Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
အလောင်းများအား ဆေးကြောရန် BGFက၎င်းတို့ ၏ အကျဉ်းသားများအား အသုံးပြုနေ

ဂျူချန်း၊ YT
(မဇ္ဈိမ) ။ ။ ရွှေကုက္ကိုလ်မြို့သစ် တိုက်ပွဲအတွင်း ကျဆုံးခဲ့သော BGF စစ်သားများ ၏ အလောင်းများကို ဖောကားဖြင့် သယ်ယူနေသော ဓာတ်ပုံများအား Cobra Column တပ်ခွဲ-၄ မှ ဧပြီလ ၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ထိုဓာတ်ပုံပါ BGF အလောင်းများအား ဆေးကြောသန့်စင်နေသူများ ၏ ခြေထောက်တွင် သံကြိုးချည်၍ သော့ခတ်ထားသည်ကို တွေ့ရသည်။
ရွှေကုက္ကိုလ်မြို့သစ်၊ ထီးဝါးပလော ထီးကော်ထောကျေးရွာအတွင်းရှိ စစ်ကောင်စီလက်အောက်ခံ BGF စခန်းငါးခုအား တိုက်ခိုက်ခဲ့သော ဧပြီလ ၅ ရက်နေ့နှင့် ၆ ရက်နေ့ နှစ်ရက်တာ တိုက်ပွဲအတွင်း သေဆုံးခဲ့သော BGF စစ်သားများ ၏ ရုပ်အလောင်းများအား ဖောကားပေါ်မှ သယ်ယူ၍ ဆေးကြောသန့်စင်နေသော ထိုဓါတ်ပုံတွင် ပါဝင်သော ခြေထောက်သံကြိုးများချည်၊ သော့ခတ်ထားသော အလောင်းဆေးနေသူများသည် BGFက ဖမ်းဆီးထားသော အကျဉ်းသားများ ဖြစ်ကြောင်း ရွှေကုက္ကိုလ်မြို့သစ်ရှိ မဇ္ဈိမသတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။
👍24😁3😱2🔥1
" ရေဆေးပေးနေတဲ့သူတွေကတော့ အကျဥ်သားဆိုတာ ဖြစ်နိုင်တယ်။ ရွှေကုက္ကိုလ်မြို့ထဲမှာလည်း BGF ရဲ့ထောင်ရှိတယ်။ ရွှေကုက္ကိုလ်လို နေရာမျိုးမှာဆိုတော့ ခိုးဆိုးလုယက်တွေ၊ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့သူတွေဖြစ်နိုင်တယ် " ဟု ၎င်းကဆိုသည်။
အမည်မဖော်လိုသူတစ်ဦးကလည်း "ဒီလူတွေက BGF က ဖမ်းထားတဲ့အကျဉ်းသားတွေဖြစ်နိုင်တာပေါ့။ သူတို့ လူမှမရှိတော့တာ။ သူတို့လည်း စစ်တပ်လိုမျိုး ကျင့်သုံးမှာပေါ့ သူတို့သုံးဖို့လူမရှိတော့ ထောင်ထဲက လူတွေထုတ်သုံးနေတာမျိုး" ဟု မဇ္ဈိမကို ပြောသည်။
ဒါ့အပြင် ပုံတွင်ပါသော ခြေထောက် သံကြိုးချည်သော့ခတ်ပုံသည် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ခံ အကျဉ်းဦးစီးဌာနတွင် အကျဉ်းသားများအား ခြေချင်းခတ်သည့် ပုံစံမဟုတ်ကြောင်း အကျဉ်းဦးစီးဌာနမှ CDM ပြုလုပ်လာသော ရဲဘော်တစ်ဦးထံက သိရသည်။
" ကျွန်တော်တို့ဆီမှာ သုံးနေကျက ခြေချင်းဝတ်မှာ သံထောင့်နဲ့ ခတ်တဲ့ ခြေချင်း၊ ခြေချင်းနှစ်ဖက်ကို ချုပ်ထားတဲ့ပုံစံ၊ ဒါမျိုးမဟုတ်ဘူး၊ ပေါင်မှာလည်း သံကွင်းမခတ်ဘူး၊ အခုလို သံကြိုးနဲ့ သော့ခတ်တာတော့ တစ်ခါမှ မမြင်ဖူးဘူး" ဟု အကျဉ်းဦးစီးဌာနမှ CDM ပြုလုပ်လာသော ရဲဘော်တစ်ဦးက မဇ္ဈိမကိုပြောသည်။
ဒါ့အပြင် နှစ် ၂၀ ကျော်ကြာ နိုင်ငံရေးအကျဉ်းသားအဖြစ် ဖြတ်သန်းခဲ့သူတစ်ဦးက ယခုပုံပါ သံကြိုးများနှင့် ခြေထောက်အား သော့ခတ်သော အနေအထားသည် အကျဉ်းထောင်များတွင် အကျဉ်းသားများအား ပြုလုပ်နေကျပုံစံမဟုတ်ကြောင်း၊ ၎င်းအနေဖြင့် အကျဉ်းထောင်ထဲတွင် ဖြတ်သန်းစဉ်ကာလတစ်လျှောက် မတွေ့ဖူးကြောင်း မှတ်ချက်ပေးသည်။
ဒါ့အပြင် ၎င်းက ပုံပါလူများအား BGF မှ သံကြိုးချည်သော့ခတ်ထားသည်ဆိုပါက ထိုလူများသည် BGF အကျဉ်းသားများဖြစ်နိုင်ကြောင်း ဆိုသည်။
"ခုခြေထောက်မှာ သံကြိုးတွေနဲ့ သော့ခတ်ထားတာက BGF ကဆို BGF က သူတို့ရဲ့အကျဥ်းသားတွေဖြစ်နိုင်ပါတယ်။ ထွက်မပြေးနိုင်အောင်၊ ပြေးရင်လည်းခရီးမရောက်အောင်၊ ရန်ပြန်မလုပ်နိုင်အောင် သံကြိုးခတ်ထားတာ" ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ယခုကဲ့သို့ ခြေထောက်တွင် သံကြိုးပတ်၍ သော့ခတ်သော ပုံစံအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များအနေဖြင့်လည်း အကျဉ်းသားများအပေါ် အသုံးပြုခြင်းမရှိကြောင်း PDF ရဲဘော်တစ်ဦးထံက သိရသည်။
" PDF တွေမှာ အပြစ်ပေးရင် အပြစ်ကြီးရင် ကြီးသလို ခြောက်ပေါက်လို့ခေါ်တဲ့ ထိပ်တုံးထဲ ထည့်တယ်။ အချုပ်ခန်းထဲ ထည့်တယ်။ ဒီလောက်ပဲ၊ ဒါမျိုးတော့ တစ်ခါမှ မတွေ့ဖူးဘူး" ဟု ဆိုသည်။
ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့နှင့် ၆ ရက်နေ့ နှစ်ရက်တာ တိုက်ပွဲအတွင်း ရွှေကုက္ကိုလ်မြို့သစ်၊ ထီးဝါးပလော ထီးကော်ထောကျေးရွာအတွင်းရှိ စစ်ကောင်စီလက်အောက်ခံ BGF စခန်းငါးခု တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်နှင့် BGF ဘက်မှ ၈၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး


