုအပ်နေသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁2❤1
​​ဖမ်းဆီးခံ ကြို့ပင်ကောက်မြို့နယ် NLD လွှတ်တော်အမတ်အား ပေါင်းတည်ထောင်သို့ပို့
====================

ရွှေနွယ်
(မဇ္ဈိမ) ။ ။ ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် ဧပြီလ ၄ ရက်နေ့က ဖမ်းဆီးခံရသော ရွေးကောက်ပွဲအနိုင်ရ NLD ပြည်သူ့လွှတ်တော်အမတ် ဦးဌေးမင်းသိန်းအား ယနေ့ ဧပြီလ ၇ ရက်နေ့တွင် ပေါင်းတည်ထောင်သို့ ရွှေ့ပြောင်းထားကြောင်း နီးစပ်ရာအသိုင်းအဝိုင်းထံမှ သိရသည်။

ဧပြီလ ၄ ရက်နေ့ နေ့လယ်ပိုင်းတွင် ကြို့ပင်ကောက်မြို့နယ် စျေးချိုတောင်ရပ်ကွက်၊ ပွဲစားတန်းလမ်း နေအိမ်၌ ရှိနေသော ဦးဌေးမင်းသိန်းအား စစ်ကောင်စီတပ်သားများမှ အရပ်ဝတ်နှင့် ဆိုင်ကယ်များဖြင့်လာရောက်ဖမ်းဆီးသွားပြီးနောက် ပြည်မြို့ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်သို့ခေါ်ဆောင်သွားခဲ့သည်ဟု ဦးဌေးမင်းသိန်းနှင့်နီးစပ်ရာအသိုင်းအဝိုင်းကပြောသည်။

"ပြည် ဒကစ ကနေ ကြို့ပင်ကောက် ရဲစခန်းကိုပြန်ခေါ်ပြီးမှ ပေါင်းတည်ထောင်ကို ရွှေ့တယ်လို့သိရပါတယ်။ လောလောဆယ် ၅၀၅/၁၇(၁) (မတရားအသင်းအက်ဥပဒေပုဒ်မ) ကပ်တယ်လို့ အကြမ်းဖျင်းသိရပါတယ်” ဟု နီးစပ်ရာအသိုင်းအဝိုင်းမှ ပြောသည်။
ဦးဌေးမင်းသိန်းသည် ၂၀၁၅ ရွေးကောက်ပွဲနှင့် ၂၀၂၀ ရွေးကောက်ပွဲတို့တွင် ကြို့ပင်ကောက်မြို့နယ် မဲဆန္ဒနယ်၌အနိုင်ရရှိထားသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။

ဦးဌေးမင်းသိန်းသည် စစ်အာဏာသိမ်းစ ကာလများတွင် ခေတ္တတိမ်းရှောင်ခဲ့သော်လည်း နောက်ပိုင်းတွင် ၎င်း၏ ကြို့ပင်ကောက်မြို့နေအိမ်တွင်ပင်ပြန်လည်နေထိုင်နေပြီး ၎င်း၏နေအိမ်တွင်ပင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ဒေသခံများမှ ဦးဌေးမင်းသိန်းမှာ စစ်ကောင်စီထံတွင် အာမခံပြုလုပ်ပြီး နေအိမ်တွင်ပြန်လည်နေထိုင်နေခြင်းဖြစ်သည်ဟု ဆိုကြသော်လည်း လက်ရှိတွင် မည်သည့်အတွက်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း အသေးစိတ်မသိရသေးပေ။

စစ်ကောင်စီသည် နိုင်ငံတော်အာဏာသိမ်းပြီးနောက် မတ်လ ၂၉ရက်အထိ ပါတီဝင် ၁,၂၃၅ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ပါတီဝင်၂၆ ဦးသည် စစ်ကြောရေးစခန်းများနှင့် ထောင်တွင်းတွင် ကျဆုံးခဲ့ရပြီး အကြောင်းမဲ့ သတ်ဖြတ်ခံရသူ ၆၃ ဦး ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက မတ်လ ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#သာယာဝတီခရိုင်
#စစ်ကောင်စီ
#နိုင်ငံတော်အာဏာ
#ကြို့ပင်ကောက်မြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥2👏1
မန္တလေးသင်္ကြန်ရေကစားမဏ္ဍပ်များတွင် ပုဂ္ဂလိကအလုပ်ရုံဝန်ထမ်းများ အလှည့်ကျရေကစားပေးရန် ဖိအားပေးခြင်းများရှိနေဟုဆို
❤5🤮3🥱3👍1😁1
မန္တလေးသင်္ကြန်ရေကစားမဏ္ဍပ်များတွင် ပုဂ္ဂလိကအလုပ်ရုံဝန်ထမ်းများ အလှည့်ကျရေကစားပေးရန် ဖိအားပေးခြင်းများရှိနေဟုဆို
====================

007
(မဇ္စျိမ) ။ ။စစ်ကောင်စီသည် မန္တလေးသင်္ကြန်ပွဲ စည်ကားစေရန် ပုဂ္ဂလိကအလုပ်ရုံ ၀န်ထမ်းများကိုပါ အလှည့်ကျပါ၀င် ရေကစားကြရန် ဖိအားပေးခိုင်းစေနေကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

"စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကို မဏ္ဍပ်တစ်ခု မဆောက်မနေရ ဆောက်ခိုင်းတယ်၊ အလုပ်ရုံတွေမှာ ၀န်ထမ်းအင်အားစာရင်း လိုက်ကောက်ပြီး အလှည့်ကျ ရေကစားခိုင်းထားတယ် ၊ တချို့နယ်ပြန်ချင်ပေမယ့်လည်း စာရင်းထဲပါလို့ မပြန်ရတာတွေရှိတယ်၊ သူတို့ဌာနဆိုင်ရာတွေနဲ့ မလုံလောက်လို့ ပုဂ္ဂလိက ၀န်ထမ်းတွေကိုပါ ချောဆွဲတဲ့သဘောပါပဲ" ဟု လုပ်ငန်းရှင်အသိုက်အ၀န်းနှင့် နီးစပ်သူတစ်ဦးကပြောသည်။

စစ်ကောင်စီသည် ယမန်နှစ် မန္တလေးသင်္ကြန်ပွဲ၌ ပြည်သူပါ၀င်ခြင်း မရှိခဲ့သဖြင့် ယခုနှစ်တွင် ပြည်သူများ ပူးပေါင်းပါ၀င်လာစေရန် နည်းလမ်းပေါင်းစုံဖြင့်ကြိုးပမ်းနေသည်ကို တွေ့ရသည်။

"မနှစ်ကအတွေ့အကြုံကိုကြည့်ပြီး ဒီနှစ်အတွက် ဖိအားပေး ပြင်ဆင်လာတာ တွေ့ရတယ်၊ မနှစ်က တစ်မြို့လုံး ခြောက်ကပ်ခဲ့တယ်၊ ဒီနှစ်တော့ အထိုက်အလျောက်ထက်ကို ပိုပြီးစည်ကားလိမ့်မယ်ထင်တယ်၊ စီးပွားရေးသမားက ငြင်းမရတဲ့အခက်အခဲကြောင့် ၀င်ပါရပေမယ့် ပြည်သူက မပါ၀င်ချင်ရင် မပါ၀င်ဘဲနေနိုင်တာမို့လို့ ဒီတစ်နှစ် လည်း ထပ်ပြီးသီးခံသင့်တယ်" ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

မန္တလေးသင်္ကြန်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် မတ်လကုန်ပိုင်းမှစ၍ ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ လူထုပါ၀င်လာစေရန် ရည်ရွယ်ချက်ဖြင့် အနုပညာရှင်များဖြင့် စည်းရုံးနေသည်ကိုလည်း တွေ့ရသည်။

ပြည်သူအတွက် စစ်အာဏာရှင်ကို အသက်စွန့်တော်လှန်နေသော ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့များက စစ်ကောင်စီ၏ သင်္ကြန်ပွဲများတွင် ပြည်သူက မပူးပေါင်းမပါ၀င်ခြင်းဖြင့် ဆန္ဒထုတ်ဖော်ကြရန် တိုက်တွန်းနှိုးဆော် ထားကြသည်။