#Mizzima
#ခြေချင်းခတ်
#BGF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍25😁3🔥1🤔1
ပေါင်းတည်မြို့တွင် ဆောက်လုပ်ဆဲ သင်္ကြန်မဏ္ဍပ် မိုင်းဖောက်ခွဲခံရ

ရွှေနွယ်
(မဇ္ဈိမ) ။ ။ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် စစ်ကောင်စီက ဦးစီးဆောက်လုပ်နေသောသင်္ကြန်မဏ္ဍပ်အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ဧပြီလ(၉)ရက်၊နံနက်(၅)နာရီခန့်တွင် အသံမိုင်း‌ဖောက်ခွဲသတိ‌ပေးလိုက်ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲ၊ စစ်ရေးသတင်းပြန်ကြားရေးက ထုတ်ပြန်ထားသည်။
ပေါင်းတည်မြို့၊ စျေး ၂ ရပ်ကွက်၊ဘုရားကြီးလမ်းရှိစစ်ကောင်စီ၏ သင်္ကြန်မဏ္ဍပ်ကို ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း - ၃၆၀၁ တပ်ခွဲ - ၅ နွေဦးတပ်ဖွဲ့က မိုင်းဖြင့်ဖောက်ခွဲသတိပေးခဲ့ခြင်းဟု သိရသည်။
"ပေါက်ကွဲသံကတော်တော်ကျယ်တယ်။လူတော့မထိဘူးတဲ့။ စစ်ကောင်စီက လမ်းပိတ်စစ်တယ်။ လူတော့ ရှင်းသွားပြီး အခုတော့ ပုံမှန်အတိုင်း သွားလာနေကြတယ်" ဟု မြို့ခံတစ်ဦးက ယနေ့နေ့လယ် ၁၂နာရီခန့်တွင် ပြောသည်။
👍20❤2👏2😁2
စစ်ကောင်စီမှ ၎င်းတို့ပြုလုပ်မည့်သင်္ကြန်ပွဲအားလူစည်ကားစေရန် မဲလက်မှတ်များပြုလုပ်ကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးရုံးမှ ရပ်ကွက်အုပ်ချုပ်ရေးမှုး၊ ကျေးရွာအုပ်ချုပ်ရေးမှုးများမှတဆင့် လောင်းကစားဒိုင်များ၊ သစ်မှောင်ခိုသမားများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာ NON CDM ဝန်ထမ်းများသို့ လက်မှတ်များရောင်းချနေကြောင်းလည်း ပဲခူးတိုင်းစစ်ရေးသတင်းပြန်ကြားရေးက ထုတ်ပြန်ထားသည်။
"ပြည်သူတွေအနေနဲ့ သူတို့နဲ့အနီးဆုံးနေရာတွေမှာမနေကြဖို့နဲ့ စကစက ပြုလုပ်တဲ့ သင်္ကြန်ပွဲ
ကိုမပါဝင်ဘဲ တော်လှန်င်္ကြန်မှာပူးပေါင်းပါဝင်ပေးကြဖို့ကို အထူးမေတ္တာရပ်ခံအပ်ပါတယ်” ဟု ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဒေသခံ ပြည်သူများအား မေတ္တာရပ်ခံထားသည်။
ပဲခူးတိုင်းအတွင်းမြို့နယ်များတွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများမှ ဦးစီး၍ သင်္ကြန်
မဏ္ဍပ်များဆောက်လုပ်နေကြပြီး ထိုမဏ္ဍပ်များမှလွဲ၍ အခြားရေကစားမဏ္ဍပ်များကို မတွေ့ရကြောင်း ဒေသခံများက‌ပြောသည်။
စာတည်း - မောင်ကြီး
#ပေါင်းတည်မြို့နယ်
#သင်္ကြန်မဏ္ဍပ်
#အသံမိုင်း‌ဖောက်ခွဲသတိ‌ပေး
#ပဲခူးတိုင်းစစ်ဒေသခွဲ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍22😁4👏2
ရန်ကုန်-မော်လမြိုင် အမြန်ရထား အတွဲ ၃တွဲ ပြုတ်ကျန်ခဲ့