"မပျော်ပါနဲ့ လို့လည်း မပြောချင်ပါဘူး၊ ပျော်တော့ပျော်ကြပါ တိုးတိုးတိတ်တိတ်ပျော်ပေးကြဖို့ပါ၊ လိုင်းပေါ် အတတ်နိုင်ဆုံးမတင်ပါနဲ့၊ တောထဲကရဲဘော်တွေ စိတ်ညစ်စေမဲ့ အရာများကို အတတ်နိုင်ဆုံး ရှောင်ပေးကြပါ" ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မေတ္တာရပ်ခံထားသည်။

မန္တလေးသင်္ကြန်ပွဲတွင် လမ်းလျှောက်သင်္ကြန် သုံးခုနှင့် ရေကစားမဏ္ဍပ်ပေါင်း ၃၀ ပါ၀င်မည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီက ယနေ့ရက်စွဲဖြင့်သတင်းထုတ်ပြန်ထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#မန္တလေးတိုင်း
#စစ်ကောင်စီ
#သင်္ကြန်ပွဲ
#ရေကစားမဏ္ဍပ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16😁7🤮4❤3🥱2
​​ထိုင်းနိုင်ငံတွင်ဖမ်းဆီးခံရသည့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦး၏ ဖြစ်စဉ်အပါအဝင် အလားတူကိစ္စရပ်များကို NUG အနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်းလျက်ရှိကြောင်း ထုတ်ပြန်
=====================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင်ဖမ်းဆီးခံရသည့် တော်လှန်ရေးတပ်ဖွဲ့ဝင် သုံးဦး၏ ဖြစ်စဉ်အပါအဝင် အလားတူကိစ္စရပ်များကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်းလျက်ရှိကြောင်း ယနေ့ ဧပြီလ ၇ ရက် ညပိုင်းက ထုတ်ပြန်လာခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) မှ နိုင်ငံသားများအား ကာကွယ်စောင့်ရှောက်ရမည့် တာဝန်ရှိသောကြောင့် မြန်မာစစ်ကောင်စီ၏ အကြမ်းဖက် ဖိနှိပ်မှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းခိုလှုံနေသော မြန်မာနိုင်ငံသားများ၏ အသက်အန္တရာယ်နှင့် လုံခြုံရေးကို ခြိမ်းခြောက်လာသည့် ကိစ္စရပ်အား အထူးအလေးထားဦးစားပေးကာ ဖြေရှင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့က မြန်မာ့တော်လှန်ရေးတပ်ဖွဲ့ဝင် လူငယ် သုံးဦးအား ထိုင်းနိုင်ငံအာဏာပိုင်များက ဖမ်းဆီး၍ အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ လက်နက်ကိုင်အဖွဲ့(BGF) ထံအပ်နှံခဲ့သည်မှာ နိုင်ငံတကာ ရဲလုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှုမရှိဘဲ လွှဲပြောင်းပေးအပ်ခဲ့သည့်ဖြစ်စဉ်ဖြစ်ကြောင်း ဆိုသည်။

ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရသည့် တော်လှန်ရေးရဲဘော်များသည် မြန်မာနိုင်ငံဘက်ရှိ စစ်ကောင်စီထံသို့ လွှဲပြောင်းခံရပြီးနောက်တွင် သင်္ကန်းညီနောင်ဗျူဟာ၌ ချုပ်နှောင်စစ်ဆေးခံနေရသည့်သတင်းကို မဇ္ဈိမ အနေဖြင့် ဖော်ပြပြီးဖြစ်သည်။ ဖမ််းဆီးခံ တော်လှန်ရေးရဲဘော် သုံးဦး၏ လက်ရှိအခြေအနေနှင့်ပတ်သက်ပြီး စုံစမ်းမေးမြန်းရာ ” လက်ရှိအချိန်ထိ သူတို့ မကျသေးဘူးဆိုတာ သေချာတယ်နော်။ သူတို့နဲ့ပတ်သက်တဲ့ဖရဲသီးတစ်ယောက်က သူတို့မိသားစုတွေကို ဆက်သွယ်ပေးတယ်။ သူတို့မကျသေးဘူး” ဟု ဖြစ်စဉ်အစမှ စတင်ကာ လိုက်ပါကူညီဆောင်ရွက်ပေးသူက မဇ္ဈိမ ကို ဖြေကြားထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ထိုင်းနိုင်ငံ
#ဖမ်းဆီး
#တော်လှန်ရေးရဲဘော်
#မဲဆောက်မြို့
#NUG
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🤣2😁1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဧပြီလ ၇ ရက်ထုတ်လွှင့်မှုများ
====================

https://youtu.be/-oRgpTYfbx4

#PVTV
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤7👍5🤮2🍌1
ဧပြီလ (၈) ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=================

ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အကြံပေးပုဂ္ဂိုလ် သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို ဧပြီလ (၇)ရက်နေ့မှာ မြစ်ကြီးနားထောင်တွင်းတရားရုံးက ထောင်ဒဏ်ခြောက်နှစ် အမိန့်ချမှတ်လိုက်တဲ့ သတင်းနဲ့အတူ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်မှာ မြန်မာနိုင်ငံသား ကလေးငယ်တွေအပါဝင် ရက်ကန်းအလုပ်သမား ၂၃ဦး အဖမ်းခံခဲ့ရတဲ့သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ တပတ်အတွင်း စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။

သတင်းတွေအပြီးမှာတော့ မြန်မာနိုင်ငံရဲ့ တော်လှန်ရေးကာလအတွင်း ပညာရေးနဲ့ကျန်းမာရေးဝန်ကြီးဌာန ရဲ့ ပြန်လည်ထူထောင်ရေးလပ်ငန်းစဉ်များနဲ့ရပ်တည်ချက်များကို အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြိးဌာန ပြည်ထောင်စုဝန်းကြီး ဒေါက်တာဇော်ဝေစိုး ကို မေးမြန်းထားတဲ့ အစီအစဉ်ထဲက ကောက်နုတ်ချက်ကို နားဆင်ရမှာပါ။

https://youtu.be/GJ79g24aJrk

#Mizzimaradio
#Morningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🤮3❤1👏1💩1
​​ပင်လောင်းနှင့် ဖယ်ခုံတွင် တိုက်ပွဲများ ​ရက်ဆက်ဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေ
====================

001
မဇ္စျိမ။ ။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့တွင်ပြီးခဲ့သည့် ​ဖေ​​ဖော်ဝါရီလကစ၍ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယခုဧပြီလတွင်လည်း တိုက်ပွဲများ ​ရက်ဆက်ဖြစ်ပွားနေကာ စစ်​ရေးတင်းမာ​နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၄ ရက်နှင့် ၅ ရက်နေ့တို့တွင် ဖယ်ခုံမြို့နယ် မြောက်စလုံးနှင့် တောင်စလုံးတို့တွင် တနေ့လုံးနီးပါး တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုများလည်းပြုလုပ်​နေကြောင်း ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ PNDF (KK)က ပြောသည်။

“​လေးရက်​နေ့မှာ ​မြောက်စလုံးမှာ မနက် ငါးနာရီက​နေစပြီး တ​စ်နေကုန်နီးပါးဖြစ်တယ်။ တိုက်ပွဲပြင်းထန်တယ်။ စကစ​ ကနေ ​လေယာဥ်နဲ့ ဗုံးလာကြဲတယ်။ ​၄ ရက်​နေ့ ညကိုးနာရီခွဲမှာလည်း ထပ်မံပြီး တိုက်​လေယာဥ်နဲ့ ဗုံးလာကြဲတယ်။ ၄ ရက်နေ့မှာ မြောက်စလုံးမှာဖြစ်ပြီးတော့ ၅ ရက်နေ့မှာ တောင်စလုံးမှာ စကစက လေယာဉ်နှစ်စီးနဲ့ ဗုံးလာကြဲတယ်။ ဗုံးလာကြဲပစ်ခတ်တဲ့အခါ တောင်စလုံးမှာရှိတဲ့ နေအိမ်တွေထိခိုက်ပျက်စီးမှုတွေ များစွာ ပျက်စီးလောင်ကျွမ်းခဲ့တယ်”ဟု PNDF (KK)မြေပြင်သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