ဂျူချန်း
(မဇ္ဈိမ) ။ ။ ရန်ကုန်မှ မော်လမြိုင်မြို့သို့ ပြေးဆွဲနေသည့် ရန်ကုန်-မော်လမြိုင် အမြန်ရထား အမှတ် ၈၉ သည် ဧပြီလ ၈ ရက်နေ့ မွန်းလွဲပိုင်းတွင် ခရီးသည်တင်သည့် ရထားတွဲ သုံးတွဲ ပြတ်ကျန်ခဲ့ကြောင်း စီးနင်းလိုက်ပါသူများထံက သိရသည်။
အဆိုပါ ရထားသည် ကျိုက်ထိုမြို့နယ်၊ ကျိုက္ကသာဘူတာအကျော်နားတွင် ရထားလမ်းလွဲချော်မှုဖြစ်ပွားခဲ့ပြီး ခရီးသည်တင်ဆောင်လာသည့် ရထားတွဲသုံးတွဲ ပြတ်ကျန်ခဲ့ကြောင်း နှင့် အဆိုပါ ရထားဆိုင်းတွဲ ပြုတ်ကျန်ရစ်ခဲ့ခြင်းကြောင်း ခရီးသည်များ တစ်စုံတစ်ရာထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။
“မှောက်တော့ မမှောက်သွားဘူး။ ဘယ်သူမှတော့ ဘာမှ မဖြစ်သွားပါဘူး။ တောင်ကြားနှစ်ခုကြား ပြုတ်သွားတာဆိုတော့ မမှောက်သွားဘူး” ဟု အဆိုပါရထားတွဲတွင် စီးနင်းလိုက်ပါလာသူ၏ မိသားစုတစ်ဦးက မဇ္ဈိမ ကိုပြောသည်။
ထိုရထားတွဲတွင် လိုက်ပါလာသည့် ခရီးသည်များအား ဒေသခံများက နီးစပ်ရာ ကားဂိတ်များသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး
#Mizzima
#ရန်ကုန်-မော်လမြိုင် အမြန်ရထား
#အမြန်ရထား အတွဲ ၃တွဲ
👍13😁7🔥1
တနင်္သာရီမြို့နယ်တွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ၁၀,၀၀၀ ကျော်အထိ ရှိလာ

ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေခြင်း ကြောင့် ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ဘေးဒုက္ခသည် ၁၀,၀၀၀ ကျော်နီးပါးအထိတိုးလာနေကြောင်း နွေဦး မေတ္တာ-စစ်ဘေးရှောင် ကူညီပံ့ပိုးရေးအဖွဲ့ထံမှ သိရသည်။
တနင်္သာရီ-မောတောင်နှင့် ဘုတ်ပြင်းကားလမ်းတလျှောက်တွင် မတ်လ ၂၈ ရက်နေ့မှစတင်ပြီး ဧပြီလ ၈ ရက်နေ့ အထိ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေရာ စစ်ကောင်စီတပ်ကလက်နက်ကြီးဖြင့် ရမ်းသန်းပတ်ခတ်နေခြင်းကြောင့် ဒေသခံများထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်ဟု သိရသည်။
တနင်္သာရီမြို့နယ်အခြေစိုက် နွေဦးမေတ္တာ-စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးက“အရင်ကတော့ စစ်ရှောင် ၅,၀၀၀ ကျော်ရှိနေပေမယ့် အခုထပ်ပြီး တိုက်ပွဲဖြစ်ပွားရာ ဧရိယာနဲ့ဆက်စပ်နေတဲ့နေရာက စစ်ရှောင်တွေ ထွက်ပြေးလာတော့ ၁၀,၀၀၀ အထိကျော် တိုးလာတယ်”ဟု ပြောသည်။
👍9😢4🔥3😁1