ထို့​နောက် ဧပြီလ ၆ ရက်နေ့နှင့် ၇ ရက်နေ့တို့တွင် အခြေအနေ စောင့်ကြည့်​နေသည့် အနေအထားပြန်ဖြစ်နေသော်လည်း ထိတွေ့တိုက်ပွဲများ ရှိနေဆဲဖြစ်ကြောင်း သိရသည်။

“ဒီရက်ပိုင်းက သတင်းတွေ အရမ်းကြီး ကျယ်ကျယ်ပြန့်ပြန့်မထွက်ဘူးဆိုပေမယ့် ရှမ်းပြည်ပဲပေါ့နော်။ ဖယ်ခုံနဲ့ အဲ့ဒီ တောင်စလုံးတို့ ဘာတို့ဆိုတာက ရှမ်းပြည်နယ်ဘက်မှာလည်း စစ်ရေးက ဘယ်အချိန်ဖြစ်မလဲဆိုတဲ့ အခြေအနေတစ်ခုပေါ့။ အရမ်းတင်းမာနေတဲ့ အနေအထားတစ်ခုတော့ရှိတယ်။ တိုက်ပွဲတွေလည်း ဖြစ်နေတယ်။

ဒီမော့ဆိုဘက်မှာလည်း စစ်ရေးအတင်းမာဆုံး အခြေအနေဖြစ်နေတယ်” ဟု ကယား(ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု KRU မှ ဗဟိုသတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းက ပြောသည်။
၂၀၂၃ ခုနှစ် မတ်လ တစ်လတာကာလအတွင်း ကယားပြည်နယ်( ကရင်နီ )၊ လွိုင်ကော်မြို့နယ်၊ ဒီမော့ဆိုမြို့နယ်၊ ဘောလခဲမြို့နယ်၊ ဖားဆောင်းမြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လောင်းမြို့နယ်၊ ဖယ်ခုံမြို့နယ်များသို့ စစ်ကောင်စီတပ်မှ စစ်မျက်နှာပြင် ငါးခုဖွင့်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)က ဧပြီလ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီတပ်များသည် ပင်လောင်းမြို့နယ် ၊ ဖယ်ခုံမြို့နယ်၊ ဒီမော့ဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ်တို့အား စစ်ကြောင်းထိုးစဉ်တွင် ကျေးရွာများအတွင်းရှိ လူနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခြင်း၊ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း KNDFက ဖော်ပြသည်။

ယခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ပင်လောင်းမြို့နယ်အတွင်း တောင်မဲသင်း၊ လုံးပျဉ် ၊ ပင်ပုံ၊ နမ့်နိန်းကျေးရွာများ အပါအဝင် ရွာရှစ်ရွာခန့် စစ်ဘေးရှောင်နေရပြီး ပင်လောင်းမြို့နယ်မြောက်ဘက်ခြမ်းတွင် ရွာ​လေးရွာမှ စစ်ဘေးရှောင်ဦးရေ ၆,၀၀၀ ဝန်းကျင်ရှိကြောင်း စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။

“စစ်ရှောင်တွေက လောလောဆယ်က ဆန်၊ ဆီ၊ ဆေး၊ ဆားတွေက အလှူရှင်တွေက သိပ်မလာကြတော့လေ နောက်တစ်လလောက်ဆိုရင် ဆန် တစ်လစာလောက်ပဲ ရှိတော့တယ်။ အဝေးက အလှူရှင်တွေလည်း မလာကြတော့ ကျွန်တော်တို့ ဒေသခံတွေပဲ အလှူခံဖို့ အစည်းအဝေးခေါ်လိုက်တယ်”ဟု စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ပြောသည်။

ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်နေ့မှ မတ်လ ၁၂ ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့၏ စစ်ဆင်ရေးအတွင်း အပြစ်မဲ့ပြည်သူအနည်းဆုံး ၃၃ ဦးသတ်ဖြတ်ခံခဲ့ရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF)က ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ ၁ ဒသမ ၈ သန်းနီးပါးရှိလာပြီဖြစ်ပြီး ထိုအထဲမှ လူဦးရေ ၁ ဒသမ ၄ သန်းကျော်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများဖြစ်ကြောင်း UN OCHA Myanmar က ဧပြီလ ၅ ရက်နေ့က ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူ
#ပင်လောင်းမြို့နယ်
#ဖယ်ခုံမြို့နယ်
#SHRF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19❤1👎1🔥1🥰1
​​အိန္ဒိယက မြန်မာ့အရေးမှာ ဘာကြောင့် သံတမန်နည်းလမ်းနဲ့ သတိကြီးစွာ လျှောက်လှမ်းနေတာလဲ
=======================

မြန်မာနိုင်ငံ၌ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင်ဖြစ်ပွားခဲ့သော ကမ္ဘာ့နိုင်ငံများ၏ ရှုတ်ချမှုကိုခံခဲ့ရသည့် အာဏာသိမ်းမှုအပြီး ၂ နှစ်အကြာတွင် အကျဉ်းချခံထားရသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအား ဖျက်သိမ်းလိုက်ခြင်းသည် နိုင်ငံအား လှုပ်လေမြုပ်လေ အရှုပ်တော်ပုံထဲသို့ ရောက်သွားစေသည့် နောက်ထပ်လမ်းစတစ်ခုပင်ဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14😁2🤮1🤣1
​​ဘုတလင်မြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က မီးရှို့
===================

လွှမ်းမိုး
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ဘုတလင်မြို့နယ် ၊ အနောက်တောင်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ယနေ့ ဧပြီလ ၈ ရက် နံနက် ၆ နာရီ အချိန်တွင် စတင်၍ ယုန်လေးကုန်း(ရွာသစ်) ၊ တရော်တော နှင့် ကုက္ကိုယ်စု ကျေးရွာများကို မီးတင်ရှို့ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ မီးရှို့သွားတာတော့ နံနက်ပိုင်း အစောကြီး ရှို့သွားတယ်။ ယုန်လှေးကုန်းကို စပြီးရှို့တယ် ၊ ပြီးတော့ တရော်တော နှင့် ကုက္ကိုလ် စု ရွာတွေကို ဆက်ပြီး ရှို့တယ်။ လက်ရှိမှာတော့ မီးသတ်နေတုန်းပါပဲ၊ မီးလောင် အိမ်ခြေစာရင်းကတော့ အတိအကျ မသိရသေးဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံ တစ်ဦးကဆိုသည်။
ဘုတလင်မြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေခြင်းကြောင့် ယုန်လှေးကုန်း ၊ ကုက္ကိုယ်စု ၊ တရော်တော ၊ နှောပင်ရိုး၊ ဇီးတော စတဲ့ ကျေးရွာများ မှ ဒေသခံပြည်သူ ၅,၀၀၀ ကျော် စစ်ရှောင်နေရကြောင်း သိရသည်။

“ ခေတ်ကာလ မကောင်းတဲ့ကြားက စစ်ရှောင်နေရတာနဲ့ တောအလုပ်၊ တောင်အလုပ်လေးကို ဖြောင့်ဖြောင့် မလုပ်ရဘူး။ လက်လုပ် ၊ လက်စားတွေဆိုတော့ စားဝတ်နေရေး အခက်အခဲ တော်တော်လေးရှိနေတာပေါ့။ အခုလည်း တောထဲမှာပဲ စစ်ရှောင်နေရတာ ။ ရာသီဥတုကလည်း ပူတော့ ချွေးထွက်များပြီး အမောဖောက်တာတွေလည်း ရှိနေတယ်” ဟု အခြားဒေသခံ တစ်ဦးကဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် နှောပင်ကျေးရွာတွင် ရောက်ရှိတပ်စွဲနေပြီး လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများ ရှိနေကြောင်းသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ဘုတလင်မြို့နယ်
#စစ်ကောင်စီတပ်
#စစ်ကြောင်းထိုး
#မီးရှို့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🤬4😢4❤1😁1
​​ထိုင်း၏ ချင်းမိုင်မြို့၌ လေထုညစ်ညမ်းမှု ဆိုးရွားနေ၍ နေအိမ်မှပင် အလုပ်လုပ်ကြရန် အာဏာပိုင်တို့ ညွှန်ကြား
========================

ထိုင်းနိုင်ငံ၏ ချင်းမိုင်မြို့သည် ကမ္ဘာ့ လေထုအညစ်ညမ်းဆုံး မြို့ ဖြစ်နေသည်ဟု ဧပြီ ၇ ရက်က အဆင့်သတ်မှတ်ခံရပြီးနောက် အန္တရာယ်ရှိသော လေထုကို ရှောင်ရှားနိုင်ရန် မြို့နေပြည်သူများ နေအိမ်မှပင် အလုပ်လုပ်ကြရန် အာဏာပိုင်တို့က တိုက်တွန်းသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥3👏1
“ဘီလူးစစ်ကြောင်းဟာ PDF တွေကို စိတ်ဓါတ်စစ်ဆင်ရေးလုပ်တာလို့ပဲ မြင်တယ်”
===================

ဂျူချန်း

မဇ္ဈိမ ။ ။ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်ရေးလှုပ်ရှားနေသည့် အမျိုးသမီးအဖွဲ့တစ်ခုဖြစ်သည့်T GR Women Drone Force အဖွဲ့သည် ၂၀၂၂ ဩဂုတ်လမှ စတင်ကာ စစ်ကောင်စီတပ်များအား ဒရုန်းစစ်ဆင်ရေးဖြင့် တိုက်ခိုက်လျက်ရှိသည်။

အဆိုပါ မြောင်မြို့နယ်တွင် အမျိုးသမီးများအား စစ်ကောင်စီတပ်က ဖမ်းဆီးကာ အဓမ္မပြုကျင့်သည့် ဖြစ်စဉ်များ ရှိသည့်အပြင် စစ်ကောင်စီတပ်က တော်လှန်ရေးတပ်ဖွဲ့ဝင်များအား ခေါင်းဖြတ်သတ်ဖြတ်ခြင်းများလည်း လုပ်ဆောင်လျက်ရှိသည်။

“ ကျဆုံးပြီးသား ရဲဘော်တွေကို ခေါင်းဖြတ်တယ်။ ခြေဖြတ်၊ လက်ဖြတ်ပြီး လူမြင်မကောင်းအောင်လု ပ်တယ်။ ဒါတွေကို မြင်လိုက်ပြီဆို ငါတို့ကိုလည်း ဒီလိုလုပ်မှာပဲလို့ ကြောက်စိတ်ဝင်အောင် ထည့်နေတာလို့ မြင်တယ်။ စိတ်ဓာတ်စစ်ဆင်ရေးပေါ့” ဟု TGR Womne Drone Force အဖွဲ့ခေါင်းဆောင် ကျားခင်စိန် ကပြောသည်။

“အမျိုးသမီး အယောက် ၂၀ ကို ဖမ်းသွားပြီးတော့ အမျိုးသမီး ခုနစ်ယောက်ကို အဓမ္မပြုကျင့်တာမျိုးတွေ၊ ပြုကျင့်ပြီး ထားပစ်ခဲ့တာမျိုးတွေ ရှိတယ်ရှင့်” ဟု ကျားခင်စိန်က မဇ္ဈိမ ကိုပြောသည်။

သင်္ကြန်တွင်လည်း စစ်ကောင်စီ ဦးစီးကျင်းပသည့် နေရာများတွင် သွားရောက်ဆင်နွှဲခြင်း မပြုဘဲ ကျဆုံးသွားသည့် ရဲဘော်များကို စာနာသောအားဖြင့် မိမိတို့ ပတ်ဝန်းကျင်ရှိ အဝန်းအဝိုင်းတွင်သာ သင်္ကြန်ပွဲတော်ကို ဆင်နွှဲကြရန်လည်း TGR Womne Drone Force အဖွဲ့ခေါင်းဆောင် ကျားခင်စိန်က တိုက်တွန်းထားသည်။

https://youtu.be/n1PZdXBJ6Ak

မေးမြန်း/တင်ဆက်= ဂျူချန်း

စာတည်း။ ။ အောင်ကျော်ဖြိုး
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍16❤2👏1🥴1🍌1